Monday, July 22, 2013
လူငယ်တွေ အိမ်ထောင်ပြုတော့ မယ်ဆိုရင် . . .
ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်း စားစရာ ရှိပါတယ်။
သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။
မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

မာလကာသီးတစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ပါဝင်သည်။
ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်
ချင်းတွင်းမြစ်အတွင်း
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့်
အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ
ဝဲအတွင်း ကျောက်ဆောင်ဖြင့်
တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က
ဖြစ်ပေါ်ခဲ့သည်။
သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။
တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်း စို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ် |
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ
ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင်
ဝါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို
စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်
မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။
အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။
နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်
နောက်ပိုင်း မြန်မာနိုင်ငံ၏
ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ မည် ဟု
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar
တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ
![]() |
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ |
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦး ခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါ ပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
Subscribe to:
Posts (Atom)