မူလစာမျက်နှာ
နေ့စဉ်သတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အထူးသတင်း
စီးပွားရေးသတင်း
ဆောင်းပါး
နည်းပညာ
လူမှုဘ၀ရသစုံလင်
အိတ်ဖွင့်ပေးစာ
Thursday, July 3, 2014
မန္တလေးဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင် သတင်းဝက်ဘ်ဆိုက် မဟုတ်သည့် သစ်ထူးလွင် ဘလော့ဂ်အား ပြည်တွင်း သတင်းမီဒီယာများက ကန့်ကွက်ရှုတ်ချ
ဇူလိုင် ၁ရက် ညပိုင်းက မန္တလေးမြို့၈၂လမ်းနှင့် ၂ရလမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်အနီးတွင် လူစ
ု လူဝေးဖြင့် တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့မှုသည် တာ ဝန်ခံ တာဝန်ယူ မှုမရှိသည့် တရားဝင် သတင်းဝက်ဘ်ဆိုက်မဟုတ်သော သစ်ထူးလွင်ဝက်ဘ်ဆိုက်မှ သတင်း တစ်ပုဒ်ကြောင့်
Read more »
လွှတ်တော်တွင် ဆွေးနွေးနေသည့် ပီအာရ်စနစ်ကြောင့် ပုဒ်မ-၄၃၆ ပြင်ဆင်ရေး အနှောင့်အယှက်ဖြစ်ဟု NLD နာယကဝေဖန်
ရန်ကုန်၊ အမျိုးသားလွှတ်တော်တွင် ပီအာရ် စနစ်ကျင့်သုံးရန် ဆွေးနွေးနေခြင်းသည် ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် အနှောင့် အယှက်ဖြစ်စေကြောင်း ဇူလိုင် ၁ ရက်တွင် ပြုလုပ်သည့် ပါတီအလုပ်အမှုဆောင် စုံညီ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချု
ပ်နာယက ဦးတင်ဦးက ဝေဖန်ပြော ကြားလိုက်သည်။
လက်ရှိ ပီအာရ်စနစ်ကျင့်သုံးရန် အမျိုး သားလွှတ်တော်တွင် ဆွေးနွေး မှုများ ပြုလုပ် နေခြင်းသည် ရွေးကောက်တင်မြှောက်ပုံ ပြောင်းလဲစေရန် လုပ်ဆောင်မှုများဖြစ်ပြီး ပုဒ်မ-၄၃၆ ပြင်ဆင်ရန် အနှောင့်အယှက် ပေးနေကြောင်း ဦးတင်ဦးက ဆိုသည်။
Read more »
အမုန်းပွားစေမည့် လှုံ့ဆော်မှုများမရှိမှ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမည်ဟု သမ္မတပြော
ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူများအကြား မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို ၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မရှိမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရှိမည်ဖြစ်သလို သို့မှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအောင်မြင်နိုင်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
“အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအေ နနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမှာလည်းဖြစ်ပါတယ်” ဟု သမ္မတက လစဉ်ရေဒီယိုမိန့်ခွန်းတွင် ဇူလိုင် ၃ရက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
Read more »
မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှုများနှင့်ပက်သက်၍ လုံခြုံမှုရှိစေရန်အတွက် ည ၉နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဟု မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနက သိရသည်။
Read more »
ရာထူးက ဖယ်ရှားခံရခြင်းကို သမ္မတသိရန် ပြည်သူ့လွှတ်တော်ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မည်
တရားဥပဒေကို ကိုင်တွယ်နေရသည့် တရားသူကြီးတစ်ဦးက အဂတိတရား ကင်းစင်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းကို နိုင်ငံတော် သမ္မတနှင့် ပြည်သူအများ သိစေရန် ပြည်သူ့လွှတ်တော်အဆောက်အအုံရှေ့တွင် ဇူလိုင်လအတွင်း တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သွားမည်ဟု မုံရွာခရိုင် တရားရုံး၊ ဒု-ဦးစီးအဖြစ်မှ ရပ်စဲခံခဲ့ရသူ ဦးမင်းသော်ထွေးမှ မဇ္ဈိမကို ပြောသည်။
