Tuesday, January 1, 2013

အလယ်ယာဉ်ကြောမှမောင်းနှင်ရန် သတိပေးသည့် ကြော်ငြာများ ကတ္တရာ လမ်းပေါ်တွင် ရိုက်နှိပ်ဖော်ပြသွားမည်


Photo: အလယ်ယာဉ်ကြောမှမောင်းနှင်ရန် သတိပေးသည့် ကြော်ငြာများ ကတ္တရာ လမ်းပေါ်တွင် ရိုက်နှိပ်ဖော်ပြသွားမည်
Tuesday, 01 January 2013

မန္တလေးမြို့အတွင်းရှိ ယာဉ်ကြောရှုပ်ထွေးသောနေရာများတွင် ဆိုင်ကယ် များကို အလယ်ယာဉ်ကြောမှမမောင်း နှင်ရန်သတိပေးသည့် အသိပေး
ကြေငြာများကို၂၀၁၃ခုနှစ်မှစတင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေး
မြို့ တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန ဦးစီးမှူး
ဒေါ်ခင်မေဌေးထံမှ သိရသည်။

မန္တလေးမြို့အတွင်း သိသိသာသာ ယာဉ်ကြောရှုပ်ထွေးလာသဖြင့် ဆိုက် ကယ်၊ ကားများကို စနစ်တကျသွားလာ နိုင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်နှိပ်ဖော်ပြထားခြင်းကို မန္တလေးမြို့အတွင်းနှင့် အဓိကကျ သောနေရာများတွင် ယခုနှစ်ဘဏ္ဍရေးနှစ်ကုန် ဖြစ် သည့် မတ်လပိုင်းတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို ပြုလုပ်တာက ယာဉ်ကြောတွေ ရှုပ်ထွေးတာ ပျောက်သွားအောင်၊
နောက်ပြီးဆိုင်ကယ်နဲ့စက်ဘီးတွေက ကားတွေသွားလာတဲ့ အလယ်ယာဉ်
ကြောမှာ တက်ရောက်စီးနှင်းတော့ မကြာခဏယာဉ်တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ၀န်ကြီးဦးကျော်ဆန်းရဲ့ ညွှန်ကြား ချက်အတိုင်း အခုလိုပြုလုပ်တာ ပါ။ နောက်ပိုင်းမှာဆိုရင်တော့ အဲဒီရိုက် နှိပ်ဖော်ပြတဲ့နေရာမှာ တက်ရောက်
မောင်းနှင်တဲ့သူကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီ ကအရေးယူဆောင်ရွက်သွားမှာပါ´ဟုဒေါ်ခင်မေဌေးက ပြောကြားသည်။

မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး
ကော်တီမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ “ ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းအရေးယူဆောင်ရွက်သွားမှာပါ၊ဘယ်
လောက်ပေးဆောင်ရမလဲဆိုတာကတော့ မသတ်မှတ်ထား သေးပါဘူး။ ဖမ်းဆီးတာကိုလည်း မတ်လပိုင်းကျော်မှပဲ လုပ်ဆောင်သွားမှာပါ။ အခုက ပညာပေးအနေနဲ့တော့ အသိပေးဖို့ ရှိပါတယ်”ဟု ပြောကြားသည်။

အဆိုပါ သတိပေးကြေငြာများကို တရုတ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ ကျုံးပတ် လည်၊ ၃၅လမ်း၊ ၂၆လမ်းနှင့် အဓိက ကျသော နေရာများတွင် အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသန့်
The Myanma Age
မန္တလေးမြို့အတွင်းရှိ ယာဉ်ကြောရှုပ်ထွေးသောနေရာများတွင် ဆိုင်ကယ် များကို အလယ်ယာဉ်ကြောမှ မမောင်း နှင်ရန်သတိပေးသည့်အသိပေး ကြေငြာများကို၂၀၁၃ခုနှစ်မှစတင်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း

ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်


ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေး တိမ်းရှောင် ရောက်ရှိလာသည့် မိသားစုဝင် များအား တပ်မတော်နှင့်အတူ တာဝန်ရှိသူများမှ ထောက်ပံ့မှုများ ဆောင်ရွက်
Tuesday, 01 January 2013

ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊
နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုပေါင်း ၂၀၂ ဦးတို့သည် ကွတ်ခိုင်မြို့၊ အမှတ် (၂)ရက်ကွက်ရှိ
နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ အိမ်ထောင်စု ၅၆ စု၊ လူဦးရေ ကျား ၇၉ ဦး၊ မ ၉၅ ဦး၊ စုစုပေါင်း ၁၇၄ ဦးတို့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၃)ရှိ ကတ်သလစ် ဘုရားကျောင်းဝင်း အတွင်း၌ လည်းကောင်း စစ်ဘေးတိမ်းရှောင်ရန် ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကျေးရွာများမှ ကချင်လူမျိုးများအား ကွတ်ခိုင်မြို့ အတွင်း
ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ မြေပြင်သတင်း ရရှိချက်များအရ
ကေအိုင်အေ သောင်းကျန်းသူများသည် ၎င်းကျေးရွာများမှ ကချင်လူမျိုး များအား ကွတ်ခိုင် မြို့ပေါ်သို့ အတင်းအဓမ္မ ပြောင်းရွှေ့ရန် စေလွှတ်ခဲ့ခြင်း
ဖြစ်ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ကျေးရွာများတွင် ကချင်လူမျိုးများ အပြင် အခြားသော လူမျိုးများဖြစ်သည့် ပလောင်၊ ရှမ်း၊ ဗမာများလည်း
နေထိုင်ကြောင်း သိရှိရ ပါသည်။

ကွတ်ခိုင်မြို့ပေါ်သို့ တိမ်းရှောင်ရောက်ရှိ လာသည့် မိသားစုဝင်များအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများနှင့် အတူ ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့မှ အလှူခံအဖွဲ့ ဖွဲ့စည်းကာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်၍ အလှူခံလျက် ရှိပါသည်။

တိမ်းရှောင်လာသူ မိသားစုဝင်များအတွက် နယ်မြေခံတပ်မတော်ရှိ တပ်ရင်း များမှ ငွေ ၇ သိန်းနှင့် ဆန် ၂၉ အိတ်၊ ကောင်းခါး ပြည်သူ့စစ်(ဌာနေ) အဖွဲ့မှ ဆန် ၂၀ အိတ်၊ ကွတ်ခိုင် ပြည်သူ့စစ် (ဌာနေ) မှ ဆန် ၁၀ အိတ် လှူဒါန်းခဲ့ပြီး တိမ်းရှောင် မိသားစုများအား နယ်မြေခံ တပ်မတော်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မြ၀တီ

