Tuesday, April 30, 2013

“ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှု လူ ၂ ဦး ပျောက်ဆုံး”




Photo: “ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှု လူ ၂ ဦး ပျောက်ဆုံး”

ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခု ပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော်လည်း လေဘောလုံးကို မောင်းနှင်သူနှင့် အခြားတစ်ဦးကိုမူ ယခုတိုင် ရှာမတွေ့သေးဟု သိရှိရသည်။ ပြည်ထဲရေး ဝန်ကြီး ဝီလ်ဖရက်ဒို ပီဒရက်ဇာက လေဘောလုံးကို ပိုင်ဆိုင်သည့် Globos Peru SAC ကုမ္ပဏီအား လေဘောလုံးပေါ် လိုက်ပါလာသူ အားလုံးတွင် အသက်ကယ်အင်္ကျီ ရှိမနေခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21440
ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခုပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင် များက ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ ဖွယ်ရှိ

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးအတွက် အချိန်ကိုက်ဗုံးများ ဖြစ်လာ
ဖွယ်ရှိ 
Tuesday, April 30, 2013 

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်
ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။ 

မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ဦးနှောက်ကင်ဆာကဲ့သို့သော ကျန်းမာရေး
အခြေအနေဆက်စပ်နေမှုကို ပညာရှင် ၂၀၀ ကျော်ခန့် တို့က လေ့လာ
ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ရာမှ ပေါ်ထွက်လာသော အစီရင်ခံစာအရ မိုဘိုင်းဖုန်း
အသုံးပြုခြင်းကြောင့် ကြီးမားသော ကျန်းမာရေးဘေးဥပဒ်ဖြစ်ဖွယ်ရာ အလားအလာ ရှိမှုကို သက်ဆိုင်ရာတို့က မှေးမှိန်ထားတတ်ကြောင်း၊ အထူးသဖြင့် ကလေးများ၏ သေးငယ်ပါးလွှာသော ဦးခေါင်းခွံသည်
 ရေဒီယိုသတ္တိကြွမှုခံနိုင်ရည် မရှိကြောင်း ဖော်ပြခဲ့သည်။

သို့ရာတွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် ကျန်းမာရေးဘေးဥပဒ်များ ဆက်စပ်နေ
ကြောင်းကိုမှု အထောက်အထားမပြနိုင်သေးသော်လည်း ကျောင်းများ၊ ဖုန်း အရောင်းဆိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များတွင် မိုဘိုင်းဖုန်း
အသုံးပြုမှုကို လျှော့ချရန် လှုံ့ဆော်စာများ ကပ်ထားသင့်ကြောင်း အကြံပြု တိုက်တွန်းခဲ့သည့် သုတေသီအဖွဲ့ဝင်တို့ကမူ လေ့လာဆန်းစစ်မှုများအရ မိုဘိုင်းဖုန်းကြာရှည် အသုံးပြုခြင်းက Glioma ဟု ခေါ်သာ ဦးနှောက်အဖု အကျိတ် ထွက်ခြင်းကဲ့သို့သော ဘေးဥပဒ်နှင့် ဆက်စပ်မှုရှိနေသည်ကိုမူ
 ထောက်ပြခဲ့ကြသည်။

၂၀၀၈ ခုနှစ် ဆွီဒင်သုတေသီအဖွဲ့၏ လေ့လာဆန်းစစ်မှုတွင် ယူဆချက်အရ မိုဘိုင်းဖုန်းအသုံးပြုသော ကလေးများသည် ဦးနှောက်ကင်ဆာ ဖြစ်ပွားရန် ငါးဆ ပိုမိုသည်ဟု ဆိုသည်။ အခြားသော လေ့လာဆန်းစစ်မှုတွင်မူ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်များ၏ မိုဘိုင်းဖုန်းအသုံးပြုမှုကြောင့်
 မွေးဖွား လာမည့် ကလေးတို့၏ ဦးနှောက်ဆဲလ်များ ပျက်စီးမှုနှင့် ဆက်နွှယ်နေကြောင်း တွေ့ရသည်ဟု သိရသည်။

Health
Mg Mandalay

မိုဘိုင်းဖုန်းများသည် ကျန်းမာရေးဆိုင်ရာ အချိန်ကိုက်ဗုံးဖြစ်လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူတို့က သတိပေးပြောကြားခဲ့ကြသည်။

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့

ဝတပ်ကို တရုတ်က လက်နက်တပ်ဆင်ထားသောစစ်ရဟတ်ယာဉ်များပေးပို့
~~~~~~~~~~~~~~~~~~~~~~~~
UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ  ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာလည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း
 ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ
 နေရာဖြန့်ကျက်ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။
 
အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ်ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

 မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

အဲဒီစစ်ရဟတ်ယာဉ်ကို တပ်မတော်က ကချင်လွတ်မြောက်ရေးတပ် KIO ကို တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခင်မေဇော် (Burma-Newselite) က Janes Intelligence သတင်းကိုဘာသာပြန်ဆိုပါတယ်။

ပြန်လည်တင်ပြလိုသူများ တိုက်ရိုက်ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်လည်ဖော်ပြခြင်းသည်းခံပါ။
source: http://www.janes.com/products/janes/defence-security-report.aspx?ID=1065978566

ဓာတ်ပုံ-Photos: Mil Mi-17-1 Aircraft Pictures | Airliners.www.airliners.net

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည်ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

Kaesong မှာ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး ကျန်ရစ်

Kaesong မှာ တောင်ကိုရီးယားနိုင်ငံသား ၇ ဦး ကျန်ရစ်
==============================

