Friday, October 12, 2012

ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်

စစ်တွေမှ ရခိုင်လူမျိုးများအပါအ၀င် မာရမာကြီးနှင့်ဟိန္ဒူလူမျိုးများမှာ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး ရှေ့၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် ခဲ့ကြသည်။
ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊ မာရမာကြီး၊ဟိန္ဒူလူမျိုးအပါအဝင် အင်အား (၄၀၀) ကျော်မှာ ဘင်္ဂ လားဒေရှ်ကောင်စစ်ဝန်ရုံးရှေ့၌ နာရီဝက်အကြာ ငြိမ်သက်စွာံ ဆန္ဒ္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ် စစ်ဘေးသင့်သူများအတွက် တရုတ်နယ်စပ်တွင် အလှူငွေကောက်ခံ

ကချင်ပြည်နယ် စစ်ဘေးသင့်သူများကို ကူညီပေးရန် သျှမ်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့မှတာဝန်ယူ၍ု သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူစယ်နှင့် နမ့်ခမ်းမြို့များတွင် ယနေ့မှ စတင်၍ အလှူငွေ ကောက်ခံ သွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိ ရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့်ပူးပေါင်းရေး မဖြစ်မနေတည်ထောင်မည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆို

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေးအဆိုကို မဖြစ်မနေ တည်ဆောက်သွားမည်ဟုရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League For Democracy) ပါတီ၏ (၂၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တို ဘာလ ၁၂ ရက်နေ့တွင်ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်၍ ၄င်းအချက်အလက်အပါအဝင် အချက် (၉) ချက်ပါသည့် ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်တွင်-

လှိုင်သာယာညောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အထမမြောက်သေး

လှိုင်သာယာ မြို့နယ်ရှိ ညောင်ကျေးရွာမှ ဒုတိယအကြိမ်အုပ်ချုပ်ရေး မှူးရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ကျေးရွာသူကျေးရွာ သားများ အများစုမှ လက်မခံသဖြင့် ယခုအချိန်ထိမရွေးချယ်ရသေးကြောင်း ၄င်းရွာခံများမှ သိရသည်။ညောင်ကျေးရွာ၏ ပထမအကြိမ်ရွေးချယ်ပွဲကို စက်တင်ဘာ ၁၇ရက်နေ့က ပြုလုပ်ခဲ့ပြီး ပြည်သူများမှ ရွေးကောက်သူ ၃ဦးမှ ၂ဦးကို ကျေးရွာနေလူ၃ဦးက လတ်မှတ်ထိုးကန့်ကွက်သဖြင့် ဒုတိယ အကြိမ်ပြန် လည်ပြုလုပ်ရာတွင် ရွာခံအများစုက ယခင်ရွေးကောက်ခံရသူများကိုပဲအုပ်ချုပ်ရေးမှူး အဖြစ်တင်မြှောက်ရန် တောင်းဆိုသဖြင့် ရွေးချယ်ပွဲကို ဆက်လက်မပြုလုပ်ရပဲ ရပ်နားလိုက်ရကြောင်း ၄င်းရွာမှ ကိုရဲကိုနိုင်က ဆိုသည်။

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီဖြစ်သည်

ဥရောပနိုင်ငံများတွင် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်းများအတွက်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ပထမဆုံးရရှိသူ မှာ ဟင်နရီဒူးနန့်ဖြစ်သည်။

ဗုဒ္ဓဂယာကို ဗုံးခွဲမည့်သူ ၃ ဦး ဖမ်းမိ

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိ ယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေ တဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက် တယ် လို့ ဒေလီရဲပြောပါတယ်။

အိမ်ရှင်များ ဆိုးကျိုးဖြစ်စေသော စားသုံးဆီအတု

စားအုန်းဆီနှင့်အတူ ရော နှောဝင်ရောက်လာသော စားသုံး ဆီအတုများ က နယ်စပ်ဒေသမှ တစ်ဆင့် ပြည်တွင်းဈေးကွက်သို့  ထိုးဖောက် ၀င်ရောက် လာကြသည်။

