Friday, May 10, 2013

တရုတ် ကြက် ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်


Photo: တရုတ် ကြက်ဘဲများ မှောင်ခို တင်သွင်းမှု တုပ်ကွေး ပြန့်ပွားနိုင်
Friday, May 10, 2013

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ
ဖြစ်ပွားနေချိန် မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းများဖြစ်သည့် မူဆယ်၊ လားရှိုး လမ်းကြောင်းများမှ တဆင့် မန္တလေးမြို့သို့ အများဆုံး ၀င်ရောက်လျှက်
ရှိနေကြောင်း၊ တရားမ၀င် တင်သွင်းသည့် ကြက် ဘဲ စားသောက်ကုန်
များတွင် အေးခဲ ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများသာမက ကြက်သားပေါက်များ၊ ဘဲသားပေါက်များပါ တင်သွင်းလာကြောင်း မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

“တရုတ်ပြည်ကနေ တင်ပို့တဲ့ ကြက်နဲ့ ဘဲ ထွက်ပစ္စည်းတွေ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေ အများဆုံး ပါလာ နိုင်တဲ့ အနေထားပါ။ နောက်ပြီး ကြက်သားပေါက်တွေကိုလည်း မှောင်ခို တင်သွင်းလာကြတာဆိုတော့ တာဝန်ရှိ တဲ့သူတွေက အချိန်မီ မတားနိုင်ဘူးဆိုရင် တရုတ်ပြည်မှာ ဖြစ်နေ
တဲ့ ကြက်ငှက်တုပ်ကွေးရောဂါက မြန်မာနိုင်ငံဘက်ကို ဆက်ပြီး ကူးစက်
လာနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်” ဟု မန္တလေးတွင် ကြက်စာနှင့် ကြက်ထွက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မန္တလေး တိရိစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာ
သောင်းထိုက်က တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ဘဲများ တင်သွင်းခြင်းမပြုရန် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် တရားမ၀င်မှောင်ခို ၀င်ရောက်နေသည်မှာ မှန်ကန်ပြီး သတင်း အတိအကျပေးလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကြက်နဲ့ ဘဲထွက်ပစ္စည်းတွေ မှောင်ခိုဝင်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း သတင်း အတိအကျပေးနိုင်ရင် အချိန်မရွေး ၀င်ဖမ်းသွားမှာပါ။ ခု လက်ရှိမှာတော့ မြန်မာပြည်ဘက် မ၀င်ရအောင်
လို့တော့ ပိတ်ထားပါတယ်။ ခုလိုချိန်က ရာသီဥတု ပြင်းထန်နေတဲ့အတွက်
မြန်မာပြည်ဘက်ကို ကူးမလာနိုင်ဘူးလို့ ယူဆရတာပါဘဲ။ ဒီလိုရောဂါတွေက
ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတာပါ။ မြန်မာပြည်ဘက်ခြမ်း
မှာတော့ ဖြစ်ပွားမှုနှုန်းမရှိသေးပါဘူး” ဟု ဒေါက်တာ သောင်းထိုက်က ဆိုသည်။

မန္တလေး ကြက်ဥနှင့်ကြက်သား ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကမူ တရုတ်နိုင်ငံမှ ကြက်ဘဲများ တရားမ၀င် မှောင်ခိုတင်သွင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေပြီး တင်းကျပ်သော ဖမ်းဆီးစစ်ဆေးအရေးယူများ လုပ်ဆောင်သင့်ကြောင်း ပြောသည်။

“ကျနော်တို့အသင်းအနေနဲ့ မူဆယ်အကျော် ၁၆မိုင်ဂိတ်မှာ ကြက်နဲ့ဘဲထွက်ပစ္စည်းတွေ ၀င်ရောက်မလာဖို့ ဧပြီလ ၂၅ရက်နေ့က သွားရောက် တားမြစ်ခဲ့တယ်။ ၂၆ရက်နေ့မှာ အေးခဲကြက်သားတွေ မိတယ်။ ခုလိုအချိန်မှာ ဒီပစ္စည်းတွေက ဒီအထိ ရောက်မလာ သင့်ဘူး။ နယ်စပ်ဂိတ်ပေါက်မှာ ကတည်းက ဖမ်းဆီးသင့်တာ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်မှာ ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်ခံ နေရပြီဆိုတော့ ဒီပစ္စည်းတွေက သူတို့ဆီမှာ အမှိုက်ဖြစ်နေတာ။ ကျနော်တို့ ဆီကို အမှိုက် သာသာ ဈေးနဲ့ ရောင်းချပြီး ဒလဟော တင်သွင်းနေတာ မြန်မာပြည်သူတွေ
အတွက် တကယ့်ကို စိုးရိမ်စရာပါ။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက ဘဲသား ရယ်ဒီမိတ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဘဲဆိုတာက ကြက်ငှက် တုပ်ကွေးရောဂါပိုးကို သယ် ဆောင်နိုင်တယ်။ ဘဲတွေ ကြက်ငှက်တုပ်ကွေး
ရောဂါပိုးကြောင့် မသေသွားဘူး။ ဒါကြောင့် ရောဂါပွားဖို့နဲ့ ကူးစက်ဖို့ အင်မတန်လွယ်ကူလို့ ကြက်မွေးမြူရေးခြံ တွေဆိုရင် ဘဲကိုအလွန်ကြောက်
ကြတယ်။ ဘဲသား ရယ်ဒီမိတ်တွေက အန္တရာယ်ရှိတယ်” ဟု ဒေါက်တာ
ကျော်ထင်က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ကြက်ငှက်တုပ်ကွေးရောဂါ
မြန်မာနိုင်ငံသို့ ကူးစက်ခြင်းမရှိစေရန် အထူးသတိထား စောင့်ကြည့်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားခြင်းမရှိသေးကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်
သည်။

ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “ခုလက်ရှိ မှာတော့ ဘယ်ကြက်ခြံ၊ ဘဲခြံတွေမှာမှ H7N9 ဖြစ်ပွားပြီး သေဆုံးတဲ့ ကြက်တွေ၊ ဘဲတွေမရှိသေးပါဘူး။ ဒါပေမဲ့ လူကို ကူးစက် လာရင် ကြိုတင် ကာကွယ်နိုင်အောင် လက်ဦးမှု ရယူပြီး အခုကတည်းကစပြီး ကျန်းမာရေးပညာပေး လုပ်ငန်းတွေနဲ့ ဆေးဝါးတွေကိုကြိုတင်စုဆောင်းမှုတွေ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေးအဆင့်အနေနဲ့ လုပ်ဆောင် နေပါတယ်” ဟု မြန်မာအသံနှင့်ရုပ်မြင်သံကြားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် ထုတ်ဖော်ပြောဆိုသည်။

လက်ရှိ မန္တလေး တွင်ရာသီဥတုပူပြင်းထန်ပြီး အပူရှိန်များနေသည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများ ခေတ္တရပ်နားထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးဖြင့်သာ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

“ နွေရာသီ မတိုင်ခင်ကတည်း မွေးထားတဲ့ ကြက်တွေကို ရောင်းထုတ်
ထားတာ။ မန္တလေး ပတ်ဝန်းကျင်တလျှောက် မှာ ကြက်မွေးတဲ့ မွေးမြူရှင်တွေ
အားလုံး ရောင်းကြတာ။ ဒီရာသီကို ကြောက်ကြတယ်။ ပြီးခဲ့တဲ့ နှစ်က ဒီလိုရာသီမှာ ကြက်တွေ အသေကျေ များလို့ တအားရှုံးခဲ့ရတာ။ နောက်လ
ဆိုရင်တော့ ကျွန်တော်တို့ ပြန်မွေးဖို့တော့ လုပ်နေပါပြီ” ဟု ကြက်မွေးမြူရေး
လုပ်ငန်းရှင် ကိုတာလေးက ပြောသည်။

