Thursday, May 2, 2013

ထူးခြားဆန်းကြယ်သော ရှေးဟောင်းဗုဒ္ဓအံတော်တစ်ဆူအရွယ်အစား ပိုမိုကြီးမားလာလျက်ရှိ

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။

ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ

Read More >> http://bit.ly/14Y16kQ
ကယ်လီဖိုးနီးယားပြည်နယ်တာင်ပိုင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော်တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။

နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်မြှင့်တင်ရေးပွဲ နန်းခင်ဇေယျာ ပါဝင်ကူညီ

မြန်မာအပေါ် တရုတ်က ဆက်ဆံရေး ပြောင်းလဲလာ

ဥက္ကံ အကြမ်းဖက်မှု တဦး သေဆုံး၊ သံသယရှိသူများကို ဖမ်းဆီးအရေးယူ

လူ့အခွင့်အရေး တိုးတက်သလို ဥပဒေပြင်ရန်လည်း လိုအပ်

မေလ ၃ ရက် သောကြာနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

ရှမ်းပြည်နယ်တွင်တိုက်ပွဲများဖြစ်ပွားနေမှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်စခန်းများ တိုးချဲ့နေခြင်းကြောင့်ဟုဆို

ပုသိမ်မြို့ပေါ်ရပ်ကွက်တစ်ခု ၁၅ဝဝ တန်ဖုန်း လျှောက်သူတိုင်း ကံထူး

ပုသိမ်မြို့ပေါ်ရှိရပ်ကွက်တစ်ခု၌ ကျပ် ၁၅ဝဝ တန်မိုဘိုင်းဆင်းကတ်များ ချပေးရာတွင် လာ ရောက် ကံစမ်းမဲနှိုက်သူနည်းခြင်းကြောင့် စာရင်းေ ပးသူတိုင်း ဖုန်းဆင်းကတ် ရရှိကြောင်း သိရသည်။

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှုမူလထက် တစ်နာရီ ထပ်မံ တိုးမြှင့်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

"တရုတ်တိုက်ခိုက်ရေး ရဟတ်ယာဉ် 'ဝ'တပ်မတော်သို့ပေးပို့ခြင်းသတင်းမှာ မဟုတ်မှန်ဟုနှစ်ဖက်ငြင်းဆို"

တရုတ်နိုင်ငံမှ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သို့ တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ပေးပို့ခဲ့ ခြင်းမှာ မဟုတ်မှန်ကြောင်း 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက (UWSA) စစ်ဘက်ဆိုင် ရာတာဝန်ရှိသူများအား အတည်ပြုမေး မြန်းချက်အပေါ် အခြေခံ၍ ပြောကြား သည်။

သောက်သုံးရေ ရှားပါးသည့် ကျေးရွာ များသို့ နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းပြီး သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး


သောက်သုံးရေ ရှားပါးသည့် ကျေးရွာ များသို့ နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းပြီး သောက်သုံး ရေကန်များ တူးဖော် ဆယ်တင်ပေး

ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ငှက်တော်မြီး ကျေးရွာ၊ ချောင်းကမ်းကြီး ကျေးရွာ၊ ချောင်းကမ်းလေး ကျေးရွာနှင့် ကူနီကန် ကျေးရွာများရှိ စုစုပေါင်း  အိမ်ထောင်စု  ၂၄၆ စု အတွက် သောက်သုံး ရေဂါလန် ၃၆ဝဝအား နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ်ယာဉ် များဖြင့် ဖြန့်ဝေ လှူဒါန်းပြီး သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် နတ်တလင်း မြို့နယ်များမှ ကျေးရွာများရှိ သောက်သုံး ရေကန်များအား တူးဖော် ဆယ်တင်ခြင်းနှင့် ရေသွယ်မြောင်းများ ဖောက်လုပ် ပေးခြင်း တို့အား ကျေးရွာ လူထုနှင့် အတူ  ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသည်။ ထို့အတူ ဧပြီ ၃ဝ ရက် နံနက်ပိုင်းက  ရမည်းသင်း မြို့နယ် ဆည်ကြီး အုပ်စု အတွင်းရှိ အိမ်ထောင်စု ၅၂ဝ စု၊ စုစု ပေါင်း လူဦးရေ ၂၈၆၈ ဦးနေထိုင်သော ညောင်အိုင် ကျေးရွာသို့ နယ်မြေခံ တပ်မတော်သား များက   တပ်ပိုင် ရေသယ်ယာဉ် များဖြင့် စုစုပေါင်း ဂါလန် ၁၅ဝဝဝ အား ဖြန့်ဝေ လှူဒါန်း ပေးသည်။ 

ထိုသို့  နယ်မြေခံ တပ်မတော်သား များမှ ဒေသခံ ကျေးလက်နေ ပြည်သူ များအား  သောက်သုံးရေ ဖြန့်ဝေ လှူဒါန်းနေမှု အခြေအနေ များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောက လိုက်လံ ကြည့်ရှု အားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ကျေးရွာအတွင်း စက်ရေတွင်း တူးဖော်နေမှုနှင့် သောက်သုံးရေကန် တူးဖော် ဆယ်တင်မည့် နေရာများအား ကြည့်ရှု စစ်ဆေးပြီး ရွှေနံပေါ် ကျေးရွာ၊ ရွှေမြင်တင် တောင် တော်မြတ် အနီးရှိ သောက်သုံး ရေကန်အား   နယ်မြေခံ တပ်မတော်သား များက တူးဖော် ဆယ်တင်ခြင်း၊ ကန်ပေါင် မြေဖို့မြှင့်တင်ခြင်း တို့အား ကူညီ ဆောင်ရွက် ပေးနေမှု များကို ကြည့်ရှု အားပေးသည်။

