Friday, November 9, 2012

ပြည်နယ်ရဲမှူးကြီးမှ ရခိုင် ပဋိပက္ခနှင့် ပတ်သတ်ပြီး နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဘများကို ခေါ်ယူမေးမြန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင် ငံရေးပါတီများမှ ခေါင်း ဆောင် များနှင့် မြို့မိမြို့ဖ များကို ပြည်နယ် ရဲမှူးကြီးမှ ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည် စိုးနှင့် ဗဟိုေ က်ာမီတီဝင် ရှေ့နေဒေါ်အေးနုစိန်တို့ အားလည်း  ခေါ်ယူမေးမြန်းခဲ့သည်။

မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက်ရန် လိုဟု ဒဲရစ်မစ်ချယ် ဆို

 
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ဖော်ဆောင်လျက် ရှိသည့် မြန်မာနိုင်ငံ အနေနှင့် မြေမြှုပ်မိုင်း အန္တရာယ် ကင်းရှင်းရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် က အကြံပြု ပြောကြားသည်။

ရခိုင်ဒေသပဋိပက္ခနှင့် မီဒီယာအကြောင်း သမ္မတသို့ အိတ်ဖွင့်ပေးစာ

ဦးသိန်းစိန်
ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ
နေပြည်တော်၊  မြန်မာနိုင်ငံ
သမ္မတကြီးခင်ဗျား
အရှေ့တောင်အာရှစာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA) သည် ရခိုင်ပြည်နယ်အတွင်း လူများစု ရခိုင်တိုင်းရင်းသားနှင့် လူနည်းစု ရိုဟင်ဂျာများအကြား နောက်ထပ်တဖန် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများအပေါ် အထူး စိုးရိမ်မကင်းဖြစ်ရသောကြောင့်

ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် နောက်ဆုံးကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။ဒဏ်ရာ ရရှိခဲ့သော ဦးလပြည့်ဦး။ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသူတို့မှာ ပေါက်တောမြို့နယ် ဆံတော်ရှင် ကျွန်း စောမဲကျီ ကျေးရွာမှ ဦးလပြည့် ဦး (၄၀ကျော်) သားအဖ နှစ်ဦးဖြစ်

နယူးဇီလန်ဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ အပြီးတွင် မြန်မာသို့သွားမည်

(Scoop news မှ 8 Nov 2012 ရက်စွဲပါ “PM to attend EAS and visit Myanmar” သတင်းကို yangonchronicle ဘာသာပြန်သည်။)
နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးသည် ပထမဆုံးမြန်မာခရီးစဉ် မတိုင်မှီ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန် အတွက် ကမ္ဘောဒီးယားသို့ ယခုလကုန်ပိုင်းတွင် အရင်သွားမည်ဟု သိရှိရသည်။မစ္စတာဂျွန်ကီးသည် အာဆီယံ ၁၀ နိုင်ငံ အပါအဝင် သြစတြေးလျား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများ အဖွဲ့ဝင်သစ် ရုရှားနှင့် အမေရိကန်ပြည်ထောင်စု

ယခုလအတွင်း ဟားခါးမြို့ပေါ်တွင် ဆိုင် လေး ဆိုင်ဖောက်ထွင်းခံရပြန်ပြီ



ယခုလ နိုဝင်ဘာ ပထမပတ်အတွင်း ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင် လေး ဆိုင် ဖောက် ထွင်းခံရသည်။နိုဝင်ဘာလ ၃ ရက်နေ့ညက ဈေးသစ်ရပ်ကွက် ဆတ်သားလမ်းပေါ်ရှိ Pu Ram Cung ဆိုင်ဖောက် ထွင်းခံရပြီး ကျပ်ငွေ ၅ သောင်းဖိုး ဆိုင်ပစ္စည်း ခိုးယူ သွားသည်။

သူတို့ပြောသော သူတို့အကြောင်း (Hpyen Num တို့ပြောတဲ့ သူတို့ဘ၀) သို့ KIA စစ်သမီးတို့ ဘဝ



 “ကျွန်တော်က ၂၀၀၉ ခုနှစ် ၅ လပိုင်း ၁၄ ရက်နေ့က  လိုင်ဇာပုလိပ်ရုံးဌာနချုပ်ကို ရောက်ခဲ့တာပါ။ ဒီပုလိပ်တပ်ကို ကျွန်တော်ရောက်တာက ကိုယ့်သဘောနဲ့ ကိုယ်ဝင်တာမဟုတ်ပါဘူး။”လို့  အသက် (၂၄) နှစ်အရွယ် KIOမှ အမျိုးသမီး စစ်သမီးတစ်ဦးက စကားစသည်။
 
