
မန်ယူ တိုက် စစ်မှူး ဗန်ပါစီမှာ ပေါင်ကြွက်သား ဒဏ်ရာ ရရှိ မှုကြောင့် တစ်လ အထိ အနား ယူရ တော့မည်ဟု သိရ သည်။ ရှက်တာ ဒိုးနက်ကို တစ်လုံး တည်းသော ဂိုးဖြင့် အနိုင်ရ ခဲ့သော ပွဲစဉ်တွင် အနိုင်ဂိုး ရစေမည့် ထောင့် ကန်ဘော ကန် တင်ရာမှာတစ်ဆင့် ဗန်ပါစီ ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ ယင်း အတွက် ကြောင့် ၎င်းအ နေဖြင့် မန်ယူ အသင်း ၏ပွဲစဉ် (၇) ပွဲအထိ အနား ယူရဖွယ်ရှိ နေသည်။ ထို့အပြင် မန်ယူ နည်းပြ မိုရက်စ် ကလည်း ရွန်နီနှင့် တွဲဖက်၍ ခြေစွမ်း ပြနေသည့် ဗန်ပါစီ အနား ယူရ ခြင်းမှာ မိမိတို့ အသင်း အတွက် ကံဆိုးမှု တစ်ရပ် ဖြစ်ကြောင်း ဖွင့်ဟ သွားသည်။