 အလားတူ မေ ၁ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ် သစ်ယာကုန်း ကျေးရွာရှိ အိမ်ထောင်စု ၃၅ဝ စု၊ လူဦးရေ ၈ဝ၃ ဦးတို့ အတွက် သောက်သုံး ရေဂါလန် ၁၆ဝဝ၊ ဇေယျာ သီရိမြို့နယ် လေသာမြောက် ကျေးရွာရှိ အိမ်ထောင်စု ၂၇ဝ၊ လူဦးရေ ၉၈၂ ဦး အတွက် သောက်သုံး ရေဂါလန် ၂ဝဝ နှင့် ဥတ္တရသီရိ မြို့နယ် တက်သိမ်း ကျေးရွာနှင့် ဇလောင်းမြောက် ကျေးရွာရှိ အိမ်ထောင်စု ၄၇၆ စု၊ လူဦးရေ ၁၇၁၂ ဦး တို့အား သောက်ရေသန့် တစ်လီတာဆံ့ ဘူး ၉ဝ နှင့် သောက်သုံးရေဂါလန် ၂၄ဝဝ တို့အား နယ်မြေခံ တပ်မတော်သား များက အသီးသီး ဖြန့်ဝေ လှူဒါန်းခဲ့ ကြောင်း သတင်း ရရှိသည်။

http://bit.ly/18e5kUt


ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ငှက်တော်မြီး ကျေးရွာ ၊ ချောင်း ကမ်းကြီး ကျေးရွာ၊ ချောင်းကမ်းလေး ကျေးရွာနှင့် ကူနီကန် ကျေးရွာများရှိ စုစုပေါင်း အိမ်ထောင်စု ၂၄၆ စု အတွက် သောက်သုံး ရေဂါလန် ၃၆ဝဝအား နယ်မြေခံ တပ်မတော် သားများက တပ်ပိုင် ရေသယ် ယာဉ် များဖြင့် ဖြန့်ဝေ လှူဒါန်းပြီး သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဇီးကုန်း မြို့နယ်၊ အုတ်ဖိုမြို့ နယ်နှင့် နတ်တလင်းမြို့နယ်များမှ ကျေးရွာများရှိ သောက်သုံး ရေကန်များအားတူးဖော်

ရန်ကုန် ဒုတိယ စီးပွားရေး မြို့တော် စီမံကိန်း အကြမ်းရေးဆွဲ လျက်ရှိ

ရန်ကုန် ဒုတိယ စီးပွားရေး မြို့တော် စီမံကိန်း အကြမ်းရေးဆွဲ လျက်ရှိ 
( MRTV 4 )

ရန်ကုန်မြို့ မင်းဓမ္မပန်းဥယျာဉ်မှာ ဆောက်လုပ် သွားမယ့် ဒုတိယ စီးပွားရေး မြို့တော်ကို လက်ရှိမှာ စီမံကိန်းများ အကြမ်းရေးဆွဲ လျက်ရှိတယ်လို့

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် ဒုတိယ စီးပွားရေး မြို့တော် မှာတော့ ဟိုတယ်များ၊ Shopping Mall များ၊ ရုပ်ရှင်ရုံများ၊ ကုမ္ပဏီ ရုံးခန်းများ ပါဝင်မှာဖြစ်ပြီး စီးပွားရေး မြို့တော်ဖြစ်တဲ့ အတွက် လူနေ တိုက်ခန်းများ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လက်ရှိ မှာတော့ အဆိုပါ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်း ကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပညာရှင် များက ရေးဆွဲ လျက်ရှိတာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြဖို့ အတွက် စီစဉ်လျက် ရှိတာ ဖြစ်ပါတယ်။ အခုလို ဒုတိယ စီးပွားရေး မြို့တော် တည်ဆောက်ဖို့ အတွက် ကိုတော့ မင်းဓမ္မပန်းဥယျာဉ်ရှိ ဆိုင်ခန်းများကို သာကေတ မြို့နယ်သို့ပြောင်းရွှေ့ ဖွင့်လှစ် ခိုင်းထားတာ ဖြစ်ပါတယ်။ ယခုလက်ရှိ ပြောင်းရွှေ့ရာ မှာလည်း ဆိုင်ခန်း ၅၀၀ ကျော်ထဲမှ တစ်ဝက်ကျော်သာ ပြောင်းရွှေ့ ဖွင့်လှစ် သေးတာ ဖြစ်ပါတယ်။

