Tuesday, April 9, 2013

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ်ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်လျှင် တရုတ်ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

 မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်း စိန်က  ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း သတင်းများ ထွက်ပေါ်နေမှုကိုလည်း ငြင်းဆိုခဲ့သည်။ "တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုများဟာ တရုတ်ရင်းနှီးမြှုပ်နှံသူများကို အကျိုးဖြစ်ထွန်းစေရုံ သာမက မြန်မာနိုင်ငံသားများ အတွက်လည်း အကူအညီများစွာ ဖြစ်စေပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ စီးဝင်နေသော် လည်း မြန် မာနိုင်ငံတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အများဆုံး ဖြစ်နေဆဲ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ဥပဒေကြောင်းအရ ကာကွယ်ရန် အတွက် မြန်မာနိုင်ငံတွင် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ကို ပြင် ဆင်ပြီးဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမှုတွင် ၎င်းက ထည့်သွင်း ပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အားလုံးတွင် တရုတ်နိုင်ငံက ၃၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်နေပြီး မြန်မာ၏ စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ၄၅ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ သတ္တုတွင်း ကဏ္ဍတွင် ၆၀ ရာခိုင်နှုန်း အသီးသီး ပါဝင်လုပ်ကိုင်လျက် ရှိသည်။ မြန်မာ၏ အဓိကဦးစားပေး လုပ်ငန်းများတွင် သီးနှံအထွက်တိုးရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး တို့ ဖြစ်သောကြောင့် အ ဆိုပါ လုပ်ငန်းများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ဖြစ်ပွားရခြင်း အကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ ယခင်ပိတ်ဆို့ အရေးယူမှုများသည်လည်း ပါဝင်ခဲ့ကြောင်း သမ္မတ ဦးသိန်း စိန်က ထောက်ပြပြော ဆိုခဲ့သည်။ မြန်မာနှင့် တရုတ်တို့သည် ရှေးယခင် ကပင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ အနောက်နိုင်ငံများ ၏ နှစ်ပေါင်း ၂၀ ခန့် ပိတ်ဆို့မှု ခံခဲ့ရသည့် ကာလအတွင်း မြန်မာသည် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများ ရရှိခဲ့ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတ ကာရေးရာများတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာကို ကူညီခဲ့သည့်အတွက် အစိုးရနှင့် ပြည်သူများက ကျေးဇူးတင်ကြောင်း ဦးသိန်းစိန် က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံတွင် တရုတ်လူမျိုးများစွာ နေထိုင်သော်လည်း မိမိတို့အချင်းချင်း ပြဿနာမဖြစ်ဘဲ မိသားစုတစ်စုအဖြစ် နေထိုင်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

BY: ခေတ်လူငယ် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုကြောင်း သမ္မတဦးသိန်း စိန်က ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် သွားရောက်သည့် ခရီးစဉ်အတွင်း China Daily သတင်းစာနှင့် ဧပြီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သီးခြားအင်တာဗျူး တစ်ခုတွင် သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တရုတ်စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံက များစွာကြိုဆိုမှု မရှိကြောင်း

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ

SSA(ယွက်ဆစ်)အဖွဲ့ သစ်စက်ပိုင်ရှင်များထံမှ ငွေကောက်ခံလျက်ရှိ
Tuesday, April 9, 2013

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

“SSA(ယွက်ဆစ်)အဖွဲ့ ခေါင်းဆောင် မုနိ ဦးစီးပြီး အဖွဲ့ဝင်(၁၅၀)ဦးလောက် မနေ့က ရွာထဲကို ၀င်လာတယ်၊ ပြီးတော့ သစ်စက်ပိုင်ရှင်တွေဆီက ငွေတောင်းတယ်၊ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သစ်စက်ပိုင်ရှင်တွေကတော့ သစ်စက် ၁ လုံးရှိရင် ငွေ ၂ သိန်းခွဲ ချက်ချင်းပေးလိုက်ရတယ်၊ ချက်ချင်း မပေးနိုင်တဲ့ ပိုင်ရှင်တွေကို တစ်ပတ်ရက်ချိန်းနောက်ဆုတ်ပေးတယ်၊ အဲဒီငွေတွေကို လိုက်ကောက် ဖို့ SSA(ယွက်ဆစ်)အဖွဲ့က အမာခံတွေကို ရွာထဲ မှာ စောင့်ခိုင်းထားတယ်” ဟု ပါလိုင်ကျေးရွာမှ ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲတို့တွင် ယခုပွင့်လင်းရာသီ၌ သစ်စက်အလုံးရေ ရာကျော်ရှိသည် ဟု ဒေသခံများမှ ပြောပြသည်။ SSA(ယွက်ဆစ်)အဖွဲ့မှ တောင်းထားသော ငွေ ၂ သိန်းခွဲမှာ နှစ်စဉ် ပုံမှန်ပေးနေရသော အခွန်ကြေးဖြစ်ပြီး သစ်စက်ပိုင်ရှင်များမှ အစိုးရအဖွဲ့အစည်းများသို့ တိုင်ကြားမှုများ မပြုလုပ်ရဲကြောင်း နှင့် တိုင်ကြားသည်ဟု သတင်းထွက်ပေါ်က သစ်စက်အားလုံးကို SSA(ယွက်ဆစ်) အဖွဲ့မှ ပိတ်ခိုင်းပြီး သစ်စက် ပိုင်ရှင်များကိုလည်း ထိုးကြိတ်ရိုက်နှက်ကာ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတတ်သည်ဟု သစ်စက်အလုပ်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