အနော
ပုလိပ်တပ်ကြပ်ကြီး
KIO တပ်မဟာ(၃)
ကချင်လွတ်မြောက်ရေးအဖွဲ့၌ အမျိုးသမီးစစ်သမီးများတာဝန်ထမ်းဆောင်နေရပုံ၊ တာဝန်ထမ်းဆောင်မှုအခြေအနေနဲ့ ၄င်းတို့ဖြတ်သန်းခဲ့ရသည့် ဘ၀များနှင့်ပတ်သက်၍ သူမက ဆက်ပြောသည်။
 

လိုင်စင်မဲ့ဆိုင်ကယ်၊ ကယ်ရီသမားများအုပ်စုဖွဲ့ ရမ်းကားမှု တညတည်း၌ နှစ်ကြိမ်ဖြစ်ပွား





မြောက်ဥက္ကလာပ (ဂ)ရပ်ကွက် ခေမာသီလမ်း ဆေးတက္ကသိုလ်(၂)ရှေ့နှင့် အဝိုင်း အနီးတွင်      နိုဝင်ဘာ (၆)ရက်နေ့၌    ညသန်းခေါင်ကျော်အချိန်ခန့်တွင်    (၁၅) မိနစ်ခန့်ခြား၍ ဆို င်ကယ် ကယ်ရီ သမားများမှ အုပ်စုဖွဲ့ ရိုက်နှက်မှု တစ်ည တည်း ၌ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒဏ်ရာရသူ(၃) ဦးအနက် မြောက် ဥက္ကလာပ၊ မေဓါ ဝီဆေး ရုံတွင် ဆေးကုသမှု ခံယူနေသော ကိုအောင်မြင့်မြတ်နှင့် ကိုဟန်ဝင်းက---

ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ


http://arakantimes.net/burmese/images/PaukTaw_SoeMaeGye8-11-12.jpg

နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့ နယ်၊ စောမဲကျီကျေးရွာမှ သားအဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး (ဘ)ဦးသာတူးအောင်၊  အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ထာဝရတည်တံ့မည့် အပြောင်းအလဲ

အချိန်တန်လျင် နိုင်ငံရေးမှ ထွက်သွားမည်ဟု တပ်မတော်က ဆိုသော်လည်း တဖက်တွင် ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်မည်ဟု ဆိုသည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံသည် သမိုင်းတွင် အရေးကြီးဆုံး နိုင်ငံရေး အသွင်ကူးပြောင်းမှု တချို့ကို အခုအချိန်တွင် ဖြတ်သန်းနေရသည်။ တမတ်သား အရပ်သားအစိုးရသစ်သည် အကောင်းမြင်ရန်နှင့် သတိကြီးရန်တို့ကို ယူဆောင်လာသည့် ရည်မှန်းချက်ကြီးသော ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို စတင် လျှောက်လှမ်းနေသည်။

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

စံခလပူရီ (မဇ္ဈိမ) ။      ။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအားလည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့နှင့် အီတလီနိုင်ငံရှိ တူရင် Turin (ခေါ်) တိုရီနို Torino မြို့တို့ကို ညီအမမြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်

ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် အီတလီနိုင်ငံရှိ တူရင် Turin (ခေါ်) တိုရီနို Torino မြို့တို့ကို ညီအမမြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအတွက် အီတလီ ဝန်ကြီးချုပ် H.E.Mr.Mario Monti နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ နိုင်ဝင်ဘာလ ၆ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ National Convention Centre ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ကိုရီးယားမင်းသားနှင့် မင်းသမီး ရန်ကုန်ရောက်


နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်မည့် ၇ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်မည့် ကိုရီးယားမင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီမိနစ် ၂၀ အချိန်တွင် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်အရေးမှာ နိုင်ငံတော် မှုဝါဒ ပြတ်သားစွာချမှတ်ရန်လို

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရရဲ့တိကျပြတ်သားတဲ့ မူဝါဒကို ထင်သာမြင်သာ ရှိအောင် ပြည်သူလူထုကို ချပြရမှာဖြစ်တယ်လို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့က မနေ့က နေ့စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးအား တွေ့ဆုံ

မြန်မာ-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊
မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခ ဖြစ်ပေါ်ရာဒေသ များ တည်ငြိမ်အေးချမ်းမှု ရရှိရေး၊
ကချင်ပြည်နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရရှိရာတွင် ဆောင်ရွက်နေမှုများ ဆွေးနွေးခဲ့သည်။
From -မြ၀တီ

ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုဖို့ ရွာ ၅ ရွာက နေထိုင်သူတွေ တောင်းဆို


http://1.hidemyass.com/ip-4/encoded/Oi8vMS5icC5ibG9nc3BvdC5jb20vLWU3ZEtUWHN5RkxZL1VKdzVwLVVUTGdJL0FBQUFBQUFBOTcwL2hQVXVSb2F1WTFNL3MxNjAwLzYzMTU4XzE2OTgxNDYyMzE1ODg0MV85NTI4MTMzMjlfbi5qcGc%3D

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၅ ခုမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အစိုးရက စစ်ဆေးနေရာမှာ အဲဒီကျေးရွာအုပ်စုမှာ နေထိုင်သူတွေက ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြတယ်လို့ စစ်ဆေးရေးသွားခဲ့ သူတွေထံကတဆင့် သိရှိရပါတယ်။

ဆွီဒင် ဝန်ကြီးချုပ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်စုနဲ့ တွေ့မည်



ဆွီဒင် ဝန်ကြီးချုပ် Fredrik Reinfeldt ဟာ လာမယ့် သီတင်း ပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမယ်လို့ ဆွီဒင်ဝန်ကြီးချုပ်ရုံးက မနေ့က ပြောပါတယ်။ဆွီဒင် ဝန်ကြီးချုပ် ဟာ မြန်မာနိုင်ငံမှာ လာမယ့် တနင်္လာနဲ့ အင်္ဂါနေ့ နှစ် ရက် နေထိုင်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဌတွေ၊

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိဟုဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန်နုတ်ထွက် ဖွယ် ရှိနေဆဲဟု အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ြေ ပာကြား ခဲ့သည်။အမေရိကန်၏ နိုင်ငံတကာ ရေးရာ ကဏ္ဍများတွင် အဓိက အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲ မတိုင်မီ ကာလကတည်းက လက်ရှိရာထူးကို စွန့်ခွာရန် စဉ်းစားနေကြောင်း

“ ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့ ”


နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊  ထားဝယ်
ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး၁၅၀ခန့်တင်ဆောင်လာသော   ကွန်တိ
န်နာသင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသ ကြီး အစိုးရအဖွဲ့ထံမှသိရသည်။

ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ မီးရှို့ ဖျက်ဆီးခံရပြီး နောက်ပိုင်း  ပျောက်ဆုံး သွား သည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်းနှိမ်နှင်းရေး  တပ်ဖွဲ့ RAB ကို ကိုးကားပြီး  24 Bdnews

ကားပေါ်မှ လူလေးဦးအား အုပ်စုဖွဲ့၍ အကြမ်းဖက်သူများအနက် နှစ်ဦးကို ဖမ်းမိ

 
ကမာရွတ်မြို့နယ် အင်းစိန်လမ်းပေါ်ရှိ စံရိပ်ငြိမ် ၃ လမ်းထိပ်တွင် ညသန်းခေါင်အချိန်၌ မတ်ခ်တူးယာဉ် တစ်စီးအား ရှေ့နောက် ယာဉ်နှစ်စီးပိတ်ရပ်၍ အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့သူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းဆီး ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မြ၀တီကုန်သည်ငယ်များ ကြောက်ရွံ့ခြင်းမှ ကင်းဝေးဖွယ်ရှိ




 ဆွေးနွေးပွဲ တက်ရောက်သူများ နှင့် ဦးရန်နိုင်ထွန်း (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
 မြ၀တီနယ်စပ် ကုန်သွယ်ရေးဒေသရှိ ကုန်သည်ငယ်များအတွက် သတင်းကောင်းတပုဒ် ရှိနေသည်။

ထုတ်ကုန်သွင်းကုန်လိုင်စင်မရှိဘဲ တနိုင်တပိုင် ကုန်သွယ်နေသူများကို တရားဝင် ကုန်သွယ်မှုပြုနိုင်ရန်အတွက် မြ၀တီနယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက ကတ်ပြားများထုတ် ပေးသွားမည်ဟု သိရသည်။

ဘင်္ဂလီများလက်မှတ်မထိုးသဖြင့် လ၀က များ အခက်တွေ့


လက်မှတ်မထိုးသည့်အတွက်  လ၀က များအခက်တွေ့ နေရကြောင်း သတင်း ရရှိသည်။ ယခင်က လ၀ကများ သည် ဘင်္ဂလီများ၏ လူမျိုးနေရာ တွင် အမှန်အတိုင်း ဘင်္ဂလီဟု ရေးသားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလီများက ---ျာ ဟုရေး မှ သာလက်မှတ်ထိုးမည်ဆို လာသဖြင့် ခေါင်း ကိုက်နေရခြင်းဖြစ်ကြောင်း ၊ ယနေ့ တွင်လည်း လက်မှတ်မထိုးသေး

