Wednesday, August 29, 2012
ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်
"အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းသည် ကာလရှည်ကြာစောင့်မျှော်ခဲ့ရသော အဓိကအပြောင်းအလဲဖြစ်"
မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
ဥပဒေနှင့် မီဒီယာဥပဒေတို့ကဲ့ သို့သော အရေးပါသည့် ဥပဒေများနှင့် ပတ်သက်၍
ငြင်းခုံဝေဖန်မှုများ ပြင်းထန်လာချိန်တွင် သမ္မတက အစိုးရအဖွဲ့
ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
အရက်နှင့်စီးကရက်ကို မြင့်မားသည့် နှုန်းဖြင့် အခွန်ကောက်ခံရန် ထိုင်းအစိုးရ သဘောတူ
ထိုင်းနိုင်ငံတွင်း အရက်နှင့် စီးကရက် စားသောက်ကုန် ပစ္စည်း နှစ်မျိုးအပေါ် အဆမတန်ကြီးမားသည့် အခွန်နှုန်းထားဖြင့် တိုးမြှင့် ကောက်ခံရန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဆိုပြုချက်ကို ကက်ဘိနက် အဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း The Nation သတင်းစာကရေးသားေ ဖ်ာပြသည်။
လွှတ်တော်အစည်းအဝေးများ သြဂုတ်လ ၃၁ ရက်နေ့ နားဖွယ်ရှိ
ပထမအကြိမ် လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးများကို သြဂုတ်လ ၃၁ ရက်နေ့တွင် နားရန် ကြိုးစားနေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ယနေ့ လွှတ်တော်တွင် ပြောကြား သည်။
မြောက်ကိုရီးယားနှင့်ဂျပန် လေးနှစ်အတွင်း ပထမဆုံးတွေ့ဆုံဆွေးနွေးမည်
မြောက်ကိုရီးယားနှင့်ဂျပန်တို့မှ အစိုးရတာဝန်ရှိသူများသည် လေးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်း မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြ ထားသည်။
အမျိုးသားလွှတ်တော်မှ မီဒီယာနှင့် ပတ်သက်၍ တိုင်ကြားစာ အပ်ါပထမဆုံး ကြားနာမည်
မြန်မာနိုင်ငံ၏ လွှတ်တော်သုံးရပ်အနက်
တစ်ခုဖြစ်သော အမျိုးသား လွှတ်တော်၏ ကော်မတီ တစ်ရပ်ဖြစ် သည့်
ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီက မီဒီယာနှင့် ပတ်သက်၍
တိုင်ကြားစာ အပေါ် ပထမဆုံး ကြားနာမှုကို သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂
နာရီတွင် ပြုလုပ်သွား မည် ဖြစ်ေ ကြာင်း ပြည်တွင်း ဂျာနယ် တာဝန်ရှိသူများသို့
အကြောင်းကြားမှုအရ သိရသည်။
SKY Net ရုပ်သံ အပတ်စဉ် စနေနေ့တိုင်း ဂျေလိဂ်ပွဲ ပြသမည်
ပရီးမီးယားလိဂ်ပွဲများ ပြသနိုင်ခြင်း
မရှိသဖြင့် ပရိသတ်၏ ဝေဖန်မှုများ ရှိနေသည့် ပြည်တွင်း အခပေး SKY Net ရုပ်သံက
ဂျပန်နိုင်ငံ၏ ဂျေလိဂ် ဘောလုံး ပြိုင်ပွဲများအနက် အပတ်စဉ် စနေနေ့တိုင်း
ဂျေလိဂ်ပွဲစဉ် တစ်ပွဲ ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း SKY Net မန်နေဂျာ
ဦးဝင်းနိုင်က ပြောကြားသည်။
ရန်ကုန်-မန္တလေး ကွန်ကရစ်အမြန်လမ်းမကြီးအား နိုင်လွန်ကတ္တရာ ထပ်မံခင်းသွားမည်ဟုသိရ
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမကြီးမှ မကြာမီ
နိုင်လွန်ကတ္တရာ ထပ်မံခင်းသွား မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်မှု
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတွင် ဆောက်လုပ်ေ ရး
ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အတွင်း ကြီးမားသော အပြောင်းအလဲများနှင့် ကိုးဂဏန်း
ပြည်ထောင်စုဝန်ကြီးကိုးဦးအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းနှင့်
ဒုတိယ၀န်ကြီး ၁၅ ဦး ကို ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတရုံးက သြဂုတ် ၂၇ ရက်၊ ၁၈
နာရီ (ညနေ ၆ နာရီ) ၄၅ မိနစ်အချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ
ပြည်ထောင်စုအစိုးရအဖွဲ့
1 ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ)
2 ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း (ဒုတိယသမ္မတ)
3 ဦးဥာဏ်ထွန်း (ဒုတိယသမ္မတ)
4 ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးလှမင်း (ဝန်ကြီး)
5 ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ဝန်ကြီး)
6 နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး (ဝန်ကြီး)
7 နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင် (ဝန်ကြီး)
8 ပြန်ကြားရေးဝန်ကြီးဌာန ဦးအောင်ကြည် (ဝန်ကြီး)
9 ယဉ်ကျေးမှုဝန်ကြီးဌာန (?) (ဝန်ကြီး)
10 လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင် (ဝန်ကြီး)
11 ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဦးဝင်းထွန်း (ဝန်ကြီး)
12 ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန (?) (ဝန်ကြီး)
13 ဆောက်လုပ်ရေးဝန်ကြီးဌာန (?) (ဝန်ကြီး)