Read more »
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူ ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြောကြား
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြန်လည်ပြောကြားခဲ့သည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇူလိ
ုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် ၀န်ကြီးဟောင်း ဦးဆန်းဆင့်က "ကျွန်တော်သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟုပြောကြားခဲ့သည်။
Read more »
‘‘ကျွန်တော် မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး’’
နေပြည်တော်- လာဘ်စားမှုဖြင့် တရားစွဲဆိုခံရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ပုဗ္ဗသီရိတရားရုံးတွင် ယနေ့နံနက် ရုံးထုတ်ရမန်ယူစဉ် ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမလု
ပ်ကြောင်း မီဒီယာများအား ပြောကြားသွားသည်။
‘‘သံဃမဟာနာယကဆရာတော်ကြီးများနဲ့ ဆရာတော်သံဃာတော်အပေါင်းတို့က မှန်ကန်စွာနဲ့
Read more »
ဇူလိုင် ၂ ရက် ညပိုင်း မန္တလေးပဋိပက္ခ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံး
မန္တလေး-မန္တလေးမြို့တွင် ဇူလိုင် ၂ ရက် ညပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် နှစ်ဦးသေ ဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နံနက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသူနှစ်ဦးမှာ တစ်ဦးက ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်တစ်ဦးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Read more »
ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့မည်
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို
င်၏ ဇူလိုင် ၄ ရက် ထိုင်းနိုင်ငံ ခရီးစဉ်ကို စစ်တပ်ဖြင့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ခရီးဦးကြိုပြုရန် စီစဉ်ထားသည်ဟု ဘန်ကောက်ပို့စ်က ဇူလိုင်၂ ရက်တွင် သတင်းရေးသားဖော်ပြသ
ည်။
၎င်းသည် လက်ရှိထိုင်းနိုင်ငံကို အုပ်ချုပ်နေသည့် ထိုင်းအမျိုးသားငြိမ်းချမ်းရေးန
ှင့် ဥပဒေစိုးမိုးရေးကောင်စီ NCPO ၏ အကြီးအကဲလည်း ဖြစ်သည်။ ထို့ပြင် NCPO ဒုတိယအကြီးအကဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်နာဆက်စ်ပတ်သီမာပါရာဂွန်ကလည်း
မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ကို
ထိုင်းအာဏာသိမ်းခေါင်းဆောင်နှင့
် တစ်ပါတည်းတွေ့ရန် စီစဉ်ထားသည်။
Read more »
အရပ်သားဖြစ်ခြင်းသည် ရခိုင်ပဋိပက္ခ ဖြေရှင်းရေးအတွက် အားသာချက်ဟု ဦးမောင်မောင်အုန်းဆို
ဗိုလ်ချုပ်အဆင့် တပ်မတော်သားနယ်စပ်ရေးရာ ဒု-၀န်ကြီးအဖြစ်မှ အရပ်သားဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ လိုက်ခြင်းသည် ရခိုင်တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ပိုမိုရရှိစေပြီး ရခိုင်ပြည်နယ်အရေး ဆောင် ရွက်ရာတွင် အားသားချက်တစ်ခုဖြစ်လာမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်
းက ဇွန် ၂ ရက်တွင် ပြောကြားသည်။
Read more »
