Thursday, April 25, 2013

လက်ပန်းတောင်းကြေးနီ စီမံကိန်းတွင် ရဲနှင့်လယ်သမား ပဋိပက္ခဖြစ်ပွား

လက်ပန်းတောင်း တောင်ဒေသက ကြေးနီစီမံကိန်းအတွက် လယ်မြေလျော်ကြေးပေးတာကို လက်မခံ မရယူဘဲ လယ်ထွန်မင်္ဂလာဆင်နွှဲတဲ့ လယ်သမားတွေကို ရဲက နှိမ်နင်းခဲ့ရာမှာ ၁ ဦး သေနတ်ထိမှန်ပြီး အနည်းဆုံး ၃ ဦး ဖမ်းဆီးခံရပါတယ်။

အပူချိန် မြင့်လာနေ၍ ကျန်းမာရေး သတိထားရန် လို

မြန်မာပြည် အလယ်ပိုင်းတွင်လည်း အပူချိန် မြင့်လျက်ရှိ (ဓာတ်ပုံ – ရဲနည် / ဧရာဝတီ)


မြန်မာနိုင်ငံတွင် အပူချိန်မြင့်နေပြီး အမြင့်ဆုံး ပြည်နယ်၊ မြို့များတွင် အပူချိန်သည် ၄၂ ဒီဂရီ ဖာရင်ဟိုက် အထိ ဖြစ်နေပြီး ဒုတိယ အပူချိန်အမြင့်ဆုံးဖြစ်သည့် ချင်း၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေသကြီးများတွင်မူ ၃၈ ဒီဂရီ ဖာရင်ဟိုက် ဖြစ်နေသောကြောင့် ခရမ်းလွန်ရောင်ခြည်ပါ အန္တရာယ်ရှိသည့်

အပူဒဏ် သိသိသာသာမြင့်တက်မှုကြောင့် မန်းတွင် သက်ကြီးရွယ်အိုများ သေဆုံးမှုရှိလာ

မန္တလေးတွင် အပူချိန်သိသိ သာ သာမြင့်တက်မှုကြောင့် သက်ကြီးရွယ် အိုများသေဆုံးမှုရှိလာကြောင်း မန္တလေး လူမှုကူညီရေးအသင်းများနှ င့် သေဆုံး သူမိသားစုဝင်များထံမှ သိရသည်။

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ

Photo: တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် ဝယ်ချင်တိုင်းမရ
Thursday ,April25 ,2013

မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။

အစိုးရကချမှတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲစနစ်နဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေ တစ်အိမ်တစ်ယောက်နှုန်း လျှောက်ထားခွင့်အတိုင်း မပြုလုပ်ပဲ မနေ့ကရောင်းချတဲ့အခါမှာ အဲ့ဒီစနစ်အတိုင်း အာဏာပိုင်တွေဘက်က မပြုလုပ်ခဲ့ဘူးလို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

"ကြေညာထားတဲ့ စည်းကမ်းအတိုင်း မဟုတ်ပဲနဲ့ ဘယ်နှစ်ယောက်လျှောက်လျှောက် ကိုယ်တိုင်နှိုက်စရာမလိုဘူး၊ ကိုယ်စားနှိုက်ရမယ်ဆိုတဲ့အတွက် တစ်ဦးတည်းလျှောက်မိတဲ့ ကျွန်မတို့အတွက် အခွင့်အရေး လျော့နည်းသွားပါတယ်။"

အလားတူ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာလည်း ပြည်သူတွေကို အစိုးရချမှတ်ထားတဲ့ မဲစနစ်နဲ့ ရောင်းချပေးတာမျိုးမရှိပဲ ဦးရာလူစနစ်နဲ့သာ ရောင်းချပေးခဲ့တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

"ပုသိမ်ကြီးမှာတော့ မဲနှိုက်ခွင့်မရဘူး၊ အရင်ရောက်တဲ့သူကို ရောင်းပေးတယ်။နေ့ခင်းမှာ အလုပ်သွားကြတာဆိုတော့ လျှောက်တဲ့သူမရှိဘူး ခင်ဗျ၊ SB၊စရဖတို့က သူတို့နဲ့ ရင်းနှီးသူတွေကို ဖုန်းကဒ်တွေ ပေးတယ်"

တချို့မြို့နယ်တွေမှာကတော့ တန်ဖိုးနည်း ၁၅၀၀ မိုဘိုင်းဖုန်းဆင်းကဒ်ကို တစ်အိမ်တစ်ယောက်နှုန်း မဲစနစ်အတိုင်း ရောင်းချပေးခဲ့ပြီး နောက်နေ့တွေလည်း ဒေသအနှံ့မှာ ဆက်လက်ရောင်းချသွားဖို့ ရှိပါသေးတယ်လို့ သိရပါတယ်

RFA Burmese News

မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူ တဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

Photo: 1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း
Thursday ,April25 ,2013


သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Ref & Credit to လင်းယံခ (မြန်မာစာ)

သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင်လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီအသံကြား လျှင်ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

ဒီမိုကရေစီအစ အိမ်တွင်းက

မိသားစုဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ယူနစ်တခု


ဒီမိုကရေစီ နိုင်ငံတော် တခုကို တည်ထောင်တဲ့ အခါမှာ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာ အာဏာရှင် ဆိုတဲ့ အကျင့်ဆိုး၊ စနစ်ဆိုး ကြီးကို ဖျောက်ပစ်ဖို့လိုပါတယ်။ ကျမတို့ နိုင်ငံကတော့ ဟိုးလွန်ခဲ့တဲ့

မိုးညှင်း ကျောက်လုပ်သားများ KIA တပ်သားသစ်အဖြစ် စုဆောင်းခံရ

Print This Post
မိုးညှင်းမြို့နယ်အတွင်းရှိ ရွှေမှော်လုပ်ကွက်တခု မြင်ကွင်း (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ ကျောက်လုပ်ကွက်များမှ လုပ်သား ၁၀၀ နီးပါးကို ဧပြီလ ၂၂ ရက်နေ့ ညပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တပ်သားသစ် စုဆောင်းသည်ဟု ဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။