14 အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန (?) (ဝန်ကြီး)
15 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးဝင်းမြင့် (ဝန်ကြီး)
16 ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဦးသိန်းထွန်း (ဝန်ကြီး)
17 အလုပ်သမားဝန်ကြီးဌာန (?) (ဝန်ကြီး)
18 လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (?) (ဝန်ကြီး)
19 သတ္တုတွင်းဝန်ကြီးဌာန ဦးသိန်းထိုက် (ဝန်ကြီး)
20 သမဝါယမဝန်ကြီးဌာန ဦးကျော်ဆန်း (ဝန်ကြီး)
21 ပို့ဆောင်ရေးဝန်ကြီးဌာန ဦးဉာဏ်ထွန်းအောင် (ဝန်ကြီး)
22 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဦးတင့်ဆန်း (ဝန်ကြီး)
23 အားကစားဝန်ကြီးဌာန (?) (ဝန်ကြီး)
24 စက်မှုဝန်ကြီးဌာန ဦးအေးမြင့် (ဝန်ကြီး)
25 ရထားပို့ဆောင်ရေးဝန်ကြီးဌာန (?) (ဝန်ကြီး)
26 စွမ်းအင်ဝန်ကြီးဌာန ဦးသန်းဌေး (ဝန်ကြီး)
27 အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (?) (ဝန်ကြီး)
28 အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးခင်မောင်စိုး (ဝန်ကြီး)
29 ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေး (ဝန်ကြီး)
30 ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာဖေသက်ခင် (ဝန်ကြီး)
31 သာသနာရေးဝန်ကြီးဌာန သူရဦးမြင့်မောင် (ဝန်ကြီး)
32 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန (?) (ဝန်ကြီး)
33 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးခင်ရီ (ဝန်ကြီး)
34 သမ္မတရုံးဝန်ကြီးဌာန ဦးသိန်းညွန့် (ဝန်ကြီး)
35 သမ္မတရုံးဝန်ကြီးဌာန ဦးစိုးမောင် (ဝန်ကြီး)
36 သမ္မတရုံးဝန်ကြီးဌာန ဦးလှထွန်း (ဝန်ကြီး)
37 သမ္မတရုံးဝန်ကြီးဌာန ဦးတင်နိုင်သိန်း (ဝန်ကြီး)
38 သမ္မတရုံးဝန်ကြီးဌာန ဦးစိုးသိန်း (ဝန်ကြီး)
39 သမ္မတရုံးဝန်ကြီးဌာန ဦးအောင်မင်း (ဝန်ကြီး)
40 မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဦးအုန်းမြင့် (ဝန်ကြီး)
41 ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒေါက်တာထွန်းရှင် (ပြည်ထောင်စုရှေ့နေချုပ်)
42 အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် (အတွင်းရေးမှူး)
မရိုးမဖြောင့်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှင့် အောက်ခြေဝန်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်
မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း
ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ
(ဌာနမှူးအဆင့်မှ ဌာနစုမှူး အဆင့်အတွင်း)နှ င့် အောက်ခြေ၀န်ထမ်း စုစုပေါင်း
၈၂ ဦးတို့အား အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ
ပြဋ္ဌာန်းချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို
ကျေပွန်အောင် မထမ်းဆောင် တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့
အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးေ နာက် လွှတ်တော် ဥက္ကဋ္ဌက
အတည်ပြုလိုက်ကြောင်း သိရပါတယ်။
သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး
မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ
အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့
ပူးတွဲတည်ဆောက် ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူ ၈ ဦးသေ
တိုင်ဖွန်းမုန်တိုင်းကြောင့်
ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောင်္ကို တောင်ကိုရီးယား
ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။
အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတခုဟာ မိုးသက်လေပြင်း
တိုက်ခတ်မှုတွေနဲ့အတူ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကို ၀င်ရောက်လာရာက
အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသလို လူတွေထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ
ပြတ်တောက်ကုန်ကြပါတယ်။
ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုး
ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေကနေ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို
ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ မကြာသေးခင်ရက်တွေ အတွင်း
နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
ကပြောပါတယ်။
စစ်ပြေးဒုက္ခသည်များဟာ ငြိမ်းချမ်းရေးအတွက် အစမ်းသပ်ခံ သတ္တဝါ များမဟုတ်
အပစ်ရပ်အဖွဲ့များရဲ့
ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နယ်စပ်နေဒုက္ခသည်တွေကို ပြည် တွင်း
ပြန်ပို့မယ့်အရေးမှာ နော်ဝေ အစိုးရရဲ့ Myanmar Peace Support
Initiative(MPSI) အဖွဲ့က တိုက် ရိုက် အကူအညီပေးသွားမယ်လို့
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ကာလမှာ သတင်း တွေ
ထွက်ပေါ်နေ ပါတယ်။
ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး
ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟုရှေ့နေ ဦးဂျီမာခါးက ပြောသည်။
ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း
ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။
အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ
ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း
၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော် ချိုင့်ဝှမ်းဒေသအား
ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း
ဒေသခံ များက လက်မခံကြောင်း ငြင်းဆိုကြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက်
အကွာမှာရှိတဲ့ ဆင်ပိုက် ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀
နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး
ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့
သိရပါတယ်။
Tuesday, August 28, 2012
၂၈-၈-၂၀၁၂ ရက်နေ့သတင်းများ
- အာဖဂန် အရပ်သား ၁၇ ယောက်ကို တာလီဘန် ခေါင်းဖြတ် click
- ဂါဇာ လူနေမှုပြုပြင်ရေး ကုလ တိုက်တွန်း click
- စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်း တစေ့တစောင်း click
- သိန်း ၅ထောင် လိမ်လည်သူ ကိုမျိုးနိုင်အကြောင်း အစိုးရထံ တိုင်ကြားခဲ့ click
- စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း click
- ကျပ်သိန်းတရာကျော်ဖိုး ငွေစက္ကူအတုတွေ ဖမ်းဆီးမိ click
- အကျဉ်းသားတဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက် click
- ပြည်နယ်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဇာတိ ရမ်းဗြဲမြို့ ကားလမ်းများ အကြီးအကျယ် ပျက်စီးနေ click
- ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပြဿနာ ညှိနှိုင်းအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ၀န်ကြီးနဲ့ ဒု-၀န်ကြီး ရာထူးအပြောင်းအလဲ အစိုးရ ကြေညာ click
- သမ္မတစိတ်ကြိုက် အပြောင်းအလဲလုပ် click
- မြန်မာ့ပြုပြင်ပြောင်းလဲမှု စောင့်ကြည့်ဖို့ အိုဘားမားအစိုးရကို အောက်လွှတ်တော် တိုက်တွန်း click
- မြောက်ပိုင်းကမ်းခြေ Issac မုန်တိုင်း အရေးပေါ်ကြေညာ click
- လူဝီစီယားနား မုန်တိုင်း အရေးပေါ် ကြေညာ click
- ဂါဇာ လူနေမှုပြုပြင်ရေး ကုလ တိုက်တွန်း click
- စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်အကြောင်း တစေ့တစောင်း click
- သိန်း ၅ထောင် လိမ်လည်သူ ကိုမျိုးနိုင်အကြောင်း အစိုးရထံ တိုင်ကြားခဲ့ click
- စားသုံးသူများ ကာကွယ်ရေးအသင်း ဖွဲ့စည်း click
- ကျပ်သိန်းတရာကျော်ဖိုး ငွေစက္ကူအတုတွေ ဖမ်းဆီးမိ click
- အကျဉ်းသားတဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက် click
- ပြည်နယ်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဇာတိ ရမ်းဗြဲမြို့ ကားလမ်းများ အကြီးအကျယ် ပျက်စီးနေ click
- ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပြဿနာ ညှိနှိုင်းအဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း click
- ၀န်ကြီးနဲ့ ဒု-၀န်ကြီး ရာထူးအပြောင်းအလဲ အစိုးရ ကြေညာ click
- သမ္မတစိတ်ကြိုက် အပြောင်းအလဲလုပ် click
- မြန်မာ့ပြုပြင်ပြောင်းလဲမှု စောင့်ကြည့်ဖို့ အိုဘားမားအစိုးရကို အောက်လွှတ်တော် တိုက်တွန်း click
- မြောက်ပိုင်းကမ်းခြေ Issac မုန်တိုင်း အရေးပေါ်ကြေညာ click
- လူဝီစီယားနား မုန်တိုင်း အရေးပေါ် ကြေညာ click
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း(၃)ဦးကို နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက် မှုဖြင့် ထောင်ဒဏ်ကျခံနေရသော အောက်ဖော်ပြပါ UN, INGO ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်ကြောင်း သိရှိရသည်-
အစိုးရအဖွဲ့အတွင်း ဝန်ကြီးများ အပြောင်းအရွှေ့ လုပ်
ပဲခူးတိုင်းအတွင်း
ရေကြီးနစ်မြုပ်၍ ပျက်စီးသွားသော ဒေသများသို့ အကူအညီ သွားရောက် ပေးအပ်သည့်
ခရီးစဉ်အတွင်း တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး)
အစိုးရအဖွဲ့အတွင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ မီးရထားဝန်ကြီး
ဦးအောင်မင်း အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၉ ဦးနှင့် ဒုဝန်ကြီး ၁၅
ဦးအား ယမန်နေ့က အပြောင်းအလဲများ စတင်ပြုလုပ်သည်။
Subscribe to:
Posts (Atom)


