
ဒါရိုက်တာဝိုင်းရိုက်ကူးထားပြီး နေတိုး၊ သက်မွန်မြင့်၊ ဖွေးဖွေးတို့ ပါဝင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ‘မာယာပရောဂျက်’ ရုပ်ရှင်ဇာတ်ကားကြီး ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံကြီးမှာ ပရက်ရှိုးပြသခဲ့ပါတယ်။ အချစ်မေတ္တာဖွဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တစ်ဦး အပေါ်တစ်ဦး အမုန်းများ၊ အာဃာတများမထားဘဲ နားလည်မှု၊ အေး ချမ်းမှုတွေနဲ့ ဘဝကိုတည် ဆောက်တတ်စေရန် ရိုက်ကူးတင်ဆက်ထား ပါတယ်။ ဒါရိုက်တာဝိုင်းက “ဒီဇာတ်ကားက အားလုံးပြီးသွားတဲ့အချိန် အထိ လိုအပ်ချက် ကြီးကြီးမားမား မရှိဘူး။ သူ့ရဲ့ ရှိတဲ့ဇာတ်နဲ့ သွားရတဲ့Trend က အတူတူပါပဲ။ အဲဒီတော့ လိုအပ်ချက် မရှိဘူးလို့ ထင်တယ်။