Sunday, August 26, 2012

ပလက်ဖောင်းပေါ်မှ မြန်မာမလေးများ

အရင်တုန်း ကဆိုရင် ဒီအကြောင်းဟာ ရေးလို့မရတဲ့ အတွက် မျိုချ ပစ်လိုက်ရမှာပါ။ ခုတော့ရေးလို့ ရပြီထင်ပါတယ်။ ရေးပါရစေ နော်။ ကျွန်မဟာ ပလက်ဖောင်းပေါ်မှာ မတ် တတ်ရပ်ပြီး ဖောက် သည် စောင့်နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတာ မကြာလှသေးပါဘူး။

တောက်ချင်တဲ့ မီးခဲ (ဗိုလ်ချုပ်အောင်ဆန်း၏ ခလေးဘဝ)


မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ကောလိပ် ကျောင်းသားဖြစ်ပြီးစက သတ္တိသွေးပြ၍ ဖခင်ဖြစ်သူ ဦးဖာ၏ အုပ်ဂူရှိရာ၊ နတ်မောက်မြို့ သုသာန်သို့ ညအချိန်မတော် သွားရောက်ကာ၊ ဖခင်၏ အုပ်ဂူပေါ်တွင် ဖခင်သက်စေ့ ဖုရောင်းတိုင်များကို စိတ်အေးလက်အေး ထွန်းညှိပြီးမှ မြို့တွင်းသို့ ပြန်လာခဲ့ပုံ၊ သူရဲတစ္ဆေ အကြောင်းကို လူအများ ဒဏ္တာရီ သဖွယ် ပြောနေကြသော်လည်း တကယ်စင်စစ် သရဲတစ္ဆေ ဟူ၍္မရှိကြောင်း လက်တွေ့ပြသပုံတို့ကို ဤဂျာနယ်တွင် ဖော်ပြပြီး ခဲ့လေပြီ။

ထိုင်းရောက် ရွှေပြောင်း မြန်မာ အလုပ်သမားများ အကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရား မ၀င်) များတွင် မြန်မာနိုင်ငံသား အများ ဆုံး ၀င်ရောက် လုပ်ကိုင် လျှက် ရှိသော နိုင်ငံမှာ ထိုင်းနိုင်ငံပင်ဖြစ်သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေး တွေ့ကြုံရသည့် အခက်အခဲများ အစိုးရ၊ ပြည်သူ လက်တွဲပြီး ရင်ဆိုင် ကျော်လွှား နိုင်ငံရေး လုပ်ငန်းစဉ်တွင် အားလုံး ပါဝင်ခွင့် ရရေး ပြုပြင် ပြောင်းလဲ၊ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်အောင် ကြိုးပမ်းနေ တိုင်းပြည် လူမှု စီးပွား ဘဝ ဖွံ့ဖြိုးရေး လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရန်နှင့် စက်မှု နိုင်ငံ ထူထောင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ  ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးသိန်းညွန့်၊ ဦးအောင်ကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မြအေးနှင့် ဒေါက်တာ ဖေသက်ခင်၊ ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့် ဆွေ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း Johns Hopkins University မှ ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည်Johns  Hopkins  University   မှ Prof. Dr. Karl  Jackson ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း ဒေသထွက် ဂေါ်ရခါးသီးများ ဈေးကောင်းရ လျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် အောင်ပန်း ဒေသ ပတ်ဝန်းကျင် သည် မီးဖိုချောင် သီးနှံ  အဓိက စိုက်ပျိုး ထုတ်လုပ်ပြီး ဒေသ အသီးသီးသို့ ပို့ဆောင်ေ ရာင်းချ ခြင်းဖြင့် စိုက်ပျိုးထုတ် လုပ်သည့် တောင်သူမှ   တစ်ဆင့်ခံဝယ် ရောင်းပြု လုပ်ကြပြီး ကုန်စည်ဒိုင်မှ သယ်ယူ ပို့ဆောင်ပေးသည့် မော်တော် ယာဉ် ပိုင်ရှင်များ အားလုံး အဆင်ပြေ လျက်ရှိကြရာ ယခု ရက်ပိုင်းတွင် အောင်ပန်း ဒေသ မှ ဂေါ်ရခါးသီး များ လှိုင်လှိုင် ထွက်ရှိ နေပြီး ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန် အတွင်း မွေးမြူထားသော သက်တမ်း ၇ဝ ကျော်ရှိ နှစ်ချို့လိပ်ကြီး ကမ်းပါး ပေါ်တက်လာ