ကွတ်ခိုင်မြို့နယ်၊ မန်နားကျေးရွာ၊ နမ့်ပါမုံးကျေးရွာ၊ တုံခမ်းကျေးရွာ၊နောင်ဖာ ကျေးရွာ၊ နမ့်ဟူးကျေးရွာနှင့် နမ့်ဂလောင်း ကျေးရွာများမှ ကချင်လူမျိုး အိမ်ထောင်စု ၆၉ စုမှ လူဦးရေ ကျား ၁၀၆ ဦး၊ မ ၉၆ ဦး၊ စုစုပေါင်း

အမှောင်လမ်းကိုစွန့်ခွာခဲ့သူများ



KIAအဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများအား ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့သည်။ ဒေသအတွင်းရှိပြည်သူများအား ကျီးလန့်  စာစား ဘ၀ကို ရောက်ရှိစေရန်တမင်ဖန်တီးယူခဲ့သည်။လူသတ်၊ မိုင်းထောင်၊တံတားချိုးစသော အဖျက် လုပ်ငန်းများအားလည်း အကြိမ်ပေါင်းရာနှင့်ချီပြီးပြုလုပ်ခဲ့သည်။ စစ်ပွဲကြောင့် KIA အဖွဲ့အတွင်း တွင် လည်း ခေါင်းဆောင်ပိုင်းများမှာ ချမ်းသာကြွယ်ဝလာသော်လည်း လက်အောက်ငယ်သားများမှာ ထမင်း နပ်မှန်အောင် စားရန်ပင်ခက်ခဲလာကြပါ သည်။

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ  Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး  စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီက အလူ

(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်


(၂၀၁၃)ခုနှစ်အတွင်း နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှ ရှာဖွေတွေ့ရှိရန် ပညာရှင်များ မျှော်လင့်
Tuesday, 01 January 2013

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီများက မျှော်လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ လူသားများ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော နဂါးငွေ့တန်း (၇၀၀၀၀)မျှကို
တွေ့ရှိရန် မျှော်လင့်လျှက် ရှိသည်။ တစ်ခုလျှင် စူးစမ်းရေးယူနစ် (၃၆)ခုစီ ပါဝင်ကာ (၁၂)မီတာစီ အကျယ်ရှိသော စလောင်းကြီးများကို ဩစတြေးလျနှင့် တောင်အာဖရိကတို့တွင် ဖြန့်ကျက် တည်ဆောက်
ထားသည်။

ဩစတြေးလျရှိ Askapဟု အမည်ပေးထားသော နက္ခတ်တာရာ စူးစမ်းရေး သုတေသန စခန်းသည် ပေါင်စတာလင် (၆၅)သန်းထိ အကုန်အကျခံ တည်ဆောက်ကာ ဂြိုဟ်တုစလောင်း (၃၆)ခု ဝန်းရံထားသည်။ ပညာရှင်များက Askapသည် စကြာဝဠာ၏ အလျှို့ဝှက်ဆုံး ပဟေဠိတစ်ခုဖြစ်သော အမှောင်စွမ်းအင် အကြောင်းကိုလည်း အဖြေထုတ်ပေးနိုင်ရန် ကူညီပေးမည်ဟု မျှော်လင့်နေသည်။ အဆိုပါ အမှောင်စွမ်းအင် အကြောင်းကို မည်သူမျှ တိတိကျကျ မရှင်းပြနိုင်ဘဲ သီအိုရီ သဘောသာ ယူဆထားသော်လည်း ယင်း၏ လွှမ်းမိုးသည် စကြာဝဠာ တိုက်တစ်ခုလုံး၏ (၇၃)ရာခိုင်နှုန်းထိ ရှိနေမည်ဟု သုတေသီများက ယူဆထားသည်။ ယခုမှန်ပြောင်းကြီးများကို စကြာဝဠာအတွင်း သက်ရှိများ ရှင်သန်နေမှု ရှိမရှိ စူးစမ်းရန်လည်း အသုံးပြုမည် ဖြစ်သည့်တိုင် ယင်းသည် အဓိက အကျဆုံး ရည်ရွယ်ချက် မဟုတ်ကြောင်းလည်း သိရှိရသည်။

(Ref: Daily Mail)
Planet Myanmar Network

(၂၀၁၃)ခုနှစ်အတွင်း စကြာဝဠာ အတွင်းမှ နဂါးငွေ့တန်းသစ် (၇၀၀၀၀)မျှထိ ရှာဖွေ တွေ့ရှိရန် သုတေသီ များက မျှော် လင့်ထားသည်။

ဩစတြေးလျ နက္ခတ်ဗေဒ ပညာရှင်များက Wallabyနှင့် Dingo နက္ခတ်ဗေဒ မှန်ပြောင်းစခန်းကြီး နှစ်ခုအား စတင် မိတ်ဆက် ဖော်ပြလိုက်ပြီးနောက် ယင်းတို့၏ အကူအညီဖြင့် အဆုံးမဲ့ စကြာဝဠာအတွင်းမှ

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရမည်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ 
ခံရမည်
Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင်
ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်း
များကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ
ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြ
ထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း
ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly
သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရား

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ရွှေဖြူနှင့် လုပ်သော မာစီဒီး
Tuesday, 01 January 2013

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု 
၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: autonewsweek
ရိုးရာလေးသတင်း
YoYarLay

ဒူဘိုင်းမြို့ က ရေနံ စော်ဘွားဘီလျံနာတစ်ဦး ပိုင်တဲ့ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes- Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်

တိရစ္ဆာန်မိုး (Raining Animals)

တိရစ္ဆာန်မိုး (Raining Animals)
Tuesday, 01 January 2013 

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ
ဖြစ်ပြီး ငှက်မိုလးည်း ရွာတတ်ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။

အရှင် ဖြစ်နိုင်သလို၊ အသေလည်း ဖြစ်နိုင်ပါတယ်။ မရှင်မသေ ဖားများ၊ ငှက်များ၊ တိရစ္ဆာန်များလည်း ရွာတတ်ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုးတို့အပြင် သာမန် အတိုင်းကျလာတာမျိုးတို့လည်း ရှိပါတယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ ဆုပ်ယူသယ်ဆောင် သွားခြင်း ဖြစ်တယ်လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပျံလည် ရွာကျ ပါတယ်။ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုတို့မှာ တိရစ္ဆာန်အကောင်အရေအတွက် အများဆုံး တိရစ္ဆာန်မိုးရွာသွန်းမှုများ စံချိန်တင်ခဲ့ဖူးပါတယ်။ ငါးအကောင်ပေါင်း ထောင်ချီ၊ ဖား အကောင်ပေါင်း
ထောင်ချီ ရွာကျတာမျိုးလည်းခဲ့ပါတယ်။ ဖားရော၊ ငါးရော၊ အခြားသော တိရစ္ဆာန်များ ရောယှက်လို့လည်း ရွာပါတယ်။

အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့ အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များဖြစ်ပြီး ငှက်မိုလးည်း ရွာတတ်

ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို


ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို  
Tuesday, 01 January 2013

ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။

''အရင်တုန်းက Sanction ကြောင့် တရုတ်ပစ္စည်းတွေပဲ စိုးမိုးတာများခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တခြားပစ္စည်းတွေကို သုံးချင်တယ်ဆိုရင်တောင်မှ ဘယ်သူမှ လာမရောင်းကြတဲ့အတွက် သုံးစွဲခွင့်မရခဲ့ပါဘူး။ တခြားနိုင်ငံက ပစ္စည်းတွေ အနေနဲ့ တရုတ်ပစ္စည်းတွေထက် ဈေးနှုန်းပိုများပေမယ့်
ရေရှည်မှာ ပိုကောင်းတာတွေရှိပါတယ်''ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြည်ပကုမ္ပဏီများ ပြည်တွင်း  ဆက်သွယ်ရေးကဏ္ဍသို့ ၀င်
်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍လည်း ''ဘယ်ကုမ္ပဏီပဲဖြစ်ဖြစ် ဥပဒေပြဋ္ဌာန်းပြီးတဲ့ အချိန်ကို စောင့်ရပါမယ်။ ဥပဒေမရှိဘဲနဲ့ မရပါဘူး။ တစ်ခုသတိပြုရမှာက နိုင်ငံခြားကုမ္ပဏီတွေက
နိုင်ငံတကာနဲ့ချီပြီး လုပ်ကိုင်လာတာဖြစ်လို့ နိုင်ငံအလိုက်ဥပဒေတွေရဲ့ အားနည်းချက်ကိုသိတယ်။ အဲဒီ အား နည်းချက်ပေါ် မူတည်ပြီး ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာကိုလည်း သူတို့က ပိုသိကြတယ်။ ကျွန်တော်တို့ဘက်မှာကျတော့ အတွေ့အကြုံ အားနည်းပြီး အမြင်မရှိတဲ့အတွက် ဥပဒေမခိုင်မာရင်ခံရနိုင်ပါတယ်''ဟု မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူက ပြောကြားသည်။

ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် Huawei, ZTE စသော တရုတ်နိုင်ငံထုတ်ပစ္စည်းများကိုသာ သုံးစွဲမှုများပြားကြောင်းသိရသည်။

Eleven Media Group
ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်း များထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း

တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်



တရုတ် အစိုးရ သင်္ဘောများ အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ၀င်ရောက်
 
တရုတ် အစိုးရ သင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွား လျက်ရှိသော အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများ အနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက် ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။

တရုတ်ကင်းလှည့် သင်္ဘောတစ်စင်း ဆန်ကာကူ ကျွန်းစု အနီးသို့ ဒေသ စံတော်ချိန် ၁၃ နာရီ ၃၂ မိနစ်တွင် ဝင်ရောက်ခဲ့ပြီး မိနစ် ၂ဝ ကြာ ပြီးနောက် နောက်တစ်စီး ဝင်ရောက်လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ တတိယမြောက် သင်္ဘောသည် ၁၄၃၅ နာရီခန့်တွင် ဝင်ရောက် လာခဲ့ကြောင်း သိရှိရ ပါသည်။ 

အဆိုပါ တရုတ် သင်္ဘောများ ဝင်ရောက်လာမှုအား ၎င်းဧရိယာ အတွင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့၏ ကင်းလှည့် လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ပြီး နှောင်းပိုင်းတွင် ဂျပန်ကင်းလှည့် ရေယာဉ်များမှ ၎င်းတို့ ရေပိုင်နက် အတွင်းမှ ထွက်ခွာရန် အမိန့်ပေး ခဲ့ကြောင်း သိရှိရ ပါသည်။ ဒီဇင်ဘာလ ၂၁ ရက် နေ့ကလည်း ၎င်းရေပိုင်နက် အတွင်းသို့ တရုတ် နိုင်ငံမှ ၎င်းတို့၏ သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3314-2013-01-01-14-29-58

တရုတ် အစိုးရသင်္ဘော ၃ စီးသည် ဂျပန်နိုင်ငံနှင့် အငြင်းပွားလျက်ရှိသော အရှေ့တရုတ်ပင်လယ် အတွင်းရှိကျွန်းများအနီးသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန် 

ရန်ကုန် ဇန်န၀ါရီ ၁ 

 မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  
ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင်  Football Clinic  
အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာလူငယ်ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် 
ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
 နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊ 
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။ 
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊ 
ရီကာဒို ရိုချာ၊ 
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
 ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ 
တို့ဖြစ်ကြောင်းသိရသည်။

NLA


မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း များစာရင်း

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox

မာရသွန် နှင့် ဘဝအဓိပ္ပါယ်ဖော်သူ ကင်ဆာရောဂါသည် Terry Fox
Tuesday, 01 January 2013 

၁၉၅၈၊ ဇူလိုင် ၂၈ ဖွား ကနေဒါ နိုင်ငံသား အားကစားသမား 
တစ်ဦး ဖြစ်ပါ တယ်။

အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး အကောင်းဆုံး ဘတ်စကတ်ဘော အားကစားသမား၊ မာရသွန် အပြေးသမား ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ရောက်တော့ ကုံဆိုးလှစွာပဲ ကင်ဆာ ရောဂါ ကြောင့် ခြေ တစ်ချောင်း ဖြတ်ဖို့ ကံကြုံပါတယ်။ ညာဘက်ဒူး မှာ ကားအက်ဆီး ဒန့်ကြောင့် အောင့်နေတာကို အမှတ်မဲ့ထားပြီး ဘတ်စကတ်ဘော
ဆော့ပေမယ့် ၁၉၇၇ ခုနှစ်မှာ ဖြတ်လိုက် ရပါတယ်။

ကင်ဆာဆိုတာ ဒီတိုင်းရှိနေတာ မဟုတ်ပဲ ခန္ဓာကိုယ် တစ်ခုလုံး ဆီ ရောက်အောင် ပြန့်နှံ့ပါတယ်။ သို့သည့်တောင် ဘီးတပ်ကုလားထိုင်စီး ဘက်စကတ်ဘော ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်အောင်ကြိုးစားပါတယ်။ ယင်းအချိန်မှာ သူ့ရောဂါအခြေအနေ တော်တော်လေး ဆိုးနေပါပြီ။ သို့ပေမယ့် အားကစးသမား ဖြစ်တဲ့အတွက် ဇွဲကတော့ အတော်လေး ကောင်းပါတယ်။

