Tuesday, April 16, 2013

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသ အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အပြောင်းအလဲကို လက်လွှတ်မခံဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

လန်ဒန် မာရသွန်ပွဲ လုံခြုံရေး ပြန်ဆန်းစစ်မယ်

Photo: လန်ဒန် မာရသွန်ပွဲ လုံခြုံရေး ပြန်ဆန်းစစ်မယ်
Tuesday, April 16, 2013

အမေရိကန် ဘော့စတွန်မြို့ မာရသွန်ပွဲမှာ လူသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့တဲ့ အတွက် လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် လန်ဒန် မာရသွန် အပြေးပြိုင်ပွဲ လုံခြုံရေးကို ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပေ
မယ့် ပွဲကိုတော့ အစီအစဉ် အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ တာ
ဝန်ရှိသူတွေက ပြော ပါတယ်။

ဘော့စတွန်က ပါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးသွားပြီး၊ အနည်းဆုံး ၁၄၀
လောက်ဒဏ်ရာ ရရှိသွားပါတယ်။ ဘော့စတွန် မာရသွန်ပွဲမှာ ဗြိတိန်က ၃၇၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ ပြိုင်ပွဲ စာရင်းမှာ ဖေါ်ပြထား ပေမယ့်၊ ဗြိတိန် အပြေး သမားတွေ ထိခိုက်မှု ရှိမရှိ ဆိုတာတော့ မသိရသေးပါ။

ဗြိတိန် အားကစားနဲ့ ခရီးသွားလုပ်ငန်း အငယ်တန်း ဝန်ကြီး Hugh Robertson က လန်ဒန် မာရသွန်ပွဲ လုံခြုံရေး စိတ်ချဖို့ အတွက် အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားပါတယ်။

လန်ဒန် မာရသွန်ပွဲ ကျင်းပရေး အဖွဲ့ အမှုဆောင်ချုပ် Nick Bitel ကလည်း အစီအစဉ်အတိုင်း ပွဲကို ကျင်းပသွားဖို့ အပြည့်အဝ ယုံကြည်တယ် လို့ ပြော
ပါတယ်။

BBC
အမေရိကန် ဘော့စတွန်မြို့ မာရသွန်ပွဲမှာ လူသေဆုံး ခဲ့ရတဲ့ ပေါက်ကွဲမှုနှစ်ခု ဖြစ်ခဲ့တဲ့ အတွက်လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် လန်ဒန်မာရသွန် အပြေးပြိုင်ပွဲလုံခြုံရေးကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ် သွားမှာ ဖြစ်ပေမယ့်ပွဲကိုတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

မြန်မာ ဖုန်းလုပ်ငန်း လိုင်စင် အတွက် ကုမ္ပဏီ ၁၂ ခုကို စကာ တင်ရွေးပြီ

Photo: မြန်မာ ဖုန်းလုပ်ငန်းလိုင်စင်အတွက် ကုမ္ပဏီ ၁၂ ခုကို စကာတင်ရွေးပြီ

Tuesday, April 16, 2013

မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေ

မှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲ

ဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ တွေကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး

အတွက် လှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့မှုတွေ လုပ်တဲ့ ကုဋေကြွယ် သူဌေး George Soros နဲ့ နီးစပ်တဲ့ Digicel, အန္ဒိယနိုင်ငံက Bharti Airtel, China Mobile, ဂျပန်ရဲ့ KDDI၊ အာဖရိက MTN, စင်္ကာပူ တယ်

လီကွန်မြူနီကေးရှင်း၊ Axiata Group, Millicom International Cellular, Qatar

Telecom, Viettel Group နဲ့ နော်ဝေးရဲ့ Telenor SA တို့ ဖြစ်ကြပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ လျောက်လွှာတွေကို ဂျွန်လ

၃ ရက် မတိုင်ခင် ထပ်မံပေးပို့ရမှာဖြစ်ပြီး ဂျွန်လ ၂၇ ရက်လောက်မှာတော့ ဘယ်သူ့ကို လုပ်ခွင့် လိုင်စင် ပေးမလဲဆိုတာကို မြန်မာက ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်သစ် နှစ်ခု ချပေးဖို့ရှိပြီး

မြန်မာနိုင်ငံမှာ လူဦးရေ ၁၀ % လောက်သာ မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့