ဧပြီလ ၃၀ ရက် ၂၀၁၃

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စက်မှုဇုံမှာ ကျန်နေတဲ့ တောင်ကိုရီး ယား နိုင်ငံသား ၇ ယောက်ကို နောက်ဆုံးအချိန် ဖြေရှင်းမရတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ဆိုပြီး မြောက်ကိုရီးယားက ပြန်မလွှတ်ဘဲ ထား ထားပါတယ်။

Kaesong စက်မှုဇုံ ဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု ကော်မတီက ဥက္ကဋ္ဌ ဟောင် ယန် ဟို (Hong Yang-ho) အပါအ၀င် တခြား ၅ ယောက်နဲ့အတူ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီက ၀န်ထမ်း ၂ ယောက်တို့ဟာ အခွန်နဲ့ လစာ ကိစ္စတွေ စေ့စပ်ညှိနှိုင်းဖို့ အတွက် စက်မှုဇုံမှာ ဆက်ပြီးတော့ ရှိနေရတဲ့အကြောင်း ဆိုးလ်မြို့တော်မှာရှိ တဲ့ နှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

Kaesong စက်မှုဇုံနဲ့ပတ်သက်လို့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ
နောက်ဆုံးအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့အကြောင်း
နှစ်နိုင်ငံပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဒီလို ညှိနှိုင်းနေတဲ့အထဲ ပေးဆောင်ဖို့ ကျန်နေတဲ့ အခွန်ကိစ္စနဲ့ ဧပြီလ ၉ ရက်နေ့ က မြောက်ကိုရီးယားအစိုးရက Kaesong စက်မှုဇုံကနေ ပြန်လည် ခေါ်ယူခဲ့တဲ့
မြောက်ကိုရီးယား အလုပ်သမား ၅ သောင်း ၃ ထောင်ရဲ့ လစာကိစ္စတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံမှာ နောက်ဆုံးကျန်နေတဲ့ တောင်ကိုရီးယားဝန်ထမ်း ၅၀ လောက် ထဲက ၄၃ ယောက်ဟာ တနင်္လာနေ့က အိမ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျန်နေတဲ့ ၀န်ထမ်း ၇ ဦးရဲ့ ဒီဒေသကထွက်ခွာမှုဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ပြိုင်ဘက် နှစ်နိုင်ငံအကြား နောက်ဆုံးအဆင့် ငြိမ်းချမ်းတဲ့ ဆက်သွယ်မှုကို အပြီးပိုင် ဖြတ်တောက်လိုက်တော့မှာ ဖြစ်ပါတယ်။

Kaesong စက်မှုဇုံ ပြန်လည် လည်ပတ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားဘက်က ပယ်ချခဲ့ပြီးတဲ့နောက် တောင်ကိုရီးယား အစိုးရက သူ့နိုင်ငံသားတွေကို ဒီစက်မှုဇုံကနေ ပြန်လည် ခေါ်ထုတ်သွားမယ့် အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့တာဖြစ်ပါတယ်။

VOA

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံကြားက စက်မှုဇုံမှာကျန်နေတဲ့ တောင်ကိုရီးယား နိုင်ငံသား ၇ ယောက်ကို နောက်ဆုံးအချိန် ဖြေရှင်းမရတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့်လို့ ဆိုပြီး မြောက် ကိုရီးယားက ပြန်မလွှတ်ဘဲ ထား ထားပါတယ်။

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ

သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂရဲ့ အပြောင်းအလဲဖော်ဆောင်မှုဆု လက်ခံရယူ
Tuesday,April30,2013

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံရယူ ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေကြောင့် ESCAP အဖွဲ့ရဲ့ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ESCAP အစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး၊ နိုင်ငံပေါင်း ၄၀ ကျော်က ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ ဒီကနေ့အစည်းအဝေးမှာတော့ အာရှနဲ့ ပစိဖိတ် ဒေသ သဘာဝဘေးဒဏ် ကာကွယ်တိုက်ဖျက်ရေး၊ စီးပွားရေးအကြပ် အတည်းနဲ့ စိန်ခေါ်မှု အခက်အခဲကိစ္စတွေကို အလေးထားဆွေးနွေး ခဲ့ကြပါ တယ်။

RFA

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) အဖွဲ့ရဲ့ ၆၉ ကြိမ်မြောက် အစည်း အဝေးကို ဒီကနေ့တက်ရောက်ပြီး၊ အဲဒီအဖွဲ့ကချီးမြှင့်တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုဆုကို လက်ခံ ရယူ ခဲ့ပါတယ်။

မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်

Photo: မိန်းမချောချောလှလှပိုးပန်းလိုလျှင်လိုက်နာရမည့်အချက် (၁၀)ချက်
=====================================

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

( ၂ ) ကိုယ် ပြောချင်တာထက် သူပြောချင်တာကို အရင်နားထောင်ပေးပါ။

( ၃ ) သူစိတ်ကောက်နေလျှင် စိတ်ပြေသည့်အထိ စိတ်ရှည်ရှည်ထားပြီး နူးညံ့ပျော့ပျောင်းသော ကိုယ်နှုတ်အမူအရာဖြင့် ပြန်ချော့ပါ။

( ၄ ) အခါအားလျော်စွာ သင်တတ်နိုင်သလောက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် သူ၏ ယုံကြည်မှုကို ရယူပါ။

( ၅ ) သူနှင့် သွားနေစဉ် (သို့ ) တွေ့ နေစဉ် အခြားမည်သည့် မိန်းမကိုမှ မည်မျှပင်ချောနေ လှနေသည် ဖြစ်စေ လုံးဝစိတ်ဝင်စားမှု မပြပါနှင့်။

( ၆ ) သင့်ကိုယ်သင် ငွေကြေးချမ်းသာပြည့်စုံမှုထက် ရိုးသားကြိုးစားပြီး ထက်မြတ်သူဖြစ်ကြောင်း သူလက်ခံလာအောင် ပြပေးပါ။

( ၇ ) သင်မဟုတ်တာ (သို့ ) မလုပ်သင့်တာ တစ်ခုကို သူသိထားလျှင် ဇွတ်အတင်း ညာပြီး ငြင်းမနေပါနှင့်။ မိမိအမှားကို ယောက်ျားပီပီ လက်ခံပြီး နောက်မဖြစ်စေရဘူးဟု သူယုံကြည်လာအောင် ပြောဆိုဖြောင်းဖြပြီး ကတိပေးပါ။

