ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက ကေတီဗီတွေ၊ မာဆတ်တွေကိစ္စ မေးခွန်းမေးပါတယ်။ အားလုံးသိတဲ့ လျှို့ဝှက်ချက်လို့ ခေါ်နိုင်တဲ့ မေးခွန်းအမျိုးအစားပါ။ သက်ဆိုင်ရာက အဲဒီကေတီဗီ၊ မာဆတ်တွေကို အရေးမယူဘူးလား၊ ရဲတွေ၊ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြတာကြောင့် အဲဒီလိုင်းကြေးယူ၊ အဂတိလိုက်စားတဲ့ ရဲနဲ့ တာဝန်ရှိသူတွေကိုရော ဘယ်လိုလုပ်နေသလဲဆိုတဲ့ မေးခွန်းမျိုးပါ။ ပြန်ဖြေတဲ့ ပြည်ထဲရေး ဒု-၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကတော့ ထုံးစံအတိုင်းစာအုပ်ထဲက မရိုးနိုင်တဲ့ကိန်းဂဏန်းတွေ၊ ရဲတပ်ဖွဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ရွတ်ဆိုပြီး ဖြေသွားခဲ့ပါတယ်။ဒီဖြေကြားချက်ကို ဘ၀င်မကျနိုင်တာကြောင့် ဦးသိန်းထွန်းဦးက ထပ်ဆင့်မေးခွန်းထုတ်ပါတယ်။ အဲဒီ ကေတီဗီ၊ မာဆတ်တွေ ဖွင့်တာကို သာမန်ပြည်သူတွေက သိရင် တိုင်ကြားဖို့ မဆိုထားနဲ့၊ သူတို့လို့ အမတ်တွေက ပြောတာတောင် မရတဲ့အကြောင်း၊ အဲဒီရဲနဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့သဘောက မဖမ်းချင်ပါဘူး၊ တိုင်တဲ့သူရှိလို့ ဖမ်းရတာဆိုပြီး ပြောတာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကတော့ စည်းကမ်းချိုးဖောက်တဲ့ ရဲအရာရှိနဲ့ အခြားတပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ ရှိခဲ့ပါတယ်ဆိုပြီး နှစ်အလိုက် ကိန်းဂဏန်းနဲ့ ပြောဆိုဖြေကြားတာလောက်ပဲ လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကေတီဗီ၊ မာဆတ်၊ နိုက်ကလပ် ဘယ်လိုတွေ ရပ်တည်နေကြသလဲ၊ ဘယ်လိုဖြစ်သင့်သလဲဆိုတာ ဒီက နေ့ဆွေးနွေးတင်ပြသွားပါ့မယ်။
Tuesday, July 1, 2014
အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့
နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ
(၅)ဦး ဒဏ်ရာရရှိပြီး SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။
ပြည်တွင်းအင်တာနက် Bandwidth မှာ ပြီးခဲ့သည့် သုံးနှစ်ထက် ခုနစ်ဆကျော် တိုးချဲ့ထားပြီး ငါးဆယ်ရာခိုင်နှုန်းခန့်သာ အသုံးပြုနေ
မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲမှုပမာဏ မြင့်တက်လာသည့်အလျှောက် အင်တာနက် Bandwidth ကို လွန်ခဲ့သည့် သုံးနှစ်ကထက် ခုနစ်ဆကျော် ပိုမိုမြှင့်တင်ထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ ထုတ်ပြန်ကြေညာလိုက်သည်။၂၀၁၄ ခုနှစ်၊ မေလတွင် အင်တာနက် Bandwidth 27.36 Gbps အထိရရှိနေပြီး ၂၀၁၁ ခုနှစ်တွင် ၃.၇၂ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် အသုံးပြုနိုင်သည့် အင်တာနက် Bandwidth မှာ လုံလောက်မှုရှိပြီး အသုံးပြုနိုင်သည့် ပမာဏ၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်ပဆက်သွယ်ရေးဌာန(အဝေးဆက်)က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။ဦးစိုင်းစောလင်းထွန်းက “လက်ရှိသုံးလို့ရနေတဲ့ Bandwidth က လုံလောက်မှုရှိပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ခုနှစ်၌ အင်တာနက်အသုံးပြုသူ ၆၆,၄၅၀ ဦးတွင် အင်တာနက် Bandwidth 3.72 Gbps ရှိပြီး ၂၀၁၄ခုနှစ်၊ မေလအထိ စာရင်းများအရ အင်တာနက် အသုံးပြုသူအရေအတွက် သုံးသန်းနီးပါးအထိ တိုးတက်လာချိန်တွင် အင်တာနက် Bandwidth 27.36 Gbps တိုးချဲ့ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နှိုင်းယှဉ်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများသည် ယခုနှစ်များ၌ ပိုမိုကောင်းမွန်လာသည်ဟု Open Myanmar Initiative က Chief Technology Officer ကိုစိုးသီဟနောင်က သူ၏ အမြင်ကို သုံးသပ်ပြောသည်။

