ရန်ကုန်မြို့မှာ လျို့ဝှက်ရောင်းချနေတဲ့ လေသေနတ် အရောင်းဆိုင်တဆိုင်ကို ဖမ်းဆီးခဲ့ပြီးနောက် လိုင်စင်မရှိဘဲ လေသေနတ် ကိုင်ဆောင်အသုံးပြုသူတွေ အနေနဲ့ သေနတ်တွေကို နီးစပ်ရာ ရဲစခန်းများထံမှာ အမြန်ဆုံး လာရောက် အပ်နှံကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းလိုက်ပါတယ်။ကျောက်တံတား မြို့မရဲစခန်းမှ ဒုရဲအုပ် ထွန်းနိုင်ဇော် က “တာမွေဘက်က ဆိုင်တဆိုင်မှာ ဖမ်းမိပြီး နောက်ပိုင်း လေသေနတ် ကိုင်တဲ့သူရှိရင် ရဲစခန်းမှာ လာအပ်ဖို့ ထုတ်ပြန်ထားတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
အခုလ ၇ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် ဓမ္မဒါနလမ်းထဲမှာ လေသေနတ်တွေ ရောင်းချနေတဲ့ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ကော်စေ့ထည့်ပြီး ပစ်တဲ့သေနတ်တွေ အပြင် သံဘောစေ့ထည့်ပြီး ပစ်ခတ်လို့ရတဲ့ လေသေနတ်တွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သြဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။
လေသေနတ် အတို၊ အရှည် စုစုပေါင်း ၁၀၄ လက် သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ အရောင်းဆိုင်အနေနဲ့ လေသေနတ် အလက် ၅၀ ခန့်ကို အဆက်အသွယ်တွေ ကတဆင့် ရောင်းချထားပြီး ဖြစ်တဲ့အတွက် လိုင်စင်မဲ့ ကိုင်ဆောင်ထားသူတွေ အနေနဲ့ နီးစပ်ရာ ရဲစခန်းတွေမှာ အမြန်ဆုံး လာရောက်အပ်နှံဖို့ ရဲတပ်ဖွဲ့က သတိပေး တိုက်တွန်းထားတာလို့ ဆိုပါတယ်။
Tuesday, August 12, 2014
ကိုယ်ဝန်ဆောင်မိခင်များ ပိုးသတ်ဆေးပါသည့် ဆပ်ပြာ မသုံးသင့်

ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (Antibacterial Soap) သုံးခြင်းသည် သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာများကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေး ထားသည်။
ဘက်တီးရီးယားများကို သေစေနိုင်သည့် ဒြပ်ပေါင်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင် သူများအတွက် စိုးရိမ် ဖွယ်ဖြစ်လာပြီး အမေရိကန်ဓာတုဗေဒအသင်းကလည်း ယင်းကိစ္စရပ်ကို ယခုကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတဂူဆရာတော် မုံရွာတက္ကသိုလ်တွင် ပထမဆုံးအကြိမ် တရားဟော

နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ နှစ်ဆန်းတွင် စတင်လိုကြောင်း ဦးအောင်မင်းပြောကြား

ခြိမ်းခြောက်မှုများ၊ ဝေဖန်ပြစ်တင်မှုများကြောင့် လှယဉ်ကျေးအစား အေးချမ်းမြေ့ကိုMiss Globe Myanmar 2014 အဖြစ် သွားပြိုင်ရန် စီစဉ်
Miss Globe Myanmar Organization ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဂျူး စံသာကို နိုင်ငံကိုယ်စားပြု အလှ မယ်အဖြစ်မှ ရပ်စဲခဲ့ပြီးနောက် မုဒြာ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေတဲ့ လှယဉ်ကျေးကိုMiss Globe Myanmar 2014 အဖြစ် စာချုပ်ချုပ်ပြီး သရဖူလွှဲအပ် ခဲ့ပေမယ့် ခြိမ်းခြောက်မှုများ၊ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့တာကြောင့် သြ ဂုတ် ၄ရက်နေ့မှာMiss Globe Myanmar 2014 ပြိုင်ပွဲဝင် 4th Runner Up ရရှိခဲ့တဲ့ ဆေးကျောင်း သူ အေးချမ်းမြေ့ကိုMiss Globe Myanmar 2014အဖြစ် စာချုပ်ချုပ် ပြီး နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ အလှ မယ်အပြောင်းအလဲထပ်မံဖြစ်ပေါ်ခဲ့ ပုံကို မလှနုထွန်းက..


နိုင်ငံခြားသုံးငွေဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုကို ခွင့်ပြု
နိုင်ငံခြားသုံးငွေဖြင့်အာမခံလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိသည့်ပုဂ္ဂလိကုမ္ပဏီနှစ်ခုကို စက်တင်ဘာလမှစတင်ကာ လုပ်ငန်း များလုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''ဒေါ်လာနဲ့ ထား ရမယ့် အာမခံကုမ္ပဏီလေးခုထဲက နေနှစ်ခုကို အရင်လုပ်ကိုင်ခွင့်ပေး လိုက်တာပါ။ ကျန်တဲ့ကုမ္ပဏီနှစ်ခု ကိုလဲ စစ်ဆေးတာတွေပြီးသွားရင် မကြာခင် ခွင့်ပြုပေးသွားဖို့ ရှိပါတယ်။ အခုနိုင်ငံခြားသုံးငွေ အာမခံကိုလဲ ကန် ဒေါ်လာ ငါးသောင်းအထိ အာမခံ ထားဖို့ ခွင့်ပြုထားပါတယ်'' ဟု ပြော သည်။လက်ရှိတွင် နိုင်ငံခြားသုံးငွေ ဖြင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက်သည့် အာမခံကုမ္ပဏီနှစ်ခုမှာ IKBZ အာမခံလုပ်ငန်းနှင့် Grand Grand အာမခံလုပ်ငန်း တို့ကို လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ် ပြီး နိုင်ငံခြားသုံးငွေဖြင့် အာမခံလုပ် ငန်းလုပ်ကိုင်ခွင့်ပြုရန် မြန်မာ့အာမခံ လုပ်ငန်းတွင် လျှောက်ထားသည့် ပုဂ္ဂလိက အာမခံလုပ်ငန်းများမှာ IKBZ အာမခံလုပ်ငန်း၊ Grand Grand အာမခံလုပ်ငန်း၊ First National Insurance အာမခံလုပ်ငန်းနှင့် အောင်သစ္စာဦး အာမခံလုပ် ငန်းတို့ ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး
သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ် က သတင်းထုတ်ပြန်ပါတယ်။တရုတ် – အိန္ဒိယ – ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စ၊ အိန္ဒိယ- မြန်မာနဲ့ ထိုင်း ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက်ရေး၊ ကုလား တန် မြစ်ကြောင်း စီမံကိန်း၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး နဲ့ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း တရုတ်-အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ နိုင်ငံအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေး ကိစ္စ၊ အသေးစားချေးငွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ အခြား ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
DVB TV News
DVB TV News
ချင်းပြည်နယ်တွင် လက်ထောက် ဆရာဝန် ခေါ်ယူမှု လျှောက်ထားသူ နည်းပါးသောကြောင့် နှုတ်ဖြေဖြင့် တိုက်ရိုက်ခန့်အပ်မည်
ချင်းပြည်နယ်တွင် လက်ထောက် ဆရာဝန် (၃၉) ဦး ခေါ်ဆိုရာ နောက်ဆုံးနေ့ ဖြစ်သော သြဂုတ်လ (၁၀) ရက်နေ့ အထိ (၃၆)ဦး သာလာရောက် လျှောက်ထား သဖြင့် ရေးဖြေ ဖြုတ်ကာ နှုတ်ဖြေဖြင့်သာ တိုက်ရိုက် ခန့်အပ်မည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ၀န်ကြီးဌာနမှ ဒေါက်တာဘမောင်က ပြောသည်။လျှောက်ထားသူ နည်းပါးတဲ့နေရာ တွေမှာ နှုတ်ဖြေနဲ့ တိုက်ရိုက်ခေါ်ယူဖို့ ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတာ ရှိတယ်။ ဒါကြောင့် ခုတော့ ရေးဖြေ မလုပ်တော့ဘူး။ နှုတ်ဖြေနဲ့ပဲ တိုက်ရိုက် ခန့်အပ်မယ်။ ရေးဖြေနဲ့ ဆိုရင် ကျတဲ့သူရှိဦးမှာ ဆိုတော့ ချင်းပြည်နယ် ဆရာဝန်ခန့် ထားရေးကို ကမောက်ကမ မဖြစ်စေချင်ဘူး ဟု ဒေါက်တာဘမောင် က The Messenger Media သို့ ပြောသည်။ ယခု လက်ရှိ ချင်းပြည်နယ်တွင် တိုက်နယ်ဆေးရုံ (၁၆) ခုရှိရာ ဆရာဝန် ရှိသော တိုက်နယ် ဆေးရုံသည် နှစ်ရုံသာ ရှိကြောင်း၊ လစာ နှစ်ဆ တိုးပေးသော်လည်း အလုပ်ထွက်သူ များပြားကြောင်း ၄င်းကပြောသည်။
ဆရာဝန် ခေါ်ယူရာတွင် ချင်းပြည်နယ်တွင် သုံးနှစ် အမှုထမ်း ပြီးနောက်မှ မိမိ လိုချင်သော နေရာတွင် အမှုထမ်း နိုင်မည်ဆို သော စည်းကမ်းချက်ကြောင့် လျှောက်ထားသူကို တွန့်ဆုတ်စေကြောင်း၊ ချင်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနရုံး မှ အကြီးတန်းစာရေး တစ်ဦး က The Messenger Media သို့ပြောသည်။ အခု အလုပ် လျှောက်ထားတဲ့သူတွေ အကုန်လုံး ဆေးစစ် အောင်တယ် ဆိုရင် အလုပ်ခန့် မှာပါ။
ဆရာဝန် ခေါ်ယူရာတွင် ချင်းပြည်နယ်တွင် သုံးနှစ် အမှုထမ်း ပြီးနောက်မှ မိမိ လိုချင်သော နေရာတွင် အမှုထမ်း နိုင်မည်ဆို သော စည်းကမ်းချက်ကြောင့် လျှောက်ထားသူကို တွန့်ဆုတ်စေကြောင်း၊ ချင်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနရုံး မှ အကြီးတန်းစာရေး တစ်ဦး က The Messenger Media သို့ပြောသည်။ အခု အလုပ် လျှောက်ထားတဲ့သူတွေ အကုန်လုံး ဆေးစစ် အောင်တယ် ဆိုရင် အလုပ်ခန့် မှာပါ။
မြန်မာ ၀ီကီပီးဒီးယားတွင် ၀င်ရောက် ရေးသားပေးကြရန် မန်းစာပေ ပညာရှင်များနှင့် မန်းမီဒီယာများကို ဖိတ်ခေါ်
ဘာသာ စကားပေါင်း (၂၈၇) မျိုးဖြင့် ရေးသား တင်ပြထားသည့် အခမဲ့ လွတ်လပ် စွယ်စုံကျမ်း မြန်မာ ၀ီကီပီးဒီးယားတွင် မန္တလေးမြို့ ဒေသခံ စာပေ ပညာရှင်များနှင့် သတင်း မီဒီယာသမားများအား ၀င်ရောက် ရေးသားပေးကြရန် ဖိတ်ခေါ်ကြောင်း မန္တလေးမြို့ မြို့မ အသင်းခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ၀ီကီပီးဒီးယား Admin အဖွဲ့ဝင် ကိုဇော်သက်အောင်က ပြော သည်။
မြန်မာဝီကီမှာ အရင်က ဆောင်းပါးပေါင်း သုံးသောင်းကျော်ရှိ ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ တစ်သိန်းပြည့်အောင်လုပ်ဖို့ ရည်မှန်းထား ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေမှာ ပြည့်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မန္တလေးက စာပေပညာရှင်တွေ သတင်းမီဒီယာတွေကို ကျွန်တော်တို့နဲ့ လက်တွဲရအောင်လို့ လာရောက် ဖိတ်ခေါ်တာပါ ဟု ၎င်းက ပြော သည်။ မြန်မာ ၀ီကီပီးဒီးယားတွင် မည်သူမဆို လွတ်လပ်စွာကြည့်ရှု ရေးသားနိုင်ပြီး၊ ရေးသားဖော်ပြပြီး၊ အချက်အလက် အကြောင်းအရာ များကို အထောက်အထားခိုင်လုံစွာ တင်ပြ ကာ ပြန်လည်ပြင်ဆင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာဝီကီမှာ အရင်က ဆောင်းပါးပေါင်း သုံးသောင်းကျော်ရှိ ပါတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ တစ်သိန်းပြည့်အောင်လုပ်ဖို့ ရည်မှန်းထား ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေမှာ ပြည့်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မန္တလေးက စာပေပညာရှင်တွေ သတင်းမီဒီယာတွေကို ကျွန်တော်တို့နဲ့ လက်တွဲရအောင်လို့ လာရောက် ဖိတ်ခေါ်တာပါ ဟု ၎င်းက ပြော သည်။ မြန်မာ ၀ီကီပီးဒီးယားတွင် မည်သူမဆို လွတ်လပ်စွာကြည့်ရှု ရေးသားနိုင်ပြီး၊ ရေးသားဖော်ပြပြီး၊ အချက်အလက် အကြောင်းအရာ များကို အထောက်အထားခိုင်လုံစွာ တင်ပြ ကာ ပြန်လည်ပြင်ဆင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံတကာစိုးရိမ်မှုများအကြောင်း ဆွေးနွေး
မြန်မာနိုင်ငံနှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများနှင့် မြောက်ကိုရီး ယား၏ နျူလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းမှုကြောင့် နိုင်ငံတကာ စိုးရိမ်မှုများကို မြင့်တက်စေသည့် ကိုရီးယားကျွန်းဆွယ်တည်ငြိမ် အေးချမ်းမှုရှိရန် လုပ်ဆောင်ရ မည့် လိုအပ်ချက်များကို သမ္မတ ဦးသိန်းစိန်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီ ယောင်ဆူတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
![]() |
အာဆီယံအစည်းအဝေးတက်ရောက်နေသည့် မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ−ရိုက်တာ) |
၂၀၃၀ ရောက်ရင် တနိုင်ငံလုံး မီးလင်းမည်
မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ရောက်ရင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိဖို့
စီမံချက်ရေးဆွဲ လျာထားပြီး လက်ရှိအချိန်မှာ ကျေးရွာ ၁၆၀ လောက် မီးလင်းဖို့
ဂျပန် အစိုးရအဖွဲ့အစည်း ဖြစ်တဲ့ ဂျိုက်ကာအဖွဲ့ဆီကနေ ချေးငွေ ယန်း သန်း ၅
ထောင် ရယူ အကောင်အထည် ဖော်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။သြဂုတ် ၈ ရက်နေ့က
နေပြည်တော် မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေ
တက်ရောက်တဲ့ အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် အစည်းအဝေးမှာ
ပြည်ထောင် စုဝန်ကြီးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။မြန်မာ့လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အတွက် ဂျပန် ဂျိုက်ကာရဲ့ အကူအညီနဲ့
မာစတာ ပလန်းကို ရေးဆွဲနေတာ မူကြမ်းပြီးနေပြီလို့လည်း ပြည်ထောင်စုဝန်ကြီးက
ဆိုပါတယ်။စီမံချက်ထဲမှာ ၀န်ကြီးဌာနရဲ့ ပင်မ ဓာတ်အားပေးရေး စနစ်ကနေ
ဆက်သွယ် တိုးချဲ့သွားရေးကို အဓိကထား ရေးဆွဲထားတယ်လို့ ဦးခင်မောင်စိုးက
ရှင်းပြပါတယ်
dvb
dvb
B.Tech နှင့် HND အင်ဂျင်နီယာ ကျောင်းသား များအတွက် စင်ကာပူ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်
မြန်မာနိုင်ငံမှ B.Techနှင့် HND Ele-ctrical/Mechanical ပြီးဆုံးထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စင်ကာပူနိုင်ငံ၌ တက်ရောက်၍ အင်္ဂလန် မှ ပေးအပ်မည့် B.Eng (Hons;) Electro-nics and Communication Engineer- ing (Top Up) နှင့် B.Eng (Hons;) Mechatronics (Top Up ) ကို တစ်စိတ် တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ကြောင်း CROWN Education ပညာရေးတာဝန်ခံ ဦးအောင်ကျော်သန်း ထံမှ သိရသည်။ ယနေ့ ခေတ်တွင် ရေဒီယို၊ တယ်လီဖုန်းမှ Internet, Wi-Fi, Bluetooth, Satellite TV, 3G, 4G အစရှိသည့် ဆက်သွယ်ရေး နည်းပညာသစ်များ ပြောင်းလဲ တိုးတက်လျက်ရှိ ရာ အဆိုပါ နယ်ပယ်များတွင် တီထွင် ဖန်တီးခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်း ရေးဆွဲခြင်းတို့ကို စိတ်ဝင်စားသူများအနေဖြင့် B.Eng (Hons;) in Electronics and Communications Engineering (Top Up) အား လျှောက် ထားနိုင်ကြောင်း သိရသည်။
Teen Choice Awards ဆုပေးပွဲမှာ မိခင်ကို ကျေးဇူးတင်တဲ့ ဆယ်လီနာ ဂိုမက်ဇ်