စော်ဘွားလေး
http://shannnews.blogspot.com/ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်ခွဲရှိ သစ်စက်ပိုင်ရှင်များထံမှ SSA(ယွက်ဆစ်) အဖွဲ့က ဧပြီ(၆)ရက်နေ့ တွင် ငွေများကောက်ခံသွားသည်ဟု ဒေသခံများ ၏ ပြောပြ ချက် အရ သိရှိရသည်။

ကလေးသူငယ်များအား ညံ့ဖြင်းအောင် ပြုလုပ်နေသည့် အင်တာနက်

ကလေးသူငယ်များအား ညံ့ဖြင်းအောင် ပြုလုပ်နေသည့် အင်တာနက်

အင်တာနက်ရဲ့ စွမ်းဆောင်ရည်နဲ့ လူသားများအတွက် အတိုင်းအဆမရှိ အကျိုးပြုတယ်ဆိုတာ ငြင်းမရနိုင်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

သို့သော်လည်း လူမှုရေးကွန်ယက်တွေ၊ ဖုန်း၊ တက်ဘလက် စတဲ့ အင်တာနက်ချိတ်ဆက် ပစ္စည်းတွေ စတာတွေ တနေ့တခြား ပိုမိုများပြား လာနေတဲ့ ခေတ်ကြီးမှာ ကလေးသူငယ်၊ လူငယ်လူရွယ်များရဲ့ အင်တာနက် သုံးစွဲမှု ပမာဏမှာလည်း စံချိန်တင် များပြားလို့ လာနေပါတယ်။

အောက်ပါ အချက်အလက်ကားချပ်မှာ အင်တာနက်ကြောင့် ကလေးသူငယ်တွေဟာ ယခင်ကလို မဟုတ်တော့ပဲ လူမှုဆက်ဆံရေးနဲ့ လေ့လာသင်ကြားရေး အပိုင်းတွေမှာ စွမ်းဆောင်ရည်တွေ ကျဆင်းပြီး ညံ့ဖြင်းလာနေတယ်ဆိုတာ တွေ့ရပါမယ်။

၁၉၉၀ ပြည့်နှစ်များနဲ့ ၂၀၀၀ ပြည့်နှစ်များမှာ ရေပန်းစားခဲ့တဲ့ ဂိမ်းကစားခြင်းရဲ့ အကျိုးဆက်များကိုတော့ အင်တာနက် သုံးစွဲမှုရဲ့ အကျိုးဆက်တွေက အနိုင်ယူသွားပြီ ဖြစ်ပါတယ်။
Credit:Myanmar Consumer Guide အင်တာနက်ရဲ့ စွမ်းဆောင်ရည်နဲ့ လူသားများအတွက် အတိုင်းအဆမရှိ အကျိုးပြုတယ်ဆိုတာ ငြင်းမရနိုင်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ


ဆေးလိပ်ဖြတ်ပြီးနောက်..

ဆေးလိပ်ဖြတ်ပြီး ၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။

၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော်များများ မရှိတော့ဘူး။

၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။

၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။ 
အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ်ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

၁ နှစ်ကျော်ကြာတဲ့အခါမှာတော့ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ချေ တ၀က်မကကျသွားသလို ဆေးလိပ်ဖိုးတွေ သိန်းနဲ့ချီပြီး စုမိသွားပါပြီ။

သူငယ်ချင်းတို့ရေ.. ကိုယ့်ရဲ့အသက်နဲ့ စုဆောင်းထားသမျှ ပိုက်ဆံတွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ခုပဲ ဆေးလိပ်ဖြတ်လိုက်တော့နော်…. ဆေးလိပ်ဖြတ်ပြီး ၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက် ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။
၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော် များများ မရှိတော့ဘူး။
၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။
၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။
အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ် ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။


လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်

လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်


မဟာသင်္ကြန် ကာလတွင် ယာဉ်နှင့် လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက် တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

''မဟာသင်္ကြန် ကာလမှာ စည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာ လမ်းတို့၊ ရန်ကုန်- ပြည်လမ်းတို့၊ ရန်ကုန်- အင်းစိန် လမ်းတို့မှာ ယာဉ်ပိတ်ဆို့ မှုတွေ မဖြစ်အောင် ကြိုတင် ပြီးတော့ တံတားသစ်ကြီးကို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ အချောထည်ပိုင်း တွေ ကျန်ရှိ နေသေးတဲ့အတွက် ဖွင့်ပွဲကိုတော့ မေလ ပထမပတ်လောက် အတွင်းမှာ ဖွင့်လှစ် ပေးသွား မှာဖြစ်ပါတယ်။ ဒီတံတား သစ်ကြီးက ၂ဝ၁၂ ခုနှစ် မတ်လမှာ ပန္နက်ရိုက် ခဲ့တာ ဖြစ်တဲ့ အတွက် အခု ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှာ စတင် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ကျန်ရှိနေတဲ့ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော် တွေလည်းပဲ အများပြည်သူတွေ အခုလိုပဲ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် စိတ်လက် ချမ်းသာစွာ သွားလာ နိုင်ရေးအတွက် ဆောင်ရွက် နေပြီ ဖြစ် သလို နောင်မှာလည်း မြေနီကုန်း လမ်းဆုံတို့၊ ရှစ်မိုင်လမ်းဆုံ တို့မှာ လည်း ဆက်လက်ပြီးတော့ ခုံးကျော် တံတားတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော် မတီ၊ လမ်း/ တံတားဌာန ဒုတိယ ဌာနမှူး ဦးစည်သူလွင် က ပြောကြားသည်။

ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှ လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်း မန်နေဂျာ ဦးအောင်နိုင်မြင့်က သတ်မှတ်ကာလ ထက်စော၍ အောင်မြင်စွာ တည်ဆောက် ပြီးစီးကာ လှည်းတန်း ခုံးကျော် တံတားအား မြန်မြန်ဆန်ဆန် အသုံးပြု နိုင်သည်မှာ ရန်ကုန်မြို့တော်နေ ပြည်သူများ နေ့စဉ်ရင်ဆိုင် နေရသည့် ယာဉ်ကြော ကျပ်တောင့်မှုများကို လျှော့ချနိုင်ရေး လုပ်ငန်း၏ တစ်စိတ် တစ်ဒေသ အောင်မြင်ခြင်းဟု ဆိုပါသည်။ အချောထည် လုပ်ငန်းများ အပြီးသတ် နိုင်ရန်လည်း တည်ဆောက်ရေး ကာလကဲ့သို့ပင် နေ့ည ဆောင်ရွက် နေသည်ဟု ၎င်းက ဖြည့် စွက် ပြောကြားသည်။

''သတ်မှတ်ကာလထက် စောစီးစွာ ပြီးစီးနိုင်အောင် ညပိုင်းကို တော်တော် များများ အချိန်ယူ ဆောင်ရွက် ခဲ့ရပါတယ်။ တံတားကြီးရဲ့ သံမဏိ သံပေါင်တွေ တပ်ဆင်တဲ့ ကာလမှာ ညပိုင်းလိုင်း ကားတွေ ပိတ်သိမ်းတဲ့ ည ၁၁ နာရီဝန်းကျင်ကနေ မိုးလင်းပေါက် ညစဉ် ဆောင်ရွက်ခဲ့ ရပါတယ်၊ ပြည်ပက ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ လက်တွဲ ဆောင်ရွက်ခဲ့ရတဲ့ အတွက် ကျွန်တော်တို့ အတွက်လည်း နည်းပညာ ပိုင်းဆိုင်ရာ အတွေ့အကြုံ ကောင်းတွေ ရရှိခဲ့ပါ တယ်'' ဟု စီမံကိန်း အင်ဂျင်နီယာ ဦးစိန်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။

တံတားကြီး ပြီးစီးသွားပြီး နောက်ပိုင်းတွင် တံတားတည်ဆောက်ရေး စီမံကိန်းတွင် ထပ်တိုး လုပ်ငန်းများ ပါရှိလာသည့်အတွက် ခန့်မှန်းထားသည်ထက် ပိုမိုလာမည့် ထပ်တိုး ကုန်ကျ ငွေများကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြသွားရန် ရှိသည်ဟုလည်း သိရသည်။ တံတားကြီးအား အသုံးပြုခွင့် ပေးသည့်အချိန်တွင် နာနတ်တောလမ်းဆုံ၌ မီးပွိုင့် ထားရှိခြင်း ရှိ၊မရှိနှင့် ပတ်သက်၍လည်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ''ဒီအပိုင်းမှာလည်း ကျွန်တော်တို့ မြေပြင် ကွင်းဆင်းပြီး တော့ လေ့လာတွက်ချက်မှုတွေ လုပ်ထားတာ ရှိပါတယ်။ တံတားပေါ်က ဆင်းလာတဲ့ ကားတန်းကို နာနတ်တောလမ်း မီးပွိုင့်ဟာ အဟန့်အတားဖြစ်၊ မဖြစ်ဆိုတာလည်း ကျွန်တော်တို့ သုံးသပ် ဆုံးဖြတ်ပြီးမှ ဆောင်ရွက် မှာ ဖြစ်ပါတယ်။ သေချာ တာကတော့ ကျွန်တော်တို့ ဆောင်ရွက်မှုရဲ့ အဖြေဟာ ရန်ကုန်- ပြည်လမ်းကြီး တစ်လျှောက်မှာ ယာဉ်ကျပ် တောင့်မှုကို လျှော့ချ သွားဖို့ပါပဲ''ဟု ဖြေကြားသွားသည်။ ။

 http://bit.ly/Ze5rIH
မဟာသင်္ကြန်ကာလတွင် ယာဉ်နှင့်လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက်တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေ ရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ရှိနိုင်

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အပေါ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုး စလုံးရှိနိုင်သဖြင့် ဥပဒေကို ပြဋ္ဌာန်းရာတွင် စနစ်တကျ ရှိရန်လိုကြောင်း အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်လျှက်ရှိသည့် ဖန်တီးအိမ် မှ ဒေါ်ရွှေရွှေစိန်လတ် က ပြော သည်။

ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်

Photo: ဂျပန် တက္ကသိုလ်တွေက ဒေါ်စုကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးမယ်
Tuesday, April 9, 2013

ဒေါ်အောင်ဆန်းစုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကိုသွားရောက်ဖို့ ရှိ ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိ တဲ့  Ryukoku တက္ကသိုလ်က ဒေါ်အောင်
ဆန်းစုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဆောင်
တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အပ်နှင်းမှာ ဖြစ်တယ်
လို့ သိရပါတယ်။