မန္တလေးတွင် ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်ထားသည့်အတွက် ကြက်သားဈေးနှုန်းများ မြင့်တက်နေပြီး ယခင်က ကြက်တပိသာ ၃၀၀၀ကျပ်နှင့် ၃၅၀၀ကျပ် အကြား ဈေးရှိရာမှ ယခုအခါ ကြက်တပိသာ ၄၅၀၀ကျပ်နှင့် ၆၀၀၀ကျပ်အကြား ဈေးပေါက် လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကြက်ငှက်တုပ်ကွေးရောဂါသည် H7N9ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ် တမျိုးဖြစ်ပြီး H7N9ဗိုင်းရပ်စ်ပိုးသည် H5N1 ဗိုင်းရပ်စ်ပိုးဆင့်ပွားဖြစ်ပေါ်လာသော ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်ကြောင်း၊ H7N9 ပိုး လူတွင် ကူးစက်ခံရပါက ဆိုးဝါးသည့် ပြင်းထန်သော အသက်ရှု လမ်းကြောင်း ရောဂါနှင့် ကိုယ်ခံအားစနစ်ကို ပျက်စီးစေကြောင်း ဘီဘီစီသတင်းဌာန၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတခုတွင် ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ နောက်ဆုံးရရှိသော သတင်းများအရ တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ခရိုင်တွင် အသက် ၅၆ နှစ် အရွယ် အမျိုးသားတဦး သေဆုံး ခဲ့ရာ ရောဂါပိုးကူး စက်ခံထားရသူ ၁၂၉ ဦးအနက် ၃၂ ဦးမြောက်
သေဆုံးခြင်းဖြစ်သည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

တရုတ်နိုင်ငံတွင် လူ ၃၂ ဦး သေဆုံးသည်အထိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ ချိန် မြန်မာနိုင်ငံ တွင်း သို့ တရုတ်နိုင်ငံဘက်မှ ကြက် ဘဲ စားသောက်ကုန်များ တရားမ၀င်မှောင်ခို တင်သွင်းလျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံကူး လက်မှတ် အတုဖြင့် မြန်မာမှ မူဆလင် လူငယ် (၃) ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ



Photo: နိုင်ငံကူး လက်မှတ် အတုဖြင့် မြန်မာမှ မူဆလင် လူငယ် (၃) ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ
Friday, May 10, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဆော်ဒီအရေးဗီယားနိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံမှ မူဆလင် လူငယ် (၃) ဦးကို ဘင်္ဂလာ ရဲမှ  မေလ ၉ ရက် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း နိရဉ္စရာက သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ အီမရန် (၂၅) နှစ်၊ မူဟာမတ် အဆက်ဒူလာရ်(၂၂) နှစ်နှင့် မူဟာမတ် ဂျာဖါအာလန် (၂၂) နှစ်တို့ ဖြစ်ကြသည်။

သူတို့အား သတင်းအရ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် လေယာဉ်ပေါ်သို့ တက်မည့် အချိန် ဆဲဆဲတွင် လေဆိပ်နားနေဆောင်ကို ဖြတ်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲက ဆိုသည်။

သူတို့အား ယခုအခါ ဒက္ကားလေဆိပ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ဥပဒေနှင့် အညီ တရားစွဲဆိုသွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ မူဆလင်များသည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ပြီး နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာနေခြင်းကို ဘင်္ဂလာဒေခ်ျ့ လက်ရှိ အစိုးရမှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသဖြင့် ဒက္ကားလေဆိပ်တွင် မကြာခဏ ဖမ်းဆီးမူများ ရှိနေသည်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဆော်ဒီအရေးဗီယားနိုင်ငံသို့ သွားရောက် ကြမည့် မြန်မာနိုင်ငံမှ မူဆလင်လူငယ် (၃)ဦးကို ဘင်္ဂလာရဲမှ မေလ ၉ ရက် ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း နိရဉ္စရာက သတင်းရရှိသည်။

မြေပုံ မူဆလင် ဒုက္ခသည်များကို မုဆလင် သချိုင်းအနီးတွင် နေရာချပေးမည်

Photo: မြေပုံ မူဆလင် ဒုက္ခသည်များကို မုဆလင် သချိုင်းအနီးတွင် နေရာချပေးမည်
Friday, May 10, 2013

အောက်တိုဘာလ အရေးအခင်းတုန်းက မြေပုံမြို့ထဲမှ ထွက်ပြေးသွားကြတဲ့ မူဆလင် မိသားစုတွေကို မြို့ပြင် မူဆလင် သချိုင်း အနီးမှာ နေရာ ချပေးသွားဖို့  စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီနေရာချပေးမယ့် နေရာကို ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့  ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည် ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းဦးဆောင်တဲ့ အဖွဲ့က  မေလ (၆) ရက်နေ့မှာ  သွားရောက် ကြည့်ရှု့ခဲ့တယ်လို့ မြေပုံ ဒေသခံ လူကြီးတွေက ပြောပါတယ်။

“ သူတို့ ၀န်ကြီးအဖွဲ့ လူကြီးတွေ တော်တော်များ ပါလာကြပါတယ်။ အဲဒီနေရာကို သွားကြည့်ကြပါတယ်။ ယခင် မူဆလင် သချိုင်းရှိတဲ့ နေရာ အနားပေါ့။ အရင်ကတော့ လယ်ကွင်းတွေအထဲမှာ သူတို့ နေထိုင်နေကြတယ်။ အခုတော့ မြေထိုးစက်တွေ ထိုးပြီး မြေတွေဖို့လိုက်တယ်။ ကုန်းမြင့်လို ဖြစ်သွားတော့ ရေတွေ မ၀င်နိုင်တော့ဘူးပေါ့။ အဲဒီမှာ နေရာချပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒေသခံ လူကြီး တစ်ဦးက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို လောလောဆယ်မှာ အဆောင် တန်းလျားးတွေ တည်ဆောက်ပြီး နေရာချပေးသွားမှာ ဖြစ်တယ်လို့  ပြောပါတယ်။

“ အဆောင်တွေ ဆောက်တာတော့ မတွေ့ရသေးဘူး။ မကြခင် ဆောက်မယ်လို့ သိရပါတယ်”လို့ ဆက်ပြောပါတယ်။

မြေပုံမြို့ထဲမှာ  ပြန်လည် နေရာချထားရေးကို ဒေသခံများ ကန့်ကွက်ပြီးနောက်ပိုင်းမှာ ယခုလို မြို့ပြင်မှာ နေရာချပေးတာ စီစဉ်ခြင်း ဖြစ်တယ်လို့ မြေပုံမြို့နယ် NLD အမျိုးသမီး ခေါင်းဆောင် ဒေါ်မပုချေကလည်း နိရဉ္စရာကို ပြောပါတယ်။

“ ကျွန်မတို့ ဒေသခံတွေကတော့ မြို့ထဲမှာ ပြန်လည် နေရာချထားရင် ပြဿနာတွေ ဆက်ဖြစ်နိုင်တယ်။ ဒါဆိုရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ခုလို သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေ ဆိုတဲ့ သဘောမျိုးနဲ့ မြို့ထဲမှုာ ပြန်ထားမှာကို လက်မခံတာပါ။ အခုတော့ ဘာမှ မြေပုံမှာ ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေး ရှိပါတယ်” လို့ သူမက ဆိုပါတယ်။

မူဆလင် ဒုက္ခသည်တွေကို  မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေး အတွက် အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေတဲ့ အတွက် မကြာခဏ ဆိုသလို  နိုင်ငံတော် အဆင့် ခေါင်းဆောင်တွေဟာ  မြေပုံမြို့သို့ ရောက်ရှိလာကြတယ်လို့ ပြောပါတယ်။

လွန်ခဲ့သော မေလ ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ အတူ  ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန   ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဘရွှေတို့ လည်း လိုက်ပါ လာကြ တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲက  လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဦးကျော်ခင်နဲ့ သတ္တုနှင့် သစ်တောဝန်ကြီး ဌာန၀န်ကြီး ဦးအောင်သန်းတင်တို့ လိုက်ပါလာကြတယ်လို့ ဆိုပါတယ်။

နိုင်ငံခြား အန်ဂျီအိုတွေ ဖြစ်ကြတဲ့ ၊ UNOCHA ၊ UNHCR ၊ UNICEF အဖွဲ့တွေမှ ဒေသ တာဝန်ခံ ကိုယ်စားလှယ်များ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

narinjara
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အောက်တိုဘာလ အရေးအခင်းတုန်းက မြေပုံမြို့ထဲမှ ထွက်ပြေးသွားကြတဲ့ မူဆလင် မိသားစုတွေ ကို မြို့ပြင် မူဆလင် သချိုင်း အနီးမှာ နေရာ ချပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း