ပြည်ထောင်စု ၀န်ကြီးတွေနဲ့ RFA တွေ့ဆုံ


Photo: ပြည်ထောင်စု ၀န်ကြီးတွေနဲ့ RFA တွေ့ဆုံ 
Thursday, April 25, 2013

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥရောပနိုင်ငံများအဖွဲ့ကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ ပြည်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့က တစ်ရက်ကြာလာရောက်ပြီး အမေရိကန်အစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ RFA က တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဝန်ကြီးဦးအောင်မင်းက ပိတ်ဆို့မှုတွေကြောင့် နစ်နာခဲ့ရပုံကို နိုင်ငံခြားပို့ကုန်တွေနဲ့ ဥပမာထား ပြောဆိုခဲ့ပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကလည်း PR လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့်စံနစ်ကို လာမယ့်သုံးလအတွင်း ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်ကြောင်းပြောကြားရင်း ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ ပြန်လည်လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာ အလားတူပါဝင်သူတစ်ဦးဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းကတော့ လယ်ယာသစ်တော မြေပြင်သယံဇာတတွေကို ဂြိုလ်တုစံနစ်သုံးလေ့လာဖို့ အမေရိကန်အဖွဲ့အစည်းတွေထံက အကူအညီပေးမယ့် ကတိတွေရရှိခဲ့ကြောင်း ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ နယူးယောက်မြို့ကနေ သမ္မတ ဦးသိန်းစိန်ကို ICG အဖွဲ့ကချီးမြှင့်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းဆုကို တနင်္လာနေ့က လက်ခံရယူပြီး ဝါရှင်တန်ဒီစီမြို့တော်ကို အင်္ဂါနေ့မနေ့က လာရောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကညနေပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော် ဒါးလပ်စ်လေဆိပ်ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။ ဝါရှင်တန်မှာ ရောက်ရှိစဉ် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့ဆုံမေးမြန်းခန်းတွေမှာ နားဆင်ပါ။

RFA News

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဥရောပနိုင်ငံများ အဖွဲ့ ကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာဟာ ပြည်သူတွေအတွက် များစွာအကျိုး ရှိမှာဖြစ်တယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

Facebook ပေါ်မှ သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလများကို တုံ့ပြန်ကာကွယ်နိုင်ရန် နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း အလွှာစုံတို့ ဆွေးနွေး

facebookdefense-april24လူမှုကွန်ရက် သုံးစွဲသူများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလများကို ကာကွယ်နိုင်ရန် နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်းစုံဆွေးနွေးနေစဉ်
Facebook လူမှုကွန်ရက် စာမျက်နှာ သုံးစွဲသူများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် ကောလာဟလများကို ကာကွယ်နိုင်ရန် နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း အလွှာပေါင်းစုံ ပါဝင်သည့် ဆွေးနွေးပွဲ တစ်ခုကို ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
လက်ရှိတွင် အသက်(၃၃)နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။ သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့် အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။


"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Emailနဲ့ Faxတွေရောပေါ့။ အဲဒါတွေ အားလုံးကို ဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်"ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့် မဟုတ်ဘူး။ ကျွန်တော့် သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်"ဟု ရေးသားထားသည်။

အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပယ်။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်"ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်း ဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇)နှစ်က ပြင်သစ်တွင် အမျိုးသမီး တစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာ မရှိပါဘူး။ အဓိက အချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်"ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူ လက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏ သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။

ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ် အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ထပ်မံအသိပေး

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ် ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှု အတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်/

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ပြောကြား

ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ထောက်ခံပါကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ရာတွင် ပြောကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
"အင်ဒိုနီးရှားသမ္မတ ဆူစီလိုယူဒိုယိုနိုက မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ နားလည်ပါတယ်။ ဒါတွေကို ဖြေရှင်းနေတဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံ ကိုလည်း ထောက်ခံ တယ်ဆိုပြီး သမ္မတကြီးကို ပြောခဲ့ပါတယ်" ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။

Wednesday, April 24, 2013

" မန်ယူကစားသမားဟောင်းများ မြန်မာနိင်ငံလာရောက်မည့် ရန်ပုံငွေ ခြေစမ်းပွဲ သတင်းစာရှင်းလင်းပွဲ ပြီးမှသာ အတည်ပြုနိင်မည်"

Photo: " မန်ယူကစားသမားဟောင်းများ မြန်မာနိင်ငံလာရောက်မည့် ရန်ပုံငွေ ခြေစမ်းပွဲ သတင်းစာရှင်းလင်းပွဲ ပြီးမှသာ အတည်ပြုနိင်မည်"


ရန်ကုန်၊ ဧပြီ ၂၄

မန်ယူကစားသမားဟောင်းများ ရန်ပုံငွေ ခြေစမ်းပွဲ မြန်မာနိုင်ငံ၌ လာမည့်ဇွန်၉ရက်တွင်လာရောက်ကစားကြမည့် ပွဲနှင့် ပတ်သက်၍ အတည်ပြုမှုကို သတင်းစာရှင်းလင်းပွဲ ပြီးမှသာ အတည်ပြုနိင်မည်ဟု ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
“တကယ် လာဖြစ်မလား၊ မလာဖြစ်ဘူးလားဆိုဆာတော့ ၂၆ ရက်နေ့မှာ လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှ သိရမှာပါ”ဟု ဘောလုံးအဖွဲ့ချုပ်မှသတင်းပြန်ကြားရေး ဒါရိုက်တာ ဦးစိုးမိုးက ပြောသည်။