၁၉၈၅ ခုကနေ ၁၉၈၆ခုနှစ်တွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ် ခဲ့တဲ့ အတွက် ကျိုတို တက္ကသိုလ်ကလဲ သူ့ကို တက္ကသိုလ် ရဲ့ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် ဂုဏ်ပြုဖို့ စီစဉ်နေတယ်
လို့လဲ သိရပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်က ကျိုတို တက္ကသိုလ်မှာ သုတေသန ပြုလုပ်နေစဉ်
အတွင်း Ryukoku တက္ကသိုလ်ကိုလဲ မကြာခဏသွားရောက်ခဲ့တယ်လို့ ဆို
ပါတယ်။

Ryukoku တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ နိုင်ငံအဖို့ ဒီမိုကရေစီ ရ ရှိရေး အတွက် နှစ်ရှည်လများ ကြိုးပမ်း
ခဲ့ တာတွေ ကြောင့် ဖြစ်ပြီး တက္ကသိုလ်အနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ရ ရှိ ဖို့ 
ဆောင် ရွက်သူ တွေကို အားပေး ဂုဏ်ပြုလေ့ ရှိ တဲ့ အတွက်ကြောင့်ဖြစ်
တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ဧပြီလ ၁၅ ရက်နေ့မှာ Ryukoku တက္ကသိုလ် ကို သွားရောက် ဂုဏ်ထူးဆောင် ဘွဲ့ ကို လက် ခံ ပြီး မိန့်ခွန်း ပြောကြားမှာဖြစ် တဲ့
အပြင် ကျောင်းသူကျောင်းသားတွေ နဲ့လဲ တွေ့ ဆုံ မှာဖြစ်ပါတယ်။

NEWS COLLECTION ဒေါ်အောင်ဆန်းစုကြည်က လာမည့် စနေနေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ဖို့ရှိပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရှိ တဲ့ Ryukoku တက္ကသိုလ် က ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်း အလဲတွေ လုပ်ဆောင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့ကို အပ်နှင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို

Photo: ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို 
Tuesday, April 9, 2013

သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန်ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်ဒဏ်က ကာကွယ်မယ်

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။

မိတ်ကပ်ကို အားမကိုးပါနဲ့

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်
ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေ
တဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေ
ကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။ :pray

credit >>>Myanmar Health & Beauty
ပိုပိုဇော်(သဘာဝအားအင်) သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့ နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန် ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရ ပါမယ်။
ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရ မှာတွေ ကို ပြောပြပေးမယ်နော်။

အမေရိကန်သံတမန် မှတ်တမ်းများ WikiLeaks ဖော်ပြ

အစိုးရတွေရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို လူသိရှင်ကြား အင်တာနက်မှာ ထုတ်ဖော်ခဲ့တဲ့ WikiLeaks ကနေ အမေရိကန် သံတမန်ဆိုင်ရာ အချက်အလက်တွေ နဲ့ ထောက်လှမ်းရေး အချက်အလက်ပေါင်း ၂ သန်းနီးပါးကို အင်တာနက်မှာ အများ ရှာဖွေနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန် အိမ်ခြံမြေ ဝယ်လက်များ နယ်ဘက်သို့လှည့်၊ အနားသတ်မြို့နယ်အချို့ အရောင်းအဝယ်ဖြစ်


ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အတွင်းရှိ ဝယ်လက်များ စီမံကိန်းဒေသရှိရာ အခြားနယ်များ သို့ အဓိက လှည့်လည် ဝယ်ယူနေပြီး ရန်ကုန်မြို့ အနားသတ် မြို့နယ်အချို့ရှိ မြေကွက်များသာ အရောင်း အဝယ်ရှိနေကြောင်း အကျိုးဆောင်များက ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့်

စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်

စက်မှုဇုန်ကအလုပ်သမားတွေ မြောက်ကိုရီးယားပြန်ခေါ်

ဗွီအိုအေ(မြန်မာဌာန)   ---  08.04.2013

မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူ လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက် အသွယ်ကို ဖြတ်တောက်ပစ်လိုက်တာလည်းဖြစ်ပါတယ်။
 
စက်မှုဇုန်ရဲ့ လုပ်ငန်း လုပ်ဆောင်မှုတွေအားလုံးကို အမြဲ ပိတ်ပစ်လိုက်မှာလား ပြန်ဖွင့် မလားဆိုတာကို တာဝန်ရှိသူတွေအနေနဲ့ ဆုံးဖြတ်ချက် ချဖို့ စဉ်းစားနေချိန်မှာ စက်မှုဇုန်ရဲ့ လည်ပတ်မှု အားလုံးကို ရပ်တန့်ထားရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံ အာဏာရပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ကင်ယန်ဂွန် (Kim Yang Gon) က နိုင်ငံပိုင် သတင်းဌာန ဖြစ်တဲ့ KCNA ကို တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
 
မြောက်ကိုရီးယားနိုင်ငံဟာ စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင် ဆင်နေတယ်ဆိုပြီး တောင်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က အခုလို တုန့်ပြန်လုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
မြောက်ကိုရီးယားရဲ့ ဖေါင်ဂျီရီ နျူကလီးယား စမ်းသပ်မှုပြုလုပ်တဲ့နေရာမှာ လှုပ်ရှားမှုတွေ ရှိနေတဲ့ အရိပ်အယောင် တွေ့ရတဲ့အကြောင်း တောင်ကိုရီးယား
နိုင်င်ငံရဲ့ ပြန်လည်ပေါင်းစီးရေးဝန်ကြီး ရီယို ခေယေး (Ryoo Kihl-jae) က ဥပဒေပြု လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီလို အထောက်အထားတွေ မတွေ့ရပါဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
 