နေပြည်တော် ပျဉ်းမနားမြို့၏   အထင်ကရ အပန်းဖြေ နေရာ တစ်ခုဖြစ် သည့် မင်္ဂလာ ရှမ်းကန် အတွင်း တွင် မွေးမြူထားသော သက်တမ်း ၇ဝ ကျော် ရှိ  နှစ်ချို့ ''ရေလိပ်ကြီး'' တစ်ကောင်သည် ယမန်နေ့ (သောကြာနေ့)  နံနက်၈ နာရီခွဲက ရေထဲမှ ကမ်းပါးပေါ်သို့ တက်လာခဲ့ရာ ပတ်ဝန်းကျင် ခရီးသွား များနှင့် ရဟန်းရှင်လူ ပုဂ္ဂိုလ် များအထူး အဆန်းဖြစ်၍ ဝိုင်းအုံကြည့်ရှု နေကြသည် ကို တွေ့ရသည်။

အနာဂတ် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးသည် အရေးကြီး နိုင်ငံသား များ ပညာ သင်ယူမှု အခွင့်အလမ်း ပိုမို ရရှိစေရန် ဆောင်ရွက် ပေးလျက်ရှိ

နိုင်ငံတော် အစိုးရ အနေဖြင့် အနာဂတ် နိုင်ငံ့ မျိုးဆက်များ အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများနှင့် ပညာရေး အဆင့်အတန်း မြင့်မားရေး လုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက် ပေး လျက်ရှိကြောင်း။

လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု တိုးတက် လာရေးအတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များအား ဖိတ်ခေါ်

အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ရေအား လျှပ်စစ် စီမံရေး ဦးစီး ဌာနနှင့် မြန်မာ တိုင်းရင်း သား ကုမ္ပဏီ တစ်ခုဖြစ်သော Virtue  Land  Co.,Ltd. တို့အကြား ရန်ကုန် ကျောက်မီးသွေးသုံး ဓာတ် အားပေး စက်ရုံ စီမံကိန်း အား B.O. T  စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်  နားလည်မှု စာချွန်လွှာ (Memorandum  of  Understanding)လက်မှတ် ရေးထိုးပွဲ အခမ်းအနား ကို သြဂုတ် ၂၄ ရက် ညနေပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ မြတ်တော်ဝင် ဟိုတယ်၌ ကျင်းပသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ မန္တလေးမှာ ကျင်းပ

မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမ ဘုရားကြီး အလယ်တိုက်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူတွေကို သွားရောက်တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်ချက် ကိုမင်းကိုနိုင် ဆွေးနွေး

အသင်းအဖွဲ့များရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အနာဂတ် မြန်မာပြည် ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က တော်ဝင် နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဘာကြောင့် လူ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အ စည်းတွေ အားကောင်းဖို့ လိုသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခဲ့ပါတယ်။

Samsung က Apple ကို ဒေါ်လာသန်း ၁ ထောင်ကျော် လျော်ရမည်

အမေရိကန် နည်းပညာကုမ္ပဏီ Apple ရဲ့ ပြိုင်ဘက် တောင်ကိုရီးယားက Samsung Electronic ကုမ္ပဏီဟာ လက်ကိုင် မိုလ်ဘိုင်း ဖုန်းတွေနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တော်တော်များများကို ချိုးဖောက်တယ်လို့ ဆိုပြီး Apple ကုမ္ပဏီ ကို နစ်နာကြေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ထောင်ကျော် ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