ကျောင်း(၅)ကျောင်းကို စစ်ဆေးမှုမရှိဘဲ လွှဲပြောင်းချထားပေးခဲ့မှုငပုတောလွှတ်တော်ကိုယ်စားလှယ် တောင်းပန်
ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်အတွက် ကျောင်းဆောင် သစ်ဆောက်လုပ်ရန် ချထားပေးသော မူလလျှောက် ထားသည့် ကျောင်း(၅)ကျောင်းကို သွားရောက်စစ်ဆေး မှုမရှိဘဲ ကျောင်းလွှဲပြောင်းချထားပေးမှုများ ပြုလုပ် သည့်အပေါ် လိုအပ်ချက်တစ်ခုဖြစ်ခဲ့ကြောင်း ငပုတော မြို့နယ်မှ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ထုတ်ဖော်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပညာရေးညွန်ကြားရေးမှူးရုံးမှ ငပုတောမြို့နယ်အတွင်းရှိပျက်စီးယိုယွင်း နေသောကျောင်းများကို ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ချထားပေးသည့်အပေါ် မြို့နယ်တာဝန်ရှိသူ များမှဆုံးဖြတ်ကာ ဆောက်လုပ်ခွင့်ရရှိခဲ့သော ကျောင်းများနှင့် ဒေသခံများကို အသိပေးခဲ့ခြင်းမရှိဘဲ ကျောင်း များ လွှဲပြောင်းချထားပေးခဲ့၍ အခက်အခဲများဖြစ်ပေါ် နေသည့်အပေါ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
''ကျေးရွာအထိ သွားရောက်စစ်ဆေးမှုမရှိ ဘဲ ကျောင်းဆောင်သစ် လွှဲပြောင်းဆောက်လုပ်ဖို့ လက် မှတ်ရေးထိုးခဲ့မိတာ လိုအပ်ချက်တစ်ခု ဖြစ်သွားပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ ငပုတော မြို့နယ် (၁)ကိုယ်စားလှယ် ဦးစောအယ်ဂေးက ကျောင်း ဆောင်သစ် လွှဲပြောင်းချထားပေးမှုနှင့် ပတ်သက်၍ ဝန်ခံပြောကြားခဲ့သည်။
ကျောင်းဆောင်သစ် ချထားပေးခြင်းကို ငပု တောမြို့နယ်အုပ်ချုပ်ရေးမှူး ငပုတောမြို့နယ် ပညာ ရေးမှူး မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် ငပုတောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စား လှယ်နှစ်ဦးတို့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးဆန်းဆင့်အမှု ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ပြည်သူ့ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်မည်
နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်မှုကင်းလွတ်ခွင့် ပြုရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်သူ့ဟစ်တိုင်တွင် ဇူလိုင်လ ၁ ရက် (ယနေ့) နံနက်တွင် ပြည်သူများက ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း ဦးဆောင်သူများက ပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးဟောင်း သရေစည်သူ ဦးဆန်းဆင့်ကို ပြစ်မှုကင်းလွတ်ခွင့်ပြုရေး၊ အမှန်တကယ် ပြစ်မှုကျူးလွန်သည် ဆိုပါက ပြည်သူများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာပေးရေး၊ အမှန်တကယ် လာဘ်ပေး၊ လာဘ်ယူသူများကို အရေးယူပေးရေး၊ လူ့အခွင့်အရေး အပိုဒ် (၇) အရ ဥပဒေရှေ့မှောက်တွင် ခွဲခြားဆက်ဆံမှု မခံရစေရေးတို့အတွက် ဆန္ဒဖော်ထုတ်သွားခြင်း ဖြစ်ကြောင်း ယင်းဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့ဝင် ဦးထွန်းထွန်းဦးက ပြောကြားသည်။“ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၊ နောက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးကို ကြီးလေးတဲ့ ပုဒ်မတွေတပ်ပြီး ကြက်ကလေး ငှက်ကလေး ဖမ်းသလိုမျိုး လုပ်တဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ပုသိမ်မြို့တွင် ရှိသည့် ပြည်သူ့ဟစ်တိုင်တွင် ယင်းဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် မှတ်တမ်းတစ်ခု အဖြစ် ကျန်ရစ်မည် ဖြစ်ကြောင်း ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်သူက ပြောကြားသည်။
“ဦးဆန်းဆင့်က တိုင်းဒေသကြီးအတွက် လူကောင်းပါဗျာ၊ ဒီလိုသာ ဖမ်းရမယ်၊ အရေးယူရမယ် ဆိုရင် အစိုးရအဖွဲ့ ရာထူးယူထားတဲ့သူ အများစုကိုလည်း အရေးယူသင့်တယ်လို့ ထင်တယ်” ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ရန် ရောက်ရှိနေသည့် ငပုတောမြို့နယ် ငရုတ်ကောင်းကျေးရွာ အုပ်စုမှ ဦးအောင်မန်းက ပြောဆိုသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တာ့ဖာဆောင် တံတားအနီးမှာ ကျနော်တို့ တပ်တွေ အမြဲလှုပ်ရှားနေတာပါ။ SSPP/SSAအဖွဲ့က ကျနော်တို့ တပ်တွေကို လာတိုက်လို့ ယခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကျနော်တို့က ပြန်တိုက်တော့ သူတို့ဘက်က (၃)ဦးကျပြီး (၈)ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်မှာလည်း (၁)ဦး ကျဆုံးပြီး (၅)ဦး ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောပါတယ်။