ဆိုင်ခန်းများ ပြောင်းရွှေ့ နေရာချထား ပေးမယ့်နေရာ မှာလည်း ယခင် မင်းဓမ္မပန်း ဥယျာဉ်မှာရှိတဲ့ ဆိုင်ခန်း အရေအတွက် တိုင်းသာ ပြန်လည် နေရာချထား ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မင်းဓမ္မပန်းဥယျာဉ်ဟာ ရန်ကုန်မြို့ ဒုတိယ စီးပွားရေးမြို့တော် တည်ဆောက်ဖို့ အတွက် ဧက ၂၀ ကျော်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

http://www.mrtv4.com.mm/news/local/business/detail/item%3A16474

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဆောင်ရွက်မယ့် ဒုတိယ စီးပွားရေး မြို့တော် မှာတော့ ဟိုတယ်များ၊ Shopping Mall များ၊ ရုပ်ရှင်ရုံများ၊ ကုမ္ပဏီ ရုံးခန်းများ ပါဝင်မှာဖြစ်ပြီး စီးပွားရေး မြို့တော်ဖြစ် တဲ့အတွက် လူနေတိုက်ခန်းများပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကမာ့္ဘအမြန် ဆုံး ဆိုင်ကယ်

ကမာ့္ဘအမြန် ဆုံး ဆိုင်ကယ်

ဘယ်လိုနေရာမှာမောင်း ဖို့များထုတ်လုပ်ပေးထားလည်းမသိပါဘူး၊ဆလင်ဒါ ၁၀ လုံးထိုး V
အင်ဂျင်ကိုအသုံးပြုထားပါတယ်၊ဒါကြောင့်မြင်းကောင်ရေ ၅၀၀ ရှိပါတယ်၊ဒါကြောင့်
ဒီဖက်ခေတ် မှာခေတ်စားနေတဲ့ ပြိုင်ကားတစ်စီး အားလောက်၇ှိပါတယ်၊၂.၅ စက္ကန့်အတွင်းကို
ကီလိုမီတာ ၁၀၀ နှုန်းအထိတင်နိုင်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်အားကတော့ တစ်နာရီ ကို
ကီလိုမီတာ ၆၄၀ အထိတောင်တင်နိုင်ပါတယ်၊ဆိုင်ကယ်ဆိုပေမယ့် ဘီးနှစ်ဘီးတော့မဟုတ်ပါဘူး၊
လေးဘီးတပ် ဆိုင်ကယ်အမျိုးစားဖြစ်ပါတယ်၊ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ 
ဝန်းကျင်လောက်ကုန်ကျမယ်လို့ဆိုပါတယ်၊ဒါကြောင့် BMW၊Audi၊Marcedez၊Lamborghini ကားတွေလို
ပဲဈေးနှုန်းက မျက်လုံးပြုးစေလောက်ပါတယ်၊ဆိုင်ကယ်ရဲ့ အမည်ကိုတော့ “DODGE TOMAHAWK’’
လို့အမည်ပေးထားပါတယ်…

Ref:wiki
TheNewsLatestCars?ref=hl
ဘယ်လိုနေရာမှာမောင်း ဖို့များထုတ်လုပ်ပေးထားလည်းမသိပါဘူး၊ဆလင်ဒါ ၁၀ လုံးထိုး V
အင်ဂျင်ကိုအသုံးပြုထားပါတယ်၊ဒါကြောင့်မြင်းကောင်ရေ ၅၀၀ ရှိပါတယ်၊ဒါကြောင့်
ဒီဖက်ခေတ် မှာခေတ်စားနေတဲ့ ပြိုင်ကားတစ်စီး အားလောက်၇ှိပါတယ်၊၂.၅ စက္ကန့်အတွင်းကို

နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ ငါးဦးအထိ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ရာသီဥတုပူပြင်းသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ သုံးဦး မှ ငါးဦးအထိ ရောက်ရှိလာကြောင်း ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ပါမောက္ခ တစ်ဦး က ပြော သည်။”နေက တအားပူတယ်။ အရက် သောက်ကြတယ်။ သွေးပေါင်မှန်မှန် မချိန်ဘူး။ သွေးကျဆေး

ရွှေဈေးကျသည့်အတွက် တရုတ်နိုင်ငံတွင် ၀ယ်ယူသူများပြားလျှက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

ကြက်ဥတစ်နေ့တစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုဖွယ်ရှိ

ကြက်ဥတစ်နေ့တစ်လုံးစားခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူပြုဖွယ်ရှိ

ကြက်ဥအား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေးကို ကောင်း မွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီးပေးနိုင်ဖွယ် ရှိသည် ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။
အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခုဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြုတိုက် တွန်းခဲ့ကြ သည်။

သုတေသနပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါး သော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။ ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နိုအက်စစ်ဓာတ် သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များအတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။

ကြက်ဥတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် ဓာတ်ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟုဆိုသည်။

လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေး ဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။ ကြက်ဥနှင့်ပတ်သက်၍ အရေး ပါသောတွေ့ရှိ မှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသောဓာတ်စာအရင်း အမြစ်တစ်ခုဖြစ် သည်ဟု သုတေသန ပညာ ရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Source ► http://bit.ly/XeWuRF

ကြက်ဥအား အထူးအစားအစာအဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စား သုံးခြင်းအားဖြင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ်တားဆီးပေးနိုင်ဖွယ် ရှိသည် ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရသည်။

“ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု သံသယတရားခံ ၃ ဦးကို ထပ်မံဖမ်းဆီး”

Photo: Breaking News:
“ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု သံသယတရားခံ ၃ ဦးကို ထပ်မံဖမ်းဆီး”

ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်သည့် သံသယရှိသူ ၃ ဦးကို ထပ်မံ ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

ထိုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် တာမာလန် ဆာနေ့ဗ်နှင့် အသက် ၁၉ နှစ်အရွယ် ဇိုခါဆာနေ့ဗ် ညီအစ်ကိုနှစ်ဦးကိုသာ သံသယံတရားခံများအဖြစ် အစောပိုင်းက သတ်မှတ်ဖမ်းဆီးခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21449
ဘော်စတွန်မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်သည့် သံသယရှိသူ ၃ ဦးကို ထပ်မံ ဖမ်းဆီး လိုက်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားသည်။ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲ ပန်းဝင်စည်းအနီး ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြား လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

မေဒေးနေ့မှာ နိုင်ငံတကာက အလုပ်သမား သိန်းချီ ဆန္ဒပြ

မေဒေးနေ့မှာ နိုင်ငံတကာက အလုပ်သမား သိန်းချီ ဆန္ဒပြ
Thursday,May02,2013

မနေ့က ကျရောက်တဲ့ မေဒေး ခေါ် အလုပ်သမားနေ့အတွင်း နိုင်ငံအတော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဥရောပတိုက်တခွင်မှာတော့ စီးပွားရေးကျဆင်းမှုတွေဖြစ်နေတုန်း အစိုးရက အသုံးစရိတ် ထပ်မံလျော့ချလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မေဒေးနေ့ အခမ်းအနားဟာ သာမာန်အားဖြင့် အလုပ် သမားရေး ဆိုင်ရာ တိုး တက် ပြု ပြင် ပြောင်း လဲ မှု တွေအပေါ် ကျေနပ်တဲ့ အနေနဲ့ ကျင်းပတဲ့ ပွဲဖြစ်ပေမယ့် ဂရိနိုင်ငံမှာတော့ အသက် ၂၅ နှစ်အောက် လူငယ် လူဦးရေ ၅၉ % အလုပ်လက်မဲ့ ဖြစ်နေတဲ့အပေါ် အမျက်ဒေါသ ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့ လူတွေ ချီတက်ဆန္ဒပြခဲ့ကြပြီး တူရကီနိုင်ငံမှာတော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ရောမမြို့မှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က နိုင်ငံရေးသမားတွေ အနေနဲ့ အလုပ်သမား ဈေးကွက် ပြန်လည် ရှင်သန်အောင် ပြုလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။

တခါတရံ အလုပ်လက်မဲ့ ပြဿနာဟာ လူမှု တရားမျှတရေးထက် တကိုယ်ကောင်းဆန်တဲ့ အမြတ်စား မှုတွေကြောင့် ဖြစ်ပေါ်လာ တတ်တယ်လို့လည်း သတိပေးပြောကြား လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း လုပ်ငန်းခွင် အခွင့်အရေးနဲ့ လောင်စာဆီဈေးနှုန်းအပေါ် မကျေနပ်ကြတဲ့အတွက် အလုပ်သမားအယောက်ပေါင်း တစ်သိန်းလောက် ဆန္ဒပြခဲ့ကြပြီး ဂျာကာတာမြို့လည်ကို လူသွားလူလာ မရှိအောင် ပိတ်ချခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေ အကြမ်းဖက်လာမှာကို ရဲတွေက စိုးရိမ်ကြပေမယ့် ဆန္ဒပြသူတွေက အကတွေ၊ သီချင်းတွေဆိုပြီး ပျော်ပွဲဆန်တဲ့ ဆန္ဒပြပွဲကို ပြုလုပ် ခဲ့ကြပါတယ်။ ဘတ်စ်ကားအစီးပေါင်း ထောင်နဲ့ချီက ဆန္ဒပြသူတွေကို အခမဲ့တင်ဆောင်ပြီး ဂျာကာတာမြို့လည်ကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီအသုံးပြုပြီး လောင်စာဆီဈေးနှုန်းသက်သာအောင် အစိုးရက လုပ်ဆောင်ပေခဲ့ပြီး အဲဒီ အစီအစဉ် ရပ်တန့်ဖို့ စီစဉ်တာကို မကျေနပ်တဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အထိ အခြေအနေ တိုးတက်အောင် မလုပ်ဆောင်ပေးရင် အဓိက လမ်းမတွေကို ပိတ်ဆို့မယ်လို့လည်း ဆန္ဒပြသူတွေက ကြိမ်းဝါးထားကြောင်း အေဘီစီသတင်းထောက်က ဂျာကာတာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ထောင်နဲ့ချီတဲ့ လူတွေ မေဒေးနေ့မှာ ဆန္ဒပြခဲ့ကြပြီး အထပ် ၈ ထပ် အဆောက်အဦးပိုင်ရှင်ကို သေဒဏ်ချမှတ်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒါကာမြို့က အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးမှာ အထည်ချုပ် စက်ရုံ ၅ ခု ရှိပြီး အဆောက်အဦး ပြိုကျမှုကြောင့် ခုအခါမှာ သေဆုံးသူ အယောက် ၄၀၀ ရှိသွားပြီး လူပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဒီအဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး အဆောက်အဦးပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်နဲ့ အဆောက်အဦး အင်ဂျင်နီယာတွေ စုစုပေါင်း လူ ၈ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ

အင်ဒိုနီးရှားနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော် မေဒေးနေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
မနေ့က ကျရောက်တဲ့ မေဒေး ခေါ် အလုပ်သမားနေ့အတွင်း နိုင်ငံအတော်များများမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ဥရောပတိုက်တခွင်မှာတော့ စီးပွားရေးကျဆင်းမှုတွေဖြစ်နေတုန်း အစိုးရက အသုံးစရိတ် ထပ်မံလျော့ ချလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌခန့်အပ်

နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် မိန့်ခွန်း

နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် 
မိန့်ခွန်း
===================================================
ယနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယခု အခမ်းအနားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်အနေဖြင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်အပ်နှင်း သွားမည့် အခမ်းအနား ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်အောင် စွမ်းဆောင်ကြမည့် စီးပွားရေး စွမ်းဆောင်ရှင်များ၊ လူမှုရေး စွမ်းဆောင်ရှင်များ တိုးပွား ပေါ်ထွန်းလာစေရန်နှင့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး အားပေးမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်သူ တောင်သူ လယ်သမားအဆင့်မှ လုပ်ငန်းရှင်များ အဆင့်အထိ စွမ်းဆောင်ရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများမှ ပို့ကုန်လုပ်ငန်းရှင်များအထိ စွမ်းဆောင်ရှင်များ၊ အခွန်ပေးဆောင်မှု တာဝန်အကျေဆုံး လုပ်ငန်းရှင်များ၊ အများပြည်သူအတွက် သက်စွန့်ကြိုးပမ်း စွမ်းဆောင် ခဲ့ကြသူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမား စွမ်းဆောင်ရှင်များကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ဘာသာပေါင်းစုံ အဖွဲ့အစည်းအပါအဝင် ဘာသာရေးအတွက် သာမက လူမှုရေးအတွက်ပါ အားသွန်ခွန်စိုက် မနားမနေ ကြိုးစားဆောင်ရွက် နေသည့် ရဟန်းသံဃာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများကို စောင့်ရှောက် ကူညီပေးနေသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်က ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံများက မြန်မာကို အသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ကြ ပါကြောင်း။

တစ်ချိန်တည်း၌ပင် ဒုတိယအဆင့်ဖြစ်သော စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အခြားနိုင်ငံများနည်းတူ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အစိုးရက ဆောင်ရွက် ပေးရမည့်အပိုင်း၊ ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်း၊ အစိုးရနှင့်  ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်သည့်အတွက် သူ့အပိုင်းနှင့် သူ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရက လိုအပ်သည့် မူဝါဒနှင့် စီမံကိန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်သာ ကိုင်သာ ရှိအောင် ဖြေလျှော့စီမံပေးရမည် ဖြစ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ရာတွင်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာ ရရှိရေး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် လူ့အရင်းအမြစ် လေ့ကျင့်ပြုစုပျိုးထောင်ရေးနှင့် ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ သမဝါယမ အဖွဲ့အစည်း အခန်းကဏ္ဍနှင့် နိုင်ငံပိုင် အခန်းကဏ္ဍတို့၏ ပါဝင်မှု အချိုးအစားကိုကြည့်လျှင် အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းတွင် ပုဂ္ဂလိကပိုင် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ သမဝါယမ အဖွဲ့အစည်း ၁ ဒသမ ၂ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးတွင် အများဆုံးပါဝင်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားလာအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် အနာဂတ် စွမ်းဆောင်ရည်ပြည့်ဝသော လူ့အရင်းအမြစ်များ တိုးပွားလာအောင် အားပေး မြှင့်တင်ရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန်ပင် ဖြစ်ပါကြောင်း။

ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖန်တီးရေးနှင့် မေခရို စီးပွားရေး တိုးတက် ကောင်းမွန်ရန်၊ ကုန်ပစ္စည်း ဈေးကွက်နှင့် ငွေကြေး အရင်းအနှီး ဈေးကွက် ကောင်းမွန်စွာ လည်ပတ်ရေး လိုအပ်ခြင်းကြောင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာ့ကုန်ပစ္စည်း ဈေးကွက်ကို လေ့လာသုံးသပ်လျှင် ကုန်သွယ်မှုတွင် တရားဝင် တင်သွင်းခွင့် ပေးထားပြီး ဖြစ်သော ပစ္စည်းများကို မမှန်မကန် အကျိုးအမြတ်ရလိုမှုနှင့် အခွန် တိမ်းရှောင် မှောင်ခိုတင်သွင်းမှုများကြောင့် မှန်မှန်ကန်ကန် အခွန်ဆောင် တင်သွင်းသူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ဈေးကွက် ပျက်ပြားနေသည့် အခြေအနေများ၊ တင်သွင်းလာသော ကုန်ပစ္စည်း အရည်အသွေး မမှန်ကန်သဖြင့် စားသုံးသူ ပြည်သူ ကျန်းမာရေးထိခိုက်စေမည့် အန္တရာယ်များ ရှိနေခြင်းကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် အခွန်စနစ် ခေတ်မီတိုးတက်ရေး စီစဉ်နေသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ၌လည်း စီးပွားရေးကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေ လေးစားလိုက်နာတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလာအောင် စိတ်ထား (Mindset) များ ပြုပြင်ပြောင်းလဲရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန် နှေးကွေး ရခြင်း၏ အကြောင်းတစ်ရပ်သည် ဈေးကွက် ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါကြောင်း၊ အလားတူ ထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေမကိုက်ရသည့် အကြောင်းတစ်ရပ်သည် ကြားအဆင့်ဆင့် ကုန်ကျမှု (Transaction Cost) များနေမှုကြောင့် ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေး ရသင့်သလောက်မရသည့် အချက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်မှု ကွင်းဆက် အချိတ်အဆက်မိအောင် ကန်ထရိုက်ထုတ်လုပ်မှု၊ ပုံမှန်ရောင်းသူ ဝယ်သူ ချိတ်ဆက်မှုများကို ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းနယ်ပယ်၊ ဖြစ်နိုင်ခြေရှိသည့် ဇုန်များ ထူထောင်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ဆက်ဆံရေးတွင် သာမက စီးပွားရေးကဏ္ဍကိုပါ တံခါးဖွင့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း မိမိတို့၏ ပုဂ္ဂလိကကဏ္ဍသည် ဤနှစ်နှစ် အတွင်းတွင် အားယူနေရဆဲ အခြေအနေ၌ပင် ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်မှုသည် ပုဂ္ဂလိကကဏ္ဍ အသင့်ဖြစ်မှုနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်စီမံရန် တွန်းအားများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ထိုတွန်းအားများမှာ ယခင် တံခါးပိတ်နေခဲ့ရာမှ တံခါးဖွင့်လိုက်သည့်အချိန်တွင် နိုင်ငံတကာကို ထွက်ပြီး ကူးလူးဆက်ဆံ စီးပွားရှာနိုင်အောင် ကြိုးစား ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာ စီးဝင်လာရေးအတွက် နိုင်ငံတကာက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း။

ဒေသတွင်း၌လည်း အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ ထိခိုက်မှု မရှိအောင်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြင်ဆင် ကြိုးပမ်းရမည့် အချိန်ကာလသည်လည်း နီးကပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ရှိစဉ်က ထုတ်လုပ်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ စီးပွားရေး ပိတ်ဆို့မှုများ အဆင့်လိုက် ရုပ်သိမ်းပေးနေပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ချိတ်ဆက် တင်ပို့ရောင်ချနိုင်မှု ရှိရေး အသင့်ရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း။

ဤသို့ လျင်မြန်စွာပြောင်းလဲနေသော အခြေအနေအပေါ်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် စနစ်တကျစီမံ အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေး (Private Sector Development Reform) လုပ်ငန်းစဉ်ကို မိမိတို့ အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာန အသီးသီးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ပါဝင်သည့်အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်း ဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နှင့် အားပေးမြှင့်တင် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ် ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်ကို မူဝါဒချမှတ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းအခြေခံ မူဘောင်ထဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အလေးထား စီမံ ဆောင်ရွက်မည် ဖြစ်သည့်အတိုင်း ယခုဆိုလျှင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရောက်ရှိအောင် အစိုးရ ယန္တရား ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်မှုစနစ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူလူထုဗဟိုပြုသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရသည့် အကြောင်း အရင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ဥပဒေကို လေးစားလိုက်နာ ကြရမည်ဖြစ်ပါကြောင်း၊ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ပြည်သူ့ဘဝ လုံခြုံမှုအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အဘက်ဘက်တွင် များစွာနောက်ကျကျန်နေပါကြောင်း၊ သို့သော်လည်း အချိန်မနှောင်းသေးပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားအလုပ် လုပ်ကြမှသာ အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ပြင်းထန်သည့် စိတ်ဓာတ် အစွဲများကို ပဋိပက္ခဖြစ်မည့် နေရာများတွင် မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချမည်ဆိုလျှင် မိမိတို့အမြန်တိုးတက်မည် ဖြစ်ပါကြောင်း၊ မတော် လောဘရလိုသည့် စိတ်များ၊ အချောင်ရလိုသည့် စိတ်များကို ဖျောက်ကြ ရမည် ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့ နယ်ပယ်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ် ဆောင်တတ်သည့် အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါ ကြောင်း။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/04/30/id-3201

ယနေ့ အခမ်းအနားကို ကြွရောက်ချီးမြှင့်ကြသူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ရသေ့တောင် ပေါင်းဇားနေပူခံရွာမှ တရားစွဲခံထားရသော လယ်သမား ၂၆ ဦးအမူကို ပလပ်

ရသေ့တောင်မြို့နယ် ပေါင်းဇား၊ နေပူခံ ကျေးရွာများမှ တရားစွဲခံထားရသော လယ်သမား (၂၆) ဦး အမူကို တရားစွဲဆိုသူ စီးပွားရေး လုပ်ငန်းရှင် ဦးစောအောင်သိန်းမှ ပလပ်လိုက်ကြောင်း သတင်း ရရှိသည်။

ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်များ မြန်မာဝယ်ယူတော့မည်

မြန်မာနိုင်ငံအပေါ် ကျရောက်နေပြီဖြစ်သော ခရမ်းလွန်ရောင်ခြည်လှိုင်းနှင့် ပတ်သက်ပြီး ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်ကို မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသွားရန်ရှိနေပြီး ကိုယ်ပိုင်တိုင်းတာမှုများ ပြုလုပ်

