Tuesday, November 13, 2012

ရှုထောင့်မျိုးစုံပြောင်းလဲမှုများ မျှော်လင့်နိုင်သည့် အိုဘားမား၏ မြန်မာပြည်ခရီးစဉ်

http://www.myitmakhamediagroup.com/administratorpanel/image/13-11-12-7.jpg

အမေရိကန်နိုင်ငံသမ္မတဘားရတ်အိုဘားမား၏  မြန်မာပြည်ခရီးစဉ်မှနေ၍  ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ၄င်းထံမှ အကြံဥာဏ်ကောင်းများ ရရှိနိုင်ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီအချို့က သုံးသပ်နေကြသည်။

ဘင်္ဂလားနှင့် နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်ဟု မြန်မာဘက်မှပြော


http://www.narinjara.com/burmese/wp-content/uploads/2012/11/Myanmar-cargo-boat.jpg

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် နိုဝင်္ဘာလ ၁၁ ရက်နေ့က ပြုလုပ် ခဲ့ကြသော နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။

ကမန်တိုင်းရင်းသား စစ်စစ် သုံးသောင်းသာရှိသော်လည်း ကမန်အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူထားသူ နှစ်သိန်းကျော်ရှိ


ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်နေကြသော ကမန်တိုင်းရင်းသား လူမျိုး အရေအတွက်မှာ သုံးသောင်းခန့်သာရှိသော်လည်း ကမန် တိုင်းရင်းသား အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူ ထားသူမှာ နှစ်သိန်း (၂၀၀၀၀၀) ကျော် ရှိကြောင်း ကမန် တိုင်းရင်း ခေါင်းဆောင် တစ်ဦးက ပြောသည်။

ဆရာတော် ဦးဝီရသူမှ ရခိုင်ဒုက္ခသည်စခန်းသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

 
မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်အတွင်းရှိ ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ထွက်ပြေးလာသည့် ရခိုင်ပြည်သူများ နေထိုင်သည့် ဒုက္ခသည်စခန်းသို့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း တိုက် ဆရာတော် ဦးဝီရသူမှ ပဲ ၂၄၀ ပိသာ၊ ငါးခြောက် ၈၃ ပိသာ၊ အာလူး ၁၂၀ ပိသာ၊ ကြက်သွန်နီ ၅၀ ပိသာ၊ ကြက်သွန်ဖြူ ၂၅ ပိသာ၊ ကြာဇံ ၅၀

တောင်ကုတ်မြို့နယ် NLD ကျေးရွာ အလုပ်အမူဆောင်ကော်မီတီများကို မဲစနစ်ဖြင့် ရွှေးချယ် ဖွဲ့စည်း



တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကျေးရွာ အလုပ်မူဆောင် ကော်မီတီများကို မဲစနစ်ဖြင့် ရွှေးချယ်၍ ဖွဲ့စည်းပေးနေရာ ယမန်နေ့က ကျေးရွာ အုပ်စု ၁၃ ခုတွင် ဖွဲ့စည်းပြီးခဲ့သည်ဟု သတင်း ရရှိသည်။

လုပ်သား ၁၁ ဦး ပိတ်မိသည့် သတင်းမှာ အမှန်မဟုတ်ကြောင်း သတင်းဖော်ပြ


နိုဝင်ဘာလ ၁၁ ရက်နေ့က ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သပိတ် ကျင်းမြို့နယ်အတွင်းရှိ ရွှေတွင်း လုပ်ကွက်များအတွင်း ပိတ်မိခြင်း၊ သေဆုံး ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ကြောင်း သပိတ်ကျင်းဒေသခံများက Eleven Media Group သို့ ပြောကြားခဲ့သည်။

ငလျင်ဒဏ်ခံရသည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအ၀င် အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်



ငလျင်ဒဏ်ခံရသည့် ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအ၀င် လူထုလူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု နိုင်ငံတော် သမ္မတရုံးမှ နိုဝင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်။

