Friday, May 3, 2013

ဘီပိုး၊ စီပိုး သမားများအတွက်သခွတ်ပင်၏ အစွမ်း

ဘီပိုး၊ စီပိုး သမားများအတွက်သခွတ်ပင်၏ အစွမ်း



ဘီပိုး စီပိုး အသည်းသမားများအတွက် သခွတ်၏ အစွမ်း..............ဆးရည်ကျို

နည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ

မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။



အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။



သော်တာမောင်
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။

ကမ္ဘာ့ ရှေးအကျဆုံး မီးရထား ဥမင်လိုဏ်ခေါင်း တစ်ခု အင်္ဂလန် နိုင်ငံတွင် ရှာဖွေ တွေ့ရှိ


ရှေးဟောင်း သုတေသန ပညာရှင်များသည် ကမ္ဘာ့ ရှေးအကျဆုံးဟု ယူဆရသော နှစ်ပေါင်း ၂၂ဝ သက်တမ်းရှိ မီးရထားဥမင်လိုဏ်ခေါင်းတစ်ခုကို အင်္ဂလန်နိုင်ငံ ဒါဘီရှိုင်းယားပြည်နယ် ခရစ်ခ်ျဒေသ ရှိ ကျောက်ပုံ ဥယျာဉ်၏   မြေအောက် အနက် ၁ဝ ပေတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ လေပြင်းများ တိုက်ခတ် လူနေအိမ်များ ပျက်စီး


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ လေပြင်းများ တိုက်ခတ် လူနေအိမ်များ ပျက်စီး

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်း တိုက်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့်
မုံရွာမြို့၊ ကျောက္ကာ လမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိ သစ်ပင်ကြီးများ လဲကျ ကျိုးပဲ့ခဲ့ရာ ဂျစ်ကားတစ်စီး ပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံ အချို့ အမိုးလန် ပျက်စီးခဲ့သည်။ 

ထို့အပြင် လမ်းမီးတိုင်များ လဲကျခဲ့၍ ဓာတ်အားလိုင်းများ ခေတ္တ ပြတ်တောက် ခဲ့ကြောင်းနှင့် လူများ ထိခိုက်မှု မရှိကြောင်း သိရသည်။ နယ်မြေခံ တပ်မတော် သားများက လေပြင်း တိုက်ခတ်မှု ဖြစ်ပွားရာ နေ ရာသို့ သွားရောက်၍ အပျက်အစီးများ ရှင်း လင်းခြင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

http://www.myawady.com.mm/allnews/local/item/12697-2013-05-03-09-37-06

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ မနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိသစ်ပင်ကြီးများ လဲကျကျိုးပဲ့ခဲ့ရာ ဂျစ်ကား တစ်စီးပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့သည်။

ဟိုပုံးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးပျက်စီး နွားတစ်ကောင် သေ

ဟိုပုံးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးပျက်စီး နွားတစ်ကောင် သေ

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ် ထန်းဘုရားကျေးရွာ၌  ဧပြီ ၃ဝ ရက်ညနေ ၄ နာရီမိနစ် ၅ဝ က လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ်၊ နွားခြံအချို့နှင့် သစ်ပင်၊ သစ် ကိုင်းများ ကျိုးပဲ့ ပျက်စီးသွားကြောင်း သိရသည်။

ဂျကာတာမြို့မြန်မာသံရုံးမှာ ဗုံးခွဲဖို့ ယူဆရသူ ၄ဦးဖမ်းဆီးရမိ

ဂျကာတာမြို့မြန်မာသံရုံးမှာ ဗုံးခွဲဖို့ ယူဆရသူ ၄ဦးဖမ်းဆီးရမိ
Friday, May 03, 2013

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူလို့ ယူဆထားသူ လူ ၄ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရဲအရာရှိ Boy Rafli ရဲ့ အဆိုအရဆိုရင် ရေပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဗုံး ၅ လုံး သယ်ဆောင်လာတဲ့ အမျိုးသား နှစ်ယောက်ကို မြန်မာသံရုံးအသွား လမ်းခွတစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသား နှစ်ဦးကို ဖမ်းဆီးလိုက်ပြီး မကြာခင်မှာပဲ ဂျကာတာ မြို့ပြင်က အိမ်လုပ်ဗုံးတွေ ထုတ်လုပ်နေတဲ့ နေအိမ်တစ်အိမ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို အကြမ်းသမားတိုက်ဖျက်ရေးဌာနက ထပ်မံဖမ်းဆီး လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေ ဖိနှိပ်ခွဲခြားခံနေရတာကို လက်စားချေတဲ့အနေနဲ့ အကြမ်းဖက်သမားလို့ ယူဆရသူတွေက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲအရာရှိက ပြောပါတယ်။

