ပြည်ထောင်စုလွှတ်တော်က အပြီးသတ် အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် အပါအဝင် အချက်အလက်အချို့ မပါ၍ သပိတ်တိုက်ပွဲများ ဆက်လုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောကြားသည်။
ရန်ကုန်မြို့တော် ခဝဲခြံ မျက်မမြင်ကျောင်းတွင် ဇွန်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က ပြုလုပ်သည့် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ဒုတိယအကြိမ် ညီလာခံ သဘောတူညီချက်များ ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။