မယ်မြန်မာပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာများ ဖိတ်ခေါ်

miss myanmar 2012
၂၀၁၃ နိုင်ငံတကာမယ်ပြိုင်ပွဲ (Miss International 2013) သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် Miss Myanmar International 2013 ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် လျှောက်လွှာ များခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း အရပ် ၅ ပေ ၅ လက်မနှင့်အထက် ရှိရမည်ဖြစ်ပြီး

နေပြည်တော် တောင်ဘက် ၃၅ မိုင်အကွာကို ဗဟိုပြု၍ ယနေ့နံနက် အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု လှုပ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၃
ယနေ့နံနက်၈နာရီ၂၃မိနစ်၀၄စက္ကန့်အချိန်က နေပြည်တော်မြေငလျင်စခန်း၏ တောင်ဘက် ၃၅ မိုင်အကွာ ၊ မန္တလေး မြေငလျင်စခန်းမှ ၁၈၈ မိုင်အကွာ ဆွာမြို့အနောက်ဘက် ၁၄ မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၄.၈ ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ် သွားကြောင်း နေပြည်တော်မြေ ငလျင်စခန်းမှ သိရသည်။ 
Popular Myanmar News Journal သတင်းတို
 

လယ်ယာမြေ ဥပဒေအရ လယ်ကို ပေါင်နှံပြီး ချေးငှားနိုင်ဟု သမ္မတဆို


ရန်ကုန် (မဇ္ဈိမ) ။         ။ လယ်ယာမြေ ဥပဒေအရ လယ်ယာကို ပေါင်နှံ ပြီး ငွေချေးငှားမှု ပြုနိုင်မည် ဖြစ်ကြောင်းနိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။နိုဝင်ဘာလ ၁၁ ရက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ ရွှေတောင် သုတေသနခြံ၌ ဒေသေခံ တောင်သူ လယ်သမားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

inside
နယူးဒေလီ (မဇ္ဈိမ) ။      ။ မြန်မာ့ဒီမိုကေ ရစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် သည် အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီယာဂန္ဓီ၏ ဖိတ်ကြားချက်အရ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ ချမှုပြုရန်အတွက် အိန္ဒိယနိုင်ငံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂

လွှတ်တော်၌ ဖက်ဒရယ်သဘောထားကို တင်ပြဆွေးနွေးရန် တိုင်းရင်းသားပါတီများ စီစဉ်

http://www.myitmakhamediagroup.com/administratorpanel/image/12-11-12-10.jpg
တိုင်းရင်းသားများအား တစ်စုတစ်စည်းတည်း ဖြစ်စေရန်စုစည်းလိုသည့်  ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ လွှတ်တော်တွင်း တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်ခဲ့သည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)က သိရသည်။

အာဆီယံ-အာရှ လမ်းပိုင်းတခု ကျပ်သန်း ၆,ဝဝဝ ကျော်ဖြင့် ဖောက်လုပ်မည်



ရန်ကုန် (မဇ္ဈိမ) ။        ။ အာဆီယံနှင့် အာရှလမ်းမကြီးအတွင်း ပါဝင်နေသည့် ရှမ်းပြည်နယ် နမ့်ဆန်-ကွမ်ဟိန်း-တာကော်-မိုင်းပြ-ကျိုင်းတုံ လမ်းအား ကျပ်သန်းပေါင်း ၆,ဝဝဝ ကျော် အကုန်အကျခံ ၍ ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။“နမ့်ဆန်-ကျိုင်းတုံ လမ်းက မိုင် ၂ဝဝ ကျော် အရှည်ရှိပါတယ်။ ဆောက်လုပ်ရေးနဲ့ ကုမ္ပဏီအဖွဲ့ ၁၃ ဖွဲ့က