အခု ဖမ်းဆီးခံရသူတွေဟာ အကြမ်းဖက် အဖွဲ့တွေရဲ့ တစိတ်တပိုင်းသာဖြစ်မယ်လို့ ရဲတွေက ယူဆထားပါတယ်။


ABC Radio Australia

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့သူလို့ ယူဆထားသူ လူ ၄ ယောက်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ နယ်ကျော် ဝင်ရောက်လာသူ ၁၄ ဦးကို တရားစွဲမည်

ရခိုင်ပြည်နယ် မင်းဂံဒေသမြင်ကွင်းတခု။ ရခိုင်ပြည်နယ်တွင်း နေထိုင်သူများအနက် မှတ်ပုံတင် မရသူများ နယ်ကျော် သွားလာ ခွင့် ပိတ်ပင်ထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မင်္ဂလာဒုံ မြို့နယ်တွင် ဖမ်းမိခဲ့သည့် တရားမ၀င် နယ်ကျော် ၀င်ရောက် လာသူ ၁၄ ဦးထဲတွင် အသက်မပြည့်သူ တဦး ပါဝင်သော်လည်း အားလုံးကို တရားစွဲဆို သွား မည်ဖြစ်ကြောင်း မင်္ဂလာဒုံရဲစခန်းမှ သိရှိရသည်။

KIA အဖွဲ့များမှ ရှမ်းလူငယ်များအား လူသစ်စုဆောင်းမှုများပြုလုပ်လျက်ရှိ…

၂၀၁၃ ခုနှစ်၊ အေပြီလ ၂၈/၂၉ ရက်နေ့တွေမှာ ရှမ်း/မြောက်၊ နမ့်ခမ်းမြို့နယ်၊ နန့်ဝူကျေး ရွာ ကနေ ကောင်းမုယန်ကျေးရွာသို့ဈေးလာဝယ်တဲ့ကချင်လူငယ် ၂ ဦး၊ မန်မွန်း ကျေးရွာက ရှမ်း လူငယ် ၂ ဦး၊ ဆွတ်ခါးကျေးရွာနဲ့ မန်အိုက်တိုက်ကျေးရွာက ရှမ်းလူငယ် ၄ ဦး၊ ပေါင်း ၈ ဦးကို KIA တပ်ဖွဲ့ဝင်အချို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။

ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ


ဖားကန့်ရှိ မွတ်စလင် ဆိုင်တချို့ ဖျက်ဆီးခံရ

မေလ ၃ ရက် ၂၀၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဥ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင် သုံးဆိုင်ကို ရိုက်နှက်ဖျက်ဆီးမှု ယနေ့ ဖြစ်ပွားသည်။ ဖားကန့်ဒေသတွင်း ရေတွင်းများကို အဆိပ်ခတ်မည်၊ ဖားကန့်ရှိ ဘုန်းတော်ကြီးကျောင်းတခုကို အစ္စလာမ် ဘာသာ ၀င်များ ၀ိုင်းထားသည်၊ သံဃာတော်များက အစ္စလာမ်ဘာသာဝင်များကို အခြားနေရာသို့ ရွှေ့ပြောင်းရန် စီစဉ်နေသည် ဆိုသည့် ကောလာဟလများ ပျံ့နှံ့လာပြီးနောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအခြေအနေတွင် အခင်းဖြစ် နေရာတွင် ဒေသခံရဲများနှင့် စစ်တပ်မှ လုံခြုံရေးများချထားကြောင်း၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို မသိရသေးကြောင်း၊ အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသော်လည်း ဆူပူအုံကြွမှုများဖြစ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီ(သတင်းတို)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဥ့်ငူရွာတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သော ကုန်မာဆိုင်

မေ ၂၄ တွင် CDMA 800 MHz ဖုန်းဆင်းကတ် ထပ်ရောင်းမည်

ပထမအကြိမ် ၁၅၀၀ တန် ဖုန်းရောင်းပေးသည့် ရက်အတိုင်း မေ ၂၄ ရက်တွင် ထပ်မံရောင်းချရန် စီစဉ် ထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “ပထမအကြိမ် ရောင်းခဲ့တဲ့ ၂၄ ရက်ကိုပဲ မှန်းထားပါတယ်။

