Monday, October 15, 2012

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံကျင်းပ

smt6ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီ လာခံအား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ပထမအကြိမ်ကျင်းပသည့် ပါတီညီလာခံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င်၊၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ က ပြည်ေ ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား လိုက်လံနှုတ်ဆက် ခဲ့ကြောင်းသိရသည်။

ကြေးနီတောင်စီမံကိန်းဒေသက မူလတန်းကျောင်းသူ ကျောင်းသားတွေ ဆန္ဒပြ

Monday, 15 October 2012

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz15J1GBgrNJP1uvaDI4iTxp4mbKjx4Uq9WT-90ybGiD4MELLRzFiN8kGBllIb2UhL4Huc3QRdiUA3zc6lMoUWO9_70PlaEpRVeZxASJzKK2ZhGUonCru3aF07jdkSOM3EzUPcWXArzeY/s1600/264100_427826890588273_1058016681_n.jpg စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ အပိတ်ခံ ထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်းကျောင်းသား (၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

KIA နှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် အစိုးရကမ်းလှမ်း

တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် အဆိုပြုချက်တစ်ရပ် အောက်တိုဘာလ ၁၀ ရက်နေ့က ပေးပို့ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ပြန် လည်ဖြေကြား သည်။ 

သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသားများ ပြန်လည် ရင်ကြား စေ့ရေးနှင့် စည်းလုံး ညီညွတ်ရေး အခြား တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေး ပါတီများကို အားပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင် ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက် လာသော တိုင်းရင်းသား ပါတီ ကိုယ်စား လှယ်အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစဉ်။

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး




ArakanStudentcongress ယနေ့အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂစ်ဖက်ဘုန်းကြီးကျောင်းတွင်  ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူတထု တွေ့ဆုံပွေဲအခမ်းအနား တစ်ရပ်   ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လူပေါင်း(၁၀၀)ကျော်ခန့်

မျှော်စင်ကျွန်းတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ Gandamar Wholesale မှ အဓိကပံ့ပိုးကူညီ ကာ တောင်ကလေး ရိုးရာလက်ဝှေ့အသင်း၊ ရတနာစံတော် ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်) တို့ပူး ပေါင်း စီစဉ်သည့် ''လက်ခုပ်သံညံ မစဲ မျှော်စင်ကျွန်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ'' ကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ကရဝိက် ဥယျာဉ်မျှော် စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယား ပစ်ခတ်မှု လူအများအပြား သေဆုံး


နိုင်ဂျီးရီးယား နိုင်ငံ    မြောက်ဘက်ပိုင်း ကန်ဒူနာ ပြည်နယ်က   ရွာတရွာမှာ
 သေနတ်  သမားတွေရဲ့ ပစ်ခတ်မှုကြောင့်     အနည်းဆုံး   လူ ၂၀ လောက်
 သေဆုံး သွားတယ် လို့  နိုင်ဂျီးရီးယား အရာရှိ တွေက ပြောပါတယ်။မနက် အရုဏ်တက် အချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာကြောင့် သေဆုံးခဲ့ရသူ အများစုဟာ ဗလီထဲက လူတွေ ဖြစ်ကြ ပါတယ်။

 သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ်သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသ တွင်းမှ မြေပြင်သို့အလွတ်ခုန်ချမှုကမ္ဘာ့စံချိန်သစ်တင်နိုင်ရေး အတွက် အောက် တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။

ထိုင်းရုပ်သံပေါ်က မြန်မာ့ သနပ်ခါး အကြောင်း



မြန်မာ့ သနပ်ခါး အကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြား တခုမှာ အကျယ် တ၀ံ့ ဖော်ပြထားတာပါ။ ထိုင်း သတင်းဌာနက မြန်မာ့သနပ်ခါး ဇာတ်လမ်း အစ၊ အဆုံး ကို သေချာ မှတ်တမ်းရိုက်ကူးထားတာ လည်းဖြစ် ပါတယ်။

နိုင်ငံတကာ ငွေချေးနိုင်ဖို့ မြန်မာကို အမေရိကန်ကူညီမည်

နိုင်ငံတကာ ငွေချေးနိုင်ဖို့ မြန်မာကို အမေရိကန်ကူညီမည်မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ကမ္ဘာ့ဘဏ် အပါအ၀င် နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းတွေနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ပုံမှန်အတိုင်း ဖြစ်လာစေ ဖို့ ထောက်ခံ ကူညီသွားမယ်လို့အမေရိ ကန် ပြည်ထောင်စု