( ၈ ) ငါကယောက်ျား နင်ကမိန်းမ ငါပြောသမျှ နင်နားထောင်ရမယ် ၊ လုပ်ရမယ် ဆိုတဲ့ အယူအဆကို လုံးဝစွန့် လွှတ်ပြီး နှစ်ဦးနှစ်ဘက် တရားမျှမျှတတ ဖြစ်အောင် အမြဲ သတိပြုပြောဆိုသွားလာလုပ်ဆောင်ပါ။

( ၉ ) သူနှင့် သွားတွေ့ လျှင် တကိုယ်ရေသန့် ရှင်းအောင် လုပ်ပြီး သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင် ပြီးမှ သွားတွေ့ ပါ။

( ၁၀ ) သင်နှင့်သူ လာတွေ့ စဉ် (သို့ ) သင့်အား သူ့ ဓာတ်ပုံပို့ လိုက်လျှင်ဖြစ်စေ သူပြင်ဆင်မထားလျှင် ကြည့်မကောင်း ဖြစ်နေလျှင်သော၎င်း ၊
ပြင်ဆင်ထားသော်လည်း တစ်ခုခု လိုအပ်နေရင်ကြည့်မကောင်းဖြစ်နေလျှင်သော်၎င်း ကဲ့ရဲ့ ဝေဖန်ခြင်းမပြုပါနှင့်။ အမြဲလှတယ်၊ တအားချစ်စရာကောင်းတယ်လို့ သာပြောပေးပါ။

http://on.fb.me/14bZP6P

သော်တာမောင်

( ၁ ) ယဉ်ကျေးပျူငှာစွာ ဆက်ဆံပါ။

ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက်




Photo: ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ လွတ်မြောက် 
Tuesday,April30,2013

ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက်သွားပါတယ်။
 
တိုက်ခိုက်မှုဟာ မြို့တော်ရဲ့မြောက်ပိုင်း Mazzeh မြို့နယ်အတွင်း ဒီကနေ့ တနင်္လာနေ့မှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပေမဲ့ ၀န်ကြီးချုပ်ကတော့ တစုံတရာ အနာတရမရရှိဘဲ လွတ်မြောက်သွားတယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။
 
သတင်းမှာ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲမှုလို့ သုံးနှုံးသွားပါတယ်။
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ရဲ့ အုပ်ချုပ်မှု အဆုံးသတ်စေဖို့အတွက် တိုက်ပွဲဝင်နေတဲ့ အတိုက်အခံတွေကို အစိုးရအာဏာပိုင်တွေဘက်က အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးစွဲလေ့ ရှိပါတယ်။
 
Damascus မြို့တော်ရဲ့ Mazzeh မြို့နယ်အတွင်းမှာ ထိပ်တန်းအစိုးရအရာရှိတွေ အများအပြား နေထိုင်ကြပါတယ်။ 
VOA
ဆီးရီးယားနိုင်ငံမြို့တော် Damascus မှာ ယာဉ်တန်းတခုနဲ့ ခရီးသွားနေတဲ့ ဆီးရီးယား ၀န်ကြီးချုပ် ၀ဲလ် အယ်လ် ဟယ်ကွီ (Wael al-Halqi) ကို ဗုံးခွဲ လုပ်ကြံတိုက်ခိုက်ခဲ့ပေမဲ့ ၀န်ကြီးချုပ် လွတ်မြောက် သွားပါ တယ်။

အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်

Photo: အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားစေနိုင်
Tuesday,April30,2013

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယားကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies

အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားသမ္မတက ဖိတ်ကြားတဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်တစ်ဦး အဖြစ် ညီလာခံမှာ တက်ရောက်ဆွေးနွေးတာဖြစ်ပြီး၊ ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကိုလည်း လက်ခံရယူဖို့ရှိပါတယ်။ ဒီဆုဟာ ပိုလန်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်သူတစ်ဦးဖြစ်ပြီး ကမ္ဘာတ၀န်းဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်တဲ့ ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ထူထောင်သူတွေထဲ ပါဝင်တဲ့ ပါမောက္ခ Bronisław Geremek ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယား သမ္မတအိမ်တော်မှာ  “မွန်ဂိုလီးယားနဲ့ မြန်မာလွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ရှေးရှုရာလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတနဲ့အတူ မနက်ဖြန်ဟောပြောမှာဖြစ်ပြီး သတင်းစာဆရာတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်ကျင်းပတယ်လို့ ဆိုပါတယ်။
RFA

ဒီမိုကရေစီ လူမှုအဖွဲ့အစည်းက ချီးမြှင့်တဲ့ Geremek ဆုကို လက်ခံရယူဖို့ မွန်ဂိုလီးယား ကို ရောက်ရှိနေ တဲ့ ဒေါ်အောင်ဆန်း စုကြည်ပုံ
photo: Community of Democracies


အကျင့်ပျက်ခြစားမှုဟာ ဒီမိုကရေစီကို ပျက်သုန်းစေတဲ့ အရာဖြစ်တယ်လို့ မွန်ဂိုလီးယားနိုင်ငံရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက် ပါတယ်။ လူလန်ဘာတာမြို့တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံမှာ အဲဒီလိုပြောကြားလိုက်တာပါ။

ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

Photo: ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြုံရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”

အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရ ပါတယ်။

ရခိုင်ပဋိပက္ခများ၌ ဒေသခံများသာမက ပြင်ပမှ လှုံ့ဆော်မှုများကိုလည်း တွေ့ရသည်ဟု ကော်မရှင် ပြောကြား


4.29.5
ရခိုင်ပဋိပက္ခများ၌ ရခိုင်ပြည်နယ်ရှိ ဒေသတွင်း ပြည်သူများသာမက ပြင်ပမှလှုံ့ဆော်မှုများကို တွေ့ရ သည်ဟု ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေး မှူး ဒေါက်တာ ကျော်ရင်လှိုင်က ပြောသည်။

Monday, April 29, 2013

