မန္တလေးမြို့တွင် သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းမှုကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် မိုးရာသီ ကာလအတွင်း၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည့်
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့တွင် ယခုသြဂုတ် လဆန်းပိုင်းအတွင်း
မိုးရွာသွန်းမှုများ ရှိလာနေပြီး မိုးရေချိန်လက်မ ပိုမိုရရှိလာနိုင်ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ် မိုးရာသီကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌
မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သော်လည်း
အလယ်ပိုင်းဒေသ အချို့တွင် မိုးရွာသွန်းမှု မရှိခဲ့သောကြောင့် ဒေသတွင်း
တောင်သူများ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲမှုများ ရှိနေခဲ့ကြသည်။