တောင်ကိုရီးယား နိုင်ငံသားတဦးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က နောက်ထပ် ခြိမ်းခြောက်မှုတွေ ထပ်မလုပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
 
မြောက်ကိုရီးယားအနေနဲ့ စတုတ္ထအကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်း က  the Hague မှာ ပြောဆိုလိုက်တာပါ။  မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ Kaesong စက်မှုဇုန်ကနေ သူ့ရဲ့ နိုင်ငံသား အလုပ်သမား ၅ သောင်းကျော်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ဒီလုပ်ရပ် ဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး အဆက် အသွယ် ကို ဖြတ်တောက်ပစ်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး အထိမ်းအမှတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်
နေပြည်တော် ၊ ၉-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/blog-post_9.html

ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ ဧပြီလ ၁၀ ရက်တွင် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ ရောင်းချသွား မည် ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး

Photo: တန်ဖိုးနည်းဖုန်း ရောင်းချရေး ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး 

တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။ 

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရက ကြေညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချရာမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ရောင်းချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။ 

ဒါပေမယ့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဆင်းကတ်တွေ ဘယ်လိုရောင်းချရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က တိတိကျကျ ညွှန်ကြားချက် မရှိသေးတာကြောင့် အဲဒီလို အဆိုတင်သွင်း ဆွေးနွေးမှုဟာ မှတ်တမ်းတင်တဲ့အဆင့်ပဲ ရောက်ခဲ့ရတယ်လို့ ဒေါက်တာ ညိုညိုသင်းက အခုလို ပြောပါတယ်။ 

“ကုမ္ပဏီတစ်ခုကို ပုဒ်ဖြတ်ပေးလိုက်တာတို့၊ ဌာနတစ်ခုကို လုံးဝလွဲအပ်ပြီး ရောင်းချလိုက်တာတို့၊ ဝန်ကြီးဌာနတစ်ခုကိုပဲ ကိုင်တွယ်ခိုင်းတာတို့၊ အဲဒါမျိုးတွေ မဖြစ်သင့်ဘူးဆိုပြီး အရေးတကြီး အဆိုတင်တယ်၊ ဒီအဆိုကို မဲခွဲပြီးဆုံးဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌကြီးက ဒါဟာဆိုလို့ရှိရင် ပြည်ထောင်စုအစိုးရအဖွဲ့က ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက် မရသေးတဲ့အတွက်ကြောင့်မို့ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး၊ ဒါကြောင့်ဒီအဆိုကို မှတ်တမ်းပဲတင်ထားပေးပါဆိုပြီး ဒါဥက္ကဌကြီး ကိုယ်တိုင်က မှတ်တမ်းပဲတင်ထားလိုက်တာပေါ့၊”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၁၅၀၀ တန် CDMA 800 MHz ဆင်းကတ်အရေအတွက် လစဉ် ၃ သိန်းခွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးအတွက် ခွဲဝေပေးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ရလာတဲ့ခွဲတမ်းအရေအတွက်ကို ဒေသခံတွေဆီ ပြန်လည်ရောင်းချပေးရမှာဖြစ်ပါတယ်။ 

အဲဒီလို ဆင်းကတ်အရေအတွက်ကို ကန့်သတ်ချက်နဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် ပြည်သူတွေဝယ်ယူရာမှာ လုံလောက်မှုမရှိနိုင်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။ တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်တွေကို ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ရောင်း ချပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ပါတယ်။
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ အစိုးရ က ကြေ ညာထားတဲ့ ၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းကတ်တွေ ရောင်းချရာမှာ ကုမ္ပဏီတစ်ခုလက်ထဲ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လက်ထဲ အားလုံးလွှဲပေးလိုက်တာမျိုးမဖြစ်စေဖို့နဲပွင့်လင်းမြင်သာ မှုရှိရှိ ရောင်း ချပေးဖို့ကို ဒေါက်တာ ညိုညိုသင်းက ဒီနေ့မှာတင်ပြခဲ့တာပါ။

Monday, April 8, 2013

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန်အတွက် ဂျပန်ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက်ကိုရီးယား၏ ဒုံးကျည်များကို ပစ်ချ သွားရန် ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များကို ညွှန်ကြား သွားမည် ဖြစ်ကြောင်း Yomiuri  သတင်းစာက ဖော်ပြခဲ့ ပါသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera သည် အဆိုပါ ညွှန်ကြားချက်အား တစ်ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန် သွားဖွယ် ရှိသော် လည်း ပြည်သူများအား အသိပေး သွားမည် မဟုတ်ကြောင်း အစိုးရ အရင်းအမြစ် များ၏ ပြောကြားချက်ကို ကိုးကား၍ Kyodo  သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ ဒုံးခွင်းဒုံးများ တပ်ဆင် ထားသော Aegis  ဖျက်သင်္ဘော များအား မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်ပါသည်။ ဂျပန် နိုင်ငံအား ပစ်မှတ် ထား၍ ဒုံးကျည်ဖြင့် တိုက်ခိုက် နိုင်ဖွယ်ရာ အခြေအနေ များသည် မြင့်မား မနေသော်လည်း ကြိုတင် ပြင်ဆင်မှု များကို လုပ်ဆောင်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။

http://bit.ly/145FdA3
ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက် ကိုရီးယား ၏ ဒုံးကျည်များကိုပစ်ချသွားရန် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့များ ကို ညွှန်ကြားသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဖော်ပြခဲ့ ပါသည်။

