Tuesday, January 1, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်း


မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေတစ်ဆင့် တိုက်ရိုက် စကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလို ရေဒီယိုကနေ တစ်ဆင့် ပြည်သူလူထုကြီးကို တိုက်ရိုက် ဆက်သွယ် ပြောကြားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် တစ်ခုကို အစပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်တဲ့ အစိုးရနဲ့ ပြည်သူအကြား အပြန်အလှန် ယုံကြည်မှုကို ကျွန်တော်တို့ ပြန်လည် တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် တက်ရောက်လာတဲ့ အချိန်ကစတင်ပြီး ပြည်သူလူထုနဲ့ အစိုးရအကြား အပြန်အလှန် ဆက်သွယ်မှုကို ပိုမိုကောင်းမွန်လာစေဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ အခါအခွင့်သင့်တိုင်း ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို မီဒီယာများကနေတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အတွက်လည်း ကျွန်တော်အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကျင်းပပြီး ပြည်သူလူထုထံသို့ သတင်းအချက်အလက်များ စီးဆင်းစေခဲ့ပါတယ်။ အခုလို မီဒီယာမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလမှာ ရေဒီယိုကို အသုံးပြုတဲ့ ဆက်သွယ်ရေး နည်းလမ်းဟာ ထိရောက်မှု ရှိနေသေးတဲ့အပြင် လက်ရှိမိမိတို့ နိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုရှိပြီး တစ်နိုင်ငံလုံးက ပြည်သူအများစု အားထားရတဲ့ သတင်း ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့အတွက် ရေဒီယိုမိန့်ခွန်းများစတင် ပြောကြားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်နှစ်အတွင်း ပြုပြင် ပြောင်းလဲရေး ကိစ္စရပ်များက ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု များကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်စ ပြုခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျွန်တော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အစိုးရယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲ ဖြစ်ပါတယ်။ ဒီကွာဟမှုကို နည်းနိုင်သမျှ နည်းအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားရမယ်ဆိုတာ ကျွန်တော့ အနေနဲ့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

ပွင့်လင်းလွတ်လပ်မှုများ မရှိခဲ့ဘဲ အထီးကျန်ဆန်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေနဲ့ ပြည့်နက်နေတာကို ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ယခုလို ပြုပြင် ပြောင်းလဲရေးကာလမှာ အကောင်းဆုံး အခြေအနေကို မျှော်လင့်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ အကောင်းဆုံးမျှော်လင့်တာ သဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရေးကြီးဆုံးကတော့ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုများက တစ်ဆင့် သေချာရေရာတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ လွတ်လပ် ပွင့်လင်းမှု ရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှု ရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး နှစ်ဦးနှစ်ဖက် ညှိနှိုင်း အဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး အစွန်းမရောက်တဲ့ အမြင်မျိုး ဖြစ်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာကပင် အံ့သြစရာကောင်းလောက်အောင် နိုင်ငံရေး ဖြစ်ထွန်းမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးစနစ် တစ်ခုကို ကျွန်တော်တို့အတူ အုတ်မြစ်ချနိုင်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ အထွေထွေ ပြုပြင် ပြောင်းလဲမှုများရဲ့ အသီးအပွင့်တွေကို ပြည်သူတစ်ဦးချင်းစီ လက်တွေ့ ခံစားခွင့် ရစေဖို့၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စရပ်များနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြီးထံကို စဉ်ဆက်မပြတ် ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။

မကြာမီမှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး ကျွန်တော် တွေးမိတဲ့ အကြောင်းအရာတစ်ခုကို ပြည်သူလူထုကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်ရေးရယူစဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှု အင်အားအတိုင်း နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကလက်တွဲလုပ်ဆောင်နိုင်မယ် ဆိုပါလျှင် ယခု ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အနေနဲ့လည်း ကျွန်တော်နဲ့ တစ်သဘောတည်း ရှိနေမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။


မိဘပြည်သူတစ်ရပ်လုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ။


http://www.president-office.gov.mm/briefing-room/news/2012/12/31/id-2267
မိဘပြည်သူများ ခင်ဗျား

ယခုလို နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူတစ်ရပ်လုံး ပျော်ရွင်ခြင်း၊ ငြိမ်းချမ်းခြင်း များနဲ့ ပြည့်စုံ ပါစေ လို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ယခုလို ကျွန်တော့ အနေနဲ့ မိဘပြည်သူတို့ကို ရေဒီယိုကနေ တစ်

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။


KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့ အရင်က စိတ်ထဲမှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာတာက နိုင်ငံရေးခံယူချက် မည်မည်ရရ မရှိတဲ့အဖွဲ့ တစ်ခုဆိုတာပါပဲ။

ဘယ်လို နိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတာလဲ။

(အကယ်၍) ကချင်ပြည်နယ်ကို KIO/KIA အဖွဲ့ လက်ထဲထည့်ပြီး “ ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ ” ဆိုရင် ၊ ဘယ်လို ဖွဲ့စည်းပုံနဲ့ ၊ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား ၊ ကချင်လူထု အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာ သေချာရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ရပါလိမ့်မယ်။