၁၉၈၀ ခုနှစ်မှာ နိုင်ငံဖြတ်သန်း မာရသွန်ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကင်ဆာရောဂါကြောင့် သေနေရတဲ့သူတွေ၊ နာနေရတဲ့သူတွေအတွက် ကိုယ်ချင်းစာ ခံစားမိပြီး ဆေးသုတေသန ရန်ပုံငွေ လှူရန် ဆန္ဒရှိလာ ပါတယ်။ သူ့မှာ ငွေအမြောက်အများမရှိ ပါဘူး။ ဒါကြောင့် မာရသွန် ပြေးပွဲ နဲ့ ငွေစုဖို့ အကြံရပြီး နိုင်ငံဖြတ်သန်း ပြေးပါတယ်။ ၃၃၃၉ မိုင် (၁၄၃ ရက်) ပဲ ပြေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းတော့ လို့ ဖြစ်ပါ တယ်။ ယင်းနောက် ကိုးလကြာ ဆေးကုသမှု ခံယူပြီး သေဆုံးခဲ့ပါတယ်။ Terry Fox ပြေးခဲ့တဲ့ Marathon of Hope မှ အမေရိကန်ဒေါ်လာ ၂၄ သန်းမက ရရှိခဲ့ပါတယ်။

သူပြေးစဉ် ကာလကလည်း ကမ္ဘာတစ်လွှားမှ နိုင်ငံခေါင်းဆောင်များ၊ စီပွားရေး လုပ်ငန်းရှင်များရဲ့  အာရုံစူးစိုက်မှု ခံရပြီး ရန်ပုံငွေဆက်တိုက်တိုးခဲ့ ပါတယ်။ ကနေဒါနိုင်ငံမှ နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာပါတယ်။ သူကွယ်လွန်ပြီးချိန်မှာလည်း ယနေ့တိုင် Terry Fox Run အမည်ရ မာရသွန် ပြေးပွဲကို ကနေဒါနိုင်ငံမှာ ကျင်းပပြီး နိုင်ငံပေါင်း ၆၀ ကျော်က လာပြိုင်ပါတယ်။ ကင်ဆာရောဂါ ဖောင်ဒေးရှင်းအတွက် ဖြစ်ပြီး Terry Fox အမည်နဲ့ အလှူငွေပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ မက ရရှိထားပြီ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

၁၉၅၈၊ ဇူလိုင် ၂၈ ဖွား ကနေဒါ နိုင်ငံသား အားကစားသမား တစ်ဦး ဖြစ်ပါ တယ်။
အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး အကောင်းဆုံး ဘတ်စကတ်ဘော အားကစားသမား၊ မာရသွန် အပြေးသမား ဖြစ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်ရောက်တော့ ကုံဆိုးလှစွာပဲ

အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက်ရန် စီစဉ် လျက်ရှိ

အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက်ရန် စီစဉ် လျက်ရှိ
 
အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည် အစ္စရေး အစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန် အတွက် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခု တည်ဆောက် ရန် စီစဉ် လျက်ရှိကြောင်း အီဂျစ် နေ့စဉ် သတင်းစာ al-Watan က ဒီဇင်ဘာ လ ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန် ကျွမ်းကျင်သူ အဖွဲ့တစ်ဖွဲ့သည် မြောက်ပိုင်း Rafah မြို့ နယ်စပ်ဒေသမှ တောင်ပိုင်း Taba မြို့အထိ သိမ်းပိုက်ထားသော ပါလက်စ တိုင်း နယ်စပ် ဒေသနှင့်အပြိုင် တံတိုင်းအား တည်ဆောက်သွားမည် ဖြစ်ပြီး အဆိုပါ ဒေသမှ ပြည်သူများ ပြောင်းရွှေ့ ထွက်ခွာမည့် အစီအစဉ် တစ်ရပ်အား ရေးဆွဲထားကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားပါသည်။ 

သတင်း အရင်းအမြစ် များ၏ အဆိုအရ တံတိုင်း တည်ဆောက်မည့် အစီအစဉ်သည် အစ္စရေး နိုင်ငံအပေါ် ဒုံးပျံတိုက်ခိုက်မှု များအားကာကွယ်ရန်၊ ဆိုင်းနိုင်း ဒေသအား စောင့်ကြည့် ထိန်းချုပ်ရန် အတွက် နယ်စပ် ဒေသ၏ အစိတ်အပိုင်း တစ်ရပ် အဖြစ်နှင့် အစ္စရေး နိုင်ငံ၏ လုံခြုံရေးအား အာမခံချက် ရရှိစေရန် အတွက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ 

အီဂျစ် အရာရှိများမှ ယုံကြည်လက်ခံပြီးနောက် အဆိုပါတံတိုင်း တည်ဆောက်မည့် အစီအစဉ်အား အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3226-2012-12-31-16-15-35

အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့သည် အစ္စရေးအစိုးရ၏ လုံခြုံရေးအား ပိုမိုခိုင်မြဲ စေရန်အတွက် ဆိုင်းနိုင်း ဒေသတွင် တံတိုင်းတစ်ခုတည်ဆောက် ရန်စီစဉ် လျက်ရှိကြောင်း အီဂျစ် နေ့စဉ် သတင်းစာ

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများကို အရှေ့တီမောတွင် တရားဝင် ရပ်ဆိုင်း


ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများကို အရှေ့တီမောတွင် တရားဝင် ရပ်ဆိုင်း
 
အရှေ့တီမော နိုင်ငံတွင် ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရားဝင် ရပ်ဆိုင်းခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှား နိုင်ငံမှ ခွဲထွက်၍ လွတ်လပ်သော နိုင်ငံ တစ်ခု အဖြစ်သို့ ကူးပြောင်းရန် ဆုံးဖြတ်ခဲ့ပြီးသည့် နောက်ပိုင်း အကူးအပြောင်း ကာလအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ ထိန်းသိမ်းမှု လုပ်ငန်းများတွင် ၁၃ နှစ်ကြာ ပါဝင်ဆောင်ရွက် ခဲ့မှုများကို အဆုံးသတ် ခဲ့ခြင်းလည်း ဖြစ် ပါသည်။ 

အာရှတိုက်၏ အသေးငယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည့် အရှေ့တီမော နိုင်ငံတွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့၏ အလံကို ရုပ်သိမ်းခဲ့ခြင်း နှင့်အတူ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၁,၅ဝဝ ကျော်ကိုလည်း သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည် စေလွှတ်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3319-2013-01-01-14-44-08


အရှေ့တီမော နိုင်ငံတွင် ဆောင်ရွက်နေသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများကို

အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့


ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာ ဥရောပမှာ တစ်ခုတည်းသော အစ္စလာမ်ဘုရားရှိခိုးကျောင်း လုံးဝမရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ ၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေးရခဲ့

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ
 
အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့် သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ ဖြစ်ပေါ် နေချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ 

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ 

အဆိုပါ ဇနီးမောင်နှံသည်  ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3316-2013-01-01-14-34-37
အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုး သမီးတစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁

အကယ်ဒမီမော့စ် သေဆုံးဟူသော သတင်းမမှန်

 
ထာဝရအလင်းတန်းများ ရုပ်ရှင်ကားဖြင့်အမျိုးသားဇာတ်ပို့ဆုရရှိခဲ့သောအကယ်ဒမီမော့စ်သည်ယနေ့နံနက်တွင်ကွယ်လွန်သွားပြီ

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်


သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်
Tuesday, 1 January 2013

၁၉၄၂ခုနှစ် နိုဝင်ဘာလမှ  စတင်ကာ ဂျပန်တပ်မတော်က   ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ်  ရန် မီးရထားလမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀၀၀၀)ကျော်    သေဆုံးခဲ့သည့်အတွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီး  ခဲ့သော ရထားလမ်းကို ၂၀၁၃ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ်  သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသေမင်းတမန်ရထား လမ်းသည်မိုင်အရှည် ၇၈မိုင် အရှည်ရှိပြီး ထိုင်းနိုင်ငံနှင့်တိုက် ရိုက်ချိတ်ဆက်ထားသည့် ရထား လမ်းတစ်ခုဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးဇေယျာအောင် က ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပြုလုပ်ခဲ့သော နီပွန်ဖောင်ဒေး  ရှင်း၏ အလှူငွေပေးအပ်ပွဲ၌ ပြောကြားသည်။

““သေမင်းတမန်     ရထားလမ်းအရှည်က ၇၈မိုင်ရှိ တယ်။ အကျယ်ကိုတော့ တိုင်းတာနေတုန်းပဲဖြစ်ပါတယ်။ ဒီရထား  လမ်းကို ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်။ ဒီ ရထားလမ်းကိုပြန်လည်ဖောက်လုပ်  တဲ့ နေရာမှာနိုင်ငံတကာ အကူ ပေးရင်တော့ပိုကောင်းတာပေါ့၊ ရထားလမ်းဖောက်ဖို့အတွက် စပြီး တော့ တိုင်းတာနေပြီ။လက်ရှိမှာ တော့ ဘတ်ဂျက်ကိုမချပေးသေး ဘူး။ လမ်းတိုင်းတာတွေအကုန်လုံး  ပြီးပြီဆိုမှပဲ ဒီရထားလမ်းအတွက် ဘတ်ဂျက်ဘယ်လောက်ဆိုတာ သတ်မှတ်
သွားမှာဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါ သေ မင်းတမန်ရထားလမ်းပြန်လည် ဖောက်လုပ်ရန်အတွက် 
အစီရင် ခံစာကို လွှတ်တော်ကိုတင်ပြ၍   ခွင်ြ့ပုချက်ရယူသွားမည်ဖြစ်ပြီး
နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံ  ခြားရင်းနှီးမြှုပ်နှံမှုရှိရှိမရှိရှိ ယင်း ရထားလမ်းအားဖောက်လုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ
ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းကပြောကြားသည်။

သေမင်းတမန်ရထားလမ်း  သည် ဘုရားသုံးဆူတောင်ကြားမှ  မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင်ရှိသည့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းသို့ ဆက်သွယ်နိုင်ရန်ဖောက်လုပ်ခြင်းဖြစ်ပြီး၊
လက်ရှိတွင် အဆိုပါ  မီးရထားလမ်းနေရာကို ကားလမ်း    တစ်ခုအဖြစ် မွန်ပြည်နယ်ဒေသခံ များက အသုံးပြုနေကြပြီး သေမင်း တမန်ရထားလမ်း
ကိုပြန်လည် ဖောက်လုပ်မည်ဆိုပါက မွန်ပြည် နယ်ဒေသခံများ
အသုံးပြုနေကြ သော ကားလမ်းပျောက်သွားနိုင်  သည့်အတွက်ကြောင့် ဘုရားသုံး ဆူနှင့်သံဖြူဇရပ်ကြားတွင် ကား လမ်းအသစ်တစ်ခု မွန်ပြည်နယ်
ဒေသခံများအသုံးပြုနိုင်ရန်အတွက်   ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။


ဖြိုးအောင်
The Hot News
၁၉၄၂ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဂျပန်တပ်မတော်က ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ် ရန် မီးရထားလမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀၀၀၀)ကျော် သေဆုံးခဲ့ သည့်အ တွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီး ခဲ့သော ရထားလမ်းကို ၂၀၁၃ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Hyundai က ကားသော့နေရာတွင် စမတ်ဖုန်း အစားထိုးမည်

Hyundai က ကားသော့နေရာတွင် စမတ်ဖုန်း အစားထိုးမည်
Tuesday, 1 January 2013

Hyundai မှ အသစ်တီထွင်လိုက်တဲ့ နည်းပညာ application တစ်ခု
ဖြစ်ပါတယ်။ MirrorLink လို့ အမည်ပေးထားပြီး စမတ်ဖုန်းထဲ Install လုပ်ထားရင် ကားသော့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

embedded လုပ်ထားတဲ့ NFC ဆက်သွယ်ရေး စနစ်ကို အသုံးပြုပြီး i30 Connectivity Concep ပါဝင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကားအနီးရောက် လာရင် သော့ထုတ်ပြီး ဖွင့်နေမယ့် အစား စမတ်ဖုန်း touch screen ပေါ်မှာပဲ ခလုပ်နှိပ်၊လှည့် လိုက်ရင်ကို အလိုအလျောက် တံခါး ဖွင့်ပြီးသား ဖြစ်မှာ ဖြစ် ပါတယ်။

ကားဖွင့်ရုံတင် မကပဲ ကားအတွက် လိုအပ်တဲ့ GPS စနစ်၊ လမ်းပြ မြေပုံ၊ ကား အတွင်း ဖျော်ဖြေရေး စနစ်အား ထိန်းချုပ်မှု အစရှိသဖြင့် အားလုံးတို့ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် Hyundai က ပြင်ပ ပညာရှင်များ
ခေါ်ယူလို့ တီထွင်ထားတာ ဖြစ်ပါတယ်။ အခြား ကုမ္မဏီ များက ကမ္ဘာ့ စမတ်ဖုန်း ကုမ္မဏီကြီးများနဲ့ တွဲလုပ်နေချိန် Hyundai က ကိုယ်တိုင် ထုတ် Mirror Link ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပြီး လာမယ့် ၂၀၁၄ မော်ဒယ် ကားများမှာ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobile

Hyundai မှ အသစ်တီထွင်လိုက်တဲ့ နည်းပညာ application တစ်ခုဖြစ်ပါတယ်။ MirrorLink လို့ အမည်ပေးထားပြီး စမတ်ဖုန်းထဲ Install လုပ်ထားရင် ကားသော့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ဗြိတိသျှ spitfire တိုက်လေယာဉ်များ ရှာဖွေမှု မြစ်ကြီးနားမြို့ တွင်သေတ္တာတစ်လုံးစတင်တွေ့ရှိ