လက်ရှိတွင် မြန်မာဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုကတွင် မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းများ ဖြစ်သည့် အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ လီရှပ်၊ ကလေတန်၊ ဘလက်မိုးတို့သည် လာမည့် ဇွန်လ ၉ ရက်နေ့တွင် သုဝဏ္ဏကွင်း ခြေစမ်းပွဲလာကစားမည်ဟု သတင်းများ ဖော်ပြထားသည်။
AZ

မန်ယူကစားသမားဟောင်းများ ရန်ပုံငွေ ခြေစမ်းပွဲ မြန်မာနိုင်ငံ၌ လာမည့်ဇွန်၉ရက်တွင် လာရောက် ကစား ကြမည့် ပွဲနှင့် ပတ်သက်၍ အတည်ပြုမှုကို သတင်းစာရှင်းလင်းပွဲပြီးမှသာ အတည်ပြုနိင်မည် ဟု ဘောလုံး အဖွဲ့ချုပ်မှသိရသည်။

ခေါင်းအုံးနှင့်ကျန်းမာရေး

ခေါင်းအုံးနှင့်ကျန်းမာရေး
=============

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများ သည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ် သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါ ကူးစက်တတ် သည်။ 

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။ အထူးသဖြင့် အအေးမိရောဂါနှင့် အခြား ကူးစက် တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။

Ref: Good Health

မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွား တတ် သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ

Photo: တန်ဖိုးနည်း ဖုန်းကတ် ဦးရာလူစနစ်ဖြင့် ရောင်းသဖြင့် ခိုက်ရန်ဖြစ်ပွားမှုရှိ
Wednesday, April 24, 2013

မန္တလေးတိုင်းဒေသကြီးအတွက် ခွဲတမ်းရသည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဆင်းကတ် ၆ သောင်းကျော်ကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမှုကြောင့် မန္တလေး ချမ်းမြသာစည်နှင့် အောင်မြေသာစံမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကာ ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

“ကျမတို့က မနက် ၂ နာရီ ကတည်းက ရပ်ကွက်ရုံးမှာ တန်းစီရတာပါ။ သူတို့က မနက် ၉ နာရီမှာ တိုကင်ဝေပါတယ်။ ၁၀ နာရီကြမှ တိုကင်နဲ့ ဖုန်းကတ်တွေကို လဲလှယ်ရတာပါ။ ဒါကို ကျမတို့ ကြားကနေ လူတွေက ဖြတ်ကျော်တော့ မခံနိုင်တဲ့ လူတွေက ပြောကြဆိုကြ၊ ဆဲကြနဲ့ ခိုက်ရန်ဖြစ်ပွားကြတာပါ။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေနဲ့ကလည်း ရောင်းချမယ့် ကတ် အရေတွက်ကို ကျမတို့ ပြည်သူတွေကို ချမပြဘူး။ အဲဒီတော့ ရောင်းချမယ့် ကတ်ထက် လူတွေက ပိုများပြီး တန်းစီ စောင့်ကြရတာ ပင်ပန်းတာပဲ ရှိတယ်။ တချို့ မရဘဲ ပြန်ကြရတာတွေ ရှိတယ်။ အမှန်ဆို ကတ် ၁၀၀ ဆိုရင် လူ ၁၀၀ တန်းစီပြီး စောင့်ယူရုံပဲပေါ့” ဟု ၁၅၀၀ တန် ဖုန်းကတ်ကို တန်းစီစောင့်ဆိုင်းခဲ့သော ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသမီးတဦးက ပြောသည်။

အိမ်ထောင်စု ၂၀၀၀ ကျော်ကို ဆင်းကတ် ၁၆၀ သာ ရရှိခဲ့ခြင်း ဖြစ်ပြီး လိုအပ်ချက် မြင့်မားနေသည့် ဆင်းကတ်များကို သူ့ထက်ငါ အပြိုင်အဆိုင် ၀ယ်ယူရင်းမှ ရန်ဖြစ်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ချမ်းမြသာစည် မြို့နယ်ရဲစခန်းမှ ဆင်းကတ်ရောင်းချနေသည့် ရပ်ကွက်ရုံးများကို သံဆူးကြိုးများ ကာရံထားရကြောင်း သိရသည်။

မန္တလေးဟိုတယ်လုပ်ငန်းရှင် တဦးက မန္တလေးတွင် ကျပ် ၁၅၀၀ တန် ဆင်းကတ် ရောင်းချနေပုံနှင့် ပတ်သက်၍ “အစိုးရက နေရာတကာ စီးပွားရေးလိုက်ပြီး မလုပ်သင့်ပါဘူး။ ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တာတွေ များတယ်။ အထူးသဖြင့် ဆက်သွယ်ရေး ဘက်မှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီတွေ များတယ်။ ကုမ္ပဏီအနေနဲ့ ဒါတွေကို အသေးစိတ် လိုက်ပြီး လုပ်ဆောင်သွားလိမ့်မယ်။ နိုင်ငံတော် အနေနဲ့က ဒီအပေါ်ကနေ အခွန်ပဲကောက်ဖို့ ကောင်းတယ်။ အခုတော့ ဖုန်းကတ်လေး တကတ်ရဖို့ ခေတ်နောက်ပြန် ဆွဲနေသလိုပဲ၊ လမ်းဘေးမှာ တန်းစီပြီး စောင့်နေကြရတယ်။ ဒါမျိုး နိုင်ငံတကာ အမြင်မှာ ကြည့်လို့ မကောင်းပါဘူး” ဟု ပြောသည်။

တချို့က နံနက် အစောကြီးထကာ တိုကင်များ သွားရောက်တန်းစီပြီး ယင်းတိုကင်များကို ရပ်ကွက်ထဲသို့ ပြန်လည် ရောင်းစားကြောင်း၊ တိုကင်တခုလျှင် ကျပ် ၈ ထောင်မှ ၁ သောင်းဝန်းကျင်ဖြင့် ရောင်းချကြောင်း၊ ချမ်းမြသာစည်မြို့နယ်ကို ဆင်းကတ် ၅၅၀၀ ချပေးထားသော်လည်း ရပ်ကွက်များတွင် လူဦးရေ နေထိုင်မှု များပြားသည့် အတွက် လောက်ငခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ အောင်မြေသာစံမြို့နယ်မှာ သီရိကျက်သရေ အရှေ့ရပ်ကွက်က ဆင်းကတ် ၂၄ ကတ်ပဲ ရတယ်။ ပုလဲငွေရောင် ၅၀၊ ဌာနီအနောက် ၇၀၊ လူဦးရေ ထူထပ်တဲ့ မတဲအီကင်း ရပ်ကွက်က ၂၈၀ ရတယ်။ ဒါပေမယ့် လူတွေက တအားများတော့ လူတိုင်းစေ့ ရဖို့တော့ ခက်ခဲတာပေါ့။ နောက်လကျရင်တော့ မရကြသေးတဲ့ လူတွေကို ဦးစားပေးစနစ်နဲ့ ရောင်းချသွားမှာပါ” ဟု အောင်မြေသာစံမြို့နယ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့တွင် ခွဲတမ်းအနေဖြင့် ၃၂၄၀၀ ရရှိပြီး ကျန်ခရိုင်နှင့် မြို့နယ် ၆ ခုအတွက် ဆင်းကတ် ၃၂၆၀၀ ကို ခွဲတမ်းချပေးမည် ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့တွင် မြို့နယ် ၇ ခုရှိပြီး ခွဲတမ်းများအနေဖြင့် အောင်မြေသာစံ မြို့နယ်အတွက် ၄၅၀၀၊ ချမ်းအေးသာစံမြို့နယ် အတွက် ၃၅၀၀၊ မဟာအောင်မြေမြို့နယ် အတွက် ၃၅၀၀၊ ချမ်းမြသာစည် မြို့နယ်အတွက် ၅၅၀၀၊ ပြည်ကြီးတံခွန် မြို့နယ် အတွက် ၃၅၀၀၊ အမရပူရမြို့နယ် အတွက် ၅၉၀၀ နှင့် ပုသိမ်ကြီးမြို့နယ်အတွက် ၆၀၀၀ တို့ ဖြစ်သည်။

ရန်ကုန်နှင့် တခြားမြို့ကြီးများမှ ရပ်ကွက်ကျေးရွာများကို မဲခွဲစနစ်ဖြင့် ဆင်းကတ်များ ရောင်းချပေးခဲ့သော်လည်း မန္တလေးတိုင်း ဒေသကြီးတွင် ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဦးရာလူစနစ်နှင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဦးရာလူစနစ်နဲ့ ဆိုပေမဲ့ ရပ်ကွက်မှူးတွေကို ကိုယ့်ရပ်ကွက်အလိုက် ခွဲတမ်းချပေးလိုက်တာပါ။ ဦးရာလူ စနစ်ဆိုတဲ့အတိုင်း နီးစပ်တဲ့ ရပ်ကွက်တွေက အကုန်စုပြုံပြီး လာတယ်ဆိုရင် ကျန်တဲ့ရပ်ကွက်တွေက မရတာမျိုး၊ မသိလိုက်တာမျိုး မရှိရလေအောင်လို့ ကျနော်တို့ ဒီလိုစနစ် လုပ်လိုက်တာပါ။ ကိုယ့်ရပ်ကွက်မှူးဆီမှာ ကိုယ့်ဘာသာ ဦးအောင် တန်းစီရမှာ ဖြစ်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ဥက္ကဋ္ဌ ဧရာဝတီ ပြောသည်။

CDMA ၈၀၀ ဆင်းက၀ယ်သူများကို အိမ်ထောင်စု မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့် ၀ယ်ယူရကြောင်း သိရသည်။

လက်ရှိရောင်းချနေသော ဆင်းကတ်များမှာ CDMA 800 MHz အမျိုးအစား ဟန်းဆက်များတွင်သာ အသုံးပြုရပြီး ငွေဖြည့်ကတ်မှာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်နှင့်သာ သုံးစွဲနိုင်ကြောင်း သိရသည်။

သို့သော်လည်း ယင်းငွေဖြည့်ကတ် များကို မန္တလေးမြို့ပေါ်ရှိ ဆိုင်ကြီး ၃ ဆိုင်တွင်သာ ၀ယ်ယူရရှိမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာခဲ့သည်။

ယင်းဆိုင်များမှာ ၂၆ ဘီလမ်းပေါ်မှ I – Phone ဆိုင်၊ ၇၈ လမ်းပေါ်မှ Any Call ဆိုင်နှင့် Best Oneဆိုင်တို့ ဖြစ်သည်။ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၆ ခုရှိ ဆိုင်ပေါင်း ၇၉ ဆိုင်တွင်သာ ရောင်းချခွင့်ရှိသည်။

ဖုန်းခေါ်ဆိုခမှာ အထွက်ခေါ်ဆိုမှု နှုန်းထား တစ်မိနစ် ၅၀ကျပ် ဖြစ်ပြီး အ၀င်ခေါ်မှုအတွက် ပေးဆောင်ရန် မလိုပေ။ အင်တာနက် အသုံးပြုမှုမှာ တစ်မိနစ် ၄ ကျပ်နှုန်း ဖြစ်သည်။ နိုင်ငံခြား ခေါ်ဆိုခ နှုန်းထားမှာ MECTel အမှတ်တံဆိပ်ပါ နိုင်ငံခြား ငွေသုံးကတ်ကို ထည့်သွင်း ပြောဆိုနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသည်များသည် သက်ဆိုင်ရာ၊ ပြည်နယ်၊ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှိ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အင်တာနက် စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ် တသောင်းကျော် ပေးသွင်းရမည် ဖြစ်သည်။