ငြိမ်းချမ်းရေး ကိစ္စ စဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် ဘာလို့ ထည့်မစဉ်းစားနိုင်ရတာလဲ။

KIO/KIA အဖွဲ့ အနေနဲ့ ကိုယ့်လူမျိုး အချင်းချင်းအတွက် အဲဒီကိစ္စတွေကို မစဉ်းစားပေးဘဲ ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၊ ကချင်လူထုအတွက် လုပ်နေတဲ့ တော်လှန်ရေး ဟုတ်ပါရဲ့လား။

KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများ၏ ချမ်းသာကြွယ်ဝမှုကို လိုင်ဇာရောက်ဖူးသူတိုင်း သိပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ် အတွက် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘ၀ ဖွံ့ဖြိုးစည်ပင်ရေးတွေ အတွက် ဘာများ လုပ်ကိုင်ပေးခဲ့ ပါသလဲ။

လုပ်ခွင့်မရလို့ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့တော့ မလုံလောက်ပါဘူး။


ကချင်ပြည်နယ်ကို အုပ်ချုပ်ပိုင်ခွင့် တောင်းနေသော KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများခင်ဗျာ...

ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေသာ နေတာမပာုတ်ပါဘူး ၊ လူမျိုးပေါင်းစုံ နေထိုင်တာပါ။

အုပ်ချုပ်ခွင့် လိုချင်တဲ့သူက ပြည်သူကို ဘယ်လိုဆက်ဆံတာလဲ ၊ လက်ခံချင်အောင် လုပ်နေတာလား ၊ လက်မခံချင်အောင် လုပ်နေတာလား။

အစိုးရက ပေးတာ ၊ မပေးတာ အပထား။ ပြည်သူကိုတော့ အရင်မေးကြည့်သင့်ပါတယ်။

အုပ်ချုပ်မဲ့သူတစ်ယောက်က အစိုးရထက်ပိုပြီး ဆိုးရွားလွန်းနေတာ ၊ ဘယ်ပြည်သူက သဘောကျမတုန်း။

သေချာသိချင်ရင် တစ်နိုင်ငံလုံး ဆန္ဒမဲကောက်ြပီး မေးနေ စရာမလိုပါဘူး။

ကချင်ပြည်နယ်မှာ နေတဲ့သူဆီမှာပဲ ၊ ဆန္ဒမဲ အရင် ကောက်ကြည့်ပါဗျာ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။။ ။။

KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ


KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Tuesday, 1 January 2013
၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီးတစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက တရုတ်တို့အနေဖြင့် KIA အားလက်သိပ်ထိုးထောက်ပံ့နေသည့် သက်သေပင် ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။

အမေ့အိမ်

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ

လက်နက်ချ အလင်းဝင်လာသည့် ကေအိုင်အေ (၆)ဦးတွင် မြင်းခြံ တောင်သာဘက်မှ (၄)ဦး၊ လီဆူး (၂) ဦး ပါဝင်

ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကေအိုင်အေတပ်ရင်းမှ ထွက်ပြေးလာသော မြင်းခြံတောင်သာမှ (၄) ဦး၊ လီဆူး လူမျိုး(၂) ဦး စုစုပေါင်း(၆)ဦးအား လက်နက်ငယ်များနှင့် အတူ မြန်မာ့တပ်မတော်ထံသို့ လက်နက်ချ

Monday, December 31, 2012

မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ

Photo: မြောက်ကိုရီးယားက ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ
Monday, 31 December 2012

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏ စစ်အင်အားကို ပြသရန် ဆန္ဒရှိ နေကြောင်း မြောက်ကိုရီးယား သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါ ထုတ်ပြန်မှုသည် နိုင်ငံ၏ စစ်ဘက် အကြီးအကဲ အဖြစ် ကင်ဂျုံအန်မှ တာဝန် ယူခဲ့ ပြီးနောက် တစ်နှစ် အကြာတွင် ထွက်ပေါ်လာ ခဲ့ခြင်း
ဖြစ်ပါသည်။ စစ်ဘက် တပ်ဖွဲ့တစ်ဖွဲ့အား ကင်မှ စစ်ဆေးနေသည့် ရုပ်ရှင်ကားနှင့် မကြာသေးမီက ဒုံးပျံ ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သော သိပံ္ပ ပညာရှင် များနှင့်အတူ ကင်၏ ဓာတ်ပုံများအား နိုင်ငံပိုင် ရုပ်သံက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြသခဲ့ပါသည်။ ဒုံးပျံ လွှတ်တင်မှုသည် ကင်ဂျုံအန်၏ ကြိုးပမ်းမှုနှင့် ဆုံးဖြတ် ချက်၏ ရလဒ်ဖြစ်သည်ဟု အယ်ဒီတာ အာဘော်တွင် ဖော်ပြခဲ့ကြောင်း ကိုရီးယား အလုပ်သမား ပါတီ သတင်းစာ ဖြစ်သော Rodong Sinmun က ဖော်ပြခဲ့ ပါသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာသို့ ၎င်း၏စစ်အင်အားကို ပြသရန် ဆန္ဒ