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ

ဥကံ္ကမြို့၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိ
ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့၌ ဧပြီ ၃ဝ ရက်တွင် လူအုပ်စုက ဘာသာရေး အဆောက်အအုံများ အားခဲဖြင့်ပစ်ပေါက်ပြီး ဈေးဆိုင်များအား ဝင်ရောက်ဖျက်ဆီးခဲ့၍ လုံခြုံရေး အဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရပြီး ယခုအခါ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း ကနဦး သတင်းများအရ သတင်းအဖွဲ့သည် လက်ရှိအခြေ အနေများအား မျက်မြင် တွေ့ရှိနိုင်ရန် ဥက္ကံမြို့သို့

သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်

သာသနာညိုးနွမ်းစေမှုနဲ့ ၀င်းဝင်းစိန်ကို စွဲချက်တင်
Friday, May 03, 2013

ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကိုညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင် မဝင်းဝင်းစိန်ဟာ ဆွမ်းခံကြွလာတဲ့ ကိုရင် အရှင်ပုည ကို ဝင်တိုက်မိပြီးနောက်ပိုင်း ဥက္ကံမြို့က ဗလီနဲ့ မူဆလင်နေအိမ်တချို့ ဖျက်ဆီးခံရပြီး လူ တစ်ဦး သေဆုံးခဲ့ရပါတယ်။

မဝင်းဝင်းစိန်နဲ့ တခြား အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း လူ ၂၁ ယောက်ကို စွဲချက်တင်မယ်လို့ မြန်မာရဲက ပြောတဲ့အကြောင်း အေဖက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

မဝင်းဝင်းစိန် မတော်တဆ ဝင်တိုက်မှုကြောင့် အရှင် ပုညရဲ့ သပိတ်ကြကွဲ
ခဲ့ရပါတယ်။

မြန်မာအစိုးရပိုင် ရုပ်သံမှာတော့ ဆွမ်းခံကြွရင်း ဝင်တိုက်ခံခဲ့ရတဲ့ အရှင်ပုညရဲ့ အင်တာဗျူးကို ထွင့်လွှင့်ခဲ့ပြီး အဲဒီ အင်တာဗျူးအတွင်း အရှင်ပုညပြောပြချက်အရ ဝင်တိုက်တဲ့ အမျိုးသမီးက သပိတ်အသစ် တလုံးဝယ်ဖို့ ငွေကြေး ကမ်းလှမ်းခဲ့တဲ့အကြောင်း အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ရဲတွေ ရောက်လာတဲ့အကြောင်း ရဲစခန်းကို ရောက်တဲ့အခါ ဝင်တိုက်တဲ့ အမျိုးသမီးက တောင်းပန်စကားပြောခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေကို ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး သူရဲကောင်းလို ရှုမြင်ခဲ့ကြပြီး နိုင်ငံရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဦးဆောင်သူတွေလို့လည်း မြင်ခဲ့ကြပေမယ့် မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သံဃာတော်တွေကပါ အကြမ်းဖက်မှုမှာ ပါဝင်တာကို သက်သေနဲ့တကွ တွေ့ခဲ့ရပြီးနောက်ပိုင်း ပြည်ပမှာသာမက ပြည်တွင်းမှာပါ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေကို ဝေဖန်မှုတွေ ပြုလုပ်လာ ကြပါတယ်။

ABC Radio Australia


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ
ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကိုညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။

ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ပါက တာဝန်ခံဖြေရှင်းမည့်သူကို ဒေသခံများသိရှိလို

ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ပါက တာဝန်ခံဖြေရှင်းမည့်သူကို ဒေသခံများသိရှိလို
Friday, May 03, 2013

ဇွန်လအတွင်း စတင်ပို့လွှတ်တော့မည် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းအပါအ၀င် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပတ်သက်၍ ကျောက်ဖြူဒေသခံများ အပါအ၀င် အဖွဲ့အစည်း(၃)ခု စုပေါင်း၍ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၃၊ ဧပြီ (၂)ရက်နေ့က ထုတ်ပြန်ကြေငြာသည်။ 

တောင်းဆိုချက်(၁၂)ရပ် ပါဝင်သည့် အဆိုပါထုတ်ပြန်ချက်ကို ဒေသခံလူဦးရေ နှစ်သောင်းဝန်းကျင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထိုတောင်းဆိုချက်များ၌ EIA (Environmental Impact Assessment) SIA (Social Impact Assessment) များပြုလုပ်ထားသည်ရှိသော် ဒေသခံများအား ရှင်းလင်းအသိပေးရန်နှင့် EIA / SIA မပြုလုပ်ရသေးပါက စီမံကိန်းများကို ဆိုင်းငံ့ စစ်ဆေးရန် ပါဝင်သည်။ 

