Thursday, September 6, 2012

တောင်တရုတ်ပင်လယ်တွင်း လွတ်လပ်မှုနှင့် လုံခြုံမှုအတွက် တရုတ် အာမခံ

From- The Voice Weekly

နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်မှုနှင့် ရေကြောင်းသွားလာရေးလုံခြုံမှု စသည်တို့နှင့်ပတ်သက်၍ အာမခံချက်ရှိအောင် လုပ်ဆောင် သွားမည်ဟု တရုတ်နိုင်ငံက ကတိကဝတ်ပြုပြောဆိုကြောင်း The Straits Times သတင်းစာကရေးသားဖော်ပြ သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးတွင် အရှိန်ထိန်းတိုင်းစက် တပ်မည်

From-  irrawaddy

အရှိန်ထိန်းတိုင်းစက် စမ်းသပ်နေစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များကို မောင်းနှင်သွားသည့် အချိန်၊ မောင်းနှင်သွားသည့် အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမည့် စက်ကိရိယာကို တပ်ဆင်သွားမည်ဟု အမြန်လမ်းမကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး

From-  irrawaddy

စက်တင်ဘာလ ၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား
များနှင့် ပြန်တော်ပြန် ABSDF ခေါင်းဆောင်များ တွေ့ဆုံကြစဉ်
သည်ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

လွှတ်တော်ကော်မရှင်ဖိတ်ခေါ်မှု ဖွဲ့စည်းပုံခုံရုံးဖီဆန်

From- VOA


လွှတ်တော်ကော်မီတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒါဟာ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စုံစမ်း စစ်ဆေးဖို့အတွက် လွှတ်တော်စုံစမ်းရေးကော်မရှင်က ခုံရုံးအဖွဲ့ဝင်တွေကို ဗုဒ္ဓဟူးနေ့ တုန်းက ခေါ်ယူခဲ့ ပါတယ်။ ဒါပေမဲ့ ခုံရုံးဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်တွေ မလာခဲ့ကြပါဘူး။ ဒါဟာ ဘာသဘောပါလဲ။ ဘန်ကောက်ရုံးကနေ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

“စားသောက်ကုန် ဓါတုအဆိပ်သင့်မှု ကာကွယ်ရေးအသိပညာပေးမှု စတင်ဆောင်ရွက်မည်”

 From- Popular Myanmar News Journal

အစားအသောက်နှင့်လူသုံးကုန်ပစ္စည်းများ ဓါတုအဆိပ်သင့်ခြင်းများမှ ကာကွယ်တားဆီးရန် အသိပညာပေး မှု အပတ်စဉ်ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ စာသုံးသူကာကွယ်ရေးအသင်းမှ သိရှိရသည်။

အီးယူအဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု အားလုံးရုပ်ရန် တိုက်တွန်းမည်ဟု ပြင်သစ်လွှတ်တော်အမတ် ပြောကြား

 From- Popular Myanmar News Journal
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များအား မြန်မာနိုင်ငံအပေါ် စီး ပွားရေးပိတ်ဆို့မှုအားလုံးကို ရုပ် သိမ်းပေးရန် တိုက်တွန်းသွားမည် ဟု တောင်အာရှကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အမေရိကန် အောက်လွှတ်တော် အမတ် Mr.Dana Rohraba cherဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

From- မြ၀တီ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အမေရိ ကန် အောက် လွှတ်တော် အမတ် Mr.Dana Rohraba che ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယ

ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများအား ဂျပန်အစိုးရဝယ်ယူရန် စီစဉ်လျက်ရှိ

From-  မြ၀တီ

လူနေထိုင်ခြင်း မရှိသည့် အရှေ့ တရုတ်ပင်လယ် တွင်းရှိ ကျွန်းသုံးကျွန်းကို  ဂျပန်အစိုးရက ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း အမည် မဖော်လိုသူ အစိုးရ အရာရှိ များ၏ ပြောကြားချက် ကို ကိုး ကား၍ ယိုမီရူရီ သတင်းစာ က ဖော်ပြခဲ့သည် ဟုသိ ရသည်။