ဗလာဗလာဗလာရိုက်ရင်း မိုးလင်းခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

သူငယ်ချင်းတေးစီးရီး တွင်ပါဝင်သည့် ဗလာဗလာဗလာ သီချင်းကို ပရိသတ်များအမြင် ဆန်းစေရန်လေယာဉ်ကွင်း၌သွား ရောက်ရိုက်ကူးခဲ့သလို မိုးလင်း သည်အထိ အချိန်ပေးရိုက်ကူးခဲ့ရ ကြောင်း နန်းမြတ်ဖြိုးသင်းကပြော သည်။
ဟောလိဝုဒ် ဝါရင့်မင်းသားကြီး ရော်ဘင်ဝီလျံစ် ကွယ်လွန်

ဟောလိဝုဒ် ဝါရင့် မင်းသားကြီး ရော်ဘင်ဝီလျံစ်သည် သေကြောင်းကြံစည်သည်ဟု ယူဆရသော အခြေအနေဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။ ဩဂုတ်(၁၁)ရက်က ဝီလျံစ်ကို အသိကင်းမဲ့လျက် အနေအထားဖြင့် ကယ်လီဖိုးနီးယားရှိ နေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် မကြာမီပင် ၎င်းသေဆုံးသွားပြီဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ကြေညာခဲ့သည်။ အသက်(၆၃)နှစ်ရှိ ဝီလျံစ်သည် စိတ်ဖိစီးမှု အခြေအနေများနှင့် ရုန်းကန်နေရသူဟု ဆိုသည်။
လမ်းပေါ်ထွက် ဆန္ဒပြနေတာ မငြိမ်းချမ်းတာကိုပြတာပဲဟု ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌဦးဌေးဦးဆို

မြို့သာစီမံကိန်းတွင် မြေယာလျော်ကြေးငွေအပြင် မြေကွက်များပါ ဂရန်ပေါက်ချပေးမည်
မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် မြို့သာ စက်မှုဥယျာဉ်စီမံကိန်း
ဖော်ဆောင် ရာမှ မြေယာသိမ်းဆည်းခံခဲ့ရသော တောင်သူများအား လျော်ကြေးငွေ အပြင်
ယင်းစီမံကိန်းဧရိယာဝင်းအ တွင်း၌ ပေ ၆ဝx၈ဝ မြေကွက်များကို
ဂရန်အမည်ပေါက်ချထားပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်
စက်မှုလက်မှုဝန်ကြီးဌာန မှ သိရသည်။
''မြို့သာစီမံကိန်းမှာ တောင်သူ တွေကို မြေယာအတွက် လျော်ကြေး ပေးနေတာက ပြဿနာရှိလို့ ခေတ္တ ရပ်ထားရာကနေ သြဂုတ် ၁ရက်က စပြီး လျော်ကြေးတွေ ပြန်ပေးနေ တယ်။ လျော်ကြေးယူထားသူ အိမ် ထောင်စုတစ်စုကို ပေ ၆ဝ x၈ဝ မြေကွက်တစ်ကွက်စီ ပေးသွားမှာဖြစ် တယ်။ စာရင်းကောက်ယူတာကို သြဂုတ်လနောက်ဆုံးလုပ်သွားမယ်'' ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့် စက် မှုလက်မှုဝန်ကြီးဦးကျော်မြင့်က ပြော သည်။မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင်ပါဝင်သည့်
ဧက တစ်သောင်း ကျော်မှပေးအပ်ခဲ့သည့် လျော်ကြေး ငွေကို လယ်မြေပိုင်သူ
ရာခိုင်နှုန်း ၉ဝ ခန့်ရယူထားပြီးဖြစ်ကြောင်း၊ အစိုးရ ပိုင်မြေဖြစ်သည့်
ပလပ်မြေနှင့် စား ကျက်များမြေပေါ်တွင် လုပ်ကိုင်နေ သည့် တောင်သူရာခိုင်နှုန်း
၈ဝတို့ကို လည်း ကရုဏာကြေး ငွေကျပ် ငါးသိန်း စီ ပေးအပ်ပြီးဖြစ်ကြောင်း၊
တောင်သူ ၁၃ဝ ကျော်မှာ မြို့သာစက်မှုဥယျာဉ် စီမံကိန်းတွင် အစုရှယ်ယာထည့်
သွင်းထားကြောင်း သိရသည်။
''မြို့သာစီမံကိန်းမှာ တောင်သူ တွေကို မြေယာအတွက် လျော်ကြေး ပေးနေတာက ပြဿနာရှိလို့ ခေတ္တ ရပ်ထားရာကနေ သြဂုတ် ၁ရက်က စပြီး လျော်ကြေးတွေ ပြန်ပေးနေ တယ်။ လျော်ကြေးယူထားသူ အိမ် ထောင်စုတစ်စုကို ပေ ၆ဝ x၈ဝ မြေကွက်တစ်ကွက်စီ ပေးသွားမှာဖြစ် တယ်။ စာရင်းကောက်ယူတာကို သြဂုတ်လနောက်ဆုံးလုပ်သွားမယ်'' ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့် စက် မှုလက်မှုဝန်ကြီးဦးကျော်မြင့်က ပြော သည်။မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင
မန္တလေးတွင် ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်သော်လည်း အလင်းဖွင့်ဆိုင်များကို ဖွင့်ခွင့်မပြုသေး
မန္တလေးတွင် ညမထွက် ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ရုပ်သိမ်းလိုက်သော်လည်း မိုးအလင်းဖွင့်သည့် ဈေးဆိုင်များအား ညလုံးပေါက်ဖွင့် ခွင့်ပြုမည် မဟုတ်သေးကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။
‘‘ဈေးဆိုင်တွေအားလုံး ည ၁၁ နာရီအထိပဲ ဖွင့်လှစ်ရောင်းချ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ညလုံး ပေါက်မိုးအလင်းဖွင့်ခွင့်မပြုသေ
ဇူလိုင်လ ၂၈ ရက်မှ စတင်ကာ မန္တလေးခရိုင် အတွင်းရှိ အရက်၊ ဘီယာ စားသောက်ဆိုင် များနှင့် ကေတီဗီများကို ည ၉ နာရီအထိသာ နောက်ဆုံးထားဖွင့် လှစ်ရန် မန္တလေးခရိုင်အုပ်ချုပ်ရေး မှူးရုံးက ညွှန်ကြားချက်ထုတ်ပြန် ထားသည်။ ထို့အတူ မန္တလေးတိုင်း ဒေသကြီးအတွင်း ခရိုင်၊ မြို့နယ် များအလိုက် ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ ဘီယာဆိုင်များ ကိုလည်း နယ်မြေဒေသ၏လုံခြုံ ရေးအခြေအနေပေါ်မူတည်ကာ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး လို အပ်သလို ဆောင်ရွက်ရန် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန် ကြားချက်များထုတ်ပြန်ထားသည်။
မန္တလေးမြို့၏ အခြေအနေ ကြောင့် မိုးအလင်းဖွင့်သည့်ဈေး ဆိုင်များ အချိန်ကန့်သတ်မှုမှာ ရေတိုတွင် ပြဿနာမရှိသော် လည်း အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းရှင်များနှင့်ဝန်ထမ်း များအတွက် ထိခိုက်မှုများရှိလာ မည်ဟု မန္တလေးမြို့မှ ဈေးဆိုင်ဖွင့် လှစ်ထားသူအချို့ကပြောသည်။
ပြည်ထောင်စုအစိုးရ ခွင့်ပြုငွေနှင့် မွန်ပြည်နယ်အစိုးရ အသုံးစရိတ် ကျပ်သန်းတစ်ထောင် စာရင်းကွာ
ပြည်ထောင်စုအစိုးရက မွန်ပြည်နယ်အစိုးရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးအတွင်း အသုံးပြုရန်
ထောက်ပံ့ပေးထားသော ရသုံးမှန်းခြေ ငွေစာရင်းသည် ကျပ်သန်း တစ်ထောင်နီးပါး
ကွာဟနေကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မွန်ပြည်နယ် အစိုးရအတွက် ပြည်ထောင်စုအစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၅၅၀၃ ဒသမ ၁၈၄ ထောက်ပံ့ ထားသော်လည်း မွန်ပြည်နယ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ ဇယား (၃) ဖော်ပြချက်တွင် ပြည်ထောင်စုအစိုးရမှ ရရှိသည့် ထောက်ပံ့ငွေသည် ကျပ်သန်းပေါင်း ၃၄၅၀၃ ဒသမ ၁၈၄ ဟု ဖော်ပြထားကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။
အဆိုပါ ငွေစာရင်း ကွာဟမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် မွန်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီအား တာဝန်ပေးထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။
ပြည်ထောင်စုအစိုးရက ဖော်ပြထားသည့် ငွေစာရင်းနှင့် မွန်ပြည်နယ်အစိုးရ ဖော်ပြထားသည့် ငွေစာရင်းနှစ်ခု လွဲမှားနေသဖြင့် မွန်ပြည်နယ်အစိုးရ အနေနှင့် တိတိကျကျ ပြန်လည်ဖြေရှင်းပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရထံ စာပို့သွားမည် ဖြစ်ကြောင်း မွ န်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။
မွန်ပြည်နယ် အစိုးရအတွက် ပြည်ထောင်စုအစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၅၅၀၃ ဒသမ ၁၈၄ ထောက်ပံ့ ထားသော်လည်း မွန်ပြည်နယ် ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ ဇယား (၃) ဖော်ပြချက်တွင် ပြည်ထောင်စုအစိုးရမှ ရရှိသည့် ထောက်ပံ့ငွေသည် ကျပ်သန်းပေါင်း ၃၄၅၀၃ ဒသမ ၁၈၄ ဟု ဖော်ပြထားကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။
အဆိုပါ ငွေစာရင်း ကွာဟမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန်အတွက် မွန်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီအား တာဝန်ပေးထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။
ပြည်ထောင်စုအစိုးရက ဖော်ပြထားသည့် ငွေစာရင်းနှင့် မွန်ပြည်နယ်အစိုးရ ဖော်ပြထားသည့် ငွေစာရင်းနှစ်ခု လွဲမှားနေသဖြင့် မွန်ပြည်နယ်အစိုးရ အနေနှင့် တိတိကျကျ ပြန်လည်ဖြေရှင်းပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရထံ စာပို့သွားမည် ဖြစ်ကြောင်း မွ န်ပြည်နယ်လွှတ်တော် အဆို၊ မေးခွန်း၊ ဥပဒေများ အကောင်အထည်ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။
မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့


ဒီနေ့ မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက် ရင်း အပျင်း ပြေ ဂျာနယ် လေး တစ်စောင် လောက် ဖတ်လိုက်ဦးမယ် ဆိုပြီး ကောက်ကိုင်လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။
ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီးမျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်းသံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ်လို့ပြောရမှာပါပဲ။
အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာအကြောင်း သိထားသင့်သည်များ

အမျိုးသမီးတွေမှာ အဖြစ် အများဆုံးသော ကင်ဆာတွေထဲက တစ်ခုကတော့ ရင်သားကင်ဆာဖြစ်ပါ တယ်။ ရင်သားကင်ဆာကို ကြိုတင် ကာကွယ် မှုများ ပြုလုပ်ရန် ဆော လျင်စွာ သိရှိရန် လိုအပ်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ ကုသမှုတွေဟာလည်း အလွန်အရေးကြီးလှပါတယ်။ ရင်သား ကင်ဆာဟာဆိုရင် ဆောလျင်စွာ သိရှိ ပါ က ပျောက် ကင်းအောင် ကုသနိုင် သော ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ရင်သားကင်ဆာနဲ့ပတ်သက် ပြီး အမျိုးသမီးတွေ သိထားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ရင်သားကင်ဆာဆိုသည်မှာအမျိုးသမီးများ၏ ရင်သားကို နို့ ထုတ်လုပ်ပေးသော အကျိတ်နို့သယ် ဆောင်ပေးသောပြွန်၊ ပြွန်နှင့်အကျိတ် ကို ထောက်ပံ့ပေးသော အဆီ တစ် သျှူး တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ရင်သား အတွင်းရှိ ထိုဆဲလ်များ အလွန်လျင် မြန်စွာ ကြီးထွားလာသောအခါ ရင်သား ကင်ဆာ ဖြစ်ပွားလာရသည်။ ပြွန် အတွင်း ၌သာဖြစ် တည်သော ကင်ဆာ ကို ရင်သားပြင်ပ တစ်သျှူးများသို့ ပျံ့ နှံ့ခြင်းမရှိသေးသော ကင်ဆာအဖြစ် သတ်မှတ်နိုင်၍ ထိုအဆင့်ကို ဆောလျင် စွာ ရှာဖွေ သိရှိ ပါ က ပျောက်ကင်းေ အာင် ကုသနိုင်ပါသည်။ြ>ွပန်နှင့် အကျိတ် အပြင်ပတ်လည်ရှိ ရင်သားတစ်သျှူး တွင် ဖြစ်တည်နေသော ကင်ဆာသည် ပျံ့နှံ့နေသော ကင်ဆာအဆင့်တွင် ပါဝင်၍ အချိ န်ကြာမြင့်သည်နှင့်အမျှ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများနှင့် ပြန်ရည်ကြော အကျိတ်များသို့ ပျံ့နှံ့နိုင်ပါသည်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟန်ရီကက်ဇ်ကို ဒိုင်နမိုဇာဂရက်ဘ် စာချုပ်ခေါ်ယူ