 
 
 
 
 
မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီလီမိတက် နှင့်ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ဒုတိယကမ္ဘာစစ် လက်ကျန် spitfire တိုက်လေယာဉ်များ ရှာဖွေရေးအဖွဲ့သည်ပထမဆုံး ရှာဖွေတွေ့ရှိမှုအဖြစ် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ၃၁ ရက်နေ့တွင် မြန်မာနိုင် ငံ မြစ်ကြီးနားမြို့ တွင် လေယာဉ်များထည့်ထားသောသေတ္တာ(ကွန်တိန်နာ)တစ်လုံးကို စတင်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား
 
 
 
 
 
 
 
 
 
 
ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက်ခြင်းကို ခံရသော အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးသည် စင်္ကာပူနိုင်ငံရှိ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ သည်။အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းကျင့်ခံရခြင်းကြောင့် သေဆုံးသွားရှာသည့် မိန်းကလေး၏

တရုတ်နိုင်ငံရဲ့ မြန်မာလူထု ဆက်ဆံရေး ခြေလှမ်းသစ်များ

မြန်မာနိုင်ငံတွင်း လူထုဆက်ဆံရေး မျက်နှာစာမှာ ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံဟာ အခုတော့ လူထု ဆက်

အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ယာဉ်မှူးများ အာဖဂန် နစ္စတန်၌ တပ်ဖြန့်ချ သွားမည်ဖြစ်


အမေရိကန် နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်တွင် ၎င်း၏ တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းရန် ကတိပြု ပြော ကြားခဲ့သော်လည်း အာဖဂန် နစ္စတန်တွင် တပ်ဖြန့်ချ ထားရန် အတွက် ၎င်း၏ လေတပ်အား အမြင့်ဆုံး ပျံသန်းမှု လေ့ကျင့်ခန်း တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ယာဉ်မှူးများနှင့် အဖွဲ့ဝင် ၃ဝဝ ခန့်သည် ရော့ကီ တောင်တန်း အနီးရှိ ကိုရိုရာဒို၏ Fort Carsol စစ်အခြေစိုက် စခန်းတွင် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို ပြုလုပ် ခဲ့ကြောင်း စင်ကာပူ အခြေစိုက် CNA သတင်းဌာနက ယခုသီတင်း ပတ် အတွင်းထုတ်ပြန် ခဲ့ပါ သည်။ ရော့ကီတောင်တန်းသည် အာဖဂန် နစ္စတန် နိုင်ငံရှိ မြေအနေအထား နှင့်အလား သဏ္ဍာန်တူသော အထင်ကရ နေရာဖြစ်ကြောင်း အမေရိကန် စစ်ဘက် အရာရှိများက ပြောကြား ခဲ့ပါသည်။ အမေရိကန် ရဟတ်ယာဉ် မှူးများသည် ပင်လယ်ရေ မျက်နှာပြင် နှင့်အညီ လေ့ကျင့်ပျံသန်းခဲ့ သော်လည်း Fort Carsol စစ်အခြေစိုက် စခန်းသည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၆,ဝဝဝ ကျော်တွင် တည်ရှိပါ သည်။ လေ့ကျင့်ပေးထားသော ရဟတ်ယာဉ် မှူးများအား လာမည့်လများတွင် အာဖဂန် နစ္စတန်၌ တပ်ဖြန့်ချ သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

အမေရိကန် နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်တွင် ၎င်း၏တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းရန် ကတိပြု ပြောကြား ခဲ့သော်လည်း အာဖဂန်နစ္စတန်တွင် တပ်ဖြန့်ချထားရန်အတွက် ၎င်း၏ လေတပ်အား အမြင့်ဆုံး

အီရန်နိုင်ငံမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တူရကီ၊ အာမေးနီးယားနှင့် အီရတ်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိ



အီရန်နိုင်ငံမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တူရကီ၊ အာမေးနီးယားနှင့် အီရတ်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိ
 
အီရန် နိုင်ငံ၏  သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု ပမာဏသည် ၂ဝ၁၅ ခုနှစ်တွင် ၂ ဆခန့် တိုးတက်လာမည် ဟု အီရန်နိုင်ငံ ရေနံဝန်ကြီး Rostam Qasemi က ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ပြောကြားခဲ့သည်ဟု PressTV သတင်းဌာနက ဖော်ပြခဲ့ပါသည်။

အီရန်နိုင်ငံသည် လာမည့် ၃ နှစ်တာကာလ အတွင်းတွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁.၄ ဘီလီယံ အထိ ထုတ်လုပ် သွားနိုင်မည်ဟု Qasemi က ပြောကြား ခဲ့ပါသည်။ အီရန်နိုင်ငံမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တူရကီ၊ အာမေးနီးယားနှင့် အီရတ်နိုင်ငံ များသို့ တင်ပို့ ရောင်းချလျက် ရှိပါသည်။ 

အီရန်၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တင်ပို့ ရောင်းချမှုများ အပေါ်တွင် အမေရိကန် နိုင်ငံနှင့် ဥရောပ သမဂ္ဂတို့က တစ်ဖက်သတ် ပိတ်ပင်တားဆီး မှုများကို လွန်ခဲ့သော နှစ်များ အတွင်းကပင် ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။ အီရန်နိုင်ငံ၏ နျူကလီးယား လက်နက် စက်ရုံများသည် အရပ်ဘက်သုံး နျူကလီးယား စက်ရုံများ ပုံစံ ပြုလုပ်ထားကြောင်း အနောက် နိုင်ငံများမှ စွပ်စွဲပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

http://www.myawady.com.mm/allnews/global/item/3224-2012-12-31-16-11-48

အီရန် နိုင်ငံ၏ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု ပမာဏသည် ၂ဝ၁၅ ခုနှစ်တွင် ၂ ဆခန့် တိုးတက်လာမည် ဟု အီရန်နိုင်ငံ ရေနံဝန်ကြီး Rostam Qasemi က ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် ပြောကြားခဲ့သည်ဟု
ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်မည့် အစီအစဉ်သစ် ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန်က ယုံကြည်
 
ဆီးရီးယား နိုင်ငံအတွင်း ၂၁ လကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အား အဆုံးသတ်မည့် အစီအစဉ်သစ် တစ်ရပ်အား နိုင်ငံတကာ အသိုက်အဝန်းမှ လက်ခံ လိမ့်မည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi က ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း အီဂျစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။