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ



လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ပယ်ချ
 
လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်းများကို ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပယ်ချခဲ့ ပါသည်။

အနောက် နိုင်ငံများနှင့် အာရပ်နိုင်ငံ အချို့မှ မီဒီယာ များက ယီမင်တောင်ပိုင်းရှိ စစ်သွေးကြွများ ထံသို့ ဦးတည်၍ ခုတ်မောင်းခဲ့သည် ဟု စွပ်စွဲပြောဆို ခဲ့ကြမှုနှင့် ပတ်သက်၍ ယီမင် ရေပိုင်နက် အတွင်း ကြားဖြတ်ဖမ်းဆီး ခဲ့သော သင်္ဘောမှာ အီရန် သင်္ဘော မဟုတ်သကဲ့သို့ အဆိုပါ သင်္ဘောပေါ်တွင် မည်သည့် လက်နက်မျှလည်း ပါရှိခြင်း မရှိ ကြောင်း ယီမင် ပြည်ထဲရေး ဝန်ကြီး ဌာနက အလေးထား ပြောကြားခဲ့ပါသည်။ 

ဒီဇင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ထိန်းသိမ်းခဲ့သည့် သင်္ဘော မှာ တိုဂို နိုင်ငံမှ သင်္ဘော တစ်စင်း ဖြစ်ပြီး အဆိုပါသင်္ဘော ပေါ်တွင် ကျောက်မီးသွေးများ တင်ဆောင်လာ ကြောင်း သိရှိရပါသည်။ 

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ယီမင်နိုင်ငံ မီဒီဆိပ်ကမ်း အနီးတွင် “Royal Star” အမည်ရှိ တိုဂိုသင်္ဘော တစ်စင်းကို ယီမင် ကမ်းခြေစောင့် တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ဖော်ပြထား သည်ဟု 
သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3221-2012-12-31-16-03-29

လက်နက်များ တင်ဆောင်လာသည့် အီရန် သင်္ဘော တစ်စင်းကို ဖမ်းဆီးထားသည် ဟူသော သတင်း

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

KIA ခေါင်းဆောင်များ တရုတ်နိုင်ငံတွင် နေထိုင်နိုင်ရန်အတွက် မြေကွက်များကြိုတင်ငှားရမ်းထား

31 Dec 2012

 ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ အစုလိုက် သွားရောက် နေထိုင်မယ်လို့ သိရပါတယ်။ ကချင် လက်နက်ကိုင်တပ်တွေအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လူထု အများစု ကိုယ်တိုင်က မထောက်ခံတဲ့ အတွက် အစိုးရတပ်ရဲ့ ထိုးစစ်ဆင်လာတာကို ကချင်ပြည်နယ်အတွင်းမှာ ဘယ်သူကမှ ကန့်ကွက်မှုတစ်စုံတစ်ရာ မလုပ်ခဲ့ကြပါဘူး။

KIA တပ်တွေဟာ တရုတ်အစိုးရရဲ့ တိတ်တဆိတ်ထောက်ပံ့မှုတွေရရှိနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။ KIA တပ်တွေအနေနဲ့ သီးခြားကချင်ပြည်နယ်ထူထောင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံက လက်နက်ကျွမ်းကျင်သူတွေဦးစီးတဲ့ လက်နက်စက်ရုံတွေကို တရုတ်နယ်စပ်နဲ့ လိုင်ဇာဌာနချုပ်အနီး ဝေကြိုင်ဘွန် ရပ်ကွက်မှာ တည်ဆောက်ထားပါတယ်။ အစိုးရဘက်က အကြိမ်ကြိမ် အလျော့ပေးပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် ဆွေးနွေးပွဲတွေ အောင်မြင်လာခြင်းမရှိခဲ့တဲ့အပေါ် ဒေသခံ လူမျိုးစု ခေါင်းဆောင်တွေ ကိုယ်တိုင်က KIA အပေါ် ထောက်ခံမှု လျော့နည်းလာခဲ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် KIA ခေါင်းဆောင်အများစုဟာ ကချင်ပြည်နယ်အတွင်းမှာ မနေရဲတော့ဘဲ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားတာဖြစ်တယ်လို့ နယ်စပ်ဒေသက KIA အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။


ယခုရက်များအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့အတွက် KIA ခေါင်းဆောင်ပိုင်းတွေ တရုတ်နိုင်ငံဘက်ကို အသုတ်လိုက် ထွက်ပြေးနေကြပါတယ်။ လိုင်ဇာနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အရင်ကထဲက ငှားရမ်းထားတဲ့မြေကွက်မှာ သူတို့ဆွေမျိုးတွေ

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

KIA နောက်ချန်အဖွဲ့များ လိုင်စင်ပို့သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

