Friday, December 21, 2012
ဒုတိယကမ္ဘာစစ်က နစ်မြုပ်ခဲ့သောကြည်းရေနှစ်သွယ်…စစ်ဆင်ရေးယာဉ်တွေ့ရ
ဒုတိယကမ္ဘာစစ်က နစ်မြုပ်ခဲ့သောကြည်းရေနှစ်သွယ်…စစ်ဆင်ရေးယာဉ်တွေ့ရ
ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ  ဂါဒါရေကန်အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ရသည်။ သို့သော်သေဆုံးသူတို့၏ရုပ်ကြွင်း များနှင့် ရေယာဉ်မှာပျောက်ဆုံး လျက်ရှိခဲ့သည်။
ထိုရေယာဉ်နစ်မြုပ်ပြီးနှစ် ပေါင်း၇၀ကျော်ကြာမှကန်၏ အောက်ခြေတွင်ရေယာဉ်အားတွေ့ ရှိခဲ့ကြရခြင်းဖြစ်သည်။အပျော် တမ်း သမိုင်းသုတေသီများသည် ဘီး ၆ ဘီးပါရှိသော အလေးချိန် ၂ တန်ရှိ ဒီယူကေဒဗလျူ ကြည်း ရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ် အား လပေါင်းများစွာရှာဖွေခဲ့ ကြပြီး ယခုဒီဇင်ဘာလတွင်မှ ရေယာဉ် အားတွေ့ရှိကြောင်း အတည်ပြု ပြောကြားခဲ့ကြ သည်။ထိုရေယာဉ်မှာ ၁၉၄၅ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်မုန်တိုင်း ဒဏ်ကြောင့်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုရေယာဉ်သည်ဂါဒါရေကန် ၏မြောက်ဘက်ဖျားရှိအမေရိကန် စစ်စခန်းတစ်ခုအတွက်ထောက်ပံ့ ရေးပစ္စည်းများနှင့်လက်နက်ခဲယမ်း များသယ်ဆောင်ပေးခဲ့စဉ်နစ်မြုပ် သွားခဲ့ခြင်းဖြစ်ပြီး ရေယာဉ်သည် အမှတ် (၁၀) တောင်တက်တပ်မ ၏ အမှတ်(၆၀၅)စစ်မြေပြင် အမြောက်တပ်ရင်းမှ စစ်သည် ၂၄ ဦးအားသယ်ဆောင်သွား ခဲ့ခြင်းဖြစ်ကာ ၎င်းင်းတို့အနက် တစ်ဦးသာလျှင်အသက်ရှင်လွတ် မြောက်ခဲ့သည်။သေဆုံးသူများမှာ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား ရှိစစ်သည်များဖြစ်ကြသည်။
ထိုရေယာဉ်နစ်မြုပ်မှုမှာ ခေတ်သစ် ဂါဒါရေကန်သမိုင်း တွင် အကြီးမားဆုံးသဘာဝဘေး အန္တရာယ်ဖြစ်ကြောင်း၊ ရေယာဉ် အား ရှာဖွေတွေ့ရှိသည့်သုတေ သီအဖွဲ့၏ခေါင်းဆောင်မာအူရို  ဖူဆာတိုက ပြောကြားလိုက် သည်။
ရေယာဉ်မှာအနက်ပေ၉၀၅ ပေရှိရေကန်အောက်ခြေတွင် တည်ရှိနေသဖြင့် ယခင်ကမတွေ့ ရှိခဲ့ကြခြင်းဖြစ်ပြီး ဆိုနာကရိယာ ၏အကူအညီဖြင့် ရေယာဉ်ပျက် တည်ရှိရာနေရာကို ပဏာမသိ ရှိခဲ့ကြကာ အဝေးထိန်းကင်မရာ များကရေယာဉ်အားအခြေအနေ မပျက် တည့်တည့်မတ်မတ်အနေ အထား တွင်ရှိနေကြောင်းဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ကြသည်ဟုဖူဆာတိုက အန်ဆာသတင်းဌာနသို့ ပြော ကြား လိုက်သည်။
နောက်တစ်ဆင့်ဆောင်ရွက် ရန်မှာသေဆုံးသူတို့၏အလောင်း များနှင့်စစ်ပစ္စည်းများ ရေယာဉ် ပျက် အနီးတ၀ိုက်တွင်ရှိ/မရှိ    အတည်ပြုဖော်ထုတ်ရန်ပင်ဖြစ်ကြောင်း၊ရေယာဉ်အားဆယ်ယူရန် မှာ နည်းပညာအရစိမ်ခေါ်မှု တစ် ရပ်ဖြစ်နေကြောင်း၊ရေယာဉ်တည် ရှိရာနေရာသည်ရေငုပ်သမားများ အတွက်နက်လွန်းကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဥက္ကာအာင်
 Source:Christian Science  Monitor
ံHot news Weekly
ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဂါဒါရေကန်အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ရသည်။ သို့သော်သေဆုံးသူတို့၏ ရုပ်ကြွင်း
ထိုင်းနိုင်ငံအတွင်းရှိ အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များ
မြန်မာ့အလင်းသတင်းစာ ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့
၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ
၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ
ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေဆိပ်တွင် ကျသင့် အခွန်ပေး၍ တိုက်ရိုက် ထုတ်ယူ နိုင်ပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။
အကောက်ခွန် ဦးစီး ဌာနမှ ယခင်က မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသည် များအတွက် တစ်ကိုယ်ရေသုံး ဝန်စည် ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ ထုတ်ယူနိုင်ပြီး လိုင်စင် မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့်အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူ ခွင့်ပြုထားကြောင်း အကောက်ခွန် ဦးစီး ဌာနမှ သိရသည်။
http://www.myawady.net.mm/allnews/localnews/item/2476-2012-12-21-10-23-00
ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြုထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေ ဆိပ် တွင် ကျသင့်အခွန်ပေး၍ တိုက်ရိုက်ထုတ်ယူနိုင် ပြီဖြစ်ကြောင်း
အမေ့ခြေရာ နင်းသည့် သားငယ် ရိုမီယို ဘက်ခမ်း
အမေ့ခြေရာ နင်းသည့် သားငယ် ရိုမီယို ဘက်ခမ်း
ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနှင့် အဆိုတော်၊ မော်ဒယ်လ်နှင့် ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ခမ်း တို့၏ သားဖြစ်သူ ရိုမီယို ဘက်ခမ်းသည် ယခု အရွယ် ကတည်းက အမေ့ခြေရာကို နင်း၍ မော်ဒယ်လ် အဖြစ် စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ 
အသက် ၁ဝ နှစ် အရွယ်သာ ရှိသေးသည့် ရိုမီယိုသည် Burberry အမှတ်တံဆိပ် အဝတ်အစား ကုမ္ပဏီ၏ နွေဦးရာသီ ဝတ်စုံများကို ဝတ်ဆင်၍ ကမ္ဘာကျော် မော်ဒယ်လ်များနှင့် အတူ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ 
ရိုမီယို သည် ဖက်ရှင်ကျစွာ ဝတ်ဆင်၍ မော်ဒယ်လ် တစ်ဦးကဲ့သို့ ဓာတ်ပုံ အရိုက် ခံနိုင်ကြောင်း၊ ၎င်းအား မိမိတို့ ကုမ္ပဏီ၏ ထုတ်ကုန်များ အတွက် မော်ဒယ်လ် အဖြစ် ရွေးချယ်သည်မှာ မှန်ကန်ကြောင်း Burberry ကုမ္ပဏီမှ တီထွင်သူ ဥက္ကဋ္ဌ ခရစ္စတို ဖာဘေလေးက ထုတ်ဖော် ပြော ကြားခဲ့သည်။
http://www.myawady.com.mm/arts/artcorner/item/2478-2012-12-21-10-31-27ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနှင့် အဆိုတော်၊ မော်ဒယ်လ်နှင့် ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ခမ်းတို့၏ သားဖြစ်သူ ရိုမီယို ဘက်ခမ်းသည် ယခုအရွယ်ကတည်းက အမေ့ခြေရာ
မန္တလေး- မြစ်ကြီးနားမီးရထားမိုင်းကွဲလူ၃ ဦး ဒဏ်ရာရ
မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်ကုန်တင်ရထားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) မှ
ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ
Photo: ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ
Friday, December 21, 2012 
ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦး (အေဘီအက်စ်ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ တို့  သည်မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအကြောင်းကိုဆွေးနွေးခဲ့ကြသည်။
အေဘီအက်စ်ဒီအဖ်အဖွဲ့ အနေနှင့်ဒုတိယပင်လုံညီလာခံကျင်းပ
နိုင်ရေးကိုလိုလားပြီး၊ အမျီုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနှင့် ကျောင်းသားတပ်ဦးကဲ့ သို့ သောအဖွဲ့ အစည်းများပါဝင်နိုင်သော အခင်းအကျင်းမျိုးကိုဖန်တီးပေစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကိုဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦးနှင့် လျှောက် လှမ်းသည့်လမ်းခြင်းမတူသော်လည်းရည်ရွယ်ချက်ပန်းတိုင်ချင်းအတူတူပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင်အခြားအဖွဲ့ အစည်းများကိုလည်း ကြိုဆိုကြောင်းပြောကြားခဲ့သည်။
NLD Centralဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမို ကရတ်တစ်တပ်ဦး (အေဘီအက်စ် ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟို အလုပ်အ မူဆောင်အဖွဲ့ တို့  သည်မြန်မာ နိုင်ငံဧ။် ငြိမ်းချမ်းရေး နှင့်
Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ
Photo: Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ
Friday, December 21, 2012 
iOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။  ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ   အဆင်ပြေ လွယ်ကူစွာ  ပြန်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
ယခုထွက်လာတဲ့ iOS အတွက် ဂူဂဲလ် မြေပုံသုံးစနစ်တွေဟာ  ဗားရှင်းအဟောင်းထက် သာလွန် ကောင်းမွန်နေပါတယ်။  ဂူဂဲလ်က ထုတ်တဲ့ အန်းဒရိုက် ဆော့ဖ်ဝဲလ်မှာသာ ပါတဲ့  စွမ်းဆောင်ချက်တွေ အတိုင်း လုပ်ဆောင်နိုင်တာကို တွေ့ ရမှာပါ။ နမူနာ အနေနဲ့ ဆိုရင် - အရင်တုန်းက အန်းဒရိုက် ဆောဗ့်ဝဲယ်တွေမှာသာ ပါခဲ့တဲ့  turn-by-turn directions လို့ ခေါ်တဲ့ ဘယ်ကွေ့၊ ညာကွေ့    စတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။
အသစ် ထွက်လာတဲ့ iOS အသစ်ကို အသုံးပြုချင်ရင် စတင် ရယူ လုပ်ယူနိုင်ပြီဖြစ်ပေမယ့် အသုံးပြုသူများစွာ လာရောက်ကူးယူနေတာကြောင့် Apple ရဲ့ ဆာဗာ ဟာ မကြာခဏ ကျနေတတ်ပါတယ်။ ဒီလိုပြဿနာနဲ့ ကြုံရရင်  ခဏ ဆိုင်းငံ့ပြီး  ပြန်လည် သွားရောက် ကူးယူနိုင်ပါတယ်။ 
နာမည်ကြီး နည်းပညာဝက်ဆိုဒ် မက်ရှဘယ်မှာတော့
(၁)  ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ်   အရင်ကထက် ပိုမိုဆန်းသစ်လာတယ်၊
(၂)အသံ နဲ့  ဘယ်ကွေ့ ၊ ညာကွေ့ စနစ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်တယ်
စသဖြင့် ချီးကျူးသွားပါတယ်။
Apple ဟာ သူတို့ ရဲ့ ကိုယ်ပိုင် Apple မြေပုံသုံး စနစ် ကို မကြာသေးမီက စတင်မိတ်ဆက်ပြီး Apple ပစ္စည်းတွေမှာ ဂူဂဲလ် မြေပုံသုံးစနစ် ကို ဖယ်ရှားခဲ့ရာမှာ စွမ်းဆောင်ရည် ညံ့ဖျင်းတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတင် သြစတေးလျမှာ Apple မြေပုံသုံးစနစ် ကြောင့် လမ်းပျောက်သူ အတော် များခဲ့တဲ့အထိ  စွမ်းဆောင်ရည် ဆိုးရွားခဲ့တာပါ။
အခုလို ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ် ကို ပြန်သုံးဖို့ ဆုံးဖြတ်လိုက်တာကြောင့် Apple ပစ္စည်း အသုံးပြုသူ တော်တော်များများ ပြန်လည် အဆင်ပြေစေမှာဖြစ်ပါတယ်။
iOS သမားတွေ ဂူဂဲလ် မြေပုံစနစ် ပြန်သုံးချင်တယ်ဆိုရင် အောက်ပါလင့်မှာ သွားရောက် ရယူနိုင်ပါတယ်။
https://itunes.apple.com/us/app/google-maps/id585027354?mt=8
ကိုးကား စာမျက်နှာများ -
http://www.bbc.co.uk/news/technology-20694028
http://mashable.com/2012/12/13/google-maps-ios-here/
ဧရာဝတီiOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။ ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ အဆင်ပြေ
SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို
Photo: SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို
Friday, December 21, 2012
မြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ အသစ် ချထားပေးမည့် မိုဘိုင်းဖုန်း SIM ကတ်များနှင့် ယခင် ချထား ပေးခဲ့သော မိုဘိုင်းဖုန်း SIM ကတ်များ အရည်အသွေး ပိုင်းနှင့် စနစ်ပိုင်း ဆိုင်ရာ ကွာခြားမှု ရှိမည်ကို မိုဘိုင်းဖုန်း အသုံးပြုသူ အများက စိုးရိမ် နေကြသည်။
“ကျွန်တော်တို့ အခု သုံးနေတဲ့ ကတ်တွေက အသစ် ချထား ပေးမယ့် ကတ်တွေနဲ့ ဘာတွေ ကွာလဲ သိချင်တယ်၊ 2G 3G မတူတဲ့ အတွက်ရော အခက်အခဲ ဘာတွေ ရှိနိုင်လဲ ဆိုတာ သိချင်တယ်” ဟု လက်ရှိ GSM မိုဘိုင်းဖုန်း အသုံးပြု နေသူ ဦးရန်ပိုင်စိုးက ပြောကြားသည်။
လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချမည့် မိုဘိုင်းဖုန်း SIM ကတ်များ ထုတ်လုပ်ရန် စင်ကာပူ ကုမ္ပဏီ တစ်ခုနှင့် နှင့် ပြင်သစ် ကုမ္ပဏီ တစ်ခုတို့ တင်ဒါ အောင်မြင် ထားပြီး ယခု လိုင်းကတ် အသစ်များကို အဆိုပါ ကုမ္ပဏီ များမှ ထုတ်လုပ်မည် ဖြစ်သည်။
The Voice Weeklyမြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The
မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
Friday, 21 December 2012
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း
ကြောက်လန့်တကြား ပြင်ဆင်နေကြပါတယ်။
မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာ
ကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။
တရုတ်နဲ့ ရုရှနိုင်ငံတွေမှာ လူတွေ ဖယောင်းတိုင်နဲ့ အရေးပေါ်ပစ္စည်းတွေ
ပြေးလွှား ၀ယ်ယူကြတာရှိသလို အမေရိကန်နိုင်ငံမှာလည်း အရေးပေါ် ခိုလုံနိုင်တဲ့ရွက်ဖျဉ်တဲအရောင်းကလည်း ဘယ်တုန်းကနဲ့မှမတူအောင် အရောင်းစံချိန် တင်သွားခဲ့ပါတယ်။ ပြင်သစ်မှာ ဒီအဆိုကို ယုံကြတဲ့သူတွေက
ဂြိုလ်သားတွေ လာကယ်လိမ့်မယ်လို့ ယူဆတဲ့ တောင်တွေမှာ ပုန်းအောင်း ဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။
မြေအောက်ခိုလုံရာ လှိုင်ခေါင်းကို ခေတ်မှီနည်းစနစ်တွေနဲ့ ဆောက်လုပ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကတော့ စီးပွားရေး အကျိုးအမြတ် အင်မတန် များခဲ့တယ်လို့ ဆိုပါတယ်။