“ကျွန်တော်တို့ အစိုးရကို တရားဝင်တော့ မတောင်းဆိုရသေးပါဘူး၊ တရားဝင်တောင်းဆိုဖို့လည်း ဆက်လုပ် သွားမှာပါ။ ”ဟု ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်အေးက ပြောသည်။ 

တောင်းဆိုချက်(၁၂)ရပ်တွင် နံပါတ်(၃)အချက်အဖြစ် ရေနံတင်သင်္ဘောများနှင့် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း မတော် တဆ ပေါက်ကွဲမှုများ ဖြစ်ခဲ့သော် ပင်လယ်ပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ သက်ရှိသတ္တ၀ါများနှင့် ပျက်စီး ဆုံးရှုံးသွားမည့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မည်သည့်အစိုးရနှင့်ကုမ္ပဏီများမှ မည်ကဲ့သို့ တာဝန်ယူ ဖြေရှင်းပေးမည်နည်းဆိုသည့် တောင်းဆိုချက်အား တောင်းဆိုခဲ့ကြောင်းကိုလည်း သိရသည်။ 

ရခိုင်ပြည်ကျောက်ဖြူကမ်းခြေမှထွက်ရှိသော သဘာဝဓါတ်ငွေ့အား ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ မေ(၃၀)ရက်နေ့၌ စတင်ပို့လွှတ်တော့မည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရွှေသဘာဝါဓါတ်ငွေ့စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်းကိုဖြတ်ကာ တရုတ်ပြည် ကူမင်းမြို့ထိ ဆက်သွယ်ထားခြင်းဖြစ်ပြီး (၂၈၀၆) ကီလိုမီတာ ရှည်လျားသည်။


ကောင်းမြတ်ဖြိုး ( မြစ်မခ )

ဇွန်လအတွင်း စတင်ပို့လွှတ်တော့မည် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းအပါအ၀င် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းပတ်သက်၍ ကျောက်ဖြူဒေသခံများ အပါအ၀င် အဖွဲ့အစည်း(၃)ခု စုပေါင်း၍ သဘော ထားထုတ်ပြန်ချက် တစ်ရပ်ကို ၂၀၁၃၊ ဧပြီ (၂)ရက်နေ့က ထုတ်ပြန်ကြေငြာသည်။

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင်ချက်များ ပြုလုပ်သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင်ချက်များ ပြုလုပ်သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့
မြောက်ကိုရီးယား နိုင်ငံ၏ ကျူးကျော်ရန်စသည့် ခြိမ်းခြောက်မှုများ လျော့နည်းသွားမှုအပေါ် ကြိုဆို လျက်ရှိ ပြီးမြောက်ကို ရီးယားအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ကျစ်လျစ်ခိုင်မာမှု ရှိသော လုပ်ဆောင် ချက်များ ပြုလုပ် သွားရန် အမေရိကန် နိုင်ငံက တိုက်တွန်း ပြောကြားခဲ့ပါသည်။

မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း




Photo: မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း
Friday, May 03, 2013

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုကို မြန်မာသမ္မတ ဦးသိန်းစိန် အခုမေလကုန်ပိုင်း လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာနိုင်ငံ အစိုးရအာဏာပိုင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၉၆ ခုနှစ် သမ္မတထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ဒီအခြေအနေနဲ့အညီ အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်မှန်းပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မ၀င်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောက်အယှက်ပြုစေတဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ၀င်ရောက်ခွင့်တွေ ပိတ်ပင်ထားတဲ့ သမ္မတထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်တာပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပိုင်းဖြတ်ချက်နဲ့ ဆောင်ရွက်နေချိန် မှာပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အမေရိကန်အစိုးရအနေရဲ့ ဟန်ချက်ညီညီ ဆောင်ရွက်ချက်ဖြစ်ပါတယ်။”

၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ဟာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အရာရှိကြီးတွေ၊ အစိုးရ၀န်ကြီးဌာနကပိုင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ပင်စင်စားတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည် လာလို့မရအောင် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့သူတချို့ကို အဲဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးသားပါ။