31 Dec 2012

 လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ ဘယ်လိုမှနေလို့မရတော့ တဲ့အတွက် ထွက်ပြေးနေကြရခြင်း ဖြစ်ပါတယ်။ အစိုးရတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ လိုင်ဇာ ဌာနချုပ်အနီးတ၀ိုက်ကို အဆက်မပြတ် ကျရောက်ပေါက်ကွဲ နေတဲ့အတွက် ခုလိုမျိုး စွန့်လွှတ်ထွက်ပြေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ချန်ထားရှိခဲ့တဲ့ တပ်ဖွဲ့တွေဟာ  အသေခံတိုက်ခိုက်လိုစိတ် မရှိဘဲ စွန့်ခွါနေတာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံထဲမှာ  ရောက်နေတဲ့ KIA ခေါင်းဆောင်တွေက ထွက်ပြေးတဲ့သူတွေကို ပစ်သတ်ဖို့ ဒီကနေ့အမိန့်ထုတ်ပြန် လိုက်ပါတယ်။

အခုအခါမှတော့ လိုင်ဇာဌာနချုပ်မှာရှိနေတဲ့ ကချင်တပ်ဖွဲ့ဝင်တွေအနေနဲ့ အထက်ကဘယ်လိုပဲ အမိန့် ပေးပေး လိုက်နာမှုမရှိတော့ပါဘူး။ ဘယ်တပ်ဖွဲ့ဝင်ကမှလဲ အသေခံတိုက်ခိုက်ဖို့ မစဉ်းစားကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ခေါင်းဆောင်တွေကိုယ်နှိုက်က ထွက်ပြေးနေတဲ့အတွက် ကျန်တဲ့သူတွေလဲ ဘေးလွှတ်ရာကို ပြေးနေကြတာဖြစ်ပါတယ်။ အောက်ခြေက KIA တပ်ဖွဲ့ဝင်အများစုကတော့ လိုင်စင်ပို့ ကိုလဲ အစိုးရတပ်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရအုံးမှာဖြစ်တဲ့အတွက် ထိတ်လန့် သွေးပျက်နေကြပါတယ်။ သူတို့အတွက်သေဖို့ ထက် နေဖို့ကို ဦးစားပေး စဉ်းစားကြရတော့မှာဖြစ်တယ်လို့ KIA စစ်သားတစ်ဦးက ပြောပြပါတယ်။
လိုင်ဇာဌာနချုပ်မှာ နောက်ချန်တပ်အဖြစ်ထားရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေ လိုင်ဇာကနေ လိုင်စင်ပို့ဘက်ကို ထွက်ပြေး တိမ်းရှောင်လျက်ရှိတယ်လို့ သိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းက ဒီအဖွဲ့တွေကို လိုင်ဇာ ဌာနချုပ်မှာ လူတံတိုင်းနဲ့ ကာကွယ်ဖို့ အသေခံတပ်ဖွဲ့တွေအဖြစ်ထားရှိခဲ့တာဖြစ်ပေမယ့် လိုင်ဇာ ဌာနချုပ်မှာ

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

KIA ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်ပြည်ဘက်သို့ ပြောင်းရွှေ့

31 Dec 2012

 KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာတဲ့အတွက် KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ တရုတ်ပြည်ဘက်ကို အစောဆုံးဆုတ်ခွာသွားခဲ့ သလို ကျန်ရှိနေတဲ့ ဆွေမျိုးတွေလဲ အိမ်ထောင်စုအလိုက် တရုတ်ပြည်ဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

KIA ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေမျိုး၊မိသားစုတွေအနေနဲ့ အရင်ကထဲက တရုတ်ပြည်နယ်အစိုးရနဲ့ သဘော တူညီချက်တွေရှိထားတဲ့အတိုင်း လိုင်ဇာမှာနေလို့မရတော့တဲ့အတွက် ပြောင်းရွှေ့နေကြခြင်းဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာ လိုင်ဇာဌာနချုပ်က အစိုးရတပ်တွေရဲ့လက်ထဲကို ကျရောက်တော့မဲ့ အခြေအနေ ဖြစ်နေပါတယ်။ KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးလဂျွန်ကတော့ ``သူတို့ KIA တွေရဲ့ လျှို့ဝှက်ချက် တွေကို ABSDF ကျောင်းသားတပ်မတော်ကနေတစ်ဆင့် စစ်တပ်က သိသွားတာဖြစ်တယ်လို့`` ပြောပါတယ်။ ``ABSDF ကျောင်းသားတပ်မတော်မှာ အစိုးရရဲ့ စစ်ထောက်လှမ်းရေးတွေရှိတယ်ဆိုတာ သူတို့သတိမပြုမိလို့ အခုလိုခံလိုက်ရခြင်းဖြစ်တယ်လို့`` လည်း ပြောပြပါတယ်။
 