တိုင်းမှူးသစ်ကြောင့် စစ်ဗျူဟာပြောင်းလဲမည်

From-  ရွှေဟင်္သာသတင်းဌာန

K_057bbgမြောက်ပိုင်းတိုင်း ဌာနချုပ်တွင် စက်တင်ဘာ (၂) ရက်နေ့၌ တိုင်းမှူး အသစ် ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ တိုင်းမှူး အသစ်မှာ ဗိုလ်ချုပ် ထွန်းထွန်းနောင်ဖြစ်ပြီး၊ တိုင်းမှူး အဟောင်းမှာ ဗိုလ်ချုပ် ဇေ ယျာေ အာင် ဖြစ်ပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး၊(TNLF) တို့ကို ပြည်သာယာ စစ်ဆင်ရေး စီမံကိန်းဖြင့် တိုက်ခိုက်နေသော အချိန်ကာလ ဖြစ်ပါသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီနှင့် ငြိမ်းချမ်းရေးမစ်ရှင်တွေ့ဆုံ

From-  irrawaddy

ဒီမိုကရေစီမိတ်ဆွေ ၁၀ပါတီနှင့် ငြိမ်းချမ်းရေးမစ်ရှင်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ ယူဇန ဟိုတယ်တွင် ယနေ့နေ့လည်၁နာရီထိုးမှ စတင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည် မိုးသီးဇွန် ပါဝင် သည့် ငြိမ်ချမ်းရေးမစ်ရှင်မှမကြာသေးခင်မှ ပြည်တော်ပြန်လာခဲ့သည့် ပုဂ္ဂိုလ်တစ်ချို့ပါဝင်ခဲ့သလို ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ပါတီခေါင်းဆေင်းများ တက်ရောက်ခဲ့ကြသည် ။

ကန့်သတ်ချက်များကြောင့် အသေးစား လူမှုလုပ်ငန်းများ အခက်တွေ့

From- irrawaddy

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရေဘေးဒုက္ခသည်များ
အတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP) အစီအစဉ်ဖြင့် 
ဂျပန်မှ ရောက်ရှိလာသော ဆန်များ
ခေတ်စနစ်နှင့် မလျော်ညီတော့သော ဥပဒေများနှင့် တရားဝင် မှတ်ပုံတင်မှသာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ခွင့်ရရှိမည် ဆိုသည့် အချက်များကြောင့် ပြည်တွင်းရှိ ရပ်ရွာအခြေပြု အဖွဲ့အစည်း များနှင့် အသေးစား NGO လုပ်ငန်းများ အခက်အခဲ ကြုံတွေ့ နေကြရကြောင်း NGO အသိုင်းအ၀ိုင်းမှ သိရသည်။

အပြောင်းအလဲတွေ လမ်းပေါ်ထိ မရောက်သေး

From- irrawaddy

အစိုးရ အဖွဲ့သစ်ထက်စာရင် လူတွေ ပိုပြီးစိတ်ဝင်စား
တာက နေ့စဉ်ပေါက်ဂဏန်းပါ
ရန်ကုန်မြို့လယ်ကနေ ကားနဲ့ မိနစ်အနည်းငယ်ပဲ သွားရတဲ့နေ ရာမှာ နေနေပေမယ့် ဦးလှရွှေတယောက် ကမ္ဘာတခု ထဲ ရောက်နေ သလို ဖြစ်နေပါတယ်။
သူနေတဲ့ရပ်ကွက်က ရေလည်းမလာတဲ့အပြင် အမှိုက်လည်း မသိမ်းပါဘူး။

ပြည်သူ့လွှတ်တော် တွင် ခုံရုံးအားစွပ်စွဲပြစ်တင်မှု အထမြောက်

 From- Popular Myanmar News Journal
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် တွင် ခုံရုံးအားစွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်းပြည်သူ့ လွှတ်တော် ဥက္ကဌ ကကြေညာလိုက်သည်။
ယနေ့တွင် တတ်ရောက်သည့် လွှတ်တော် ကိုယ်စားလှယ် ၃၀၇ ဦလုံးမှ ထောက်ခံဆန္ဒပြု ခဲ့သည့် အပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက မိမိ ပြည်သူ့လွှတ်တော် ဥက္ကဌ ပါ ၀င်သောကြောင့် ထောက်ခံသူ ၃၀၈ ဦး ဖြစ်ကြောင်းထပ်မံကြေညာသည်။

