Wednesday, September 19, 2012

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်

peaceonedayရန်ကုန် (မဇ္ဈိမ) ။      ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။စက်တင်ဘာလ ၂၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော်လည်း ထိုနေ့တွင် လမ်းလျှောက် ဆန္ဒပြမည့် အစီအစဉ်များ ရှိနေ၍ ၂၂ ရက်နေ့တွင်မှ ပြသမှာ ဖြစ်သည်။

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

နယူးဒေလီ (မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့်လေ့လာမှုများ ထားမည်



နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံးအကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော်ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

Printerတွေကို ရေရှည်အသုံးခံနိုင်အောင် ထိန်းသိမ်းခြင်း


Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြား သွားစေ ပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာ ကြ ရအောင်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

ရန်ကုန်၊ မဇ္ဈိမ။       ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ


သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။

လူသတ်မှုဖြင့်သံသယဖြစ်ခံရသူကို မဲဆောက်မှ မြ၀တီသို့ပို့


လူသတ်မှုဖြင့်သံသယဖြစ်ခံရသူ ဦးကျော်စိန်ကို ထိုင်းအာဏာပိုင်တို့က ဖမ်းပြီး မြန်မာဘက်သို့ ယနေ့ လွဲပြောင်းပေးလိုက်သည် (ဓာတ်ပုံများ - ဧရာဝတီ)
လူသတ်တရားခံဟု သံသယဖြစ်ခံရသူတဦးကို ထိုင်းအာဏာပိုင် တို့က မြန်မာအာဏာပိုင်များလက်သို့ မဲဆောက်-မြ၀တီတံတားမှတဆင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှဲအပ်လိုက်သည်။

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ညီညွတ်ရေး ရဖို့အတွက် အစိုးရ နဲ့ အတိုက်အခံ ပါတီတွေအကြား အတိတ်က ဒဏ်ရာတွေကို ကုစားပြီး အပြောင်းအလဲတွေကို အတူတကွ လက်တွဲဆောင်ရွက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသားေ ခါင်းဆောင်တွေဟာ ဖားကန့်ဒေသစစ်ဗျူဟာမှူးနဲ့ KIAတပ်ရင်းမှူး တို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေ ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လျှောက်ထားမှု ၆ လကျော်အကြာတွင် ပတ်စ်ပို့ရရှိ

၂၀၁၂ ခုနှစ် မတ်လကတည်းက ပတ်စ်ပို့လျှောက်ထားခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ၆ လကျော်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ သတင်းရရှိပါသည်။

လူမြင်ကွင်းမှပျောက်နေသော တရုတ်ဒု-သမ္မတ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့


ဘေဂျင်း၊ စက်တင်ဘာ - ၁၉
ယခုလအစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွေ့ဆုံခဲ့ခြင်းမရှိဘဲ သီတင်းပတ် နှစ်ပတ်ခန့် လူမြင်ကွင်းမှပျောက်နေခဲ့သော တရုတ်ဒု-သမ္မတ ရှီချီပင်း သည်တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း  ဘီဘီစီသတင်း တွင်ဖော်ပြထားသည်။

ဒီမိုကရေစီမြှင့်တင်ရေးဆောင်ရွက်နေသောအဖွဲ့များအပေါ်ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းရန် အမေရိကန်ကို ရုရှားအမိန့်ထုတ်

မော်စကို၊စက်တင်ဘာ ၁၉
ရုရှားနိုင်ငံတွင် ဒီမိုကရေစီမြှင့်တင်ရေးအတွက်ဆောင်ရွက်နေသော အဖွဲ့အစည်းများ အပေါ် အမေရိကန်ကငွေကြေးထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ရုရှားအစိုးရက အမိန့်ထုတ်လိုက်ကြောင်း နယူးယောက်တိုင်းမ်  သတင်းတွင်ဖော်ပြထားသည်။

အမေရိကန်နည်းပညာဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် တန်ဖိုးနည်းအိမ်ရာဆောက်မည်