KIA ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ တရုတ်ပြည်ဘက်မှာရှိနေတဲ့ သူတို့ရဲ့ ကျောက်စိမ်းကုမ္ပဏီ တွေမှာ အရှိန်အဟုန်မပျက်ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပေမယ့် လိုင်ဇာမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ အနာဂတ်အရေးကတော့ ဘာမှသေချာရေရာခြင်းမရှိပါဘူး။ ကျန်ခဲ့တဲ့တပ်ဖွဲ့တွေမှာ စားနပ်ရိက္ခာ၊ ငွေကြေးနဲ့ ဆေးဝါးတွေလုံလောက်မှုမရှိတဲ့အတွက် တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေ အခြေအနေကဆိုးရွားနေသလောက် တရုတ်ပြည်ဘက်မှာရောက်နေတဲ့ KIA ဆွေမျိုးတွေကတော့ အခြေအနေ မပျက် စည်းစိမ်အပြည့်နဲ့ နေနိုင်မှာပါလို့ ဆက်လက်ပြောပြပါတယ်။


KIA ခေါင်းဆောင်ပိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ပြီး
တရုတ်နဲ့လက်တွဲရေး လုပ်ဆောင် ချက်တွေကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာတ၀ိုက်မှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားလျက်ရှိနေပါတယ်။ တိုက်ပွဲတွေမှာ KIA ဘက်က ထိခိုက်ကျဆုံးမှုတွေ တစ်နေ့ထက်တစ်နေ့

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲများတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး



        Photo: a rare historic photo of KIA fighters praying  before going to battlefield

      
 တပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ

KIA အဖွဲ့မှ လူစည်ကားရာနေရာများနှင့် အစိုးရရုံးဌာနများအား ဗုံးဖောက်ခွဲရန် ကြံစည်လျှက်ရှိ


မြစ်ကြီးနား -မန္တလေး မီးရထားလမ်းအား KIA သောင်းကျန်သူအဖွဲ့မှ မိုင်ထောင်ဖောက်ခွဲစဉ် ကိုယ့်မိုင်းနှင့်ကိုယ်ထိမိပြီးKIA သောင်းကျန်သူအဖွဲ့ဝင် ၂ဦး သေဆုံးစဉ်

KIA အဖွဲ့သည် အစိုးရရုံးစိုက်ရာမြို့ရွာများနှင့် လူစည်ကားရာ နေရာများအား ဗုံးဖောက်ခွဲရန် လုပ်ဆောင်နေ ကြကြောင်း သတင်းရရှိပါသည်။ အစိုးရအနေဖြင့် KIA အဖွဲ့အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ
Monday, 31 December 2012

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေး
များပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထားသော်လည်း ယခုအချိန်တိုင် ဆက်လက်ရောင်းချ
လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။

“ဆရာ/မတွေမသိအောင် ကျောင်းဝန်းထဲကိုလာပြီး ဈေးသည်တွေက ခိုးရောင်းနေတာ၊ အဲ့ဒီ မုန့် တွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် 
ဈေးပေါပေါနဲ့ဝယ်လို့ရတော့ အငယ်တန်း ကလေးတွေက အရမ်းစားကြတယ် “ ဟု အခြေခံပညာအထက်တန်းကျောင်း 
တစ်ကျောင်းမှ န၀မတန်း ကျောင်းသူ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြား/ပဲချောင်းများနှင့် ဓာတုဆိုးဆေးများပါဝင်သောမုန့်များမှာ ကျန်းမာရေးညီညွတ်မှု မရှိသောကြောင့် (၂၀၁၂) ခုနှစ် စာသင်နှစ်အစောပိုင်းမှစတင်၍ စာသင်ကျောင်း များတွင် ရောင်းချခြင်း မပြုရန်တားမြစ်ထားခြင်းဖြစ်သည်။

“အဲ့ဒီမုန့်တွေက အမှိုက်ပစ်တဲ့နေရာမှာတောင် အထုပ်လိုက်
ပစ်ထားကြတာ၊ ကျောင်းတွေမှာက ခိုးရောင်းနေတုန်းပဲဆိုတော့ 
ဝယ်စားမိတဲ့ ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်၊ ဈေးဆိုင်တွေကို အခုထက်ပိုပြီး သေချာကြပ်မတ် သင့်တယ် “ဟု ကျောင်းသား
မိဘတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးက ပြောသည်။

ရောင်းချခွင့်မပြုသော တားမြစ်မုန့်တွေမှာ များသောအားဖြင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်နိုင်ငံမှ
ဝင်ရောက်လာသည့် ဆိုးဆေးပါဝင်သောမုန့်များနှင့် ပဲပြား/အစပ်
ချောင်းများဖြစ်ပြီး အဆိုပါမုန့်များကို စားသောက်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့် အစာအိမ် လမ်းကြောင်းဆိုင်ရာ
ရောဂါများ   ဖြစ်ပွားစေနိုင်ကြောင်း   ကျောက်မဲမြို့ရှိ ဆရာဝန်ကြီး 
တစ်ဦးက သုံးသပ်သည်။