Photo: အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း
Friday, May 10, 2013

ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီက ထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေ လိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံ တစ်ခုကလွဲရင် ကျန်တာ ဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလ ထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံး ပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း ကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။

The Voice Weekly
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့ တွင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီကထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ

၉-၅-၂၀၁၃ ရက်နေ့ ၁၉၁၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ ရာဘာများတင်ဆောင်လာသော မိုင်တိုင်အမှတ်(၁၅/၇-၀)ကြားတွင် မုဒုံမှမော်လမြိုင် သို့ မုဒုံမြို့နယ်၊ မြို့မ(၂)ရပ်ကွက်နေ မခင်စန်းဝင်း (၂၉)နှစ် မောင်းနှင်သည့် ရာဘာများတင်ဆောင် လာသော ဏ/xxxx ဟိုင်းလတ်အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောကျာရှိ လမ်းသွယ်သို့ ရုတ်တရက်ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်မှ မုဒုံမြို့နယ်၊ ကျောက်တစ်လုံးကျေးရွာနေ ရဲအောင်စိုး (၂၁)နှစ် နေသူ စီးနင်းပြီး ကျောက်တစ်လုံးကျေးရွာ၊ ၀င်းစိန်တောရကျောင်းဝင်း၊ ၀တ်ကျောင်းတော်နေ ဥူးစုန္ဒန၊ရ (၃၇)နှစ် (၃)၀ါ (ဖ)ဦးအောင်သန်း ၀င်းစိန်တောရကျောင်းဝင်း ၀တ်ကျောင်းတော် ကျောက် တစ်လုံးကျေးရွာ နေသူလိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်မှ ဟိုင်းလတ်ယာဉ်၏နောက်ပိုင်းအား ၀င်ရောက် တိုက်မိခဲ့သည်။့

ပုဏ္ဍား ကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း

Photo: ပုဏ္ဍားကျွန်း မျက်စိဝေဒနာရှင်များအတွက် ရခိုင်မိသားစု တစ်ခုမှ ကျပ်သိန်း ၅၀၀ လှူဒါန်း
Friday, May 10, 2013

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

အလှူရှင် မိသားစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျှားရှည်ကျေးရွာ ဇာတိဖြစ်ပြီး ဒေသအတွင်းက မျက်စိကွယ်နေသူများနှင့် မျက်စိ ဝေဒနာရှင်များအား ခွဲစိတ်ကုသမှု ပြူလုပ်နိုင်ရန် အတွက် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့သည် မျက်စိ ဝေဒနာရှင်များ ပုဏ္ဍားကျွန်းမြို့တွင် မေ ၁ ရက်မှ ၄ ရက်အထိ မျက်စိ ကုသ ခွဲစိတ် ကုသစဉ် နေထိုင် စားသောက်စရိတ်များကိုလည်း  လှူဒါန်းခဲ့ကြောင်း သိရသည်။

မေ ၁ ရက်မှ ၄ ရက် အထိ ပြုလုပ်ခဲ့သော ပုဏ္ဍားကျွန်းမြို့ မျက်စိ ခွဲစိတ်ကုသမူတွင် မျက်စိ ဝေဒနာရှင် ၁၉၉၄ ဦးကို စမ်းသပ်ခဲ့ပြီး မျက်စိလူနာ ၃၉၈ ဦးကို ခွဲစိတ်ကုသ နိုင်ခဲ့သည်ဟု ဆိုသည်။ ၎င်းပြင်  အထွေထွေ ဝေဒနာရှင်လူနာ ၇၆၁ ဦးနှင့်  အရေပြား  လူနာ ၄၃၄ ဦးတိုးအားလည်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီင်္းတွင် ကုသပေးခဲ့သည်ဟု သိရသည်။

ယခု မျက်စိ ခွဲစိတ် ကုသမူ အစီအစဉ်မှာ မျက်စိအလင်း အလှူကို ပြုလုပ်နေသော တိပိဋကစက္ခုပါလ အဖွဲ့၏ (၁၀)ကြိမ်မြောက် ဖြစ်ပြီး အဆိုပါ အဖွဲ့အား ၁၁ ပါးမြောက် ပိဋကတ်သုံးပုံ အာဂုံဆောင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ရခိုင်ဆရာတော်)  အရှင်ဣန္ဒပါလ ဦးဆောင်သည်ဟု သိရသည်။

ပုဏ္ဍားကျွန်းမြို့တွင် မျက်စိအလင်းလှူပွဲကို မျက်စိပညာရှင် အကျိုးဆောင် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးထွန်းနှင့် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ အရေပြားဆရာဝန် ဒေါက်တာ ဒေါ်ခင်မြလွင်နှင့် အထွေထွေသမားတော် ဆရာဝန်များက  ကုသ ပေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

narinjara

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ

ကချင်ပြည်နယ် ဖါးကန့်ဒေသနေ ဦးမောင်သာထွန်းနှင့် ဇနီး ဒေါ်ခင်ညွန့်တို့က ပုဏ္ဍားကျွန်းမြို့နယ် မျက်စိဝေဒနာရှင်များ မျက်စိအလင်း ရရှိရေး အတွက် ငွေကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်းတို့တွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်းတို့တွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်မည်
Friday, May 10, 2013

ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့် နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော်တံတားများ ထပ်မံဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယင်းတံတားများအား ဆောက်လုပ်ရန် ခွင့်ပြုမိန့် ကျထားပြီးဖြစ်ကြောင်း၊ သစ္စာလမ်းပေါ်တွင် ဘောက်ထော်နှင့် ကန်ဘဲ့ဘူတာကြား အနီးတစ်ဝိုက်တွင် လည်းကောင်း၊ ပါရမီလမ်းပေါ်တွင်မူ ပါရမီ(စိန်ဂေဟာ) အကျော် ဗဟိုလမ်းအနီးတွင် လည်းကောင်း၊ ခရေပင်လမ်းတွင်မူ မင်္ဂလာဒုံဘူတာနှင့် မင်္ဂလာဒုံဈေးဘူတာ အကြားတွင် လည်းကောင်း မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကားလမ်းများပေါ်တွင် မီးရထားလမ်းများ ခံနေခြင်းကြောင့် မီးရထားလာချိန်တွင် ကားများခေတ္တ ရပ်ထားပြီး အချိန်ကြန့်ကြာမှုအချို့ ရှိနေခြင်းကြောင့် ယင်းနေရာများတွင် မီးရထားလမ်း ခုံးကျော်တံတားများ ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တံတားများကို မြန်မာ့မီးရထားမှ ပြုလုပ်သွားမည် ဖြစ်ကာ ရန်ကုန်မြို့တွင် လက်ရှိမီးရထားလမ်း ခုံးကျော်တံတား စုစုပေါင်း ၂၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

Credit To:Eleven Media Group
ရန်ကုန်မြို့ရှိ သစ္စာလမ်း၊ ပါရမီလမ်းနှင့် ခရေပင်လမ်း စသည့် နေရာသုံးခုတွင် မီးရထားလမ်း ခုံးကျော် တံတားများ ထပ်မံဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် မန်းမြို့မြင်ကွင်းများ

Photo
 မန္တလေး-မေ၉ ယနေ နေ့လည်က မန်းတွင်လေပြင်းများတိုက်ပြီး မိုးသီးများကြွေကျ၍ မိုးသည်း ထန်စွာ ရွာသွန်းခဲသောကြောင့်ကျိုးကျခဲ့သော သစ်ပင်များ၊ပျက်စီးခဲ့သောလမ်းမီးများကိုတာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြင်ဆင်လျှက်ရှိသည်။
 

၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်

Photo: ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ် လယ်မြေများပေါ်တွင် မိုးရာသီ၌ စပါးစိုက်မည်
Friday, May 10, 2013

ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေများ ပေါ်တွင်
ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြေးနီတောင်စီမံကိန်း နယ်မြေထဲတွင် ရောက်ရှိနေကြသော လယ်သမားများပိုင် လယ်မြေများ ပေါ်တွင် လယ်ထွန်ခြင်း ၊ လယ်စောင့်တဲ ဆောက်လုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များမှ တင်းကြပ်စွာ တားမြစ်ထားသော်လည်း ယခုမိုးရာသီတွင် မဖြစ်မနေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဆည်တည်းကျေးရွာ မှ လယ်စိုက်သူ ဦးမင်းမင်းကဆိုသည် ။