ရုရှနိုင်ငံက နိုဗိုကုဇနက်မြို့မှာ ကာလဟာလတွေကြောင့် ဓာတ်မီးတွေ၊
ရေနွေးဓာတ်ဗူးတွေ၊ မီးအိမ်တွေ၊ တခုမှမကျန်တော့အောင်
ကြောက်လန့်တကြားဝယ်ကြ၊ စုကြ ဖြစ်လာတဲ့အတွက် ရုရှဝန်ကြီးချုပ် မီဗေဒေ ကတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလကို သူမယုံဘူးလို့ ၀င်ပြောရတဲ့အထိ ဖြစ်လာပါတယ်။ အနဲဆုံးတော့ ဒီနှစ်မှာ မဖြစ်နိုင်ဘူးတဲ့။
တရုတ်ပြည်မှာ ရှန်ဟိုင်းထောင်ထဲက ထောင်ကျတယောက်က
နောက်ဆုံး အချိန်မှာ အလှူလုပ်သင့်တယ်ဆိုပြီး တခြားအကျဉ်းသားတွေ ဆီက စုဆောင်းငွေ လိမ်ညာယူတဲ့အမှု ဖြစ်ခဲ့တယ်လို့လည်း ကြားရပါတယ်။
တချိန်က မာယန်ယဉ်ကျေးမှု လွှမ်းခဲ့တဲ့ မက္ကစီကိုနိုင်ငံမှာတော့ ကမ္ဘာ့နောက်ဆုံးအချိန်ဆိုတဲ့ တဘောင်ကို အခွင့်အရေးတခု အနေနဲ့
မြင်ပုံရပါတယ်။ မာယန်နဲ့ ပတ်သက်တာ မှန်သမျှ အရုပ်ကအစ ပွဲတွေလမ်းတွေ ရောင်းကုန်တွေ၊ ခရီးစဉ်တွေ အကုန်လုံး ပြင်ဆင် ထုတ်လုပ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွယ်တော့တာပါပဲ။ အဲဒီတော့ ဒီနှစ် မက္ကစီကို ကိုလာတဲ့ ခရီးသည်ဟာ အရင်နှစ်တွေကထက် အနဲဆုံး ၂ ဆတိုးသွားခဲ့ပါတယ်။
နာဆာ (NASA) အာကာသ စူးစမ်းတဲ့အဖွဲ့က ဒီကောလာဟာလတွေ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့အကြောင်း ကြိုးစားပြီး ရှင်းလင်းခဲ့ပါတယ်။ ကမ္ဘာကို လာရောက်ရိုက်ခတ်မယ်ဆိုတဲ့ အရာကို မတွေ့ရကြောင်း ရှင်းပြခဲ့ပေမဲ့ သူတို့ဆီကို ကလေးလူကြီး တွေက ဆက်သွယ်လာပြီး ဇာတ်လမ်းမျိုးစုံပြောတာ ကြုံရတယ်လို့ ပြောပါတယ်။
အံ့သြစရာကောင်းတာကတော့ မာယန်ပြက္ခဒိန်ကို အဓိပ္ပါယ်ကောက်ပြီး ကမ္ဘာအနှံ့က လူတချို့ ဒီလောက်အထိ သွေးပျက်ခြောက်ခြားနေပေမဲ့
မောယန်တွေ ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပါပဲတဲ့။
သူတို့က ကမ္ဘာကြီး ပျက်သုန်းမယ်ဆိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
မာယန်လူမျိုးစုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေဒရို စာလက်စ်တီနို ရာနိုခ်ျ က ဂျူးဘားမှာပြုလုပ်တဲ့ ပြက္ခဒိန်ကုန်ဆုံးရက်ဖြစ်တဲ့ ၂၁ ရက်နေ့ အခန်းအနားမှာ သစ်စေ့နဲ့ သစ်သီးတွေကို မီးရှို့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။ ၂၁ ရက်နေ့ဟာ ပြက္ခဒိန်ဟောင်းကို နှုတ်ဆက်ကျေးဇူးတင်ကြောင်း
ပြောတဲ့နေ့ ဖြစ်ပြီး ၂၂ ရက်နေ့ဟာ ပြက္ခဒိန်သစ် စတင်တဲ့ နေ့သစ်ကို ကြိုဆိုတဲ့ နေ့ရက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်တဲ့။
(ဓာတ်ပုံ- ဂျူးဘား နိုင်ငံ ဟာဗာနာမြို့ အရှေ့ဘက်က ဘာကူရာနောင် ကမ်းခြေမှာကျင်းပတဲ့ မာယန်ဓလေ့ ရိုးရာပွဲတခုမှာ ဂျူးဘားနိုင်ငံသားတွေ ပါဝင်ဆင်နွဲနေတဲ့ပုံပါ (အေအက်ပီ)
Burma-Newselite
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန် ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်းကြောက်လန့် တကြား ပြင်ဆင်နေကြပါတယ်။မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေကြောက်လန့်
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေး
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား အနောက်ပိုင်းခရိုင် တရားရုံး၌ စစ်ဆေး  
Friday, 21 December 2012 11:14
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင်အငှားယာဉ်ဖြင့် လိုက်ပို့ပေးခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ်ပွားစဉ် ကမာရွတ်စခန်းမှူးမှ သက်သေအဖြစ် လိုက်ပါရန် တောင်းဆိုခံခဲ့ရသော ဦးနိုင်လင်းဇော်တို့ ဖြစ်သည်။
ကိုယ်ပိုင်အငှားယာဉ်မောင်း ဦးမြတ်သူ၏ ထွက်ဆိုချက်တွင် လွန်ခဲ့သော သုံးလခန့်က မိမိအား သရုပ်ဆောင် မေဇွန်မှ ပုသိမ်မြို့သို့ စာမေးပွဲဖြေဆိုရန် ကားငှားလိုကြောင်း ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး မိမိ အသိမိတ်ဆွေများနှင့် ရင်းနှီးမှုရှိသဖြင့် မိမိမှာလည်း လက်ခံခဲ့ကြောင်း၊ ဖုန်းဆက်ပြီး နောက်တစ်နေ့ ခရီးထွက်ဖြစ်ကြောင်း၊ ခရီးမထွက်မီ မေဇွန်မှာ လပြည့်ဝန်းပလာဇာ၌ ကြေညာရိုက်ကူးနေသဖြင့် သွားရောက်ခဲ့ပြီး လပြည့်ဝန်းပလာဇာမှတစ်ဆင့် ၄င်းတိုက်ခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ၄င်းတိုက်ခန်းအရောက် တိုက်ခန်းသို့ ညွှန်ပြပြီး သော့ပေးကာ အောက်သို့ချထားသောကြိုးအား ဆွဲချခိုင်းခဲ့ပြီး မိန်းကလေးနှစ်ဦးစလုံး ထွက်ကြည့်ခဲ့ကြောင်း၊ ယင်းနောက် မိန်းကလေးနှစ်ဦးမှာ အထုပ်အပိုးများဖြင့် ဆင်းလာခဲ့ကြောင်း၊ လိုက်ပို့သူ နှစ်ဦးမှာလည်း ကျန်းမာရေးကောင်းသည့် ပုံစံမျိုးဖြစ်ကြောင်း၊ ထို့နောက် အိမ်ဖော်တစ်ဦးဖြစ်သည့် ဇင်ဇင်ထိုက်မှာ မေဇွန်နှင့် လိုက်ပါလာပြီး သေဆုံးသွားသည့် အိမ်ဖော်မှာ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အငှားယာဉ်မှာ လှိုင်သာယာ တိုးဂိတ်အရောက် မေဇွန်မှ လိုက်ပါလာသူ ဇင်ဇင်ထိုက်အား အိမ်သော့ ခတ်ခဲ့သလား၊ အိမ်သော့ ပါသလားဟု မေးမြန်းရာ ဇင်ဇင်ထိုက်မှာ ပါလာခဲ့ကြောင်း၊ အိမ်တံခါး နှစ်ချပ်လုံးအား ပိတ်ထားခဲ့ကြောင်း ၄င်း၏ ထွက်ဆိုချက်အရ သိရသည်။
ယင်းနောက် မေဇွန်မှ တံခါးနှစ်ချပ်လုံး ဘာကြောင့်ပိတ်ခဲ့သလဲဟု ထိပ်ခေါက်ခဲ့ကြောင်းနှင့် မိမိမှာ မည်သို့သက်သေအဖြစ် ထွက်ဆိုရခြင်းမှာ လိုက်ပို့ပြီး နှစ်ရက်ခန့်အကြာ ကမာရွတ်ရဲစခန်းမှ ဆက်သွယ်အကြောင်းကြား လာခဲ့ခြင်းကြောင့် ကျန်ရှိခဲ့သည့်အိမ်ဖော် သေဆုံးနေရခြင်းကို သိရပါကြောင်း  အဆိုပါ ယာဉ်မောင်းမှ ထွက်ဆိုခဲ့သည်။
ကျန်ရှိသည့် သက်သေတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာသို့ ကမာရွတ်စခန်းမှူးနှင့်အတူ သက်သေအဖြစ် လိုက်ပါသူ ကိုနိုင်လင်းဇော်၏ ထွက်ဆိုချက်တွင် မိမိမှာ ကမာရွတ်ရဲစခန်းသို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေစဉ် စခန်းမှူးမှ မှုခင်းတစ်ခု ဖြစ်ပွားသဖြင့် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ရန် ခေါ်သဖြင့် လိုက်ခဲ့ရာ ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ခန်းသို့ ရောက်ရှိခဲ့ပြီး တိုက်ခန်း၏ ကြမ်းပြင်တွင် မိန်းကလေးတစ်ဦး သေဆုံးလျက် ရှိနေသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့နောက် သေဆုံးသူ အိမ်ဖော်မိန်းကလေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ်ရဲစခန်းမှ မေဇွန်နှင့် ကျန်ရှိသည့် အိမ်ဖော်မလေးအား ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ကမာရွတ် ရဲစခန်းမှူးမှ ဖုန်းဆက်လှမ်းခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ယင်းတွင် ဇင်ဇင်ထိုက်မှ ၄င်းနှင့်သေဆုံးသူကို ရိုက်နှက်ရာတွင် အသုံးပြုသော သစ်သားတုတ်အရှည် နှစ် x တစ်လက်မကို ပေးအပ်ရာတွင် ၄င်းနှင့်အတူ သက်သေသုံးဦး ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကမာရွတ်ရဲစခန်းတွင် စခန်းမှူးကိုယ်တိုင် မေဇွန်အား စစ်ဆေးမေးမြန်းရာတွင်  ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခိုင်း၍ ၄င်းကိုယ်တိုင် ရိုက်ကူးခဲ့ကြောင်း၊ ထိုနောက် ဗီဒီယိုခွေအား အမှုစစ် ရဲအရာရှိက အမှုသက်သေများအက် ဥပဒေဖြင့် မညီညွတ်သဖြင့် သက်သေခံအဖြစ် လက်မခံနိုင်ကြောင်း   ထည့်သွင်းပြောကြားသည်။
ထို့ပြင် မဇင်ဇင်ထိုက်မှ သက်သေခံအဖြစ် ထုတ်ပေးသော သက်သေခံ (က) မှာ အမှန်တကယ်အားဖြင့် ယခုကိစ္စ၌ ပတ်သတ်မှု ရှိ/မရှိ မိမိမှာ မပြောနိုင်ကြောင်း ထွက်ဆိုခဲ့သည်။
ယခု တရားစွဲဆို ခံထားရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလိုမကျပါက အိမ်ဖော်များအား ညဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့်ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေးတစ်ချောင်းပေး၍ ၄င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။
အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
အိမ်ဖော်အမျိုးသမီးအား သတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မေဇွန်အမှုမှ သက်သေနှစ်ဦးအား ဒီဇင်ဘာ ၂၀ ရက် နံနက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိ သည်။ အဆိုပါ သက်သေနှစ်ဦးမှာ သရုပ်ဆောင် မေဇွန်အား ပုသိမ်မြို့သို့ ကိုယ်ပိုင်အငှားယာဉ်ဖြင့် လိုက်ပို့ပေးခဲ့သော ဦးမြတ်သူနှင့် အခင်းဖြစ်ပွားစဉ် ကမာရွတ်စခန်းမှူးမှ သက်သေအဖြစ်
KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်
KIA  ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်
ဒီနေ့တော့   ကျွန်တော် အလုပ်ကနေပြန်အလာ  ကွန်ပျူတာကို ဖွင့်ပြီး ဖတ်ကြည့် မိတဲ့အခါ  KIA ကို တစ်နိုင်ငံ လုံးဆန္ဒပြမည့် အကြောင်း ဖတ်မိတဲ့အတွက် ကျွန်တော် ပြန်လည် မျှဝေလိုက်ပါတယ်
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။  
 ၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဆန္ဒပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။
 ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမ္မတ ကြီးဦးသိန်းစိန်၊   ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန်   ဖြစ်ကြောင်း  ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။
 လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
 ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊   ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။
 မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။
 ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ်တံဆိပ် မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစ္စမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
..........................................................................
ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း
ခုချိန်မှာဆို ကျီးစာလန့်လန့် ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်
တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့
စစ်သည်များ အတွက်ကျွန်တော်  သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ 
စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......
ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်
လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်
ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်
လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်းစားဖို့အတွက်တဲ့လားဗျာ
ကျွန်တော် ပြောနေတာတွေက
တစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်
တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော်  ဖြစ်စေချင်တာကတော့  အင်တာနက်ပေါ်မှာ မဟုတ်ပဲ
စစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ
အကြံဥာဏ်များ ပေးစေလို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကို
ကျွန်တော် မလိုလားပါဘူးခင်ဗျာ......
From:ပလေတို ဒီမို
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ
အင်တာနက်သတင်းဝက်ဆိုဒ်များမှပြန့် နှုံ့ခဲ့သော ကျိုက်ထီးရိုးစေတီတော်ကင်မွန်းစခန်းအား ကေအန်ယူအဖွဲ့မှ ၀င်စီးဟူသော သတင်းသည် မှားယွင်း
ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းမှစတင်ရွေ့ အင်တာနက် သတင်း ၀က်ဆိုဒ်များတွင်ကျိုက်ထီးရိုးကင်မွန်းစခန်း အား ကေအန်ယူ လက်နက်ကိုင် အဖွဲ့မှဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေးတောင်း ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆို ပါသတင်းနှင့်ပတ်သက်ရွေ့ ကျိုက်ထီးရိုးတောင် တက်မော်တော် ယာဉ် အသင်းအား ဆက်သွယ်မေးမြန်းရာတွင် “အင်တာနက်သတင်းပါ အချက်အလက်များသည်မှားယွင်း ပါကြောင်းသတင်းရရှိသည်။
 ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာ၁၄ရက်နေ့ညနေ၅နာရီခွဲခန့်တွင် ကေအန်ယူလက်နက်ကိုင်အဖွဲ့ဟုယူဆရသော
ဟင်္သာတဆက်သွယ်ရေးဝန်ထမ်းတစ်ဦး တိမ်းရှောင်နေ
ဟင်္သာတဆက်သွယ်ရေးဝန်ထမ်းတစ်ဦး တိမ်းရှောင်နေ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးမှ နှစ်သိန်းတန်ဖုန်းများကို အရစ်ကျစနစ်ဖြင့် ဆင်းကဒ်အမြောက်အများ ထုတ်ယူကာ အပြင်တွင် ဆင်းကဒ်တစ်ကဒ်ကို တစ်သိန်းနှစ်သောင်း မှ တစ်သိန်ခုနှစ်သောင်းထိ ရောင်းချပြီး ယခုအခါ ထိုဝန်ထမ်းမှာ တိမ်းရှောင်နေကြောင်းကြားသိရပါသည်။ ``ရုံးထဲမှာတော့ ပြဿနာပေါင်းစုံဖြစ်နေတယ်ဗျ၊ အရစ်ကျသွင်းရမယ့် ငွေတွေ မသွင်းနိုင်တဲ့သူတွေရော၊ အပြင်မှာ လက်ငင်းရောင်းပြီး ရုံးကို အရစ်ကျပေး၊ များလာတော့ မသွင်းနိုင်၊ ရှောင်တဲ့သူကရှောင်၊ တချို့ကျတော့လည်း မသွင်းနိုင်တော့ဘူး လုပ်ချင်ရာလုပ် အဲလိုလူတွေလည်း ရှိတယ်ဗျ´´ ဟု ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး မှ ပြောကြားပါသည်။
အေးချမ်းမွန်မှ  Hinthata HumanRight တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Hinthata HumanRight
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဆက်သွယ်ရေး ၀န်ထမ်း တစ်ဦးမှ နှစ်သိန်းတန်ဖုန်းများကို အရစ်ကျစနစ်ဖြင့် ဆင်းကဒ် အမြောက် အများ ထုတ်ယူကာ အပြင်တွင် ဆင်းကဒ်တစ်ကဒ်ကို တစ်သိန်းနှစ်သောင်း မှ တစ်သိန်ခုနှစ်သောင်းထိ ရောင်းချပြီး ယခုအခါ ထိုဝန်ထမ်းမှာ တိမ်းရှောင်နေကြောင်းကြားသိရပါသည်။ ``ရုံးထဲ မှာတော့ ပြဿနာပေါင်းစုံဖြစ်နေတယ်ဗျ၊ အရစ်ကျသွင်းရမယ့် ငွေတွေ
ဒီဇင်ဘာ ၂၁ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၆ ကျပ်
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် များလာ
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် များလာ
မြန်မာ လုပ်သားများ အနေဖြင့် ယူအေအီး နိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံတို့သို့ အလုပ် သွားရောက် လုပ်ကိုင်မှု အများဆုံး ဖြစ်သည်။ မြန်မာလုပ်သား အမျိုးသမီး အများစုမှာ ယူအေအီး နိုင်ငံရှိ စူပါမားကတ် များတွင် အရောင်းစာရေး အနေဖြင့် သွားရောက် လုပ်ကိုင်ကြကြောင်း၊ အမျိုးသားများ အနေဖြင့် Trolly Boy များ၊ စင်ကာပူ နိုင်ငံရှိ သင်္ဘောကျင်း လုပ်ငန်းများ၊ မလေးရှား နိုင်ငံရှိ စက်ရုံများတွင် အလုပ် လုပ်ကိုင်မှု များကြောင်း သိရသည်။ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင် လိုသူများ အနေဖြင့် ပျမ်းမျှ ဝန်ဆောင်ခ ယူအေအီး နိုင်ငံ၌ ငွေကျပ် ရှစ်သိန်းဝန်းကျင်၊ မလေးရှား၌ ငွေကျပ် ခုနစ်သိန်း ဝန်းကျင်နှင့် စင်ကာပူ၌ ငွေကျပ် ၁၇ သိန်း ဝန်းကျင်ခန့် အေဂျင်စီ များသို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
Read More => http://www.myawady.net.mm/allnews/localnews/item/2455-2012-12-21-09-22-45 မြန်မာ လုပ်သားများ အနေဖြင့် ယူအေအီး နိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် မလေးရှား နိုင်ငံတို့သို့ အလုပ်သွားရောက် လုပ်ကိုင်မှု အများ ဆုံး ဖြစ် သည်။ မြန်မာလုပ်သား အမျိုးသမီးအများစုမှာ ယူအေအီး နိုင်ငံရှိ စူပါမားကတ်များတွင် အရောင်းစာရေးအနေဖြင့် သွားရောက် လုပ်ကိုင် ကြကြောင်း၊ အမျိုးသားများ အနေဖြင့် Trolly Boy များ၊ စင်ကာပူ နိုင်ငံ
၂၀၁၂ခုနှစ်၊ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား အားTIME မဂ္ဂဇင်းက ဒုတိယ အကြိမ် အဖြစ် ရွေးချယ်
အမေရိကန် ပြည်ထောင်စု၏ သမ္မတ အဖြစ် ဒုတိယ အကြိမ် ပြန်လည်ရွေး ကောက် တင်မြှောက်ခံရသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား ၂၀၁၂ခုနှစ်အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ် အဖြစ် Time မဂ္ဂဇင်းက ဒီဇင်ဘာလ ၁၉ရက်တွင် ရွေးချယ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
 အိုဘားမားသည် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး လူမည်း သမ္မတအဖြစ် ရွေးချယ်ခံ ရပြီး ထိုအချိန်ကလည်း အရေးပါဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းတွင် ဖော်ပြထားခဲ့သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးကျဆင်း မှုများကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရ သော်လည်း အိုဘားမားသည် နိုင်ငံအား အဆိုပါ အကျပ်အတည်း များမှ ကျော်လွှား နိုင်စေရန် ကြိုးပမ်း ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် နိုဝင်ဘာလက ကျင်းပပြုလုပ် ခဲ့သော နိုင်ငံ၏ သမ္မတ ဒုတိယ သက်တမ်း ရွေးကောက် ပွဲတွင် ရီပတ်ဘလိကန် အမတ် မစ်ရွန်းကို အိုဘားမားက အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၂၀၁၂ခုနှစ် အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမားအား Time မဂ္ဂဇင်းက ဒုတိယ အကြိမ် ရွေးချယ် ခဲ့သည်ဟု သိရသည်။
http://www.myawady.com.mm/allnews/global/item/2467-2012-12-21-09-45-54
၂၀၁၂ခုနှစ်၊ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် အိုဘားမား အားTIME မဂ္ဂဇင်းက ဒုတိယ အကြိမ် အဖြစ် ရွေးချယ်အမေရိကန် ပြည်ထောင်စု ၏ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေး ကောက် တင်မြှောက် ခံရသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား ၂၀၁၂ခုနှစ် အတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ဒီဇင်ဘာလ ၁၉ရက်တွင် ရွေးချယ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရ
ချောင်းသာ ဟိုတယ်တွင် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာ
ချောင်းသာ ဟိုတယ်တွင် ခရီးသွား ၂၀ ရာခိုင်နှုန်း တိုးတက်လာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ပြီး ချောင်းသာ ဟိုတယ်မှာ ခရီးသွား ဧည့်ဝင်ရောက်မှုတွေ ၂၀ ရာခိုင်နှုန်း နီးပါး
တိုးမြင့် လာတယ်လို့ ချောင်းသာ ဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ၀င်ရောက်ရာ မှာတော့ ကျေးရွာနဲ့ နီးတဲ့ ဟိုတယ်တွေမှာ ပြည်တွင်းမှ ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမို များပြားပြီး ပြည်ပ ခရီးသွားတွေ ကတော့ နည်းပါး နေတာ ဖြစ်ပါတယ်။
ဒီလို နည်းပါး ရတာ ကလည်း ပြည်ပ ခရီးသွားတွေဟာ ရွာတွေနဲ့ဝေးပြီး တိတ်ဆိတ်တဲ့ နေရာတွေမှာ တည်းခိုကြတာ ကြောင့်ဖြစ်ပါတယ်။ အခုလို ခရီးသွား ၀င်ရောက်မှုတွေ များပြား လာမှုဟာ ယခင်နှစ်က ထက်လည်း ပိုပိုများပြား လာတာ ဖြစ်ပါတယ်။ ဒီလို ချောင်းသာ ဟိုတယ်ဇုန်မှာ ခရီးသွား ၀င်ရောက်မှုတွေ မှာတော့ အပန်းဖြေ လာရောက်သူများ ပြားပြီး အခုလို ပွင့်လင်း ရာသီတွေမှာ ပိုမို ၀င်ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ချောင်းသာ ဟိုတယ်ဇုန်တွေ အတွင်း တရားဝင် လိုင်စင်ရ ဟိုတယ် ၁၅ လုံးနဲ့ တရားဝင် လိုင်စင်ရ တည်းခို ရိပ်သာ အလုံး ၄၀ ကျော်ရှိပြီး အခုအချိန်မှာ အေးတဲ့ရာသီဥတု ဖြစ်ပေမယ့်လည်း ခရီးသွား များပြားပြီး ဟိုတယ် အခန်းတွေ ပြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။Mrtv-4 shared a link.
ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ပြီး ချောင်းသာဟိုတယ်မှာ ခရီးသွားဧည့်ဝင်ရောက်မှုတွေ ၂၀ ရာခိုင်နှုန်းနီးပါးတိုးမြင့် လာတယ်လို့ ချောင်းသာ ဟိုတယ်ဇုန်မှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီလိုဝင်ရောက်ရာ မှာတော့ ကျေးရွာနဲ့နီးတဲ့ ဟိုတယ်တွေမှာ ပြည်တွင်းမှ ခရီးသွား
သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်
Photo: သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်
Friday, December 21, 2012
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော် လိုက်သည်။
နယူးဒေလီမြို့တွင် ကျင်းပနေသည့် အိန္ဒိယနှင့် အာဆီယံ ၁ဝ နိုင်ငံ
ခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောဆို
သွားခြင်းဖြစ်သည်။
“ကျွန်ုပ်တို့အနေနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန် အကောင်အထည်ဖော် ပြီးစီးရေးနဲ့ လာအိုနဲ့ ကမ္ဘောဒီယားအထိ တိုးချဲ့သွားဖို့ မြင့်မြင့်မားမား ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု မန်မိုဟန်ဆင်း က ပြောသည်။
မြန်မာနိုင်ငံမှာ အာဆီယံနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများအကြား ကုန်မြေ ဆက်သွယ် ပေါင်းကူးပေးသည့် ဂိတ်တံခါးမကြီးတခုလည်း ဖြစ်သည်။
ဒီဇင်ဘာလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသည့် အကြိမ် ၂ဝ မြောက် အိန္ဒိယ-အာဆီယံ ဆွေးနွေးဖက်အဆင့်နှင့် ၁ဝ ကြိမ်မြောက် ထိပ်သီးအဆင့် အစည်းအဝေးတွင် မြန်မာ သမ္မတ ဦးသိန်းစိန် လည်း ပါဝင်တက်ရောက်နေသည်။
သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂ဝ၁၆ ခုနှစ်တွင် ပြီးစီးရေးအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ်မြန်မာနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့စဉ် ဆွေးနွေးခဲ့သေးသည်။၁၉၈၈ မိုင် ရှည်လျားသည့် ထိုလမ်းမကြီးတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့မှ မန္တလေးမြို့ထိ မိုင် ၅ဝဝ ရှိသည်။
ထိုလမ်း ဖောက်လုပ်ရေးအတွက် ၂ဝဝ၂ ခုနှစ်ကတည်းက သုံးနိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပုဂံမြို့ကို လည်း ဖြတ်သန်းကာ ထိုင်းနယ်စပ် မြဝတီမြို့သို့ ပေါက်မည်ဖြစ်သည်။ထိုလမ်းမကြီး အမြန်အကောင်အထည်ဖော်ရေးအတွက် သုံးနိုင်ငံ ခေါင်းဆောင်များ နယူးဒေလီတွင် သီးသန့်တွေ့ဆုံ ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ထားသည်။
အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှ သည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့ကြသည်။လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေသည်။
“ကျနော်တို့အနေနဲ့ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ဖို့ ရည်ရွယ်ထားပါ တယ်” ဟု အိန္ဒိယ ကုန်သွယ်ရေး
ဝန်ကြီး အာနန်း ရှားမား Anand Sharma က ကုန်သွယ်ရေးဝန်ကြီးများ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအရ အာဆီယံနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်လာနေ
လျက်ရှိသည်ကိုလည်း အမေရိကန်နိုင်ငံက ကြိုဆိုကြောင်း သဘောထားများ ထုတ်ပြန်ထားသည်။
မဇ္ဈိမအိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော်
ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား
ဖုန်းအရောင်းဆိုင် များ၌ Sim Card များ အရောင်းပိတ်ထား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့  E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်
အရ သိရပါတယ်။  အခုလို အရောင်းပိတ် ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထား တာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေး ထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်းခွဲတန် Sim Card တွေကို ပြန်လည်ပြီး အပ်နှံဖို့ အတွက် အရောင်း ကိုယ်စားလှယ်တွေထံ အသိပေး ခဲ့တာကြောင့် ဖြစ်ပါတယ်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း အခုလိုဖုန်း Sim Card တွေကို ပြန်လည် သိမ်းယူရ တာဟာ လာမယ့် နှစ်ဆန်းပိုင်းမှာ တန်ဖိုးနည်းဖုန်း များကို ရောင်းချပေး တော့မှာ ဖြစ်လို့ ဈေးကွက် အတွင်း Sim Card လက်ကျန်တွေ ဖြစ်ပေါ်ကာ အရောင်းအ၀ယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ် လာမှာ စိုးတဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရောင်း ကိုယ်စားလှယ် ရယူထားတဲ့ သက်ဆိုင်ရာ ကုမ္ပဏီ အသီးသီး ကလည်း မိမိတို့ မြို့နယ်၊ ဒေသအလိုက် ရောင်းချရမှု မရှိသေးတဲ့ Sim Card တွေကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ အချိန်မီ ပြန်လည် အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။MRTV 4
ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ဖုန်း Sim Card များ ရောင်းချမှုကို ခေတ္တ ပိတ်ထား တယ်လို့ E-Life Tech မှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ အခုလို အရောင်း ပိတ်ထားမှုကိုတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့လောက် ကစတင် ရပ်နားထားတာဖြစ်ပါတယ်။ ဒီလို ခေတ္တ ရပ်ထားတာဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပေးထားတဲ့ ကျပ် ၂ သိန်းနဲ့ ၂ သိန်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ
Photo: ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိ
Friday, December 21, 2012 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်း တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် (၁၂) နာရီခွဲတွင် နယူးဒေလီမြို့ ပလန် (Palam) လေတပ် စခန်းသို့ ရောက်ရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား အိန္ဒိယ သမ္မတ နိုင်ငံ  လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri၊ သံတမန် ဌာန အကြီး အကဲ၊ အိန္ဒိယ သမ္မတ နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံ/ သံမှူးကြီး ဦးဘလှအေး၊ စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင်နှင့် သံရုံး၊ စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစုများက ကြိုဆို နှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ် 
များဖြင့် ခေတ္တ တည်းခိုမည့် နယူးဒေလီမြို့ Taj Mahal ဟိုတယ်သို့ ရောက်ရှိကြသည်။
မြ၀တီပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီမြို့၌ကျင်းပမည့် (၂၀) ကြိမ်မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီးအစည်းအဝေး တက်ရောက် ရန် အဖွဲ့ဝင်များလိုက်ပါလျက် ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်း တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် (၁၂) နာရီခွဲတွင် နယူးဒေလီမြို့ ပလန်
ကချင်စစ်ဒဏ်ခံများအတွက် အမေရိကန် ဒေါ်လာ ၅ သန်းခွဲခန့်ကူညီ........
ကချင်စစ်ဒဏ်ခံများအတွက် အမေရိကန် ဒေါ်လာ ၅ သန်းခွဲခန့်ကူညီ........
အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက်အစားအသောက်
ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ထုတ်ပြန် လိုက်သည်။
ထို့အပြင် အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဗျူရိုကလည်း ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် နေထိုင်စရာနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ ကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
USAID ရုံး၏ ပြည်ပဘေးအန္တရာယ်ကူညီထောက်ပံ့ရေးရုံးကလည်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၅ သိန်းပေးအပ် လှူဒါန်းခဲ့ပြီး၊ အမေရိကန်သံရုံ၏ အသေးစားထောက်ပံ့ကူညီမှုအစီအစဉ်နှင့် ဂျူလီယာတပ်ဖ်ရံပုံငွေအဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များကို နှစ်သိမ့်အားပေးခြင်းနှင့် အခြားစောင့်ရှောက်မှုများအတွက် ကန်ဒေါ်လာ ၅သောင်းထောက်ပံ့ကူညီခဲ့ကြောင်း ယင်းသတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။
Popular Myanmar News Journal
အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက် အစား အသောက် ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခ သည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက် တစ်ရပ်
ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁
ကမ္ဘာပျက်မယ်ဆိုတဲ့ ဒီဇင်ဘာ ၂၁ 
ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်လို့ ယုံကြည်ဝါဒဖြန့်ကြတဲ့ အယူသီးသူတွေကို တရုတ်နိုင်ငံမှာ လိုက်လံခြေမှုန်းရာမှာ လူပေါင်း တထောင်လောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အများစုက ၁၉၉၀ လောက်က တရုတ်နိုင်ငံမှာ ထူထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့က အဖွဲ့ဝင်တွေဖြစ်ပါတယ်။ 
အစိုးရသတင်းထုတ်ပြန်ချက်မှာ ဒီအဖွဲ့က ကွန်မြူနစ်ပါတီကို ဖြုတ်ချဖို့ လည်း သူတို့အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့တယ်လို့ စွတ်စွဲထားပါတယ်။
ဒီလိုဝါဒဖြန့်မှုတွေကြောင့် လူတွေကြောက်လန့်ပြီး ပစ္စည်းတွေဝယ်ယူ စုဆောင်း ခဲ့တဲ့အတွက် လူမှုရေး မတည်မငြိမ် ဖြစ်စေတယ်လို့ တော့
 ဘေဂျင်းတက္ကသိုလ်က လူမှုရေးပညာရှင်တဦးက ဆိုပါတယ်။ M
ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်လို့ ယုံကြည်ဝါဒဖြန့်ကြတဲ့ အယူသီးသူတွေကို တရုတ်နိုင်ငံမှာ လိုက်လံခြေမှုန်းရာမှာ လူပေါင်း တထောင်လောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အများစုက ၁၉၉၀ လောက်က တရုတ်နိုင်ငံမှာ ထူထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့က
ကမ္ဘာ မပျက်ပါ ၊ သို့သော်...
ကမ္ဘာ မပျက်ပါ ၊ သို့သော်...