ယခုနှစ်ပိုင်းမှစတင်၍ ဧရာဝတီနှင့် ချစ်တွင်းမြစ်ကြောင်းတစ်လျှောက်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀၀၀၀ ကို အမေရိကန်နည်းပညာသုံး၍ သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီနှင့် ချင်တွင်းမြစ်ကြောင်းတစ်လျှောက်ရှိ တန်ဖိုးနည်းအိမ်ရာများကို ရေစကြိုကစတင်၍ ဆောက်လုပ်သွားမည်ဖြစ်ပြီး တန်ဖိုးနည်း အိမ်တစ်လုံးလျှင် မြေတန်ဖိုးမပါ ကျပ်သိန်း ၁၀၀ အောက်ရှိမည်ဖြစ်ပြီး ယင်းအိမ်များတွင် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် Housing Meterial များကို တင်သွင်း၍ PDI နည်းပညာများဖြင့် မီးလောင်ကျွမ်းမှုများကိုကာကွယ်၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ မော်ဒယ် နှင့် တေးသံရှင် ၀တီ ရဲ့ အလှ


မြန်မာဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်းကမ်းချက် ထုတ်ပြန်

ဗီဒီယိုတစ်ကားကို အနည်းဆုံး ၁၀ ရက်နဲ့ ရုပ်ရှင်တစ်ကားကို အနည်းဆုံး ရက် ၂၀ ရိုက်ကူးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက စည်းကမ်းချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းကမ်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ လိုက်နာခြင်းမရှိပဲ ဗီဒီယိုတစ်ကားကို ၃-၄ ရက်နဲ့ ရိုက်ကူးနေကြတာကြောင့် ဇာတ်ကား အရည်အတွက်ဖေါင်းပွပြီး အရည်အသွေးကျဆင်းနေတာကို ကုစားဖို့အတွက် အခုလို စည်းကမ်းထုတ်ပြန်ရတာဖြစ် တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ပြောပါတယ်။
From-DVB

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား


(သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)
ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ ဒေးလ်ကရီဂန်သည် ရဲမေနှစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက် အဖမ်းခံခဲ့သည်။

မကောင်းဆိုးဝါးနှင်ထုတ်သည်ဆိုကာ ရိုက်နှက်ခံရသည့် အမျိုးသမီးက ခင်ပွန်းနှင့်မိသားစုကို တရားစွဲ

မကောင်းဆိုးဝါး စွဲကပ်နေသည်ဆိုကာ လမ်းလျှောက်တုတ်ဖြင့်ရိုက်ပြီး မကောင်းဆိုးဝါး နှင်ခံရသည့်နောက် ခင်ပွန်းနှင့် မိသားစုကို အမျိုးသမီး တစ်ဦးက ဗြိတိန်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ အက်စ်မာ ဟူစိန်သည် သူမ၏ အိပ်ရာတွင် မလှုပ်နိုင်အောင်

"အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအခြေအနေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမ အကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့

ရင်းနှီးမြှုပ်နှံသူများ ပြန်ထုတ်ကြ၍ အိမ်ခြံမြေဈေးနှုန်း (၁၅)ရာနှုန်း လျော့ကျ

အိမ်ခြံမြေအခွန်နှုန်းထားတိုးမြှင့်ကောက်ခံခဲ့ပြီးနောက် တစ်လကျော်ကာလအတွင်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ် ငြိမ်သက်နေခဲ့ရာမှ အိမ်မြေဈေးနှုန်းများမှာ ယခင်ကထက် ၁၅ရာခိုင်နှုန်းခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။
 

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစား ရှိသော်လည်း အကြောင်းကြောင်း ကြောင့် မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ။ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့် ပတ်ဝန်း ကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာပါတယ်။

စွမ်းအင် ကန်ထရိုက် MOGE အတည်ပြုခွင့်မရှိဟု ဆို

စွမ်းအင်ကဏ္ဍ ကန်ထရိုက် စာချုပ်များနှင့် ပတ်သက်ပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)တဦးတည်း အတည်ပြု ပေး ပိုင်ခွင့် မရှိကြောင်း MOGE မန်နေးဂျင်း ဒါရိုက်တာ(ငြိမ်း) ဦးစန်းလွင် က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ပြည်ပ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က MOGE နှင့် ပူးပေါင်း လုပ်ကိုင်လိုသော ပြည်ပလုပ်ငန်းရှင်များကို ကန့်သတ် တင်းကျပ်မှုများ ပြု လုပ်နေပြီး မြန်မာနိုင်ငံ၏ စွမ်းအင် လုပ်ငန်းသည် နိုင်ငံတကာ စံနှုန်းနှင့် ညီသော ပွင့်လင်းမြင်သာမှုလည်း မရှိကြောင်း ဝေဖန် ပြော ဆိုမှုကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် အပတ်က ရန်ကုန်မြို့၌ ဦးစန်းလွင်ကိုတွေ့ဆုံ မေးမြန်းမှုတွင် ပြန် လည် ဖြေကြားခြင်း ဖြစ်သည်ဟုလည်း Bloomberg သတင်းတွင် ဖော်ပြထားသည်။
From -ဧရာဝတီ

"တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်"

                                                                     


 အစိုးရမြေနေရာပေး၍ ရောင်းချသူများ က နှစ်ရှည် ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေေ သာ ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။

“ မြန်မာ့အာမခံလုပ်ငန်းအကျိုးအမြတ်အားကောင်း၍ ပြည်ပ ကမ်းလှမ်းမှု အမြောက်အများရှိသော်လည်း် လက်မခံသေး”

နေပြည်တော်၊စက်တင်ဘာ၊၁၉
မြန်မာ့အာမခံဈေးကွက်သည် ကမ္ဘာ့အာမခံဈေးကွက်နှင့်နှိုင်းယှဉ်က အကျိုးအမြတ်အားကောင်
း၍
ပြည်ပလုပ်ငန်းရှင်အမြောက်အများ ၀င်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းသော်လည်းလက်ခံခြင်း မရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောသည်။
“အာမခံလုပ်ငန်းမှာ လျော်ရတာကို Loss Ratio လို့သက်မှတ်တယ်။မြန်မာ့အာမခံရဲ Loss Ratio က ၂၀-၃၅
ရာနှုန်းပဲရှိတော့ အင်မတန်လုပ်လို့ကောင်းတဲ့ ဈေးကွက်ဆိုပြီး လုပ်ချင်ကြတယ်။" ဟု ၎င်းကပြောသည်။

ကာမလိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

 မြန်မာအမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ်လည်ခံရယူမှုများ အများဆုံးကြုံတွေ့ခံစားနေရကြောင်း အမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။
  ''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကို အဲ့ဒီအမှုတွေက မတက်လာဘူး။ လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊ ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု   ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth Legal Clinic မှ ဒါရိုက်တာဒေါ်လှလှရီက ဆိုသည်။
 

ပန်းသီးလုစားရာမှ လူသတ်မှုဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင် စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးစားနေသောပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

KIA ကွန်မန်ဒို ကိုလဖိုင်ဇော်ဆိုင်း ရန်ကုန်ေ၇ာက်ပြီ

၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ.ကား ကချင်လူမျိုး ကိုလဖိုင်ဇော်ဆိုင်းအတွက် ဘယ်သောအခါမှ မမေ.နိုင်မည်.နေ.တစ်နေ .ဖြစ်သည်။ ထို.နေ. တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ တာဝန်ပေးချက်အရ အစိုးရစစ်တပ်မှတိုင်းမှုး အယ်လ်ခွန်ဖန် အား ကချင်ပြည်နယ် မြစ်ကြီးနား မြို. မိုင်ဒေးကွင်းနား တွင် အောင်မြင်စွာပစ်ခတ်လုပ်ကြံခဲ.သည်။

မန္တလေးတွင် အမျိုးသမီးများ မြန်မာဝတ်စုံ ၀တ်ဆင်ရန် လှုပ်ရှားမှု ဆောင်ရွက်မည်

မန္တလေး၊ စက်တင်ဘာ ၁၉   မန္တလေးမြို့တော်ရှိ လူမှုရေး အသင်းအဖွဲ့များတွင်ပါဝင်သော အမျိုးသမီးများက တမာအရိပ် အမည်ဖြင့် အသင်းတစ်ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လူအင်အား ၃၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့သည် မန္တလေးမြို့ပေါ်တွင် စက်တင်ဘာလ ၂၃ ရက် ဥပုသ်နေ့မှ စတင်ကာ မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့် အညီ ဝတ်ဆင်ကြရန် အပတ်စဉ် ဥပုသ် နေ့တိုင်း လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို မန္တလေးမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် မပေးတော့

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ရောင်းချခွင့် မရှိတော့ ပေမယ့် လမ်းကြားတွေ အတွင်း မှာတော့ စည်းကမ်း တကျနဲ့ ရောင်းချခွင့် ရရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးရေး မဟာဗျူဟာစီမံကိန်းအတွက် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်ဖြင့် မြေဧကလေးသောင်း အသုံးပြုခွင့် ရရှိခဲ့ကြောင်း သိရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည် ဖော်ဆောင်မည့် "မဟာရန်ကုန် မြို့ပြဖွဲ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါစီမံကိန်းမှ အကြံပေး ပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားသည်။