အန္တရာယ်ရှိနယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသည့် မင်းကွန်း ယဉ်ကျေးမှုနယ်မြေရှိ ပုထိုး တော်ကြီးပေါ် တက်ရောက်ခြင်းမပြု ရန် တားမြစ်ထားခြင်း အား ဖောက်ဖျက် တက်ရောက်ပြီး အန္တရာယ် တစ်စုံ တစ်ရာဖြစ်လျှင် တာဝန်ယူမည် မဟုတ် ဟု စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ပြီးခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာ တွင်လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ် ကြောင့် ယင်းနယ်မြေရှိ မင်းကွန်းပုထိုး တော်ကြီး၏ အရှေ့မြောက်ဘက်ထောင့် တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပြီး အုတ်သားများပဲ့ကြွေလာသ ဖြင့် အန္တရာယ်ရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကာ ပုထိုး တော်ကြီးပေါ်သို့ တက်ရောက်ခြင်း မပြုရန် တားမြစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
