Orchid ဟိုတယ်တွင် ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ်
မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု
လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး
ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး
တွေ့ဆုံဆွေးနွေးပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်း စုကြည်
နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ
ကျင်းပသောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရသည့်
ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌
ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။