စည်းကမ်းမဲ့ယာဉ်များကို ယာဉ်မောင်းလိုင်စင်ပိတ်သည်အထိ အရေးယူတော့မည်
ရန်ကုန်တိုင်းအတွင်းရှိ စည်းကမ်းမဲ့ယာဉ်မောင်းများကို ဒဏ်ငွေကျပ် ၁,၅၀၀ အစားယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြော
င်း ဇူလိုင်၂ ရက်ကအမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောသည်။
ယာဉ်စည်းကမ်
း၊ လမ်းစည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ကျူးလွန်သည့် ပြစ်မှုအကြိမ်အရေအတွက်အလိုက် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်သည်။
Read more »
မီဒီယာများ ကိုယ်တိုင်ကွင်းဆင်း သတင်းယူရန် မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေး ပဋိပက္ခတွင် မီဒီယာအချို့အနေဖြင့် တိုက်ရိုက် ကိုယ်တိုင် သတင်းရယူခြင်း မရှိဘဲ ဆင့်ကဲ သတင်းဖော်ပြချက်များကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားစေနိုင်သဖြင့်
Read more »
၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ ပြည်ခိုင်ဖြိုးပါတီဝင်များကို သင်တန်းပေးနေ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ မိမိတို့ပါတီဝင်များအား ပါတီတွင်း သင်တန်းပေးမှုများ ပြုလုပ်နေပြီဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ဇူလိုင်၂ ရက်တွင် မဇ္ဈိမကိုြေ
ပာသည်။
Read more »
မတရားမှုလို့ ဦးဆန်းဆင့် ပြောပြီ
နိုင်ငံတော် ငွေကြေးကို အလွဲသုံးစား မလုပ်ပဲနဲ့ အခုလို ဖမ်းဆီး တရားစွဲဆို ခံရတာဟာ မတရားမှုလို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြောပါတယ်။
နိုင်ငံတော် ငွေကြေး အလွဲသုံးစား လုပ်တယ်ဆိုပြီးတော့ ဖမ်းဆီးစစ်ဆေး ခံနေရတဲ့ ဦးဆန်းဆင့်ကို ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့ အချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။
Read more »
DKBA နောက် လိုက်ပါခဲ့သော သမီးကလေး ဒေသခံများ နေရပ်ပြန်မည်
တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာ အင်အားသုံး ဖယ်ရှားခံရမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ခေါ်ယူ နေရာပေးရာသို့ လိုက်ပါ ပြောင်းရွှေ့ခဲ့သော သမီးကလေးကျေးရွာ မိသားစုများက ကျန်းမာရေးနှင့် စီးပွားရေး အခက်အခဲများ ကြုံတွေ့ နေရသောကြောင့် နေရပ်ဟောင်းသို့ ပြန်လာမည်ဖြစ်ကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားသည်။
Read more »
ဂျနီဖာလိုပက် နဲ့ ရေကူးကန်ပါတီ
ဂျနီဖာလိုပက်ကသူ့ဖေ့ဘုတ်မှာ ရေကူးကန်ပါတီ ပွဲမှာ ဖျော်ဖြေတင်ဆက်ပုံ တချို့ကို တင်ထား ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့မှာ ဖလော်ရီဒါပြည်နယ်က Fontainebleau Miami လို့ ခေါ်တဲ့ ကမ်းခြေ တခုမှာ လုပ်ခဲ့တဲ့ ရေကူးကန်ပါတီပွဲပါ။
တင်ပါးမှာ စုတ်နေတာကတော့ မတော်တဆဖြစ် တာလား တမင် လုပ်ထားတာလား ဆိုတာတော့ မသိရပါ။
အဲဒီမှာ သူ ဝတ်ဆင်ထားတာကတော့ ဆက်ဆီ ကျကျ ဆွဲဆောင်မှုရှိရှိပါပဲ။
သူ့အသက်က ၄၄ ရှိပါပြီ။
Read more »
ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဇူလိုင် ၁ဝ ရက်တွင် အမိန့်ချမည်
ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် ခေါင်း ဖြတ်လူသတ်မှု နှစ်ဖက်အပြီးသတ် လျှောက်လဲ ချက်ကို လာမည့်ဇူလိုင် ၁ဝ ရက်တွင် ကြားနာ ပြီးပါက အမိန့်ချမှတ်နိုင်မည်ဟု အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၄) ရုံးမှ သိရ