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Monday, April 29, 2013 

အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဧပြီ ၂၇ ရက်မှ ၂၉ ရက်အထိ ၃ ရက် ကျင်းပနေသည့် ၇ ကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဆိုင်ရာ ၀န်ကြီးများ အဆင့် ညီလာခံ၌ တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာတမ်းဖတ်ကြားကာ အဓိက ဆွေးနွေးသူ တဦးအဖြစ် တင်ပြသွားခြင်း ဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံ အစိုးရအိမ်တော် Grand Hall တွင် ကျင်းပနေသော အဆိုပါ ညီလာခံသို့ တက်ရောက်ရန် မွန်ဂိုလီးယား သမ္မတ Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည် အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံသားတိုင်းက အစိုးရများနှင့် ခေါင်းဆောင်တိုင်းအပေါ် မျှော်လင့်ချက် မြင့်မားကြောင်း၊ ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ပိုမိုအားကောင်းစေရန် အဂတိလိုက်စားမှု တိုက်ဖျက် ရေးသည် လွန်စွာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပြောဆိုသည်။

အဂတိလိုက်စားမှုသည် ရှုပ်ထွေး နက်ရှိုင်းပြီး အလွှာအသီးသီး၌ ပြဿနာအဖြစ် တည်ရှိနေသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကြောင့် နိုင်ငံတော်၏ ခွန်အား ယုတ်လျော့စေပြီး တိုင်းပြည် စီးပွားရေးကိုလည်း ဆုတ် ယုတ် စေကြောင်း အဓိကထား ဆွေးနွေးသွားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် လူထု ယုံကြည်မှု ကျဆင်းစေပြီး တန်းတူညီမျှ အခွင့် အရေးများအပေါ် ထိခိုက်စေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က“နိုင်ငံတနိုင်ငံရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဟာ အစိုးရမဟုတ်ဘူး၊ ပြည်သူတွေပဲ ဖြစ် တယ်”ဟုလည်း ပြောဆိုသွားသည်။

နိုင်ငံပေါင်း ၁၃၁ နိုင်ငံမှ ညီလာခံ တက်ရောက်လာသူများကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေကြ သည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြု ပြောဆို ဆွေးနွေးခဲ့ကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ထို့အပြင် ဒီမိုကရေစီအား ခြိမ်းခြောက်မှု၊ လူထုအခြေပြု လူ့အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အွန်လိုင်းနှင့် ပုံနှိပ် မီဒီယာ ဆိုင်ရာ လွတ်လပ်မှုများနှင့် ဒီမိုကရေစီ စံနှုန်းများ၊ သင်ခန်းစာများ စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြ ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အာရုံစိုက်မှု ရလာသော်လည်း လက်ရှိအခြေအနေများကို မျက်ကွယ်မပြုသင့်ကြောင်း၊ တိုင်းရင်းသား ပဋိပက္ခများ မြန်မာနိုင်ငံတွင် ယနေ့အထိ ရှိနေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကြေ ညာ ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“တိုင်းပြည်အပေါ် အာရုံစိုက်ခံလာရချိန်မှာ ကျမတို့ လက်ရှိအခြေအနေကို မျက်ကွယ်မပြုသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမို ကရေစီ အရေးကို ကျမတို့ ကာကွယ်သွားသင့်တယ်။ အခုထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပဋိပက္ခက ရှိနေဆဲပဲ”ဟုလည်း ဒေါ်အောင်ဆန်း စုကြည်၏ ကြေညာချက်တွင် ဖြော်ပထားသည်။

အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း၊ မွန်ဂိုလီးယားနှင့် မြန်မာတို့မှာ အခြေအနေ ဆင်တူသည်များရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မွန်ဂိုလီးယားနဲ့မြန်မာဟာလည်း ဥပမာအားဖြင့် အိမ်နီးချင်း အင်အားကြီး ၂ နိုင်ငံရှိတာလည်း အတူတူပါဘဲ၊ ကျမတို့ ဟာ အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ ညီမျှတဲ့ ဆက်ဆံရေးစနစ် ရှိကြရပါမယ်။ မွန်ဂိုလီးယားရဲ့အတွေ့အကြုံတွေလည်း ကျမတို့ သင်ခန်းစာယူကြရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ ညီလာခံဖွင့်ပွဲ မိန့်ခွန်းကို မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ပြောကြားခဲ့ရာတွင် လွန်ခဲ့သည့် ၂ နှစ် က ယခုကဲ့သို့ ညီလာခံမျိုးကျင်းပချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီဒီယို မိန့်ခွန်းသာ ပေးပို့နိုင်ခဲ့ပြီး ယခုနှစ် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အတွက် လွန်စွာ ၀မ်းမြောက်ကြောင်း ထည့်သွင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဒီမိုကရေစီ အရေး ရုန်းကန်လှုပ်ရှားမှုများကြောင့် ယခုနှစ် အတွက် Geremek Award ဆုကို ပေးအပ်ရန် ညီလာခံက ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။

မွန်ဂိုလီးယား သမ္မတနှင့် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ ဦး တွဲဖက်၍ ဧပြီလ ၃၀ ရက် နေ့တွင် အစိုးရ အိမ်တော်၌ “Mongolia and Myanmar: Freedom and Path Toward Democracy” ခေါင်းစဉ်ဖြင့် ဟောပြောရန် ရှိကြောင်း ညီလာခံ၏ တရားဝင် အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါညီလာခံသို့ တက်ရောက်ရန် ဧပြီလ ၂၇ နေ့ ည ၁၂ နာရီခန့်က ရန်ကုန်မှ ထွက်ခွာခဲ့ပြီး မေလ ၃ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