ကျပ် ၁၅၀၀ တန် ဆင်းကတ်များ ရောင်းချပေးနေချိန်တွင် တချို့သော သူများက ငွေကျပ် ၂ သိန်းတန် ဖုန်းများကို ကျပ် ၃ သိန်းကျော် ပေးပြီး ၀ယ်ယူနေသူများ ရှိနေပြီး အမှန်တကယ်အရောင်းဝယ် ဖြစ်သူများလည်း ရှိနေကြောင်း သိရသည်။

“ကျနော့် ဖုန်းကို ကျပ် ၃ သိန်းနဲ့ လာပြီးဝယ်တယ်။ ကျနော်လည်း ရောင်းလိုက်တယ်။ ဘာအတွက် ဘယ်လိုဆိုတာတော့ ကျနော်လည်း သေချာမသိဘူး။ သူလည်း ၀ယ်ချင်နေတာရယ်၊ ကျနော်လည်း မြတ်တာနဲ့ ရောင်းလိုက်တာပါ” ဟု မန္တလေး ချမ်းမြသာစည် အနောက်ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာနှင့် ထုံးဘိုကျေးရွာတွင် ကျပ် ၂ သိန်းတန် ဆင်းကတ်များကို ကျပ်တစ်သိန်း ရှစ်သောင်း ပေးပြီး ညတွင်းချင်း လိုက်လံရှာဝယ်နေသူများလည်း ရှိကြောင်း သိရသည်။

ကျပ် ၁၅၀၀ တန် ဆင်းကတ်များအတွက် မြန်မာနိုင်ငံ တ၀န်လုံးတွင် ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်း တည်ဆောက်ထားပြီး မန္တလေးတွင် ရေဒီယိုတိုင် စခန်းပေါင်း ၅၁ ခု တည်ဆောက်ထားပြီး ဖြစ်သည်။ သို့သော်လည်း ရေဒီယိုတိုင် စခန်းများကို ထပ်မံ တည်ဆောက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့ဆက်သွယ်ရေးမှ ဧရာဝတီ ၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကျပ် ၁၅၀၀ တန်ဖုန်းများ ချထားပေးသည့် ဧပြီ ၂၄ ရက်နေ့ မတိုင်မီကပင် မန္တလေးမြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင်များမှ CDMA ၈၀၀ ဟန်းဆက်များမှာ လက်ရှိ ပေါက်ဈေးထက် ကျပ် ၂ သောင်းကျော် ဈေးတက်သွားကြောင်း ဟန်းဆက် အရောင်းဆိုင်များမှ သိရသည်။

ဧရာဝတီ

မန္တလေးတိုင်းဒေသကြီးအတွက်ခွဲတမ်းရသည့် ကျပ် ၁၅၀၀ တန် CDMA ၈၀၀ ဆင်းကတ် ၆ သောင်းကျော်ကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမှုကြောင့် မန္တလေးချမ်းမြ သာစည်နှင့် အောင်မြေသာစံမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ကာ ရဲများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား


Photo: မိနစ်ပိုင်းတာ သရုပ်ဆောင်ခ ကန်ဒေါ်လာ ၂ သန်းရတဲ့ ဂျိမ်းဆဘွန်းမင်းသား
Wednesday, April 24, 2013

မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရ တယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။

သူများသားသမီးတွေများ ကံကောင်းချက်က မိုင်ကုန်ပါပဲ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့ခေါ်တဲ့ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယမ်ဟာ ကံအကောင်းဆုံး ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဖွား မင်းသားမို့လို့ အင်္ဂလန်ထုတ်ကား Land Rover ကလည်း အားကိုးရှာ ပါတယ်။

နယူးယောက်မော်တောယာဉ်ပြပွဲ စတိတ်စင်ပေါ် တစ်ခါတက်မောင်းပြီး ပရိတ်သတ်ကို ပြုံးပြဖို့ Land Rover က တိုက်တွန်းပါတယ်။ တိုက်တွန်းသလို ဒန်နီယမ် ခရစ် (Daniel Craig) လည်း လုပ်ပါတယ်။ လုပ်ပြီး ပြန်ဆင်းသွားတာ ဘယ်လောက်မှမကြာလိုက်ပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၂ သန်းကြီးတောင် ပေးရပါတယ်။

တွင်သွားတဲ့ စကားတစ်ခုကတော့ ဒန်နီယမ် ကားတစ်ခါမောင်းရင် ကန်ဒေါ်လာ ၂ သန်းပေးရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ယင်းအပေါ် Land Rover ဘယ်လို သဘောရလဲ မေးတော့ "ဒန်နီယမ်ကို ကျေးဇူးတင် ပါတယ်။ သို့ပေမယ့် လာမယ့်နှစ် ဘတ်ဂျတ်အသုံးချရေးမှာတော့ ဒီလိုမလုပ်ဖြစ်တော့ဘူးထင်တာပဲ" လို့ ရှက်ဖြေဖြေသွားပါတယ်။

ရှက်ချင်မှ ရှက်မှာပါ။ Land Rover ဆိုတာ ကမ္ဘာမှာ အောင်မြင်တဲ့ ကားကုမ္မဏီတစ်ခုပါပဲ။ ကန်ဒေါ်လာ ၂ သန်းလောက်ရင်းပြီး မင်းသား တစ်လက် အသုံးပြုမှုလောက်တော့ မှုမယ့်ပုံမပေါ်ပါဘူး။ သို့ပေမယ့် ဒန်နီယမ်ကို နောက်တစ်ခါ ၂ သန်းပေးပြီး ကြော်ငြာ ခိုင်းဖို့ မသေချာတော့ကြောင်း သိရပါတယ်။ 

TechSpace Journal


မိနစ်ပိုင်းလောက်ပဲ သရုပ်ဆောင်ရတာ အမေရိကန်ဒေါ်လာ ၂ သန်းရတယ်ဆို ဘယ်သူယုံပါသလဲ။ တကယ်ရတဲ့ မင်းသား ရှိပါတယ်။ သူကတော့ လက်ရှိ ဂျိမ်းဆဘွန်းမင်းသား ဒန်နီယန်ခရစ် ဖြစ်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး”