“ကျမရဲ့ကျောင်းမှာတော့ ကျောင်းတွင်းမုန့်ဆိုင်ကို ကျောင်း
ကျန်းမာရေးအဖွဲ့ကနေ အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက် ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်၊ တားမြစ်မုန့်တင်မကဘူး ယင်နား စာတွေနဲ့ ၀မ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ အစားအစာတွေကိုပါ
မရောင်းချခိုင်းပါဘူး “ ဟု ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းခွဲမှ ကျောင်းအုပ် ဆရာမကြီးကပြောသည်။

ကျောက်မဲမြို့တွင် စာသင်ကျောင်း (၆၀)ကျော်ခန့်ရှိပြီး အချို့သော
ကျောင်းများတွင် ဓာတုဆေးဝါး ပါသော တရုတ်မုန့်များကို ရောင်းချ
လျက်ရှိကြောင်း သိရသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်း များ၌ ဓာတုဆိုးဆေးများပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြု

KIA ခေါင်းဆောင် များအား အကြမ်း ဖက်သောင်းကျန်း သူများအဖြစ် ပြတ်ပြတ် သားသား အရေးယူသင့်



KIA အဖွဲ့အစည်းအနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖျက်ကာ တိုင်းရင်းသားရွာများ အနီးတဝိုက်တွင် မိုင်းထောင်ခြင်း၊ ရထားလမ်း၊ ကားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူ လူထုအား အကြောင်းမဲ့ ပစ်ခတ်

ဒန့်သလွန် ပင်မှ မြွေနဂါး သဏာန် အသီးဖြစ်ပေါ်

ဒန့်သလွန် ပင်မှ မြွေနဂါး သဏာန် အသီးဖြစ်ပေါ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အမှတ်(၉/၆) ပဋ္ဌာန်း ဓမ္မာရုံရှေ့ (၉)လမ်းရှိ ဦးညွန့်ဝင်း-ဒေါ်ဝေဝေတို့၏ နေအိမ်ဝင်း အတွင်း စိုက်ပျိုးထားသော ဒန့်သလွန် ပင်မှ ထူးဆန်းစွာ မြွေနဂါး သဏ္ဌာန် ဒန့်သလွန်သီး သီးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ဒန့်သလွန် သီးအား ခူးဆွတ်၍ ရွှေချထားကြောင်း သိရသည်။

အဆိုပါ ထူးဆန်းသော ဒန့်သလွန် သီးကို တွေ့ရှိပုံမှာ ဟင်းချက်စားရန် ဒန့်သလွန် သီးများ ခူးရာမှ တွေ့မြင်ရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ မြွေနဂါး သဏ္ဌာန် ဒန့်သလွန် သီးအား အနီး အနားမှ သတင်းကြား၍ လာရောက် ကြည့်ရှုသူ များနှင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။ 

''အခုလို ထူးဆန်းတဲ့ ဒန့်သလွန်သီး တောင့်က မြွေနဂါး ပုံသဏ္ဌာန် ဖြစ်နေတာ အလွန်အံ့သြ စရာပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ မိသားစုက မြတ်မြတ်နိုးနိုး တန်ဖိုးထားတဲ့ အနေနဲ့ ရွှေချပြီး ဘုရားမှာ လှူထားတာပါ'' ဟု ဦးညွန့်ဝင်း က ပြောကြား ကြောင်းသိရသည်။

http://www.myawady.com.mm/allnews/localnews/item/3205-2012-12-31-11-48-54
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အမှတ်(၉/၆) ပဋ္ဌာန်း ဓမ္မာရုံရှေ့ (၉)လမ်းရှိ ဦးညွန့်ဝင်း-ဒေါ်ဝေဝေတို့၏ နေအိမ်ဝင်း အတွင်း စိုက်ပျိုးထားသော ဒန့်သလွန်ပင်မှ ထူးဆန်းစွာ မြွေနဂါး

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန် 

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။ 

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။ 

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။ 

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။ 

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_30.html

---


ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့

NEW YEAR COUNTDOWN အစီအစဉ် ဖျော်ဖြေပွဲ ကျင်းပမည်

ထူးခြား ဆန်းသစ်သော NEW YEAR COUNTDOWN အစီအစဉ် အဖြစ် DJ, DANCER များ၏ ဖျော်ဖြေမှု များနှင့် အခြား ပျော်ရွှင်စရာ အစီအစဉ် များစွာကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီတွင်

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့် ပြည်တွင်းကားဈေးကွက်

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့်
ပြည်တွင်းကားဈေးကွက်
Monday, 31 December 2012

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း
သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။


၂၀၁၁ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းသော လုပ်ငန်းရှင်များအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်များ အထိ တင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆မော်ဒယ် မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းခွင့်ပြုရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

`` ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး လျှော့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း Car Show Room တွေ ပေါ်လာတယ်၊ အခု နောက်ပိုင်း ပိုဆိုးလာတာက အွန်လိုင်း ကားဝန်ဆောင်မှုတွေပေါ့၊ ကားပွဲစားတန်းထဲလာပြီး နေပူခံစရာ မလိုဘူး၊ အပင်ပန်းခံစရာမလိုဘူး၊ အခန်းထဲ ထိုင်ပြီး ကိုယ့်တတ်နိုင်တဲ့
ငွေအားနဲ့ ကိုက်ညီတဲ့ကား အလွယ်တကူ ရှာလို့ရတယ်လေ၊ အဲလိုတွေ ပေါ်လာတာ ၀ယ်သူတွေအတွက် အဆင်ပြေလာပေမဲ့
နှစ်ရှည်လများ ဒီအလုပ်နဲ့ လုပ်ကိုင်စားလာတဲ့ အကိုတို့ ကိုတော့ အများကြီး ထိခိုက်စေပါတယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုကျားကြီးမှ ပြေသည်။

အဆိုပါတင်သွင်းခွင့်များ ပြုလာသည်နှင့် တစ်ပြိုင်နက် ကားသစ်များအား အလွယ်တကူ ရှာဖွေ မှာယူနိုင်သောနေရာမှာ ယာဉ်ရောင်းဝယ်ရေး
စခန်းလည်း မဟုတ်၊  Car Show Room များလည်း မဟုတ်ဘဲ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်း များပင်ဖြစ်ကြောင်း အွန်လိုင်းမှ ကားဝယ်ယူခဲ့သူ မမို့မို့သင်းမှ ပြောသည်။

အွန်လိုင်းမှတဆင့်ကားဝယ်ခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်သလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် နားလည်ကျွမ်းကျင်မှုမရှိပါက ၀ယ်ယူသူများမှာ ခံရနိုင်ကြောင်းကိုလည်း သိရသည်။

`` အွန်လိုင်းကနေပြီးတော့ ၀ယ်မယ်ဆိုရင် ကားအကြောင်း နားလည်
ကျွမ်းကျင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေ ကြီးပါပဲ၊ ဒါပေမဲ့ နားမလည်ဘဲနဲ့ ၀ယ်မယ်ဆိုရင်တော့ ကိုယ်ခံ ရနိုင်တယ်၊ ဒါပေမဲ့ သတိတော့
ထားသင့်တယ်၊ ကိုယ်နဲ့ ဆက်သွယ်တဲ့ အွန်လိုင်းဝန်ဆောင်မှုက စိတ်ချရရဲ့လား သေချာစစ်ဆေးကြည့်ဖို့လိုတယ်၊ နိုင်ငံတကာမှာတောင် Website အတုတွေ ထောင်ပြီး လိမ်နေတဲ့သူတွေ ရှိတယ်လေ ´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ
ပြောသည်။

ယခုနောက်ပိုင်းမြန်မာဘာသာဖြင့် လွှင့်တင်ထားသော www.colayonline.com.mm/automobile သည် လူကြိုက်များပြီး အသုံးပြုမှုများပြားလာသည်။

အကြောင်းမှာ website၏ ၈၀% ကို မြန်မာဘာသာဖြင့် အသုံးပြုထားခြင်း၊ ကားမ၀ယ်မီ အခြားကုမ္မဏီ များကဲ့သို့ စရံ ၅% ပေးသွင်းစရာ မလိုသည့်အပြင် ကားလေလံဆွဲခြင်းအတွက် ၀န်ဆောင်မှု မတောင်းခံခြင်းတို့ကြောင့် လူကြိုက်များရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိ အွန်လိုင်းဝက်ဆိုဒ်တစ်ခုဖြစ်သည့် www.tradecarview.com မှာလည်း အသုံးများလာသည့် website ဖြစ်လာကြောင်း သိရှိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup
အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်း က ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေး စခန်းရှိ

မြန်မာသီချင်းနှင့် ညစ်ညမ်းခွေမပါပဲ ဆင်ဆာမဲ့အခွေဆိုင်များ ဆက်လက်ရောင်းချနေဆဲ

ဆင်ဆာမဲ့ခိုးကူးခွေအရောင်းဆိုင်များအား တရားဝင်ခွင့်ပြု ရောင်းချခွင့်မပြုသော်လည်း နားလည်ယူ၍

ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ


ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ် ဖူးမြော်လျက် ရှိသော နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိကြောင်း ရွှေတိဂုံ စေ တီတော် ဂေါပက ရုံးမှ သိရသည်။

နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ မသတ်မှတ် ထားသော်လည်း ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်လျက် ရှိသော နိုင်ငံခြားသား ဘုရားဖူး ခရီးသွား ဧည့်သည် အချို့သည် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ဝတ်စား ဆင်ယင်မှုမျိုး မရှိသည့် အတွက် စေတီတော် ဂေါပက ရုံးအဖွဲ့မှ ရှမ်းတိုင်းရင်းသား ဝတ်စုံ၊ ပုဆိုးနှင့် ထဘီ များကို စီစဉ်ထားရှိ ပေးထားသည်ဟု သိရသည်။

