
ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက် ပွဲတွေ
ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများခပ်စိပ်စပ်ဖြစ်ပေါ်လာ မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် စိုးရိမ်ပူပန်မှုတွေ
ပေါ်ပေါက်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည်ဖြစ်ပွားခဲ့တယ်။
ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော် ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅
အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေ အထား တွေ နဲ့ ပတ် သက် လို့
ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို
ဧပြီလ နောက် ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း
ပြန် လည် ဖြေကြားခဲ့ပါတယ်။