မိမိ အနေဖြင့် အဆိုပါ အစီအ စဉ်သစ်နှင့် ပတ်သက်၍ ရုရှား၊ ဆီးရီးယား နိုင်ငံတို့နှင့် ဆွေးနွေး ခဲ့ကြောင်း၊ အစီအစဉ်ပါ အဆိုပြုချက်အား နိုင်ငံတကာ အသိုက် အဝန်းမှ ဆုံးဖြတ်ချက် ချလိမ့်မည်ဟု ယုံကြည်ထားကြောင်း ကိုင်ရိုမြို့တွင် ပြုလုပ်သော အာရပ်အဖွဲ့ချုပ် အကြီးအကဲ Nabil al- Arabi နှင့် တွေ့ဆုံပွဲ ပြီးနောက် Brahimi က ပြောကြားခဲ့ပါသည်။ 

၎င်း အစီအစဉ်သစ်သည် ပါလီမန်နှင့် သမ္မတ ရွေးကောက်ပွဲ အစီအစဉ်၊ ပြီးပြည့်စုံသော အစိုးရ တစ်ရပ် ဖွဲ့စည်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ပါဝင်သော ဂျီနီဗာ ကြေညာချက်အပေါ် အခြေခံသော နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ရပ်အတွက် အဆိုပြုချက် ဖြစ်ကြောင်း Brahimi ကပြောကြား ခဲ့ပါသည်။

http://www.myawady.com.mm/allnews/global/item/3225-2012-12-31-16-13-33
ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်မည့် အစီအစဉ်သစ် ဆီးရီးယား နိုင်ငံ

တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် ပြည်ထောင်စု တပ်မတော်

တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသည့် ပြည်ထောင်စု တပ်မတော်

မြန်မာ နိုင်ငံသည် နှစ်ပရိစ္ဆေဒ ကြာရှည်စွာ ကိုယ့်ထီးကိုယ့်နန်း ကြငှန်းနှင့် ကိုယ်ပိုင် ယဉ်ကျေး မှု၊ ကိုယ်ပိုင် စာပေတို့ဖြင့် ဝင့်ထည်စွာ နေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉ ရာစုနှစ်တွင် ကိုလိုနီ နယ်ချဲ့တို့က မတရား ကျူးကျော် စစ်ပွဲသုံးကြိမ် ဆင်နွှဲ၍ ကိုလိုနီ နယ်ချဲ့ လက်အောက် ကျရောက် ခဲ့ရသည်။ နယ်ချဲ့ လက်အောက်တွင် အတွေ့အကြုံ အမျိုးမျိုး ခံစားဖြတ်ကျော် လာခဲ့ရသည့် ပြည်ထောင်စုသား ညီအစ်ကို များသည် နယ်ချဲ့ လက်အောက်ခံ ဘဝမှ အပြီး တိုင်လွတ်မြောက်ရန် အတွက် လက်နက်ကိုင် အမျိုးသား တပ်မတော် တစ်ရပ် ဖွဲ့စည်းတိုက်ပွဲ ဝင်နိုင်ရန် လိုအပ်ကြောင်း သဘော ပေါက်လာကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့မျိုးချစ် လူငယ် သုံးကျိပ်သည် ဟိုင်နန်ကျွန်းသို့ သွားရောက်၍ ဂျပန်တို့ ထံမှ စစ်ပညာကို ဆင်းရဲ ပင်ပန်းစွာ သင်ယူ ခဲ့ကြပြီး တိုင်းရင်းသား လူမျိုး တစ်ရာကျော်ကို ကိုယ်စားပြုသည့် တစ်ခုတည်းသော မြန်မာ့ တပ်မတော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု တပ်မတော်ကို ခိုင်မာစွာ ဖွဲ့စည်း ပြီးသည်နှင့် အမိ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ပြန်လည်ရယူ ပေးခဲ့သည်။

နိုင်ငံတော်၏ လွတ်လပ်ရေး ရရှိ ပြီးသည်နှင့် တပ်မတော်သည် ပြည်တွင်း သောင်းကျန်းမှု အန္တရာယ်နှင့် ပြည်ပ ကျူးကျော်မှု အန္တရာယ် အပြင် နိုင်ငံရေး အခက် အခဲများ၊ ပြည်ပ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့သည့် အရေးအခင်း အသီးသီး တို့ကို ပြည်သူ၊ နိုင်ငံတော် အစိုးရနှင့် အတူ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲပြီး အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့သည်။ တပ်မတော် သည် မွန်မြတ်သော အစဉ်အလာ ဖြစ်သည့် မျိုးချစ် တပ်မတော် ဖြစ်သည်။ စည်းကမ်း ကောင်းသော၊ သစ္စာရှိသော၊ စည်းလုံး ညီညွတ်သော၊ စွမ်းရည်ရှိသော၊ စွန့်လွှတ် စွန့်စားသော၊ တစ်ဦးချင်း ကိုယ်ကျိုးကို ပဓာန မထားသော၊ စိတ်ဓာတ် မြင့်မြတ်သော၊ အခက် အခဲကို ရင်ဆိုင် ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိ ရှိသော၊ အပင်ပန်း အဆင်းရဲ ခံနိုင်သော၊ ဇွဲလုံ့လ ဝီရိယ ရှိသော၊ ဒို့တာဝန် အရေး သုံးပါးကို အမြဲဦးထိပ် ပန်ဆင်သော တပ်မတော် ဟူသည့် တစ်ဆယ့် နှစ်ရပ်သော အစဉ်အလာ ကောင်းများနှင့် ပြည့်စုံစွာ ရပ်တည် လာခဲ့သည့် တပ်မတော် ဖြစ်သည်။

တပ်မတော်သည် ပြည်သူတို့၏ အခက်အခဲ အတားအဆီး များကို ကိုယ်ကျိုး စွန့်လွှတ်ပြီး စွန့်စွန့်စားစား အလုပ်အကျွေး ပြုလျက်ရှိသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် အခါတိုင်းလည်း အချိန်မဆိုင်း သွားရောက်ရှာဖွေ ကယ်တင်ပေးခြင်း၊ လိုအပ် သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ဆေးအကာ အကွယ်ပေးရေး လုပ်ငန်းများကို အလျင်အမြန် ကူညီပံ့ပိုး ဖြည့်ဆည်း ပေးခဲ့သည်။