ချီလီလူငယ် တိုက်စစ်မှူးသည် ယူနိုက်တက်တွင် နေရာရရေး ရုန်းကန်ခဲ့ရသူဖြစ်ပြီး ယခုနွေရာသီတွင် ၎င်း၏ ကျောနံပါတ် (၂၁)ကိုပင် လူသစ် အန်ဒါဟာရဲရာထံ လွှဲအပ်ပေးခဲ့ရသည်။ ယူနိုက်တက်က ယူနီဗာဆီဒက် ဒီချီလီ အသင်းထံမှ ခေါ်ယူခဲ့သည့် ကစားသမားသည် ပြီးခဲ့သည့် ရာသီကလည်း စပိန်ကလပ် ရီးယဲလ် ဇာရာဂိုဇာတွင် အငှားသွားရောက် ကစားခဲ့ရသည်။ အိုးလ်ထရက်ဖို့ဒ်တွင် အနာဂတ် ပျောက်ဆုံးနေသည့် ကစားသမားသည် ယခုအခါ ခရိုအေးရှား ကလပ်သို့ အပြီးသတ် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။
ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ပုံစံရှိနေ ရမည်ဟု မန်စီးတီး နည်းပြ ပယ်လီဂရီနီဆို

ပယ်လီဂရီနီကလည်း ထိုပွဲတွင် မိမိတို့မှာ အရှိန်သေသွားခဲ့ပြီး ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက်များအား ချေမှုန်းလိုပါက ထိုပွဲတွင် ပြသခဲ့သည့် ခြေစွမ်းထက် တိုးတက်အောင် ဆောင်ရွက်ရမည်ဟု ၀န်ခံခဲ့သည်။
ဦးသိန်းစိန်၊ ဂျွန်ကယ်ရီနှင့် ယုံကြည်မှု တည်ဆောက်ရေး
မြန်မာနိုင်ငံတွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး
ဆွေးနွေးပွဲသို့ တက်ရောက်လာသောအမေရိကန်ပြည်ထောင် စု နိုင်ငံခြားရေး ဝန်ကြီး
ဂျွန်ကယ်ရီသည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့်
သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ရာ တစ်ကျော့ပြန် မြန်မာ-အမေရိကန် ဆက်ဆံရေး
ဆက်လက် တိုးတက်လာမည်လော၊ သတိထား စောင့်ကြည့်ဆဲပင်လော မေးခွန်းထုတ်စရာ ရှိသည်။အကြောင်းမှာ လတ်တလော ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော
ဘာသာရေး၊ လူမျိုးရေးအရေခြုံ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ သိမ်းဆည်း
လယ်ယာမြေဆိုင်ရာ ပြဿနာများ၊ ဆန္ဒပြမှုများ၊ မီဒီယာများအပေါ် တရားစွဲဆိုမှုများ၊
ဖမ်းဆီးအရေးယူ မှုများ၊ ပြင်းထန်သော ထောင်ဒဏ်ချ အရေးယူမှုများ၊ တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့် တစ်ကျော့ပြန် တိုက်ပွဲများကြောင့်
မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန်သွားနေသလောဟု
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက
မေးခွန်း ထုတ်လာကြသောကြောင့် ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ရန် ဆန္ဒရှိကြောင်း ဦးအောင်မင်း ပြောကြား

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုလအတွင်း လက်မှတ်ရေးထိုးမည်ဟု အစိုးရက ပြောဆိုထားသော်လည်း ယနေ့အထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြန်မာ နိုင်ငံကို တရားမဝင် ဝင်ရောက်လာသူ ပါကစ္စတန်နိုင်ငံ သားနှစ်ဦး ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့်ပတ်သက်မှုရှိ မရှိ စစ်ဆေးနေ
မြန်မာ နိုင်ငံသို့ တရားမဝင်ခိုးဝင်ရောက်လာသူ ပါကစ္စ တန် နိုင်ငံ သားနှစ်ဦး ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ နှင့်
ပတ်သက် ဆက်နွှယ်မှုရှိမရှိကို စစ်ဆေးမေးမြန်းကြောင်း ကရင်ပြည် နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ဒီမိုကရေစီတူးဒေးသတင်းစာ သို့ ပြော သည်။ဖြစ်စဉ်မှာ ဩဂုတ်၈ ရက်က မြဝတီမြို့သို့ ထိုင်းနိုင်ငံနယ်စပ်မှဝင် ရောက်
လာသော အဆိုပါ နိုင်ငံသား နှစ်ဦးကို ယခုအခါ လဝကဥပဒေဖြင့် အမှုဖွင့်
စစ်ဆေးနေကြောင်း ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က
ပြောသည်။
လတ်တလောစစ်ဆေးချက်များ အရ တရားမဝင်ခိုးဝင်ရောက်လာ သူနှစ်ဦး မှာပါကစ္စတန်နိုင်ငံ Pebshwar မြို့နေ Mr. Waheed (၄၄)နှစ်နှင့် Mr.Raiz Muhammad (၄၃) နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး သည် ဩဂုတ်၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့် တွင် မြဝတီမြို့ နယ် ဗိုလ်ချုပ်လမ်းနှင့် ခရေ လမ်းထောင့် ရှိရွှေလက်ရာထမင်းဆိုင်မှထွက်လာ သည့်အချိန် တွင် မြဝတီ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြဝတီ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် ၎င်းတို့နှစ်ဦး ကို ခေါ်ယူ စစ်ဆေးမေးမြန်း ရာမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း သိရ သဖြင့် မြဝတီရဲစခန်းမှ(ပ) ၁၄၀/ ၁၄လဝက အက်ဥပဒေ-၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ထားချက် များအရ သိရသည်။
လတ်တလောစစ်ဆေးချက်များ အရ တရားမဝင်ခိုးဝင်ရောက်လာ သူနှစ်ဦး မှာပါကစ္စတန်နိုင်ငံ Pebshwar မြို့နေ Mr. Waheed (၄၄)နှစ်နှင့် Mr.Raiz Muhammad (၄၃) နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး သည် ဩဂုတ်၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့် တွင် မြဝတီမြို့ နယ် ဗိုလ်ချုပ်လမ်းနှင့် ခရေ လမ်းထောင့် ရှိရွှေလက်ရာထမင်းဆိုင်မှထွက်လာ သည့်အချိန် တွင် မြဝတီ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြဝတီ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် ၎င်းတို့နှစ်ဦး ကို ခေါ်ယူ စစ်ဆေးမေးမြန်း ရာမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း သိရ သဖြင့် မြဝတီရဲစခန်းမှ(ပ) ၁၄၀/
အိန္ဒိယသူဌေးတစ်ဦးက New York Plaza အပါအဝင် အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ ရောင်းချရန် ကြိုးပမ်း