“ဘင်္ဂလားဒေ့ရှ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၇၀ သေဆုံး”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ(၇၀)မျှ သေဆုံးသွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြိုကျခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ 

(၈)ထပ်မြင့်သော အဆောက်အအုံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ရူဟယ်လ်ဟာကျူက "အသေအပျောက် စာရင်းက (၇၀)ထိ ရှိလာပါပြီ"ဟု အတည်ပြုခဲ့သည်။

ဆေးရုံအသီးသီးသို့ တင်ပို့ပေးလိုက်ရသူ အရေအတွက်မှာလည်း (၆၀၀)အထက်တွင် ရှိနေပြီဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။ ထို့အပြင် အဆောက်အအုံ ပြိုကျထားသည့် နေရာအောက်တွင် လူပေါင်းများစွာ ပိတ်မိနေဆဲ ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21410


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်တွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ(၇၀) မျှ သေဆုံးသွားကြောင်း သိရှိရသည်။ ဆာဗားရှိ အဆောက်အအုံသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြိုကျ ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း(၆၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ၁ နှစ်အကြာ NLD ဘာတွေလုပ်နိုင်ခဲ့သလဲ


၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ကျမ်းကျိန်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ လွှတ်တော် အမတ်များ (ဓာတ်ပုံ – ဧရာဝတီ)


ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ဧပြီလ ၁ ရက်နေ့ တွင် ကျင်းပသော လစ်လပ် မဲဆန္ဒနယ် ၄၅ ခုအတွက်

နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်

Photo: နေရောင်ခြည် ထိတွေ့ထားသော မှိုများကို စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ကြွယ်ဝစွာ ရရှိစေနိုင်

အေပြီ ၂၄ ရက် ၂၀၁၃

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာမင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

ထို့အပြင် မှိုများကို မစားသုံးမီ နာရီဝက်ကြာ နေရောင်ခြည်နှင့် ထိတွေ့ စေခြင်းဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်ကို ဗီတာမင် အဖြစ် သို့  ပြောင်းလဲပေးနိုင်ကြောင်း သုတေသန ပညာရှင် များက လေ့လာ တွေ့ရှိခဲ့ သည်။

အာဟာရဓာတ် ပြည့်ဝသော အစားအစာများသည် ကိုယ်ခံအားစနစ်၊ အရိုးနှင့် သွားများ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကယ်လ်စီယံဓာတ် စုပ်ယူမှုများ အတွက် မရှိမဖြစ် လိုအပ်သော အရာများဖြစ်သည်။

အဆိုပါ လေ့လာမှုတွင် သုတေသီများသည် အသက် ၃ဝ အရွယ်လူများ အား ဗီတာမင်ဒီ များစွာ ပါဝင်သည့် ဆေးလုံးများကို သီတင်းပတ် ၁၂ ပတ်ကြာ နေ့စဉ် တိုက်ကျွေးခြင်း သို့မဟုတ် အာဟာရဓာတ် များစွာပါဝင်ပြီး နေရောင်ခြည်နှင့် ထိတွေ့ထားသော မှိုများကို တိုက်ကျွေးခြင်းဖြင့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ လေ့လာဆန်းစစ်  မှုပြီးဆုံးချိန်တွင် အဆိုပါ ဗီတာမင်ဒီ ဆေးလုံးများနှင့် မှိုစားသုံးသူများတွင် ဗီတာမင်များ ကြွယ်ဝလျက် ရှိပြီး ၎င်းတို့ ၏ ဗီတာမင် ကြွယ်ဝမှု ပမာဏသည် များစွာကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ထူးခြားသော လက္ခဏာရပ်များကို မတွေ့ရှိခဲ့ပေ။

နွေဦးနှင့် မိုးဦးရာဦ နှောင်းပိုင်းကာလများတွင် မှိုများကို ခူးယူပြီးနောက် နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီကြားအချိန် အတွင်း မိနစ် ၆ဝ ခန့် နေရောင်ထိတွေ့ ပြီးမှသာ စားသုံးသင့်ကြောင်း စားသုံးသူများအား သုတေသန ပညာရှင်များက အကြံပြု ပြောကြား ထားသည်။

Myawady

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ထားသော သို့မဟုတ် နေခြောက်လှန်း ထားသော မှိုများသည် ဗီတာ မင်ဒီ ကြွယ်ဝသည့် ကျန်းမာရေး ဖြည့်စွက်စာ အဖြစ် အထောက်အပံ့ ပေးနိုင်ကြောင်း အမေရိကန် ဇီဝ ဓာတုနှင့် အဏုဇီ ဝဗေဒမှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးမှု အတွက် တင်ဒါခေါ်ယူ

မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးမှု အတွက် တင်ဒါခေါ်ယူ 

Wednesday 24th April 2013 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ချက် အရ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်း အတွက် တင်ဒါ ဈေးပြိုင် ခေါ်ယူ

လျက်ရှိတယ်လို့ သိရပါတယ်။ အခုလို ခေါ်ယူရာ မှာလည်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ လက်ရှိ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် လိုတဲ့ အဖွဲ့အစည်းများကို ဈေးပြိုင် တင်ဒါများကို ခေါ်ယူတာ ဖြစ်ပါတယ်။

 