လယ် ၁၃ ဧကပိုင်ဆိုင်သူ ဦးမင်းမင်း က “ လယ်မြေတွေက စီမံကိန်းထဲ ပါနေတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် လယ်မြေပေါ်မှာ ထွန်ယက်တာကိုတောင် တားဆီးနေကြတယ် ။ လယ်မစိုက်ရရင် မိသားစု စားဝတ်နေရေးတွေ အခက်အခဲတွေ့ပြီး ကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေး အခြေအနေတွေ စိုးရိမ်နေရတယ် " ဟု ရှင်းပြသည် ။

ကြေးနီတောင် စီမံကိန်းနယ်မြေ တွင် မြေဧကပေါင်း ၇၈၀၀ ကျော်ပါဝင်နေပြီး မိမိပိုင် လယ်မြေ၊ ယာမြေများ တွင် ထွန်ယက် စိုက်ပျိုးရန်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေဖြစ်၍ လယ်မြေထွန်ယက်ခြင်း ၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့်များ ကို တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင်
ကျေးရွာ မှ ဒေါ်ရီရီမြင့် က ရှင်းပြသည်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍

ကြေးနီတောင် စီမံကိန်း နယ်မြေတွင် မြေဧကပေါင်း ၇၈၀၀ကျော် ပါဝင်နေပြီး ပုဒ်မ ၁၄၄ထုတ်ပြန် ထားသည့် နယ်မြေဖြစ်၍ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်၍ လယ်မြေထွန်ယက်ခြင်း၊ လယ်စောင့်တဲများ ဆောက်လုပ်ခွင့် များကို ဒေသခံအုပ်ချူပ်ရေးမှူးများမှ တင်းတင်းကျပ်ကျပ် တားမြစ်မှုများ ရှိနေကြောင်း မိုးကြိုးပြင် ကျေးရွာမှ
ဒေါ်ရီရီမြင့်က ရှင်းပြသည်။

လယ်ယာစိုက်ပျိုးခွင့်ကို ခွင့်ပြုသည် ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ လယ်ယာစိုက်ပျိုးမှုများကို ယခုနှစ် မိုးရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော တောင်သူများက တညီတညွှတ်ထဲ ဆိုကြသည်။

ကြေးနီတောင် စီမံကိန်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် သဘောတူ စာချူပ်ချူပ်ဆိုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအစိုးရ၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့်စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့မှ ဥပဒေဘောင် အတွင်းမှ မျှမျှတတ ဆောင်ရွက်ပေးသင့်ကြောင်း ဆားလင်းကြီးမြို့နယ် ရှင်မတောင် ဆရာတော် အရှင်က၀ိန်ဒက မိန့်ကြားခဲ့သည်။

လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် လယ်မြေများ သိမ်းခံရသော လယ်သမားများကို လယ်တစ်ဧက လျှင် ၁၅ သိန်းပေးလျော်သော်လည်း လျော်ကြေးငွေမယူသော တောင်သူလယ်သမားလည်း ရှိကြောင်း ဆားလင်းကြီး ကျေးရွာဒေသခံများ ကဆိုသည်။

Mizzima
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online Newsကို like လုပ်ထားပါ
ကြေးနီတောင် စီမံကိန်းကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ဆားလင်းကြီးမြို့နယ်ရှိ လယ်မြေ များ ပေါ် တွင် ကျေးရွာ ၈ရွာခန့်မှ လယ်သမားများက ယခုနှစ်မိုးရာသီတွင် မိုးစပါးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

Photo: သတ်မှတ်နယ်မြေကို ကျော်လွန်လာသည့် RCSS/SSA အဖွဲ့နှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Thursday, May 9, 2013

သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ RCSS/SSA အဖွဲ့မှ အင်အား(၅၀)ဦးခန့်သည် ကချင်နှင့် ရှမ်းနယ် စပ်ဖြစ်သည့် နန့်ခမ်းမြို့နယ်သို့ ရောက်ရှိလျက်ရှိပြီး စခန်းတည်ဆောက်ပြီး ဒေသခံများထံမှ ဆက်ကြေးများ ကောက်ယူလျက်ရှိကြောင်း သိရှိရပြီး ၎င်းအဖွဲ့နှင့် အစိုးရ စစ်ကြောင်းများ နယ်မြေရှင်းလင်းရင်း ထိတွေ့မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ တိုက်ပွဲ ဖြစ်ပွားရာတွင် အစိုးရစစ်တပ်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး နန့်ခမ်းဆေးရုံတွင် ကုသလျက်ရှိကြောင်း၊ ဒေသခံ ပြည်သူ (၈၀၀)ဦးခန့် တရုတ်နိုင်ငံ နောင်တောင်းဘက်သို့ ထွက်ပြေးလျက် ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်စစ်တပ်မှ အင်အားဖြည့်ဆည်း ထားကြောင်း နန့်ခမ်းဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

၎င်းဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ နယ်လှည့်ရောင်းချနေသော စစ်မှုထမ်းဟောင်း (၄)ဦးအား RCSS/SSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ရာမှစတင်ပြီး ၎င်းဒေသတွင် အစိုးရတပ်နှင့် RCSS/SSA အကြား တင်းမာမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခု နန့်ခမ်းဒေသသို့ ရောက်ရှိနေသော RCSS/SSA အဖွဲ့၏ ဌာနချုပ်မှာ ထိုင်းနိုင်ငံ နယ်စပ် လွယ်တိုင်းလျံတွင်ရှိပြီး UWSA “၀” ဒေသ၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် ၀မ်ဟိုင်းအဖွဲ့နှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့မှ ထိန်းချုပ်ရာ ဒေသများကို ကျော်လွန်ကာ KIA နှင့် ဆက်စပ်နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်သည်။

Shan News

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
သတ်မှတ်နယ်မြေထက် ၁၀မိုင်ကျော်ကျော် ကျော်လွန်ပြီး ကချင်ပြည်နယ်၊ နယ်စပ်သို့ ရောက်ရှိလာသော လွယ်တိုင်းလျံ အခြေစိုက် RCSS/SSA အဖွဲ့နှင့် မြန်မာအစိုးရတပ်များ ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

(၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို



Photo: (၇) နှစ်အရွယ်ကလေး အဓမ္မပြုကျင့်ခံရမှု ထိရောက်စွာ အရေးယူပေးစေလို
Thursday, May 9, 2013

မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက တောင်းဆို ပြောကြား လိုက်သည်။

“ကလေးက သူ့ကို ပြုကျင့်တဲ့ သူကိုကော နေရာကိုပါ လူကြီးတွေရှေ့မှာ ပြောပြပြီးပြီ။ တရားခံကို ဖမ်းထားပေမယ့် ခုချိန်ထိ ဝန်မခံသေးဘူး။ ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်တယ်”ဟု ပြုကျင့်ခံရသူ ကလေးငယ်၏ မိခင် ဒေါ်မြင့်အေးက ပြောကြားသည်။