မြန်မာနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ ညီလာခံ၌ ယနေ့ ပြောဆို ရှင်းလင်းနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – infomongolia.com)




အဂတိလိုက်စားမှုသည် ဒီမိုကရေစီ စနစ်နှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသည့် အဓိက အကြောင်း တရားဖြစ်ကြောင်း ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။

မူစယ်အိမ်ရာစီမံကိန်း ကုမ္ပဏီနှင့် ပြည်သူ့စစ် ပဋိပက္ခဖြစ်ပွား

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည်(မြောက်ပိုင်း) မူစယ်မြို့အိမ်ယာမြေ စီမံကိန်းဧရိယာအတွင်း နယူးစတားလိုက် ကုမ္ပဏီမှ မြေညှိလုပ်ငန်းဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ လာရောက်တားဆီးခဲ့သဖြင့် နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ

၁၅၀၀ တန် ဖုန်းများ မြို့နယ်ကျော် ယူဆောင်အသုံးပြုလို့မရ
Monday, April 29, 2013 

ပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပမြို့နယ်အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။
““ကျွန်တော်မနေ့က အလုပ် ကိစ္စနဲ့ သိမ်ဇရပ်ကိုသွားရပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန် CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင်ရောက်တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံတောင်ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူတစ်ဦးကပြောသည်။
““ကျွန်မရန်ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချပေးတယ်။အခုရောင်းပေးတဲ့ဖုန်းတွေကို ကိုင် ကြည့်ချင်တာနဲ့ ညီမလေးဆီက နေယူသွားကြည့်တယ်။ 

ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေကမမိတော့ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကိုရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲသူတစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွားရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင်ဖို့ဆိုတာ အခု လောလောဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။


ဖြိုးအောင်
HotNewsWeekly
ပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန် မြို့ ပြင်ပမြို့နယ် အချို့ တွင် လိုင်းမမိခြင်းများဖြစ်ပေါ် နေကြောင်း သိရသည်။

ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု ဂါရက် ဘေးလ် ရရှိ

Print This Post
၂၀၁၂-၂၀၁၃ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမား ဂါရက် ဘေးလ် (ဓာတ်ပုံ – BBC)


တော့တမ်ဟမ် တိုက်စစ်မှူး ဂါရက်ဘေးလ်ဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆု အပြင် တနှစ်တာအတွက် အကောင်းဆုံးလူငယ် ကစားသမားဆုကိုလည်း ရရှိသွားပါတယ်။

ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုးပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး

စိတ်ဖိ စီးမှုတွေ ကြောင့် သင့်ရုပ်သွင်က ပို ပင်ပန်းနွမ်း နယ်ကာ အိုစာ နေတတ် ပါတယ်။
ဒါကြောင့်သင့်ကို အခုထက် ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ ကြည်နူးမှုဖြစ်စေမယ့် အပြု အမူ တွေကို ဖော်ပြလိုက်ရပါတယ်။

ဖေ့စ်ဘုတ်မှာ အမေပျောက် ရှာပုံတော်ဖွင့်တဲ့ ကောင်မလေး အသတ်ခံရ

ဟိုတလောက ဖေ့စ်ဘုတ်မှာ အမေပျောက်လို့ ရှာပုံတော်ဖွင့်တဲ့ သဲသဲသော် ဆိုတဲ့ ကောင်မလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ခုတော့ အဲဒီ့ကောင်မလေး အသတ်ခံရလို့ သေရှာပါပြီ။ 

ဖေ့စ်ဘုတ်က အမေပျောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ သဲသဲသော်

ဒီနေ့မနက် ဖေ့စ်ဘုတ်ပေါ်မှာ အဲဒီ့သတင်းတွေ့တော့ အမှုမဲ့အမှတ်မဲ့ပဲနေမိတယ်။ စောစောက ထိုင်း သတင်းစာ တစ်စောင်မှ မြန်မာမိန်းကလေး တစ်ယောက် အသတ်ခံရတယ်ဆိုပြီး သတင်း ပါလာတော့ စိတ်ဝင်စားတာနဲ့ ထိုင်းလိုကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး ဘာသာပြန်ခိုင်းရ တယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံ၌ ဧပြီ ၂၉ ရက် (ယနေ့) တွင် ကျင်းပသည့် ''ဒီမိုကရေစီ လူမှုအဖွဲ့အစည်းညီလာခံ''ကို တက်ရောက်လျက်ရှိ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံ၌ ဧပြီ ၂၉ ရက် (ယနေ့) တွင် ကျင်းပသည့် ''ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ''ကို တက်ရောက် လျက်ရှိပြီး နိုင်ငံပေါင်း တစ်ရာကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်လျက်ရှိသည်။

မွန်ဂိုလီးယားသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ဧပြီလ ၃၀ ရက်နေ့တွင် Mongolian and Myanmar : Road to Freedom and Lessons Learned မိန့်ခွန်းကို ပူးတွဲ ပြောကြားမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ ရက်သတ္တတစ်ပတ် ကြာမြင့်မည့် ခရီးစဉ်သွားရောက်ရန် ဧပြီလ ၂၇ ရက် ည ၁၁ နာရီ ၄၅ မိနစ်က KE472 - KOREAN AIR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ မေ ၃ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