သည်။
''လာမည့်ရုံးချိန်းကျရင် တရားလို တရားခံ နှစ်ဖက်ရဲ့ အပြီးသတ်လျှောက်လဲချက်တွေကို ကြား နာမယ်။ နောက်တစ်ခေါက် ရုံးချိန်းကျရင် အမိန့် ချမှတ်နိုင်မှာပါ''ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံး တွဲဖက်တရားသူကြီး(၄) ဦးငြိမ်းမြင့်က ဇွန် ၃ဝ ရက်တွင် ပြောသည်။
Read more »
ဦးဆန်းဆင့်ကို နေပြည်တော်မှာ ရုံးထုတ်စစ်ဆေး
ဒီကနေ့မနက်ပိုင်းက နေပြည်တော် ပုပ္ပသီရိမြို့နယ် တရားရုံးမှာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်နဲ့အတူ ၄င်းရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဟောင်း ဦးအောင်သူမင်းတို့ကို ရုံးထုတ်ပြီး ရ
မာန်နှစ်ပတ် ရယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ (၁၉)ရက်နေ့က ပုဒ်မ(၄ဝ၉/ ၁ဝ၉)နိုင်ငံတော် ဘဏ္ဍာငွေအလွဲ သုံးစားမှုနဲ့ အထူး
Read more »
မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ ဒီချုပ်ကြေညာချက်ထုတ်
မန္တလေးမြို့တွင် ဇွန်လ ၁ ရက်က ဖြစ်ပွားခဲ့သော လူမျိုး ရေး ပဋိပက္ခများနှင့်ပတ်သက်၍ အကြမ်းဖက် လုပ်ငန်းများသည် မလိုလားအပ်သော လုပ်ရပ်များ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ကြေ ညာသည်။
နိုင်ငံအတွင်း ဖြစ်ပွားသော ပဋိပက္ခများနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက်အဖြစ် ကြေ ညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
‘‘ဒီချုပ်က ကြေညာချက်ကို အခုလို မြန်မြန်ကြီးထွက်လာတာ အံ့သြတယ်။ ပါတီလုပ်ငန်းတွေ အခုလိုအမြဲ မြန်ဆန်နေဖို့ မျှော်လင့် ပါတယ်’’ ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
Read more »
ဇူလိုင်လအတွက် (၇) ရက် သားသမီး ကံကြမ္မာဟောစာတမ်း
တနင်္ဂနွေသားသမီးများအတွက် ~
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
Read more »
သီရိရှင်းသန့်
Read more »
လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို အမှုဖွင့်
လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအား အဓမ္မပြုကျင့်သည်ဟု ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။
မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုန
ှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော
Read more »
မဟာသန္တိသုခကျောင်းဆရာတော်များအား တတိယအကြိမ်ရုံးထုတ်မည်
အဂ္ဂမင်း ၊ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ်(၂၅)
ရန်ကုန်၊ မဟာသန္တိသုခကျောင်းတိုက်မှ ဖမ်းဆီးခံဆရာတော်ဦးဥတ္တရနှင့် သံဃာ များအား ဇူလိုင် ၄ ရက်တွင် ရုံးထုတ်ပြီး တရားလိုဘက်မှလိုပြသက်သေများထပ် မံစစ်ဆေးမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက် ရုံးထုတ် စစ်ဆေးပြီးချိန်တွင် သံဃာများ ၏ ရှေ့နေတစ်ဦးဖြစ်သည့်ဦးဇော်သိန
်း ထွန်းကပြောသည်။
ဇွန် ၂၇ရက် ရ
ုံးထုတ်စစ်ဆေးခဲ့ ရာတွင် တရားလိုသာသနာရေးဝန်ကြီး ဌာနဘက်မှလိုပြသက်သေများ ထွက်ဆို ခဲ့ပြီး တရားစွဲဆိုခြင်းခံရသည့်သံဃာ များ ဘက်မှမေးမြန်းခဲ့ကြောင်းသိရသည်။
''ဒီနေ့ကတော့ သူတို့ဘက်က သက် သေတွေကထွက်ဆို ကျွန်တော်တို့ကမေး ပေါ့။ ဇူလိုင် ၄ ရက် နေ့ရုံးချိန်းမှာလဲ တရားလိုဘက်ကသက်သေတွေကို ထွက် ဆိုသွားမှာပါ''ဟု ယင်းကပြောသည်။