ကလေးငယ်၏ မိခင်ဖြစ်သူ၏ ပြောပြချက်အရ မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီခွဲခန့်တွင် သမီးဖြစ်သူက အိမ်သို့ ငို၍ ပြန်လာကြောင်း၊ မီးရထား လမ်းဘေးတွင် သွားရောက် ဆော့ကစားနေစဉ် လူတစ်ဦးက အိမ်တစ်အိမ်သို့ ခေါ်သွားပြီး ပြုကျင့်ခဲ့သည်ဟု ပြန်လည် ပြောဆိုကြောင်း၊ ကလေးငယ်၏ အောက်ပိုင်းတွင် သွေးများစွာ ထွက်နေသဖြင့် မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သတ်၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ တရားခံဟု သံသယရှိသူ ဦးအောင်မျိုးဦး(၃၅နှစ်)အား (ပ)၃၆၆/၁၃၊ ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ အရေးယူထားခြင်းနှင့် ပတ်သက်၍ ကလေးငယ်၏ အဘိုးတော်စပ်သူ ဦးကြည်စိုးက “အရွယ်မရောက်သေးတဲ့ ကလေးလေးကို ပြုကျင့်တာကိုလည်း (၃၇၆)နဲ့ပဲ စွဲတယ်ဆိုတော့ ဒီထက်ပိုပြီး ပုဒ်မတပ်လို့ မရတော့ဘူးလား သိချင်ပါတယ်။ နောက်နောင် ဒီလိုမျိုး မဖြစ်ပွားအောင် စံပြ အနေနဲ့ဖြစ်ဖြစ် ထိထိရောက်ရောက်လေး အရေးယူပေး စေလိုပါတယ်”ဟု ပြောကြားသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီ၏ ပြောကြားချက်အရ မည်သည့်အသက် အရွယ်ကိုမဆို အဓမ္မ ပြုကျင့်ပါက ပြစ်မှုပုဒ်မ(၃၇၆)ဖြင့်သာ အရေး ယူနိုင်ကြောင်း၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ အပေါ် ကျူးလွန်ခြင်း အတွက် သီးခြား ပုဒ်မ မရှိသော်လည်း ပုဒ်မ(၃၇၆)၏ အမြင့်ဆုံး ပြစ်ဒါဏ်ဖြစ်သော ထောင်ဒါဏ် (၁ဝ)နှစ် နှင့် ထောင်ဒါဏ် တစ်သက် တို့အထိ ချမှတ်နိုင်ကြောင်း သိရသည်။

ထက်နောင်နောင်
ွှThe Myanmar Age

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် မေလ(၅)ရက်နေ့က ဖြစ်ပွားခဲ့သော အသက်(၇)နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တရားခံကို အမြန်ဆုံး ဖော် ထုတ်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူ ပေးစေလိုကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူ က တောင်းဆို ပြောကြားလိုက်သည်။

မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်

Photo: မန်ယူနည်းပြသစ်အဖြစ် အဲဗာတန်နည်းပြ မိုယက်စ်အားခန့်အပ်၊ (၆)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် စတင်တာဝန်ယူမည်
Friday, May 10, 2013

မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန် အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နည်းပြသစ်ကို အမြန်ဆုံး အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ရေပန်းစားနေသည့်အတိုင်း စကော့တလန်သား တစ်ဦးပင်ဖြစ်သည့် ဒေးဗစ်မိုယက်စ်အား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းကို မန်ယူအသင်း ၀က်ဘ်ဆိုက်တွင် အတည်ပြု ကြေညာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထည့်သွင်း ဖော်ပြခဲ့ခြင်းမရှိဘဲ (၆) နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် လာမည့်ဇူလိုင် လ(၁)ရက်နေ့တွင် စတင်တာဝန်ယူရမည် ဖြစ်ကြောင်းသာ ပါရှိခဲ့သည်။

မန်ယူအသင်း တာဝန်ရှိသူများသည် ဖာဂူဆန်၏ ထောက်ခံချက်အရ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုအပြောင်းအလဲအတွက် မန်ယူဂန္ထ၀င် ဘော်ဘီချာလ်တန်ကလည်း ထောက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် မန်ယူအသင်းသည် အသင်းသမိုင်း တစ်လျောက် ဗြိတိန်နည်းပြများကိုသာ ခန့်အပ်ခဲ့သည့် အသင်းအဖြစ်လည်း ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မိုယက်စ်မှာ မန်ယူအသင်း၏ (၇) ဦးမြောက် စကော့တလန် နည်းပြဖြစ်လာခဲ့ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဒေးဗစ်မိုယက်စ်အား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “နည်းပြသစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာ မိုယက်စ်ဟာ အသင့်တော်ဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကို ကျွန်တော် ၁၉၉၈ ကတည်းက လက်ထောက်နည်းပြလုပ်ဖို့ ချဉ်းကပ်ခဲ့ ဖူးပါတယ်။ သူဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီတဲ့ နည်းပြတစ်ဦးဆိုတာ မေးခွန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

မိုယက်စ်ကလည်း “မန်ယူ နည်းပြရာထူးဟာ ကျွန်တော်နဲ့သင့်လျော်တယ်လို့ ဖာဂူဆန်က ထောက်ခံချက် ပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒါဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ သူ့လို အကောင်းဆုံး နည်းပြတစ်ဦးရဲ့ ခြေရာကို နင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုယက်စ်က ၎င်းအား လမ်းခွဲခွင့်ပြုခဲ့သည့် အဲဗာတန် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများ၊ ပရိသတ်များကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံးလက်ကျန် (၂) ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိအောင် စွမ်းဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ အဲဗာတန်အသင်းကို အမြဲအမှတ်ရနေမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့သည်။

ဒေးဗစ်မိုယက်စ်(Factfile)

အမည်အပြည့်အစုံ - ဒေးဗစ်ဝီလီယမ်မိုယက်စ်

မွေးနေ့ - ၂၅-၄-၁၉၆၃(၅၀ နှစ်)

နိုင်ငံ - စကော့တလန်

ကိုင်တွယ်ခဲ့သည့်အသင်းများ - ပရက်စတန်(၁၉၉၈-၂၀၀၂)၊ အဲဗာတန်(၂၀၀၂-၂၀၁၃)

နည်းပြဘ၀အောင်မြင်မှု - အင်္ဂလန်ဒုတိယတန်း ချန်ပီယံ (၁၉၉၉-၂၀၀၀၊ ပရက်စတန်နှင့်)

တစ်ဦးချင်းအောင်မြင်မှု - LMA တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု (၂၀၀၂-၀၃၊ ၂၀၀၄-၀၅၊ ၂၀၀၈-၀၉)


Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မန်ယူအသင်းသည် ၀ါရင့်နည်းပြ ဖာဂူဆန်အနားယူသွားပြီးနောက် လစ်လပ်နေသည့် နည်းပြရာထူး အတွက် အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

Thursday, May 9, 2013

တရားမ၀င် လာရောက် အလုပ်လုပ်ကိုင် သူများ နေရပ်သို့ ပြန်လည်ပို့ဆောင်

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ဟဲဟိုးလေဆိပ် မှ တာချီလိတ် လေဆိပ်သို့ လေကြောင်းဖြင့် လိုက်ပါ လာသော ခရီးသည် များအား စစ်ဆေးစဉ် အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၆ ဦးအား သင်္ကာမကင်း ဖွယ်ရာ တွေ့ရှိရ သဖြင့် လေဆိပ် လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် ၀ဿန်ကျော် မှ လူကုန်ကူး (အထူး) အဖွဲ့ရုံးသို့ ပို့ဆောင် မေးမြန်းရာ အဆိုပါ ခရီးသည် များသည် တာချီလိတ် မြို့တွင် ဆွေမျိုး သားချင်း တစ်ဦး တစ်ယောက်မျှ

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံး

RCSS/ SSA နှင့် အစိုးရ တပ်များ နေကုန် တိုက် ပွဲဖြစ်၊ ကျဆုံးမှု များ ရှိ

Photo: RCSS/SSA နှင့် အစိုးရတပ်များ နေကုန် တိုက်ပွဲဖြစ်၊ ကျဆုံးမှုများ ရှိ
Thursday,May09,2013

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

တရုတ်နယ်စပ် ရွှေလီမြစ် မြောက်ပိုင်း နမ်းခမ်းမြို့နယ်၊ နောင်မ ကျေးရွာအုပ်စုရှိ SSA ၏ ၇၀၁ စခန်းသို့ အစိုးရတပ်ရင်း ခလရ ၁၄၅ တပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်လာ၍ တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ရကြောင်း SSA က ဆိုသည်။

“အစိုးရနဲ့ အပစ်အခတ် ရပ်စဲတဲ့အခြေအနေမှာ အစိုးရဘက်က ခလရ ၁၄၅ တပ်ဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ ကျနော်တို့ တပ်စခန်းကို လက်နက်ကြီးနဲ့ ဝင်ပစ်ပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ ခုထိ သေနတ်သံ ကြားနေရတုန်းပဲလို့ ကျနော်တို့ကို ရှေ့တန်းစစ်မျက်နှာပြင်ကနေ သတင်းပို့ထားပါတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ “ကျနော်တို့ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြည်သူနဲ့အတူ လက်တွဲပြီးတော့ အကြီးအကျယ်လုပ်နေပါတယ်။ အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါး ကုန်ကူးနေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ သူတို့က မလိုလားလို့ တိုင်တန်းထားသလား တခုခု လုပ်ထားသလား မသိပါဘူး။ ကျနော်တို့နဲ့ အစိုးရအကြားတော့ ဘာမှ ပြဿနာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုတိုက်ပွဲမှာ အစိုးရလက်အောက်ခံ ပန်းဆေး ဦးကျော်မြင့်၏ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ၎င်းက ယူဆသည်။