မွန်ဂိုလီးယားသမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြား မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ- Yingluck Shinawatra Facebook
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ဂိုလီးယားနိုင်ငံ၌ ဧပြီ ၂၉ ရက် (ယနေ့) တွင် ကျင်းပသည့် ''ဒီမိုကရေစီ လူမှုအဖွဲ့အစည်းညီလာခံ''ကို တက်ရောက်လျက်ရှိပြီး နိုင်ငံပေါင်း တစ်ရာကျော်မှ ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက် လျက်ရှိသည်။

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယားက စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား နိုင်ငံသားများ ကေဆုန် စက်မှုဇုန်မှ ထွက်ခွာ

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည်များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ရန် စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား အလုပ်သမားများသည် ကေဆုန် ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင် များ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။
ကေဆုန် ပူးတွဲစက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှု ရပ်ဆိုင်းခဲ့မှု အပေါ် ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ်ခဲ့ ပြီးနောက် တောင်ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ၏ အစောပိုင်းက ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။
တောင်ကိုရီးယား အလုပ်သမား ၁၁ ဦးခန့်သည် ကေဆုန် စက်မှုဇုန်မှ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းတွင် စတင် ထွက်ခွာ ခဲ့ပြီး ယင်းနေ့ နှောင်းပိုင်းတွင်လည်း အလုပ်သမား ၁၁၆ ဦး ထပ်မံ ထွက်ခွာခဲ့ကြောင်း သိရသည်။
ကေဆုန် စက်မှုဇုန်တွင် ဧပြီ ၂၆ ရက်က တောင်ကိုရီးယား အလုပ်သမား ၁၇၅ ဦးခန့် ရှိနေပြီး ဧပြီ ၂၇ ရက်တွင် အလုပ်သမား ၁၂၇ ဦး စတင် ထွက်ခွာခဲ့ပြီးနောက် ကျန်ရှိနေသော အလုပ်သမား များသည် ဧပြီ ၂၉ ရက်တွင် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား အစိုးရသည် နိုင်ငံတောင်ပိုင်းရှိ ပြုံဂန်ပြည်နယ် နမ်ဖိုမြို့ အနီးတွင် လေ ယာဉ်နှင့် အမြောက်တပ်ဖွဲ့များ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်ရန် စီစဉ်နေကြောင်း ထောက် လှမ်းရေး သတင်း အချက် အလက်များ အရ သိရကြောင်း တောင်ကိုရီးယား အစိုးရ ဘက်မှ အရာရှိ တစ်ဦးက ပြော ကြားခဲ့ကြောင်း သိရသည်။ 

 

http://bit.ly/13FkgYp

မြောက်ကိုရီးယား နိုင်ငံသည် ပင်လယ်ဝါ ကမ်းရိုးတန်း တစ်လျှောက်တွင် ဝေဟင်နှင့် မြေပြင် စစ်သည် များ ပူး ပေါင်း လေ့ကျင့်မည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လုပ်ဆောင်ရန်စီစဉ်နေစဉ် အတွင်း တောင်ကိုရီးယား အလုပ်သမားများသည် ကေဆုန်ပူးတွဲစက်မှုဇုန်မှ ဧပြီ ၂၇ ရက်တွင် ထွက်ခွာခဲ့ကြောင်း တောင်ကိုရီးယားအာဏာပိုင်များ၏ ပြောကြားချက်ကိုကိုးကား၍ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

ဗဟန်းတွင် အမွှေးတိုင်ပူဇော်ထားရာမှ ဆိုဖာပေါ်ကျကာ မီးလောင်မှု ဖြစ်ပွား

ဗဟန်းမြိနယ် ကို့ယ်မင်းကိုယ်ချင်းလမ်းရှိခြံအမှတ်---တွင် ယနေ့နံနက် ၆း၄၀ကမီးလောင်မှူဖြစ်ပွားခဲ့ရာ ငွေ ကျပ်၁၆သိန်း၎သောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲမှသိရသည်။

ပရီးမီးယားလိဂ် အမှတ်ပေး ဇယား


ပရီးမီးယားလိဂ် အမှတ်ပေး ဇယား

“Facebook ၏ အကြီးမားဆုံး Data Center စတင်တည်ဆောက်”


Photo: “Facebook ၏ အကြီးမားဆုံး Data Center စတင်တည်ဆောက်”

Facebook အနေဖြင့် ယခုအခါတွင် ဒေါ်လာ (၁.၅)ဘီလျံတန် Data Center တစ်ခုကို တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် အင်တာနက် ကွန်ရက်တစ်ခုလုံးကို လွှမ်းမိုးမည့် ၎င်းတို့၏ မဟာဗျူဟာ ခြေလှမ်းကို နောက်တစ်ဆင့် စတင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ 

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး၊ အအောင်မြင်ဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးသည် အမေရိကန်တွင် ကြီးမားသော Data Center တစ်ခုကို တည်ထောင်သွားမည် ဖြစ်ပြီး လုပ်ငန်းခွင်ကို အိုင်အိုဝါတွင် စတင်နေပြီဟု သိရှိရသည်။
 
ထို့အပြင် အဆိုပါ Data Center သည် ကမ္ဘာပေါ်တွင် နည်းပညာပိုင်းအရ ခေတ်ရှေ့အပြေးဆုံး အချက်အလက် စင်တာဖြစ်လာမည်ဟုလည်း အမေရိကန် မီဒီယာများက ညွှန်းဆိုလျှက် ရှိသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21430


Facebook အနေဖြင့် ယခုအခါတွင် ဒေါ်လာ (၁.၅)ဘီလျံတန် Data Center တစ်ခုကို တည်ဆောက်ရန် စီစဉ်နေခြင်းကြောင့် အင်တာနက်ကွန်ရက်တစ်ခုလုံးကို လွှမ်းမိုးမည့် ၎င်းတို့၏မဟာဗျူဟာ ခြေလှမ်း ကို နောက်တစ်ဆင့် စတင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ သမ္မတများ