ရခိုင်သွေးစီးဝင်နေသည်ဆိုသည့် ၀န်ကြီးချုပ်နှင့် မေးမြန်းခြင်း
ဗိုလ်ချုပ်မောင်မောင်အုန်းကို လွှတ်တော်က အတည်မပြုမီ ရခိုင်တိုင်းရင်းသား အမတ်များက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသား ဖြစ်ရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဇွန် ၃၀ က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်မှုမရှိဘဲ ၀န်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းအား မဇ္ဈိမ၏ မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး သမ္မတရဲ့ သီးသန့် လမ်းညွှန်ချက်တွေရှိလား။သမ္မတကြီးကတော့ ကျန်တဲ့ တစ်နှစ်ခွဲမှာ ရခိုင်ပြည်နယ်ကြီးကို တည်ငြိမ်ပြီး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေလည်း လျော့ပါးပြီးတော့မှ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အသေးစိတ်မှာပါတယ်။ အဓိက အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ် ဆောင်ရွက်ဖို့မှာပါတယ်။
ဝန်ကြီးချုပ်အဖြစ် မကြည့်ဘဲ အပြင်က ကြည့်ရင် ရခိုင်ပြဿနာကို ဘယ်လိုမြင်လဲ။
ရခိုင်ပြည်နယ်ဟာ ပဋိပက္ခတွေဖြစ်ပြီးတော့ တိုးတက်မှုတွေ နှောင့်နှေးခဲ့တယ်။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယအဆင်းရဲဆုံး ပြည်နယ်အထိ ရောက်ခဲ့ရတယ်ပေါ့နော်။ ဒီတော့ အဓိကဖြစ်တဲ့ ပြဿနာက ဒီအမွေဆိုးကြီးပေါ့၊ ဖြစ်ပေါ်နေတဲ့ဟာတွေကတော့ အရင်အစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့တာပဲ။ ဒီအစိုးရလက်ထက်မှာဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရဆိုတာ တာဝန်ရှိတယ်။ တာဝန်ရှိတော့ လုပ်ရမယ်၊ ကျွန်တော်တို့ ပြည်နယ်အစိုးရလည်း ဒီကိစ္စကြီးကို ဖြေရှင်းရမယ်၊ လျော့ပါးအောင်လုပ်ရမယ်။ နောင်တက်လာမယ့် အစိုးရတွေလည်း ရှိတာပေါ့နော်။ ၂၀၁၅ ဆိုလည်း ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ဦးဆောင်တဲ့ ၀န်ကြီးချုပ်တွေ၊ အစိုးရတွေ ဖြစ်ပြီးတော့မှ အစိုးရတက်လာရင်လည်း ဒီပြဿနာကြီးကို ဒီအတိုင်း ထိုးမပေးချင်ဘူး။ ရခိုင်တိုင်းရင်းသားတွေရဲ့ အဓိက လိုလားချက်ကလည်း မျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို လိုလားတာပဲ။ ဆိုတော့ ဒီနေ့ကိုယ်တို့ ပြည်နယ်အစိုးရက ထဲထဲဝင်ဝင်နဲ့ ဘာပဲလုပ်လုပ်၊ ဘာပဲကိုင်ကိုင် ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကို အလေးထားပြီးတော့မှ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ရခိုင်ဒေသက တည်ငြိမ်တိုးတက်လာမယ်လို့ မြင်ပါတယ်။
သမ္မတက ဟယ်ရီကော်ပတာတစ်စင်းကိုလည်း ပေးအပ်ထားတယ်ဆို။
စစ်တပ်ကျူးလွန်သည့် လိင်ကိစ္စ ခြောက်လအတွင်း ဖြေရှင်းရန်လိုသော်လည်း ကိုင်တွယ်မှု နှေးကွေးနေဆဲ
တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ကျူးလွန်ခဲ့သည့် လိင်ကိစ္စများကို ခြောက်လ အတွင်း ဖြေရှင်းပေးရမည်ဖြစ်သော်လည်း လက်တွေ့၌မူ တွေ့မြင်ရခြင်း မရှိဘဲ နှေးကွေးစွာ ကိုင်တွယ်နေသည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ညွှန်ကြားရေးမှူး နော်စူဆန်နာလှလှစိုးက ဇွန်လ ၃၀ ရက်တွင် မဇ္ဈိမကိုပြောသည်။
