Friday, December 28, 2012

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
Friday, December 28, 2012

မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး
ကော်မတီဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်း
လိုင်းတွေအပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ်
ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ်တွေ အပါအဝင် နယ်စပ်ဂိတ်
တွေကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသည်အရေအတွက်ဟာ ၂၀၁၂ ခုနှစ်အတွက် ၆ သိန်းလောက်ဖြစ်မယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။ လောလောဆယ် ရရှိထားတဲ့ အရေးအတွက်က ၅ သိန်း နီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ ဒီဇင်ဘာ ၁၇အထိကို ကောက်ထားတဲ့၊ ဒေတာပေါ့ ငါးသိန်းလောက်
နီးပါး ဖြစ်နေပါပြီ။ ဒီဇင်ဘာလကုန်အထိ ဆိုရင်တော့ ခြောက်သိန်း
နီးပါးလောက် ဖြစ်သွားမှာပါ။ နယ်စပ်ကနေ ဝင်တာတွေပါ ထည့်ပေါင်းပါတယ်ခင်ဗျာ။ တရုတ်နဲ့ မြန်မာနယ်စပ်၊ နောက်တခါ ယိုးဒယားနဲ့ မြန်မာနယ်စပ်၊ နယ်စပ်က ဝင်တဲ့ဂဏန်းတွေပါ အားလုံးပေါင်းပါတယ်။ နယ်စပ်ကအဝင်ကလည်း အရင်နှစ်တွေကထက် ပိုများလာပါတယ်။”

မနှစ်ကထက်စာရင် ခရီးသည် ၄၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့
ပြောပါတယ်။ ဒီခရီးသည်တွေထဲမှာ အလုပ်ကိစ္စနဲ့ လာရောက်ကြတဲ့ ခရီးသည်တွေပါသလို၊ ကမ္ဘာလှည့်ခရီးသည်တွေလဲပါကြပါတယ်၊ ဒီလို အခြေအနေမျိုးမှာ ကမ္ဘာလှည့်ခရီးသည်တွေပါတဲ့ Air Bagan
လေကြောင်းလိုင်းက လေယဉ်တစင်းပျက်ကျသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုနိုင်ငံတကာ ခရီးသည်တွေ လာရောက်မှု ဘယ်လောက် ထိခိုက်သွားနိုင်ပါသလဲ။

“ကျနော်အထင်ကတော့ အများကြီး ထိုးကျသွားဖို့တော့ မရှိဘူးလို့  ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ပျံ
တစ်စီးပျက်ကျတယ်ဆိုတာဟာ ဖြစ်ပြီးတဲ့ဟာကို ဘာမှ ပြန်ပြီးတော့ ဘာမှလုပ်လို့မရဘူး။ လေယာဉ်လိုင်းက ဘယ်လိုကောင်းမွန်အောင် လုပ်ထားနိုင်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အချိန်အတိုင်းအတာ
အတွင်းမှာ ပြန်လည်ပြီး Image ကောင်းမွန်လာအောင် ကျနော်ထင်ပါတယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့ ခရီးသွားတွေက သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချ
တယ်ဆိုလို့ရှိရင် စီးကြမှာပါပဲ။”

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက် အတွင်းမှာ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တဲ့ မြန်မာ့လေကြောင်းလိုင်း က လေယာဉ်တွေအပေါ် ခုချိန်ထိ ခရီးသည်တွေက စိတ်ချကြပုံ မရကြသေးပါဘူး။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုလောလောဆယ်မှာ ကျနော်တို့
ပြည်တွင်း လေကြောင်းလိုင်းတွေထဲမှာ မြန်မာ့အဲဝေးပေါ့နော်။ အစိုးရေပိုင်လေကြောင်းလိုင်းကို စီးဖို့ ဧည့်သည်တွေကို တိုက်တွန်းလို့ရှိရင် သူတို့အမြဲတမ်းငြင်းပယ်ခြင်းကို ခံရပါတယ်။ ဆိုလိုတာက အာမခံချက်နဲ့
ပတ်သက်ရင် ဘယ်လောက်လုပ်ထားတယ်ဆိုတာမျိုး ဈေးကွက်မှာ 
သတင်းအချက်အလက်မပေးနိုင်သေးရင်တော့ ဒီလိုမျိုးလေးတွေတော့ ကြုံနေရမှာပါပဲ။”

အဲဒီတော့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ပျံသန်းပြေးဆွဲနေတဲ့
လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ်စီးခရီးသည်တွေရဲ့ ယုံကြည်မှုရရှိအောင် ဘာလုပ်သင့်ပါသလဲ။

