
၁၅-၆-၂၀၁၅ ရက်နေ့၊ ညနေ (၃)နာရီချိန်ခန့်တွင် ကလော မှ တောင်ကြီး ခရိုင်တရားရုံးသို့ ရုံးထုတ်စစ်ဆေးသည့် တရားခံ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး၊ ဒုရဲအုပ် ဦးစီး အစောင့် (၅)ဦး၊ ယာဉ်မောင်း(၁)ဦး ပေါင်း(၁၄)ဦးတို့ လိုက်ပါသည့် လိုက်ထရပ်ယာဉ်သည် တရားခံများအား ခရိုင်တရားရုံးမှ တောင်လေးလုံးထောင်သို့ ပြန်လည်ပို့ဆောင်ရန် ထွက်ခွာလာ စဉ် ထောင်သို့မရောက်မီ လမ်းခုလတ်ဖြစ်သော ရေနွေးရွာအနီးအရောက်တွင် တရားခံတဦးအား လက်နက်ကိုင်အဖွဲ့ က ကယ်ထုတ်ကယ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိပါသည်။