ဇွန်လ အစောပိုင်းအတွင်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်၌ ပြုလုပ်သည့် Unsexual Violent in Confilt ညီလာခံတွင် ယင်းကိစ္စများကို ဖြေရှင်းပေးရန် မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော်က လက်မှတ်ရေးထိုးခဲ့သဖြင့် ခြောက်လအတွင်း ဖြေရှင်းပေးရန် တာဝန်ရှိမည်ဖြစ်သည်။ သို့သော် အဆိုပါပွဲသို့ တပ်မတော်ဘက်မှ တက်ရောက်ခြင်းမရှိသကဲ့သို့ ယနေ့ အချိန်အထိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုမျိုးလည်း မရှိသေးဟု ဝေဖန်လိုက်ခြင်း ဖြစ်သည်။
သက်တမ်း တစ်နှစ်ကျော်သာ ကျန်သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအပြီးတိုင် ရရှိရန် မျှော်မှန်းဟု ဦးအောင်မင်းပြော
၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်တွင်
ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင်ရရှိရန် မျှော် မှန်းကြောင်း
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်က တာဝန်ယူခဲ့ပြီး သက်တမ်းကုန်ဆုံးရန် တစ်နှစ်ခွဲခန့်အလိုတွင် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ
ဦးအောင်မင်းက “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့
(NCCT-Nationwide Ceasefire Coordination Team)နဲ့
ခုနစ်ကြိမ်ဆွေးနွေးပြီးပြီ၊ လက်ရှိ အစိုးရသက်တမ်းမှာပဲ ဒီကိစ္စကို
အောင်မြင်မယ်လို့ ကျွန်တော်ထင်တယ်”ဟု ၀န်ကြီးက ပြောသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်က တာဝန်ယူခဲ့ပြီး သက်တမ်းကုန်ဆုံးရန် တစ်နှစ်ခွဲခန့်အလိုတွင် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ
ဝန်ကြီးချုပ်သစ်၊ လက်ကျန် (၁၈)လ၊ ရခိုင်ပြည်
ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် အဖြစ် တပ်မတော် အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ချုပ်
မောင်မောင်အုန်းအား ဇွန်လ (၃၀)ရက် နေ့တွင် ခန့်အပ် လိုက်သည်။
ထိုကဲ့သို့ ခန့်အပ်ခြင်း အပေါ် ရခိုင် ပြည်နယ်အား အမြင့်ဆုံး ရာထူးဖြင့် အုပ်ချုပ်သော သူသည် ရခိုင်လူမျိုး မဟုတ်သည့် အပြင် ရခိုင် လူထု ရွေးချယ် တင်မြှောက်သူလည်း မဟုတ်သည့် အတွက် ဝေဖန်မှုများ ရှိလာသည်။
““ပြည်နယ် အစိုးရပဲ ဖြစ်ဖြစ်၊ ပြည်နယ် လွှတ်တော်ပဲ ဖြစ်ဖြစ် အခန်း ကဏ္ဍမှာ ပြည်ထောင်စု သမ္မတ ကနေ ချပေး လိုက်မယ်၊ ချပေးလိုက်တဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့က လွှတ်တော်မှာ အတည်ပြုမယ် ဆိုတဲ့ လမ်းစဉ် ကြီးဟာ ဘယ်လို ဖြစ်နေလဲ ဆိုတော့ ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် တွေကို ပြည်ထောင်စု အစိုးရက ထိန်းချုပ် သွားတယ် လို့ ကျွန်တော်တို့က ယူဆတယ်””ဟုရခိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း The Messenger Media သို့ ပြောသည်။