▬▬▬▬▬▬▬▬▬▬▬
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူအဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။
တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။
သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ
၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ်လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာတယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရားသခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန်ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟောကိန်းကို ပြင်ဆင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေအပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။
၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီးဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူး ပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်းပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။
၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်းအဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။
၂ဝ၁၂၊ ဒီဇင်ဘာ ၂၁
သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်တွေ ဝယ်စုနေသူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။
တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာ ပြောဆိုထားပါတယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန် တို့က ရုပ်သံလိုင်းတစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ် စာတမ်း တချို့ကိုလည်း ဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။
အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့က စလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေက ရေးသား ဖော်ပြကြပါတယ်။
ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။
(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)
ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာဂြိုဟ်က နေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။
ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူထပ်ကိန်းကျော့လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။
မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြောထားပါတယ်။
( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ ) လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်တဲ့ သဘောမျိုး သူက ပြောပါတယ်။
ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်းက ငြင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက် ရင်ဆိုင်တိုး ရမယ် လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြုသဘော ပြောရ ရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။
တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက် ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။
မူရင်းလင့် - http://www.myastroview.com/2012/12/blog-post_20.html?fb_action_ids=10151383190452053&fb_action_types=og.likes&fb_source=other_multiline&action_object_map=%7B%2210151383190452053%22%3A150642405083082%7D&action_type_map=%7B%2210151383190452053%22%3A%22og.likes%22%7D&action_ref_map=%5B%5DMyanmar Journal
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူ
ကမ္ဘာ့ကာယဗလနဲ့ ကြံ့ခိုင်မှုပြိုင်ပွဲ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ကာယဗလနဲ့ ကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် တွေတော့ ရယူနိုင်ခဲ့ခြင်း မရှိပါ ဘူး။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကျပြီး မြန်မာ ကိုယ်စားပြု အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ၀င်ရောက် ယှဉ်ပြိုင်
အီရန် တပ်မတော် အနေဖြင့် ဟော်မုဇ် ရေလက်ကြား အတွင်း စစ်ရေး လေ့ကျင့်ခန်းများအား ပြုလုပ်သွားမည်
Photo: အီရန် တပ်မတော် အနေဖြင့် ဟော်မုဇ် ရေလက်ကြား အတွင်း စစ်ရေး လေ့ကျင့်ခန်းများအား ပြုလုပ်သွားမည်
Friday, December 21, 2012 
ဟော်မုဇ် ရေလက်ကြားတွင် ဒေသတွင်း လုံခြုံရေး ကာကွယ်ရန် ရည်ရွယ်၍ အီရန် နိုင်ငံသည် စစ်ရေး လေ့ကျင့်ခန်းများ စတင်ပြုလုပ် တော့မည်ဟု အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် Ahmad Vahidi က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
အီရန် တပ်မတော် အနေဖြင့် ဟော်မုဇ် ရေလက်ကြား အတွင်း စစ်ရေး လေ့ကျင့်ခန်း များအား ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင်
ပြုလုပ်သွားမည် ဖြစ်ကြောင်း အီရန် ရေတပ် အကြီးအကဲ ဗိုလ်ချုပ် Ali Fadavi က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် စစ်နည်းဗျူဟာ အသစ်များနှင့် ခေတ်မီ စစ်လက်နက် သစ်များအား စမ်းသပ် အသုံးပြု သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။
မြ၀တီဟော်မုဇ် ရေလက်ကြားတွင် ဒေသတွင်း လုံခြုံရေး ကာကွယ်ရန် ရည်ရွယ်၍ အီရန် နိုင်ငံသည် စစ်ရေး လေ့ကျင့်ခန်းများ စတင်ပြုလုပ် တော့မည်ဟု အီရန်ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် Ahmad Vahidi က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အီရန် တပ်မတော်အနေဖြင့် ဟော်မုဇ် ရေလက်ကြား အတွင်း စစ်ရေး လေ့ကျင့်ခန်း များအား ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင်ပြုလုပ် သွားမည် ဖြစ်ကြောင်း အီရန် ရေတပ် အကြီးအကဲဗိုလ်ချုပ် Ali Fadavi
ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ
ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဘာသာရေးဂိုဏ်းကွဲပဋိပက္ခ သဘောပိုဆောင်လာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ၂ နှစ်နီးပါးအကြာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သူ၊ အရပ်သားအရေအတွက် ထောင်ချီပြီး ရှိခဲ့ပြီလို့ ကုလသမဂ္ဂက အရေးထားပြောကြားလိုက်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဆီးရီးယားပြည်သူတွေဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေကို ခံစားနေကြရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စာနာမှုအခြေအနေ ပိုမိုယိုယွင်းလာတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းသူတွေက အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတောမသတ်နိုင်ဖြစ်နေပြီး ဒမတ်စကတ်နဲ့ အလက်ပိုတို့လို မြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေ၊ ယဉ်ကျေးမှုရပ်ဝန်းတွေကို တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။
အစိုးရတပ်ဖွဲ့တွေနဲ့ သမ္မတဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချရေး သူပုန်အဖွဲ့တွေဟာ ဘာသာရေးဂိုဏ်းဂဏတိုက်ပွဲအသွင် ပေါ်လွင်လာတယ်လို့ စုံစမ်းရေးသမားတွေက ဆိုကြပါတယ်။ အဓိကအားဖြင့် ဆွန်နီ လူအများစုက သူပုန်တွေကို ထောက်ခံအားပေးပြီး လူနည်းစု အာလဝီတွေက မစ္စတာအာဆက်အစိုးရကို ထောက်ခံနေကြတာဖြစ်ပါတယ်။
http://burmese.voanews.com/content/syria-crisis/1569249.htmlဘာသာရေးဂိုဏ်းကွဲ ပဋိပက္ခ သဘောပိုဆောင်လာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ၂ နှစ်နီးပါးအကြာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သူ၊ အရပ်သားအရေအတွက် ထောင်ချီပြီး ရှိခဲ့ပြီလို့ ကုလ သမဂ္ဂက အရေးထားပြောကြားလိုက်ပါတယ်။ ဒီတိုက် ပွဲတွေကြောင့် ဆီးရီးယားပြည်သူတွေဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေကို ခံစားနေကြရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စာနာမှုအခြေအနေ ပိုမိုယိုယွင်းလာတယ်လို့ ကုလ
ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ
ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့ပြီးဖြစ်တဲ့အကြောင်းကိုတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
သမ္မတအဖြစ်နဲ့ ရွေးချယ်ခံရပြီး ပထမဆုံးနေ့မှာပဲ၊ Saenuri ပါတီက Park Geun-hye ဟာ တောင်ကိုရီးယားအမျိုးသားဂူဗိဗ္မာန်ကို သွားရောက်ပြီးတော့၊ သူမရဲ့ ဖခင်အပါအဝင် ကွယ်လွန်သွားခဲ့တဲ့ သမ္မတ ၃ ဦးကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။ အဲဒီ့နောက် သူမရဲ့ မိဘ ၂ ပါးရဲ့ အုတ်ဂူမှာ အမွှေးတိုင်ထွန်းညှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က စစ်အာဏာသိမ်းမှုနဲ့ စတင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Chung-hee ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာကို နှစ်အတော်ကြာ ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက် ၁၉၇၉ ခုနှစ်မှာ သူရဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
