Wednesday, November 28, 2012
ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ဖွဲ့စည်း
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက် ပန်းတောင်းတောင် ကြေးနီစီမံကိန်း
ရပ်ဆိုင်းဖို့အတွက် အရှိန်အဟုန်မြင့်တဲ့ အနေနဲ့ ဒီကနေ့မှာ မုံရွာက
သံဃာတော်တွေအပါအဝင် ဒေသခံလူထု (၅၀၀)ကျော်ဟာ လက်ပန်းတောင်းတောင်
ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီကို ဒီကနေ့
နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
အရွယ်မတိုင်ခင် လက်ထပ်ကြတဲ့ ၁၂ နှစ်အရွယ်သတို့သမီးနဲ့ ၁၉ နှစ် သတို့သား
၁၂ နှစ်အရွယ် သတို့သမီးနှင့်
၁၉ နှစ်အရွယ် သတို့သား တို့ရဲ့
မင်္ဂလာ အခမ်းအနားကို သတို့
သမီး ဖခင်နှင့် အစ္စလာမ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီးနောက် မလေးရှားနိုင်ငံ မြောက်ပိုင်း Kedah ပြည်နယ်မှာ ပြီးခဲ့သည့် အပတ်က ကျင်းပ ခဲ့ ပါသည်။မဟုတ်ကဟုတ်က
တွေလျှောက်လုပ်နေတာနဲ့စာရင် သူတို့ကို ပေးစားလိုက်တာက ပိုကောင်း ပါတယ်လို့
သတို့ သမီး ဖခင်ဖြစ် သူ Saad Mustafa က ဆိုပါတယ်။
Tuesday, November 27, 2012
သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ဖွဲ့စည်ုး့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအသစ် ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အောက်ဖော်ပြပါ သတင်းထုတ်ပြန်ချက် အမှတ် ၈ ကို ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက် ပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၈/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အသစ်ပြန်လည် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သဝဏ်လွှာများ ပေးပို့ခြင်း
မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်ဟု တရုတ်သတင်းစာရေးသား
(IANS NEWO မှ20 Nov 2012 ရက်စွဲပါ “US can’t squeeze China out of Myanmar, says daily” သတင်းကိုဘာသာ ပြန်ဆိုသည်)
ရန်ကုန်ရောက်
ပထမဆုံးအမေရိကန် သမ္မတအဖြစ် ဘားရက်အိုဘားမား
မြန်မာနိုင်ငံသို့သွားရောက်ပြီး နောက်တစ်ရက်အကြာတွင် တရုတ်နိုင်ငံပိုင်
အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့
ဖယ်မထုတ်နိုင်”ဟု ရေးသာလိုက်ပါသည်။
ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်
မဇ္ဈိမ သတင်းဌာန ။ ။ ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့်
ရင်းနှီးမြှုပ်နှံမှုဝန်ကြီး သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့
နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။
“Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်ဟု MPT သတင်းထုတ်ပြန်”
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်
မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာ နက်သုံးစွဲခအား ယခင်က သုံးစွဲချိန်အပေါ်မူတည်၍
တွက်ချက်သော Time Based Charging စနစ်ဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မိမိအသုံးပြုသော ပမာဏအလိုက် ပေးချေရမည့် Volume Based Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။
ကျိုင်းတုံမြို့(နောင်နွန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင် လက်နက်/ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