အဆင့် ရှိတဲ့အတွက် ဒီကဏ္ဍမှာ စီးပွားရေးလုပ်ဖို့ အများကြီးအခွင့်အလမ်း

ရှိတယ်လို့ ရှုမြင်နေကြတာကြောင့် လုပ်ခွင့်လိုင်စင်ရဖို့ အလုအယက်

လျောက်ထားကြတာ ဖြစ်ပါတယ်။

ABC Radio Australia

Myawady News
မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေမှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင် စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ် ထားပြီး ဖြစ်ပါတယ်။

ဘော်စတွန် မာရသွန် ပြိုင်ပွဲ ဗုံးပေါက် ကွဲမှု

Photo
Planet Myanmar Network

နိုင်ငံတော် သမ္မတ၏ နှစ်သစ် ဆုတောင်း

Photo: နိုင်ငံတော် သမ္မတ၏ နှစ်သစ် ဆုတောင်း

Tuesday, April 16, 2013

နှစ်သစ် မင်္ဂလာမှာ ကျွန်တော့် အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို အဓိက ပြောကြား လိုတာ ကတော့ ယခင်နှစ်က ဒီမိုကရေစီ အရေး ကြိုးပမ်းမှု ဖြစ်စဉ် နှင့်အတူ လူမှုရေး အထင်အမြင် လွဲမှား မှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်း ကွဲမှုတွေ၊ ပဋိပက္ခ ဖြစ်မှုတွေနဲ့ မတည်

ငြိမ်မှု တွေဆိုတဲ့ အမည်းစက်တွေကို အတာ သင်္ကြန်ရေနဲ့ ဆေးကြော သန့်

စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စ ရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စ ရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံ အဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့ လိုပါတယ်။

မြ၀တီ

သံချပ် သစ်တွေ နဲ့ မြန်မာ သင်္ကြန်

Photo: သံချပ်သစ်တွေနဲ့ မြန်မာသင်္ကြန်

Tuesday, April 16, 2013

ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။ ရိုးရာအစဉ်အလာအတိုင်း ရေကစားတာတွေ၊ အလှူအတန်း လုပ်တာတွေကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပနေကြတာ ဖြစ်ပါတယ်။ သင်္ကြန်အကြတ်နေ့ရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ စုံစမ်းထားတဲ့ ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။

ဒီနေ့ မဟာသင်္ကြန် အကြတ်နေ့မှာတော့ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာ သင်္ကြန်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆက်လက် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင်လည်း ကမ္ဘာအေးဘုရားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကန်တော်ကြီး နဲ့ အင်းလျားကန်တ၀ိုက်မှာ ရေပက်ခံကားတွေ၊ မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြတာပါ။

အခုနှစ် ရန်ကုန်သင်္ကြန်မှာတော့ အသံချပ်ထိုးတာတွေ၊ သင်္ကြန် အလှပြကားတွေနဲ့ ရေပက်ခံသူတွေ မနှစ်ကထက် ပိုပြီးစည်ကားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ သင်္ကြန်ပွဲ ဆင်နွှဲနေတဲ့ ဘလော့ဂါ နေဘုန်းလတ်က ပြောပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ မြို့အတော်များများမှာ ကြုံခဲ့ရပြီးတဲ့နောက် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ အခုတော့ ရေကစားပွဲတွေဟာ အေးအေးချမ်းချမ်း ရှိတယ်လို့လည်း သူကပြောပါတယ်။

“အေးအေးချမ်းချမ်းပါပဲ။ ဘာမှ ပြဿနာမရှိပါဘူး။ နည်းနည်းပါးပါး မူးတာ ပြုတာလောက်ပါပဲ။ ဒီပုံစံတွေကတော့ အရင်လိုပါပဲ။ သင်္ကြန်မတိုင်ခင်ကတော့ ကောလဟာလမျိုးစုံ ထွက်ထားတော့ အားလုံး ကြောက်နေကြတာ၊ တခုခုဖြစ်မှာကို အရမ်း စိုးရိမ်နေကြတယ်ဆိုပေမဲ့ အခုအချိန်ထိတော့ ဘာမှ ထူးထူးခြားခြားတော့ မဖြစ်သေးပါဘူး။ ကျနော်ကတော့ သင်္ကန်းကျွန်း မြို့နယ်ရုံးရှေ့မှာ မဏ္ဍပ်ထိုးပြီးတော့ နေ့တိုင်း စတုဒီသာ ကျွေး တယ်ဗျာ။ တချို့ သံချပ်အဖွဲ့လေးတွေလည်း တော်တော်များများ တွေ့ရတယ်။ ၈၈ မျိုးဆက်ကလုပ်တဲ့ ‘မျိုးဆက်ဆိုတဲ့ သံချပ်အဖွဲ့’ တွေလည်း ကားလေးတွေနဲ့ သွားပြီးတော့ အရင်ပုံစံပေါ့။ အရင်တုန်းက နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒီသံချပ်ကို ပြန်ပြီးတော့ ဖော်ထုတ်နေတာ တွေ့ရတယ်ခင်ဗျ”

