Tuesday, January 22, 2013

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင် ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓဆင်းတုတော် ရှိသည်။

ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇ တွင် ထွင်းထုတည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်) အမြင့်ဆုံး ဆင်းတုတော် ဖြစ်ခဲ့ဖူးသည်။

ယနေ့အချိန်အခါအထိတွင် Leshan Gian Buddha သည် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆောင်ပေါ်ထွင်းထုသော ဆင်းတုတော်အဖြစ် အသတ်မှတ်ခံ ထားရကြောင်း သိရသည်။
---
Ref:Weirdoworld
International news for myanmar

http://www.innewsmyanmar.com/2013/01/leshan-gian-buddha.html

အေးချမ်းမွန်မှ International news for myanmar  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင်ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓ ဆင်းတုတော် ရှိသည်။
ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇တွင် ထွင်းထု တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်)

ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်

Photo: ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုများကို စနစ်သစ်ဖြင့်စတင်ရှင်းလင်းမည်
Tuesday, January 22, 2013

ရန်ကုန်မြို့တော်အတွင်းယာဉ်   ကျောပိတ်ဆို့မှုများကို လေ့လာ သုံးသပ်ပြီး ယနေ့မှစ၍ ၀န်ထမ်း များတိုးချဲ့၍ စီမံချက်များချမှတ် ကာ စနစ်သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ကျောပိတ်ဆို့ မှုရှင်းလင်းရေးအတွက် နိုင်ငံတော်  သမ္မတ၏လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်အများပြည်သူသယ်ယူ
ပို့ ဆောင်ရေးအာဏာကိုင်အဖွဲ့(yangon City Public Transport Authority) ကို ဖွဲ့စည်းထား ပြီး ယင်းအဖွဲ့၏အတွင်းရေးမှူး ဦးလှအောင် (ဥက္ကဋ္ဌ-မော်တော် ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ)က ဇန်န၀ါရီ (၂၂) ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသော သတင်းနှင့် မီဒီယာ ရှင်းလင်းပွဲ၌ပြောကြားရာတွင် “ယာဉ်စဉ်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူအချိုရဲ့ သတိတရား လက်လွတ်ပြီး မဆင်မခြင်ပြုလုပ်
ခြင်းကြောင့် ယာဉ်မောင်းသူနဲ့ ပြည်သူလူထုအများစု ထိခိုက်ခံ စားနေရမှုများကို ကျွန်တော်တို့ တဆင့်ပြီး တဆင့်ပြေလည်အောင်
ဖြေရှင်းဆောင်ရွက်သွားမှာပါ ကာလကြာရှည်စွာဖြစ်ပေါ်လာခဲ့  တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်း  ကမ်းမလိုက်နာမှုများကို ပြည်သူလူထုရော၊ စည်းကမ်းထိန်းသိမ်း  သူရေ၊ မီဒီယာများရော ပူးပေါင်း 
ဆောင်ရွက်မှသာလျှင် အောင်မြင်  မှာဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။ 

ယာဉ်စည်းကမ်းမလိုက်နာ မှုကြောင့် ယာဉ်ကျောပိတ်ဆို့မှု များသော
နေရာများမှာ မရမ်း ကုန်းမြို့နယ်ချော်တွင်းကုန်းမီးပွိုင့်  ဗဟန်းမြို့နယ်
ရွှေဂုံတိုင်မီးပွိုင့်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကာမာရွတ် မြို့နယ် လှည်းတန်း
မီးပွိုင့်နှင့် ဟံသာဝတီအ၀ိုင်း၊ စမ်းချောင်းမြို့ နယ်မြေနီကုန်းမီးပွိုင့်၊ တာမွေမြို့ နယ်တာမွေအ၀ိုင်းတို့ဖြစ်ကြရာ ယင်းနေရာများကို အဆိုပါအဖွဲ့ က ဦးဆောင်ကာဝန်ထမ်းများတိုး ချဲ့၍ ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူစည်း ကမ်းမဲ့ရပ်နားထားသော ယာဉ်များ  ကိုလည်း ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့မှစ၍ တစ်ပတ်တာအချိန်ကို ပညာပေး  ကာလသတ်မှတ်ဆောင်ရွက်ပြီး
နောက်ပိုင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများဖြင့် ထိရောက်စွာအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့် မီဒီယာရှင်းလင်းပွဲသို့ရန်ကုန်မြို့တော်အများ ပြည်သူ
သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌဦးကြည်သိန်း၊ အတွင်းရေးမှူးဦးလှအောင်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံယာဉ် ထိန်းရဲတပ်ဖွဲ့ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဦး သာဌေး၊ ရန်ကုန်မြို့တော်စည်ပင်  သာယာရေးကော်မတီလမ်းတံတား  ဌာနဒုတိယဌာမှူးဦးစည်သူလွင်၊ သတင်းနှင့် စာနယ်ဇင်းများမှ ပုဂ်္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မိုးမြင့်ဆွေ
The Hot News
ရန်ကုန်မြို့တော်အတွင်းယာဉ် ကျောပိတ်ဆို့မှုများကို လေ့လာသုံးသပ် ပြီးယနေ့မှစ၍ ၀န်ထမ်းများတိုးချဲ့၍ စီမံချက်များချမှတ်ကာ စနစ် သစ်ဖြင့် စတင်ရှင်းလင်း မည်ဖြစ်ကြောင်း သိရသည်။

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

 
ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃)ကဗိုလ်ကြီးအဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီး လို့ ကျိန်းမလို့ ရှိတုန်း အော်သံကြားလို့ ထွက်ကြည့်တာလေ..ကျောင်းထဲကိုသူတို့  အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာ ကျိန်းနေတဲ့ ဆရာတော်ကြီးကို သူပုန် ၃ယောက်က ဒရွတ်တိုက်ဆွဲခေါ်သွားတာ...ဦးဇင်းတို့ က ဒကာကြီးတို့ မှားလိမ့်မယ်....မလုပ်ပါနဲ့ လို့ တောင်းပန်တာကို သူတို့ က သေချင်လို့ လားဆိုပြီး ပြောပြောဆိုဆို သေနတ်နဲ့  ဦးဇင်းတို့ ကို သူပုန်တစ်ယောက်က ချိန်ထားတာ...ဒါနဲ့ ဦးဇင်းလည်းဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကို ဦးဇင်းတို့  ကျောင်းက ကိုရင်တွေနဲ့ ဦးဇင်းတို့ ကန်တော့ လိုက်သေးတယ်... သူပုန်တွေက မြန်မာ့မျိုးချစ်တပ်မတော် ကို သူတို့ သတင်းတွေ ပေးတယ် ဆိုပြီး လာဖမ်းတာ"ဟုပြောသည်။ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီး အပါအဝင် ဦးဇင်း ၃ပါး၊ကိုရင် ၇ပါးရှိပြီး ဆိုင်းဂျာဘွမ်ရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများ အဓိကကိုးကွယ်ကာ ရက်ကြီးခါကြီးနေ့ များတွင် ၄င်းကျောင်းတွင်ဥပုပ်သီလ စောင့်ကြသည်။

်from စင်္ကာပူ
ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော် ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ (၁) ၊ တပ်ရင်း (၃)က ဗိုလ်ကြီး အဆင့်ရှိဘရန်နူးဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ်သတင်းပေးဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။ ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီးလို့ ကျိန်းမလို့ ရှိတုန်းအော်သံကြားလို့ ထွက်ကြည့်တာလေ..ကျောင်းထဲကို

ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်

Photo: ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်
Tuesday, January 22, 2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာ ဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်
သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်
နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီ အသီးသီး ပေးအပ်
ချီးမြှင့်သွားမည် ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ မကျင်းပမီနှင့် ကျင်းပနေသည့် ကာလအတွင်း
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ၌ ပြည်သူ
လူထု လှုံ့ဆော် အသိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ မုဒ်ဦးများကို ဆုရရှိသူများ၏ ဒီဇိုင်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီး ဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်စ်၏ ဆောင်ပုဒ်ပါ အဓိပ္ပါယ်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း အစရှိသည်တို့ကို ယှဉ်ပြိုင်သည့် ဒီဇိုင်းများတွင် ပေါ်လွင်စေရ
မည်ဟု ပြိုင်ပွဲပါ စည်းကမ်းချက် များတွင် ပါရှိသည်။

ဒီဇိုင်း ပြိုင်ပွဲအတွက် အရွယ်အစား ၃ မျိုးသတ်မှတ်ထားကြောင်း၊ တစ်မျိုးလျှင် ဒီဇိုင်း ၁၀ မျိုးစီ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လာမည့်
ဖေဖော်ဝါ ရီလ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲလှုံ့ဆော် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အား ကစားနှင့် ကာယပညာ ဦးစီးဌာနမှသိရသည်။
ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ် သည်။

၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F

Photo: ၂၅ စီးသာထုတ်သော အီတလီ brand ပြိုင်ကား Pagani Zonda F 
Tuesday, January 22, 2013

Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ အစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့
ယာထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့ တဲ့ ပြိုင်ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါတယ်။ 

ကမ္ဘာ့အမြန်ဆုံး ကားလို့ အမည်တွင်တဲ့ Bugatti Veyron နဲ့ ပြိုင်မောင်းတာ ၂.၅ ဆက္ကန့်နောက်ကျပြီး ပန်းဝင်တဲ့ ကားဖြစ်ပါတယ်။ သီအိုရီအရ တွက်ချက်ရင် ပိုမြန်တယ် ဆိုပေမယ့် Bugatti Veyron ကို မကျော်လွန်ခဲ့ ပါဘူး။ သို့ပေမယ့် ကမ္ဘာ့အမြန်ဆုံးနဲ့ ဈေး အကြီးဆုံး ကား ၁၀ စီးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

လေယာဉ်မြီး Aerodynamics ကို ပုံစံတစ်မျိုးနဲ့တပ်ဆင် ထားပေးပြီး
လေအဟုန်ကြားမှာ လျင်လျင်မြန်မြန်ရွေ့လျား မှာ ဖြစ်ပါတယ်။ Gound effect ကောင်းပြီး air flow ကို နောက်ပိုင်း diffuser နဲ့ ထိန်းပေးထားပါ တယ်။ လေ အဝင်ကို ရှေ့ပိုင်းမှ ပိုမိုရရှိစေတဲ့အတွက် Cooling system အတွက် စိတ်ချရမှာ ဖြစ်ပါတယ်။ မာစီဒီးကထုတ်တဲ့ ၇.၃လီတာ V ၁၂လုံးအင်ဂျင်ကို အသုံးပြီး ဘရိတ်မြင်းကောင်ရေအား BHP 620 အထိထုတ်ပေးနိုင် မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁၂၃၀ ကီလိုဂရမ် သာရှိပြီး တိုက်တေနီယမ်နှင့် ဖိုက်ဘာ တို့နဲ့သာ တည်ဆောက်ထားတဲ့
ပြိုင်ကားဖြစ်ပါတယ်။ ကာဘွန်ဖိုက် ဘာအမိုးကို လိုသလို ဖွင့်ပိတ်
ဲပြုလုပ်နိုင်ပါ တယ်။

အမြင့်ဆုံး speed တစ်နာရီ ၂၁၅ မိုင်နဲ့ အထက်မှာ ရှိပြီး ဂီယာ ၆ချက်ထိုး Manual အမျိုးအစား ဖြစ်ပါ တယ်။ နှစ်ယောက်စီးပြိုင်ကား Super Sport Coupe ဖြစ် တဲ့အတွက် အတွင်းအပြင် တည်ဆောက်ထားမှုက သားနားနေပါတယ်။ အရှည် ၁၇၄ လက်မကျော်သာရှိပြီး ၄၄.၉ လက်မအမြင့်ရှိပါတယ်။ ၂၅ စီးသာထုတ်တဲ့ Pagani Zonda F ကို အမေရိကန်ဒေါ်လာ ၆သိန်း ၆သောင်း ၇ထောင် (၆၆၇၀၀၀) နဲ့အထက်မှာ ရောင်းချတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး ၁၀စီးစာရင်းမှ
နံပါတ် ၈ မှာရှိနေတဲ့ ကားဖြစ်ပါတယ်။

http://www.colayonline.com.mm/automobile/
ColayOnline:Automobile
Pagani Zonda စီးရီးကို ၁၉၉၉ ခုနှစ်ကနေထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာအစီးရေ ၂၀၆ စီးပဲထုတ်လုပ်ဖို့ ယာ ထားပြီး ၂၀၁၁ခုနှစ်မှာ အပြီးသတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ Pagani Zonda စီးရီးထဲက ၂၅ စီး သီးသန့်ထုတ်လုပ်ခဲ့တဲ့ ပြိုင် ကား တစ်စီးရှိပါတယ်။ Pagani Zonda F လို့အမည်ရပြီး ၂၀၀၆ခုနှစ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် Brand များဖြစ်တဲ့ Lamborghini, Porsche, Ferrari တို့ကို စိန်ခေါ်လိုက်တဲ့ ကားပဲဖြစ်ပါ တယ်။

ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ

Photo: ရုရှားတွင် မီးတောင် ၃ လုံး တစ်ပြိုင်နက်ပေါက်ကွဲ
Tuesday, January 22, 2013

ရုရှားနိုင်ငံ ကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံး ပေါက်ကွဲနေပြီး ချော်ရည်နှင့် ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။ 

Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာ ကမ်ချက်ကာကျွန်းဆွယ်၏ မတူညီသော နေရာများတွင် တစ်ပြိုင်နက်
တည်း ပေါက်ကွဲခြင်းဖြစ်သည်။ 

မီးတောင်ပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီသော မြေငလျင် လှုပ်ခတ်မှုများ
လည်း ဖြစ်ပေါ်ခဲ့သည်။ လေကြောင်းပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူများက မီးတောင်ပေါက်ကွဲနေသည့် ကောင်းကင်ယံတွင်လေကြောင်းပျံသန်းမှု
ဆိုင်ရာ လုံခြုံရေးသတိပေးချက်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်
ထုတ်ပြန်ထားကြောင်း သိရသည်။

Planet Myanmar Network
ရုရှားနိုင်ငံကမ်ချက်ကာ (Kamchatka) ကျွန်းဆွယ်တွင် မီးတောင် ၃ လုံးပေါက်ကွဲနေပြီး ချော်ရည်နှင့် ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသည်။
Shiveluch၊ Kizimen နှင့် Plosky Talbachek အမည်ရှိ မီးတောင် ၃ လုံးမှာကမ်ချက်ကာကျွန်းဆွယ်၏ မတူညီသော နေရာများတွင် တစ် ပြိုင်နက်တည်း ပေါက်ကွဲခြင်းဖြစ်သည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဒါဇင်နှင့်ချီသော မြေငလျင်လှုပ်ခတ်မှုများ လည်း ဖြစ်ပေါ်ခဲ့သည်။ လေကြောင်းပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူ

ရာသီဥတုဒဏ်မခံနိုင်သဖြင့် F-35 တိုက်လေယာဉ်များအား ဝေဖန်မှုများထွက်ပေါ်

Photo: ရာသီဥတုဒဏ်မခံနိုင်သဖြင့် F-35 တိုက်လေယာဉ်များအား
ဝေဖန်မှုများထွက်ပေါ်
Tuesday, January 22, 2013

တန်ကြေး များပြားစွာ ပေးချေ ဝယ်ယူထားရသော်လည်း ရာသီဥတု
ဒဏ်ကို မခံနိုင်သည့် အခြေအနေကြောင့် ဗြိတိသျှ လေတပ်၏ F-35 တိုက်လေယာဉ်များအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ F-35 Joint Strike တိုက်လေယာဉ် တစ်စင်းသည် (၂၅)မိုင်မျှ အကွာအဝေးရှိသည့် မိုးကြိုးမုန်တိုင်း တစ်ခုကို ဖြတ်ကျော် ပျံသန်းရန် အခြေအနေ ကြုံခဲ့သော်လည်း အမေရိကန် လေတပ် အင်ဂျင်နီယာများက 
ယင်းကို ခွင့်မပြုခဲ့ချေ။

၎င်းတို့က F-35၏ ဆီတိုင်ကီသည် မိုးကြိုးထိမှန် ခံရပါက ပေါက်ကွဲ
သွားနိုင်သည့် အခြေအနေ ရှိနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံက ထုတ်လုပ်သည့် အဆိုပါ လေယာဉ်များအနက် (၄၈)စင်းကို ဗြိတိန်က ဝယ်ယူရန် ရည်ရွယ်ထားသည်။

ဗြိတိန်၏ အင်အားကြီး မဟာမိတ် အမေရိကန်ကမူ ယင်းလေယာဉ် အစင်း(၂၅၀၀) ဝယ်ယူမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး စူပါ လေတပ် တိုက်ခိုက်ရေး ယန္တရားတစ်ခု အဖြစ် သတ်မှတ်ခြင်း ခံရသည့်တိုင် ပေါင်စတာလင် သန်း(၁၅၀)တန် တိုက်လေယာဉ်သည် မိုးကြိုးမုန်တိုင်းအတွင်း ပျံသန်းရန် စိုးရိမ်လောက်စရာ ဖြစ်နေခြင်းကြောင့် ယင်းအချက်မှာ ထောက်ပြစရာ ဖြစ်လာသည်။

