
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား
အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက
ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။