Photo: မြန်မာနိုင်ငံ၏ သမ္မတများ
Monday,April 29 , 2013

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ
လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့
သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့
ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား
ဖြစ်လေသည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့
လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့
ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့
သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ
မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့်
ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး
၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့
ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ
တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ
သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)
အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။
ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့
တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။
ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး
၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင်
ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ
ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်
တွင်ကွယ်လွန်ခဲ့သည်။
x x x x x x x x
၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့
တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန်
အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင်
အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်
တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။
ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ
သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့
သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊
မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။
မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်
နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ
မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x
၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ
သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး
ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို
ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့
ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်
တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး
သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ
တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။
https://www.facebook.com/sanay.minthar

၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ် လူသိများ လေသည်။သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖစ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ ငယ် အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား ဖြစ်လေ သည်။၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်း သိန္နီစော်ဘွား၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။
x x x x x x x x

အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ် အခြေချ အိမ်ရာ စီမံကိန်း အတွက် တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထား

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင်လက်ခံ ခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင် လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင်သွားရန် စီစဉ်လျက် ရှိသည်။
ဧပြီ ၂၂ ရက်မှ စတင်၍ ပထမ သုံးရက်အတွင်း ကမ္ဘာတစ်ဝန်းမှ ပြည်သူ ၂ဝဝဝဝ ခန့်သည် အွန်လိုင်းမှ တစ်ဆင့် လျှောက်လွှာများကို တင်သွင်းခဲ့ပြီး စီမံကိန်း တည်ထောင်သူက ယေဘုယျအားဖြင့် လူပေါင်း ၅ဝဝဝဝဝ ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
၎င်းတို့၏ အိပ်မက်စိတ်ကူး ဖြစ်သော အဆိုပါ စီမံကိန်းကို အမှန်တကယ် အကောင်အထည် ဖော်ဆောင် နိုင်မည်ဟု ယုံကြည်ကြောင်း The Mars One စီမံကိန်း ပူးတွဲ တည်ထောင်သူ ဘက်စ်လန်ဒ်ဒေါ့ပ်က ပြောကြားသည်။
အခြေချ နေထိုင်မည့်သူ ၂၄ ဦးမှ ၄ဝ ဦး အထိကို အရည်အသွေး ပြည့်မီသော သင်တန်းပေးမှုများ အပြည့် အဝ ပေးအပ်ပြီးနောက် မဲခွဲ၍ ပထမဆုံး အခြေချ နေထိုင်သူ များကို ရွေးချယ်သွားမည် ဖြစ်ကြောင်း လန်ဒ်ဒေါ့ပ် က ပြောကြားသည်။ ယင်း အခြေချ နေထိုင်သူများသည် ကွဲပြား ခြားနားသော ပတ်ဝန်းကျင်တွင် ခုနစ်နှစ်ကျော် ကြာ နေထိုင်ရန် အတွက် သုံးလ ကြာမြင့်မည့် သင်တန်းကို တက်ရောက်ရမည် ဖြစ်သည်။        

 