၁၉၉၆ ခုနှစ် Visa Ban မှာ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်ချက်တွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ အတော်လေး ပြုပြင်ဆောင်ရွက် လာခဲ့တာမို့၊ အခုတော့ ၁၉၉၆ ခုနှစ် စာရင်းတခုလုံးကို ပယ်ဖျက်ပေး လိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“ဒီ ပြည်ပခရီးသွားလာခွင့် ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအ၀င် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ လူမှုရေး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါ စိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့ အောင်အောင်မြင်မြင် နေရာယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။”

အခုလို ၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် အမျိုးသားအရေးပေါ် အက်ဥပဒေ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအက်ဥပဒေ၊ ၂၀၀၈ ခုနှစ် JADE အရေးယူမှု ဥပဒေ၊ ၂၀၁၂ ခုနှစ် သမ္မတအမိန့်တွေအတိုင်း ကန့်သတ်ချက်တွေကတော့ ဆက်ပြီး အကြုံးဝင်နေဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပစ်မှတ်ထားအရေးယူခဲ့တဲ့ စာရင်းတွေတော့ မပါသေးဘူးလို့ ဆိုရမှာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဧပြီလ ၁၉ ရက်၊ ၂၀၁၃)။

VOA


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို Like လုပ်ထားပါ။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး က ပြောပြပေး ပါမယ်။

ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော

Photo: ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ပြော
Friday, May 03, 2013

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက် တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေက ပြော ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပါတီဥက္ကဌအဖြစ်က နှုတ်ထွက်ခြင်းမရှိသေးဘဲ ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းက ဥက္ကဌရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေခြင်းသာဖြစ်တယ်လို့ ပါတီလူငယ်ညီလာခံ တက်ရောက်နေတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

“နဂိုအတိုင်းပဲ၊ ဥက္ကဌက နိုင်ငံတော်သမ္မတကြီးပေါ့၊ သမ္မတကြီးက ဥက္ကဌတာဝန်ကို ယူထားပေမယ့် ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့ ယာယီဥက္ကဌက ဥက္ကဌတာဝန်ကို ထမ်းဆောင်နေတာခင်ဗျ၊ ကျနော်တို့ ပါတီဥက္ကဌကြီးကတော့ ဦးသိန်းစိန်ပါပဲ၊ သို့သော် ဦးသိန်းစိန်ဟာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ရခြင်းမရှိပါဘူး၊ ဥပဒေအရ သူကနာမည်သာရှိတာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်ခြင်းမရှိပါဘူး၊ သူကပါတီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ယာယီဥက္ကဌဖြစ်တဲ့ ဦးသူရရွှေမန်းက ဥက္ကဌတာဝန်၊ ဥက္ကဌအလုပ်တွေကို အကုန်လုပ်ပါတယ်ခင်ဗျ၊ ဒီနေ့ဆိုရင် ပြည်ထောင်စုဝန်ကြီး ၄ ပါးလောက်လည်းတက်တယ်၊ သို့သော်သူတို့ဟာ ပါတီမှာရာထူးတွေ ယူထားသော်လည်း ပါတီအလုပ်တွေကို မလုပ်ပါဘူး၊ ဆိုလိုတာက CEC တို့ EC တို့စသဖြင့် ယူထားပါတယ်၊ ယူထားပေမယ့် သူတို့ကလာပြီးတော့ပါတီမှာ တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး၊ မျက်နှာလေးလာပြပြီးတော့ ပြန်သွားတာပါပဲ၊ အဲ့ဒီသဘောပါ”

သမ္မတဦးသိန်းစိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ်က နှုတ်ထွက်လိုက်ပြီဖြစ်ပြီး၊ လက်ရှိပါတီဥက္ကဌအဖြစ် သူရဦးရွှေမန်းက ဆောင်ရွက်နေကြောင်း The Voice နေ့စဉ်သတင်းစာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ထုတ်ဝေတဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပါတီဒုတိယဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းဟာ ယခင်က ဦးသိန်းစိန်ရဲ့ ဥက္ကဌလုပ်ငန်းတာဝန်တွေကို ပူးတွဲထမ်းဆောင်နေခဲ့တာဖြစ်ပြီး၊ အခုနေပြည်တော်မှာ ၃ ရက်ကြာကျင်းပနေတဲ့ လူငယ်ညီလာခံအတွင်း ဦးသိန်းစိန်ထံက ဥက္ကဌရာထူး လွှဲပြောင်းရယူလိုက်တာဖြစ်တယ်လို့ အဲဒီစာစောင်တွေမှာ ဖော်ပြထားပါတယ်။

ဦးလှဆွေနဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/usdp-youth-conference-05022013101828.html/1025102e1038101c103d10311006103c101410321094-103110191038103b10191014103910381001103a10001039/inline.html


နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ မေလ ၂ ရက်နေ့ကကျင်းပတဲ့ ပါတီလူငယ်တွေ့ဆုံပွဲကို တွေ့ရစဉ် 


RFA
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsို Like လုပ်ထားပါ။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမရှိကြောင်း၊ ပါတီဥက္ကဌအဖြစ် သမ္မတဦးသိန်းစိန်က ဒီကနေ့အထိ ဆက်လက်တာဝန်ယူထားဆဲဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံကို တက်ရောက်နေတဲ့ ပါတီကိုယ်စားလှယ်တွေ က ပြော ပါတယ်။

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည်

မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည်
Friday, May 03, 2013

ငွေဖြင့် ၀ယ်ယူ၍မရနိုင်သောအရာများထဲတွင် အချိန်လည်း ပါဝင်သည်။
သို့သော်လည်း မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည့် အခြေအနေတခုကို တွေ့နေရသည်။

ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်း NOK AIR က ၁၈ မိနစ်ကြာမည့် မဲဆောက်-မော်လမြိုင်လေကြောင်းခရီးစဉ်ကို လာမည့်ဇူလိုင်တွင် စတင် ပြေးဆွဲမည်ဟု သိရသည်။

မြန်မာကုန်သည်တယောက် ဖြစ်သည့် ဦးအောင်ဝင်းက “လေယာဉ်ဆွဲလို
့ကတော့ အများဆုံးစီးမှာက မော်လမြိုင်က ကုန်သည်တွေပဲ။ ၁၈ မိနစ်ပဲ
ကြာတယ်ဆိုတော့ အင်္ကျီ မီးပူခေါက်တောင် မပျက်ဘူး။ တနေကုန်
သွားရတဲ့ တောင်ပေါ်လမ်းကို ကုန်သည်တွေ ဘယ်သွားတော့မှာလဲ။ အချိန်ကတန်ဘိုးရှိတယ်” ဟု ပြောသည်။

“မော်လမြိုင်ကနေ မဲဆောက်ကို သွားနေကြတဲ့ ကုန်သည်အရေအတွက်က တနေ့ ၁၀၀ ကျော် ရှိတယ်” ဟု သူက ဆက်ပြောသည်။

မော်လမြိုင်သူ မော်လမြိုင်သားများသည် ကားလမ်းအသုံးပြုပါက သထုံ၊ ဘားအံ၊ ကော့ကရိတ်မြို့များ နှင့် ဒေါနတောင်ကို ဖြတ်ပြီးမှ မြဝတီ မဲဆောက်ဒေသသို့ ရောက်ရှိနိုင်သည်။(မြေပုံ-ဂူဂဲလ်)မြန်မာလေကြောင်း
ညွှန်ကြားမှုဦးစီးဌာနကထုတ်ပေးမည့် လေယာဉ်ပျံသန်းခွင့်လက်မှတ်ကို လာမည့်ဇူလိုင်လခန့်တွင် ရရှိနိုင်မည်ဟု NOK AIR လေကြောင်းလိုင်းက ခန့်မှန်းထားသည်။

၎င်းလေကြောင်းလိုင်းမှ ၀န်ထမ်းတဦးက “လာမဲ့ဇူလိုင်လလောက်မှာ စတင်ပြေးမှာဖြစ်တယ်။ လေယာဉ်လက်မှတ်ခနဲ့ပတ်သက်ပြီး ကုမ္ပဏီက ကျမတို့ဆီကို ဘာမှ အကြောင်းကြားလာတာ မရှိသေးပါဘူး။ မကြာခင် ဒီခရီးစဉ် စတင်မှာကတော့ သေချာပါတယ်” ဟု ပြောသည်။

NOK AIR က မော်လမြိုင်သို့ နှစ်ကြိမ် စမ်းသပ်ပြေးဆွဲခဲ့ပြီးဖြစ်သည်။

ဤလေကြောင်းခရီးစဉ် ပေါ်ပေါက်လာပါက ထိုင်းနိုင်ငံသား ခရီးသွားများသည် မွန်ပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ ပင်လယ်ကမ်းခြေနှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လည်ပတ်နိုင်မည်။

နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ထိုင်းနှင့်မြန်မာနိုင်ငံ
သားများအပြင်၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့်
မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ဤလမ်းကြောင်းမှ သွားလာနိုင်မည်ဟု သိရသည်။