အဆိုပါ တင်ဒါ တင်သွင်းဖို့ အတွက် လိုအပ်တဲ့ အသေးစိတ် အချက်အလက် များနဲ့ တင်ဒါပုံစံ များကို ရုံးအမှတ် ၂ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နေပြည်တော်မှာ ပုံစံတစ်စောင်ကို ငွေကျပ် တစ်သိန်း နှုန်းနဲ့ ဧပြီလ ၂၂ ရက်နေ့ ကစတင်ပြီး ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက် တိုးတက် ဖွံ့ဖြိုးရေး အတွက် ကုန်ကျစရိတ် များကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျခံမှာ ဖြစ်ပြီး ဈေးပြိုင် တင်ဒါ တင်သွင်းသူတွေ အနေနဲ့ တင်ဒါ တင်သွင်းမှု စည်းမျဉ်းများ အတိုင်း လူကိုယ်တိုင် လာရောက် တင်သွင်းရမှာ ဖြစ်ပါတယ်။ အခုလို တင်ဒါ ပေးသွင်း ရာမှာလည်း မေလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲ မတိုင်မီ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို တင်ဒါပေး သွင်းရမှာဖြစ်ပြီး ဈေးပြိုင် တင်ဒါများ ကိုတော့ ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှာ ဖွင့်ဖောက် စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > MRTV-4 <<Thank

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တိုးတက် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တင်ဒါ ဈေးပြိုင် ခေါ်ယူ

“အခြေခံဥပဒေ ဘယ်လောက်ထိ ပြင်နိုင်မလဲ”

Share
စစ်အစိုးရလက်အောက်မှ အရပ်သားအစိုးရဆီသို့ ကူးပြောင်းခဲ့ပြီးနောက် အများမျှော်သည့် လွှတ်တော်သည်လည်း ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်သုံးရပ်၏ တာဝန် များနှင့်အညီ ဆောင်ရွက်နေကြသော်လည်း အဓိကပြဿနာသည်ကား အခြေခံဥပဒေပင်ဖြစ်၏။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယခင် တပ်မတော်အစိုးရ လက် ထက် ပြည်သူ့ဆန္ဒခံယူခဲ့ သော ဥပဒေဖြစ်သော်လည်း

မာန်အောင် NLD ကံစမ်းမဲများ ရောင်း၍ ပါတီ ရန်ပုံငွေ ရှာဖွေမူ အောက်ခြေ ပါတီဝင်များ ကန့်ကွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တချို့မှ ကံစမ်းမဲများ ရောင်းချ၍ ပါတီ ရန်ပုံငွေ ရှာဖွေမူကို အောက်ခြေ ပါတီဝင်များက ကန့်ကွက် ဆန့်ကျင်နေကြသည်ဟု ပါတီ အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုသန်းနိုင်က ပြောသည်။

မိုးညှင်းမြို့နယ် ကျောက်မှော်များတွင် KIA အဖွဲ့မှ လူ ၆၀ ဦးအား ဖမ်းဆီးခဲ့

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ကျောက်မှော်နှစ်ခုတွင် KIA အဖွဲ့မှ ဒေသခံရွာသားများနှင့် ကုမ္ပဏီဝန်ထမ်းအချို့အား လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး သွားခဲ့ကြောင်း သိရ သည်။

“၃ နှစ်ကြာ ဥမင်တူး၍ ရေနံတန်ချိန် ၃၀ ခန့် ခိုးယူခဲ့သူ”


Photo: “၃ နှစ်ကြာ ဥမင်တူး၍ ရေနံတန်ချိန် ၃၀ ခန့် ခိုးယူခဲ့သူ”

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသတွင် နေထိုင်သူ တစ်ဦးသည် ကိုယ်တိုင်တူးထားသည့် ဥမင်တစ်ခုမှတစ်ဆင့် ရေနံ တန်ချိန် (၃၀)ခန့်ထိကို ခိုးယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။ မီတာ(၆၀)ရှည်လျားသည့် သတ္တုဥမင် တစ်ခုကို (၃)နှစ်ကြာ တူးဖော် ဖော်လုပ်ခဲ့သည့်နောက် ၎င်းသည် ဒေသတွင်း လောင်စာဆီ ပိုက်လိုင်းမှ ဆီများကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော်လည်း ၎င်း၏ လုပ်ရပ်သည် သက်တမ်းရှည်ရှည် မခံခဲ့ဘဲ ရဲများက ဖမ်းမိသွားခဲ့သည်။ ထိုသူက မိမိသည် (၂၀၁၀)ပြည့်နှစ်မှ (၂၀၁၃)ခုနှစ်ထိ (၃)နှစ်ကြာ အချိန်ယူကာ ယင်းဥမင်ကို ဖောက်လုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
၎င်းပိုင်ဆိုင်သည့် ခြံဝင်းအတွင်းမှနေ၍ ပိုက်လိုင်းသို့ ဆက်သွယ်သော ဥမင်ကို အဆိုပါ သံသယ တရားခံက မြေအောက်တွင် သွယ်တန်း ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပိုက်လိုင်းကို ရုရှားရေနံလုပ်ငန်းကြီး Transneftက ပိုင်ဆိုင်သည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21403

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား ဒေသတွင် နေထိုင်သူတစ်ဦးသည် ကိုယ်တိုင်တူးထားသည့် ဥမင်တစ်ခုမှ တစ်ဆင့် ရေနံတန်ချိန် (၃၀)ခန့်ထိကို ခိုးယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။ မီတာ(၆၀)ရှည်လျားသည့် သတ္တုဥမင် တစ်ခုကို (၃)နှစ်ကြာ တူးဖော် ဖော်လုပ်ခဲ့သည့်နောက် ၎င်းသည် ဒေသတွင်း လောင်စာဆီ ပိုက်လိုင်းမှ ဆီများကို ခိုးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြို့ပေါ်၌ တာဝါတိုင်(၃)တိုင်တည်ထောင်၍ ပေါင်းတည်ဒေသခံများ ဆန္ဒထုတ်ဖော်


