ပဲခူးတိုင်းဒေသကြီး ဥဿာမြို့သစ်၊ အ မှတ် ၂ ရပ်ကွက်နေ ကြေးမုံ သတင်းစာ အလွတ် တန်းသတင်းထောက်ဖြစ်သူ ကိုမိုးဝင်းသူမှ ၎င်းကို အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံသို့ ၁၁ ရက်ကြာတက်ခဲ့ ရကြောင်း သတင်းစာ ရှင်းလင်း ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာ ရှင်းလင်းပွဲကို ဖြစ်စဉ် တွင်ရှိနေသည့် ဇနီးဖြစ်သူနဲ့ အတူပြုလုပ်ခဲ့ပြီး ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီ တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ မှတ်ပုံတင်လုပ်ပေးနေသည်ကို သွားရောက် ပြုလုပ်ရာမှ ယင်းကဲ့သို့ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။