TNLA က စစ်သားစုဆောင်းမှု ရပ်ဆိုင်း
တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA က ယခင်ကစစ်သားစုဆောင်းမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ရပ်ဆိုင်းထား ကြောင်း ယင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်အိုက်ကျော်က People Power မီဒီယာသို့ပြောကြားသည်။
မီးပွိုင့်များတွင် တောင်းရမ်းနေသူများကို စီမံချက်ဖြင့် ဖမ်းဆီး

မန္တလေးမြို့တွင်း မီးပွိုင့် များတွင် တောင်းရမ်းနေသူများ ကို စီမံချက်ချကာဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။
ဇွန်လ
၂၈ရက်က မန္တလေးမြို့လယ် ၇၈လမ်းနှင့် ၃၅လမ်း ထောင့်ရှိ မီးပွိုင့်တွင်
တောင်းရမ်း နေသူ(၁၃)နှစ်နှင့် (၂)နှစ်အရွယ် ကလေးနှစ်ဦးအား လူမှုဝန်ထမ်းပို့
ဆောင်ပေးခဲ့ကြောင်း၊အနာကြီိး ရောဂါသည်တစ်ဦးအား ရေနံ့သာ ဆေးရုံသို့
ပို့ပေးခဲ့သည်။ ထို့အ ပြင် ကလေးငယ်များအားပိုက်ဆံ တောင်းရမ်းခိုင်းရန်အတွက်
ဆိုင် ကယ်ဖြင့်လိုက်ပို့ပြီး ကိုယ်တိုင် လည်း လိုက်လံတောင်းခံနေသူ
သုံးဦးကို အမှတ်(၉)ရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူ ထားကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနခွဲမှူးဦးစိုး
တင့်အောင်ကပြောသည်။
‘
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်နောက်ပိုင်း ဆီတိုင်ကီ ဝိုင်ယာရှော့ခ်ဖြစ်၍ လင့်ခရူဇာတစ်စီး မီးလောင်

ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၆၁/၁) အနီးတွင် ယခုလ ၂၇ ရက် ညနေ ၃ နာရီက
ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂ ရအမြန်လမ်းရဲစခန်းမှ
တပ်ဖွဲ့ဝင် များ၊ အမြန်လမ်းမီးသတ်တပ် ဖွဲ့ဝင်များနှင့် ရေတာရှည်မြို့နယ်
မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကသွားရောက်ဝိုင်းဝန်း
ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
ဦးပိန်တံတား တိုင်ခေါင်းများအတွင်း ဆေးလိပ်မီး ပစ်ထည့်မှုကြောင့် ကျွန်းတိုင်(၃)လုံး မီးလောင်
တောင်သမန်အင်းရှိ ဦးပိန်တံတားကြီးတွင် တိုင်ခေါင်းများ အတွင်း ဆေးလိပ်မီး ပစ်ထည့်မှု များကြောင့် ယခုဇွန်လ အတွင်း ရှေးဟောင်းကျွန်းတိုင် သုံးလုံး မီးသင့်လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးမြို့ ရှေးဟောင်း သုသေသနနှင့် အမျိုးသား စာကြည့်တိုက်များ ဦးစီးဌာနမှ သိရသည်။
NLD ပါတီဝင် အသက်ခံရမှု အမှန်ပေါ်ဖို့ခက်နေသေး
NLD ကျေးရွာဒုတိယဥက္ကဌ
ဦးစိုင်းစံထွန်း ရှမ်းပြည်နယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာ ခုဆို တစ်လနီးပါး
ကြာမြင့်နေခဲ့ပါပြီ။ ဒါပေမဲ့လည်း ခုထိဘာတစ်ခုမှ စုံစမ်းသိရှိထားတာ
မရှိသေးဘူးလို့ NLD ပါတီရုံးဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်က လျှပ်စစ်မီတာခ ဆယ်ယူနစ်ထပ်မံလျော့ချပေးမည်ဟုဆိ
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခများ ယခင်က ဆယ်ယူနစ်သာ သုံးပါက
တစ်ယူနစ် ၃၅ ကျပ်ဈေးဖြင့် ကောက်ခံရာမှ ယခု ယူနစ်၂၀ အထိ ၃၅ကျပ် နှုန်းဖြင့်သာ ကောက်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင်မောင်အုန်းက မဇ္ဈိမကို ဇွန်လ ၃၀ရက်က ပြောကြားလိုက်သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဇွန် ၃၀ ရက်က ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဗောတံတားတွင် ရပ်တန့်ထားသော မော်တော်ယာဉ်အား အရက်မူးနေသူမှ တက်ရောက် မောင်းနှင်၊ အရှိန်လွန်ကာ မြစ်ထဲ ထိုးကျ
ဆိပ်ကမ်း မြို့နယ်တွင် ဇွန်လ(၂၉)ရက် နေ့ မနက်(၅) နာရီအချိန်ခန့်က
အရက်မူးနေ သူတစ်ဦးက ဗိုလ်တထောင် အမှတ်(၅) ဗောတံတားပေါ်တွင် ရပ်တန့်ထားသော
ယာဉ်အား တက်ရောက် မောင်းနှင်ခဲ့ရာ မြစ်တွင်း ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း
ဆိပ်ကမ်း မြို့မရဲစခန်း မှ သိရသည်။
ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့ အလုပ်သမား ဖြစ်သူက ပြုပြင်ဆဲ မော်တော်ယာဉ်အား မောင်းနှင်လာပြီး၊ ဗောတံတားပေါ်တွင် ရပ်တန့်ကာ
ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့ အလုပ်သမား ဖြစ်သူက ပြုပြင်ဆဲ မော်တော်ယာဉ်အား မောင်းနှင်လာပြီး၊ ဗောတံတားပေါ်တွင် ရပ်တန့်ကာ
ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ဂျာမနီတွေ့ကြပြီ

ကမ္ဘာ့ဖလားမှာ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့ဟာ
ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။ ၁၆ သင်း
ရှုံးထွက်အဆင့်မှာ ပြင်သစ်က နိုင်ဂျီရီးယားအသင်းကို
၂-၀ ဂိုးနဲ့ နိုင်ပြီး တက်လာတာ ဖြစ်သလို ဂျာမနီအသင်းကလည်း အယ်ဂျီရီးယား
အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီးတက်လာတာဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက် ဆောင် ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း သွားမည်ဟုဆို

နေပြည်တော်၊ ဇွန် ၃၀- ပြည်တွင်း ငြိမ်းချမ်းရေးကို အောင်မြင်သည်အ ထိ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်
ရန်အဆိုအား အမျိုးသားလွှတ်တော်မှ လက်ခံဆွေး နွေးသွားမည်ဖြစ်ပြီး ယင်းအပေါ်
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ ကျေးဇူးတင်ကြောင်း၊
ဝမ်းသာမိကြောင်း ပြောကြားသွားခဲ့ သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ ၃ သန်းကျော် လက်မှတ်ထိုးပြီးပြီ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်
ရေး သဘောထား ဆန္ဒ လက်မှတ်ထိုးထားသူ စုစုပေါင်း ၃ သန်း ကျော်သွားပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံဖို့ စီစဉ်ထားတာမှာ အခု ချိန်ထိ တိုင်းနှင့် ပြည်နယ် ၁၄ ခုဆီက ရရှိ ထားပြီး သား လက်မှတ်ထိုးစာရင်းမှာ ၃ သန်းကျော် ရှိနေပြီဖြစ်တာကို ထုတ်ပြန်ခဲ့တာပါ။