“ လျှပ်စစ်မီတာခ အွန်လိုင်းမှ ပေးချေမှု စတော့မည်”

 From- Popular Myanmar News Journal
နေပြည်တော်၊စက်တင်ဘာ၊၆ လျှပ်စစ်မီတာခများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ရေးအတွက် ရတနာပုံတယ်လီပို့၊အမှတ်၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိက ဘဏ် တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရှိရသည်။

ယနေ့ (၆.၉.၂၀၁၂) တွင် ဆွေးနွေး မည့် စိတ်ဝင်စားဖွယ် လွှတ်တော်သတင်း

ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော်တို့တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် လေ့လာခွင့်ပြုရေးအတွက် အစီအစဉ်ရှိမရှိ မေးခွန်း၊ အစိုးရ သတင်းစာများ Internet/ Website တို့မှ လွှတ်တော်ကိုယ်စားလှယ်များ အပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောက် ရွက်မှု နှင့်စပ်လျဉ်းသည့် မေးခွန်း များ မေးမြန်းကြမည်ဖြစ်သည်။

တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

From- မြ၀တီ

နေပြည်တော်၌ ကျင်းပခဲ့သော ပြည်ထောင်စု တရား လွှတ်တော်ချုပ်   နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနား ကို စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီက မော်လမြိုင်မြို့

ဆရာတော် ဦးဥတ္တမနေ့ တရားဝင် ကျင်းပ ခွင့်ရ

From-  နိရဉ္စရာ


အစိုးရ တာဝန်ရှိသူများမှ နှစ်စဉ်နှစ်တိုင်း တရားဝင် ကျင်းပရန်  ခွင့်ပြုလေ့ မရှိသော ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် စစ်တွေမြို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ကျင်းပ ခွင့်ပြုပေး လိုက် ပြီ ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။
ထိုသို့ ခွင့်ပြုပေးလိုက်သဖြင့်  စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်းရှိ ဆရာတော် ဦးဥတ္တမရုပ်ထုအား ချီတက် ဂါရ၀ပြု ပန်းခွေချ အခမ်းအနားများကို ခန်းနား ကြီးကျယ်စွာ ပြုလုပ်သွားမည် ဟု သိရသည်။

အသစ်ထွက်မည့် iPhone 5 အား တရားစွဲရန် တရုတ် GooPhone i5 မှ အသင့်စေ

From-  Tech Space Journal
ယခု သတင်းကို လက်တလောကမှ မူပိုင်ခွင့် တရားရင်ဆိုင်ရာမှာ နိုင်သွားတဲ့ Apple ပရိတ်သက်တွေ ကြားလို၊ သိလိုကြမယ်မထင်ပါဘူး။

ဘာဖြစ်လို့ပါလဲ။ Android သုံးထားတဲ့ Phone တစ်လုံးက ထွက်အံ့ဆဲဆဲ iPhone 5 ကို ပုံစံ ဒီဇိုင်း မူပိုင်ခွင့်အတွက် တရားစွဲဖို့ အသင့်စောင့်နေလို့ပဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာန တခု ဖျက်သိမ်း၊ ၂ ခု ၁ ခု ပေါင်း


သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမှတ် ၁ နှင့် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၂ ခုကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တခုတည်းအဖြစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။

(၃)ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း KNU အတွက် တိကျသော အဖြေမရသေး

From-  ရွှေဟင်္သာသတင်းဌာန

3-9_KNU_meeting_10အစိုးရသည် သာမန် အရပ်သား ကိစ္စကို ချက်ချင်း အတည်ပြု လက်ခံသော်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) အတွက် အရေးကြီးသော စစ်ရေး ကိစ္စများကိုမူ ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ အထက်သို့ တင်ပြရမည်ဟုသာ အကြောင်းပြလေ့ရှိ ကြောင်း ဒုဥက္ကဌ ဖြစ်သူ ပဒိုဒေးဗစ် တာကပေါက ဆိုပါသည်။