“လေကြောင်းလိုင်းတခုရဲ့ အဓိက Image ကတော့ Safety ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဆိုတာ ပျက်လို့ရှိရင် လေထဲမှာ ရပ်ပြီး ပြင်လို့မရဘူး။ အဲ့ဟာတခုချို့ယွင်းတယ်ဆိုရင်တော့ လေကြောင်းလိုင်း
တခုအနေနဲ့ကတော့ ဒီ Image ကို ပြန်ပြီးတော့ ကောင်းအောင်
လုပ်ဖို့အတွက် ပြနိုင်မှ ဖြစ်ခဲ့တာကို အဖတ်ဆယ်နိုင်မှာပါ။ အဲ့တာကို မူတည်ပြီးတော့မှ ဧည့်သည်တွေရဲ့ စိုးရိမ်စိတ်တွေကို ပျောက်သွားအောင် ဘယ်လိုလုပ်မလည်းဆိုတာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသွားလမ်းညွှန်တယောက်နဲ့ အရေးပေါ်ဆင်းသက်စဉ် မြေပြင်မှာ တိုက်မိသူ တယောက်
သေဆုံးခဲ့မှုအပါအဝင် လေယာဉ်ပျက်မှုအပေါ် Air Bagan ကတော့ တာဝန်ယူ ဖြေရှင်းမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ လုပ်နေပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်လည်ပါတ်တဲ့သူ အလုပ်ကိစ္စကြောင့် လာရောက်သူတွေ ပိုပို များလာချိန်မှာ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါသလဲ။

“အရင်နှစ်တွေကထက် စာရင်တော့ အခက်အခဲက လျော့နည်းသွားပြီလို့
ပြောလို့ရပါတယ်။ အထူးသဖြင့်တော့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပေါ့နော်။ သယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်းနဲ့ သွားရတဲ့ ခရီးစဉ်တွေပေါ့နော်။ လေကြောင်းလိုင်းမှာတော့ ကျနော်တို့ လေကြောင်း
လိုင်းအသစ်တွေ မြန်မာနိုင်ငံကို တိုးတက်ပြီး ဝင်ရောက်လာတော့ ဧည့်သည်တွေ ဝင်လာဖို့ အရေအတွက်က များလာတာလည်း အဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရန်ကုန်ကို ပိုဆင်းလာတဲ့အတွက် ခရီးသည်အရေအတွက် ပိုများလာနိုင်ပါတယ်။
နောက်တခါ ပြည်တွင်းလေကြောင်းလိုင်း နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် ခရီးသွားရာသီရဲ့ ပထမသုံးလမှာတော့ နည်းနည်းလေး ပြဿနာရှိပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတချို့မှာ လေယာဉ် မလုံလောက်မှုပြဿနာလေးတွေရှိပါတယ်။ အဲ့တာတွေကတော့ အခုဇန်နဝါရီလကစပြီး အားလုံးကတော့ အဆင်ပြေသွားပါလိမ့်မယ်။ တခုပြောစရာရှိတာကတော့ ဟိုတယ်အခန်း မလုံလောက်မှုကတော့ ရှိနေဆဲပါပဲ။  ကျနော်တို့ နောက်ထပ် နှစ်နှစ်လောက်အထိ ဆက်ပြီး ကြုံတွေ့ရမယ့် ပြဿနာပါ။ အခုလောလောဆယ်မှာ နိုင်ငံတကာ
အဆင့်ဟိုတယ်တွေကတော့ အခန်းအရေအတွက် မလုံလောက်တဲ့အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေမှာ ကျနော်တို့ ဧည့်သည်တွေကို ပြောင်းပြီး ထားနေကြပါတယ်။ ပြဿနာလေးက ဘာရှိလည်းဆိုတော့ နိုင်ငံတကာ အဆင့်အတန်းမှီ ဝန်ဆောင်မှုပေးဖို့ကို နည်းနည်း ကျနော်တို့ အချိန်ယူပြီးတော့ လုပ်ရပါဦးမယ်။”

မြန်မာနိုင်ငံကို အရင်က မျှော်လင့်မထားတဲ့ နိုင်ငံခြားခရီးသည် အရေအတွက်မျိုးမြန်မာနိုင်ငံမှာ ရောက်ရှိနေတာမို့ ဒါဟာ ခရီးသွား
လုပ်ငန်းအတွက် အားရစရာဖြစ်တယ်လို့လဲ မြန်မာနိုင်ငံ ခရီးသွား
ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက VOA မြန်မာပိုင်းကို
ပြောပါတယ်။ 

ဗွီအိုအေ
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ်အများကြီး ထိခိုက်သွားလိမ့် မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့် တင်ရေးကော်မတီ ဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်မှု များမှ ကာကွယ်ရန်နှင့် တောင်ကိုရီးယား နိုင်ငံ၏ စစ်ရေး စွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမား အစိုးရက တောင်ကိုရီးယား နိုင်ငံအား    မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင် အဆိုပြု ကမ်းလှမ်း ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ် လေးစင်းကို ရောင်းချပေးရန် အမေရိကန် အစိုးရထံသို့ ကမ်းလှမ်း ထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ကာကွယ်ရေး ဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ်သည် သတင်းအချက် အလက်များ ရယူစုဆောင်း နိုင် ခြင်း၊ စောင့်ကြည့် လေ့လာခြင်းနှင့် ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက်များ ရယူနိုင်ခြင်း တို့ကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ဒေသတွင်းရှိ ခြိမ်းခြောက်မှု များကို ကာကွယ်ရာ တွင် များစွာ အထောက်အကူ ပြုမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံသည် ကြာရှည် ပျံသန်းနိုင်ရန် ရှိသော အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို ဝယ်ယူရန် လွန်ခဲ့သော လေးနှစ်မှစ၍ စိတ်ဝင်စား ခဲ့ကြောင်း သိရသည်။

ယင်းမောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၆ဝဝဝဝ မှနေ၍ ထောက် လှမ်းရေး ဆိုင်ရာ သတင်း အချက်အလက် များကို ယူဆောင် နိုင်ကြောင်း သိရသည်။