Planet Myanmar Network
တန်ကြေးများပြားစွာပေးချေဝယ်ယူထားရသော်လည်း ရာသီဥတုဒဏ် ကိုမခံနိုင်သည့် အခြေအနေကြောင့် ဗြိတိသျှ လေတပ်၏ F-35 တိုက်လေယာဉ်များအပေါ် ဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။ F-35 Joint Strike တိုက်လေယာဉ် တစ်စင်းသည် (၂၅)မိုင်မျှ အကွာ အဝေး ရှိသည့် မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြတ်ကျော်ပျံသန်းရန် အခြေအနေ ကြုံ

KIA သောင်းကျန်းသူ အဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်

Photo: KIA သောင်းကျန်းသူအဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်<br />
Tuesday, January 22, 2013</p>
<p>KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIAအဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။<br />
“ KIA အဖွဲ့ တွေ အများကြီး မိုင်ဂျာယန်မှာ ရောက်နေတယ်။ လွယ်ဂျယ်မြို့ ကို တိုက်ခိုက်သိမ်းပိုက် မယ်လို့ ကြားတယ် လက်နက်ကြီးတွေလည်း အများကြီး ပါတယ် အခုချိန်မှာ လွယ်ဂျယ်မှာက တပ် အင်အားနည်းနေတယ် ။ ဒါကြောင့် သူတို့က အလွယ်တကူ တိုက်နိုင်မယ်လို့ ထင်နေတယ် ”  ဟု မိုင်ဂျာယန်မြို့ ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားခဲ့သည်။<br />
လွယ်ဂျယ်မြို့ သည် တရုတ်-မြန်မာ နယ်စပ်အနီးတွင်  တည်ရှိပြီး မိုင်ဂျာယန်မြို့ ၏တောင်ဘက် ငါးမိုင်ခန့်အကွာအဝေးတွင် ရှိသည်။ လွယ်ဂျယ်မြို့ သည် မြန်မာစစ်တပ် တပ်ရင်း တစ်ရင်းသာ အခြေစိုက်ထားသော မြို့ တစ်မြို့ ဖြစ်သည်။ KIA နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ပျက်ပြားကာစ အချိန်တွင်  KIA အဖွဲ့ မှ လွယ်ဂျယ်မြို့ သို့ ၀င်ရောက်၍ အစိုးရ ၀န်ထမ်းများအား ဖမ်းဆီး သွားခဲ့ဘူးသည်။<br />
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၆:၃၀ နာရီ အချိန်ထိ လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၂၀၀ ခန့်မှ လာရောက် တိုက်ခိုက်သည့် အတွက် မြန်မာစစ်တပ်မှ ပြန်လည် ချေမှုန်း တိုက်ခိုက်ခဲ့ ကြောင်း<br />
အဆိုပါ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သည် ၄ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး စစ်သည်တချို့ ဒဏ်ရာ ရရှိကြောင်း မြ၀တီသတင်းတွင်ဖေါ်ပြထားသည်။
KIA အဖွဲ့  အနေဖြင့် အစိုးရမှငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်း ကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIAအဖွဲ့မှ မိုင်ဂျာယန်မြို့ နှင့် ကပ်လျက်ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
Tuesday, January 22, 2013

မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည၆နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင်အတွင်း ယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုများမှာ ညနေ၆နာရီမှ၁၂နာရီအတွင်း ယာဉ်တိုက်မှု
(၁၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် စာလျှင် နှစ်ဆခန့် ပိုမိုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် (၁၇၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ညပိုင်းအချိန်ဆိုမန္တလေးမှာ ဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်တာတွေကြောင့်လည်း
သေဆုံးတာ ဖြစ်ပါတယ်၊ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်”ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။

ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုမှာလည်း တစ်နှစ်ထက်
တစ်နှစ် တိုးမြင့်လာခဲ့ကြောင်း၊ ဆိုက်ကယ်တိုက်မှုအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က (၅၁၆)မှု၊ သေဆုံးသူ(၁၇၄)ဦးနှင့် ဒဏ်ရာရသူ(၆၁၈)ဦး အထိ ရှိလာခဲ့သည့်အပြင် ယခင်နှစ်များထက် နှိုင်းစာပါက ဆိုင်ကယ်အစီးရေ သိသာစွာ တိုးတက်လာကြောင်း သိရသည်။

ယာဉ်တိုက်မှုနည်းပါးစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်လျက်
ရှိသည်နှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

လက်ရှိမန္တလေးခရိုင်အတွင်း ယာဉ်ထိန်း ရဲအင်အား၅၀၆ဦး နှင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း အချက်ပြမီပွိုင့်၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇)နေရာမှ  ကျောင်းယာဉ်ရှင်းလင်း ရေး(၁၁)နေရာ၊ စုစုပေါင်း
(၅၄)နေရာကို ယာဉ်ထိန်းရဲ(၁၁၄)ဦးနှင့် နေ့ညတာဝန်ချထား  
ဆောင်ရွက်လျက်ရှိကြောင်း အဓိက လမ်းပိုင်းနေရာများ၌ အချက်ပြမီးပွိုင့်
ထားရှိရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုထားကြောင်းနှင့် ပညာပေး
ဟောပြောပွဲများကိုလည်း စဉ်ဆက် မပြတ်ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

 “ ယာဉ်စီးရေ တိုးတက်လာမှုကြောင့် ယာဉ်တိုက်မှုလျော့ဖို့က မလွယ်လောက်သေးဘူးထင်တယ်” ဟု ယာဉ်စည်းကမ်းမှ တာဝန်ရှိသူ
တစ်ဦးက ၄င်း၏အမြင်ကို သုံးသပ်သည်။

မင်းခန့်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup

မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည ၆ နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင် အတွင်းယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံကဏ္ဍ၌ နိုင်ငံ ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း မြှုပ်နှံထားပြီး စင်ကာပူက ထိပ်ဆုံးမှ ရပ်တည်

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံကဏ္ဍ၌ နိုင်ငံ
ခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း မြှုပ်နှံထားပြီး 
စင်ကာပူက ထိပ်ဆုံးမှ ရပ်တည်
Tuesday, January 22, 2013

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍ၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ ရင်းနှီးမြှုပ်နှံ
ဆောက်လုပ်လျက် လုပ်ငန်းလည်ပတ်ခြင်းကို စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ဗီယက်နမ်နိုင်ငံတို့မှ ၀င်ရောက်မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံသည် ဟိုတယ်နှင့် စီးပွားရေး
အဆောက်အအုံ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ 
သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံပြီးနောက် ထိုင်းနိုင်ငံသည် အဆောက်အအုံ ၁၀ ခု အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၇၅ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ထို့အတူ ဂျပန်နိုင်ငံသည် အဆောက်အအုံ ခြောက်ခုဖြင့် ဒေါ်လာ ၁၈၃ ဒသမ ၀၁၃ သန်း၊ ဟောင်ကောင်သည် အဆောက်အအုံ လေးခုဖြင့် ဒေါ်လာ ၇၇ သန်း၊ မလေးရှားနိုင်ငံသည် အဆောက်အအုံ နှစ်ခုဖြင့် ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နိုင်ငံသည် အဆောက်အအုံတစ်ခုဖြင့် ဒေါ်လာ ၃ ဒသမ ၄၀ သန်း၊ ဗီယက်နမ်နိုင်ငံသည် အဆောက်အအုံ တစ်ခုဖြင့် ဒေါ်လာ သန်း ၃၀၀ အသီးသီး မြှုပ်နှံထားသည်။

ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍတွင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ရင်းနှီးမြှုပ်နှံလာသော နိုင်ငံဖြစ်ပြီး နိုင်ငံရေးအပြောင်း အလဲများ ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ၀န်ဆောင်မှုလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် လာရောက်ဆွေးနွေးခဲ့ကြသည့် နိုင်ငံများအနက် ပထမဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံလည်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ပြီး တည်ဆောက်ဆဲ အဆောက်အအုံ စုစုပေါင်းသည် ၃၆ ခုရှိပြီး တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည့် အဆောက်အအုံမှာ ၃၀၊ တည်ဆောက်ဆဲ ငါးခုနှင့် B.O.T စာချုပ် လက်မှတ်ရေးထိုးပြီးသည့် အဆောက်အအုံမှာ တစ်ခုဖြစ်သည်။

စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၊ မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့ရှိ Parkroyal ဟိုတယ် စသည့်အဆောက်အအုံများ၊ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် Chatrium ဟိုတယ်၊ Mandalay Hill Resort ဟိုတယ် စသည့်အဆောက်အအုံများ၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွင် ဆာကူရာတာဝါ၊ သီရိပစ္စယာ ဆာကူရာ
ဟိုတယ် စသည်တို့ ပါဝင်နေသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စတင်တိုးတက်
လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်မူ အခြားသောနှစ်များထက် ခရီးသွားဝင်ရောက်မှု တိုးတက်ခြင်းများကို တွေ့ကြုံလာရကြောင်း၊ ဟိုတယ်အခန်း မလုံလောက်မှုများသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ခရီးစဉ်ဒေသအများစုတွင် ဖြစ်ပေါ်နေကာ ရန်ကုန်မြို့တွင် အဓိက ကြုံတွေ့နေရကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဟိုတယ်နှင့် စီးပွားရေး
အဆောက်အအုံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်း ဖြစ်သည်။

Eleven Media Group မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ ကဏ္ဍ ၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။

အီဂျစ် နိုင်ငံ ရဲစခန်း တစ်ခု၏ ပြင်ပတွင် တိုက်ခိုက်မှု ဖြစ်ပွား သေဆုံးသူ ငါးဦး အထိ မြင့်တက်

အီဂျစ် နိုင်ငံ ရဲစခန်း တစ်ခု၏ ပြင်ပတွင် တိုက်ခိုက်မှု ဖြစ်ပွား သေဆုံးသူ ငါးဦး အထိ မြင့်တက်

အီဂျစ် နိုင်ငံ ကွာလီအို ဘီးယား ရိုမာနိုရိတ် ဒေသရှိ ရဲစခန်း တစ်ခု၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် များနှင့် သတ်ဖြတ်ခြင်း ခံရသူ တစ်ဦး၏ ဆွေမျိုး သားချင်းများ အကြား တိုက်ခိုက်မှု ဖြစ်ပွားရာ သေဆုံးသူ ဦးရေမှာ ငါးဦး အထိ မြင့်တက်ခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမ်မက်အိုမားက ဆင်ဟွာ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ စစ်ဆင်ရေး တစ်ခုအတွင်း ရဲတပ်ဖွဲ့ဝင် များ၏ မှားယွင်း ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ရာ ၎င်း၏ ဆွေမျိုးသားချင်း များက ဆန့်ကျင် ဆန္ဒပြရာ မှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဓိကရုဏ်း များကြောင့် ဒဏ်ရာ ရရှိသူ ၁၂ ဦးအား ဘက်တန်နှင့် နက်ဆာ ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ငါးဦး အနက်တွင် ရဲအရာရှိ နှစ်ဦးနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူ တစ်ဦးတို့ ပါဝင်ခဲ့ ကြောင်း၊ အဆိုပါ ရဲစခန်း အနီးတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကို တိုးမြှင့် ချထားခဲ့ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/4970-2013-01-22-09-04-31#.UP4hb528B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အီဂျစ် နိုင်ငံ ကွာလီအိုဘီးယား ရိုမာနိုရိတ် ဒေသရှိ ရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် သတ်ဖြတ်ခြင်းခံရသူ တစ်ဦး ၏ ဆွေမျိုးသားချင်းများအကြား တိုက်ခိုက်မှု ဖြစ်ပွားရာ သေဆုံးသူ ဦးရေမှာ ငါးဦးအထိ မြင့်တက်ခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမ်မက်အိုမားက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဥပဒေ(၉၀)ခန့်ကို ပြဌန်းရန် အကြွေးတင်လျက်ရှိနေသည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ အသိပေးပြောကြား

ဥပဒေ(၉၀)ခန့်ကို ပြဌန်းရန် အကြွေးတင်လျက်ရှိနေသည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ အသိပေးပြောကြား
Tuesday, January 22, 2013

လွှတ်တော်သည် ဥပဒေ(၉၀)ခန့်ကို ပြဌန်းရန် အကြွေးတင်လျက် ရှိနေသည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များ အား ယင်းသို့ အသိပေးပြောကြား လိုက်ခြင်းဖြစ်သည်။

ဗညားဦး(နေပြည်တော်)
Yangon Media Group
လွှတ်တော်သည် ဥပဒေ(၉၀)ခန့်ကို ပြဌန်းရန် အကြွေးတင်လျက် ရှိနေ သည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ကပြောကြားလိုက် သည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် တက်ရောက်လာသည့်

ဆဲလ်ဖုန်းများ အသုံးပြုခြင်းက ဦးနှောက်၏ လုပ်ငန်းဆောင်တာကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်

ဆဲလ်ဖုန်းများ အသုံးပြုခြင်းက ဦးနှောက်၏ လုပ်ငန်းဆောင်တာကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်

လေ့လာချက် အသစ်တစ်ရပ်အရ မိနစ် ၅ဝ ကြာမျှ ဆဲလ်ဖုန်း ပြောဆို ခြင်းသည် ဦးနှောက်၏ ဂလူးကို့စ် မတ္တာဘော်လစ်ဇင်ကို တိုးပွားစေသည်ဟု ဆိုသည်။     

ကမ္ဘာတစ်ဝန်းလုံး၌ ဆဲလ်ဖုန်း အသုံးပြုသူ အရေအတွက် အလွန်များပြား လာပြီး လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက ဦးနှောက်၌ ဘေးဥပဒ် ဖြစ်စေနိုင်သော သက်ရောက်မှု ရှိသည်ဟုဆိုသည်။ ဆဲလ်ဖုန်းမှ ထုတ်လွှတ်သော ရေဒီယို ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက် စက်ကွင်းများသည် ကင်ဆာဖြစ်စေနိုင်သော သက်ရောက်မှုပင် ရှိသည်ဟု ဆိုသည်။ 

အချို့သော လေ့လာချက်များ အရ ဆဲလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက် အကျိတ် ဖြစ်ပွားမှုတို့အကြား ဆက်နွှယ်မှု မရှိဟု ဆိုသော်လည်း ယင်းမှာ အတိအကျ မပြောနိုင်သေးသော အနေအထား ရှိသည်ဟု ဆိုသည်။ အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှ နိုရာဗိုကိုး ဦးဆောင်သော သုတေသန အဖွဲ့သည် သုတေသန တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ဆဲလ်ဖုန်း အသုံးပြုမှုက လူ၏ ဦးနှောက်တွင် နေရာကွက်၍ သက်ရောက်နိုင်သည်ဟု ဆိုသည်။ သူတို့သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း လူပေါင်း ၄၇ ဦးကို စမ်းသပ် သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref : Xinhua ( 23 .2.11)
Writing by NYM

ရတနာပုံ ကျန်းမာရေး

လေ့လာချက် အသစ်တစ်ရပ်အရ မိနစ် ၅ဝ ကြာမျှဆဲလ်ဖုန်း ပြော ဆို ခြင်းသည် ဦးနှောက်၏ ဂလူးကို့စ်မတ္တာဘော်လစ်ဇင်ကိုတိုးပွားစေ သည်ဟုဆိုသည်။   ကမ္ဘာတစ်ဝန်းလုံး၌ ဆဲလ်ဖုန်းအသုံးပြုသူ အရေ အတွက်အလွန်များပြားလာပြီး လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက ဦးနှောက်၌ ဘေးဥပဒ် ဖြစ်စေနိုင်သော သက်ရောက်မှုရှိ

“အာဖဂန်တွင် တာလီဘန်တို့ကို ပစ်ခတ်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား”

“အာဖဂန်တွင် တာလီဘန်တို့ကို ပစ်ခတ်ခဲ့ကြောင်း မင်းသားဟယ်ရီ ပြောကြား”

အာဖဂန် နစ္စတန်တွင် စစ်မှုထမ်းခဲ့သည့် မင်းသား ဟယ်ရီက ၎င်းသည် တိုက်ခိုက်ရေး ကဏ္ဍတွင် ပါဝင်ပြီး အကြမ်းဖက် သမားများကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဗြိတိသျှ အိမ်ရှေ့မင်းသား ဟယ်ရီသည် ယခုအခါ အသက်(၂၈)နှစ် ရှိနေပြီး ၎င်းကို ကပ္ပတိန် ဝေလဟု စစ်တပ်ထဲတွင် ချစ်စနိုး အမည်ပေးထားသည်။ 

ဟယ်ရီသည် အမေရိကန်လုပ် Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မောင်းနှင်ကာ သီတင်းပတ် (၂၀)ကျော်မျှ အာဖဂန်တွင် သွားရောက် စစ်မှုထမ်းခဲ့သည်။ 

၎င်းက ကမ့်ဘက်စတီယန် စစ်စခန်းတွင် ရှိနေစဉ် အတောအတွင်း တွေ့ကြုံခဲ့သည်များကို မီဒီယာများနှင့် အင်တာဗျူး ဖြေဆိုခဲ့ရာ တာလီဘန်များကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/20782
အာဖဂန်နစ္စတန်တွင် စစ်မှုထမ်းခဲ့သည့် မင်းသားဟယ်ရီက ၎င်းသည် တိုက်ခိုက်ရေး ကဏ္ဍတွင်ပါဝင်ပြီး အကြမ်းဖက်သမားများကို သုတ် သင် ရှင်းလင်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဗြိတိသျှအိမ်ရှေ့ မင်းသားဟယ်ရီသည် ယခုအခါ အသက်(၂၈)နှစ်ရှိနေပြီး ၎င်းကို ကပ္ပတိန် ဝေလဟု စစ်တပ်ထဲတွင် ချစ်စနိုးအမည်ပေးထားသည်။

ပေါ်တူဂီ၌ ရာသီဥတုဆိုးရွားမှုကြောင့် တစ်ဦးသေ ၂၁ ဦး ဒဏ်ရာရရှိ

ပေါ်တူဂီ၌ ရာသီဥတုဆိုးရွားမှုကြောင့် တစ်ဦးသေ ၂၁ ဦး ဒဏ်ရာရရှိ

ပေါ်တူဂီ နိုင်ငံ၌ ဇန်နဝါရီ ၂ဝ ရက်က မိုး သည်းထန်စွာ ရွာသွန်း၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သော ကြောင့် အသက် ၈၅ နှစ် အရွယ်ရှိ အမျိုးသားကြီး တစ်ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိ၍ ၄၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်း ရရှိသည်။

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းနှင့် ၁၉ ရက်ညပိုင်းက ပေါ်တူဂီ၏ ရာသီဥတုသည် အဆိုးရွားဆုံး အဆင့် ဖြစ်သည့် အနီရောင် သတိပေးချက် အဆင့် ထုတ်ပြန် ခဲ့ရပြီး တစ်နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့်  လေပြင်း တိုက်ခတ် ခဲ့ကြောင်း သိရသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ဒေသငါးခု၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက် ရှိပြီး လယ်မြေ ဧကများ ပျက်စီး ခဲ့သဖြင့် ယူရို ၆ သန်းကျော် (အမေရိကန် ဒေါ်လာ ၈ သန်းခန့်) တန်ဖိုးခန့် ဆုံးရှုံး ခဲ့ရကြောင်း သတင်း ဌာနများ၏ ပြောကြားချက် အရ သိရသည်။

http://www.myawady.net.mm/allnews/global/item/4974-2013-01-22-09-08-09#.UP49Qp28B8E
ပေါ်တူဂီ နိုင်ငံ၌ ဇန်နဝါရီ ၂ဝ ရက်က မိုးသည်းထန်စွာ ရွာသွန်း ၍ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သော ကြောင့် အသက် ၈၅ နှစ် အရွယ်ရှိအမျိုးသားကြီး တစ်ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိ၍ ၄၆ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သတင်း ရရှိသည်။

ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားမှ သတင်းဆက်

ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွားမှ သတင်းဆက်
Tuesday, January 22, 2013

၁၉-၁-၂၀၁၃ ရက်နေ့ ၂၃၅၅ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ မြို့မဈေးရှိ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်နေ ဦးအခုံး၏ ဆိုင်ခန်းအမှတ်(ဆ/၂၄) ပလပ်စတစ်ပစ္စည်းအရောင်းဆိုင်မှ ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ စုစုပေါင်း
ဆိုင်ခန်း(၅၉၇)ဆိုင် မီးလောင်ဆုံးရှုံးခဲ့ သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအခုံးအား သံဖြူဇရပ်ရဲစခန်း(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မီးလောင်ဆုံးရှုံးခဲ့သည့် ဆိုင်ခန်းအရေအတွက်မှာ လျှပ်စစ်ပစ္စည်းဆိုင်(၂၇)ဆိုင်၊ ရွှေဆိုင်(၉၅)ဆိုင်၊ ကုန်ခြောက်ဆိုင်(၄၁)ဆိုင်၊ အထည်ဆိုင်(၂၁၅)ဆိုင်၊ အခြားပစ္စည်းဆိုင်(၇၆)ဆိုင်၊ ဆိုင်ခန်း အလွတ်(၁၃၈)ဆိုင်၊ ထီးဆိုင်(၂၁)ဆိုင်၊ စားသောက်ဆိုင်(၁၂)ဆိုင်၊ သက်သာဆိုင်(၂)ဆိုင်၊ စုစုပေါင်း(၆၂၇)ဆိုင် ဖြစ်ပြီး စုစုပေါင်းတန်ဘိုးငွေ
ကျပ်(၂၇၄၄.၅၄)သိန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးအခုံး၏ လျှပ်စစ်ပစ္စည်းဆိုင်မှ စတင်လောင်ကျွမ်းခြင်းမဟုတ်ဘဲ ဈေးပတ်လည်
လုံခြုံရေးမီးလိုင်းမှ ၀ါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခြင်း
ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ဦးအခုံးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ
ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ပေးခဲ့ပြီး တာဝန်ရှိသူ သံဖြူဇရပ်မြို့၊ မြို့မဈေး
အိမ်ယာဝင်းနေ ဈေးခေါင်း(၄)ဦးထွန်းကြည်(၅၇)နှစ်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ဓာတ်ပုံ - Eleven Media Group

၁၉-၁-၂၀၁၃ ရက်နေ့ ၂၃၅၅ အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ မြို့မဈေးရှိ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်နေ ဦးအခုံး၏ ဆိုင်ခန်းအမှတ်(ဆ/၂၄) ပလပ်စတစ်ပစ္စည်းအရောင်းဆိုင်မှ ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ စုစုပေါင်း ဆိုင်ခန်း (၅၉၇)ဆိုင် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးအခုံးအား သံဖြူဇရပ်ရဲစခန်း(ပ)၁၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၃ ။)
၁၃၇၄ ခုနှစ်၊ ပြာသို လဆန်း ၁ဝ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)
ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

ငြိမ်းချမ်းရေးအလံသယ်ဆောင်သူများ ပဲးခူးတိုင်းမှ ဖြတ်သန်းခွင့်ရ

ရန်ကုန်မှလိုင်ဇာထိ ငြိမ်းချမ်းရေးအလံသယ်ဆောင် လမ်းလျှောက်ချီတက်သည့်အဖွဲ့ကို ပဲခူးအာဏာ ပိုင်များကအလံများ ထောင်ပြီးမသယ်သွားကြရန် ပြောဆိုပြီး ပဲခူးတိုင်းအတွင်းမှ ဖြတ်သန်းလမ်းလျှောက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company) အဖြစ် ပြောင်းလဲတော့မည်

Photo: အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company)
အဖြစ် ပြောင်းလဲတော့မည်
Tuesday, January 22, 2013 

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company)
အဖြစ် ပြောင်းလဲတော့မည် ဖြစ်ကြောင်းသိရသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပထမဆုံးဘဏ်ခွဲဖြစ်သည့်
နေပြည်တော်ဘဏ်ခွဲကို ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါတွင် ဘဏ်ခွဲ ၂၅ဘဏ်အထိ အောင်မြင်စွာ
ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါသည်။ ဆက်လက်၍ အနယ်နယ်အရပ်ရပ်တွင် ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်ရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။
ပြောင်းလဲလာသော စီးပွားရေးစနစ်များနှင့်အညီ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး
ဘဏ်ကို အများပိုင်ဘဏ်အဖြစ်သို့ ပြောင်းလဲရန်အတွက် ဘဏ်၏ ဒါရိုက်တာအဖွဲ့ (Board of Directors)မှ ဆုံးဖြတ်ခဲ့ပါသည်။

ယင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီဖြစ်ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ
ညွှန်ကြားမှုဦးစီးဌာနသို့ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြလျှောက်ထားပြီးဖြစ်ပါသည်။ 

လိုအပ်သော စိစစ်မှုများကို သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်
လျက်ရှိသည်။အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန်အတွက်
ဘဏ်၏ ဒါရိုက်တာအဖွဲ့မှဆုံးဖြတ်ရာတွင် -
(၁) ကုမ္ပဏီဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုသည့်
အနေဖြင့် လုပ်ငန်းပိုင်ဆိုင်မှုတစ်စိတ်တစ်ဒေသကို ဝန်ထမ်းများအား
ပေးအပ်ရန်၊
(၂) အမြတ်အစွန်းရနေသောလုပ်ငန်းဖြစ်သဖြင့် ၄င်းအမြတ်အစွန်းကို အများပြည်သူသို့ မျှဝေခံစားခွင့်ပြုရန်၊
(၃) ပြောင်းလဲလာသော စီးပွားရေးစနစ်နှင့်အညီ အသစ်ဖြစ်ပေါ်လာမည့် MSEC (Myanmar Security Exchange Center)ကဲ့သို့သော
မြန်မာစတော့အိတ်ချိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် စသည့် အချက်များကို အခြေခံပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း AGD မှသတင်း
ထုတ်ပြန်ထားသည်။

t
Popular Myanmar News Journal
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်(Public Company) အဖြစ် ပြောင်းလဲတော့မည် ဖြစ်ကြောင်းသိရသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ ပထမဆုံးဘဏ်ခွဲဖြစ် သည့် နေပြည်တော်ဘဏ်ခွဲကို ၂၀၁၀ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယခုအခါတွင် ဘဏ်ခွဲ ၂၅ဘဏ်အထိ အောင်မြင်စွာ
ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါသည်။ ဆက်လက်၍ အနယ်နယ်အရပ်ရပ် တွင် ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်ရန်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။

KIA အဖွဲ့က အပြစ်မဲ့ပြည်သူ ငါးဦးအား ဖမ်းဆီးခေါ်ဆောင်




ပြန်ကြားရေးဝန်ကြီးဌာန

ဦးသန့်၏ ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဦးသန့်ဂူဗိမာန်ကို တစ်နေ့လုံးဖွင့်

Photo: ဦးသန့်၏ ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဦးသန့်ဂူဗိမာန်ကို တစ်နေ့လုံးဖွင့်
Tuesday, January 22, 2013

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ယနေ့ (ဇန်န၀ါရီ ၂၂ ရက်) ကျရောက်သည့် ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်း
အမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ၎င်း၏ဂူဗိမာန်ကို နံနက် ၈ နာရီမှ 
ညနေ ၆ နာရီထိ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားသည်။

ဂူဗိမာန်ထဲကို လာရောက်လေ့လာသူများအား ဦးသန့်၏ ကိုယ်ရေးအထုပ္ပတ္တိ
အကျဉ်းနှင့် အာဖရိကနှင့် ကမ္ဘာ့လူ့အဖွဲ့အစည်း အယ်လ်ဂျီးရီးယား
အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သော 'တစ်ခုတည်းသောကမ္ဘာ'
မိန့်ခွန်းကောက်နှုတ်ချက်များ၊ ဦးသန့်အင်စတီကျုဒ် (The U Thant Institute)အကြောင်း သိကောင်းစရာများ ရေးသားဖော်ပြထားသော လက်ကမ်းစာစောင်များကို ဝေမျှပေးခဲ့သည်။ ဂူဗိမာန်ကို မကြာမီကာလအတွင်း အမြဲတမ်းဖွင့်လှစ်သွားရန် စီစဉ်နေပြီး ဦးသန့်နေထိုင်ခဲ့သည့် ၀င်ဒါမီယာတွင်းရှိ နေအိမ်ကို ပြတိုက်အဖြစ် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးသန့်ဂူဗိမာန် ထိန်းသိမ်းသူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးသိန်းရွှေကပြောသည်။

ဦးသန့်အိမ်ပြတိုက်အတွက် ပြုပြင်ရေးလုပ်ငန်းများအနက် ကျပ်သိန်း
၂၀၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်မီးတိုင် ၁၅ တိုင်ကို နိုင်ငံတော်အစိုးရက အကုန်အကျခံ စိုက်ထူပေးထားကြောင်း ဦးသိန်းရွှေကပြောသည်။ ဦးသန့်နေအိမ်ရှိရာ ပန်းဝါလမ်းမှာ ဦးဝိစာရလမ်းဘက်ကို ထွက်သည့်လမ်းကို ယခုအထိ ပိတ်ထားသည့်အတွက် အဆိုပါလမ်း ပြန်လည်ဖွင့်လှစ်ပေးရန် ဦးသန့်၏မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက နိုင်ငံတော်အစိုးရထံ စာရေးသား၍ ခွင့်ပြုချက် တောင်းထားကြောင်းလည်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journal
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ယနေ့ (ဇန်န၀ါရီ ၂၂ ရက်) ကျရောက်သည့် ၁၀၄ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် ရွှေတိဂုံဘုရားလမ်းရှိ ၎င်း၏ဂူဗိမာန်ကို နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထား သည်။
ဂူဗိမာန်ထဲကို လာရောက်လေ့လာသူများအား ဦးသန့်၏ ကိုယ်ရေး အထုပ္ပတ္တိအကျဉ်းနှင့် အာဖရိကနှင့် ကမ္ဘာ့လူ့အဖွဲ့အစည်းအယ်လ်ဂျီး ရီး

သြစတြီးယား နိုင်ငံသည် ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ တစ်ရပ် ကျင်းပပြုလုပ်

သြစတြီးယား နိုင်ငံသည် ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ တစ်ရပ် ကျင်းပပြုလုပ်

သြစတြီးယား နိုင်ငံသည် ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ ဆန္ဒ ခံယူပွဲ၌ သြစတြီးယား ပြည်သူများ အနေဖြင့် ''စစ်မှုမထမ်း မနေရ စနစ်ကို စွန့်ပယ်၍ ပရော် ဖက်ရှင်နယ် တပ်မတော် အဖြစ်သို့ ကူးပြောင်းမည်''၊ သို့မဟုတ် ''စစ်မှုမထမ်း မနေရ စနစ်နှင့် အစိုးရ ရုံးဌာန များတွင် အလှည့်ကျ တာဝန် ထမ်းဆောင်သည့် စနစ်''ကို ဆုံးဖြတ် ခဲ့ကြသည်။

လက်ရှိ အချိန်တွင် သြစတြီးယား နိုင်ငံ၌ အရွယ်ရောက်ပြီး ကျန်းမာ သန်စွမ်းသည့် အမျိုးသားတိုင်း သည် ၆ လတာ စစ်မှုထမ်းဆောင်ရန်၊ သို့မဟုတ် အစိုးရ ဌာနများတွင် ၉ လတာ အလှည့်ကျ တာဝန် ထမ်းဆောင်ရန် တာဝန် ရှိပါသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သြစတြီးယား နိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း လက်ဝဲ အုပ်စုနှင့် လက်ယာ အုပ်စုများ အကြား နိုင်ငံရေး တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4945-2013-01-21-16-15-51#.UP3-NZ28B8E

အေးချမ်းမွန်မှ  မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
သြစတြီးယား နိုင်ငံသည် ဇန်နဝါရီလ ၂ဝ ရက် နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆန္ဒ ခံယူပွဲ၌ သြစတြီးယား ပြည်သူများ အနေဖြင့် ''စစ်မှုမထမ်း မနေရစနစ်ကို စွန့်ပယ်၍ ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ်သို့ ကူးပြောင်းမည်''၊ သို့မဟုတ် ''စစ်မှုမထမ်း မနေရစနစ်နှင့် အစိုးရရုံးဌာန

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့ သတင်း ထုတ်ပြန်ချက် (၄/ ၂ဝ၁၃)

တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် KIA၏ အခန်းကဏ္ဍ

တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် KIA၏ အခန်းကဏ္ဍ

22 Jan 2013

        ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကချင်လက်နက်ကိုင် သောင်းကျန်သူ(KIA) အဖွဲ့နဲ့ အစိုးရတပ်များ အကြား တိုက်ပွဲများဖြစ်ပွားနေတာ ၁ ခွဲကျော်ကြာမြင့်ခဲ့ပါပြီ။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် KIA အဖွဲ့မှ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်ခဲ့ပါတယ်။ KIA အဖွဲ့ဆိုတာ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားမပြုလို့ အင်အားလည်း တောင့်တင်းခိုင်မာမှုမရှိပါဘူး။ လက်နက် အင်အား၊ လူအင်အားနဲ့ စစ်ပညာအရ အစိုးရတပ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

    စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လဆန်းတည်းက KIA အဖွဲ့အနေနဲ့ တရုတ်ရဲ့ လက်နက်နဲ့ ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေကို ရရှိနေခဲ့ပါတယ်။ တရုတ်တို့အနေနဲ့ကလည်း မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို အချောင်လိုချင်ရင် KIA အဖွဲ့နဲ့ ပူးပေါင်းရမယ်ဆိုတာ သိနေပါတယ်။ နယ်စပ်မတည်ငြိမ် ဖြစ်လို့  တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေမှ အခွန်အခပေးစရာမလိုပဲ မြန်မာ့ သယံဇာတတွေကို အချောင် ရနိုင်မှာ ဖြစ်ပါတယ်။ KIA ကို လက်နက်တွေထောက်ပံ့ပေးထားရုံမကပဲ၊ စီးပွားရေးလုပ်ငန်းတွေကိုပါ တရုတ်ပြည်အတွင်းမှာ လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဒါကလည်း စီးပွားရေးမဟာဗျူဟာ တစ်ရပ်ပါပဲ။ အစိုးရနဲ့ KIA အဖွဲ့ ငြိမ်းချမ်းရေးရရှိသွားခဲ့ရင် တရုတ်အနေနဲ့ သယံဇာတတွေကို ယခုလိုမျိုး ဈေးပေါပေါနဲ့ မရနိုင်တော့ပါဘူး။ ဒါ့အပြင် KIA တို့ရဲ့ လက်နက်ကိုင် သောင်းကျန်းမှုအောင်မြင်သွားခဲ့ရင်လည်း တရုတ်နိုင်ငံရဲ့ လက်ပါးစေနယ်မြေအဖြစ် ရရှိနိုင်သလို အနောက်ဘက် ပင်လယ်ထွက်ပေါက်ရရှိဖို့လည်း နီးစပ်သွားမှာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ရရှိခဲ့ပါက ခုလို တရားဥပဒေမဲ့ ထင်တိုင်းကျဲလို့ မရတော့ပါဘူး။ သစ်တွေ၊ ကျောက်စိမ်းတွေ၊ ရွှေတွေကို အခွန်ဆောင်ပြီးမှ ရောင်းချရတော့မှာဖြစ်သလို၊ ဆက်ကြေးကောက်၊ လူသစ်စု၊ မုဒိန်းကျင့်၊ မကျေနပ်တဲ့လူတွေကို သတ်ဖြတ်ခြင်း စတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြား စေဖို့အတွက် မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခိုင်းပြီး ငြိမ်းချမ်းရေးမရအောင် ဆောင်ရွက်ခဲ့တယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရသည် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာတာနဲ့ အမျှ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူတွေကို ပိုမိုထောက်ပံ့ပေးလာခဲ့ပါတယ်။ KIA နယ်မြေထဲမှာ လက်နက်စက်ရုံတွေဆောက်ပေးပြီး စစ်မီးမငြိမ်းအောင် ပံ့ပိုးဆောင်ရွက်ခဲ့တယ်။ လိုင်ဇာနဲ့ လိုင်စင်ပို့စ်ကြားမှာရှိတဲ့ ဘိန်းခင်းတွေကထွက်တဲ့ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေကို တရုတ်နယ်စပ်နေတစ်ဆင့် ဖြန့်ဖြူးနေတာကိုလည်း မမြင်ချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တယ်။ လိုင်ဇာလက်နက်စက်ရုံက ထွက်တဲ့ လက်နက်တွေကို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေကို ရောင်းချပေးစေခဲ့တယ်။ ဒါလို လုပ်ဆောင်တာကလည်း မြန်မာနယ်စပ်ကို မတည်ငြိမ်အောင် တစ်ဘက်လှည့်နဲ့ ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

KIA အဖွဲ့အနေနဲ့ ကချင်ပြည်နယ်တစ်ခုလုံးကို ငြိမ်းချမ်းမှုမရနိုင်အောင် အဓိက ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ အသေးစိတ်ပြောရရင် ကချင်ပြည်နယ်ကြီး မအေးချမ်းတာ ဂွမ်မော်နဲ့ ဂမ်ရှောင် ဆိုတဲ့ KIAခေါင်းဆောင်ကြီးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ၄င်းတို့ ၂ ဦးရဲ့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးက တရုတ်နိုင်ငံမှာ ရှိနေပြီး ဟိုတယ်တွေ၊ ကုမ္ပဏီတွေအကုန်လုံး တရုတ်ရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာကြောင့် တရုတ်ရဲ့ ခိုင်းစေသမျှကို လုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်လည်ပြေလည်လာခဲ့ရင် KIA အဖွဲ့ကို ထောက်ပံ့ပေးတော့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ အကျိုးစီးပွားကိုသာ ရှေးရှုမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် KIA အနေနဲ့ တရုတ်အားကိုးပြီး အစိုးရကို ဆန့်ကျင်တာ ရပ်တန်းက ရပ်စေလိုပါတယ်။ တကယ်တန်း စစ်ပွဲမှာ ဒုက္ခရောက်နေသူတွေကတော့ ကချင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ အစိုးရ စစ်သားတွေသေသလို KIA စစ်သားတွေလည်းသေကျတာပဲ ဖြစ်ပါတယ်။ ကြားထဲက တရုတ်ကြီးကတော့ လက်ခုပ်တီးပြီးတော့ပဲနေတာ ဖြစ်ပါတယ်။ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ တရုတ်ရဲ့ မူဝါဒတွေကို KIAခေါင်းဆောင်တွေအနေနဲ့ ပြန်လည်လေ့လာသုံးသပ်ပြီး အမှန်ကိုမြင်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကချင်လက်နက်ကိုင်သောင်းကျန်သူ (KIA) အဖွဲ့နဲ့ အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေတာ ၁ ခွဲကျော်ကြာမြင့်ခဲ့ပါပြီ။ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကြိမ် ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် KIA အဖွဲ့မှ အကြောင်းအမျိုး မျိုးပြ ပြီးငြင်း ဆန်ခဲ့ပါတယ်။ KIA အဖွဲ့ဆိုတာ ကချင်ပြည်နယ် တစ်ခုလုံးကို ကိုယ် စားမပြုလို့အင်အား လည်း တောင့်တင်းခိုင်မာမှုမရှိပါဘူး။ လက်နက်အင်အား၊ လူအင်အားနဲ့ စစ်ပညာအရ အစိုးရတပ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်

အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်

အမေရိကန် နိုင်ငံအနေဖြင့် စီးပွားရေး အကျပ် အတည်းများ ဖြစ်ပေါ် နေချိန်အတွင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့ ပေးမှုများအား အမေရိကန် ပြည်သူတို့မှ ပြစ်တင် ဝေဖန်ခဲ့ပြီး အမေရိကန် နိုင်ငံ ဝါရှင်တန် ဒီစီရှိ လမ်းများပေါ်၌ ကန့်ကွက် ဆန္ဒ ပြခဲ့ကြကြောင်း Mojtaba Atarodi သတင်းဌာနမှ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။

မိမိတို့ အနေဖြင့် အစ္စရေး နိုင်ငံသို့ ဘဏ္ဍာရေး ဆိုင်ရာ ကူညီ ထောက်ပံ့မှုများ ပေးလျက်ရှိကြောင်း၊ အစ္စရေး နိုင်ငံ၌ ငွေကြေး အမြောက်အမြား သုံးစွဲလျက် ရှိကြောင်းနှင့် မည်သည့် အတွက်ကြောင့် ထိုသို့ သုံးစွဲခဲ့သည် ဆိုခြင်းအား မိမိတို့ အနေဖြင့် မေးမြန်းခဲ့ခြင်း မရှိကြောင်း Jewish Voice for Peace အဖွဲ့မှ Cathy Lisa Schneider က ချီတက် ဆန္ဒပြစဉ် အတွင်း ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ငွေကြေးများအား မည်သည့် နေရာတွင် သုံးစွဲခဲ့သည် ဆိုခြင်းအား မိမိတို့ အနေဖြင့် မေးမြန်း သင့်ကြောင်းနှင့် အစ္စရေး နိုင်ငံသည် နိုင်ငံတကာ ဥပဒေများနှင့် ပြည်တွင်း ဥပဒေများ အား ချိုးဖောက်လျက် ရှိကြောင်း Schneider  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။

http://www.myawady.net.mm/allnews/global/item/4943-2013-01-21-16-08-43#.UP33Rp28B8E
အမေရိကန် နိုင်ငံအနေဖြင့် စီးပွားရေး အကျပ်အတည်း များ ဖြစ်ပေါ် နေချိန်အတွင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား ၏ အစ္စရေး နိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာကူညီ ထောက်ပံ့ ပေးမှု များအား အမေရိကန် ပြည်သူတို့မှ ပြစ်တင်ဝေဖန်ခဲ့ပြီးအမေရိ ကန် နိုင်ငံဝါရှင်တန်ဒီစီရှိလမ်းများပေါ်၌ ကန့်ကွက်ဆန္ဒ ပြခဲ့ ကြကြောင်း Mojtaba Atarodi သတင်းဌာနမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက်
ကုမ္ပဏီတစ်ခုအား အကြမ်းဖက် တိုက်ခိုက်
Monday, 21 January 2013 

ကချင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ အဆက်မပြတ်
ဆောင်ရွက်လျက် ရှိသည့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင်သည့် နေရာများအား အကြမ်းဖက် တိုက်ခိုက်လျက် ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်ရှိ ဝေအောင်ကမ္ဘာ ကုမ္ပဏီ အုပ်ချုပ်ရေး ရုံးခန်းသို့ KIA ၇ ဦးခန့် ရောက်ရှိလာပြီး ကုမ္ပဏီ ၀န်ထမ်း အိပ်ဆောင်အား ဓာတ်ဆီလောင်း မီးရှို့ကာ ကုမ္ပဏီပိုင် ပါဂျဲရို ကားတစ်စီးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

KIA ၏ အကြမ်းဖက် တိုက်ခိုက်ခံ ရမှုကြောင့် အရှည် ၁၀၀ ပေ ရှိ ၂ ထပ် ၀န်ထမ်း အိပ်ဆောင် မီးလောင် ပျက်စီးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန်ပြီး KIA အဖွဲ့ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား တတိယ အကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသတည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေးကို များစွာ ထိခိုက်မှု ဖြစ်ပေါ်စေမှု အပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ
ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ အဆက် မပြတ်ဆောင်ရွက်လျက်ရှိသည့် KIA လက်နက်ကိုင်အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာ များအား အကြမ်းဖက်တိုက်ခိုက်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉

ဘင်္ဂလားဒေ့ရှ် တရားဟော ဆရာကို သေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ် တရားဟော ဆရာကို သေဒဏ်ချမှတ်

သစ်ထူးလွင် 1/22/2013 04:15:00 AM 

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နာမည်ကျော် မူဆလင် ဘာသာရေးဆရာ တယောက်ကို လူသားမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

၁၉၇၁ ကာလ ဘင်္ဂလားဒေ့ရှ် နိုင်ငံလွတ်မြောက်ရေး စစ်တွင်းကာလမှာ အခု နာမည်ကျော် အစ္စလာမ် တရားဟောအစီအစဉ်တင်ဆက်သူဖြစ်နေတဲ့ အဗ္ဒူကလမ်အဇက် ဟာ ဟိန္ဒိုလူမျိုး ၆ဦးကို ပစ်သတ်ပြီး ဟိန္ဒိုအမျိုးသမီးတွေကို မုဒိမ်းကျင့်ခဲ့တယ်လို့ တရားစွဲ အရာရှိတွေက ပြောပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် Link => https://www.facebook.com/photo.php?fbid=481596711881761&set=a.333476536693780.68811.271775222863912&type=1&relevant_count=1
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နာမည်ကျော် မူဆလင်ဘာသာရေးဆရာ တယောက်ကို လူသားမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့မှုအတွက် တရား ရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

ကျပ်တစ်သိန်းတန်ဖုန်းများ ဈေးလျော့ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်

မကြာမီချထားပေးမည့် ကျပ်တစ်သိန်းတန်ဖုန်းများ ယင်းဈေးနှုန်းထက် လျော့ချပြီး ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်းကြောင့် ရောင်းချမည့်အချိန် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။ ကျပ်တစ်သိန်းဝန်းကျင် GSM နှင့် WCDMA ဖုန်းများ ကို ယခုလဆန်းပိုင်းတွင် ရောင်းချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ကြော်ငြာ ထားသော်လည်း ယခင်ကသတ်မှတ်နှုန်းထက် လျှော့နည်းစေရန် ဈေးနှုန်းပြန်လည်ညှိနှိုင်းနေမှုများကြောင့်

သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ

ကမ္ဘာ့သတင်းများ  22/01/2013

နိုင်ငံတကာသတင်းများ 

သမ္မတ အိုဘားမား လူထုရှေ့မှောက် ကျမ်းကျိန်ပွဲ 

အမေရိကန်သမ္မတ ဘရက်ခ်၊ အိုဘားမားဟာ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်မှုအတွက် ခရီး စတင်မယ့်အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့ လီမန်လွှတ်တော် ခန်းမရဲ့ရှေ့ ပြည်သူ့ရင်ပြင်တဝိုက် မှာ နိုင်ငံတဝန်းက ပြည်သူလူထု ၈၀၀,၀၀၀ လောက် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့ လေးနှစ်တုန်းက ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းတစ်ဦး သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့စဉ်က တက်ရောက်ခဲ့တဲ့ လူပေါင်း နှစ်သန်း ရှိခဲ့တာနဲ့စာရင်တော့ ကွာခြားမှု ရှိနေပါလိမ့်မယ်။

မစ္စတာ ဘရက်ခ် အိုဘားမားရဲ့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုတဲ့ သီးသန့်အခမ်းအနားကို တနင်္ဂနွေနေ့က သမ္မတ အိမ်ဖြူတော်မှာ ကျင်းပခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် သမ္မတဟာ အစဉ်အလာမပျက် လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုမှုကို ပါလီမန်အဆောက်အဦးရှေ့မှာ တနင်္လာနေ့ ထပ်မံပြုလုပ်နေတာပါ။

တနင်္လာနေ့ သမ္မတအဖြစ် လူထုရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားသူကြီးချုပ် ဂျွန်ရောဘတ်က ကမကထပြု ဆောင်ရွက်ကျင်းပပေးပါတယ်။အခုတကြိမ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာမှာ သမ္မတအိုဘားမားဟာ သမ္မာကျမ်း စာအုပ် နှစ်အုပ်ကို ကိုင်တွယ်ပြီး သစ္စာဆိုခဲ့ပါတယ်။ ပထမကျမ်းကတော့ ၁၈၆၁ ခုနှစ်တုန်းက ၁၆ ယောက် မြောက် အမေရိကန် သမ္မတဟောင်း အေဘရာဟင် လင်ကွန်းအနေနဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ကိုင်တွယ် ကျိန်ဆိုခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်ပြီးတော့ နောက် ကျမ်းစာအုပ်ကတော့ အရပ်သားအခွင့်အရေး လှုပ်ရှားဆောင်ရွက်ရင်း လုပ်ကြံခံခဲ့ရတဲ့ မာတင်လူသာကင်း ကိုင်ဆောင်ခဲ့တဲ့Traveling Bible ဆိုတဲ့ ကျမ်းစာအုပ်ဖြစ်ပါတယ်။တနင်္လာနေ့ဟာ အမေရိကန် ၁၉၆၈ ခုနှစ်တုန်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ မာတင်လူသာကင်းကို အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရ ရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ထားပါတယ်။



NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

အမေရိကန်သမ္မတ ဘရက်ခ် ၊ အိုဘားမားဟာ တနင်္လာနေ့မှာ ပါလီမန် အဆောက်အဦးရဲ့ အရှေ့ဘက်မှာ လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန် ဆိုခဲ့ပါတယ်။ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် သူ့ရဲ့ဒုတိယသမ္မတ သက်တမ်း တာဝန်ထမ်းဆောင်မှုအတွက်ခရီးစတင်မယ့် အထိမ်းအမှတ် ချီတက်ပွဲမစတင်ခင် သမ္မတအိုဘားမားဟာ လူထုကို အမှာစကား ပြောခဲ့ပါတယ်။

အမေရိကန်တွင် ဖေ့စ်ဘွတ်ခ်သုံးသူချင်းဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အင်တာနက်ဖြင့်အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီ၊ တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်နိုင်ရန်လည်းဆောင်ရွက်သွားမည်ဟုဖေ့စ်ဘွတ်ခ် ကြေညာ


အမေရိကန်နိုင်ငံရှိဖေ့စ်ဘွတ်ခ် သုံးသူများသည် ယခုအခါ ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် အချင်းချင်းအင် တာနက်ဖြင့် အခမဲ့ဖုန်းခေါ်ဆိုဆက်သွယ်နိုင်ကြပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် အမေရိ ကန်နိုင်ငံအတွင်းအိုင်ဖုန်းသုံးသူများသာထိုစနစ်ကိုသုံးနိုင်ဦးမည်ဖြစ်ပြီးအန်းဒရွိုက်ဖုန်းများ၊ ဘလက်ဘယ်ရီ ဖုန်းများတွင်ပါထိုစနစ်သုံးနိုင် အောင် အမြန်ဆုံးစီမံသွားမည်ဖြစ်သလို၊ ကမ္ဘာလုံးကဖေ့စ်ဘွတ်ခ်သုံးသူများ ပါ ဖေ့စ်ဘွတ်ခ်သုံးသူချင်းအင်တာနက်မှ အခမဲ့ဖုန်းခေါ်ဆိုနိုင်အောင် ဆက်လက်စီစဉ်သွား မည်ဖြစ် ကြောင်းဖေ့စ် ဘွတ်ခ်ကထုတ်ပြန် ပြောကြားလိုက်သည်။