ထို့ကြောင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁ဝ) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်း အနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင် လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားရာ၌ ''တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည် ဆိုသည့် ကျင့်စဉ်နှင့် အညီ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကာ အကွယ်များ ဖြည့်ဆည်း ပေးနိုင် ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အတွက် အရေးပေါ် အခြေအနေ ဖြစ်ပေါ် လာပါက လိုအပ်လာမည့် သူနာပြုနှင့် ဆေးဘက် ဆိုင်ရာ အကာအကွယ် ပေးရေး လုပ်ငန်းစဉ် များကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ကျေပွန်အောင် ထမ်းဆောင်ပြီး ပြည်သူကို အလုပ်အကျွေး ပြုပေး နိုင်ရမည် ဖြစ်ကြောင်း'' အလေးအနက် မှာကြားခဲ့ခြင်း ဖြစ်ပေသည်။

http://www.myawady.net.mm/allnews/editorschoice/item/3173-2012-12-31-10-14-33
မြန်မာ နိုင်ငံသည် နှစ်ပရိစ္ဆေဒ ကြာရှည်စွာ ကိုယ့်ထီးကိုယ့်နန်း ကြငှန်းနှင့် ကိုယ်ပိုင် ယဉ်ကျေး မှု၊ ကိုယ်ပိုင် စာပေတို့ဖြင့် ဝင့်ထည်စွာ နေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ၁၉ ရာစုနှစ်တွင် ကိုလိုနီ နယ်ချဲ့တို့က မတရား ကျူးကျော် စစ်ပွဲသုံးကြိမ် ဆင်နွှဲ၍ ကိုလိုနီ နယ်ချဲ့ လက်အောက် ကျရောက် ခဲ့ရသည်။ နယ်ချဲ့

ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်


ကမ္ဘာကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်မည်

၂၁ ရာစု ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများ၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများ ဟူ၍ တွေ့ရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုး မှု တည်တံ့ ခိုင်မြဲရေး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများက ရေရှည် ဖွံ့ဖြိုးရေး၊ ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံများက ဖွံ့ဖြိုးရေး စသည်ဖြင့် ဦးတည်ချက် အမျိုးမျိုး ထားကာ ကြိုးပမ်းနေ ကြသည်။ ထိုသို့ ကြိုးပမ်း ကြရာ၌ နိုင်ငံရေး စနစ်မှာ ဒီမိုကရေစီ စနစ်ဖြစ်ပြီး စီးပွားရေး စနစ်မှာ ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင်ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့ အစိုးရဖြစ်သည့်  ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်။

ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေးနှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် လာနိုင်မည့် စီမံအုပ်ချုပ် လုပ်ကိုင် မှု ပြောင်းလဲသွားရန် လိုအပ်ချက် အရ တတိယ အဆင့်အဖြစ် အစိုးရ အဖွဲ့အစည်း ယန္တရား ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားမည်ဖြစ်သည်။

အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။ နိုင်ငံတော် သမ္မတက ''အစိုးရဌာန အဖွဲ့အစည်း များ၏ စီမံအုပ်ချုပ်မှု စနစ်တိုးတက် ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ တတိယ အဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း'' ပြောကြားပြီး နိဂုံး ချုပ် ပြောကြားရာ၌ ''တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ပြန် လည် ကောင်းမွန်အောင် စိတ်ဓာတ် ကောင်းကောင်း၊ စည်းကမ်း ကောင်းကောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးကို စေတနာ ကောင်းကောင်းဖြင့် ကောင်း မွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန်'' တိုက်တွန်းခဲ့သည်။

မိမိနိုင်ငံနှင့် မိမိလူမျိုးတို့ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးသည် မိမိတို့ နိုင်ငံသား အားလုံးက  ပတ်ဝန်းကျင် ကမ္ဘာ့ နိုင်ငံများကို ကြည့်တတ် မြင်တတ်ဖို့ လိုသည်။ ကမ္ဘာ့ နိုင်ငံများ၏ ပထဝီ အနေအထား များနှင့် သမိုင်း ကြောင်း၊  ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ နိုင်ငံအစိုးရ များ၏ ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ နိုင်ငံသား များ၏ အခန်းကဏ္ဍ စသည်တို့ကို အာဂမ္မယုတ္တိ၊ သဘာဝယုတ္တိ တို့ဖြင့် ရှုမြင်၍ အကြောင်းအကျိုး၊ အကောင်း အဆိုးတို့ကို ဆန်းစစ်ရမည် ဖြစ်သည်။ တွေ့ရှိချက်များမှ မိမိနိုင်ငံနှင့် လူမျိုးတို့၏ ကောင်းကျိုး အတွက် ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရ မည် ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများသည် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရတို့၏ စွမ်းဆောင်ရည် ထက်မြက်မှုနှင့် ပြည်သူလူထု အတွက် ပြည်သူလူထု ဗဟိုပြု၍ ဆောင်ရွက် ကြရမည်ဖြစ်ရာ ပြည်သူတို့ အနေဖြင့် ကမ္ဘာ့ နိုင်ငံများ၏ ပကတိ အခြေ အနေများကို မြင်အောင် ကြည့်တတ်မှ ကမ္ဘာကို တု၍ ကမ္ဘာမှု ပြုနိုင်ကြမည် ဖြစ်ပေသည်။  

http://www.myawady.net.mm/allnews/editorschoice/item/3066-2012-12-29-09-47-49
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျနေသော နိုင်ငံဖြစ်သဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် တက်လှမ်း နိုင် ရန် ပြည်သူ့ အတွက် ပြည်သူက ရွေးကောက်တင်မြှောက်သော ပြည်သူ့အစိုးရဖြစ်သည့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင် ပြောင်း လဲမှု တို့ကို

အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့


 ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာဥရောပမှာ တစ်ခုတည်းသော အစ္စလာမ်ဘုရားရှိခိုးကျောင်း လုံးဝမရှိတဲ့ မြို့တော်ဖြစ်ပါတယ်။
၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေးရခဲ့

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင်
Monday, 31 December 2012

လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။

လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။
--
Ref: medic-facts
International news for myanmar
လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်

KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Photo: KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ

Tuesday, 1 January 2013
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။ KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။ အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။

ယခုအခါလိုင်ဇာမြို့တွင် ခြောက်ကပ်နေပြီး KIA စစ်သားများပင် သိပ်မတွေ့ရတော့ကြောင်း၊ KIA စစ်သားအားလုံးကို ရှေ့တန်းသို့ ပို့ထားကြောင်း သိရသည်။ လိုင်ဇာအား သဘာဝတံတိုင်းကြီးသဖွယ် ကာရံ ထားသော လဂျားယန်တောင်ကြောမှာ အစိုးရတပ်များက ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် သိမ်းပိုက် ခဲ့သောကြောင့် လိုင်ဇာမြို့ရှိဒေသခံများမှာ လုံခြုံမှုမရှိဟု ခံစားလာရသည်။ လဂျားယန်မှ အစိုးရတပ်များ လိုင်ဇာမြို့သို့ ချီတက် သိမ်းပိုက်မည်ဆိုပါက တစ်နာရီအတွင်းရောက်ရှိလာနိုင်ကြောင်း သိရသည်။ သို့သော် အစိုးရတာဝန်ရှိသူများက လိုင်ဇာမြို့အား သိမ်းပိုက်မည်မဟုတ်ကြောင်း ကြေငြာထားခဲ့သည်။

သံလွင်
KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါ သည်။ ဈေး ဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့မှ ခေါင်းဆောင်များနှင့်