ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ် ကြေညာ ထားသည်ကို တွေ့ရစဉ်
မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း
သိရှိရသည်။
ရပ်ကွက်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တန်ဖိုးနည်းဖုန်းများကို မဲနှိုက်ရောင်းချပေးနိုင် ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ
ညွန်ကြားထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် လစဉ်
ခွဲတမ်းအလိုက် တစ်လတစ်ကြိမ် မဲနှိုက်ရောင်းချမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။