ခရီးစဉ်အတွက် ခရီးသည် ၃၄ ဦး တင်ဆောင်နိုင်သည့် ဆွီဒင်နိုင်ငံထုတ် Saab-၃၄၀ အမျိုးအစားလေယာဉ်ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။

NOK AIR သည် မြန်မာနိုင်ငံအတွင်း မြို့တချို့သို့ ပြေးဆွဲနိုင်ရန်အတွက်
လည်း လေ့လာနေကြောင်း သိရသည်။

ဘတ်ဂျက်လေကြောင်းလိုင်း ဖြစ်သောကြောင့် လက်မှတ်ခ သက်သာသည့် NOK AIR သည် မဲဆောက်-ဘန်ကောက်ခရီးစဉ်ကို အသွားအပြန် တနေ့ လေးကြိမ်၊ မဲဆောက်-ချင်းမိုင်ခရီးစဉ်ကို အသွားအပြန် တနေ့ တကြိမ် ပြေးဆွဲနေသည်ကို တွေ့ရသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

ငွေဖြင့် ၀ယ်ယူ၍မရနိုင်သောအရာများထဲတွင် အချိန်လည်း ပါဝင်သည်။
သို့သော်လည်း မော်လမြိုင်ကုန်သည်များ အချိန်ကို ၀ယ်ယူနိုင်တော့မည့် အခြေအနေတခု ကို တွေ့နေ ရသည်။ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်း NOK AIR က ၁၈ မိနစ်ကြာမည့် မဲဆောက် -မော်လမြိုင်လေကြောင်း ခရီးစဉ်ကို လာမည့်ဇူလိုင်တွင် စတင် ပြေးဆွဲမည်ဟု သိရသည်။

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး
Friday, May 03, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ်ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မူဆလင် ဒုက္ခသည် စခန်းတွေမှာ လူဦးရေ စာရင်း သွားစစ်တဲ့ ဆွဲတင်စစ် အဖွဲ့တွေကို နှောင့်ယှက် ဟန့်တားခဲ့ပြီး အုပ်စုဖွဲ့ ရန်ရှာခဲ့မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေလို့ ယူဆရသူတွေကို သက်ဆိုင်ရာက လိုက်လံ ရှာဖွေ ဖမ်းဆီးနေခဲ့ရာမှာ အခု အဲဒီ လူ၇ဦးကို ဖမ်းဆီးလိုက်တာပါ။

အခု အဖမ်းခံရတဲ့ အထဲမှာ သက်ကယ်ပြင်ရွာက ဦးကျော်မြင့်၊ သူ့ရဲ့သား ဦးလှမြင့်နဲ့ တိရိစ္ဆာန် ဆေးကု ဆရာဝန်တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဧပြီလ ၃၀ ရက်နေ့က ရုံးထုတ်ခဲ့ရာမှာ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လှုံ့ဆော်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးနဲ့ တုတ်၊ ဓား ကိုင် အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ လူတချို့ကတော့ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။

လူဦးရေ စာရင်း စစ်ဆေးတဲ့ အဖွဲ့တွေ ရန်ရှာ တိုက်ခိုက်ခံခဲ့ရ အပြီးမှာ အခုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေရဲ့ လူဝင် လူထွက် ကိုလည်း ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

BBC Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ

မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ လူဦးရေ စာရင်း လာရောက်စစ်ဆေးမှုတွေကို ဟန့်တားခံရမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ်ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။

တန့်ယန်း ဒုက္ခသည်တွေကို မြို့ပေါ်မှာ ပြန်နေရာချမည်

Photo: တန့်ယန်း ဒုက္ခသည်တွေကို မြို့ပေါ်မှာ ပြန်နေရာချမည်

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ်၊ ရပ်ကွက်အမှတ်(၄) အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ခိုလှုံခွင့်ပေးထားတဲ့ စစ်ပြေးဒုက္ခသည်တွေကို ရပ်ကွက်အမှတ်(၅)မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုစီစဉ်ပေးနေတာနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တန့်ယန်းဒေသခံ ကိုစိုင်းအောင်ပက  အခုလိုပြောပါတယ်။