Global Hawk မောင်းသူမဲ့ လေယာဉ် များကို သြစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ မှလည်း ဝယ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2964-2012-12-28-08-17-52 မြောက်ကိုရီးယား နိုင်ငံ၏စစ်ရေးအရ တိုက်ခိုက်မှုများမှ ကာကွယ် ရန်နှင့် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမားအစိုးရက တောင်ကိုရီးယား နိုင် ငံအား မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင်အဆိုပြု ကမ်း

ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

နီကာရာဂွာ နိုင်ငံ၏ အမြင့်မားဆုံး မီးတောင် တစ်ခုသည် အမြင့်ပေ ရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာမှုန့် လုံးကြီးကို ကောင်းကင် အထက်သို့ မှုတ်ထုတ်လျက် ရှိခြင်းကြောင့် အနီးအနားရှိ ဒေသခံ များသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရလျက် ရှိကြောင်း အစိုးရ အဖွဲ့က ပြောကြားထားသည်။

အမြင့်ပေ ၅၇၂၅ ပေရှိသော ဆန်ခရစ္စ တိုဘယ် အမည်ရှိ အဆိုပါ မီးတောင် သည် နိုင်ငံ၏ အနောက် မြောက်ပိုင်း မာနာဂွာမြို့၏ မြောက်ဘက် ၈၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး မကြာသေးမီ နှစ်များအတွင်း မီးတောင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ သေးသလို စက်တင်ဘာလ အတွင်းကလည်း အလားတူ ဖြစ်ရပ်မျိုး တစ်ခု ဖြစ်ပေါ်ခဲ့ သေးကြောင်း သိရသည်။

ယခုတစ်ကြိမ် ပြာမှုန့်များ မှုတ်ထုတ်ခြင်းသည် ဒီဇင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းမီးတောင်၏ ပတ်လည် ၁ ဒသမ ၉ မိုင်အတွင်း နေထိုင်ကြသော ဒေသခံ များအား နေရပ်ကို စွန့်ခွာရန် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရိုဆာရီ အိုမာရီလိုက တိုက်တွန်း ထားသည်။ မီးတောင် ဝန်းကျင်၌ နေထိုင်ကြသော မိသားစုများမှာ ၃ဝဝ ခန့်ရှိသည်။

ဆန်ခရစ္စ တိုဘယ် မီးတောင် အနီးတွင် နေထိုင်လျက် ရှိကြသော လယ်သမား ၁၅ဝဝ ခန့်မှာမူ မီးတောင်မှ ဓာတ်ငွေ့များ၊ သဲများနှင့် ပြာမှုန့်များ မှုတ်ထုတ် နေခြင်းကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် သတိပေး ထားသော်လည်း ၎င်းတို့ နေရပ်ကို စွန့်ခွာရန် ငြင်းဆို ခဲ့ကြကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2965-2012-12-28-08-20-18
နီကာရာဂွာ နိုင်ငံ၏အမြင့်မားဆုံး မီးတောင်တစ်ခုသည် အမြင့်ပေရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာ မှုန့်လုံးကြီးကို ကောင်းကင်အထက်သို့ မှုတ်ထုတ်လျက်ရှိခြင်းကြောင့် အနီးအနားရှိ ဒေသခံများသည် ဘေး

မလေးရှားမှာ မိုးကြီး ရေလျှံ

မလေးရှားမှာ မိုးကြီး ရေလျှံ
Friday, December 28, 2012

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်
ရေပိုလျှံခဲ့ရတယ်လို့ သိရပါတယ်။ မိုးက လာမဲ့ မတ်လလောက်အထိ
ရွာသွန်းနေအုန်းမှာ ဖြစ်ပါတယ်။

ရေတက်လာတာ မြန်တဲ့အတွက်လည်း ကားတွေနဲ့ ပစ္စည်းတွေကို
ရေလွတ်ရာ အချိန်မှီ မရွှေ့နိုင်ဘဲ အပျက်အစီး ပိုများခဲ့ရတယ်လို့ ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပေမဲ့ အခြေအနေဟာ ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောအချိန်အထိ လူ ၂ ဦးသေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

M
(Photo: AFP - Northeastern town of Kuantan in Malaysia)
Burma-Newselite
မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်ရေပိုလျှံခဲ့ ရတယ်လို့ သိရပါတယ်။ မိုးက

လီဒို လမ်းမကြီး ပြန်ဖွင့်ရန် အိန္ဒိယ ပြည်နယ်အစိုးရ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယနှင့် မြန်မာနိုင်ငံအား ဆက်သွယ်ပေးနိုင်
သည့် သမိုင်းဝင် စတီးဝဲလ် Stilwell ခေါ် လီဒို Ledo လမ်းမကြီးကို
ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယဘက်မှ ဒေသခံ ပြည်နယ် အစိုးရက
တောင်းဆိုလိုက်သည်။
နယ်စပ်ကုန်သွယ်မှုများ ထူထောင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာ
စေရေးအတွက် ထိုလမ်းမကြီးအား အမြန် ပြန်ဖွင့်နိုင်ရန်
အရူနာချာပရာဒက်ရှ် Arunachal Pradesh ပြည်နယ် ဝန်ကြီးချုပ်
နမ် တူကီ Nabam Tuki က ကြာသပတေးနေ့က ဗဟိုအစိုးရအား
တောင်းဆိုလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဝယ်လိုအား ရှိနေ၍ ဒေါ်လာ ဈေးမြင့်တက်လာ