တရုတ်သို့အဓမ္မထိမ်းမြားမှုနှင့် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီးတစ်ဦး၏ ဖွင့်ဟ၀န်ခံချက်


http://www.myitmakhamediagroup.com/administratorpanel/image/13-11-12-2.jpg

 မြန်မာနိုင်ငံအတွင်းရှိ လူကုန်ကူးမှုဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံ များ၏ (၆၅)ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီးများပင်ဖြစ်၍ (၈၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

မိုင်းငေါ့မြို့နယ်တွင် SSA၀မ်ဟိုင်းသောင်းကျန်သူအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၃နာရီလောက်က မိုင်းငေါ့မြို့ အတွင်းသို့ SSA ၀မ်ဟိုင်း အဖွဲ့မှ လက်နက်ကြီးနဲ့ ပစ်ခတ်သွားခဲ့ပါသည်။ လက်နက်ကြီး ၄လုံးနဲ့ ပစ်ခတ်သွားခဲ့ပြီး ၃သုံး ပေါက်ကွဲပြီး ကျန်တစ်လုံးမှာ
ပေါက်ကွဲခြင်း မရှိခဲ့ပေ။ မိုင်းငေါ့ အုပ်ချုပ်ရေးမှူးမှ စစ်တပ်ကို ဖုန်းဖြင့်ပြောပြပြီး စစ်တပ်မှ လာရောက်စစ်ဆေးပြီး မပေါက်ကွဲသေးတဲ့

ကျောက်တော်မြို့နယ် အတွင်း နိုင်ငံသားကတ် ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ လူမျိုးမရှိ

ရခိုင်ပြည်နယ် အတွင်း ၁၉၈၂ နိုင်ငံသား ဥပဒေဖြင့် ဆောင်ရွက် လျက်ရှိရာ ကျောက်တော် မြို့နယ်တွင်း၌ တရားဝင် နိုင်ငံသား ကဒ် ဆောင်ထားသော ဘင်္ဂါလီလူမျိုးများ မရှိကြောင်း ကျောက်တော်မြို့ နယ် လူဝင်မှု ကြီးကြပ်ရေးမှ အရာရှိ က ထုတ်ဖော် ပြောကြားသည်။ ၁၉၆၀ ခုနှစ် မတိုင်ခင် ကာလတွင်း ၀င်ရောက်လာသော တိုင်းရင်းသား

ရွှေဘိုငလျင် ပျက်စီးဆုံးရှုံးမှုနှင့် အသေအပျောက်စာရင်း အတိအကျမသိနိုင်သေး

နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းကလှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချက်စ်တာစကေး ၆ ဒသမ ၈ ရှိ ရွှေဘိုငလျင် ကြောင်း ဖြစ်ပေါ်ခဲ့သော ပျက်စီးဆုံးရှုံးမှုနှင့် လူအသေ အပျောက် စားရင်းကို အတိအကျမသိ ရှိနိုင်သေးကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၂

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Fredrik Reinfeldt ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ယုံကြည်အောင်ပြောဆိုလိမ်လည်သူအား ဖမ်းဆီးရမိ



၂၆.၁ဝ.၂ဝ၁၂ ရက်နေ့ ၁၁ဝဝ အချိန်ခန့်တွင် တရားလို ကြည်း ၄ဝ၈၇ဝ ဗိုလ်ကြီး ကျော်နိုင်လင်း ခလရ(၂၇၃)၊ တာဆိုင်း၊ မိုးမောက်မြို့နယ်နေသူ သည် ဗန်းမော်မြို့နယ်ထဲ၌ရှိနေစဉ် ၎င်းကိုင်ဆောင် ထားသော CDMA ဖုန်းအမှတ် ဝ၉၄၉၅၈၆၉၃ဝ သို့ ဝ၉၄၃၁၃၄၁ဝ၄ ဖုန်းဖြင့် အမျိုးသား တစ်ဦးမှ ဆက်သွယ်ခဲ့ပြီး ၎င်းသည် ဆက်သွယ်ရေး