"သူတို့လုပ်ငန်းခွင်ဝင်ဖို့ကလည်း တောင်ပေါ် က အေးတယ်၊ ပြန်သွားလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ အခုသူတို့ကိုထားတာ ဘုန်းကြီးကျောင်းဆိုတော့ ရေရှည်ကတော့ အဆင်မပြေလောက်ဘူး၊ ပြန်လည်နေရာ ချထားပေးဖို့ ကျနော်တို့ တန့်ယန်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြေစာရင်းတို့ ဘာတို့နဲ့ ဌာနပေါင်းစုံ တိုင်ပင်ပြီးတော့ နေရာကတော့ရှာထားပြီးပြီဗျ၊ အခုစလုပ်ဖို့ကို ပြင်ဆင်နေပြီ၊ သစ်တွေ ဝါးတွေအကုန်လုံး ရောက်လို့ရှိရင်တော့ တန်းလျားဆောက်ပေးမှာပေါ့၊ သောက်သုံးရေ ကျတော့ ရေသန့်တွေကို တူးပေးရလိမ့်မယ်၊ ဒီလထဲကို ပြီးနိုင်လောက်မယ်တော့ မှန်းထားတယ်"

လက်ရှိမှာတော့ ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် တစ်ရာဝန်းကျင်လောက်က တန့်ယန်းမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေဆီ  ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး အသုတ်လိုက်ပြောင်းရွှေ့နေကြတာကြောင့် စခန်းမှာဒုက္ခသည် သုံးရာလောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေ စားရေးသောက်ရေးအတွက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁ လစာနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနက ၁ လစာ လှူဒါန်းထားတာကြောင့် နှစ်လစာအတွက် ဖူလုံမှုရှိနေသေးတယ်လို့ ကိုစိုင်းအောင်ပက ဆိုပါတယ်။ မြို့ပေါ်ကို ပြောင်းရွှေ့သွားကြတဲ့ ဒုက္ခသည်တွေကိုလည်း စားနပ်ရိက္ခာဖူလုံမှုရှိအောင် ရက်၂၀ စာ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တန်ယန်းမြို့နယ်၊ ရပ်ကွက်အမှတ် (၄) အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ခိုလှုံခွင့်ပေးထားတဲ့ စစ်ပြေးဒုက္ခသည်တွေကို ရပ်ကွက်အမှတ် (၅)မှာ ပြန် လည်နေ ရာ ချထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်

ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတချို့ကို နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

Thursday, May 2, 2013

“၉ နှစ်အရွယ် သားဖြစ်သူကို ပြိုင်ကားပေးမောင်းသည့် ဖခင်အား အိန္ဒိယရဲ ဖမ်းဆီး”

“ရက်သားကလေးငယ်ကို မီးရှို့သတ်ဖြတ်သည့် ချီလီမှ အယူသီးဂိုဏ်းခေါင်းဆောင် သေဆုံး”

ဖားကန့်မြို့မှာ သောက်ရေထဲ အဆိပ်ခတ်မည် ဟူသော ကောလဟာလကြောင့် အစ္စလာမ် ဘာသာဝင်တွေ ပိုင် ဆိုင်များ ဖျက်ဆီးခံရ

ဖားကန့်မြို့မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက ၀ိုင်း ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။ သောက်ရေ ထဲကို အဆိပ်ခပ်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးတဲ့နောက်မှာ

အိပ်စက်ခြင်းနှင်.အတူ အံ.ဖွယ်၇ာ အချက်(၁၁)ချက်

အမေရိကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယား ထောင်ဒဏ်ချမှတ်

ရေဖြင့် ဖုန်းအားသွင်းစနစ် မကြာမီ လာမည်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ၏ သတင်းထုတ်ပြန်ချက်

ယနေ့ ညနေ ခြောက်နာရီလေးဆယ့်ငါးမိနစ်ခန့်မှာ မန္တလေးမြို့ ၃၅ လမ်း၊ ၇၄/ ရ၅ လမ်းကြားမှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်အိမ်များရှေ့မှာ ဆိုင်ကယ်သုံးစီးဖြတ်မောင်းပြီး ဘုန်းကြီးတွေ မီးရှို့ဖို့ လာနေပြီ၊ ထွက်ကြ လို့ အော်ဟစ်သွားတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။

မုံရွာတွင် သတင်းထောက် တဦး ပျောက်ဆုံးနေ

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် WGEC ပြင်ဆင်

တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ် အဖွဲ့WGEC ( Working Group for Ethnic Co-ordinating) သည် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်အခါ တင်ပြရမည့်အချက်များကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် (3) ရက်တာ ဆွေးနွေး ခဲ့ကြသည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။

ဆေးမင်ရည်လွယ်လွယ်ပြယ်ချေပြီလား

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မိသားစုများ၏ စတုတ္ထ အကြိမ် စုပေါင်းရဟန်းခံ/ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ ပြုလုပ်