Friday, February 15, 2013
နိုင်ငံရေးသမား၊စာပေဟောပြောပွဲနှင့်ဖိနပ်ချုပ်သူ
ဖိနပ်ချုပ်သူတွေအကြောင်း မိတ်ဆွေ စဉ်းစားဖူးသလား။ဖိနပ်ချုပ်သူတွေရဲ့ အလုပ်အကိုင်သည်ဖိနပ်လှလှကလေးတွေကို ဆိုင်ကြီးတွေက အပြိုင်အဆိုင် ရောင်းချနေသည့်ေ ခတ်ကာလကြီးမှာ
ဖိနပ်ချုပ်သူတွေသည် မိတ်ဆွေ၏ နေ့စဉ်တွေးခေါ်မှုထဲမှာ တစ်နှစ်နေလို့ ဘယ်နှခါ ပါဝင်နေ နိုင်သေးလဲ။
ဖိနပ်ချုပ်သူတွေရဲ့ အလုပ်အကိုင်သည်ရော ဘယ်လိုနေမလဲ။ ဖိနပ်မစီးသည့်လူလို့တော့
KFC ကြက်ကြော်ဆိုင်ခွဲ ရန်ကုန်တွင် ပထမဦးဆုံး ဖွင့်တော့မည်
ကမ္ဘာကျော် အမေရိကန်ကြက်ကြော်ဖြစ်တဲ့ KFC ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဧပြီလလောက် ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ ဒဂုံမြို့နယ်က နဝဒေးလမ်းမှာ ဖွင့်လှစ်မယ့် KFC ကြက်ကြော်ဆိုင်အတွက် ပြင်ဆင်မွမ်းမံမှုတွေကို ပြုလုပ်နေပြီး အတွင်းပိုင်းပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။ မလေးရှားနိုင်ငံက KFC ကြက်ကြော်ကုမ္ပဏီကနေ တိုက်ရိုက်ဆိုင်ခွဲဖွင့်မှာဖြစ်ပြီး ဆိုင်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ သင်တန်းတွေ၊ ပစ္စည်းတွေကအစ မလေးရှားကနေ ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
By Kamayut Media
မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စစ်ဆေးဖို့ရှိ
ဓါတ်ပုံ - လက်ပံတောင်သပိတ်စခန်း ဖြိုခွဲပြီးနောက် ကောက်ရခဲ့တဲ့ ဗုံးကျည်ခွံပုံ (source: icj)
လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့
ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ
စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက် စစ်ဆေးဖို့ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။
ကရင်နှင့် ချင်း အမတ်နှစ်ဦး ရာထူးဝန်အဖြစ် သမ္မတဦးသိန်းစိန် ခန့်အပ်
သမ္မတဦးသိန်းစိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့်
ချင်းတိုးတက်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ပြည်ထောင်စု
ရာထူးဝန် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ပြီး အစိုးရအဖွဲ့တွင်
ထည့်သွင်းလိုက်ကြောင်း သတင်းရရှိသည်။
ဂျပန် Mitsubishi ကားကုမ္ပဏီ မြန်မာ FMI ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ရန်စီစဉ်
ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီသည် မြန်မာစီးပွားရေး
လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏
ညီနောင်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Yoma
Strategic Holdings Ltd (YSH) တို့နှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊
မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှု စင်တာများ (after sales
service) ဖွင့်လှစ်ရန် နားလည်မှု
သမီးအောင်ဆန်းနှင့် ခြံထဲမှကျွန်ုပ်၏မှတ်စာများ စာအုပ် ထုတ်ဝေ