ရန်ကုန် (မဇ္ဈိမ) ။      ။ ဝယ်လိုအား ရှိနေသဖြင့် ရန်ကုန် ဒေါ်လာ ဈေးကွက်အ တွင်း  ဈေး ပြန်လည် မြှင့်တက် လာကြောင်း စုံစမ်း သိရှိရသည်။
“ငွေကြေး လဲလှယ်ခွင့်ရ စင်တာတွေမှာ ဒီဇင်ဘာ တတိယပတ်ရဲ့ ၁၇ ရက်နေ့က ၁ ဒေါ်လာကို ဝယ်ဈေး ၈၄၇ ကျပ်၊ရောင်းဈေး ၈၅၄ ကျပ်။ ဒီဇင်ဘာ ၂၁ မှာ ၁ ဒေါ်လာကို ဝယ်ဈေး ၈၅၂၊ ရောင်းဈေး ၈၅၈ ကျပ်အထိ မြှင့်လာတာ တွေ့ရ တယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးရဲနိုင်ဝင်း က ဆိုသည်။

Thursday, December 27, 2012

ရခိုင်ပြည်နယ် လုံခြံရေးအားနည်းသည့် ဒေသများတွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်

စစ်တွေတွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)
ရခိုင်ပြည်နယ်၏ မြို့နယ်၊ ကျေးရွာတချို့၌ အုပ်စုဖွဲ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ပဋိပက္ခများ တတိယအကြိမ် တကျော့ပြန် ဖြစ်ပွားလာမည်ကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရပ်စဲရန် မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော် ပထမဆုံး လက်မှတ်ထိုးကန့်ကွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော်က ပထမဆုံးလက်မှတ်ရေးထိုး ကန့်ကွက်သည့်ဖြစ်ရပ်အနေဖြင့် ကြည့်မြင်တိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်အား တာဝန်မှ ရပ်စဲရန် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ပေးပို့သွားမည်ဟု ဦးဆောင်လှုပ်ရှား ဆောင်ရွက်သူ ကိုထွန်းထွန်းကျော်က ပြောသည်။

ကင်ဆာအဖြစ်များဆုံးနိုင်ငံများတွင် ဒုတိယအဖြစ် မြန်မာရောက်ရှိ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် ကင်ဆာအဖြစ်များဆုံးနိုင်ငံထဲတွင် ဒုတိယနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ဒီဇင်ဘာ ၂၂ ရက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သာသနာ့ဟိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သော စားသုံးသူများ ကာကွယ်ရေး ဟောပြောပွဲတွင် မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးဗအုပ်ခိုင်က ဟောပြောခဲ့သည်။

မြ၀တီမြို့တွင် DKBA အမည်ကို အလွဲသုံးစားလုပ်နေ

Photo: မြ၀တီမြို့တွင် DKBA အမည်ကို အလွဲသုံးစားလုပ်နေ
Thursday, 27 December 2012

မြ၀တီမြို့တွင်DKBAမည်နှင့်တံဆိပ်ကို အလွဲသုံးစား လုပ်သူများ
ရှိနေကြောင်းစုံစမ်းသိ ရှိရသည်။ “DKBA၀တ်စုံဝတ်ထားပြီး DKBA 
မဟုတ်သူတွေလည်းရှိ ပါတယ်။ DKBA ၀တ်စုံဝတ်ရင် Without (လိုင်စင်မဲ့)ကားတွေစီး လို့ရတယ်။ စစ်ဆေးရေးဂိတ်တွေ လည်း စည်းကမ်းမဲ့ဖြတ်လို့ရတယ်။  ဒါကို အလွဲသုံးစားလုပ်နေသူတွေ 
ရှိတယ်။အဲလို အခက်ခဲလေးတွေ ကို ကျွန်တော်တို့လည်း ဖြေရှင်း ဖို့လုပ်နေပါတယ်””ဟု မြ၀တီဆက်ဆံရေးရုံးDKBAမှဗိုလ်မှူးဦးစန်းမြင့်က ယခုလ ၂၁ရက်တွင် ပြောကြားသည်။

DKBA စစ်ဝတ်စုံနှင့် ဘတ်ခ်ျ တံဆိပ်ကို ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် အလွယ်တကူဝယ်ယူနိုင်ခြင်းက ယခုလိုပြဿနာများဖြစ်ပေါ်နေခြင်း
ဖြစ်သည်ဟု ၎င်းက ထပ်မံပြောပြသည်။

ရာဇာဦး၊တူးတူး
ွှThe Hot Newsမြ၀တီမြို့တွင်DKBAမည်နှင့်တံဆိပ်ကို အလွဲသုံးစား လုပ်သူများ ရှိနေကြောင်း စုံစမ်းသိ ရှိရသည်။  “DKBA၀တ်စုံဝတ်ထားပြီး DKBA မဟုတ်သူတွေလည်းရှိ ပါတယ်။ DKBA ၀တ်စုံဝတ်ရင် Without (လိုင်စင်မဲ့) ကားတွေစီး လို့ရတယ်။ စစ်ဆေးရေးဂိတ်တွေ လည်း စည်းကမ်းမဲ့ဖြတ်လို့ရတယ်။ ဒါကို အလွဲသုံးစားလုပ်နေသူတွေရှိတယ်။ အဲလို အခက်ခဲလေးတွေ ကို ကျွန်တော်တို့လည်း ဖြေရှင်း ဖို့လုပ်နေ ပါတယ်”” ဟု မြ၀တီဆက်ဆံရေး ရုံးDKBAမှဗိုလ်မှူး ဦးစန်းမြင့်က

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box ဆိုတာ ဘာလဲ?



လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ

ကျားဖြူပါတီသင်းလုံးကျွတ်ညီလာခံ တာချီလိတ်၌ ရှေ့အပတ်ကျင်းပမည်

sndpsign-logoကျားဖြူပါတီ၏ သင်းလုံးကျွတ်ညီလာခံအား သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ရှေ့အပတ်အတွင်း သုံးရက် ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်းကြားသိရပါသည်။

ယဉ်ကျေးဖို့အဖြေရှာမတွေ့သေးသောလိုင်းကားယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ

“ဆရာစာတွေရေးတယ်ဆို”
သမီးများကို အိမ်တွင်လာရောက်၍ အင်္ဂလိပ်စာသင်ကြားပေးနေသော ရန်ကုန်  မြို့ထဲမှ အင်္ဂလိပ်စာနည်းပြတစ်ဦးမှမေးလာခဲ့သည်။
“ဟုတ်ပါတယ်နည်းနည်းပါးပါးရေး ဖြစ်ပါတယ်”
“ဒါဆိုရင် ဆရာရယ် လိုင်းကားဒရိုင်  ဘာတွေ၊ စပယ်ယာတွေ မိုက်ရိုင်းတဲ့ အကြောင်းရေးပေးပါလားဗျာ”

အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသည့် အိန္ဒိယမိန်းကလေးငယ် ဆေးကုသရန် စင်ကာပူသို့ရောက်ရှိ

အိန္ဒိယတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသူ အမျိုးသမီးငယ်သည် ယခုအခါ ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နယူးဒေလီတွင် မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်၌ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ခံရသော ဆေးကျောင်းသူမှာ စင်္ကာပူရှိ မောင့်အဲလိဇဘက် ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ "သူ့အခြေအနေက ပြင်းပြင်းထန်ထန်

NLDပညာရေး ကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေပွဲတော် ကျင်းပ



ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ပညာရေးကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲတော် ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။ 

ပုပ်ရဟန်းမင်းကြီး စီးဖို့က မာစီဒီးက ထုတ်မည်



ပုပ်ရဟန်းမင်းကြီး Benedict XVI စီးဖို့အဖြစ်တွက် ကားကို မာစီဒီးက တာဝန်ယူ ထုတ်လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပုံမှာမြင်တွေ့ရတဲ့ အတိုင်း ဒီဇိုင်းရေးဆွဲပြီးဖြစ်ရာ မကြာမီ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ သမ္မတတွေစီးတဲ့ကားပဲ ဈေးကြီးတာ မဟုတ်ပါဘူး။ ပုပ်ရဟန်း မင်းကြီး စီးတဲ့ကားလည်း အထိုက်အလျောက်

နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ပြည်သူတရပ်လုံး ပါဝင်ဖို့ ကေအန်ယူ တိုက်တွန်း


ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာအစိုးရနဲ့ လက်ရှိအပစ်အခတ် ရပ်စဲရေးအပါအ၀င်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့် ရောက်ရှိဖို့ လိုအပ်ချက် ၈ ချက်ပါဝင်တဲ့ ထုတ်ပြန်ချက်ကို ဒီကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တနှစ်ကျော်အတွင်း ကားစီးရေ တသိန်းနှစ်သောင်းခန့် လိုင်စင်ထုတ်ပေးခဲ့၊ ကျပ်သန်း ငါးသိန်းခန့် အခွန်ရ

financeရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံပေါင်းစုံမှ ပြည်တွင်း မော်တော်ကားဈေးကွက်သို့ ၂ဝ၁၁ ခုနှစ်၊ စက်တင်္ဘာလမှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ တင်သွင်းခဲ့သည့် ကားများအနက် စီးရေ ၁၂ဝ,ဝဝဝ ခန့်အား လိုင်စင်ထုတ်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် မော်တော်ယာဉ် အသစ်ထပ်တိုးယာဉ် ၄ဝ,ဝဝဝ ခန့် ပါဝင်သည်။

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လူဝင်မှု ကြီးကြပ်ရေးရုံး (ဓာတ်ပုံ – The Epoch Times)
အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့  ပါဝင်ကြောင်း သတင်းရရှိသည်။

ဒုက္ခသည် စခန်းများ လုံခြုံရေးအတွက် ပြင်ဆင်ထားရန် လိုင်ဇာတွင် တပ်လှန့်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ယခုရက်ပိုင်အတွင်း အသိပေးထားကြောင်း သိရသည်။
ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။ လတ်တလောတွင် လိုင်ဇာဌာနချုပ် အနီးအနားတွင် အစိုးရတပ်များ တိုးချဲ့လာနေကြောင်း သိရသည်။
from -ဧရာဝတီ

ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျားများအတွက်သာ)