 http://bit.ly/12aapXV

အင်္ဂါဂြိုဟ်ပေါ်တွင် အခြေချအိမ်ရာ တည်ဆောက်ရန် စီမံကိန်း အတွက် လျှောက်လွှာများကို စတင် လက်ခံခဲ့ရာ ပထမ ၇၂ နာရီ အတွင်း တရုတ်နိုင်ငံသား ၆ဝဝ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။
The Mars One အမည်ရှိ အဆိုပါ စီမံကိန်းကို အကျိုးအမြတ် မလိုလားသော နယ်သာလန် အဖွဲ့အစည်း တစ်ခုက စတင်လုပ်ဆောင်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား လေးဦးကို သယ်ဆောင် သွားရန် စီစဉ်လျက် ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ကုလ သမဂ္ဂက ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ကုလ သမဂ္ဂက ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင် ရည်ဆု ချီးမြှင့်ပွဲ အခမ်း အနား ကျင်းပပုံ တိုက်ရိုက် ထုတ်လွှင့်မည်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို ဧပြီ ၃ဝ ရက်  ညနေ ၅ နာရီတွင်  နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ


Photo: ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ 
Monday,April 29 , 2013

ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။
 
စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါပြီ။
 
တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း   ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
VOA


ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ



Photo: MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

မန္တလေး၊ ဧပြီ ၂၈
 MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
 ``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ 
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။
 ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။
 ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ
 စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
 ``ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန် 
စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။
 နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် 
စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
 လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီး 
ရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။စိုင်းလမင်း

MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။

``မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။
အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။

တိုးမြှင့်ပင်စင်လစာအား ကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှသာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်

ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေးအတွက် ပင်စင်စားများမှ ကိုယ်တိုင်ဆောင်ရွက်ရန်မလိုအပ်ဘဲ ပင်စင်ဦးစီးဌာနမှ တိုးမြှင့်ပင်စင်လစာသစ်ကို တာဝန်ယူ တွက်ချက် ၍ လက်ရှိပင်စင်လစာ ထုတ်ယူလျှက်ရှိသော မြန်မာ့စီးပွားရေးဘဏ်၊ လုပ်ငန်းအဖွဲ့အစည်းများသို့

သောက်သုံးရေ ရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့်ေ ကျးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိ


မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ကျေးရွာ ဒေသများသို့ နယ်မြေခံ တပ်မတော်သားများက တပ်ပိုင်ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ ဧပြီ ၂၇ ရက်တွင် ရမည်းသင်း မြို့နယ်ရှိ ရွှေမြင်တင်တောင် ဘုရားတွင် ရေကန် ဆယ်တင်ခြင်းအား ဆောင်ရွက် ခဲ့သည့် အပြင် ညောင်ပင်အိုင် ကျေးရွာရှိ အိမ်ထောင်စု ၅၂ဝ စုအတွက် သောက်သုံး ရေဂါလန် ၄၈ဝဝ အား လည်းကောင်း၊ မန္တလေး တပ်နယ်ရှိ ပုသိမ်ကြီး မြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ရေသန့်ဘူးကြီး ၁ဝဝ ဘူးနှင့် သောက်သုံးရေ ဂါလန် ၉၂ဝဝ အား လည်းကောင်း၊ ကျောက်ပန်းတောင်း မြို့နယ် ပေါက်သစ် ကျေးရွာရှိ အိမ်ထောင်စု ၂၅ဝ စု

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေကျင်းတူးရာမှ ငွေဒင်္ဂါးပြားများတွေ့ရှိ

၂၆-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ၊ ကျောက် ရဲ ကျေးရွာ အောင်ဇေတ၀န်ထန်းတောကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဆောက် လုပ်ရန် ကျောင်း ထိုင် ဆရာတော်ဦးစီး၍ ရွာသား(၉)ဦးဖြင့် ကျောင်းဆောင်ဟောင်း၏(၂၅)ပေခန့်အကွာတွင် မြေကျင်း တူးရာ (၉)လက်မခန့်အရောက်တွင် ၁၈၆၂ ခုနှစ်မှ ၁၉၀၁ ခုနှစ်အတွင်းရှိ ငွေဒင်္ဂါးပြား ၂၀၆ ပြား ကို မြေ အိုးဖြင့်ထည့်လျက် တူးဖော်တွေ့ရှိခဲ့သည်။