ရန်ကုန်မြို့က နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် တဦးလည်းဖြစ်တဲ့ ဦးကျော်သူကတော့ အကြတ်နေ့မှာ အလှူဒါန အစီအစဉ်တွေ လုပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အရင်တုန်းက သတင်းမီဒီယာတွေ တင်းကျပ်လေ့ရှိတဲ့ မြန်မာနိုင်ငံမှာ ရိုးရာသင်္ကြန်သံချပ်တွေဟာလည်း ကန့်သတ်ခံရလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ လွတ်လပ်ခွင့်တချို့ ရလာတာနဲ့အမျှ သံချပ် အစီအစဉ်တွေလည်း စလုပ်ဖြစ်တယ်လို့ ဦးကျော်သူက ပြောပါတယ်။

“နောက် ဒီနှစ်ကတော့ ကျနော်တို့ ပထမဆုံး သင်္ကြန် သံချပ်ပေါ့။ ကျနော်တို့ နာရေးကူညီ မှုအသင်း (ရန်ကုန်) ရဲ့ “ပေးဆပ်သူများ” သံချပ်အဖွဲ့ ကျနော်တို့ စထွက်တယ်။ ပြည်သူလူထုထဲကို”

သင်္ကြန်ရိုးရာ ရေကစားပွဲတွေကို နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ မန္တလေးမှာလည်း အကြတ်နေ့ကို မြို့ခံတွေ ဆက်ကျင်းပနေကြတာပါ။ ထူးထူးခြားခြား ဆိုသလို နိုင်ငံရေးပါတီတွေပါ ပါဝင်လာတာ တွေ့ရတယ်လို့လည်း မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မန္တလေးသင်္ကြန်ကတော့ ထုံးစံအတိုင်းပဲ ကျုံးဘေးမှာပဲ တိုးကြတာပေါ့လေ။ တောင်ဘက်ကျုံးနဲ့ အရှေ့ဘက်ကျုံးမှာပဲ ပြန်ပြီး တိုးကြတာပေါ့။ အနောက်ဘက် ကျုံးဆိုတာကလည်း မဏ္ဍပ်က ၃ ခုလောက်ပဲ ရှိတာ၊ မြောက်ဘက်ကျုံးမှာဆိုရင် မဏ္ဍပ်တခုမှကို မရှိဘူး ဒီနှစ်သင်္ကြန်မှာ။ အထူးသဖြင့် လည်တဲ့ပတ်တဲ့သူတွေကတော့ တောင်ဘက်ကျုံးရယ်၊ အရှေ့ဘက်ကျုံးရယ်ကို အဓိကထားပြီး ပျော်ကြတယ်။ မြို့ထဲမှာတော့ မဏ္ဍပ်က ကျနော်တွေ့သလောက်တော့ ဘယ်နေရာမှ မရှိဘူးဗျ။ မြို့ထဲမှာ အထူးသဖြင့် လမ်း ၈၀ တို့၊ ၈၂၊ ၈၃၊ ၈၄ လမ်းတွေမှာတော့ အလှပြယာဉ်တွေလည်း မရှိဘူး။ ရေပက် မဏ္ဍပ်တွေလည်း မရှိတဲ့အခါကျတော့ ရေပက်ခံထွက်တဲ့ သူ တော်တော်များများ ကတော့ ကျုံးမှာ ၀င်တိုးကြတာပေါ့လေ။ မန္တလေးသင်္ကြန်မှာ ဒီနှစ်မှာ ထူးထူးခြားခြား တွေ့ရတာကတော့ NLD ပါတီတခုပဲ အလှပြကား ထွက်နိုင်တာ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ပါတီတွေကတော့ အလှပြကား ထွက်နိုင်တာ မတွေ့ရဘူးခင်ဗျ။ ဒါကတော့ ၂၀၁၃ မှာ ထူးထူးခြားခြားဆိုရင်တော့ နိုင်ငံရေး ပါတီတွေမှာ ပထမဆုံးထွက်တဲ့ ကားလို့ ပြောလို့ရပါတယ်ခင်ဗျ။ ချမ်းအေးသာဇံ မြို့နယ်ကနေ ‘ချမ်းအေးမောင်’ ဆိုတဲ့ နာမည်နဲ့ ထွက်တာပါခင်ဗျာ။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ သမ္မတ ဦးသိန်းစိန် မိသားစု အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းတွေကလည်း ပါဝင်ဆင်နွှဲတဲ့အကြောင်း အစိုးရပိုင် သတင်းတွေက ဖော်ပြပါတယ်။ မကြာသေးခင်တုန်းက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအတွက် ပူပန်မှုတွေ ရှိခဲ့တဲ့အတွက်လည်း အာဏာပိုင်တွေကတော့ လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ(မြန်မာဌာန)
ဒီနှစ်သင်္ကြန်မှာတော့ လုံခြုံရေးအတွက် အစောပိုင်းတုန်းက စိုးရိမ်မှုတချို့ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်တဲ့အကြောင်း ရေကစားပွဲတော်ကို ဆင်နွှဲသူတွေက ပြောကြပါတယ်။