ဗန်နီဇွဲလားနိုင်ငံ ရေနံချက်စက်ရုံ ပေါက်ကွဲမှု ၂၆ ဦးသေဆုံး

ဗင်နီဇွဲလားနိုင်ငံက အကြီးဆုံး ရေနံချက်စက်ရုံမှာ အကြီး အကျယ် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၆ ဦးမက သေဆုံးသွား ပါတယ်။

အကောင်းဆုံး စက်ဘီးစီးသမား တားမြစ်ဆေးကြောင့် ချန်ပီယံဆု ရုပ်သိမ်းခံရ

ပြင်သစ်နိုင်ငံမှာ ရက်ရှည် မိုင်ပေါင်းများစွာ စက်ဘီးစီး ပြိုင်ရတဲ့ Tour de France ပြိုင်ပွဲမှာ (၇) ကြိမ်အနိုင်ရ ထားတဲ့ အမေရိကန် စက်ဘီးသမား Lance Armstrong ကို အမေရိကန် တားမြစ်ဆေးဝါး သုံးစွဲမှု တိုက်ဖျက်ရေးဌာန USADA က အနိုင်ရသူ စာရင်းကနေ ပယ်ဖျက်ခဲ့သလို စက်ဘီးစီးပြိုင်ပွဲတွေ ကနေလည်း ရာသက်ပန် ထုတ်ပယ် လိုက်ပါတယ်။

ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ် တွင်း ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြ သူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံ ကို စေလွှတ်လိုက်ပါတယ်။

"လ" ပေါ် ပထမဆုံး ခြေချခဲ့သူ Neil Armstrong ကွယ်လွန်

လပေါ်မှာ ပထမဆုံး လမ်းလျှောက်နိုင်ခဲ့တဲ့ အမေရိကန် အာကာသ သူရဲကောင်း Neil Armstrong ဟာ အိုဟိုင်းအိုး ပြည်နယ်က သူ့ရဲ့အိမ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Armstrong ဟာ သူနေထိုင်ရာ Cincinnati မြို့အပြင်ဘက်က နေအိမ်မှာ စနေနေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပူတာအို ပြည်သူများအတွက် ၀မ်းသာစရာ

ဆန်အခက်အခဲဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုဒေသကို ဆန် တွေ ပို့နေကြောင်း ဖော်ပြထားပါတယ်။
ပူတာအိုဆိုတာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့နေရာ တခုလည်းဖြစ်ပြီး လတ်တလောအခြေ အနေမှာ ဆန် ပြတ်လတ်မှု နဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ထိုသုံးဦး

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရ တစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီးမားမား များနှင့်အတူ ခေါင်းဆောင်များ ပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင် ရှားရှား ပေါ်ထွက် လာသည်။

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်


အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ  အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပက္ခအတွင်း ဒုက္ခရောက်နေကြသူများအား  ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာ သွားပြီ ဖြစ်ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း


ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ် အဖြေ ရှာနိုင်ရန်  အတွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

ကချင်နှင့် ရခိုင် ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကျင်းပ

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တခုကို  ရန်ကုန်မြို့ ပြည်လမ်းမ ရှိ တော်ဝင်စင်တာတွင် ယနေ့ သြဂတ်စ်လ ၂၅ရက်နေ့တွင် ကျင်းပ ခဲ့သည်။

ပြည်ပတွင်သေဒဏ် ကျခံရသူတစ်ဦးနှုင့် မြန်မာနိုင်ငံ အကျဉ်းသားများ သမ္မတထံ အသနားခံ တောင်းစာ (ပေးစာ)