နိုဝင်ဘာ ၂၂ ရက်က တြိဂံဒေသတိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း သတင်းအရ တာချီလိတ်မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း ဦးစိုင်းထွန်း(ဘ) ဦးလောဘ
မောင်းနှင်လာသော Light truck (အနီရောင်)ယာဉ်အား ကျိုင်းတုံမြို့
(နောင်နွန်း) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ နယ်မြေခံတပ်၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးရာ အဆိုပါယာဉ်ပေါ်၌
လိုက်ပါလာသူ မနန်းမွန်းလင်း(ဘ) ဦးလုံနန္တိအား တရားမဝင် သယ်ဆောင်လာ သည့်
Slide Action Shot
မြန်မာဆက်သွယ်ရေးရဲ့ အင်တာနက်သုံးစွဲခ ပြောင်းလဲကောက်ခံသည့်အပေါ် အင်တာနက်သုံးစွဲသူများက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်နေကြပြီ
တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ အစိုးရက ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတာကို data နဲ့ ယူမယ်ဆိုပီး ကြေငြာထားတယ်။ တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ်၊ ဥပမာ စင်ကာပူဆိုပါတော့
M1 mobile မှာ ဖုန်းသွားဝယ်မယ် ဆိုရင် ဖုန်း sim card ကို သွားဝယ်မယ်ဆိုရင်
iphone 5 ပေးပါတယ်။ ၂ နှစ်စာချုပ်နဲ့ပါ တစ်ခါထဲ ပေးဖို့က iphone 5 16 GB
ယူမယ်ဆိုရင် 430
International Cirsis Group က သမ္မတ ဦးသိန်းစိန်ကို In Pursit of Peace ဆုတံဆိပ်ချီးမြှင့်မည်ဟုထုတ်ပြန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အား International
Cirsis Group (ICG) က In Pursit of Peace ဆုတံဆိပ်
ချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ICG သည် နှစ်စဉ် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့်
လုံခြုံဘေးကင်းရေးအတွက် အား ထုတ်ကြိုး ပမ်းရာတွင် ထင်ရှားသူများကို
ချီးမြှင့်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် သမ္မတဦးသိန်းစိန်နှင့်
ဘရာဇီးသမ္မတဟောင်း
ဝန်ကြီးဌာနများနဲ့ သူတို့ရဲ့ အင်တာနက် စာမျက်နှာ
![]() |
| ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာ |
အစိုးရ၀န်ကြီးဌာနတွေ
ကိုယ်ပိုင်ဝက်ဆိုက် ဖန်တီးကြဖို့၊ ဌာနရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နဲ့
တပြေးညီ တင်ဖို့ အထက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီနှစ်မကုန်ခင်
အွန်လိုင်းမှာ ဌာနစုံ ရှိနေရမယ်လို့ ဆိုပါတယ်။ဌာန ဆိုင်ရာတို့ရဲ့ ၀က်ဆိုက်တော်တော်များများ ရှိနေပေမယ့် နှစ်များစွာ
အသုံးမပြု တာ မပြုပြင် မမွမ်းမံတာတို့ကြောင့် တချို့ ၀က်ဆိုက်တွေမှာ
လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ယနေ့ထွက်ပြီ
“အရွယ်မရောက်သေးသူများ မဖတ်ရ” သတိပေးစာတန်းပါ လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ပထမဆုံး ထုတ် မဂ္ဂဇင်း ယနေ့ စတင်ထွက်ရှိလာပါတယ်။
ရန်ကုန်မှာတော့ ဒီမဂ္ဂဇင်းဟာ ရောင်းအားကောင်းမယ်လို့ မှတ်ချက်ပေးသံတွေထွက်ပေါ်လာနေပါတယ်။
ရန်ကုန်-မန္တလေးကားလမ်းမပေါ်ယာဉ်တိမ်းမှောက် တရုတ်အမျိုးသား သုံးဦးသေဆုံး
ရန်ကုန်-မန္တလေးကားလမ်းပေါ်
တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
ရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်း
ပြီးသေဆုံး သွားကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂျဲရိုးကာသည် မိုင်တိုင်အမှတ်၃၁၈/၂ အနီးတွင်