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးထောင်အတွင်း ငါးလကြာနေထိုင်ပြီး နောက် New York Plaza နှင့် London မြို့မှ Grosvenor House ဟိုတယ်များ၏ ပိုင်ရှင်က သူ၏ အထင်ကရ ဟိုတယ်များကို ထောင်တွင်းမှ တစ်ဆင့် ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၏ သူဌေးကြီး ဆူဘရာတာရိုး က တီဟာထောင်တွင်းမှ
လွတ်မြောက်ရေးအတွက် မဖြစ်မ နေပြုလုပ်ရမည့် ကန်ဒေါ်လာ ၁ ဒသမ ၆
ဘီလီယံ တန်ကြေးရှိ အာမခံအတွက် သူ၏ထင်ရှားသောဟိုတယ် နှစ်လုံးအပြင်
နယူးယောက်မြို့မှ အခြားဇိမ်ခံဟိုတယ် တစ်ခုကိုလည်း ရောင်းချရတော့ မည်ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်ဝင်ခွင့် ရမှတ်များ လျှော့ချသတ်မှတ်
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အ တွက် တက္ကသိုလ်ဝင်တန်းစာမေး
ပွဲရမှတ် သတ်မှတ်ချက်များကို လျှော့ချလိုက်ပြီး အနိမ့်ဆုံးရမှတ် ၃၈၀
ရရှိသူများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း တက္ကသိုလ်ဝင် ခွင့်လမ်းညွှန်တွင်
ဖော်ပြထား သည်။
တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွင် ဘာသာတွဲ ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုအောင်မြင်၍ ရမှတ် ၃၈၀ နှင့် အထက်ရရှိထားသူများအနေ ဖြင့် ဒဿနိကဗေဒဘာသာရပ်ကို လျှောက်ထားနိုင်ပြီး ပထ၀ီဝင်ဘာ သာရပ်အတွက် ရမှတ် ၃၉၀ နှင့် အထက်ရရှိထားပါက ၀င်ခွင့် လျှောက်ထားနိုင် သည်။ ဘာသာတွဲ (၂) မှာ ပထ၀ီ ၀င်၊ သမိုင်း၊ ဘောဂဗေဒ၊ ဘာသာတွဲ (၃) မှာ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာနှင့် ဘာသာ တွဲ (၄) မှာ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို့ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တ လေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ် ချက် အမြင့်ဆုံးမှာ အင်္ဂလိပ်စာ ဘာသာရပ်ဖြစ်ပြီး ရမှတ် ၄၉၅ နှင့်အထက်ရရှိ ထားရန် လိုအပ်သည်။ဒုတိယနေရာတွင် ဥပဒေပညာ၊ ကွန်ပျူတာ သိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် နိုင်ငံရေး သိပံ္ပဘာသာရပ်များက အမှတ် သတ်မှတ်ချက်မြင့်မားနေပြီး ရ မှတ် ၄၇၀ နှင့် အထက်ရရှိသူများ သာလျှောက်ထားနိုင်သည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ဘာသာရပ် ၂၀ အတွက် ၀င်ခွင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာမှုပညာဘာသာရပ်ကို တိုး မြှင့်သင်ကြား မည်ဖြစ်ပြီး တက္က သိုလ်ဝင်တန်း စာမေးပွဲ ရမှတ် ၄၃၀ နှင့် အထက်ရရှိသူများလျှောက်ထားရန် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားသူနှင့် လျှောက်ထားသူ၏ မိခင်အရင်း၊ ဖခင်အရင်းများ သည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိ သူများထဲမှ သတ်မှတ်ရမှတ်မြင့် မားသူများကို ၀ိဇ္ဇာချွန်ဆု၊ သိပ္ပံ ချွန်ဆုချီးမြှင့်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွင် ဘာသာတွဲ ၂၊ ၃၊ ၄ တို့ဖြင့် ဖြေဆိုအောင်မြင်၍ ရမှတ် ၃၈၀ နှင့် အထက်ရရှိထားသူများအနေ ဖြင့် ဒဿနိကဗေဒဘာသာရပ်ကို လျှောက်ထားနိုင်ပြီး ပထ၀ီဝင်ဘာ သာရပ်အတွက် ရမှတ် ၃၉၀ နှင့် အထက်ရရှိထားပါက ၀င်ခွင့် လျှောက်ထားနိုင် သည်။ ဘာသာတွဲ (၂) မှာ ပထ၀ီ ၀င်၊ သမိုင်း၊ ဘောဂဗေဒ၊ ဘာသာတွဲ (၃) မှာ ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာနှင့် ဘာသာ တွဲ (၄) မှာ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို့ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တ လေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ် ချက် အမြင့်ဆုံးမှာ အင်္ဂလိပ်စာ ဘာသာရပ်ဖြစ်ပြီး ရမှတ် ၄၉၅ နှင့်အထက်ရရှိ ထားရန် လိုအပ်သည်။ဒုတိယနေရာတွင် ဥပဒေပညာ၊ ကွန်ပျူတာ သိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် နိုင်ငံရေး သိပံ္ပဘာသာရပ်များက အမှတ် သတ်မှတ်ချက်မြင့်မားနေပြီး ရ မှတ် ၄၇၀ နှင့် အထက်ရရှိသူများ သာလျှောက်ထားနိုင်သည်။
ပြီးခဲ့သည့် ပညာသင်နှစ်က ဘာသာရပ် ၂၀ အတွက် ၀င်ခွင့် ခေါ်ယူခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာမှုပညာဘာသာရပ်ကို တိုး မြှင့်သင်ကြား မည်ဖြစ်ပြီး တက္က သိုလ်ဝင်တန်း စာမေးပွဲ ရမှတ် ၄၃၀ နှင့် အထက်ရရှိသူများလျှောက်ထားရန် ဖော်ပြထားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက် ထားသူနှင့် လျှောက်ထားသူ၏ မိခင်အရင်း၊ ဖခင်အရင်းများ သည် မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိ သူများထဲမှ သတ်မှတ်ရမှတ်မြင့် မားသူများကို ၀ိဇ္ဇာချွန်ဆု၊ သိပ္ပံ ချွန်ဆုချီးမြှင့်မည်ဖြစ်သည်။
ကန့်ဘလူ တပ်သိမ်းမြေအချို့ မူလတောင်သူများ ပြန်ရတော့မည်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဖုတ်ကုန်းအုပ်စု
ထောက်ရှာအိုင်ရွာတ၀ိုက်က တပ်သိမ်း ယာမြေတွေပြန် ရရှိရေးအတွက် တိုင်းမှူး
ဗိုလ်ချုပ်မင်းနောင်နဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တယ်လို့
ဒေသခံတွေက ပြောပါတယ်။
ကြံစိုက်ပျိုးရေး တပ်အတွက် ၁၉၉၉ ခုနှစ် က သိမ်းယူခဲ့တာဖြစ်ပြီး ပြန်ရဖို့အတွက် ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆိုတာတွေလည်း ရှိခဲ့ပါတယ်။သိမ်းဆည်းမြေ ဧက ၃ ထောင်ကျော်ရှိပေမယ့် အကုန်ပြန်ရမှာတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။လွှဲပြောင်းပေးလာတဲ့ ယာမြေတွေထဲမှာ မိမိ ဘိုးဘွားပိုင် ကိုသာ လက်ခံပြီး တခြားတောင်သူ ဓါးမဦးကျ ယာမြေကို လက်မခံဘူးလို့ အချင်းချင်း ညှိနှိုင်းသဘောတူထားတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။
DVB TV News
ကြံစိုက်ပျိုးရေး တပ်အတွက် ၁၉၉၉ ခုနှစ် က သိမ်းယူခဲ့တာဖြစ်ပြီး ပြန်ရဖို့အတွက် ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆိုတာတွေလည်း ရှိခဲ့ပါတယ်။သိမ်းဆည်းမြေ ဧက ၃ ထောင်ကျော်ရှိပေမယ့် အကုန်ပြန်ရမှာတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။လွှဲပြောင်းပေးလာတဲ့ ယာမြေတွေထဲမှာ မိမိ ဘိုးဘွားပိုင် ကိုသာ လက်ခံပြီး တခြားတောင်သူ ဓါးမဦးကျ ယာမြေကို လက်မခံဘူးလို့ အချင်းချင်း ညှိနှိုင်းသဘောတူထားတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။
DVB TV News
မြန်မာ့ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ္ထဇနီး ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
![]() |
မြို့နယ်ပညာရေးမှူး(ငြိမ်း) ဒေါ်မြ၀င်းကို မကွယ်လွန်မီက တွေ့ရစဉ် |
မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်၏ စတုတ်္တမြောက်ဇနီး၊
မြို့နယ်ပညာရေးမှူး(ငြိမ်း)ဒေါ်မြ၀င်းသည် အသက် (၉၆)နှစ်အရွယ်တွင် သြဂုတ် ၁၀
ရက် မွန်းလွဲနာရီခွဲခန့်က တောင်ကြီးမြို့၊
ရေအေးကွင်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု
သမီးဖြစ်သူ ဒေါ်စ၀်ဟေမာသိုက်က မဇ္ဈိမကို အတည်ပြုသည်။“သူဟာ
သမ္မတဇနီးဖြစ်ပေမယ့် သူ့အလုပ်နဲ့သူ ရှမ်းပြည်အတွက်
အများကြီးလုပ်ပေးခဲ့ပါတယ်”ဟု သမီးဖြစ်သူ အသက် ၆၉ နှစ်အရွယ်
ဒေါ်စ၀်ဟေမာသိုက်က ပြောသည်။ ဒေါ်မြ၀င်းသည် ဇနီးငါးယောက် ရှိသည့်
သမ္မတစပ်ရွှေသိုက်၏ သက်ရှိထင်ရှား နောက်ဆုံးကျန်ရစ်သည့် ဇနီးသည်
(စတုတ္ထမြောက်ဇနီး)အဖြစ် မှတ်တမ်းဝင်သူဖြစ် သည်။ ဒေါ်မြ၀င်း၏
ဈာပနအတွက် ရှမ်းပြည်နယ်အစိုးရ၊ သတ္တုနှင့် သစ်တောရေးရာဝန်ကြီး
ဦးစိုင်းအိုက်ပေါင်းက ၎င်း၏ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှတစ်ဆင့် အလှူငွေထည့်သွင်းရန် အကြောင်းကြားထားသည်ဟု
ဒေါ်စ၀်ဟေမာသိုက်က ပြောသည်။ ဒေါ်မြ၀င်း၏ ဈာပန သို့
ပညာရေးဌာနအသိုင်းအ၀န်းမှ ပုဂ်္ဂိုလ်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊
နိုင်ငံရေးအသိုင်းအ၀န်းမှ ပုဂ်္ဂိုလ်များ လာရောက်လျက်ရှိပြီး သြဂုတ် ၁၂ရက်၊
နေ့လယ် မွန်းလွဲ ၁ နာရီအချိန်တွင် ၎င်းနေအိမ်မှတစ်ဆင့် တောင်ကြီးမြို့၊
တိုင်းရင်းသားပေါင်းစုံသုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ရန် စီစဉ်ထားသည်။
သမ္မတစ၀်ရွှေသိုက်သည် ၁၈၉၆ တွင် မွေးဖွားပြီး ၁၉၆၂ခုနှစ်၊ အသက်
၆၆နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သူသည် မြန်မာ့လွတ်လပ်ရေးနေ့ ၁၉၄၈ ခုနှစ်၊
ဇန်န၀ါရီ ၄ရက်မှ ၁၉၅၂ ခုနှစ်၊ မတ် ၁၆ရက်အထိ သမ္မတတာဝန် စတင်
ထမ်းဆောင်ခဲ့ သူဖြစ်သည်။
တက္ကသိုလ်တွင် အမတ်များ အတွေ့အကြုံရှင်းနေစဉ် လှုပ်ရှားခွင့်မပြုဟူသည့်စာ ပါမောက္ခတစ်ဦး ဖြန့်ဝေ
ဒဂုံတက္ကသိုလ်အတွင်းရှိ နားနေဆောင် (၁) တွင် လွှတ်တော်အမတ်နှစ်ဦး လွှတ်တော် အတွေ့အကြုံရှင်းနေစဉ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က
ထုတ်ပြန်ထားသည့် စာသင်ကျောင်းများတွင် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုကို
ခွင့်မပြုဆိုသည့် စာကို တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက လာရောက် ဝေငှခဲ့သည်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပသည့်
လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ တွင် အောက်လွှတ်တော်အမတ်
ဦးဖြိုးဇေယျာသော်နှင့် အထက်လွှတ်တော်အမတ် ဦးသိန်းဆွေတို့ သြဂုတ် ၁၁ ရက်က
ရှင်းလင်းနေစဉ် အဆိုပါအကြောင်းကြားစာကို ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ စာရွက်များကို “ဆရာကြီးတွေ လာပေးသွားတာ” ဟု အင်န်အယ်လ်ဒီ ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်က ဆိုသည်။
၎င်း၏ ပြောဆိုချက်အရ အဆိုပါ ညွှန်ကြားလွှာ စာရွက်မှာ ၂၀၁၂ ခုနှစ်က
ထုတ်ခဲ့သည့်စာဖြစ်ပြီး ထပ်မံထုတ်ပြန်တော့မည့် ရွေးကောက်ပွဲ ဥပဒေများကြောင့်
အဆိုပါ ဥပဒေမှာ ပယ်ဖျက်ပြီးသားဖြစ်သည်ဟု ဆိုသည်။ “ဒီညွှန်ကြားချက်နဲ့တော့ ကျောင်းသူ၊ ကျောင်းသားတွေကို မပိတ်ပင်စေချင်ဘူး”ဟု ဦးဖြိုးဇေယျာသော်က ဆိုသည်။
လွှတ်တော်အမတ်နှစ်ဦးကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အတွေ့အကြုံများ ရှင်းလင်းရန် တက္ကသိုလ်ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ဖြန့်ဝေခဲ့သည့် အကြောင်းကြားစာကို လာရောက်ဖြန့်ဝေခဲ့သူမှာ သင်္ချာဌာနမှ ပါမောက္ခ ဦးသိန်းအောင် က ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ သင်္ချာဘာသာ ဒုတိယနှစ်မှ ကိုမင်းသုခက မဇ္ဈိမကို ပြောသည်။
လွှတ်တော်အမတ်နှစ်ဦးကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက အတွေ့အကြုံများ ရှင်းလင်းရန် တက္ကသိုလ်ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ဖြန့်ဝေခဲ့သည့် အကြောင်းကြားစာကို လာရောက်ဖြန့်ဝေခဲ့သူမှာ သင်္ချာဌာနမှ ပါမောက္ခ ဦးသိန်းအောင် က ဖြစ်သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ သင်္ချာဘာသာ ဒုတိယနှစ်မှ ကိုမင်းသုခက မဇ္ဈိမကို ပြောသည်။
အီရတ်သမ္မတ အနေဖြင့် အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ကြီးချုပ် စွပ်စွဲ