''ရှမ်းအင်္ကျီ၊ ထဘီနဲ့ ပုဆိုးလေးတွေ စီစဉ် ထားတာပါ၊ သတ်မှတ်ဝတ်စုံ ဆိုတာတော့ မရှိပါဘူး။ ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သတ်မှတ်တဲ့ ဝတ်စုံကတော့ လုံခြုံဖို့ ပါပဲ၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီဖို့ ပါပဲ''ဟု ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

ယခုနှစ် အောက်တိုဘာ လလယ်လောက်က ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်၌ ဖြစ်ပွား ခဲ့သော နိုင်ငံခြားသား ဧည့်သည် စုံတွဲ တစ်တွဲ၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက် ညီသည့် နေထိုင်ပြုမူ ပုံများကြောင့် နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အတွက် ရင်ပြင်တော်ပေါ် နှင့် ရင်ပြင်တော် အောက်ခြေ၌ မေတ္တာ ရပ်ခံချက်များ ပြုလုပ် ခဲ့သော်လည်း လိုက်နာမှု မရှိ၍ လုံခြုံ သပ်ရပ်သော အဝတ် အစားများ စီစဉ် ပေးရခြင်း ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3196-2012-12-31-11-34-13

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်ဖူးမြော်လျက်ရှိသော နိုင်ငံခြားသား ဧည့်သည်များအတွက်

မြန်မာကျပ်ငွေ ၈ သောင်းတန် Ouya ဂိမ်းစက် ထွက်ပြီ

၉၉ ဒေါ်လာတန် (မြန်မာ ကျပ်ငွေ ၈ သောင်း ကျော်တန်) Ouya အမည်ရ Android ဂိမ်းစက် ထွက်

အဓမ္မကျင့်ခံရတဲ့ အိန္ဒိယ ဆေးကျောင်းသူ မြုပ်နှံသဂြုင်္ိဟ်

အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာ ခံခဲ့ ရတဲ့ ဆေးကျောင်း သူလေးရဲ့ အလောင်းကို မိသားစုက မြှုပ်နှံသဂြုင်္ိဟ်တဲ့ အခမ်းအနား သီးသန့် ကျင်းပခဲ့ပါတယ်။ ဒီ ဆေးကျောင်းသူလေး အဓမ္မ ပြုကျင့် ခံရ မှုနဲ့ သေဆုံးခဲ့တာ အတွက် အိန္ဒိယ နိုင်ငံတလွှား ၀မ်းနည်း ပူဆွေး မှုတွေနဲ့ ဒေါသတွေ ထွက်ခဲ့ကြပါတယ်။ သူမဟာ စင်ကာပူ ဆေးရုံမှာ

ပူတာအို ဒေသခံများ အတွက် ပို့ဆောင်မည့် ရိက္ခာ ယာဉ်တန်းအား KIA အဖွဲ့က လက်နက် ငယ်များဖြင့် ပစ်ခတ်

KIA အဖွဲ့ အနေဖြင့် ရဝမ် တိုင်းရင်းသား အများစု နေထိုင်သည့် ပူတာအို ခရိုင်သို့ ဆက်သွယ် ထားသော လမ်းကြောင်းများကို ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ပြည်သူများ အနေဖြင့်

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်း လျှောက်ပြခဲ့ကြောင်း  အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ 

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီးလှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို  ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအားကစား နည်းသည် ထူးခြားသော အားကစားနည်း တစ်မျိုးဖြစ်ပြီး အနည်းငယ် လွဲချော်ရုံ မျှဖြင့် သူမ၏ အသက် အန္တရာယ် ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ဖွယ်ရှိသည်။ ကြိုးတန်းလမ်း လျှောက်သူ များသည် ၎င်းတို့၏ ဟန်ချက် ညီစေရန် ထိန်းပေးသည့် အကူပစ္စည်း အဖြစ် တိုင်ရှည်လေး တစ်ချောင်းကို အများအားဖြင့် အသုံးပြု၍ တင်းနေအောင် ချည်ထားသော သံမဏိ ကြိုးများ တွင်သာ လုပ်ဆောင်ခဲ့ကြ သော်လည်း သူမက ထိုကဲ့သို့ မဟုတ်ဘဲ မည်သည့် အကူပစ္စည်းမှ မပါဘဲ အလွတ်လျှောက် ပြခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင် ပင်လယ် ဒီရေသည် မြင့်တက်လျက် ရှိသောကြောင့် အောက်သို့ပြုတ်ကျ သွားပါက ဒဏ်ရာ အနာတရ မရရှိ နိုင်သော်လည်း ဒီရေ ကျနေချိန်တွင် ပြုတ်ကျ ခဲ့ပါက အသက် အန္တရာယ် အလွန်စိုးရိမ် ရကြောင်း Stay Sure ခရီးသွား ကုမ္ပဏီမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ကြိုးတန်း လမ်းလျှောက်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရ သောကြောင့် အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ပါက ခရီးသွား ကုမ္ပဏီ အနေဖြင့် ကာကွယ် ပေးနိုင်မည် မဟုတ် ကြောင်း ၎င်းကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/3198-2012-12-31-11-34-04
အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုး သမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိ