အနာဂတ် စွမ်းအင်လိုအပ်ချက်ကို နျူကလီးယား ဓာတ်ပေါင်းဖိုမှ ထုတ်ယူ
ဖြည့်ဆည်းသင့်ကြောင်း အဆိုကို အမျိုးသား လွှတ်တော်တွင် ယမန်နေ့က
မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉မဲ၊ ကန့်ကွက်မဲ ၁၁၀ မဲဖြင့်
ရှုံးနိမ့်သွားကြောင်း သိရသည်။
Friday, February 22, 2013
ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂
ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော
တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက်
စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က
ပြောသည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို
အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏
အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပျသည့် အပြုအမှုများ
လုပ်ဆောင်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမလက်ရွေးစင် အသင်းမှ
ထုတ်ပယ်ခြင်း ခံရသည်။
ရွှေတိဂုံသို့ ထိုင်းလူမျိုးများ လာရောက်မှု အများဆုံးဖြစ်ပြီး၊ ပါကစ္စတန်မှ အနည်းဆုံးဖြစ်
.jpg)
ယခုနှစ်အတွင်း ရွှေတိဂုံဘုရားသို့ နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှုတွင်ထိုင်းနိုင်ငံသား အများဆုံး ၀င်ရောက်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံမှအနည်းဆုံးဝင်ရောက်ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှ သိရသည်။
SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား
ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။
Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်
ပုဂ္ဂလိက သတင်းစာ ထုတ်လုပ်ခွင့်ပြုရန် စီစဉ်ခြင်းသည် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ဟု Toby Mendel ပြောကြား
အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေနှင့် ဒီမိုကရေစီရေးရာဌာန အမှုဆောင်ဒါရိုက်တာ
ကနေဒါနိုင်ငံသား Toby Mendel မှ 'လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ
အခြေခံမူများ'၊ 'ပုံနှိပ်မီဒီယာ ဥပဒေအတွက် အဓိကကျသော ကိစ္စရပ်များ'၊
'ပုံနှိပ်နှင့် အသံလွှင့်မီဒီယာ ဥပဒေများအကြား ခြားနားချက်များ' နှင့်
'သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး' ခေါင်းစဉ်များဖြင့်
ဦးဆောင်ဆွေးနွေးသွားသည်။
"ရေအောက်မြင် အချက်ပြ လေယာဉ်သုံး၍ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေခြင်း မိုးမကျမီ စမည်"
ဓမ္မစေတီ ခေါင်းလောင်း ရှိနိုင်မည့် နေရာများ၌ ခန့်မှန်း ဆယ်ယူခြင်းကို
ယခုနှစ် မိုးမကျမီ အကောင်အထည် ဖော်သွားမည်ဟု ယင်းလုပ်ငန်း၌ ပါဝင်
ဆောင်ရွက်နေသူ စာရေးဆရာ ချစ်စံဝင်းက ပြောသည်။
စံ-ဇာဏီဘို ဟောစာတမ်း မိုဘိုင်းဖုန်းများတွင် ဖတ်နိုင်ပြီ
စံ-ဇာဏီဘို၏ ယခုနှစ် ဗေဒင်ဟောစာတမ်း Application ကို မိုဘိုင်းဖုန်း များတွင် ထည့်သွင်းဖတ်ရှုနိုင်ပြီဖြစ်သည်။
အဆိုပါဗေဒင် Application များကို Android ဖုန်းများတွင် သုံးစွဲနိုင် ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား
ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း
ပြန်ပို့ရေး ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က ကော်မတီ ဖွဲ့ထားတဲ့
အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို
ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ
တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့
အိန္ဒိယဗုံးကွဲမှု အမေရိကန် ပြစ်တင်ဝေဖန်
အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad မြို့မှာ ဗုံးပါက်ကွဲမှုဖြစ်ပွါးစဉ် (ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃။)
India နိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ် မြို့တော် Hyderabad
မြို့မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ၁၂ ယောက်ထက် မနည်းသေဆုံးပြီး ၇၈ ယောက်
ဒဏ်ရာရရှိခဲ့ပါတယ်။ မြို့ထဲက လူစည်ကားတဲ့ Dil Sukh ရပ်ကွက်က ရုပ်ရှင်ရုံတခု
အပြင်ဖက်နဲ့ အနားက ကားမှတ်တိုင် တခုမှာ ကြာသပတေးနေ့ညပိုင်းက
မိနစ်ပိုင်းပဲခြားပြီး ဗုံး ၂ လုံးထက် မနည်းပေါက်ကွဲခဲ့တယ်လို့
ရဲကပြောပါတယ်။ စက်ဘီးတွေမှာ ဗုံးတွေ ထောင်ထားတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဖွဲ့စည်းပုံ ဥပဒေခုံရုံး ဥက္ကဌ နေရာ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ အကြံပြု
2013-02-21
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း က ယခုလိုပြောကြားခဲ့ပါတယ်။
"နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည်
တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တာကြောင့် ဥက္ကဌ
ရာထူးရွေးချယ်မှုတွင် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွင်
တာဝန်ထမ်းဆောင်ခဲ့သော တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံရှိသော
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနဲ့ အမေရိကန်ဆွေးနွေး
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ
ပြန်လည်ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ အမေရိကန် အစိုးရတို့
နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။
(၉) နှစ်ကြာ လုပ်ငန်းတွေရပ်ဆိုင်းခဲ့အပြီး၊ ဒီနှစ်အစောပိုင်းမှာ
ပြန်လည်စတင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell
နဲ့ မြန်မာအရာရှိတွေ သဘောတူညီခဲ့ကြတာပါ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/22/id-2711
Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/22/id-2711
Thursday, February 21, 2013
ကျောင်းကွန်ပျူတာကို Hack လုပ်ပြီး အမှတ်ပြင်ရန်ကြိုးစားသူမိခင် အဖမ်းခံရ
ဖေဖော်ဝါရီ ၁၉
KIA မှအတင်းအဓမ္မ ဖမ်းထားသော လူငယ်များပြန်လည် လွတ်မြောက်
KIA မှ မြစ်ဆုံရွာအနီး
ဈေးတန်းမှ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်အတင်းအဓမ္မဖမ်းဆီးသွားသော ရွာသူရွာသား၁၆ဦးကို ၁၈
ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဖမ်းဆီးသွားသောသူများ တွင် အမျိုးသား
၁၄ဦးနှင့် အမျိုးသမီး ၂ဦးပါဝင်ကာ ၁၄ နှစ်မှ ၂၅ နှစ်အတွင်း ရှိသော လူငယ်လူရွယ်များဖြစ်
သည်ဟု လွတ်မြောက်လာသူတစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။
ကန် - တောင်ကိုရီးယား ပူးတွဲ စစ်လေ့ကျင့်မည်
ဒေသထဲမှာ စိုးရိမ်ပူပင်မှုတွေ ကြီးထွားစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့
နောက်ဆုံး နျူကလီးယား စမ်းသပ်ချက် မပြီးခင် မကြာခင်မှာပဲ
တောင်ကိုရီးယားနိုင်ငံကလည်း အမေရိကန်နိုင်ငံ နဲ့အတူ ဒေသထဲမှာ နောက်လထဲမှာ
ပူးတွဲ စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် လုပ်ဆောင်မယ့် အစီအစဉ်ရှိတယ် ဆိုတဲ့
ကြေညာချက် ထွက်ပေါ်လာပါတယ်။ နှစ်နိုင်ငံ တပ်မတော်
ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့
ပွင့်လင်းအစိုးရများ မဟာမိတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက
အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို
ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ
ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံသရုပ်ဆောင်မေဇွန်ကို အမှုသုံးမှုဖြင့် အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်
တိုက်စစ်မှူးကျော်ကိုကိုအား လက်ရွေးစင်အသင်းမှထုတ်ပယ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏သင်ကြားမှုများကို
အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အပြင်
အသင်း၏အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပြစွာပြုမှုများ
လုပ်ဆောင်ခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမမြန်မာ့လက်ရွေးစင်အသင်းမှ
ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေး ဒုဝန်ကြီးနှင့် Google မှ တာဝန်ရှိသူတစ်ဦး တွေ့ဆုံဆွေးနွေး
ဒီနေ့ နေ့လည်မှာ Google က Mr. Mike Orgill, Country Lead, Public Policy and Government Relation နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပါတယ်။
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကိစ္စေ တွ
ဆွေးနွေးပြီးတဲ့နောက် ကျွန်တော်က မကြာခင်က Google က ပို့တဲ့
အသိပေးချက်တွေမှာ ပါတဲ့ State Sponsored ဆိုတဲ့အသုံးအနှုန်းကို ဘာ့ကြောင့်
သုံးတာလဲ ဘယ်လို ရှာဖွေပြီး သတိပေးတာလဲ ဆိုတာကိုမေးခဲ့ပါတယ်။
မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေး ကြေငြာ ဝေဖန်ခံရ
လူကုန်ကူးမှု့တိုက်ဖျက်ရေး ကို မူးယစ်ဆေး ၀ါးရောင်းဝယ်မှု တိုက်ဖျက်ရေးကဲ့သို့ လေးထား ဆောင်ရွက် လာကြရာ မြန်မာပြည်တွင်လည်း အင်တိုက် အားတိုက် ဆောင်ရွက်လာသည် ကို မီဒီယာမှ တဆင့်တွေ့ရသည်၊
လူကုန်ကူးမှု့ တိုက်ဖျက်ရေးတွင်တာဝန်ရှိသူ အစိုးရ အဖွဲ့အစည်းများမှ
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူများအချင်းချင်း သဘောထား ကွဲလွဲနေ
ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်စဲဖို့၊
ငြိမ်းချမ်းရေး ရရှိစေဖို့ လမ်းလျှောက် ဆန္ဒပြတောင်းဆိုကြတဲ့ အဖွဲ့တွေဟာ
အခုဆိုရင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသီးသီး
ရောက်ရှိနေကြပြီဖြစ်ပါတယ်။ ရန်ကုန်က ရန်နိုင်ထွန်း၊ ဇင်ကိုကို
တို့ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့၊ မုံရွာက NLD လူငယ်တာဝန်ခံ
ထွန်းလင်းအောင်တို့ ခေါင်းဆောင်ပြီး ထွက်လာတဲ့အဖွဲ့နဲ့ ပခုက္ကူက ဦးသုန္နရ
ဦးစီးပြီးထွက်လာတဲ့ သံဃာတော်များ အဖွဲ့နဲ့ မြင်းခြံက ဗကပယူဂျီဟောင်း
သန့်ဇင်ဦးဆောင်ပြီး ထွက်လာတဲ့အဖွဲ့တွေဟာ မူလကတော့ မန္တလေးမှာဆုံပြီး
တစ်ပေါင်းတစ်စီးထဲ လိုင်ဇာအထိ လမ်းလျှောက်ချီတက်ပြီး
ဆန္ဒပြတောင်းဆိုသွားမယ်လို့ စီစဉ်တိုင်ပင်ထားကြတာပါ။
သရဲကား၊ စုတုပြုများနှင့် လတ်တလော မြန်မာ့ရုပ်ရှင်
အခုဘ၀မှာ အကုသိုလ်တွေ လုပ်တော့ နောင်ဘ၀မှာ ဘယ်လို ငရဲခံရသည် စသည့်
ဇာတ်လမ်းများကလည်း အလျှိုအလျှို ထွက်လာကြသည်။ ပရိသတ်တို့ အကုသိုလ်
မလုပ်စေရန် နည်းပေးလမ်းပြခြင်း ဆိုလိုရင်း ဖြစ်ကြောင်း ရိုက်ကူးသူတို့က
ပြောကြားကြသည်။ ကြက်၊ ၀က်၊ ခွေး၊ နွား ဇာတ်လမ်းစုံစွာလည်း တွေ့ရမြင်ရသည်။
အမှန် ဟုတ် မဟုတ်တော့ မသိ၊ ဖြစ်ရပ်မှန် ဆိုသည့် စကားလုံးကတော့
ဇာတ်ကားတိုင်း လိုလိုတွင် ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြုအမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ်
အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြု အမည်စာရင်းကို ယနေ့ကျင်းပမည့်
ပြည်ထောင်စုလွှတ်တော် အစည်းဝေးသို့ ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ
အမည်စာရင်းကို နိုင်ငံတော် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကသုံးဦး၊
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကသုံးဦး အသီးသီးရွေးချယ် ပေးပို့ခဲ့ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)