နိုဝင်ဘာ ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂျဲရိုးကာသည် မိုင်တိုင်အမှတ်၃၁၈/၂ အနီးတွင်
"မွတ်စလင်ကုလားမှ အလိုမတူဘဲ အတင်းအဓမ္မ လက်ထပ်ပေါင်းသင်း"
ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့
သတင်းစာထဲမှာပါတဲ့ ကြော်ငြာနဲ
ပြီးခဲ့တဲ့ စနေနေ့ က ဖေ့စ်ဘုတ်ပေါ်
မှာ ပျံ့နှံ့ခဲ့တဲ့ အကူအညီတောင်း
စာလေးကို ဖတ်မိပြီး စိတ်ထဲမှာ မတင်မကျဖြစ်နေလို့ပါ။ရန်ကုန်ဆေးရုံကြီး
ဓာတ်မှန်ဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦးအား မင်းမဲ့စရိုက်ဆန်ဆန်
အုပ်စုဖွဲ့ပြီး အတင်းအဓမ္မလက်ထပ်ခိုင်းစေမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့
"ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်မှုဖြစ်ပွား”
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ
အတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာ
န၌ ယနေ့ နံနက် အစောပိုင်းက
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး
စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။
"လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ"
ချစ်သုဝေက လူကုန်ကူးမှုဆိုင်ရာ ပညာပေးရေး အတွက်ကျင်းပတဲ့
ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင် ဖျော် ဖြေ မှာဖြစ်ပြီး ဒီပွဲမှာဂရမ်မီနှစ်ဆုရ
နာမည်ကျော် အဆိုတော် ဂျေဆင်မရတ်လည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါ တယ်။ ဒီပွဲနဲ့ပတ်သက်ပြီးချစ်သုဝေက..
"MTV EXIT က ထရီဇာကို သီချင်းဆိုပေးဖို့ ကမ်းလှမ်းတယ်။ ဂျေဆင် မရတ်လည်း လာ
မယ်။ နိုင်ငံတကာ အဆိုတော်လာမှာကို
အစိုးရသစ်လက်ထက်၌် အမျိုးသမီးအခွင့်အရေး တိုးတက်မှုများရှိလာ
မြန်မာနိုင်ငံအမျိုးသမီးများ၏အခွင့်အရေးနှင့်အခန်းကဏ္ဍမှာ နိုင်ငံတကာ စံနှုန်းနှင့် နိုင်းယှဉ်ပါက မှီနိုင်မှုမရှိသော်လည်း အစိုးရသစ်လက်ထက်၌ တိုးတက်မှုများစွာရှိလာကြောင်း အမျိုးသမီးလှုပ်ရှားမှု အဖွဲ့များက ဆိုသည်။
“ထူးခြားတာက အခု အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေမှာ အမျိုးသမီးတွေကို နေရာပေးလာတာတွေပေါ့။ ဒါပေမယ့် နိုင်ငံတကာ
“ထူးခြားတာက အခု အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေမှာ အမျိုးသမီးတွေကို နေရာပေးလာတာတွေပေါ့။ ဒါပေမယ့် နိုင်ငံတကာ
ထိုင်းတွင် ကျောင်းသူများ အဝတ်အစားကိစ္စတွင် မြန်မာကျောင်းသူများအား အတုခိုးရန် ကြေငြာထား
အရှေ့တောင်အာရှမှ အထက်တန်းကျောင်းသူများ၏
ဝတ်စားဆင်ယင်မှုအား ယှဉ်ပြထားပါတယ်။ မြန်မာ၊ လားအို၊ ကမ်ဘောဒီးယား၊
ဗီယက်နမ်၊ ထိုင်း (မြန်မာအား အတုယူရန် ထိုင်းစာဖြင့် ထိုင်းအချင်းချင်း
ဆုံးမထား သည်) Shan News
စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိ
စစ်ကိုင်းမြို့ရဲ့ ပထမဦးဆုံး တက္ကသိုလ်ကို
ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ကိုင်းခရိုင် အတွင်းမှ
ကျောင်းသားကျောင်းသူ ၇၃၅ ဦးကို လက်ခံသင်ကြားပေးသွားမှာ
ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတက္ကသိုလ်ကို နိုင်ငံတကာ
စံချိန်စံညွှန်းများနှင့်အညီ နှစ် ထပ်ကျောင်းဆောင် များ၊ စာသင်ခန်းမများ၊
စာကြည့်တိုက်၊ စာတိုက်၊
မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀
အချိန် မန္တလေးတိုင်းဒေသကြီး၊
ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေ
ဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ
ရေလောင်းအိမ်သာမြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိ သဖြင့်
ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့် ပူးပေါင်း
မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံ
အလှူရှင်တွေက ဆက်ကပ်တဲ့ ဆွမ်းကို ဘုန်းပေး ပြီးတဲ့နောက် မုံရွာမြို့
တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ်
စခန်းတွေဆီကို သွားရောက် ပူးပေါင်း ခဲ့ကြပါတယ်။
ပေါက်တောမြို့ပေါ် ရပ်ကွက်များတွင် မွတ်ဆလင်များကို ပြန်လည် နေရာ ချထားပေးမည်မှာ မဟုတ်မှန်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မွတ်ဆလင် မိသားစုများအား
ယခင်သူတို့နေထိုင်ခဲ့ရာ ရပ်ကွက်များတွင် ပြန်လည် နေရာချထားပေးမည် ဆိုသည့်
သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက
ပြောဆိုလိုက်သည်။ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု လက်မှု ၀န်ကြီး ဦးသာလူချေအား
ပေါက်တောမြို့ပေါ်ရှိ ယခင်
ခွင့်ပြုချက်မရှိဘဲ ဘုရားများပင့်လာသူ
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၆၂၀ အချိန် ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမှတာချီလိတ်သို့သွားမ
ဗိုလ်မှူးအတုဟန်ဆောင်လုပ်စားသူအား အပေါင်းပါများနှင့်အတူဖမ်းမိ
၂၆-၁၁-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနား လမ်းရှိ
““အောင်”” အမိန့်ရအပေါင်ဆိုင်သို့ ယာဉ်အမှတ် လ/xxxx တိုယိုတာမတ်တူး
အဖြူရောင်ယာဉ်သည် ဆိုင်ရှေ့ထိုးရပ်လာပြီး လူတစ်ဦးဆင်းလာကာ ဆိုင်ပိုင်ရှင် ဦးတင့်ဆွေ
(၆၄)နှစ်အား ““ဗိုလ်မှူးက ရွှေပေါင်ချင်လို့””ဟု ပြောဆိုခဲ့သည်။
လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင်
ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ရန်ကုန်မြို့တွင်
ဆန္ဒပြရန်ရွှေးချယ် ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ
လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍
ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ
ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။
မိန်းမတစ်ယောက်ရဲ့ နောက်ဆုံး " အပျိုစင်"
"အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ
စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော်
အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက်
ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။
ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန် သင်ဆုံးမမှုတွေကြောင့်သာ
ဆယ်ကျော်သက် ဆိုတဲ့ ဘ၀လေးကနေ
ကျောင်းကိစ္စသဘောထားထုတ်ပြန်ခဲ့သူ အခါတိုင်းရင်းသား ဆာဗေ့ ပျောက်ဆုံးနေ
တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်မူလကျောင်းအဟောင်းတွင်
ပြန်လည်တက်ရောက် ပညာသင်ကြားလို၍ သဘောထား ထုတ်ဖော်ခဲ့သော
ကျောင်းသားကိုယ်စားလှယ် တစ်ဦးပျောက်ဆုံးေ နကြောင်း ကျောင်းသားများထံက
သိရှိရသည်။ "ကျွန်တော်တို့ရဲ့
ကျောင်းသားကိုယ်စားလှယ် တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊
အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ သူ့ဖုန်းကို ဆက်တော့လည်း
ဖုန်းပိတ်ထားတယ်” ဟု ကျောင်းသားတစ်ဦးက မေးမြန်းခဲ့မှုကို
Subscribe to:
Posts (Atom)