Park Geun-hye မိခင်ဟာလည်း ၁၉၇၄ ခုနှစ်မှာ မြောက်ကိုရီးယားဘက်က သူလျှိုသေနတ်သမားတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ပထမဆုံးအရွေးခံရတဲ့နေ့မှာကိုပဲ မြောက်ကိုရီးယားနိုင်ငံဟာ မစ္စပါခ့်စိတ်ထဲမှာ အတော်လေးကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ သူမအစိုးရလက်ထက်မှာ နိုင်ငံတော်လုံခြုံရေးကိစ္စက ထိပ်ဆုံးက ဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့ သူမကကြေငြာလိုက်ပါတယ်။
“မြောက်ကိုရီးယားဘက်က တာဝေးပစ်ဒုံးကျည်ပစ်လွှတ်တာက တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တွေ့နိုင်တယ်”လို့ သူမက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံဘက်က အဆင့်ဆင့်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို အာကာသထဲကို ပစ်လွှတ်ခဲ့ပါတယ်။ ကြာသာပတေးနေ့က ရုပ်မြင်သံကြားကနေ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာတော့ ၊ မစ္စပါခ့်က လုံခြုံရေးအင်အားကောင်းတာ နဲ့ ယုံကြည်မှုကို အခြေခံတဲ့ သံတမန်ဆက်ဆံရေးတွေအပေါ်မှာ အခြေခံပြီး ၊ ကိုရီးယားကျွန်းဆွယ်မှာ ခေတ်သစ်တခုကို စတင်ဖွင့်လှစ်သွားမယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာတော့ ၊ သူမဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ယူနိုက်တက်ပါတီက မွန်ဂျေအင်းနဲ့ သဘောထားတွေ မတူခဲ့ကြပါဘူး။ မွန်ဂျေအင်းက သူ့အနေနဲ့ တကယ်လို့သာ သမ္မတအဖြစ်နဲ့ အရွေးခံရမယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံအမ်းနဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားပဲ ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပါခ့်ကတော့ - မြောက်ကိုရီးယားဘက်က မကြာသေးခင်က စစ်ရေးအရ ရန်စတိုက်ခိုက်ခဲ့တာတွေအပေါ်မှာ အရင်ဆုံးတောင်းပန်မှ ၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုလုပ်မယ်လို့ ပြောပါတယ်။
၂၀၁၀ ခုနှစ်က လူ ၄၆ ယောက်သေဆုံးသွားတဲ့ တောင်ကိုရီးယားရေတပ်သင်္ဘောကို တော်ပီဒိုနဲ့ တိုက်ခိုက်ခံရမှုဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြစ်တင်လိုက်ပါတယ်။ အဲဒီနှစ်ကုန်ပိုင်း မှာလည်း တောင်ကိုရီးယား စစ်အခြေစိုက်စခန်းရှိတဲ့ ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက်အပါအ၀င် ၄ ယောက်သေဆုံးခဲ့ပါတယ်။
ကိုရီးယား ၂ နိုင်ငံကြားမှာ ဆက်ဆံရေးပြန်ပြီးတော့ နွေးထွေးလာအောင် ရည်ရွယ်ပြီးဖော်ဆောင်ထားတဲ့ နေခြည်ဖြာဝါဒအရ၊ တောင်ကိုရီးယားရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ ခုမှာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်ရာထူးကနေ အနားယူတော့မယ့် လက်ရှိသမ္မတ အီမြောင်ဘက် လက်ထက်မှာတော့၊ အကူအညီတွေအရမ်းလိုအပ်ပြီး ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။
“ဆိုးလ်တက္ကသိုလ်က မြောက်ကီုးရီးယားလေ့လာရေးဌာနက ပါမောက္ခ Yang Moo-jin ကတော့ - အခြေအနေတွေကို ပြောင်းပစ်ဖို့က လွယ်မှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတသစ်ဟာ  တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား လက်ရှိရှိနေတဲ့ စစ်ရေးမဟာမိတ်အခြေအနေကို အလေးပေးပြောကြားသွားဖို့ရှိပါတယ်။ ကင်ဂျုံအမ်းရဲ့ မြောက်ကိုရီးယားအစိုးရဟာ တာဝေးပစ်ဒုံးကျည်နဲ့ နျူးကလီးယားလက်နက်ကို တည်ဆောက်ပြီး၊ သူတို့ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့အတွက် ဆက်ပြီးတော့လုပ်နေပါတယ်။ ဒါကြောင့်၊ ကိုရီးယား ၂ နိုင်ငံကြားမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေဖြစ်လာဖို့ ခက်ခဲလိမ့်မှာဖြစ်ပါတယ်။”
တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့ကြား ၃ နှစ်ကြားဖြစ်ခဲ့တဲ့ စစ်ပွဲကို ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့ အဆုံးသတ်ခဲ့တာမဟုတ်ဘဲ၊ တဘက်နဲ့တဘက် အပစ်အခတ်ရပ်စဲပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုရီးယား ၂ နိုင်ငံကြားက စစ်ပွဲဟာ အဆုံးသတ်ခြင်းမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီုးယားနိုင်ငံဟာ မြန်မာနိုင်ငံကနေသွားရောက်ပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အတော်များများလည်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့အပေါ်မှာ အဲဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ သဘောထားနဲ့  သူတို့အပေါ် ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုဇော်မိုးအောင်က အခုလို ပြောပါတယ်။
“ကျနော်တို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားအများစုကတော့ အခုလက်ရှိ မစ္စစ်ပက်ကွန်ဟဲကိုပေါ့နော်။ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အပေါ်မှာ သိပ်ပြီးတော့ မနှစ်မြို့ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ သမ္မတက နိုင်ငံခြားသား အခွင့်အရေးတွေအပေါ်မှာ သိပ်ပြီးတော့ အလေးထားဆောင်ရွက်ပေးတာမရှိတဲ့အတွက် အဓိက အကြောင်းအရင်းကတော့ သူတို့ပါတီကနေပြီးတော့ အမြဲတမ်း နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ အခွင့်အရေးကိစ္စတွေမှာ အားလုံးတားမြစ်တာတွေရှိတယ်။ လှုံ့ဆော်ပေးတာတွေရှိတယ်။ အဲ့တာကြောင့်မို့လို့  ဒီပါတီက သမ္မတတက်ခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး သိပ်ရမှာမဟုတ်ဘူး။ သူတို့တက်ရင် ငါတို့အခွင့်အရေးဆုံးရှုံးမှာဆိုတဲ့ အတွေးတွေပေါ့လေ။ အဲ့ဒီ့အတွေးတွေရှိကြတာမို့လို့ ဒီပါတီက တက်တဲ့သူတွေကို သိပ်ပြီးနှစ်သက်ခြင်းမရှိဘူးခင်ဗျ။”
ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံသားတဦး နဲ့ အိမ်ထောင်ကျပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား မကျင်လတ်ကတော့  အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးသမ္မတသစ်ရွေးချယ်လိုက်တာကို သဘောကျပြီး ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။ 
http://burmese.voanews.com/content/south-korean-presidential-/1569244.html
တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီး ကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့် အရေးရော နှစ်မျိုးလုံးရောထွေးနေ ပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ် သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့
ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်
Photo: ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်
Friday, December 21, 2012 
ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်း ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ အဆင့်မီ အဆောက် အအုံများ ပေါ်ထွက် လာရေး အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံးနှင့် အခန်း ၃၇၇ဝ ခန်း ပါဝင်သည်။
ယခုအခါတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေး
စေတီလမ်း ပေါ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ စီးပွားရေး ဗဟိုဌာန၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေ အိမ်ခန်းများ ပါဝင်သော စီမံကိန်းကို ဗီယက်နမ် Hoang Anh Construction & Development House Joint Stock Company မှ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ရာနှုန်း ပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်ရန် အတွက် တည်ဆောက် ဆောင်ရွက် ပြန်လည်လွှဲ ပြောင်းမှု သဘောတူ စာချုပ်နှင့် မြေငှားရမ်းမှု သဘော တူညီချက် များကို ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနနှင့် Hoang Anh Gia Lai Myanmar Company Limited တို့အကြား BOT Contract နှင့် Lease Agreement လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ည ၈ နာရီက နေပြည်တော်ရှိ အမရ 
ဟိုတယ်၌ ကျင်းပ ခဲ့သည်။
အခမ်း အနားတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. Chu Cong Phung တို့က အမှာစကား
ပြောကြားကြသည်။ ယင်းနောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ဇော်ဝင်း နှင့် Hoang Anh Gia Lai Myanmar Company Limited မှ ဒါရိုက်တာ Mr. Le Hung တို့က သဘောတူညီ ချက်များကို လက်မှတ် ရေးထိုး ကြသည်။
အဆိုပါ Hoang Anh Gia Lai Myanmar Centre တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အိပ်ခန်း ၄၁၄ ခန်း၊ အစည်းအဝေး ခန်းများနှင့် အခြား အထောက် အကူပြု လုပ်ငန်းများ၊ စီးပွားရေး ဗဟို ဌာနတွင် ဈေးဆိုင်ကြီးများ၊ အရောင်း ဆိုင်များ၊ စားသောက်ဆိုင် များနှင့် အပန်းဖြေ နေရာများ၊ ရုံးခန်း၊ အဆောက် အအုံများနှင့် အဆင့်မြင့် လူနေ တိုက်ခန်းများ ပါဝင်မည် ဖြစ်သည်။
စီမံကိန်း ကာလကို အဆင့်(၂)ဆင့် ဖြင့် ခွဲခြား တည်ဆောက် သွားမည်ဖြစ်ပြီး အဆင့် (၁)ကို ၂ဝ၁၅ခုနှစ် အတွင်း၌ လည်းကောင်း၊ အဆင့်(၂)ကို ၂ဝ၁၇ ခုနှစ် အတွင်း၌ လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာအဆင့်မီ အဆောက် အအုံများ ပေါ်ထွက်လာရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့်
တောင်အမေ ရိက တိုက်ရှိ အရွယ် ကြီးမားသော အနာ ကွန်ဒါ မြွေကြီးများ
ဖရန်ကိုဘန်ဖီ အမည်ရှိ ဆွစ်ဇာလန် ရေငုပ်သမား တစ်ဦးသည် အနာ ကွန်ဒါ မြွေများ နေထိုင်ရာ သဘာဝ စားကျက်မြေအတွင်း အနီးကပ် ဓာတ်ပုံရိုက်ယူရန် ဘရာဇီး နိုင်ငံမာတို ဂရော့ဆိုအရပ် ဒေသသို့
နေပြည်တော်ကားပြပွဲ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မော်တော်ယာဉ်ပြပွဲတခုမှာ အိမ်သုံးကား၊