အကြောင်းအရာ ။ ။ပြည်ပရောက် မြန်မာနိုင်ငံ အကျဉ်းသား/သူများ အား ပြည်တော်ြ ပန်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးပါ ရန်မေတ္တာရပ်ခံ၊ တင်ပြ၊ တောင်းပန်အသနား ခံခြင်း။

မြန်မာ့စာတိုက်လုပ်ငန်း အရှုံးပေါ်လျက်ရှိ

မြန်မာ့စာတိုက်လုပ်ငန်းရဲ့ အရည်အသွေး မပြည့်ဝတဲ့ ဝန်ဆောင်မှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာနက ဒုတိယအထွေထွေ မန်နေဂျာတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလဆန်းတွင် အသုံးပြုနိုင်တော့မည့် MPU Debit Card များ

စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်း တည်ထောင် ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းကျောင်းအချို့ မြန်မာစာ သင်နေပြီ

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်ကျွန်း အပန်းဖြေစခန်းရှိ ကျောင်း တစ်ကျောင်းတွင် အထက်တန်း ကျောင်း သားများ အတွက် မြန်မာ စာလေ့လာနိုင်ရန် သင်တန်းဖွင့် ထားသည်ဟု Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။

ဝန်ဂေါဘွမ် တွင် KIA မိုင်းသင်တန်း ဖွင့်လှစ်ပြီးစီးခဲ့

ပြီးခဲ့တဲ့ ဇူလိုင်လမှ သြဂုတ်လ (၂၃) ရက်နေ့အထိ KIA ရင်း (၂၁) ဌာနချုပ်ရှိရာ ၀န်ဂေါဘွမ်တွင် မိုင်းသင် တန်း အမှတ်စဉ် (၉) အား သင်ကြားပို့ချ ပြီးစီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆီးရီးယား အစိုးရ ဓာတု လက်နက် သုံးပါက စစ်ရေးဖြင့် တိုက်ခိုက်မည် ဟု အိုဘားမား သတိပေး



ကာလအားဖြင့် တစ်နှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်သော ဆီးရီးယား ပဋိပက္ခတွင် ဆီးရီးယား အစိုးရက ဓာတု လက်နက်များကို အသုံးပြုလာပါက အမေရိကန်သည် စစ်ရေးနည်းဖြင့် ၀င်ရောက် တိုက်ခိုက်သည့် နည်းလမ်းကို စဉ်းစားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက သတိပေး ပြောကြား လိုက်သည်။

ကမ္ဘာ့ အမှတ်အများဆုံး ဆုရှင်များနှင့် တွေ့ဆုံခြင်း

ABE( The Association of Business Executive ) ၏ ဘာသာရပ်များအနက် ဘာသာရပ်လေးခု၏ Diploma Level နှင့် Graduate Level အသီးသီးတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူ ငါးဦး၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ တစ်ကမ္ဘာလုံးတွင် အမှတ်အများဆုံး ( World First ) ဆုများချိတ်ခဲ့ရာ ဆုရရှိခဲ့သည့် ဘာသာရပ်များမှာ People Planning & Resourcing ၊ Integrated Marketing Communication ၊ International Business Financial and Planning ၊ International Travel, Tourism and Hospitality၊ Introduction to Management တို့ဖြစ်သည်။

ကချင်ပြည်နယ်၊ KIA ထိမ်းချုပ်သော ဧရိယာမှ တရုတ် စီမံကိန်းများ

China_planတရုတ် လုပ်ငန်းရှင် ကြီးများနှင့် ယူနန်အစိုးရမှ ၂၀၀၆ ခုနှစ်တွင် တရုတ် အစိုးရ အကျိုးစီးပွါးအတွက် အထူးစီမံချက် အစီရင်ခံစာ တစ်စောင် ထွက်လာသည်။ ထိုအစီရင်ခံစာတွင် ယူနန်နယ်သည် တရုတ် ပြည်၏ တောင်အာရှ တံခါးဝ (ဂိတ်ဝ) ဖြစ်လာရန် စီမံချက် ဖြစ်သည်။