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ

လက်တော့ပ်ကွန်ပျူတာများ၏ ဝိုင်ဖိုင်က သုက်ပိုးများအား ပျက်စီးစေကြောင်းတွေ့ရှိရ

လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုးများအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသားအလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာတစ်လုံးအနီးတွင် လေးနာရီကြာထားရှိခဲ့သည်။ အခြားအိုးတစ်အိုးကိုမူ တူညီသော အခြေအနေတွင် ကွန်ပျူတာမပါဘဲထားရှိခဲ့ကြောင်း လေ့လာမှုတွင် ရေးသားခဲ့သည်။ လက်တော့ပ်ကွန်ပျူတာ အနီးတွင်ထားရှိသော အိုးထဲမှသုက်ပိုးများမှာ ပျက်စီးသွားကြောင်း လေ့လာသူများက တွေ့ရှိခဲ့ရသည်။ သုက်ပိုးများ၏ ကူးခတ်နိုင်စွမ်း လျော့ကျသွားသလို၊ ၎င်းတို့သယ်ဆောင်လာသော ဗီဇများလည်း ပြောင်းလဲသွားကြသည်။ အပူချိန်မြင့်မားခြင်းသည် သုက်ပိုးများအား ပျက်စီးစေနိုင်သော်လည်း ယခုကဲ့သို့ သုက်ပိုးများပျက်စီးမှုမှာ လက်တော့ပ်ကွန်ပျူတာများမှ ထွက်လာသော အပူရှိန်ကြောင့်ဟု တော့လေ့လာသူများက မယုံကြည်ကြပေ။ယခုလေ့လာမှုအား Fertility and Sterility ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင်သူများကမူ ယခုလေ့လာမှုမှာ လက်တွေ့ဘဝတွင် စမ်းသပ်ခဲ့ခြင်းမဟုတ်၍ အမျိုးသားများအနေနှင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ရန် မရှိကြောင်းဆိုကြသည်။ သို့သော် ၎င်းတို့က ထပ်မံလေ့လာမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

Source ► http://bit.ly/XeWuRF
လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရလက်တော့ပ်ဝိုင်ဖိုင် အသုံးပြုခြင်းဖြစ်သည် အမျိုးသားတို့၏ သုက်ပိုး များအားအန္တရာယ်ရှိစေနိုင်ကြောင်း သံသယရှိမှုများပေါ်ထွက်လာခဲ့သည်။ ကျန်းမာသောအမျိုးသား အလှူရှင်၂၉ ဦးတို့မှ သုက်ပိုးနမူနာများအားစုစည်း၍ အိုးနှစ်လုံးထဲတွင် ခွဲထည့်ခဲ့သည်။ တစ်အိုးအား အင်တာနက်နှင့် ကြိုးမဲ့ဝိုင်ယာလက်စနစ်ဖြင့် ချိတ်ဆက်ထားသော လက်တော့ပ် ကွန်ပျူတာ တစ်လုံး အနီး

မျက်စိအားကောင်းစေရန်


မျက်စိအားကောင်းစေရန်

မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။

(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။

(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။

(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)

(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။

၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။

(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။

(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

Ref: Good Health
Source ► http://bit.ly/XeWuRF
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

ကမ္ဘာတ၀ှမ်း မေဒေးနေ့ ကျင်းပ

ကမ္ဘာတ၀ှမ်း မေဒေးနေ့ ကျင်းပ
Thursday,May02,2013

မေဒေး လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုပြီး ကမ္ဘာတ၀ှမ်းက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြင့်ရရှိရေးနဲ့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်လာဖို့အတွက် ချီတတ် ဆန္ဒပြခဲ့ကြပါတယ်။
 
တူရကီနိုင်ငံ အစ္စတန်ဘူမှာတော့ ဆန္ဒပြသူတွေဟာ မေဒေးနေ့ လူထုစည်းဝေးပွဲ လုပ်နေကြ Taksim ရင်ပြင်ကို ချီတတ်ဖို့ ကြိုးစားကြရာမှာ သူတို့ကို တားဆီးတဲ့ ရဲတွေနဲ့ အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။
 
ဆန္ဒပြသူတွေဘက်က ခဲတွေနဲ့ ပစ်ပေါက်သလို၊ လုံခြုံရေးတပ်ဖွဲ့တွေဘက်ကလည်း မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲပါတယ်။
 
ဂရိနိုင်ငံမှာလုပ်တဲ့ မေဒေးနေ့ အလုပ်သမား ဆန္ဒပြပွဲကြောင့် ဂရိကျွန်းစုတွေအကြား သွားလာတဲ့ မော်တော်သင်္ဘောတွေ ရပ်နားသွားပါတယ်။ ဒါ့အပြင် အေသင်မှာ အများပြည်သူသုံး ယာဉ်ရထားတွေလည်း ရပ်တန့်သွားပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ခြုံးခြံချွေတာရေး မူဝါဒတွေကို ကန့်ကွက် ဆန္ဒပြကြတာပါ။
 