အထဲအပွင့်၊ အပြင်ဆင်ဆာ၊ ဘယ်ကိုရွေ့ နေတာလဲ မီဒီယာ

လွတ်တော် အမတ်နေရာ အပါဝင် လက်ရှိနိုင်ငံရေး အခင်းကျင်းမှာ ပါနိုင်ဖို့ အစိုးရဖက်က အခွင့်ရေးတွေ ပေးလိုက်တဲ့ အတွက် ဒေါ်အောင် ဆန်းစုကြည်ဟာ အစိုးရအပေါ် သိပ်မဝေ ဖန်တော့ဘူး။ ကြားနေသူဖြစ် သွားပြီဆိုတဲ့ ဝေဖန်မှုတခု ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုဝေဖန်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူ အတော်များများ ကသိကအောင့်ဖြစ်သွား ကြတယ်လို့ဆိုပါတယ်။ အမျိုးသား ခေါင်းဆောင် အဖြစ် သတ်မှတ် ထားကြတဲ့ ဒေါ်အောင်ဆန်း စုကြည် တောင် ဒီလိုဝေဖန်ခံရရင်

ရွှေတိဂုံဘုရား ကမ္ဘာလှည့်ခရီးသွား လာရောက်မှု စံချိန်ကောင်း

စက်တင်ဘာလ ၁ ရက်နေ့က ရွှေတိဂုံဘုရားပေါ်မှ ကမ္ဘာလှည့်ခရီးသည်တချို့
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ တည်ရှိပြီး အလွန်ေ ကျာ်ကြားတဲ့ ရွှေတိဂုံစေတီတော်ကို ဒီနှစ်အ တွင်း နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွား စံချိန်ကျိုးလောက်အောင် အလာများကြောင်း သတင်းတွေမှာ ဖော်ပြလာပါ တယ်။ 

Sunday, October 14, 2012

သာပေါင်း မြို့နယ်၌ ဆင်နင်း၍ လူတစ်ဦး သေဆုံး

ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျိန္တလီ သစ်တောကြိုးဝိုင်းအတွင်းရှိ ဝါးခုတ် စခန်း၌ အောက်တိုဘာ ၁ဝ ရက် နံနက်ပိုင်းက တောဆင်ရိုင်း တစ်ကောင်သည် တဲအတွင်း၌အိပ်နေသူတစ်ဦးအား နင်းသတ် ခဲ့ခြင်းကြောင့် လူသေဆုံးမှု တစ်ခု ဖြစ်ပွားကြောင်း သိရသည် -

ကလေးမြို့တွင် တရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦး ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင် နယ်စပ်ဖြတ်ကျော်လမ်းများမှ တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား  အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ်ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။

OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် တာဝန်ရှိသူများက ဆရာတော်များကို လျှောက်ထား

မန္တလေး၊ အောက်တိုဘာ- ၁၄ မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့် မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊

ရမည်းသင်းမြို့ အရံမီးသတ်တပ်ဖွဲ့ ဝင် မွတ်ဆလင်များမှ ခရီးသွား ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ  ဦးခင်မောင်အေး အသက်(၄၅)နှစ်နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။

ရွှေချထားတဲ့ ရဟန်းတော် ရုပ်ကလပ်



အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။ 

အာကာသ လွန်းပျံယာဉ် အန်ဒဲဗား ၏ နောက်ဆုံးခရီး စဉ်


အမေရိကန် အကာသ လွန်းပျံယာဉ် အန်ဒဲဗား(Endeavor) ၏ နောက်ဆုံး
ကွန်းခိုရာ ခရီးစဉ် ဖြစ်သည့် ကာလီဖိုးနီးယား အမျိုးသားသိပ္ပံ ပြတိုက် သို့ 
သယ်ဆောင်မှု ခရီးစဉ်တွင် ယနေ့နံနက်အစောပိုင်းကတည်း က လောဇ်ဆန်းဂျလိဇ်  မြို့  တွင်း သို့  ဖြတ်၍ သယ်ဆောင် ခဲ့သည်။

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ

ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအား ဖျက်ဆီးမှုနှင့် ထောင်ဒဏ် (၁၄)နှစ် ကျခံနေရသော အကျဉ်းသားထွန်းဝင်း(ခေါ်)  ဂျော်မာလာဒိန် အသက် -၃၉နှစ် အဘ-သန်းအောင် သည် ထောင်မှူးတင်စိုးနှင့် ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ ၃ ဦး ယာဘးဆေးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

ယာဘာဆေးပြား ၄၀၀၈၈ နှင့် အတူ  မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီးရမိကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။

နစက-BGB တွေ့ဆုံဆွေးနွေးပွဲ ယခုလတွင် သုံးကြိမ်မြောက်ရှိပြီ





BGB guardမြန်မာ-ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအကြား ပုံမှန်ချစ်ကြည်ရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ယခုလအတွင်း သုံးကြိမ်မြောက် တွေ့ဆုံဆွေးပွဲ တစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

သုဝဏ္ဏဘူမိ ဘယ်မှာရှိမလဲ

သထုံမြို့ တနေရာ
သမိုင်းထဲက သုဝဏ္ဏဘူမိဟာ သထုံဒေသမှာ ရှိကြောင်း အထောက်အထား ပြနိုင်ဖို့ စာတမ်းဖတ်ပွဲ လုပ်မယ်လို့ ဒီနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များ နည်းပညာမြှင့်တင်မှု ပြုလုပ်မည်