စစ်အစိုးရလက်ထက် မှောင်ခိုကုန်သွယ်မှု စွပ်စွဲချက်ဖြင့် အရေးယူခံရသူများ လွတ်ငြိမ်းခွင့်ရဖွယ်ရှိ

လွန်ခဲ့သောခြောက်နှစ်က မှောင်ခိုတင်သွင်းသည်ဟုစွပ်စွဲကာ အရေးယူခံခဲ့ရသော ကုန်ကား ၉၉ စီးနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၊ ၀န်ထမ်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က သမ္မတဦးသိန်းစိန်သို့ နှုတ်ဖြင့် တင်ပြပြောဆိုပြီးပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဦးမောင်ကပြောသည်။

အကျင့်ပျက်ခြစားမှုအား ချေမှုန်းရန် သမ္မတ ဟူကျင်တောင် တိုက်တွန်း

တရုတ်သမ္မတဟူကျင်တောင်ကအကျင့်ပျက်ခြစားမှုအား ချေမှုန်းသုတ်သင်ရန် ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် တွန်းအားပေးပြောကြားခဲ့သည်။

၁၈ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် သမ္မတ ဟူကျင်တောင်က အဖွင့်အမှာစကားပြောကြားရာ၌ အကျင့်ပျက်ခြစားမှုသည် ပါတီနှင့် နိုင်ငံအား ခြိမ်းခြောက်လျက်ရှိနေပြီး ယင်းအား အမြစ်ပြုတ် ချေမှုန်းသွားရန် ထည့်သွင်းပြောကြားသွားခဲ့သည်။

အနောက်ဒီမိုကရေစီကို တရုတ်ပုံတူကူးမည်မဟုတ်

တရုတ်သမ္မတ ဟူဂျင်တောင်းက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့၊ အုပ်ချုပ်ရေး စနစ်ကောင်းမွန်အောင် ပြုပြင်ဖို့ ၊ တိုင်းပြည်မပြိုကွဲအောင် ထိန်းသိမ်းဖို့ စီးပွားရေးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ မစ္စတာ ဟူဟာ ခေါင်းဆောင်သစ်တွေေ ရွးချယ်မယ့် ပါတီကွန်ဂရက်မှာ ကြာသာပတေးနေ့က လမ်းညွှန်မိန့်ခွန်းတရပ်ပြောကြားခဲ့တာပါ။ နိုင်ငံတနံတလျှားက ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောကြားရမှာ ၊ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးစနစ် ခေတ်မှီရေးကြိုးပမ်းဖို့

အိုဘားမား ဒုတိယသက်တမ်း မြန်မာကိစ္စ အရေးကြီး

အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ် အတွင်း မြန်မာနိုင်ငံကိုပါ သွားဖို့ စီစဉ်တာဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်းအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ Rutgers တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Joseph Silverstein က သုံးသပ်ပါတယ်။ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ အခုလို စီစဉ်တာဟာ မြန်မာနိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သမ္မတအိုဘားမား အရှေ့တောင်အာရှခရီးစဉ် ကြေညာချက်

သမ္မတအိုဘားမားဟာ ဒီလအတွင်းမှာ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသကို ခရီးထွက်မယ်လို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ သမ္မတအိုဘားမား ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ နဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်တို့ဆီကို နိုဝင်ဘာလ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဘားကမ့် ရန်ကုန် ၂၀၁၃ ဇန်နဝါရီ တွင် ကျင်းပမည်


ရန်ကုန် ၊ နိုဝင်ဘာ ၈

ဘားကမ့် ၂၀၁၃ ကို ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် ကျင်းပသွားမည်ဟု အဆိုပါ ပွဲကို ဦးဆောင်ကျင်းပမည့် Myanmar ICT Development Organization ( MIDO)မှ မရတနာ က နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားသည် ။“နိုဝင်ဘာ ၉ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ် ၊ ပွဲက ဇန်နဝါရီ ၁၉၊ ၂၀ မှာ လုပ်မယ်၊ Sponser က တော့ လောလောဆယ် ရှာနေတုန်းပါပဲ ” ဟု ၎င်းကပြောကြားသည် ။

ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အိုဘားမား၏ ခရီးစဉ်ကို အမေရိကန်အိမ်ဖြူတော် အတည်ပြု

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန်အိမ်ဖြူတော်က နိုဝင်ဘာလ ဂ ရက်က အတည်ပြုခဲ့သည်။ယခုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုသမ္မတတစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ယင်းသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများအပေါ် ၀ါရှင်တန်က ထောက်ခံမှုပေးသည့် နောက်ဆုံးအချက်ပြမှု တစ်ခုလည်း ဖြစ်သည်။