ဆေးဝါးလွန်ကဲမှုကြောင့် အဆိပ်သင့်မှု များလာ

 
အဆိပ်သင့် ကုသမှု ဌာနများတွင် ဆေးဝါးလွန်ကဲခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းနှင့် မတော်တဆ ဖြစ်ပွားသည့် အဆိပ် သင့်ခြင်းတို့တွင် ဆေးဝါးကြောင့် အဆိပ်သင့်ခြင်းသည် ဖြစ်ပွားမှု များပြားလာကြောင်း ထိုဌာနများရှိ တာဝန်ရှိသူ အချို့က ပြောသည်။ ယခုနှစ်ပိုင်းများအတွင်း ဆေးဝါးကြောင့် အဆိပ်သင့်ခြင်းသည် အဆိပ်

မြေငလျင်ဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတော်က ၀မ်းနည်း ကြေကွဲ ရ



ရွှေဘိုနဲ့ အနီးတ၀ိုက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မြေငလျင် ဒဏ်သင့်ဒေသ အရေးပေါ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ကြိုးပမ်း ဆောင်ရွက်နေတဲ့  အစီအမံဆိုင်ရာကို သမ္မတ ရုံး က ယမန်နေ့ညက အသိပေး ကြေညာလိုက်ပါတယ်။

မိုးဟေကိုက ခင်ပွန်းဟောင်းရဲ့ ကြေညာချက်ကို တုံ့ပြန်


နာမည်ကြီး မော်ဒယ် သရုပ်ဆောင် မိုးဟေကိုက လက်ရှိနေထိုင်နေတဲ့ သူ့အမည်နှင့် နေအိမ်ဟာ ခင်ပွန်း သည်ဟောင်း ဦးညီညီထွန်း ၀ယ်ပေးခဲ့ တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ မကြာသေးခင်က ခင်ပွန်းဟောင်းရဲ့ အဆိုပါနေအိမ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပေးဖို့ သတင်းစာက တဆင့်  တောင်းဆိုထား ပါတယ်။ 

နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၄ အား Download ရယူနိုင်ပါသည်


အောက်ပါ link များတွင် download ရယူပါ။

http://www.mediafire.com/?475loe7ay5tvc75
https://www.box.com/s/5yt3vzqs02nq9uw2wlqt
http://db.tt/0HUpNh1W

ဆေးလိပ်မှောင်ခို တိုက်ဖျက်ရေး နိုင်ငံ ၁၇၀ကျော် သဘောတူ



တရားမ၀င် ဆေးလိပ် ကူးသန်းရောင်းဝယ်ရေးကို လျှော့ချနိုင် မယ့် နိုင်ငံတ ကာ သဘောတူညီချက် တရပ်ကို နိုင်ငံပေါင်း ၁၇၀ ကျော် သဘောတူ လိုက်ကြပါပြီ။ အစိုးရ ကိုယ်စားလှယ်တွေ၊ နိုင်ငံတ ကာ အဖွဲ့အစည်းတွေ တနလာင်္နေ့က တောင်ကိုးရီးယား နိုင်ငံ ဆိုလ် မြို့တော် မှာ ပြုလုပ် တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တညီတညွတ်တည်း အတည်ပြု လိုက်ကြ

ခါးပိုင်နှိုက်(၃)ဦးကို ဖော်ထုတ်ဖမ်းဆီးမိခြင်း


ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ကြီးကြပ်၍ ခရို်င်/မြို့နယ်များမှ မှုခင်းတားဆီးနှမ်နင်းရေး---- လှိုင်းလုံး စီမံချက် ---- အားဆောင်ရွက်လျက်ရှိရာ မြောက်ပိုင်းခရိုင်အထူးအဖွဲ့မှ ခါးပိုက်နှိုက်ပြစ် ချက်ဟောင်းရှိသူ သန်ဌေး(ခ)ငါးရှဉ့်၊ မ၀င်းဝင်းလှိုင်(ခ)တုံးညှပ်၊ အေးနိုင် (ခ) ကိုဦးတို့အားအမှတ်(၈၂)ယာဉ်လိုင်း ဒိုင်နာခရီးသည် တင်ယာဉ်ပေါ်၌