ဈေးမီးလောင်မှုများ မကြာခဏ ဖြစ်နေသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ စည်ပင်ပိုင် ဈေးများတွင် သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ ထားရှိမည်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေး ၀က်ဘ်ဆိုက်နှင့် စာအုပ် ထုတ်လွှင့် ဖြန့်ချိမည်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၀က်ဘ်ဆိုက်နှင့် စာအုပ် ထုတ်လွှင့်ဖြန့်ချိမှု အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနိုင်ရန် Myanmar Peace Monitor ၀က်ဘ်ဆိုက် နှင့် Deciphering
ကရင်မိန်းကလေးနှင့်အလုပ်သမားဝန်ကြီးဌာနမှ မြန်မာအစိုးရ စေလွှတ် လိုက်သော ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တွေ့ဆုံ
ထိုင်းအလုပ်ရှင် လင်မယား၏ ရေနွေးပူလောင်း နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂
နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ်ကို စောင့်ရှောက်ထားသည့်
ကယ်ဆယ်ရေးဂေဟာသို့ မြန်မာအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းနှင့် အဖွဲ့ ယနေ့ နေ့လည်ပိုင်းတွင် ရောက်ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်း ဥပဒေကြမ်းထဲမှာ တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်တဲ့ တပ်မတော်ဖြစ်အောင် ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ တိကျတဲ့ ရည်မှန်းချက်မျိုး ထည့်သွင်းရေးဆွဲသင့်ကြောင်း NLD အမတ်ပြော
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်း ဥပဒေကြမ်းထဲမှာ တိုင်းရင်းသားတွေအားလုံး
ပါဝင်နိုင်တဲ့ တပ်မတော်ဖြစ်အောင် ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ တိကျတဲ့
ရည်မှန်းချက်မျိုး ထည့်သွင်းရေးဆွဲသင့်ကြောင်း အင်န်အယ်လ်ဒီ အမတ်
ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။
စစ်တွေတွင် ရဟန်းတော်များ ၉၆၉ ဂဏန်းဖြင့် လူပ်ရှားမူ ပြုလုပ်
ထိုလူပ်ရှားမူကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက်က စတင်ခဲ့ကြောင်း၊
လူပ်ရှားရသည့် ရည်ရွယ်ချက်မှာ ရတနာသုံးပါးကို ဗုဒ္ဓဘာသာဝင်များ
ပိုမိုဆည်းကပ် လာစေရန် ရည်ရွယ်ကြောင်း လူပ်ရှားမူကို ဦးဆောင်သူ အဆိုပါ
ရဟန်းတော် အဖွဲ့ ဥက္ကဌ ဦးဥာဏက ပြောသည်။
ပြင်သစ် မြင်းသား တွေ မှာ မြင်း အကိုက်အခံ ပျောက်ဆေး တွေ့ရှိ
ဥရောပတခွင် မြင်းတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ ပြုလုပ်နေစဉ်
မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေကတဆင့်
ပြင်သစ်ကစားသုံးသူတွေ ဆီ ရောက်ကောင်း ရောက်သွားနိုင်တယ်လို့
ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့
မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်ဆီမှာ Bute လို့
လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကို တွေ့ရှိခဲ့တယ်လို့ ဗြိတိန်နိုင်ငံက
အစားအသောက် စံချိန် စံနှုန်းဆိုင်ရာအေဂျင်စီက ပြောပါတယ်။
၁၁ မီးမွှေးပြီး စစ်တပ်ကို ပုတ်ခတ်နေတဲ့ Eleven Media Group မီဒီယာကျင့်ဝတ်နဲ့ ညီသလား?

ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းပြုပြင်ပြောင်းလဲရေးကာလမှာ နယ်ပယ်အသီးသီးကို လေ့လာကြည့်မယ်ဆိုရင်-
၁။ နိုင်ငံရေး
နိုင်ငံရေးကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအခြေခံပြီး အများပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်ဟာ နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာ မူဝါဒချမှတ်ရုံတင်
ကျွန် - (ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတစ်ယောက် ရေးဖွဲ့ထားသည့် ကဗျာ တစ်ပုဒ် ဖြစ်ပါသည်)
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတဲ့ မိုးဟေကို
၂၀၁၃ ဇန်န၀ါရီ အတွက် မိုးဟေကိုကို
ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ဖို့ စီစဉ် ဖြစ်တဲ့အခါ မိုးလွတ်တဲ့
အချိန် လည်း ရောက်နေပြီလို့ ယူဆတာ ကြောင့် CHATRIUM Hotel ရဲ့Pool Side
မှာရိုက်ဖို့ စီစဉ် ဖြစ်ပါတယ်။ မိုးဟေကိုကို ရွှေအမြုတေ အတွက် ဓာတ်ပုံ
ရိုက်မယ်
လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေးအနေဖြင့် နိုင်ငံတကာတွင် မျက်နှာငယ်ခဲ့ရပြီး စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် အများကြီး နောက်ကျနေကြောင်း ဒုတိယသမ္မတ ပြောကြား
လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံရေးအနေဖြင့် နိုင်ငံတကာတွင်
မျက်နှာငယ်ခဲ့ရပြီး စီးပွားရေးတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့်
နှိုင်းယှဉ်လျှင်ပင် အများကြီးနောက်ကျနေကြောင်း ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး လမ်းလျောက်သူများ စစ်ကိုင်းမြို့ ဆိုက်ရောက်
ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေအဖွဲ့ဟာ
မန္တလေးမြို့မှာ ၂ ရက်ကြာ နားနေပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ
စစ်ကိုင်းတိုင်းဒေသကို ဆက်လက် ခရီးထွက်ခွာခဲ့ကြပါတယ်။
အဲဒီအဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့
မဟာမြတ်မုနိဘုရားကြီးမှာ အောင်မြေနင်းခဲ့ပြီး သံဃာတော်တွေနဲ့ 
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့နဲ့အတူ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ
လွတ်ခဲ့ပါတယ်။
မြန်မာ့ နိုင်ငံရေး ပြောင်းလဲမှုများကို သတိနဲ့ ကြည့်ဖို့ အကဲခတ်များ သတိပေး
Photo: RFA
Amnesty-international-Frank-305
အမေရိကန်နိုင်ငံအနေနဲ့ စစ်တပ်ကြောထောက်နောက်ခံ မြန်မာ အစိုးရအပေါ်
ချမှတ်ထားတဲ့ ပိတ်ဆို့မူတွေ အားလုံးကို ရုပ်သိမ်းပေးလိုက်ရင် ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအစီအစဉ်တွေဟာ
နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်လို့ Amnesty international နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဝါရှင်တန်ရုံးအကြီးအကဲ Frank Jannuzi က
သတိပေး ပြောကြားလိုက်ပါတယ်။
တောင်အာဖရိက အိုလံပစ်အပြေးသမားကို လူသတ်မှုနဲ့ တရားစွဲဆို

တောင်အာဖရိကနိုင်ငံက အိုလံပစ်အပြေးသမား Oscar Pistorius ကို လူသတ်မှုနဲ့ ရဲက
စွဲချက် တင်လိုက်ပါတယ်၊ သူ့ရဲ့ နေအိမ်မှာ အမျိုးသမီးတယောက် သေနတ်နဲ့
ပစ်သတ်ခံခဲ့ရပြီးနောက်မှာ ခုလို ရဲက သူ့ကို စွဲချက်တင်လိုက်တာလဲဖြစ်ပါတယ်၊
Pretoria မှာရှိတဲ့ Pistorius ရဲ့ နေအိမ်ထဲကို အပြင်က အတင်းအဓမ္မ
ဝင်ရောက်ဖို့ ကြိုးစားတဲ့ လက္ခဏာ မတွေ့ရတဲ့အတွက် တခြား သံသယဖြစ်စရာလူ
မရှိဘူးလို့ တောင်အာဖရိကရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
နိုင်ငံခြား သတင်းထောက် ဗီဇာ သက်တမ်းတိုးပေးမည်
ပြည်ပကနေ ပြည်တွင်းကိုလာရောက် သတင်းဌာန ဖွင့်လှစ်လိုတဲ့ သတင်းဌာနတွေအတွက်
အစိုးရပိုင်းက စဉ်းစားဆောင်ရွက်နေပြီလို့ သမ္မတရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အခုလို ဆောင်ရွက် ပေးနိုင်တယ်ဆိုရင် အရင်ကထက်ပြည်ပမီဒီယာတွေ မြန်မာနိုင်ငံ
ဝင်ထွက်ခွင့် အတွက်
စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်
ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော်KIA အနေနဲ့
အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက်တွေ့ဆုံ
ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ KIA ဖက်က
လက်ရှိဆွေးနွေးပွဲတွေအတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
Subscribe to:
Posts (Atom)