မြန်မာ့ အပြောင်း အလဲ တိုးတက် မှုအဖြစ် ၀န်ကြီး ကယ်ရီ ရှုမြင်

Photo: မြန်မာ့အပြောင်းအလဲ တိုးတက်မှုအဖြစ် ၀န်ကြီးကယ်ရီ ရှုမြင်

Tuesday, April 16, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရတို့ လက်တွဲပြီး ဆောင်ရွက်နေတဲ့အပေါ် အားရကျေနပ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

ဆယ်စုနှစ် ၂ ခုလောက် ထိန်းသိမ်းခံရာက လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ အရင်က စစ်တပ်အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ လွှတ်တော်တို့ အတူလက်တွဲ လုပ်ကိုင်နေကြတာကို တွေ့ရတဲ့အကြောင်း၊ အာရှ ၃ နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့အဖြစ် ဂျပန်နိုင်ငံမှာ ရောက်ရှိနေစဉ် ၀န်ကြီး ကယ်ရီ က ပြောဆိုလိုက်တာပါ။

ဒီကနေ့ မြန်မာနိုင်ငံ ဦးတည်လျှောက်လှမ်းနေပြီဖြစ်တဲ့ ဒီမိုကရေစီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆိုရင် စိတ်ကူးယဉ် တွေးကြည့်လို့တောင် မရနိုင်တဲ့ ဖြစ်ရပ်လို့လည်း တိုကျိုစက်မှုတက္ကသိုလ်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုကိစ္စတွေကို ဆွေးနွေး အဖြေရှာ နိုင်ဖို့အတွက် အာရှဒေသ ၃ နိုင်ငံခရီး သွားရောက်နေရာမှာ နောက်ဆုံးအဖြစ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိနေတာပါ။

ဂျပန်နိုင်ငံမတိုင်ခင် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်အစမှာ တုန်းကတော့ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ ကျရောက်တဲ့ အတာသင်္ကြန် ကာလအတွက် ၀န်ကြီး ကယ်ရီ က နှုတ်ခွန်းဆက် အမှာစကား ပါးခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ(မြန်မာဌာန)
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မြန်မာအစိုးရတို့ လက်တွဲပြီး ဆောင်ရွက်နေတဲ့အပေါ် အားရကျေနပ်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောလိုက်ပါတယ်။

ကျိုတိုတ က္ကသိုလ် မှာ ဒေါ်စု မိန့်ခွ န်းပြော မည်

Photo: ကျိုတိုတက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြောမည်

Monday, April 15, 2013

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်

ဆန်းစုကြည်ဟာ ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြော

မှာဖြစ်ပါတယ်။ 1985 ခုနှစ်ကနေ 1986 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဧည့်ပညာ

ရှင်အဖြစ် နေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ Kyoto မြို့ကို တနင်္ဂနွေနေ့ထဲက ရောက်ရှိနေတာဖြစ်ပါတယ်။

Tokyo မြို့တော်ကနေKyoto မြို့ကို ရထားနဲ့ရောက်လာတဲ့ ဒေါ်အောင်

ဆန်းစုကြည်ကို ဘူတာရုံမှာ သူ့ကိုလာရောက်ကြိုဆိုသူတွေအပြင် ကမ္ဘာ

လှည့်ခရီးသွားတွေကပါ သြဘာပေး နှုတ်ဆက်ကြတယ်လို့ ဂျပန်သ

တင်းတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူပညာလေ့လာ

ခဲ့တဲ့ ကျိုတို တက္ကသိုလ်အပြင် ယုကိုးကု တက္ကသိုလ်မှာလဲ မိန့်ခွန်းပြော

မှာဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်းမှာတော့Kyoto မြို့မှာရှိတဲ့ မြန်မာမိသားစုတွေ

နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့NLD ကသတင်းထုတ်ပြန်ထားပါတယ်။ တနင်္ဂနွေနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Katsuragawa မြစ်ကရေ

အားနဲ့ လျှပ်စစ်ဓါတ်အားထုတ်တဲ့ အသေးစားရေအားလျှပ်စစ်စက်ရုံတခုကို သွားရောက်လေ့လာခဲ့ပါတယ်။

အင်္ဂါနေ့ကျရင်တော့ Tokyo မြို့မှာ ဂျပန် Diet လွှတ်တော်ကို သွားရောက်လေ့

လာဖို့ရှိပြီး၊ အထက်လွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဖို့ရှိပါတယ်၊ April လ ၁၉ ရက်နေ့အထိဂျပန်နိုင်ငံမှာ နေထိုင်မဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba၊ ဝန်ကြီးချုပ် Shinzo Abe တို့နဲ့လဲတွေ့ဆုံဖို့ရှိပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ၇က်၊ ၂၀၁၃)

VOA
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတို တက္ကသိုလ်မှာ ဒီကနေ့ တနင်္လာနေ့မှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ New York ကို လာမည်

မြန်မာအစိုးရရုံးဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ မကြာခင်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ဒေသခံ မြန်မာတိုင်းရင်းသား မိသားစုတွေ နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဒီပွဲကို စီစဉ်သူ ကိုတင်မောင်အေးကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်ရှင်။

Monday, April 15, 2013

သင်္ကြန်ကို ပုသိမ် မှာဖြတ် သန်းနေတဲ့ ပုလဲဝင်း

သင်္ကြန် အကြတ်နေ့ သမ္မတ အိမ်တော် မြင်ကွင်း

Popular Journal
Photo

ရခို င်ပြည်နယ် စစ်တွေမြို့ အကျနေ့ မြင်ကွင်း

Photo
RFA

ပါလက်စတိုင်း ၀န်ကြီးချုပ် နှုတ်ထွက်

Photo: ပါလက်စတိုင်းဝန်ကြီးချုပ် နှုတ်ထွက်

Sunday, April 14, 2013

ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ဟာ သမ္မတ Mahmoud Abbas နဲ့ ကာလအတော်ကြာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ရာကစနေနေ့ကတော့

ရာထူးကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ဖွဲ့မပြီးမချင်း အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်တာဝန် ဆက်ယူသွားမယ်လို့ မစ္စတာ Fayyad ကသဘောတူပါတယ်။

မစ္စတာ Fayyad ဟာ အနောက်ဖက်ကမ်းဒေသမှာ လမ်းစာသင်ကျောင်း

နဲ့ တခြားအခြေခံ အဆောက်အဦးတွေဆောက်လုပ်ဖို့ နိင်ငံတကာ အကူ

အညီပေးငွေသန်းရာနဲ့ချီအောင် ကြွေးတင်ခံဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ရာထူးရဲ့ လုပ်ပိုင်ခွင့်နဲ့ စီးပွားရေး မူဝါဒ ဆိုင်ရာ ကိစ္စတွေ

မှာ ၀န်ကြီးချုပ် Fayyad နဲ့ သမ္မတကြားအကြီးအကျယ်  သဘောထားကွဲ

လွဲမှုတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကတော့ မတည်မငြိမ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းမှာ ပါလက်စတိုင်း ၀န်ကြီးချုပ် Fayyad ဟာ သဘောထားမတင်းမာတဲ့ အလယ်အလတ်လမ်းစဉ်သမား ဖြစ်တယ်လို့ရှုမြင်ပါတယ်။ မစ္စတာ

Fayyad ဟာ အမေရိကန်သမ္မတ ဘရက်အိုဘားမား နဲ့ နိုင်ငံခြားရေး

ဝန်ကြီး John Kerry တို့ရဲ့ လူသိရှင်ကြားထောက်ခံမှုကို ရရှိခဲ့သူဖြစ်

ပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad (ဇန်န၀ါရီ ၂၀၁၂)

VOA
ပါလက်စတိုင်းဝန်ကြီးချုပ် Salam Fayyad ဟာ သမ္မတ Mahmoud Abbas နဲ့ ကာလအတော်ကြာ သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ရာကစနေနေ့ကတော့ ရာထူးကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် နိုင်ငံတော် သမ္မတကြီး ကို တွေ့ရပုံ