မြို့ပေါ်၌ တာဝါတိုင်(၃)တိုင်တည်ထောင်၍ ပေါင်းတည်ဒေသခံများ ဆန္ဒထုတ်ဖော်

အေပြီ ၂၄ ရက် ၂၀၁၃

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ဂတ်စ်တာဘိုင်မှ ရန်ကုန်တိုင်းဒေသကြီး မြောင်းတကာသို့ ပို့လွှတ်သော မဟာဓါတ်အားလိုင်းဖြတ်သန်းသွားရာ ပြည်ခရိုင်ပေါင်းတည်မြို့တွင် စီမံကိန်းလမ်းကြောင်းပြောင်း၍ မြို့ပေါ် ရပ်ကွက်၌ တာဝါတိုင်ထောင်ခြင်းကြောင့် ဒေသခံ (၂၀၀)၀န်းကျင်က ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ကျေးရွာရပ်ကွက်တွင် တာဝါတိုင်ထောင်မည်ဟု ဆိုထားသော်လည်း မြို့ပေါ်ရပ်ကွက်များ၌ပါ  တာဝါတိုင်ထောင်ထားခြင်းကြောင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက အသက်အန္တရာယ် ရှိနိုင်စေမည်စိုး၍ ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသူတို့ကဆိုသည်။ 

“အဲ့ဒီ ရွှေတောင်မဟာဓါတ်လိုင်းဖြတ်သွားမယ့် မူလလမ်းကြောင်းနဲ့ မီတာ(၁၅၀)လောက် ပြောင်းသွားတယ်။ ကျွန်တော်တို့က မေးတော့ နိုင်ငံတော် ဘတ်ဂျက်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရလို့ အခုလို လမ်းကြောင်းပြောင်းရတာလို့ ပြောတယ်။ ပြီးတော့ သူတို့က သဘာဝဘေးအန္တရယ်အတွက် လုံးဝ အာမ မခံဘူး။ ”  ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မဟာဓါတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းတည်ဆောက်ရေးလမ်းကြောင်းမှားယွင်းခြင်းနှင့် ၂၀၁၃နှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ထုတ်ပြန်သည့်ရင်းနှီးမြုပ်နှံမှုဥပဒေတွင် လူနေအိမ်ထူတပ်သောနေရာများ၌ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် သွယ်တန်းခြင်းမပြုရဆိုသည့်အချက်နှင့် လွဲမှားနေခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကိုလည်း ၄င်းကဆက်ပြောသည်။

ရွှေတောင် မြောင်းတကာ မဟာဓါတ်အားလိုင်း စီမံကိန်းမှာ ပေါင်းတည်မြို့ရှိ (၄၄)လမ်းပေါ်မှ ဖြတ်သန်းသွားပြီး တာဝါတိုင် (၃)တိုင်တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ မြို့တွင် လူဦးရေ (၆)သောင်း ၀န်းကျင်ရှိသည်။

၄၄ လမ်း၏ တစ်ဝက်မှာ ဘွဲ့ပင်ခံရပ်ကွက်ရက်ကွတ်အတွင်း ပါရှိပြီး ကျန်တစ်ဝက်မှာ အုန်းတုံးပင်ကျေးရွာ ပါဝင်ကြောင်း သိရသည်။

 မူလ လေ့လာတွက်ချက်ထားသည့် စီမံကိန်းလမ်းကြောင်းမှာ အုန်းတုံးပင်ကျေးရွာဘက်ခြမ်းတွင် ကျရောက် သည်ဟု၍လည်း ဒေသခံတို့က ဆိုသည်။

“ကျွန်တော့် တစ်သက် အတွေ့အကြုံအရဆို အခု ဒီမဟာဓါတ်အားပေးလိုင်းမှာ တည်ဆောက်ထားတဲ့ တာဝါတိုင်တွေကို တော်တော်လေး safty ဖြစ်အောင် လုပ်ပေးထားတာပါ။ လျှပ်စစ်ဓါတ်အား လုံလောက်မှုက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုလဲ အထောက်အကူ ပြုနိုင်တယ်လေ။ ကျွန်တော်တို့ အနေနဲ့က နိုင်ငံတော် ဖွံ့ဖျြုးတိုးတတ်ဖို့ကို ကြည့်စေချင်တယ်။” ဟု ပေါင်းတည်မြို့ အထောက်အကူပြု အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းမဟာဓါတ်အားလိုင်းကို မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း (M.E.P.E)က တာဝန် ယူ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့မှ သဲကုန်းမြို့၊ ပေါင်းတည်မြို့၊ ဇီးကုန်းမြို့၊ မင်းလှမြို့၊ သာယာဝတီမြို့ စသည့်မြို့များကို ဖြတ်သန်းကာ ရန်ကုန်တိုင်း မှော်ဘီ မြောင်းတကာသို့  ဗို့အား ၂သိန်း ၃သောင်း ပို့လွှတ်မည်ဟု ပေါင်းတည်မြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 Myit Makha Mediagroup

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ ဂတ်စ်တာဘိုင်မှ ရန်ကုန်တိုင်းဒေသကြီး မြောင်းတကာသို့ ပို့လွှတ်သော မဟာဓါတ်အားလိုင်းဖြတ်သန်းသွားရာ ပြည်ခရိုင်ပေါင်းတည်မြို့တွင် စီမံကိန်းလမ်းကြောင်းပြောင်း၍ မြို့ပေါ် ရပ်ကွက်၌ တာဝါတိုင်ထောင်ခြင်းကြောင့် ဒေသခံ (၂၀၀)၀န်းကျင်က ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေပိုင်နက်အငြင်းပွားမှု တရုတ်-ဂျပန် တင်းမာမှုဖြစ်




တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ အရှေ့တရုတ် သမုဒ္ဒရာအတွင်းက ကျွန်းတန်းအနီးကို သင်္ဘောအုပ်စု တစု စေလွှတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက ဂျပန်နိုင်ငံမှာရှိတဲ့ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက် ခဲ့ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား


w1-23-4-2
နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးအပြီး တွေ့ရစဉ်
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်လင်းကဘရူနိုင်း နိုင်ငံသို့  ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့ ပြော ကြားခဲ့ပါသည်။