Photo: ရင်အုံဖြိုးမောက် မြင်သူကျလောက် (ယောက်ျားများအတွက်သာ)
Thursday, 27 December 2012

ယောက်ျားဆိုတာ ကျားကျားလျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင်တင့်တယ်စေမှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ မိန်းမဆန်တဲ့ယောက်ျားတွေ မြင်တွေ့လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာတစ်ရပ် မဟုတ်ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါလို့ပဲဖြစ်ဖြစ် အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ တစ်ခါကပြောဖူးတာက “ကာယလေ့ကျင့်ခန်းတွေဟာ တခြားအားကစားနည်းတွေထက် အသက်ကြီးလာရင် လူကိုပိုအကျိုးရှိစေတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့လို့ပဲ ဖြစ်တယ်” လို့ပြောဖူးတယ်။

ရင်အုံကြွက်သားမောက်လာအောင် လုပ်ဆောင်ခြင်း

မိန်းမတွေ ယောက်ျားတွေကို အရင်ဆုံးလေ့ကြည့်လေ့ရှိတဲ့ခန္ဓာကိုယ် အစိတ်အပိုင်းက အပေါ်ပိုင်း ခန္ဓာကိုယ် ကြွက်သားတွေကိုပဲ
ဖြစ်တယ်။ ယောက်ျားတွေရဲ့ ရင်ခွင်ဟာမိန်းမတို့ရဲ့ခိုဝင်မှေးစက်ရာ
နေရာဖြစ်သလို ဆော့ကစားရာ နေရာလည်းဖြစ်တယ်။ မိန်းမတွေရဲ့ အားကိုးယုံကြည်မှုကို ပေးစွမ်းစေနိုင်တဲ့နေရာလည်း ဖြစ်တယ်။ ရင်အုံကြွက်သားတက်ဖို့ လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်း သုံးမျိုးရှိတယ်။

ဝိတ်မတဲ့နည်း

(Bench Press) ဒိုက်ထိုးတဲ့ကိရိယာလွတ် လေ့ကျင့်နည်း (T-Press-up) ကြိုးဆွဲလေ့ကျင့်နည်း (Cable crossover Fly) တို့ပဲဖြစ်တယ်။ ဝိတ်မတဲ့နည်း ဒီနည်းဟာရင်အုံကြွက်သားလေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး
လေ့ကျင့်ခန်းပဲဖြစ်တယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အခါမှာ ကိုယ်ချည်းသက်သက်တစ်ယောက်တည်း လုပ်ဆောင်တာထက်
ဘေးနားမှာ ဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ အကူတစ်ယောက်ပဲဖြစ်ဖြစ် ဝိုင်းကူပေးဖို့လိုတယ်။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေအများကြီး အလုပ်ပေးရတာဖြစ်တဲ့ အတွက် တက်တာအမြန်ဆုံးနဲ့အကောင်းဆုံးလို့ ဆိုရတာဖြစ်တယ်။

ဒိုက်ထိုးနည်း

အားကစားရုံသွားပြီး မလေ့ကျင့်နိုင်တဲ့ညီငယ်များအတွက် ကိရိယာလွတ်လေ့ကျင့်နည်းပဲဖြစ်တယ်။ V-Shape ပုံသဏ္ဍာန် ဖြစ်ချင်ရင် လက်ကိုကျယ်ကျယ်လေးထားပြီး ဒိုက်ထိုးပေးပါ။ ခြေထောက်ကို
အမြင့်ပေါ်မှာထားပြီး ထိုးရင်ပိုတက်မြန် ပါတယ်။ ဒါပေမယ့် အရင်ဆုံးစတင်လေ့ကျင့်မယ့်သူတွေ အတွက်ကတော့ ရေပြင်ညီ
အနေအထားနဲ့ စတင်လေ့ကျင့် သင့်ပါတယ်။ တစ်ပတ်လောက်နေမှ အကြိမ်ရေနဲ့ ပုံစံပြောင်းပြီးထိုးသင့်ပါတယ်။ တစ်တောင်လောက်
အမြင့်မှာ ခြေတင်ပြီးထိုးပေးပါ။ သုံးပတ်လောက်ပုံမှန်ထိုးလိုက်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် အချိန်မှန်ရမယ်။ အကြိမ်ရေမှန်ရမယ်။ လုပ်နည်းမှန်ရမယ်။ အဲဒါတော့ မမှန်မဖြစ်မှန်ဖို့လိုတယ်။ ဒါမှမြန်မြန်နဲ့ အချိုးအစားကျကျ ကြွက်သားတွေ တက်လာမှာဖြစ်တယ်။

ကြိုးဆွဲလေ့ကျင့်နည်း

နောက်တစ်နည်းက Cable Machine ကိုသုံးပြီးလေ့ကျင့်ရတာ ဖြစ်တယ်။ မတ်တပ်ရပ်လေ့ကျင့်နိုင်သလို ထိုင်လျက်လည်းလေ့ကျင့်နိုင်ပါတယ်။ အဖော်အကူရှိဖို့ မလိုပါဘူး။