Photo: မြန်မာ့ရိုးရာ  သင်္ကြန်ပွဲတော်  နိုင်ငံတော် သမ္မတကြီး   ကို တွေ့ရပုံ

credit - orginal uploader

Face book ကြောင့်၂၄ နာရီ အတွင်း ဖော်ထု တ်နို င်တဲ့ ရန်ကုန် လူသတ်မှု

Photo: Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု

Sunday, April 14, 2013

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး

တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ

ရ ဖြစ်ခဲ့ပါတယ်။

လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။

ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်း

တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။

ရဲအရာရှိက သေဆုံးသူရဲ့ ဓာတ်ပုံကို Facebook မှာ တင်လိုက်ရာ

မှာတော့ သေဆုံးသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်၊

ဒါ့အပြင် လူသတ်သမားအဖြစ် သံသယရှိသူကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ်

တဲ့။ ၂၄ နာရီအတွင်း ဒီ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့တာပါ တဲ့။

အရပ်သားအစိုးရလက်ထက် အင်တာနက် မြန်နှုန်းတိုးတက်လာတာနဲ့အမျှ Facebook အသုံးပြုမှု ပိုမို တွင်ကျယ်လာတဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ မြန်မာပြည်မှာ Facebook ကျေးဇူးကြောင့် လူသတ်မှုကို ပထမ

ဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့က အမှုလိုက်ရာမှာ အင်တာနက်ကို အရင်ကထက် ပိုပြီး အသုံးပြုလာဖွယ်ရှိပါတယ်။

MGM ဟိုတယ် လူသတ်မှု ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတဲ့ အကြောင်းရင်း

ကို မသိရပါဘူး။

ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့ MGM ဟိုတယ်ကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ဆိုတယ်။ဒဏ်ရိုက်တဲ့ အရေးယူမှုမျိုးဖြစ်

မယ်လို့ ယူဆရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီဟိုတယ်က လိမ်လည်မှုကျူးလွန်မယ့် နိုင်ငံခြား

သား ၂ ဦးကို ရဲလက်အပ်နိုင်ခဲ့ပါတယ်။ ကင်မရွန်း နိုင်ငံသား  ဘောလုံးသမား ၂ ဦးက ဒေါ်လာအတု လုပ်ပေးမယ် ဆိုပြီး ရန်ကုန်မှာ ဈေးကွက်ရှာနေတုန်း အဖမ်းခံရတဲ့အမှု ဖြစ်ပါတယ်။

ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ မူရင်းသတင်းကို ကူးယူ

ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီ
ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံးတဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မရ ဖြစ်ခဲ့ပါတယ်။

Sunday, April 14, 2013

အင်တာနက်တဆင့် ပြည်ပရောက် မြန်မာများ အတွက် အင်္ကြန်မြင်ကွင်းများ အလွမ်းပြေ ကြည့်နိုင်အောင် SKY NET က တိုက်ရိုက်ထုတ်လွှင့်ပေး

ပြည်ပရောက် မြန်မာများ အတွက် အင်္ကြန်မြင်ကွင်းများ အလွမ်းပြေ ကြည့်နိုင်အောင် SKY NET က  တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်/

http://www.ustream.tv/channel/up-to-date---sky-net

နိုင်ငံတော် သမ္မတကြီး သမ္မတအိမ်တော်ဝင်းရှိ မိသားစု မဟာသင်္ကြန် မဏ္ဍပ်တွင် သင်္ကြန် ဆင်နွဲနေသည့် သတင်း ဓာတ်ပုံများ (မြ၀တီ)

ထွက်မလာသေးတဲ့ သတင်းစာများအကြောင်း

ရန်ကုန်မီဒီယာအဖွဲ့က စမ်းသပ်ထုတ်ဝေတဲ့  Yangon Times Daily သတင်းစာ အမှတ် ၂ နဲ့ အမှတ် ၃
(ဓာတ်ပုံ - ဧရာဝတီ)
ထုတ်ဝေခွင့် ကျပြီးတဲ့ သတင်းစာ ၁၆ စောင် ရှိတဲ့ထဲမှာ ဘယ်သတင်းစာ က ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဧပြီ ၁၄ရက် (သင်္ကြန်အကျ )နေ့ ညောင်ဦးမြို့ မြင်ကွင်းများ

Photo
Eleven Media Group

အနုပညာ ရှင်များနှ င့်မြန်မာနို င်ငံ ရုပ်ရှင်အ စည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်း

Photo: အနုပညာရှင်များနှင့်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်း