ပေါင်းလောင်းကွင်းနှင့် ပတ်သက်၍ အားကစားဝန်ကြီး ဖြေကြားချက် ဒေသခံများမကျေနပ်
နေပြည်တော် ပေါင်းလောင်းဘောလုံးကွင်းကို နှစ် ၃၀ ငှားရမ်းခွင့် သတ်မှတ်
လိုက်ပြီး ဆက်လက်ဆောင်ရွက် သွားရန်အမေးကို အားကစားဝန် ကြီး ဦးတင့်ဆန်းက
လွှတ်တော်၌ပြန်လည်ဖြေကြားထားသည်ကို မြို့မိမြို့ဖများနှင့် ဒေသခံများက ကျေနပ်မှုမရှိ ကြောင်းပြောသည်။
ဘင်္ဂါလီနေအိမ်တစ်အိမ်တွင် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၂၀၀ဝဖိုးခန့် ဖမ်းမိ
မောင်တော၊ ဇွန် ၃၀- မူးယစ်ဆေး ဝါးအမှုဖြင့် ဖမ်းဆီးခံထားရသူ၏ ထွက်ဆိုချက်အရ
ဇွန် ၂၈ရက်ညနေ လေးနာရီ က မောင်တောမြို့ မြို့ဦး အုပ်စု လသာရွာနေ ဟာမိတ်တူ
ဆောင်း(ဘ)အဒူရော်မန် ဘင်္ဂါလီ လူ မျိုး၏နေအိမ်အား မောင်တော မူး
ယစ်တပ်ဖွဲ့စု(၄၆)မှ ရဲအုပ်ဇော်လင်း ထွန်း၊ မောင်တောမြို့မရဲစခန်းမှ ရဲ
အုပ်တိုးတိုးနှင့် ရဲအုပ်ဝင်းဌေးဦးတို့ မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးများဖြင့် သွားရောက်စစ်ဆေးခဲ့ရာ မူးယစ် ဆေးဝါး သိန်း၂၀၀၀ ဖိုးခန့်ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
မြောက်ကိုရီးယား အမျိုးသားတို့ ကင်ဂျုံအန် ဆံပင် ပုံစံသာ ထားခွင့် ရှိတော့မည်

အရင်တုန်း မြောက်ကိုရီးယား ပြည်သူ အမျိုးသား များဟာ ဆံပင် ပုံစံ ၁၀ မျိုး
ထဲက နှစ်သက်ရာ တစ်မျိုးမျိုးကို ထားပိုင်ခွင့် ရှိပါတယ်။ သို့ပေမယ့် ယခု ရက်ပိုင်း
အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ချမှတ် လိုက်တဲ့ ဥပဒေ သစ်
အရ ကင်ဂျုံအန် ညှပ်ထားတဲ့ ဆံပင် ပုံစံ တစ်မျိုးတည်း ကိုသာ ထားခွင့်
ရှိတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားကားပြေးဆွဲမှုများ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်
ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် ကြားကားအဖြစ် လုပ်ငန်းလိုင်စင် မရှိဘဲ ပြေးဆွဲနေသော ယာဉ်များကို ထိရောက်သောပြစ်ဒဏ်များနှင့် ဖမ်းဆီး အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်)မှ ဒုတိယရဲမှူးကြီးလင်းထွဋ်က ဇွန် ၂၇ ရက် မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။
ရန်ကင်းလူသတ်မှုတွင် စွဲချက်တင်ခံရသူက မတော်တဆ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ထွက်ဆို
ရန်ကင်းမြို့နယ် ၁၂ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင်
သေ ဒဏ်အဖြစ် စွဲချက်တင်ခံထားရသူ က ဇွန်လ၃၁ရက် ရုံးချိန်းစစ်ဆေးခဲ့စဉ်က
မတော်တဆ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသတင်းရရှိသည်။
အယ်လ်ဂျီးရီးယားကို အချိန်ပိုရောက်မှ အနိုင်ရခဲ့သည့်ဂျာမနီ

ဒီပြိုင်ပွဲမတိုင်ခင် ဆုံတွေ့ခဲ့ဖူးတဲ့ (၂)ပွဲစလုံး အရှုံးပေးထားခဲ့ရတဲ့
ဂျာမနီအသင်း ဒီပွဲမှာလည်း အယ်လ်၈ျီးရီးယားအသင်းကို
ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။ ဂျာမနီအသင်းက
သောမတ်စ်မူလာ၊ အိုဇေးလ်၊ ဂေါ့ဇီ၊ ရှဝိန်းစတိုင်ဂါ၊ တိုနီကရူးစ်တို့နဲ့
လူစုံခဲ့ပေမယ့် ဖီဂူလီဦးဆောင်တဲ့
မေမြတ်နိုး ရဲ့ သရဖူ နဲ့ နောက်ဆက်တွဲပြသနာများ