ဆိုင်ကယ်လိုင်စင်လုပ်သူများ အပို အခွန်ငွေ ပေးဆောင်ရ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၏ အခွန်ဌာနမှ ဆိုင်ကယ်လိုင်စင်အတွက် တရားဝင် သတ် မှတ်ထားသည့် ရုံးသုံးနှင့် အထွေထွေသုံး စရိတ်တို့အပြင် ခေါင်းစဉ်မရှိသည့် အခွန်ငွေ အပို ကောက်ခံမှုကို ဆိုင်ကယ်လိုင် စင်လုပ်သူများက ပေးဆောင် ခဲ့ရသည်။

လန်ဒန်မှာ ရဟန်းတော်တွေ ဘင်္ဂလာက ဗုဒ္ဓဘာသာ အရေးအတွက် ဆန္ဒပြ

လန်ဒန်မှာ ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်း ခန့်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မနေ့က (အောက်တိုဘာ ၁၁ ရက်) လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ြ ပီး ငြိမ်း ချမ်းစွာ ဆန္ဒပြ ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော နာရေး သတင်း နိုင်ငံပိုင် သတင်းစဉ်မှာ ဖော်ပြ


ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်၏ နာရေး သတင်းကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ သတင်းစဉ်အဖြစ် ဖော်ပြပါရှိလာမှုဟာ ထူးခြားမှု တခုပါ။

ဒုတိယအကြိမ်အာရှစီးပွားဖြစ်စိုက်ပျိုးရေး

(အစည်းအဝေး)သို့ ပေးပို့လိုသောမြေလွတ်မြေလပ်များစီမံခန့်ခွဲခြင်းဆိုင်ရာ သဘောထားအမြင်ဆွေးနွေးပွဲ မှ ထွက်ပေါ်လာသောသဘောထားမှတ်ချက်များ

၁။ ဒေသတွင်း မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်နိုင်ငခြင်း မရှိသေးသော ကာလအတွင်း အသစ်ထပ်မံငှားရမ်းခြင်း ရောင်းချခြင်းကို ပြုလုပ်ဆောင်ရွက်ခြင်း မပြုရန်။

မန္တလေးရှိ ထိုင်း ဘုရင့်ဂူကို စစ်ဆေးမည်

သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင်
 ကျောက်ဘွားဒေါက် မဒူဝါး ၏ အုတ်ဂူ
မန္တလေးမြို့ အမရပူရ တောင်သမန် အင်း အနီး လင်းဇင်းကုန်း သုသာန်ရှိ အုတ်ဂူသည် သဖန်းပွင့် မင်းသား ဘွဲ့ခံ ထိုင်း ဘုရင် ကျောက် ဘွား ဒေါက် မဒူဝါး(ခေါ်) ဥတွန်ပုံ ၏ အုတ်ဂူ ဟုတ် မဟုတ်ကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးမှု ပြု လုပ်မည် ဟု သိရသည်။

အင်း ရေကြောင့် ဧက ၆၀၀၀ ကျော် စပါး မစိုက်နိုင်

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ကွင်းကြီး သခွတ်ကုန်းကျေးရွာ
 အနီးရှိ ငါးဖမ်းပိုက် ချထားသည်ကို ဤသို့တွေ့ရ
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဂျုံးဂျုံးကျ အင်း တွင် ကျားပိုက်များချကာ ရေပိတ်ထားခြင်းကြောင့် အင်း ၀န်းကျင် လယ် ဧက ၆၀၀၀ ကျော်မှာ စပါးမစိုက်ပျိုးနိုင် ဖြစ်နေကြောင်း သိရသည်။
ရေကျနောက်စိုက် လယ်ယာများ စိုက်ပျိုးချိန် ရောက်ရှိနေသော် လည်း ဂျုံးဂျံးကျအင်း အနီးရှိ ၀က်ချောင်း၊ ကျောင်းအိုင်နှင့် အစုကြီး ကျေးရွာ အုပ်စုတို့မှ လယ်သမားများမှာ စပါးများ ရေမြုပ် ဆုံးရှုံးမည် ကို စိုးရိမ်၍ မစိုက်ပျိုးရဲဘဲ ဖြစ်နေကြသည်။

ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ်

ဒေသတွင်း ပဋိက္ခ ဖြစ်ပွားမှုများကြောင့် ဇွန်လ အတွင်းမှ စ၍ ရခိုင်ပြည်နယ် ၇မြို့နယ် အတွင်း ည ၆ နာရီမှ နံနက် ၆နာရီ အထိ ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အထိ၆နာရီ ဖြေလျှော့ ခဲ့သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေ ကို ဒေသခံ များမှာ စိုးရိမ် နေကြဆဲ ဖြစ်ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရသည်။

သုံးခွမြို့နယ် အန်အယ်လ်ဒီအဖွဲ့တွင်းကိစ္စတွေ အတွက် ပြည်သူတွေကို တောင်းပန်ကြောင်းပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေ သကြီး ၊ သုံးခွမြို့နယ်ကို သွားရောက်ခဲ့ပြီး
မြို့နယ်တွင်းက ပါတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေအတွက် သူ့အနေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်လို့ သုံးခွမြို့နယ် ဒေသ ခံပြည်သူတွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒု-နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည် သွားမည်

အမေရိကန် ဒုတိယ နိုင်ငံခြားရေး  ၀န်ကြီး  William Burns ဟာ အောက်တို  ဘာလ  ၁၇ ရက်လာမယ့် ဗုဒ္ဓဟူးနေ့မှာ  မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဂျပန်တွေ အလုံးအရင်းနဲ့ ဝင်ဖို့ပြင်

မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက ဒီနေ့ တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ အကြွေး ပြန်ဆပ်ရေး နိုင်ငံ တကာ ငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာ လိုက်ပါတယ်။

စည်ပင်ရုံးရှေ့ဆန္ဒပြသူ ဒဏ်ငွေ ၁၀၀၀ ကျပ်ပေးဆောင်ရန် အမိန့်ချ

ယခုနှစ် မတ်လ ၂ ရက်နေ့က ဧရာဝတီတိုင်း  ပုသိမ်မြို့ စည်ပင် သာယာရုံးရှေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ၁၄ ဦးအား ၀တ္တရားနှောက်ယှက်မှုဖြင့် စွဲဆိုခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင်  ပုသိမ်မြို့နယ် တရားရုံးမှ ပုဒ်မ ၁၅၂ (ရုန်းရင်းဆန်ခ တ်မှု နှိမ်နှင်း သည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားမှု) ဖြင့် ထောင်ဒဏ်  ၁၀၀၀ ကျပ်စီ ချမှတ်လိုက်သည်။

စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ်စာရေး ဆရာ ရရှိ

တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေဆိုင်ရာ  နိုဘဲလ်ဆုရှင် စာရေးဆရာ မိုယန်း အခုနှစ် အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ် နိုင်ငံက စာရေး ဆရာ မိုယန် Mo Yan ရရှိသွားပါတယ်။

ဒါဟာ တရုတ် ပြည်မကြီးက စာရေးဆရာ တစ်ယောက်ကို ဆွီဒင် နိုင်ငံ နို ဘဲလ်  ဆု ချီးမြှင့်ရေး ကောက်မီတီက ပထမဆုံး အကြိမ် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ မိန်းကလေးများနေ့ ကုလ သတ်မှတ်

ကလေး အရွယ် အိမ်ထောင် ပြုမှုနဲ့  အိမ်တွင်း အကြမ်း ဖက်မှု ဆက်စပ် တယ်လို့ ကုလ ပြောကမ္ဘာ့ ကုလ သမဂ္ဂက အောက်တိုဘာလ ၁၁ ရက်နေ့ကို ပထမဆုံး ကမ္ဘာ့ မိန်းကလေး များ နေ့ အဖြစ် သတ်မှတ်လိုက် ပါတယ်။