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာ ကွယ်လွန်


ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး စစ်ပြီးခေတ် ဗြိတိန်နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံရေးလောက၌ပါ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မာဂရက်သက်ချာသည် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဧပြီလ ၈ ရက်နေ့က ပြောကြားခဲ့သည်။

အဝလွန်သူများအတွက် လေယာဉ်လက်မှတ်ခ တိုးမြှင့်

Photo: အဝလွန်သူများအတွက် လေယာဉ်လက်မှတ်ခ တိုးမြှင့် 
Monday, April 8, 2013

နော်ဝေနိုင်ငံရှိ လေကြောင်းလိုင်း များတွင် စီးနင်း လိုက်ပါသော ခရီးသည်များ အနေနှင့် အဝလွန် သူများ ဖြစ်ပါက လေယာဉ် လက်မှတ်ခ တိုးမြှင့်ကောင်
ခံရန် လေကြောင်း ကုမ္ပဏီများအား နော်ဝေနိုင်ငံ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ လေ့လာသူများက အကြံပြုချင် ထုတ်ပြန်ကြေ
ညာ ကြေညာသွားသည်။ နော်ဝေနိုင်ငံ Songnofjordane တက္ကသိုလ်မှ ပါမောက္ခ ဘဟာရတ် ဘဟာသာ၏ အဆိုအရ နော်ဝေ လေကြောင်းများတွင် စီနင်း လိုက်ပါသော ခရီးသည်များ အနက် အများစုမှာ အဝလွန်သူ
များ ဖြစ်ကြပြီး ထိုအဝလွန် သူများကြောင့် အခြား ခရီးသည် များကို စိတ်အနှေင့် ဖြစ်စေနိုင်သည့် အပြင် လေကြောင်း ကုမ္ပဏီများ၏ အကျိုးစီး
ပွား ကိုလည်း များစွာ ထိခိုက်နစ်နာ စေခဲ့သည်။

ပြင်သစ် လေကြောင်းလိုင်း အပါအဝင် အခြားနိုင်ငံများမှ နော်ဝေနိုင်ငံ
တွင် ဝန်ဆောင်မှု ပေးလျက်ရှိသော နိုင်ငံခြား လေကြောင်းလိုင်းများ
သည် ခန္ဓာကိုယ် အလေးချိန် အလိုက် လေယာဉ် လက်မှတ် များကို တိုးမြှင့် ကောက်ခံမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။ 

ထို့ပြင် ပြည်တွင်း လေကြာင်းလိုင်းများ အနေဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် များကို သုံးမျိုးခွဲခြားကာ လေယာဉ်လက်မှတ်
ဈေးနှုန်းသတ်မှတ် ခြင်းဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် လျော့ချမှုကို အားပေးစေသည့် အပြင် လေကြောင်း ကုမ္ပဏီများ အနေနှင့် အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြား သွားခဲ့သည်။ 

YOYARLAY
http://www.yoyarlay.com/international-news/asia/35088-2013-04-08-09-52-47 နော်ဝေနိုင်ငံရှိ လေကြောင်းလိုင်း များတွင် စီးနင်း လိုက်ပါသော ခရီးသည်များအနေနှင့် အဝလွန်သူများ ဖြစ်ပါက လေယာဉ် လက်မှတ် ခ တိုးမြှင့်ကောင်ခံရန် လေကြောင်း ကုမ္ပဏီ များ အား နော်ဝေနိုင်ငံ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေး ရာ လေ့လာ သူများက အကြံပြုချင်ထုတ်ပြန်ကြေ ညာ ကြေညာသွား သည်။ နော်ဝေနိုင်ငံ Songnofjordane တက္ကသိုလ်မှ ပါမောက္ခ

ရာဇဝတ်သားများ၏ ဦးနှောက်ကို Scan ဖတ်ပြီး နောက်ထပ်ကျူးလွန်နိုင်ဖွယ် ရှိမရှိသိနိုင်ပြီ

Photo: ရာဇဝတ်သားများ၏ ဦးနှောက်ကို Scan ဖတ်ပြီး နောက်ထပ်ကျူးလွန်နိုင်ဖွယ် ရှိမရှိသိနိုင်ပြီ 
Monday, April 8, 2013

အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျ ခံနေရသော ရာဇဝတ် သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ် ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့် သိပ္ပံ ဆေးပညာကို အသုံး ချပြီး သုတေသန ပြုလုပ်ခဲ့သည်ဟု သိရ သည်။

၎င်းတို့၏ တွေ့ရှိချက်အရ ထောင် သားများသည် ကွန်ပျူတာမှ စေခိုင်း
ချက် များကို ပြန်လည် တုန့်ပြန်ခြင်း ပြုလုပ်ရာ တွင် တုန့်ပြန်မှု နှေးကွေး
သော သူများသည် နောက်တစ်ကြိမ် ရာဇဝတ်မှု ထပ်မံကျူး လွန်နိုင်ဖွယ် ရှ်ိကြောင်း တွေ့ရှိခဲ့ကြသည်။ Albuquerque မြို့ရှိ ဦးနှောက်နှင့် အာရုံကြော
ဆိုင်ရာ သုတေသန အဖွဲ့မှ သုတေသီ Kent Kiehl ဆိုသူက ထောင်မှ လွတ်သွားသော ထောင်ထွက် အမျိုးသား ၉၆ ယောက်ကို အခြေခံပြီး 
အဆိုပါ သုတေသန ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။  