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အလုပ်လုပ်နေသည့် အဆောက်အအုံတစ်လုံး ပြိုကျ
ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ ပါဝင်တည် ဆောက်နေသည့်
ဆောက်လုပ်ဆဲခြောက်ထပ်တိုက် အဆောက်အ အုံတစ်ခုပြိုကျခဲ့ပြီး ၀န်ထမ်း အပါအ၀င်
အလုပ်သမား ၅၀ ခန့် ပိတ်မိနေကာ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ထိုင်းနိုင်ငံ ပထုံနာနီခရိုင်၊ ခလောင်လွမ်မြို့တွင် သြဂုတ် ၁၁ ရက် ညနေက ပြိုကျခဲ့ခြင်း
ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများက လူ ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ
ဆေးရုံသို့ ပို့ဆောင် ထားသည်ဟု သိရကြောင်း အခင်းဖြစ်ရာနေရာအနီးရှိ
မြန်မာအလုပ်သမား ကိုဘုန်းဝေကပြောသည်။
ထိုင်းသတင်းစာများတွင် လည်း တိုက်ပြိုမှုကြောင့် သေဆုံး သူ ရုပ်အလောင်းကိုးလောင်းတွေ့ ရှိထားပြီး ဆက်လက်ရှာဖွေနေကြောင်း ရေးသား ထားသည်။ အဆိုပါအဆောက်အအုံတွင် အလုပ်သမား ၅၀ ခန့်ရှိပြီး မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးခန့်ရှိနေကြောင်း ရေးသားထားသည်။ထိုအဆောက်အအုံထဲမှ မြန်မာအလုပ်သမား တစ်ဦးထွက် ပြေးလွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံ ထုတ် သတင်းစာတစ်စောင်က အဆိုပါမြန်မာအမျိုးသားအား မေးမြန်း၍ သတင်းရေးသားထား သည်။
7Day Daily
ထိုင်းသတင်းစာများတွင် လည်း တိုက်ပြိုမှုကြောင့် သေဆုံး သူ ရုပ်အလောင်းကိုးလောင်းတွေ့ ရှိထားပြီး ဆက်လက်ရှာဖွေနေကြောင်း ရေးသား ထားသည်။ အဆိုပါအဆောက်အအုံတွင် အလုပ်သမား ၅၀ ခန့်ရှိပြီး မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးခန့်ရှိနေကြောင်း ရေးသားထားသည်။ထိုအဆောက်အအုံထဲမှ မြန်မာအလုပ်သမား တစ်ဦးထွက် ပြေးလွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံ ထုတ် သတင်းစာတစ်စောင်က အဆိုပါမြန်မာအမျိုးသားအား မေးမြန်း၍ သတင်းရေးသားထား သည်။
7Day Daily
ရေဘေးကြောင့် လယ်ဧက နှစ်သိန်းကျော် ပျက်စီးဆုံးရှုံး လူဦးရေခြောက်သောင်းခန့် ကယ်ဆယ်ရေးစခန်းရောက်
ယခုရက်ပိုင်းရင်ဆိုင်ခဲ့ ရသော ရေဘေးကြောင့် လယ် မြေဧက
နှစ်သိန်းကျော်ရေလွှမ်း နေပြီး လူဦးရေခြောက်သောင်း ခန့် ကယ်ဆယ်ရေးစခန်းများ
တွင် ခိုလှုံခဲ့ရကြောင်း သတင်းရရှိ သည်။ရေမြုပ်နေသည့် လယ်ဧက နှစ်သိန်းကျော်မှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှ ဖြစ် ပြီး စိုက်ပျိုးရေးဌာနမှ ၀န်ထမ်း
များ ကွင်းဆင်းလေ့လာနေကာ ပျက်စီးလယ်ဧကများအတွက် မျိုးစပါးထောက်ပံ့ပေးရန်
ပြင် ဆင်နေကြောင်း စိုက်ပျိုးရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး က
ပြောသည်။‘‘ရန်ကုန်မှာဆို ဧက ငါး သောင်းကျော်။ ပဲခူးမှာလည်း
ငါးသောင်းကျော်တယ်။ အားလုံး ပျက်စီးသွားတာ မဟုတ်ပါဘူး။ ရေမြုပ်နေတာပါ။
ရေကျဖို့တော့ လိုတာပေါ့။ နုန်းတင်တာတွေက အချိန်မကြာရင် ကောင်းတတ်ပါ တယ်။
ကျွန်တော်တို့ဘက်က တောင်သူတွေကို ကူညီဖို့ လုပ်နေ ပါတယ်’’ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ရေမြုပ်လယ်ဧက စာရင်းကို
စစ်တမ်းကောက်နေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကြေး တိုင်နှင့်
မြေစာရင်းဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။‘‘ဒီလိုဖြစ်နေတာ တစ်နှစ်မ
ကတော့ဘူး။ စပါးက နုန်းတွေ ထဲမှာ နှစ်ပတ်လောက်ကြာသွား ရင် မရနိုင်တော့ဘူး။
ဒီထက် ကြာလာရင် အမြန်ဆုံး ဘာပြန် လုပ်မလဲဆိုတာကို စဉ်းစားရ တော့မှာ။
လယ်သမားတွေအ တွက်တော့ တကယ့်ကိုစိုးရိမ်စရာ ကောင်းနေပြီ’’ဟု စိုက်ပျိုးရေး
ပညာရှင်ဒေါက်တာထွန်းဝင်းက ပြောသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များသည် ထိုက်သင့်သည့် အကျိုးသက်ရောက်မှုရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယကပြော
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ငါးသန်းခန့်သည် လွှတ်တော်တွင် ထိုက်သင့်သည့်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။‘‘မိမိတို့
လွှတ်တော်ကို ဖော် ဆောင်ထား တဲ့ ဆောင်ပုဒ်ရှိပါ တယ်။ ပြည်သူ့အသံ လွှတ်တော်
အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူရဲ့ မျှော်လင့်ချက် လွှတ်တော် က
ဖော်ဆောင်ရွက် ဆိုတဲ့ ဆောင်ပုဒ် (သို့မဟုတ်) မူဝါဒနဲ့
သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့ အတွက် ပြည်သူများရဲ့ အသံကို သက်ဆိုင်ရာ
လွှတ်တော်ကိုယ် စားလှယ်များက စဉ်းစားဆောင် ရွက်နိုင်တဲ့အတွက် ထိုက်သင့်တဲ့
အကျိုးသက်ရောက်မှု ရှိနိုင်ပါ တယ်လို့ ဖြေချင်ပါတယ်’’ဟု လက်ရှိ အာဏာရပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ
သူရဦးရွှေမန်းက ပြောသည်။
သြဂုတ် ၁၁ ရက်က နေပြည် တော်ရှိ လွှတ်တော် အဆောက် အအုံဝင်းအတွင်း ပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြည်သူလူထု၏ ဆန္ဒလက်မှတ် ငါးသန်းခန့်ကို လွှတ်တော်သို့တင်လာပါက မည်သို့ စဉ်းစား ထားသည်ကို မီဒီယာ၏ မေးမြန်း မှုကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၁၁ ရက်က နေပြည် တော်ရှိ လွှတ်တော် အဆောက် အအုံဝင်းအတွင်း ပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြည်သူလူထု၏ ဆန္ဒလက်မှတ် ငါးသန်းခန့်ကို လွှတ်တော်သို့တင်လာပါက မည်သို့ စဉ်းစား ထားသည်ကို မီဒီယာ၏ မေးမြန်း မှုကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရှော့ပင်းမောထဲက အဆင့်မြင့် ဝက်သားတုတ်ထိုး