Popular Journal

ဓါတ်ပုံ-Zin Wyne
Popular Journal

ဧပြီ၁၄ရက် (သင်္ကြန် အကျ)နေ့ မြင်ကွင်းများ

Photo
Eleven Media Group

ထားဝယ် သင်္ကြန်အကျနေ့

Photo
RFA

ထိုင်း -မြန်မာ ချစ်ကြည်ရေး သင်္ကြန်ပွဲေ တ်ာအား မဲဆော က်မြို့၌ ကျင်းပ

Photo
Eleven Media Group

မဟာ သင်္ကြန် (အကျနေ့ ) ပုံရိပ်များ

Photo
Myanmar News Update

မြောက်ကိုရီး ယားပြဿနာ အမေရိကန် နဲ့တရုတ် ပူးပေါင်းဖြေ ရှင်းမည်

Photo: မြောက်ကိုရီးယားပြဿနာ အမေရိကန်နဲ့တရုတ် ပူးပေါင်းဖြေရှင်းမည်

Sunday, April 14, 2013

မြောက်ကိုရီးယားက နျူကလီးယားလက်နှက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲ လုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။ နျူကလီးယား ကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်အောင်လုပ်ဆောင်ကြမှာကို ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ယန်ကျီးချီ (Yang Jiechi) တို့က စနေနေ့ ပီကင်းမြို့တော်က ဆွေးနွေးပွဲအပြီးမှာ ပြောသွားပါတယ်။

နျူကလီးယား ကင်းရှင်းအောင် လုပ်ဆောင်ရေးက ဒေသ နဲ့ တကမ္ဘာလုံး တည်ငြိမ်ရေးအတွက် အထူးအရေးကြီးပါတယ်လို့ မစ္စတာကယ်ရီ က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး  ရပ်ဆိုင်းနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်စတင်နိုင်ဖို့ အဓိကနေရာကနေ တရုတ်က ပါဝင်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ မစ္စတာ ယန် က ပြောပါတယ်။

စနေနေ့ အစောပိုင်းတုန်းကလည်း မစ္စတာကယ်ရီ က မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တခြားကိစ္စရပ်တွေကို တရုတ်သမ္မတ ရှီကျင်းဖျင် (Xi Jinping) နဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုအချိန်ဟာ သိပ်ကို အရေးကြီးနေပြီလို့ မစ္စတာကယ်ရီ က သမ္မတ ရှီ ကို ပြောသွားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား ခြိမ်းခြောက်မှုတွေ လုပ်မနေဖို့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ အနေနဲ့ မြောက်ကိုရီးယားအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို သုံးပြီးတိုက်တွန်းပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့  ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ နောက်ထပ် ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ဖို့ နီးနေပြီလို့လည်း သူတို့က သတိပေးထားပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝ်ကြီး ဂျွန်ကယ်ရီ နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင် တို့ တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
မြောက်ကိုရီးယားက နျူကလီးယားလက်နှက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲ လုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှာမဟုတ်လို့ ဒေါ်စုပြော

ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ် မထင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဂျပန်ရောက် မြန်မာမိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံမှုအတွင်း အမေးအဖြေလုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် အတာသ င်္ကြန်နှစ် သစ်ကူး အခါသ မယ မိန့်ခွန်း”

Photo: "နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး

အခါသမယ မိန့်ခွန်း"

Sunday, April 14, 2013

မိဘပြည်သူများခင်ဗျား

ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်

ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်

ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခု

လို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအား

လုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ

လို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

ယခုလို နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာဟာ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းရဲ့ ရိုးရာ

ဓလေ့ ဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျွန်တော့် အနေ

နဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိက ပြောကြားလိုတာကတော့ ယခင်နှစ်

က ဒီမိုကရေစီအရေး ကြိုးပမ်းမှု ဖြစ်စဉ်နှင့်အတူ လူမှုရေး အထင်အမြင်လွဲမှား

မှုတွေကနေ တစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတည်ငြိမ်မှုတွေဆိုတဲ့ အမည်းစက်တွေကို အတာသင်္ကြန်ရေနဲ့ ဆေးကြော

သန့်စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေ၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေ၊ တည်ငြိမ်

အေး ချမ်းရေးကို ဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွမ်းနေတဲ့ မြန်မာနိုင်ငံအ

ဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်။

ယခုလို အလေးအနက် တိုက်တွန်းပြောကြားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမှုရေး သဟဇာတရှိရှိ အတူယှဉ်တွဲ နေခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ အမျိုးသားရေး အစဉ်အလာကို အခြေခံပြီး ပြောကြားရခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့ လူ့အဖွဲ့အစည်းဟာ အခက်အခဲ အကျပ်အတည်းများနဲ့ စိန်ခေါ်မှု များစွာ