အမှတ် (၂) ကုန်သွယ်ရေးလမ်းတွင် လူစီးကားတစီးတိမ်မှောက် ၂ ဦးသေ


http://khonumthungburmese.org/wp-content/uploads/2012/11/IMG_1080.jpg

ချင်းပြည်နယ်၏ စီးပွါးရေးအသက်သွေးကြောတခုဖြစ်သော အမှတ် (၂) ကုန်သွယ်ရေးလမ်း တွင် နိုဝင်ဘာ ၈ ရက်နေ့က လူစီးကား တစီး တိမ်မှောက်ခဲ့ရာ ပွဲချင်းပြီး ၂ ဦးသေဆုံးပြီး ၁၀ ဦး ကျော် ဒါဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။အိန္ဒိယ-မြန်မာနယ်စပ် Tiau ချောင်းမှ ကလေးမြို့သို့ တက်သွားသောရွှေနယ်စပ် ခရီးသည်တင် လူစီးကားသည်

ငလျင်ဘေး အကူအညီပေးမှုတွေ စတင်လုပ်ဆောင်



လူအသေအပျောက်တွေ ရှိတဲ့အထိ ဖြစ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်ကြရသူတွေ ကို   နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေက အကူအညီတွေ စပေးနေကြပြီ ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေအတွက် ဒီကနေ့ ကျပ် သိန်း ၁၀၀ လှုခဲ့ပြီး ဦးကျော်သူ ဦးဆောင်တဲ့

တောင်ကိုရီးယားပိုင် စက်ရုံက အလုပ်သမား ၇၀ ကျော် အလုပ်ထုတ်ခံရ



ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ကိုရီးယားနိုင်ငံသား ပိုင် မြန်မာဟေးဝေး (Myanmar Hae Wae) အထည်ချုပ်စက်ရုံက အလုပ်သမား (၇၀)ကျော်ကို စက်ရုံဘက်ကနေ အလုပ်ထုတ်လိုက် တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဒီကနေ့ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြတယ်လို့ သိရပါတယ်။

The Voice Weekly ၏ facebook စာမျက်နှာပါ “ ငလျင်ထပ်လှုပ်သဖြင့် ဒုတိယသမ္မတလှည့်ပြန် ” ဟူသောသတင်း မှန်ကန်မှုမရှိ

Photo: The Voice Weekly ၏ facebook စာမျက်နှာပါ “ ငလျင်ထပ်လှုပ်သဖြင့် ဒုတိယသမ္မတလှည့်ပြန် ” ဟူသောသတင်း မှန်ကန်မှုမရှိ 
Monday, November 12, 2012

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရတနာသိင်္ခတံတားစီမံကိန်းသို့
နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာရောက်စဉ် ငလျင်ထပ်မံလှုပ်ခဲ့သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် The Voice Weekly ၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ 