အလုပ်လက်မဲ့နှုန်း ၂၇ ရာခိုင်နှုန်းအထိ မြင့်မားလာနေတဲ့ စပိန်နိုင်ငံမှာတော့ စီးပွားရေး မူဝါဒပိုင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ပြင်သစ်မှာတော့ လက်ယာစွန်း အတိုက်အခံပါတီ အမျိုးသားတပ်ဦးက သူတို့ရဲ့ အစဉ်အလာမပျက် မေဒေးနေ့ ချီတတ်ပွဲလုပ်ပါတယ်။ ဖိလစ်ပိုင်မှာလည်း ဆန္ဒပြသူတွေဟာ မြို့တော် မနီလာမှာ ချီတတ်ပြီး အစိုးရရဲ့ လုပ်ငန်းတွေမှာ သူတို့အတွက် အလုပ်အကိုင်တွေ ရဖို့ တောင်းဆိုပါတယ်။
 
ကမ္ဘောဒီးယားမှာတော့ အထည်ချုပ်စက်ရုံလုပ်သားတွေက လုပ်ခလစာ တိုးပေးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်လာဖို့ ဖနွမ်းပင်မြို့မှာ ဆန္ဒပြပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ မေးဒေးနေ့ အလုပ်သမား အစည်းအဝေးတွေနဲ့ အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။

VOA
တူရကီနိုင်ငံမှာ မေဒေးနေ့ ဆန္ဒပြမှုဖြစ်ပွား

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ
တူရကီနိုင်ငံမှာ မေဒေးနေ့ ဆန္ဒပြမှုဖြစ်ပွား
မေဒေး လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုပြီး ကမ္ဘာတ၀ှမ်းက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြင့်ရရှိရေးနဲ့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်လာဖို့အတွက် ချီတတ် ဆန္ဒပြခဲ့ကြပါတယ်။

KIA အဖွဲ့မှမိုင်းများထောင်ထားသောကြောင့် ရွာသားများအခက်တွေ့




မိုးကောင်းမြို့နယ်၊ နွဲလောရွာနှင့် လွယ်စွန်းရွာအနီးပတ်ဝန်းကျင်မှာရှိသည့် ဆိုင်းဒါးတောင်တွင် KIA အဖွဲ့မှ မိုင်းများ ထောင်ထားသဖြင့် ၀ါးခုတ်၊ကြိမ်ခုတ်နေသော ရွာသားများအတွက် အခက်တွေ့နေကြောင်းသိရှိရ ပါသည်။

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား

ဆီးရီးယားအတိုက်အခံကိုလက်နက်ပေးဖို့ အိုဘားမားစဉ်းစား 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။
 
အိုဘားမား အနေနဲ့ ဆီရီးယား အတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ စဉ်းစားပေမယ့်၊ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ အိမ်ဖြူတော် အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆီးရီးယား သူပုန်တွေကို အထောက်အပံ့တွေ တိုးမြှင့်ပြီး ပေးသွားဖို့ သမ္မတ အိုဘားမားက သူ့ရဲ့ နိုင်ငံတော် လုံခြုံရေးအဖွဲ့ကို ပြောထားပြီးသွားပြီလို့ အိမ်ဖြူတော် အရာရှိတွေ ကပြောပါတယ်။
 
အခုထိတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေကို ပေးနေတဲ့အကူအညီတွေထဲမှာ လူကိုသေစေနိုင်တဲ့ ပစ္စည်းအထောက်အပံ့တော့ မပါသေးပါဘူး။ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် ပြည်ထောင်စုက ဆီးရီးယား အတိုက်အခံတွေအတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးထားပြီးသား ဖြစ်တယ်လို့ ဖော်ပြထားကြောင်း အမျိုးသားလုံခြုံရေး ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်လင်း ဟေဒန် (Caitlin Hayden) ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အထောက် အပံ့ဟာ ဆီးရီးယားနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပြေလည်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေကပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့တာဟာ အခုဆိုရင် ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။
 
ဆီးရီးယား သမ္မတ ဘရှာ အယ်လ်အာဆတ် (Bashar al-Assad) အစိုးရအပေါ် ပြင်းပြင်ထန်ထန် အရေးယူမှုတွေ မလုပ်ခင်မှာပဲ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်တွေ သုံးနေတာနဲ့ ပက်သက်လို့ အချက်အလက်တွေ ထပ်ပြီး လိုအပ်နေသေးတယ်လို့ အင်္ဂါနေ့က ပြုလုပ်တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမား ကပြောသွားပါတယ်။ 

http://burmese.voanews.com/content/article/1652512.html

ဆီးရီးယားအတိုက်အခံ သူပုန်တွေကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားနေပါတယ်။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေကို ဆန့်ကျင်တဲ့ သူပုန်တွေရဲ့ လက်ထဲကို လက်နက်တွေ ရောက်ရှိသွားမှာ စိုးတဲ့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လက်နက်ထောက်ပံ့ဖို့ မစဉ်းစားခဲ့ပါဘူး။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ရလဒ်

ဘာစီလိုနာ ၀ - ၃ ဘိုင်ယန်မြူးနစ်
48' ရော်ဘင်၊ 72' ပီကေး [own goal]၊ 76' မူလာ

ဥက္ကံမြို့ ပဋိပက္ခကြောင့် ၁ ဦးသေဆုံး၊ ၁၈ ဦး ဖမ်းဆီးထား