မွန်းလွဲပိုင်း ၃ နာရီချိန်ထိ လက်နက်ကြီး သံကြားနေရပြီး နမ်းခမ်းမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ရောက်ရှိလာနေသည်ဟု နမ်းခမ်းမြို့ခံ တဦးက မဇ္စျိမကို ပြောသည်။ တချို့က တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသော်လည်း လူဦးရေကို မသိရသေးပေ။

“အခု အိမ်ကနေတော့ သေနတ်သံတွေ ကြားနေရတုန်းပဲ။ ဒီနမ်းခမ်းမှာတော့ ၇ ဦး ရောက်လာတယ်။ နမ်းခမ်းအနီးမှာပဲ ဆိုတော့ ဒီမြို့ပေါ်ကို ဆွေးမျိုးအိမ်တွေမှာ လာကြတယ်။ တရုတ်ဘက်လည်း ထွက်ပြေးတာတွေ ရှိတယ်” ဟု နမ်းခမ်းမြို့မှ ဘာသာရေးဆရာတဦးက ပြောသည်။

ဒဏ်ရာရသူ အစိုးရတပ်မှ ၇ ဦး နမ့်ခမ်းဆေးရုံသို့ ရောက်ရှိလာပြီး ၃ ဦးကို မူဆယ်ဆေးရုံတွင် ခွဲစိပ်ကုသမှု ပြုလုပ်နေသည်ဟု မူဆယ်ဆေးရုံနှင့် နီးစပ်သူတဦးက ပြောသည်။

တိုက်ပွဲကြောင့် နောင်မ ကျေးရွာအုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စသည့် ရွာများမှ ဒေသခံများ တရုတ်နိုင်ငံ နောင်တောင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း ရွာအုပ်ချုပ်ရေးမှူး အိုက်ယီ့လုံ က ရှမ်းသံတော်ဆင့်သတင်းဌာနကို ပြောဆိုထားသည်။

“အဲဒီနေရာက စီးပွားရေးသမားတွေ ဝင်ဝင်ထွက်ထွက် လုပ်တဲ့လူတွေအတွက် ဝင်ငွေကောက်လို့ ရတဲ့နေရာဖြစ်လို့ အစိုးရက အဲဒီနေရာကို ပြန်လိုချင်လို့ လာတိုက်ခိုက်တဲ့သဘော ဖြစ်နေတယ်” ဟု လေ့လာသူတဦးက သုံးသပ်သည်။

RCSS/SSA ကမူ ယခုကဲ့သို့ အစိုးရဘက်မှ တိုက်ခိုက်လာနေခြင်းကို ၎င်းတို့ဘက်မှ နားမလည်နိုင်ကြောင်း စိုင်းလောဝ်ဆိုင်း က ဆက်ပြောသည်။

“အစိုးရနဲ့ တပ်မတော်က တဖွဲ့ထဲ မဟုတ်ဘူးလား တဖွဲ့ထဲ ဖြစ်တယ်ဆိုရင်တော့ ဘာဖြစ်လို့ အစိုးရက တမျိုး၊ တပ်မတော်က တမျိုးဖြစ်နေလဲ ဆိုတာ ကျနော်တို့ နားမလည်ဘူး။ ဒါဟာ တမင်သက်သက် အကွက်ထွင်ပြီးတော့ တိုင်းရင်းသားတွေကို စစ်ရေးအရ ဖိအားပေးနေတာလား။ နိုင်ငံရေးဆွေးနွေးပွဲမှာ စကားမပြောနိုင်အောင် သူတို့လိုချင် ပုံစံကို သွတ်သွင်းနေတာလား” ဟု စိုင်းလောဝ်ဆိုင်း က ပြောသည်။

အစိုးရ ဘက်မှ ၁၀ ဦးထက်မနည်း ကျဆုံးမှု ရှိနေပြီး RCSS ဘက်မှ ရဲဘော် တဦး ကျဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အထင်ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံ ရောင်းချနေသော အစိုးရ၏ ထောက်လှမ်းရေးဟု ယူဆရသည့် လူ ၄ ဦး ဧပြီလက ပျောက်ဆုံးခဲ့မှုနှင့် ပတ်သက်၍ RCSS က ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ၎င်းတို့၏ ၇၀၁ လက်အောက် တင်းခါး စခန်းအား အစိုးရဘက်မှ မီးရှုံ့ဖျက်ဆီးခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောဝ်စိုင်း က ပြောသည်။

မေလ ၆ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ စာပေးပို့ခဲ့ရာ ယနေ့ထိ မည်သို့အကြောင်းပြန်လာခြင်း မရှိခဲ့ကြောင်း စိုင်းလောဝ်ဆိုင်း က ပြောသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က အစိုးရနှင့် RCSS/SSA တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက် RCSS က ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှမ်းပြည်နယ်တောင်ပိုင်း နမ်းခမ်း၊ ကျောက်မဲ၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲ၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ မိုင်းကိုင်၊ နမ့်ဆန်၊ ကျဲသီး စသည့် မြို့နယ် အများအပြားတွင် မူးယစ်ဆေးဝါး တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

Mizzima News

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA တပ်များအကြား ယနေ့ နံနက် ၄ နာရီမှာ စတင် မွန်းလွဲပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု RCSS/SSA နှင့် ဒေသခံများက ပြောသည်။

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

ရန်ကုန်-မေ၉ 

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး
တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံပြေးဆွဲသောယာဉ်ဖြစ်သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ပို့ဆောင်ထားကြောင်း၊
ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။

Popular Myanmar News Journal

ယနေ့နေ့လည်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာရကြောင်းသိရသည်။ 

ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေ...


Photo: ပြင်သစ်နိုင်ငံကို အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပြင်းပြင်းထန်ထန် 
ခြိမ်းခြောက်နေ...

*********************************************
(9.5.2013, Thursday)

ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း သမ္မတဖရန်ဆွာအော်လန်းက 
ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များကို ပြောကြားလိုက်
သည်။အွန်လိုင်းဗီဒီယိုတစ်ခုတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦး
ဖြစ်သည့် အဘူအိုဘီဒါယူဆတ်ဖ်အဲလ်အန်နဘီက ပြင်သစ်နိုင်ငံ၏ ပိုင်ဆိုင်
မှုမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးကြရန် ကမ္ဘာတစ်ဝန်းက အစ္စလမ်များကို
 တောင်းဆိုထားကြောင်းသိရသည်။ပြင်သစ်တပ်ဖွဲ့များက မာလီနိုင်ငံတွင်
ရှိသော အစ္စလမ်စစ်သွေးကြွအဖွဲ့များကို အတော်လေး အနာတရဖြစ်စေ
ခဲ့သော်လည်း အဆိုပါအဖွဲ့များက နိုင်ငံ၏ အပြင်ဘက်မှ ခြိမ်းခြောက်မှုများ 
ဆက်လက်လုပ်ဆောင်နေကြောင်း သမ္မတအော်လန်းကပြောကြားသည်။
ထို့ပြင် ယခုနှစ်အကုန်တွင် မာလီကို စေလွှတ်ထားသော တပ်ဖွဲ့ဝင်(၄)
ထောင်အနက် (၁)ထောင်သာ ထားရှိတော့မည်ဖြစ်ကြောင်း VOA သတင်း
တွင်ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံသည် အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့၏ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုကို ကြုံတွေ့နေ ရကြောင်း သမ္မတဖရန်ဆွာအော်လန်းက ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားလိုက်သည်။

ဇနီးဖြစ် သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ် ချမှတ်

ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်
Thursday,May09,2013

၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာနေ မတင်ဇာဝင်း(ခ)၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့်ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကလေးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ

ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး

ကြောက်မက်ဖွယ်ရာ ဖယောင်းတိုင် ရဲ့ ဆိုးကျိုး
==========================

ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ 

၂၃၈ ကြိမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှုနဲ့ လူကို ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။  ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့ ပြဿနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ 

ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ ပြောကြားသွားပါတယ်။

 လေ့လာ သိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့ ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အာရုံကြောများကို ထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
 မွေးဖွားလာတော့ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ် နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ 

မောင်မောင်ချေ(ဓည၀တီ)
ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါ ပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှုများ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင် တယ်လို့သိရပါတယ်။

နာမည်ရှိပြီး သတင်းစာများမှလွဲ၍ ကျန်သတင်းစာ ဈေးကွက် မန္တလေးတွင် အေးနေ

Photo: နာမည်ရှိပြီး သတင်းစာများမှလွဲ၍ ကျန်သတင်းစာ ဈေးကွက် မန္တလေးတွင် အေးနေ
Thursday,May09,2013

မန္တလေးမြို့တွင် ပုဂ္ဂလိက သတင်းစာများကို လူထုက စိတ်ဝင်စားကြသော်လည်း အများစုမှာ လူမှုကွန်ရက်မီဒီယာဖြစ်သည့် facebook ကို ပိုမိုအသုံးပြုလာကြသောကြောင့် မန္တလေးသတင်းစာဈေးကွက် အေးနေကြောင်း သတင်းစာ ဖြန့်သူများက ဧရာဝတီသို့ပြောသည်။

“အင်တာနက် အွန်လိုင်းက နေရာတိုင်းမှာ အလွယ်တကူ သုံးလို့ရလာတော့ လူတွေက ကုန်ကျစရိတ် လျှော့တဲ့အနေနဲ့ စာစောင်တွေ မဝယ်တော့ဘူးဗျ၊ ချက်ချင်းဖြစ် ချက်ချင်းသိရတဲ့ အင်တာနက်ကိုပဲ သုံးကြတော့တာ များတယ်။ မန္တလေး ဆိုတော့ သတင်းစာ ရချိန်နောက်ကျ၊ ဂျာနယ်ဆိုလည်း အချပ်ပိုလောက်ပဲ အဓိက ထားတော့တာ” ဟု မန္တလေး ထွန်းဦး စာပေတွင် သတင်းစာ၊ ဂျာနယ်များရောင်းချရန် လာရောက်၍ ဖောက်သည် ယူနေသူ ဦးသန်းဇော်က ရှင်းပြသည်။

ပုဂ္ဂလိက သတင်းစာများစွာ အပြိုင်အဆိုင် ပေါ်ပေါက်နေသော်လည်း မန္တလေးသား အများစုက ဂျာနယ်လောကတွင် နာမည်ရပြီး ဖြစ်၍ သတင်းစာ ၆ ရက်နှင့် အပတ်စဉ်ထုတ် ဂျာနယ်များ ဖြန့်ချိ ထုတ်ဝေနေသည့် The Voice၊ 7 days news နှင့် Eleven သတင်းစာတို့သာ ရောင်းအားကောင်းနေပြီး စံတော်ချိန်၊ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု နေ့စဉ် စသည့် နာမည်သစ် သတင်းစာများမှာ လူစိတ်ဝင်စားမှု နည်းနေသေးကြောင်း သူက သုံးသပ်သည်။

မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်ကလည်း မန္တလေးမြို့ပေါ်တွင် နေရာတိုင်းလိုလို၌ အင်တာနက် ဝိုင်ဖိုင် အခမဲ့ ရနိုင်သောကြောင့် သတင်းဦးသတင်းထူးများကို အင်တာနက်သုံးသူများက ကြည့်ရှုနိုင်နေရာ နာမည်ရှိပြီးသား ဂျာနယ်တိုက်များက ဖြန့်ချိသည့် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများမှလွဲ၍ ကျန်သတင်းစာများ၏ ရောင်းအား အခြေအနေ မကောင်းနိုင်ဟု ဆိုသည်။

အထက်မြန်မာပြည်တွင် သတင်းစာ၊ ဂျာနယ်များ အပါအဝင် စာအုပ်မျိုးစုံကို လက်လီလက်ကား ဖြန့်ချိနေသည့် မန္တလေး ထွန်းဦးစာပေမှ ဦးထွန်းဦးကလည်း လက်ရှိ ဂျာနယ်များနှင့် အစိုးရ သတင်းစာ ရောင်းအားအခြေအနေမှာ တန့်နေကြောင်း၊ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ ပုံမှန်အခြေအနေတွင် ရှိကြောင်း ရှင်းပြသည်။

မန္တလေးမြို့ ဈေးချိုအနီးရှိ ထွန်းဦးစာပေ မျက်နှာစာတွင် သတင်းစာနှင့် ဂျာနယ် ဖြန့်ချိလိုသူများအတွက် ချက်ချင်း ကုန်စေမည့် သတင်းစာ၊ ဂျာနယ်နာမည်များကို ကြော်ငြာကပ်ထားပြီး ယင်းသတင်းစာ၊ ဂျာနယ်များ လိုအပ်သူတို့က မနက်စောစော အရောက်လာကြရန် ရေးသားထားသည်။

မေလ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ထွန်းဦးစာပေ မျက်နှာစာတွင် ကပ်ထားသည့် ချက်ချင်းပြတ်မည်ဆိုသော သတင်းစာနှင့် ဂျာနယ်များမှာ The Voice, 7 Days နှင့် ယင်းနေ့တွင် ထွက်သော အားကစားဂျာနယ် တချို့တို့ ဖြစ်သည်။

မန္တလေးမြို့ပေါ်တွင် ဖြန့်ချိသည့် သတင်းစာများသည် မနက် ၁၀ နာရီခန့်မှသာ ဖြန့်ချိသူ လက်ထဲ ရောက်ရှိနိုင်သည့်အတွက် ရောင်းအား အခြေအနေမှာ ရန်ကုန်မြို့၏ ရောင်းအား တဝက်ခန့်သာ ရှိကြောင်း၊ ဂျာနယ်တွင် နာမည်ရပြီးနောက် သတင်းစာ အဖြစ် ဆက်လက် ထုတ်ဝေနေသည့် ပုဂ္ဂလိက သတင်းစာများကိုသာ ရောင်းအားထားရပြီး နာမည်သစ်ဖြင့် ထုတ်ဝေနေသည့် သတင်းစာများကို ဟန်ပြဖြစ်သာ ထားရကြောင်း၊ ဝယ်သူနည်းပါးကြောင်း၊ ငွေတခါတည်း ပေးချေကာ ရောင်းချရသည့် လက်ပွေ့သမားများသည် နာမည်သစ် သတင်းစာများကို ဝယ်ယူ ရောင်းချပါက အရှုံးပေါ် နိုင်သည်ဟု ထင်မြင်ချက်ဖြင့် လုံးဝ မရောင်းကြကြောင်း မန္တလေးတွင် သတင်းစာဂျာနယ်များ လက်ပွေ့ရောင်းချသူ ဦးသန်းဇော်က
ဆိုသည်။

အစိုးရ သတင်းစာများက သတင်းနောက်ကျခြင်း၊ ပွင့်လင်းမြင်သာမှု နည်းခြင်းတို့ကြောင့် လူထုက သတင်းမြန်ပြီး ပွင့်လင်း မြင်သာမှု အားကောင်းသည့် ပုဂ္ဂလိက သတင်းစာများကို ရွေးချယ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ပြောပြသည်။

ဦးသန်းဇော်သည် ရန်ကုန်မြို့တွင် တံခွန်အားကစား ဂျာနယ် စတင်ထုတ်ဝေစဉ်ကတည်းက လက်ပွေ့ ရောင်းချခဲ့သူ တဦးဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှု တချို့ကြောင့် အကျဉ်းကျခဲ့ကြောင်း၊ ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက်တွင် အေးအေးဆေးဆေး နေမည်ဟုရည်ရွယ်ကာ မန္တလေးမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ဂျာနယ် သတင်းစာများကို ဖောက်သည် ပေးရောင်းချသည့် အလုပ်ဖြင့် တကိုယ်တည်း အသက်မွေးဝမ်းကျောင်း နေသူ ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ၆၉ လမ်း၊ ၂၅၊ ၂၆ လမ်းနှင့် ၃၇ လမ်းတို့တွင် ၃ နှစ်ကျော် သတင်းစာ၊ ဂျာနယ်လက်ပွေ့ရောင်းချလာသူ ကိုဟန်ထွန်းကလည်း ပုဂ္ဂလိက သတင်းစာများ ထွက်လာသည့် နောက်ပိုင်းတွင် အစိုးရသတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၏ ရောင်းအားကျသွားကြောင်း၊ ပုံမှန် ပရိသတ်ရှိမှသာ ရောင်းရကြောင်း ဧရာဝတီသို့ ပြောပြသည်။