၎င်းသတင်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ စီးနင်းလိုက်ပါသွားသည့် ရဟတ်ယာဉ်ကို မောင်းနှင်သည့် ရဟတ်ယာဉ်မှူးတစ်ဦးမှ ပြောကြားရာတွင် အဆိုပါသတင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ဒုတိယသမ္မတ အနေဖြင့် မန္တလေးသို့ ညနေပိုင်း ၄ နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး ၎င်းနေရာသို့
သွားရောက်ရန် အချိန်တွက်ချက်ရာ ရဟတ်ယာဉ်ပျံသန်းချိန် တစ်နာရီကျော်ရှိပြီး မန္တလေးသို့ ရဟတ်ယာဉ်ပြန်လာရာတွင်
မှောင်ချိန်ရောက်သွားမည်ဖြစ်သဖြင့် ရဟတ်ယာဉ်ပျံသန်းမှုအတွက် အန္တရာယ်များ၍ နိုင်ငံတော်အကြီးအကဲ တစ်ဦးအနေဖြင့် သွားရောက်ရန် မသင့်လျော်ကြောင်းနှင့် နောက်တစ်နေ့မှသာသွားရောက်ရန် တာဝန်ရှိ
သူများက တိုက်တွန်း ခဲ့ကြကြောင်း၊ သို့သော် ဒုတိယသမ္မတမှ ငလျင်
ဒုက္ခသည်များနှင့်တွေ့ဆုံရန် စိတ်အားအလွန်ထက်သန်နေပြီး အချိန် 
၁၀ မိနစ်ရရ၊ ၁၅ မိနစ်ရရ ငလျင် ဒုက္ခသည်များကို တွေ့ဆုံအားပေး၍ အလှူငွေများပေးအပ်လိုသဖြင့် ခရီးသွားချိန်လုံလောက်နိုင်သည့် သပိတ်ကျင်းမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့သို့ 
ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့ပြီး ဒုက္ခသည်များကို
တွေ့ဆုံအားပေးစကားပြောကြားပြီး အလှူငွေများ ပေးအပ် ကာ မန္တလေးသို့  ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးသို့ ရောက်ရှိခဲ့ကြောင်း ပြောဆို သွားခဲ့ပါသည်။ 

၎င်းမှ ဆက်လက်ပြောကြားရာတွင် ၎င်းတို့ မန္တလေးကို ပြန်လည်ရောက်ရှိပြီး The Voice Weekly Facebook စာမျက်နှာတွင် ယင်းသတင်းမှားအား
တွေ့ရှိရသည့်အတွက် များစွာအံ့သြမိရကြောင်း၊ အများပြည်သူ ယုံကြည်
ရသော သတင်းဌာနတစ်ခုအနေဖြင့် သတင်းမှန်များကို သေချာစိစစ်၍ သတင်းအရင်းအမြစ်တိကျသေချာမှုရှိမှသာ ဖော်ပြရေးသားစေလိုကြောင်း
ပြောဆိုသွားပါသည်။

နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့ဝင်များသည် 
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် သပိတ်ကျင်းမြို့သို့
ရောက်ရှိခဲ့ပြီး ငလျင်ဒုက္ခသည်များကို တွေ့ဆုံအားပေးကာ အလှူငွေများ
ပေးအပ်ခဲ့ကြောင်းနှင့် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်ရာ
ဒေသများသို့သွားရောက်၍ ပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကား
ပြောကြားပြီး အလှူငွေများပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့်     ပျက်စီးသွားသော ရတနာ    သိင်္ခတံတားစီမံကိန်းသို့
နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လာေ
ရာက် စဉ် ငလျင် ထပ်မံလှုပ်ခဲ့သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်း ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် The Voice Weekly ၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရှိအကျဉ်းထောင်များတွင်မတရားကျခံနေရသော မြန်မာနိုင်ငံသားများရှိပါက နိုင်ငံတော်အဆင့်နေဖြင့် ဆောင်ရွက်သွားမည်ဟုဆို

ထိုင်းနိုင်ငံရှိ အကျဉ်းထောင် များတွင် မတရားကျခံနေရသော မြန်မာနိုင်ငံ သားများရှိပါက နိုင်ငံ တော် အဆင့် အနေဖြင့် ဆောင်ရွက် သွားမည်ဖြ စ်ကြောင်း အ လုပ်သမား ဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက The Messenger ဂျာနယ် သို့ အတည်ပြုပြောကြားသည်။'' ထိုင်းနိုင်ငံမှာ ရောက်နေကြ တဲ့ မြန်မာနိုင်ငံသားတွေထဲက မတ ရားသဖြင့်