အမေရိကန် B-2 ဗုံးကြဲလေယာဉ်များ နည်းပညာမြှင့်တင်မှု ပြုလုပ်မည်
 အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ အမေရိကန် လေတပ်၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-2များအတွက် ဆက်သွယ်ရေးနှင့် လက်နက်သယ်ယူမှု စနစ်များ ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်နေကြောင်း သိရသည်။ Northrop Grumman ကုမ္ပဏီက မြန်နှုန်းမြင့် Processing စနစ်သစ် တစ်ခုအတွက် Softwareရော၊ Hardwareပိုင်းပါ မြှင့်တင်မှုကို ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့သည်။

" O.I.C. ကို ဘယ်လိုရင်ဆိုင်ရမလဲ ''


၁၉၆၇ ခုနှစ်မှာ တရုတ်ဗမာအဓိကရုဏ်းဖန်တီးပြီး ဗိုလ်ချုပ်ကြီးနေဝင်း အသက်ရှည်ပါစေလို့ ဆန္ဒဖော်ထုတ်ခဲ့သလို အခု ၂၀၁၂ ခုနှစ်မှာလည်း ရခိုင်အဓိကရုဏ်းတစ်ခု နည်းတူဖန်တီးပြီး သမ္မတကြီးဦးသိန်းစိန် အသက်ရှည်ပါစေလို့ ဆန္ဒဖော်ထုတ်ကြပြန်တယ်။

EU နဲ့ နိုဗဲလ် ဆု မထိုက်တန်ဟု ဒေါက်တာ ဇာနည်ဆို



ဒီနှစ်အတွက် ကမ္ဘြာှု့ငိမ်းချမ်းရေး ဆုကို ဥရောပ သမဂ္ဂ EU က ရသွားတာကို ဒေါက်တာ ဇာနည်က ဒီဆုနဲ့ မထိုက်တန်ဘူး လို့ ရေးသား ဖော်ပြ ထားတာတွေ့ရပါတယ်။ 

OIC မည်သည့်ပုံစံဖြင့်လာလာ ဆန့်ကျင်မည် ဟု စစ်တွေခေါင်းဆောင်များက ဦးထွေးလှအား ပြောကြား


OIC နှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင် ညွှန်ကြားရေးမှူးချုပ်  ဦးထွေးလှ နှင့် စစ်တွေမြို့မှ ဦးဆောင်ဦး ရွက်ပြုသူ အချို့တို့ ယမန်နေ့ညနေ ခုနစ်နာရီခန့်တွင် အလွတ်သဘောတွေ့ ဆုံကြရာတွင်၊ OIC က အသွင်တစ်မျိုးမျိုးဖြင့် ၀င်လာမှုကို ဆက်လက် ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်း တွေ့ဆုံခဲ့သူများက ပြောကြားခဲ့သည်ဟု ယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင် ရှိနေခဲ့သူတစ်ဦးက  Coral Arakan  အားပြောကြား သည်။

ဒေါပုံမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရ


thn-10-13-6ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်တွင်အောက်တိုဘာလ ၁၃ရက်နေ့ ည
 ၉နာရီ ၁၅မိနစ် အချိန်ခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင် ကယ်မောင်းနှင်သူအမျိုးသားနှစ်ဦးစလုံး ပင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မြန်မာရဲ့ နိုင်ငံတကာကြွေးမြီများ လျှော်ရေး ကမ္ဘာ့ဘဏ် ကူညီမည်

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံက  ကြွေးမြီတွေ လျှော်ပစ်ရေးအတွက် ကူ ညီနေတဲ့အကြောင်း ဒီကနေ့ ပြော ဆိုလိုက်ပါတယ်။

ဖျက်ဆီးခံ ဘုန်းကြီးကျောင်းများ ပြန်ဆောက်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ကူညီမည်


ဘင်္ဂလားဒေ့ရှ့်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဗုဒ္ဓဘာသာ ဝင်တွေအတွက် ဒေသခံ အာဏာပိုင်တွေ ဘက်က လုံခြုံရေးအပြည့် ယူပေး
ထားပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကို အသစ်ဆောက် လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။

ကညွတ်ကွင်းမြို့ မှာ ဖောက်ထွင်းမှုတွေ ဆက်တိုက်ဖြစ်ပွါး

ကညွတ်ကွင်းမြို့ မှာ တစ်လအတွင်း ဖောက်ထွင်းမှုကြီး (၁၃) မှု ဆက်တိုက်ဖြစ်သွားခဲ့ပြီး တရားခံမမိသေးဘူး လို့ သိရပါတယ်။ အောက်တိုဘာလ ၁၂၊ ၂၀၁၂  ရက်နေ့ ညကပဲ ကညွတ်ကွင်းမြို့ ဗိုလ်တဲရပ်ကွက်(ရဲစခန်းနဲ့ ကပ်လျက်)မှ အိမ်နှစ်အိမ် ဖောက်ထွင်း ခံရပြန်ပါတယ်။ တစ်အိမ်က ရွှေထည်များ ပါသွားပြီး...