ဝက်သားတုတ်ထိုးဆိုတာ မြန်မာ့ရိုးရာ အစားအစာတခု မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးအသား ကျနေတဲ့ အစားအသောက်တမျိုးဆိုတာတော့ သေချာပါတယ်။
အစားအသောက်နဲ့ ပတ်သက်ရင် အင်မတန်အသန့်ကြိုက်ပြီး ဇီဇာကြောင်တတ်သူတွေ၊ လမ်းဘေးစာ ရှောင်သူတွေတောင် ဝက်သားတုတ်ထိုးနဲ့ ပတ်သတ်လာရင် သိပ်ပြီး စိတ်မခိုင်တတ်ကြဘူး မဟုတ်လား။
လမ်းဘေးမှာရောင်းတဲ့ အငွေ့တထောင်းထောင်း ဝက်သားတုတ်ထိုးဗန်းကြီးရှေ့မှာ ထိုင်ပြီး ကိုယ်နှစ်သက်ရာရာကို လက်ညှိုးထိုးလို့ လှီးခိုင်းပြီး တုတ်ထိုးတံလေးတွေကို အချဉ်ရည်ခွက်ထဲနှစ်လို့စားရင်း ဟင်းရည်ပူပူလေးသောက်လိုက်၊ ကြက်သွန်ဖြူ ငရုတ်သီးလေးကိုက်လိုက်နဲ့ ချွေးလေးစို့ရတဲ့အရသာကို မြို့ပြနေလူတန်းစားအားလုံးလိုလို (အထူးသဖြင့် လူငယ်ဘဝမှာ) ကြုံတွေ့ဖူးကြမှာ မလွဲပါဘူး။
လမ်းဘေးမှာရောင်းတဲ့ အငွေ့တထောင်းထောင်း ဝက်သားတုတ်ထိုးဗန်းကြီးရှေ့မှာ ထိုင်ပြီး ကိုယ်နှစ်သက်ရာရာကို လက်ညှိုးထိုးလို့ လှီးခိုင်းပြီး တုတ်ထိုးတံလေးတွေကို အချဉ်ရည်ခွက်ထဲနှစ်လို့စားရင်း ဟင်းရည်ပူပူလေးသောက်လိုက်၊ ကြက်သွန်ဖြူ ငရုတ်သီးလေးကိုက်လိုက်နဲ့ ချွေးလေးစို့ရတဲ့အရသာကို မြို့ပြနေလူတန်းစားအားလုံးလိုလို (အထူးသဖြင့် လူငယ်ဘဝမှာ) ကြုံတွေ့ဖူးကြမှာ မလွဲပါဘူး။
Subscribe to:
Posts (Atom)