
သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။
ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို
အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ်
ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ
စားသုံးရ ပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့်
ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာ ဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့
ရရှိ ထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။