YOYARLAY
http://www.yoyarlay.com/international-news/asia/35088-2013-04-08-09-52-47 အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျခံနေရသော ရာဇဝတ်သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ်ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့်သိပ္ပံဆေးပညာကို အသုံးချပြီး သုတေ သန ပြုလုပ်ခဲ့သည်ဟု သိရ သည်။

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

Photo: အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ
Monday, April 8, 2013

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း
ဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်
လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို
တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်
မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်
Ref>>> Good Health
ပိုပိုဇော်(သဘာဝအားအင်) နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရားကိုပါ ရရှိစေမယ့် သရေစာ တွေ ကို ရေးသားလိုက်ရပါတယ်။

(၁) ဖရဲသီး

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

08 APRIL 2013 | BY GOOD HEALTH

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

ပုံမှန် စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း

ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း

ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။ 

ကေအမ် ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

၉၆၉ တရားခွေ ရဲက ဖမ်းသလား

ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ရောင်းချနေသည့် ၉၆၉ တရားခွေနှင့် အမှတ်တံဆိပ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော   ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် ရောင်းအားနှင့် ၀ယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နိုင်ငံဟု အမေရိကန် (FBI) ဖော်ပြခဲ့ခြင်းအား ထိုင်းကြည်းတပ် ဦးစီးချုပ်က ပယ်ချခဲ့ခြင်း

ထိုင်းနိုင်ငံသည် အာရှ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း အမေရိကန် ဗဟိုစုံစမ်း စစ်ဆေးရေး ဗျူရို (FBI)က စာရင်းသွင်း ထားခြင်းကို ထိုင်းကြည်းတပ် ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန် အိုချာက ပယ်ဖျက် ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနီးကမိစ္ဆာနှင့်နိုင်ငံရေးတစှေ္ဆမှင်စာ ဗြုတ်စဗျင်းတောင်းများ

 ဒီမိုကရေစီလုံးဝဥဿုံအလုံး စုံဖျက်ဆီးခံခဲ့ရ၍ နိုင်ငံနှင့် လူမျိုး အပျက်စီးကြီးပျက်စီးခဲ့ရပြီ၊ တိုင်ပြည်ကလိုအပ်နေသော စစ်မှန်သော ဒီမိုကရေစီကိုမရသေး စစ်မှန်သောဒီမိုကရေစီပန်းတိုင် သို့ ဒေါ်အောင်ဆန်း စုကြည်ခေါင်း ဆောင်သော အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ဟာ ဦးဆောင်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

matehtilararrest40people-april8မိတ္ထီလာမြို့နယ် အတွင်းရှိ အင်းကုန်းကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည်များအား ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏ(မိတ္ထီလာ))
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ပြီးဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို

ပိုက်လိုင်းဖြတ်သွားမယ့် ရှမ်းပြည်နယ်ဒေသခံတွေ စာတင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖေါက်လုပ်နေတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းမှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံ တောင်သူလယ်သမားတွေရဲ့ နစ်နာချက်တွေအတွက် တောင်သူတွေကိုယ်စား မြောက်ပိုင်း ရှမ်းလယ်သမားကော်မတီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ တောင်းဆိုချက် ၆ ချက်ပါ စာကို ဒီကနေ့ ပေးပို့လိုက်တယ်လို့ ကိုယ်စားလှယ်တွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

နေပြည်တော် ဧပြီ ၇

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူတို့၏ လုံခြုံရေးအား ကူညီ ဆောင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်း ကူညီရန် အတွက်

ထူးခြားဖြစ်စဉ် သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်းများ၊ အော်တို တယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

အရေးပေါ် Hot Line တယ်လီဖုန်း အမှတ် ၁၉၉ တပ်ဆင်ထားသော ရဲတပ်ဖွဲ့များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော် ရဲတပ်ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့များ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့များ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးများတွင် လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တွင် အမှတ်(၁) ရဲတပ်ဖွဲ့စခန်း၊ တောင်ကြီးမြို့၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ လားရှိုးမြို့နှင့် ကျိုင်းတုံ ရဲတပ်ဖွဲ့စခန်း ကျိုင်းတုံမြို့တို့၌ လည်းကောင်း တပ်ဆင် ထားကြောင်း သိရသည်။

ပြည်သူလူထုမှ နစ်နာချက်များ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄၊ နေပြည်တော် ရဲတပ်ဖွဲ့ ဝ၆၇-၅၅ဝ၃၃၃၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၇၄-၂၁၄၄၄၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၅၈-၂၃၃၅၅၊ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၇၁-၂၄၉၉၆၊ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၅၉-၂၃၉၉၈၊ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၅၂-၂၃၉၉၉၊ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၆၃-၂၈ဝ၉၉၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၂-၆၁၄၄၄၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၅၇-၂၄၉၈၇၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၄၃-၂၂၈၃၃၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၁-၂၃ဝ၂၁၉၉၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဝ၈၁ -၂၁၂၅၄၅၅၊ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၄၂-၂၃၈၄၄ တို့ ဖြစ်ကြ သည်။

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ << Thank
ပြည်ထဲရေးဝန်ကြီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့၏လုံခြုံရေးအား ကူညီဆောင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်းကူညီရန်အတွက် ထူးခြားဖြစ်စဉ်သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသောဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလုပ်မှုများ၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး / ပြည် နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်းများ၊ အော်တိုတယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