အစားအသောက်

ကာယလေ့ကျင့်ခန်းတွေလုပ်လို့ရှိရင် အစားအသောက်ကို ဂရုစိုက်နဲ့ စားသုံးပေးရပါမယ်။ အဆီနည်းတဲ့အသားတွေ ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ စားပေးရပါမယ်။ များများစားပေးဖို့ မလိုပါဘူး။ ခန္ဓာကိုယ်အတွက် ကြွက်သားတွေတက်ဖို့အတွက် မှန်ကန်သင့်လျော်တဲ့အစားအစာတွေပဲ စားသုံးပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေရရှိရင်
ကြွက်သားတွေဟာ အမြန်တက်လာမှာဖြစ်တယ်။

အအိပ်အနေ

စားတာသောက်တာအရေးကြီးသလို ခန္ဓာကိုယ်အတွက် မရှိမဖြစ်အနားယူဖို့လည်း လိုအပ်လှပါတယ်။ အထူးသဖြင့် အိပ်စက်တဲ့အခါမှာပေါ့။ နည်းစနစ်တကျနဲ့ အိပ်စက်တတ်ဖို့
လိုသလိုလိုအပ်တဲ့ အိပ်ချိန်ပမာဏအိပ်စက်ပေးဖို့လည်း 
လိုအပ်ပါတယ်။ အနည်းဆုံး၇နာရီ အိပ်စက်အနားယူပေးဖို့ လိုပါတယ်။ သက်သောင့်သက်သာရှိတဲ့ အိပ်ရာခင်းမှာ အိပ်စက်ပေး ရပါမယ်။ မအိပ်ခင်မှာ ညစ်ညမ်းကား၊ စာအုပ်၊ ကာတွန်းတွေ မဖတ်ပါနဲ့။

ထပ်တိုးလေ့ကျင့်ခန်းများ

ကာယလေ့ကျင့်ခန်းတွေမလုပ်ဆောင်ခင်မှာ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးဖို့လိုတယ်။ နောက်တစ်ခုက ရေကူးတာတို့ကိုယ်ရဲ့ Program ထဲမှာ ထည့်သွင်းလုပ်ဆောင်ပေးပါ။ အသေအချာသိထားရမယ့် အချက်တစ်ခုကတော့ ရင်အုံဆိုတာ မိန်းမတွေကို ဆွဲဆောင်နိုင်ဆုံး
နေရာဖြစ်ပေမယ့် သိပ်ကြီးပြီး မိန်းမရင်အုံလိုဖြစ်နေရင် မိန်းမတွေအတွက် ရင်ခုန်စရာမဖြစ်ပဲ စိတ်ကုန်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရင်အုံ
ကျယ်အောင်နဲ့ ကြီးအောင်လုပ်ဖို့ ပဲလိုပါတယ်။

Ref : seinpanpyar.multiply.comယောက်ျားဆိုတာ ကျားကျားလျားလျားနဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှသာ ကြည့်ကောင်းရှုကောင်းပြီး လူအမြင်တင့်တယ်စေ မှာ ဖြစ်တယ်။ အခုခေတ်ကြီးမှာ မိန်းမ ဆန်တဲ့ယောက်ျားတွေ မြင်တွေ့ လာရတာ ယောက်ျားတို့အနေနဲ့ ဂုဏ်ယူစရာတစ်ရပ်မဟုတ် ပါဘူး။ မော်ဒယ်လုပ်မလို့ပဲဖြစ်ဖြစ်၊ ကာယလေ့ကျင့်ခန်းလုပ်ရတာ ဝါသနာ ပါလို့ပဲဖြစ်ဖြစ် အားကစားဆိုတာ လိုက်စားသင့်တဲ့ ပညာရပ် တစ်ခု ဖြစ်ပါတယ်။ ဆရာကြီးကျောက်ဘီလူး တင်မောင်ဆွေ တစ်ခါ ကပြောဖူးတာက “ကာယလေ့ကျင့်ခန်းတွေဟာ တခြားအားကစား

အချစ်ဟာ ဆေးဝါးတစ်မျိုးပါ

Photo: အချစ်ဟာ ဆေးဝါးတစ်မျိုးပါ
Thursday, 27 December 2012

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး
နှလုံးရောဂါကို ကာကွယ်နိုင် တဲ့အပြင် အရွယ်တင် နုပျိုစေပါတယ်။ 
လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်

တစ်ပတ်ကို အနည်းဆုံးလေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။

“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး
လေထု ညစ်ညမ်းမှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

ကာမဂုဏ်လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန်လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ်ကြောင့်ကြမှုများတာနဲ့ မိမိကိုယ်ကို လုံခြုံမှု
မရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ်နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်းပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု
မပြုလုပ်ခင်နဲ့ ပြုလုပ်အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်

တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

ပိုမိုကောင်းမွန်အောင်

ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်

အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကိုသုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ
သုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်
နိုင်ပါတယ်လို့ သုတေသနခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်

တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်

လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝအကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ်အတွက် သုံးဆလောက် မြင့်တက်လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာ နဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။

ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေးကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Ref By - http://seinpanpyar.multiply.com/

ရိုးရာလေးအိပ်ခန်းထဲမှ အချစ်ဟာသင့်အတွက်ကင်ဆာရောဂါကို အောင်နိုင် ပြီး  နှလုံးရောဂါကို ကာကွယ်နိုင်တဲ့အပြင်အရွယ်တင် နုပျိုစေပါတယ်။ လိင်ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ

GSM ဖုန်းကို တစ်သိန်း ၂ သောင်း ဖြင့် ဇန်န၉၀ါရီလ က စပြီး ရောင်းချမည်။

လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်
ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

သူသေကိုယ်သေ ပိတုန်းနဲ့မြွေ

thn-26-12-12-5သမ္မတအိုဘားမား မြန်မာနိုင်ငံကို မလာခင်အချိန်လေးအတွင်းမှာ သူလာရင် ဘာတွေများ ပြောလိုက်လေဦးမလဲဆိုပြီး ကိုယ့်ဟာကိုယ် တွေးပူနေခဲ့ကြတဲ့ လူစုနှစ်စု ကိုယ်တို့ နိုင်ငံမှာရှိခဲ့ပါတယ်။ပထမလူတစ်စု စိတ်ပူမိတဲ့ အချက်ကတော့ ကိုယ့်နိုင်ငံက အကြီးအကဲ အမေရိကားရောက်တုန်းက ပြောသွားခဲ့တဲ့

လက်ပံတောင်း ကနဦးအစီရင်ခံစာ ၂ ပတ်အတွင်း ထွက်မည်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်ကျင်သိပ္ပံကို တာဝန်ပေးထားကြောင်း၊ ဂေဟဗဒစနစ် ကျွမ်းကျင်သူ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ၊ မြေလွှာနှင့် ရေဆိုင်ရာ ကျွမ်းကျင်သူ၊ လေထု စံညွှန်းဆိုင်ရာ ကျွမ်းကျင်သူ၊ ယဉ်ကျေးမှု အလေ့အထဆိုင်ရာ ကျွမ်းကျင်သူ စသည့် ပညာရှင် ၁၂ ဦးဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အဆိုပါအဖွဲ့က ကနဦးအစီရင်ခံစာကို ၂ ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
from -ဧရာဝတီ

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလိုင်း တရုတ်ဖွင့်လှစ်

ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလိုင်းကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
အကွာအဝေးအားဖြင့် ၁၄၂၇ မိုင် ရှည်လျားပြီး ဘေဂျင်းနဲ့ ဂွမ်ဇောင်အကြား ပြေးဆွဲတဲ့ အဲဒီ အမြန်ရထားဟာ မြို့တော် ဘေဂျင်းကနေ မနက် ၉ နာရီမှာ ထွက်ခွာပြီး ဒုတိယရထားကတော့ ဂွမ်ဇောင်ကနေ တနာရီခြားပြီး ထွက်ခွာခဲ့ပါတယ်။

ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်

Photo: ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ်
Thursday, 27 December 2012

ကဘူးလ်မြို့ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီး တစ်ဦးက အမေရိကန် တပ်ဖွဲ့ဝင် တစ်ဦးအား ပစ်သတ် ခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသော အမျိုးသမီး တစ်ဦးကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။

အမျိုးသမီးမှာ တာလီဘန် အဖွဲ့နှင့် အဆက်အသွယ် ရှိသူ ဖြစ်လိမ့်မည်ဟု သံသယ ရှိကြောင်း အရာရှိ များက ပြောကြား ခဲ့ပါသည်။ 

တိုက်ခိုက်မှု ကြောင့် အမေရိကန် စစ်ဘက် အကြံပေး တစ်ဦး သေဆုံး ခဲ့ကြောင်းနှင့် အလွန်ဝမ်းနည်းဖွယ် ကောင်းသော ဖြစ်ရပ်တစ်ခု
ဖြစ်ကြောင်း နေတိုး အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောကြား ခဲ့ပါသည်။

မြ၀တီကဘူးလ်မြို့ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဌာနချုပ်၌ ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသော အာဖဂန် အမျိုးသမီးတစ်ဦးက အမေရိကန်တပ်ဖွဲ့

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်  
Thursday, 27 December 2012

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင်
လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည်
များအား ဖော်ပြအပ်ပါသည်။

''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို
သေချာစစ်ပြီးမှ အားလုံး Clear  ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်
ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင်
အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။

နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို
လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။
လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်
ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။

သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။

လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်
တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။

Eleven Media Groupဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေ ယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင် ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြ ခဲ့သည်။များအား ဖော်ပြအပ်ပါသည်။''ဟဲဟိုးလေဆိပ်ကို ဆင်းသက် ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ

ကျေးဇူးဆပ်သည့်ပွဲ ၁၂ နှစ်ပြည့် နှစ်ပတ်လည်

၁.၁.၂၀၀၁ ရက်နေ့မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သော နာရေးညီမှု အသင်း(ရန်ကုန်) တည်ထောင် ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် (အင်္ဂါနေ့) တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။  အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်၊ ရန်ကုန် မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နံနက် (၉း၀၀) နာရီအချိန်မှ စတင်၍ မျက်စိခွဲစိတ်ခန်း၌ မျက်စိခွဲစိတ်ပြီး မျက်စိဝေဒနာရှင်တို့အား

ဂျော့ဆိုရော့ထိန်းချုပ်တဲ့ ကမ္ဘာ့သစ်အစီအစဉ်နဲ့ မြန်မာ့အရေး

နံနက်မိုးသောက် မျက်စေ့ကိုဖွင့် နားကိုစွင့်လိုက်တာနဲ့ မြန်မာအပါအ၀င် ကမ္ဘာတစ်လွှားမှ နောက်ဆုံးရသ