Read more »
ခင်ပွန်းလောင်းအတွက် ဆုပန်ထွာရဲ့ မွေးနေ့လက်ဆောင်
ဓာတ်ပုံ- ဥက္ကာကျော် ဖေ့စ်ဘုတ်
သရုပ်ဆောင် ဆုပန်ထွာဟာ သူ့ရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ မွေးနေ့ အကြိုအဖြစ် အနက်ရောင် ကား အကောင်းစား တစီး လက်ဆောင် ဝယ်ပေးခဲ့ပါတယ်။
Read more »
မန္တလေး အဓိကရုဏ်း ရဲတဦး အပါအ၀င် ၆ ဦးဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။
Read more »
လွယ်လင်မြို့ ကညနရုံးဝန်း ဗုံးပေါက်ကွဲမှု RCSS/SSA အဖွဲ့ လက်ချက်သာဖြစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်မြို့ ကညနရုံးဝန်းအတွင်းနှင့် နယ်မြေခံတပ်ရင်း ခြံစည်းရိုးအနီးတွင် ဇူ ၁ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ချိန်ခန့်က လက်နက်ကြ
ီးဗုံးသီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ RCSS/SSA အဖွဲ့၏ လက်ချက်သာဖြစ်ကြောင်း ယင်းဒေသခံများဆီမှ သတင်းရရှိသည်။
Read more »
စီးပွားရေးတက္ကသိုလ်အတွင်း ဦးမင်းကိုနိုင်ကို ဝင်ခွင့်မပြု၍ လူ့အခွင့်အရေးဆုရရုပ်ရှင်ပြပွဲ ဖျက်သိမ်း
ရန်ကုန်၊ မဇ္ဈိမ။ ။ စီးပွားရေးတက္ကသိုလ်အတွင်းပြုလုပ
်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆုရ ဇာတ်ကားများ ပြသမည့် ပွဲသို့ ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင် တက်ရောက်ခြင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခွင့်
မပြု၍ ဖျက်သိမ်းလိုက်သည်ဟု စီးပွားရေးတက္ကသိုလ်ကျောင်းသားမျ
ားသမဂ္ဂ ကျောင်းသား လူ့အခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ဦးဟန်ထူးခန့်ပိုင်က ဇူလိုင်လ ၂ရက်တွင် မဇ္ဈိမကို ပြောသည်။
Read more »
ဂျေရူဆလင်မြို့ အရှေ့ဘက်ပိုင်းမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း လူငယ်လေးရဲ့ မီးကျွမ်းလောင်ထားတဲ့ အလောင်း
ဂျေရူဆလင်မြို့ အရှေ့ဘက်ပိုင်းမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း လူငယ်လေးရဲ့ မီးကျွမ်းလောင်ထားတဲ့ အလောင်းကို ပြန်လည် တွေ့ရှိခဲ့ပြီးနောက် ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး အဓိကရုဏ်း တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့
ပါတယ်။
ပါလက်စတိုင်း တွေဟာ ဓာတ်ရထား ဘူတာရုံတွေက ခရီးသည် နားခိုရာ အဆောင်ငယ်တွေကို ဖြိုချ ဖျက်ဆီးခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်ခဲ့သလို အစ္စရေး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။
Read more »
ကောလာဟလအား စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် မန္တလေးတွင် လူစုလူဝေးဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘောထားထုတ်ပြန်
ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဘာသာရေးနှင့်ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လမ်းဖက်ရည်ဆိုင်အနီး လူစုလူဝေးဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ အဆိုပါ ကောလာဟလအား စိစစ်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ်မှ ဇူလိုင် ၂ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်သည်။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)