နေ့စဉ်ထုတ် သတင်းစာများ အားကောင်းမောင်းသန် ဖြစ်ပါစေ

 
နှစ်ကာလများစွာ ပိတ်ပင်ထားခြင်း ခံခဲ့ရရာမှ ယခုအခါ နိုင်ငံတော်အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ။ မြန်မာပြည် မီဒီယာလောကအတွက် ဝမ်းမြောက်ဖွယ်ဖြစ်၏။

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် သုဝဏ္ဏမြို့ဦးစေတီမှ ဘူးဆရာတော်ဘုရားကြီးသည် အင်းစိန်မြို့နယ် ကံဦးကျောင်းတိုက် အတွင်းရှိ ကန်တော်မင်္ဂလာရေကန်တွင် ၈.၄.၂၀၁၃နေ့က ရေကသိုဏ်းရှုနေပုံ


ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ

ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ
Monday, April 8, 2013


ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏  တာဝန်နှင့် ၀တ္တရားကို   နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။

 

တရားစွဲဆိုရာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအုပ်ဦးသိန်းနိုင်မှ တရားလိုပြုလုပ်၍ (ပ) ၁၃၁/၂၀၁၃   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၅၃/၅၀၆) ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရာဇ၀တ် မကင်းသော ခြောက်လှန့်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

တရားစွဲဆိုခံရသူ (၄)ဦးမှာ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦး ၏ညီဖြစ်သူ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ ကိုရဲမြတ်ဟိန်းနှင့် မနွဲ့နှင်းရည်(ခ) နိုးနိုးတို့ ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးဖြစ်လို့ ထွက်ချက်ပေးရတယ်။ ကိုယ်ထိလက်ရောက် တွန်းထုတ်တယ် ခြိမ်းခြောက်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြန်လည် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက် စကားလုံးသုံးတယ်ဆိုပြီး ခေါ်စာမှာ ရေးထားတယ်၊ အဲဒါတွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုပြီး ထွက်ဆိုချက်မှာ ရှင်းလင်းပေးခဲ့တယ်”ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ပြောသည်။

 

ဧပြီလ(၆)ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားစွဲဆိုခံရသူ(၄)ဦးကို ဆင့်ခေါ်စာဖြင့်ခေါ်ယူပြီး ရဲစခန်းတွင် ဧပြီလ(၇)ရက်နေ့၌ ထွက်ဆိုချက်ပေးခဲ့ရကြောင်း သိရှိရသည်။

 

 “ကိုယ်ပိုင်ခံဝန်နဲ့ ထွက်လာခဲ့တယ်၊ တရားရုံးကို ဘယ်နေ့စွဲတင်မလဲဆိုတာတော့ မသိသေးဘူး၊ ရဲစခန်းမှာ လာဖြေ ရှင်းတယ် ဆိုတာကလည်း ဥပဒေကို လေးစားတယ်ဆိုတာပြတဲ့အနေနဲ့ ဖြေရှင်းခြင်းဖြစ်တယ်၊ ဥပဒေကို လေးစားသလို ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ပါတယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ သက်ဆိုင်ခြင်းမရှိဘူး ဆိုပြီးဖြေရှင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

 

 ယခု တရားစွဲဆိုခံရသူများမှာ ၎င်းတို့ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် ပထမဦးဆုံးအကြိမ်အဖြစ် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အခင်းဖြစ်ပွားရာတွင် ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် မိသားစုနှင့်တွေ့ခွင့်ပေးရန် မိတ်ဆွေများနှင့် စကားပြောခွင့် ပေးရန် တောင်းဆိုရာမှ ပဋိပက္ခအသွင်စတင်ခဲ့ခြင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 

“မိသားစုနဲ့တွေ့ခွင့်ဆိုတာကို ဥပဒေက ခွင့်ပြုပေးပြီးသား၊ သူ့ရဲ့ရှေ့နေ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ခွင့်ပြုပေးထားတယ် ၊ လာတဲ့သူတွေကလည်း မိတ်ဆွေနဲ့ သူ့ညီတောင်ပါတယ်။ ညီပါ တရားခံ ဖြစ်ရ တယ်ဆိုတော့ ၀မ်းနည်းစရာကောင်းတယ်၊ ဒီလောက်လူအုပ်ကြီးရှိနေတဲ့အချိန်မှာ ၃၅၃ ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊  ကျွန်တော်တို့လူတွေဟာ မင်းမဲ့ဝါဒီတွေ မဟုတ်ဘူး ဥပဒေကို လေးစားတဲ့သူတွေဖြစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်မယ်လိုတော့ ယုံကြည်တယ်။ အမှုဖွင့်စစ်ဆေးတဲ့ အဆင့်ဆိုတော့ ပြောရတာ နည်းနည်းတော့ စောသေး တယ်”ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

 

လက်ရှိတွင် တရားစွဲခံရသူ (၄)ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လတ်မှတ်ထိုးထား ခဲ့ရပြီး တရားရုံး၌စွဲချက်တင်ရန်နေ့ အတိအကျ မသိရှိရသေးကြောင်းကိုလည်း သိရှိရသည်။

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ၀တ္တရားကို နှောင့်ယှက်သည် ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ထားကြောင်း ကျောက် တံတားမြို့ နယ်ရဲစခန်းက သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းသို့ ပင်လယ်ရေအောက် ဖိုက်ဘာဆက်သွယ်ရေး ဆောင်ရွက်ရန် ထိုင်းကုမ္ပဏီတစ်ခု စိတ်ဝင်စား

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းသို့ ဆက်သွယ်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံပိုင် CAT Telecom က စိတ်ဝင်စားနေကြောင်း သိရသည်။