PNLO ဆက်ဆံရေးရုံး ဖွင့်တော့မည်

From-  ရွှေဟင်္သာသတင်းဌာန

27-8-6_qqwပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် စက်တင်ဘာလ (၇) ရက်နေ့ အမှီ တောင်ကြီး၌ ဆက်ဆံရေး ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း PNLO အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ခွန်ဥက္ကာမှ ပြောသည်။

ကရင်နီစာပေ ပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေသူ ဆရာကြီး တူရယ် ကွယ်လွန်အနိစ္စရောက်

 From- ktimes

ဆရာကြီး ဦးတူရယ်
ထိုင်းမြန်မာနယ်စပ်မှ လက်ရှိပြည်တွင်းတွင်ဝင်ရောက်ပြီး ကရင်နီ စာပေ ပြန့်ပွားရေးအတွက် အားသွန် ခွန်စိုက်ကြိုးပမ်း တာဝန် ယူ ဆောင်ရွက်ပေးနေတဲ့ ဆရာကြီးတူရယ်သည် ယမန်နေ့ နံနက်ပိုင်း က လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့ တယ်လို့ သိရပါတယ်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

From- RFA 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီ ကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာ သာ ဖြစ်တယ် လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်

From- RFA 

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့ (၆) ဦးပါအဖွဲ့ဟာ KNPP ကရင်နီ အမျိုးသား တိုးတက်ရေးပါတီနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် ကယားပြည်နယ် လွိုင်ကော်မြို့ကို အခုလ (၁၀) ရက်နေ့မှာ သွားရောက်မယ်လို့ RFA က စုံစမ်းသိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေး ဖြစ်ပါသည်။
ဒီခရီးစဉ်အတွင်း KNPP ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖို့ ရှိသလို ကရင်နီလူငယ် အဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးအား ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ

From-  မြ၀တီ

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးသည် ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် Police General Wichean Potephosreeဦးဆောင်သော အဖွဲ့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ ၌ တွေ့ဆုံလျက် နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက်ရှိ ပြည်သူများ၏ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက် စေရေး

ဝန်ကြီးဌာန ဖျက်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၄/၂ဝ၁၂

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ ( ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအား ဖျက်သိမ်း လိုက်သည်။

(ပုံ)သိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ဒေါက်တာထွန်းအောင်ကို စစ်တွေခရိုင် တရားရုံးတွင် ထပ်မံစစ်ဆေး

From- RFA

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေက အမှု ၅ မှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဒေါက်တာထွန်းအောင် (ခေါ်) နုရာဟက်ကို စစ်တွေခရိုင် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ချမှတ်ထားသည့်စည်းကမ်းများ တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန် အဌားယာဉ်မောင်းများတောင်းဆို

 From- Popular Myanmar News Journal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဌားယာဉ်မောင်းများမှ ၎င်းတို့ အပေါ်ချမှတ်ထားသည့်စည်းကမ်းများသည် တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန်တောင်းဆိုကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်သည်။

မြန်မာအပေါ်စီးပွားရေးပိတ်ဆို့မှုလုံးဝရုပ်သိမ်းပေးရေး တောင်အာဖရိကနိုင်ငံ တောင်းဆိုသွားမည်

 From- Popular Myanmar News Journal

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံး လုံးဝရုပ်သိမ်းပေးရေး အတွက် တောင် အာဖရိက အနေဖြင့် ဆက်လက် တောင်းဆိုမှုများပြုလုပ်သွား မည်ဟု တောင်အာဖရိက နိုင်ငံအပြည်ပြည်ဆိုင်ရာဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက ပြောသည်။

အင်ဒို၊ မြန်မာ အတွေ့ အကြုံဖလှယ်ရေး ဗဟိုကော်မရှင် ဥက္ကဌ ဦးတင်ဦးနှင့် ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ Diponegoro တက္ကသိုလ်မှ ပရော်ဖက်ဆာ Moh Jumhur Hidayut နှင့် Dr. Budi Setioyono တို့ ဦးဆောင်သည့် အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ သည်၊ ၅-၉-၂၀၁၂ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့ ဝင်ဦးစိုးဝင်း တို့ အား လာရောက်တွေ့ ဆုံပြီး၊ အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းရေး အတွေ့ အကြုံများနှင့် မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးအတွေ့ အကြုံများအား ဖလှယ်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြသည်။