ကို အတူလက်တွဲ ကျော်လွှားခဲ့ကြတာဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အယူအဆ ပေါင်းစုံ သဟဇာတ ဖြစ်ဖြစ် နေထိုင်နိုင်တဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် တက်လှမ်း နိုင်ခဲ့ တာဖြစ်ပါတယ်။

ယနေ့ မိမိတို့လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ် ဆိုရင်လည်း ပိုမိုပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက် နေတာ

ဖြစ်တဲ့အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲအကျပ်အတည်းနဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ကျော်လွှားတဲ့အခါမှာ အမျိုးသားစည်းလုံးမှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီမိုကရေစီတည်ဆောက်ရေးကို လက်တွဲချီတက်ခဲ့ကြ

တာ နှစ်နှစ်ကျော် ခဲ့ပါပြီ။ ဒီကာလအတွင်းမှာ မျှော်မှန်းမထားနိုင်

ခဲ့တဲ့ အောင်မြင်မှုတွေကို တက်လှမ်းနိုင်ခဲ့ သလို မျှော်လင့်မထားခဲ့

တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်တွေလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒီရေရှည်တည်ဆောက်ရမယ့် ဒီမိုကရေစီ ခရီးရှည်ကြီးမှာ အခုရရှိထား

တဲ့ အောင်မြင်မှုတွေကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာ

ယူကာ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား

ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပြင်ဆင်တယ်ဆိုရာမှာလည်း မိမိတို့လူ့ အဖွဲ့အစည်း တရပ်လုံးအနေနဲ့ စိတ်ရှည်မှု၊ သည်းခံမှု၊ ဇွဲရှိမှုတွေနဲ့ အား

သွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသင်္ကြန်ရက် အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ အတာရေသဘင် ပက်ဖျန်းတဲ့ နှစ်သစ်ကူးအတာသ

င်္ကြန်ကာလမှာ မိဘပြည်သူများ စိတ်နှစ်လုံး အေးချမ်းသာယာစွာ ရှိကြစေဖို့ ကျွန်တော့်အနေနဲ့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာ

ရေး ပုံဖော်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက် အဖျက်လုပ်ရပ်များကို

လည်း ဤသင်္ကြန်ကာလမှာ သတိထား ကာကွယ်သွား ကြပါရန်

တိုက်တွန်းအပ် ပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

မြ၀တီ
မိဘပြည်သူများခင်ဗျားယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ် ဝှမ်းရှိ နေ ရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ထိုင်းစစ် သား ၂ဦးေ သဆုံး

Photo: အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သား ၂ဦးသေဆုံး

Friday, 12 April, 2013

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်းစစ်သား နှစ်ဦးသေဆုံးခဲ့ပြီး လုံခြုံရေးသ

မားခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့အဆိုအရ ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်မှာရှိတဲ့ ပါးတနီးပြည်နယ်တွင်းက အစိုးရရုံးတွေ၊ မိုဘိုင်းဖုန်း ဧရိယာတိုင်တွေ

နဲ့ ကုန်စုံဆိုင်တွေဟာ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားရာနေရာ ၃၂နေရာထဲမှာပါဝင်နေတာဖြစ်ပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်တာတွေဟာ များသောအားဖြင့် ခြုံခိုတိုက်ခိုက်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

မွန်စလင်လူမျိုးတွေ အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ

ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ကိုးနှစ်အတွင်းမှာ လူပေါင်း ငါးထောင်ငါးရာကျော်သေဆုံးခဲ့ပြီးလို့လည်း သိရပါတယ်။

ABC Radio Australia

Myawady News
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိုင်းစစ်သား နှစ်ဦးသေဆုံးခဲ့ပြီး လုံခြုံရေးသမားခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ညီညွှ တ်ရေးနဲ့ စည်းကမ်း ရှိရေး အရေး ကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် မှာကြား

Photo: ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် မှာကြား

Saturday, April 13, 2013

မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစု

ကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။

နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာ သက်ဆိုင်ရာနိုင်ငံ

အသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်

ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။

တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ဒေါ်အောင်

ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito အပြင် ဝန်ကြီးချုပ် Shinzo Abe နဲ့လည်းတွေ့ဆုံမှာဖြစ်သလို တိုကျိုနဲ့ ကျိုတိုမြို့တွေ

က တက္ကသိုလ်တွေမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာ

မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။