ရန်ကုန်တွင် အရှေ့တောင်အာရှ လူငယ် သံစုံ တီးဝိုင်း အဖွဲ့အခမဲ့ ဖျော်ဖြေမည်

ရန်ကုန်မြို့တော်တွင် အရှေ့တောင် အာရှ နိုင်ငံများမှ လူငယ်များဖြင့် စုဖွဲ့ထားသည့် သံစုံတီးဝိုင်း အဖွဲ့သည် အောက်တိုဘာလ ၁၅ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃ဝတွင် Strand Hotel ၌ အခမဲ့ ဖျော်ဖြေ မည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် ဒေါ်ကျော့ကေခိုင်က The Voice Weekly သို့ ပြောကြားသည်။

မြန်မာဘက်က မုန်တိုင်းရှောင်သူတွေ ဘင်္ဂလား ထိန်းသိမ်း


ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်၊ မုန်တိုင်းလွတ်
ရာမှာ ခိုလှုံကြဖို့ ကမ်းကိုကပ်လာကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်း သမား
၂၈၉ ဦးကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းသိမ်း ထားတယ် လို့၊ ဒါကာမြို့တော်မှာ အခြေစိုက်တဲ့နေရိဉ္စရာ သတင်း မှာ ဖေါ်ပြထား ပါတယ်။ မနေ့က တက်ကနတ်(ဖ်)ချောင်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတွေ ဟာ ငါးဖမ်းစက်လှေ ၃၆ စီးနဲ့ အတူ နတ်မြစ်ဝ က (အုန်းကျွန်း)လို့ခေါ်တဲ့ စိန့်မာတင်ကျွန်း အနီးမှာ ကမ်း ကပ် လာစဉ်မှာ၊ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောအကြမ်းဖက်မှုများနှင့်ပတ်သက်ပြ်ီး ရခိုင်လူငယ်ကွန် ယက်အဖွဲ့နှင့် မရမာကြီးမဟာဗောဓိလူမှုရေးအသင်းတို့မှ ဦးဆောင်ကာ အောက်တိုဘာလ ၁၂ နေ့ တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်းသိရှိရပါသည်။

မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မယ်


 ရုပ်ရှင်အစည်းအရုံးအဟောင်းမှ အသစ်သို့ 
အာဏာလွှဲတဲ့နေ့က မြင်ကွင်း၊
လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားမှာ ထူးထူးခြားခြား ဆု တွေ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 
နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အနု ပညာရှင်များကို ရုပ်ရှင် သူရဲကောင်း ဆု တွေ ချီးမြှင့်ဖို့ ရှိတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း ကြေညာသွားခဲ့ပါတယ်။ 

HIV/AIDS တိုက်ဖျက်ရေး ရံပုံငွေ လုံလောက်လု နီးပါရ

HIV/ AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်တွေအတွက် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ငွေကြေးပမာဏရဲ့ ၉၅ ရာခိုင်နှုန်းကို နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီက ရနေတာဖြစ်တယ်လို့ အဆိုပါ ရောဂါ တိုက်ဖျက်ရေး အမျိုး သား စီမံကိန်း ကော်မတီကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းမှာ ပြောသွားပါတယ်။ 

KNU မှ ထုတ်ပယ်ခံရသူတို့ မူလရာထူး ပြန်ရဖွယ်ရှိ

KNU ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံ ညှိနှိုင်းကြမယ့် 
(လေးဝါး)စခန်း အစည်းအဝေးခန်းမ
စစ်ဦးစီးချုပ်အပါအ၀င် အဖွဲ့၏ ထိပ်တန်းရာထူးများမှ  ထုတ်ပယ်ခံရသူတို့ မူလတာဝန်များ မကြာခင် ပြန်ရဖွယ်ရှိသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ၀ါရင့် ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။

အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြလက်ထက်တွင် အလား တူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသည်ဟု ဆိုသည်။

မန္တလေးမှာလည်း ဆိုင်ကယ် အရစ်ကျ ၀ယ်နိုင်ပြီ

မန္တလေးမြို့ လူထုအတွက်တော့ သတင်းကောင်းတစ်ခု ရှိနေပါတယ်။ 
အထူးသဖြင့် ၀န်ထမ်းတွေ အတွက်ပေါ့...။
မန္တလေးမှာ သွားဖို့ လာဖို့အတွက်က ဆိုင်ကယ်လေး တစ်စီး  မရှိမဖြစ်  ရှိမှပါ။
ဆိုင်ကယ်ရှိဖို့လည်း ငွေအင်အားကြီးကြီးမားမား လိုပါတယ်။
 လက်တွေ့မှာ  တစ်လနေလို့ တစ်သိန်းလောက် မ၀င်တဲ့လူတွေ ရှိပါတယ်။
တစ်လကို တစ်သိန်းကျော် ၀င်ပေမဲ့လည်း ဆိုင်ကယ်တစ်စီး ချက်ခြင်း ၀ယ်စီးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

စက်သုံးဆီဆိုင်များရှိ လီတာပန့်များ၏ တစ်ဂါလန်အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံသတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်

စက်သုံးဆီအရောင်းဆိုင်များ ရှိ လီတာပန့်များ၏ တစ်ဂါလန် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာ အဖြစ် စံနှုန်းသတ်မှတ်ပြီး တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်ရောင်းချရန် စွမ်းအင်ဝန်ကြီး ဌာနမှ အောက်တို ဘာလ ၁၁ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါ သည်။
စက်သုံးဆီဆိုင်ရှိ လီတာပန့် များ၏ Display Unit တွင် ၄ဒသမ ၅လီတာဟု ဖော်ပြသည့် အချိန်တွင် အမှန်ဆီထွက်နှုန်းအားကို ၄ ဒသမ ၅၄၆လီတာပမာဏဖြစ်စေရန် ပန့် ၏ဂါလန်မီတာကို ချိန်ညှိပြီးတိကျစွာ စံတိုက်၍ တစ်ပြေးညီသတ်မှတ် ရောင်းချရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ ပထမဆုံး အကြိမ် အခမဲ့ ဆေးကုသပေး

ဆေးကုသရန်ရောက်လာကြသော
 မိဘပြည်သူများအားတွေ့ရစဉ်
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အစီအစဉ်ဖြင့် တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ မှ ပထမဆုံး အကြိမ် ကရင်နီ(ကယား) ပြည်နယ်အတွက် အခမဲ့ဆေးကုသမှုကို မြို့နယ်ကျေးရွာ အလိုက် ကုသပေးနေ တယ်လို့ သိရပါတယ်။

ဦးအေးသာအောင်၏ အမေရိကခရီးစဉ် ရခိုင်ပြည်သူများအတွက်အကျိုးရှိမည်ဟုဆို

အမေရိကန်သို့ ရက်(၂၀)ကျော်ကြာ ခရီးထွက်ခဲ့သော ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် ခရီးစဉ်သည် ရခိုင်ပြည်သူ များအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်မည်ဟု သိရသည်။

Ayetharaungcomeback"ဒီခရီးစဉ်က အင်မတန်ကို ရခိုင်ပြည် သူလူထု အတွက် အကျိုး တစ်စုံတစ်ရာပြုနိုင်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ရခိုင် လူငယ်တွေနဲ့ တစ်ခြားတိုင်းရင်းသားတွေဆီက ရခိုင်ပြည်သူလူထုအတွက် အကူအညီ တစ်စုံတစ်ရာရရှိနိုင်မှာဖြစ်ပါတယ်။"ဟု ဦးအေးသာအောင် က ပြောသည်။