ဧရာဝတီကတော့ ဒီလိုရေးထားပါတယ်
သရဖူအသိမ်းမခံရအောင် မေမြတ်နိုးကို လိမ္မာစေချင်တယ် ဆိုတဲ့ ခေါင်းစဉ်တပ် အင်တာဗျူးတခုကို ဒီတပတ်ထုတ် ရန်ကုန်အခြေစိုက် Oasis ဂျာနယ်မှာ စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။
မေမြတ်နိုး ကိုရီးယားသွားပြိုင်ဖို့ ရွေးချယ်စေလွှတ်ခဲ့သူ မလှနုထွန်းနဲ့ ဗျူးထားတာပါ။
အင်တာဗျူးမှာ ပြောထားချက်အရ ဆိုရင် ... အလှမယ် မေမြတ်နိုး မလိမ္မာဘူး ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

KIA အဖွဲ့မှ ပြန်ပေးဆွဲ ငွေတောင်းမှုကြောင့် ဆင်းရဲသားဒေသခံများ အခက်ကြုံ

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ရှိ ကျေးရွာများ၌ နေထိုင်သော
ဆင်းရဲသားဒေသခံများအား KIA အဖွဲ့မှ ဇွန် ၂၇ ရက်နေ့တွင် ဖမ်းဆီးသွားပြီး
ငွေဖြင့်လာရွေးရန် ပြောကြားမှုကြောင့် အခက်ကြုံနေရကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
လှည်းတန်းခုံတံတားအတက် လမ်းလယ်တုံးများလွင့်စဉ်သည်အထိ ကားတစ်စီးဝင်တိုက်

ဇွန်လ ၃၀ ရက် ည ၁၁ နာရီခွဲခန့်က လှည်းတန်း ခုံးကျော်တံတား အနီး ပြည်လမ်းမပေါ်တွင် ကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ကားပေါ်ပါလာသူ လေးဦး ဒဏ်ရာရခဲ့သည်။
ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကို
ပြည်လမ်းအတိုင်းမောင်းလာပြီး လှည်းတန်းတံတားပေါ်သို့ တက်ချိန်တွင် လမ်းလယ်ကျောက်တုံးကို
ချစ်သူဆရာဝန်မိန်းကလေးကို ဓားဖြင့် ၁၁ ချက် ထိုးသတ်

ရှစ်နှစ်ကြာလက်တွဲလာခဲ့သည့် ချစ်သူဆရာဝန် မိန်းကလေးကို
လူမှုရေးပြဿနာကြောင့် ဓားဖြင့် ၁၁ ချက်ထိုး၍ သတ်ခဲ့မှု မူဆယ်မြို့တွင် ဇွန်လ
၂၉ ရက်ညကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
‘‘ကောင်မလေးအိမ်မှာပဲ လူသတ်မှုဖြစ်တာပါ။ သတ်တဲ့လူ ကိုယ်တိုင်ရဲစခန်းကို လာအဖမ်း ခံတာပါ။ ကောင်လေးက နိုင်ငံ ခြားက ပြန်လာတာ ရက်ပိုင်းပဲရှိ သေးပြီး သူတို့ချင်းလူမှုရေးပြဿ နာကြောင့် သတ်တာလို့ဝန်ခံပါ တယ်’’ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နိုင်ငံသား ဖြစ် မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်နေသော်လည်း နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေး
နိုင်ငံသားဖြစ်မဖြစ်
စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်ဆောင် ရွက်နေသော်လည်း
နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့်
မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ်မရသင့်ဘဲနှင့် ရနေသည့် တိုင်းရင်းသားအမည်ခံ ဘင်္ဂါလီလူမျိုးများစွာ ရှိနေကြောင်း၊ နိုင်ငံသား စိစစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားများ၏
ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ်မရသင့်ဘဲနှင့် ရနေသည့် တိုင်းရင်းသားအမည်ခံ ဘင်္ဂါလီလူမျိုးများစွာ ရှိနေကြောင်း၊ နိုင်ငံသား စိစစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားများ၏
Subscribe to:
Posts (Atom)