“နာမည်ရှိတဲ့ ပုဂ္ဂလိက သတင်းစာကို ငွေပုတ်ပြတ်ပေးဝယ်ပြီး ပြန်ရောင်းရတာ ဘယ်လိုဖြစ်ဖြစ် ရောင်းကုန်တော့ အမြတ် ကျန်တယ်လေ၊ နာမည်မရှိတဲ့ သတင်းစာတွေကျတော့ မရင်းရဲဘူး၊ ဝယ်သူလည်း မရှိသလောက်ပဲ” ဟု မန္တလေးမြို့ ၁၅ လမ်းအနီးတွင် လက်ပွေ့ရောင်းချနေသူ ကိုအောင်သောင်းက ဆိုသည်။

မန္တလေးတွင် မည်သည့် ပုဂ္ဂလိက သတင်းစာကိုမဆို ထွန်းဦးစာပေ၊ နဂါးစာပေတို့တွင် ပင်ရင်းဈေး တစောင်လျှင် ၁၅၅ ကျပ်ဖြင့်ယူပြီး ၂၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြောင်း၊ လက်ပွေ့သမား၊ ဖောက်သည်ပေး အရောင်းသမား တဦးအတွက် တနေ့လျှင် အမြတ်ငွေ ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ဝန်းကျင် ရရှိကြောင်း မန္တလေး သတင်းစာဂျာနယ် ဈေးကွက်မှ သိရသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ
မန္တလေးမြို့တွင် ပုဂ္ဂလိက သတင်းစာများကို လူထုက စိတ်ဝင်စားကြသော်လည်း အများစုမှာ လူမှုကွန်ရက် မီဒီယာဖြစ်သည့် facebook ကို ပိုမိုအသုံးပြုလာကြသောကြောင့် မန္တလေးသတင်းစာဈေး ကွက် အေးနေကြောင်း သတင်းစာ ဖြန့်သူများက ဧရာဝတီသို့ပြောသည်။

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်းရောဂါရဲ့ လက္ခဏာ တွေကို လျှော့ ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိထား ပါတယ်။ ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာ ရွတ်ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်းအလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။
လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ် လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လို အပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမင်တွေ အမြင်မားဆုံး ပါဝင်ပါ တယ်။ အခွံမာသီးနဲ့ အစေ့အဆန်တွေ မှာလည်း ဗီတာမင် E အမြောက်အမြား ပါဝင် ပါတယ်။ အားဖြည့်ထားတဲ့ ကွေကာ နဲ့ အစိမ်းရောင် ဟင်းရွက်မှာလည်း ဗီတာ မင် E များစွာ ပါဝင်တယ်လို့ သိရပါတယ်။  

ဒေါက်တာခင်မိုးမိုး

အေးချမ်းမွန် Credit & Copy From > GOOD HEALTH <Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
အစိမ်းရောင်ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်းရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိထားပါတယ်။ ဗီတာမင် E မြင့် မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံးတာကြောင့် အဝလွန်တဲ့အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ

KIA က တရုတ်(ဟောင်ကောင်)ဒုစရိုက်သမားများနှင့်ပေါင်းပြီး မြန်မာငွေစက္ကူအတုများပြုလုပ်

KIA မှအဖွဲ့ဝင်များက တရုတ် (ဟောင်ကောင်)မှ ဒုစရိုက်သမားနှင့်ပေါင်းပြီး မြန်မာငွေ စက္ကူအတု များကို ပြုလုပ်နေမှုကို တရုတ်ထောက်လှမ်းရေး အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

စစ်တွေ လူဦးရေစာရင်း ကောက်ယူမှု ပြန်စမည်

Photo: စစ်တွေ လူဦးရေစာရင်း ကောက်ယူမှု ပြန်စမည်
Thursday,May09,2013

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင်(ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက်ခံမှုကို မကြာမီ ပြန် လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

“စစ်တွေက စခန်းတွေမှာ မွတ်စလင်လူဦးရေ အရမ်းများလာနေတယ်၊ စာရင်းမရှိတဲ့ သူတွေများနေတော့ ရိက္ခာပေးရင် အ ခက်အခဲ တွေ ရှိတယ်၊ WFP ကလည်း လူဦးရေ စာရင်းအတိုင်းပဲ ရိက္ခာပေးတယ်၊ စာရင်းမရှိလို့ မရတဲ့သူတွေရှိရင် အဲဒီ လူတွေကို ကျနော် တို့ကပဲ မပေးသလိုမျိုး လူ့အခွင့်အရေး အဖွဲ့တွေက အော်ကြတယ်”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝတီ ကို ပြောသည်။

စစ်တွေရှိ ဒုက္ခသည် စခန်းများသို့ ရခိုင်ပြည်နယ်၏ တခြားဒေသများမှ မွတ်စလင်များသည် နည်းမျိုးစုံဖြင့် ရောက်ရှိနေကြကြောင်း၊ တာဝန်ရှိသူများ သွားရောက် စစ်ဆေးချိန်၌ နီးစပ်ရာနေအိမ်များတွင် ပုန်းအောင်းနေကြပြီး ရိက္ခာ ဝေပေးချိန်မှသာ အများအပြား ထွက်လာကြကြောင်း ၎င်းက ဆိုသည်။

“ဥပမာ- စာရင်းရှိတဲ့ လူ ၁၀ ယောက်စာ ရိက္ခာပေးမယ်ဆိုရင် နောက်ထပ် ၃၀ လောက် ရောက်လာကြတယ်၊ အဲဒီအတွက် ကျနော် တို့မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်”ဟု ဦးဝင်းမြိုင် က ပြောသည်။

ဒုက္ခသည် စခန်းများသည် ပင်လယ်ကမ်းခြေနှင့်နီးစပ်၍ စစ်တွေဒေသနှင့်နီးစပ်သော ပေါက်တော အပါအ၀င် ရခိုင်ပြည်နယ်၏ တခြား ဒေသများမှ မွတ်စလင်များသည် ညအချိန်တွင် လှေများဖြင့် စခန်းထဲသို့ခိုးဝင်ကြကြောင်း၊ စခန်းများတွင် လုံခြုံရေးထားရှိသော် လည်း ပင်လယ်ကမ်းခြေ ရှည်လျား၍  နေရာတိုင်းတွင် လုံခြုံရေး မထားနိုင်ကြောင်း သိရသည်။

စစ်တွေမြို့နယ် ဒုက္ခသည် စခန်းများရှိ လူဦးရေ ကောက်ခံခြင်းကို ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပြည် နယ် အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များ စုပေါင်း၍ ဧပြီလကုန်ပိုင်းတွင် စတင်ကောက်ခံရာ အုံကြွ ကန့်ကွက်မှုများနှင့် ကြုံတွေ့ရ၍ ရပ်ဆိုင်းထားကြောင်း၊ လူဦးရေ စာရင်းကောက်ခံရာ၌ လူမျိုးအမည်တွင် ဘင်္ဂါလီဟု မဖြည့်လိုဘဲ ရိုဟင်ဂျာ ဟူ၍ စာရင်းသွင်းမှသာ လက်ခံမည်ဟုဆိုကာ အုပ်စုဖွဲ့ ကန့်ကွက်သည့်အတွက် ခေတ္တရပ်ခဲ့ရကြောင်း သိရသည်။

လူဦးရေ စာရင်းကောက်ခံနိုင်ရန် လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေကြောင်း၊ ဘင်္ဂါလီလူမျိုး အမည်ဖြင့်သာ ကောက်ခံမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သတင်းစာများကလည်း ဘင်္ဂါလီလူမျိုးဟု တရားဝင်ကြေညာထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ မရှိသည့် လူမျိုးအမည်ကို ပြောဆို၍ လှုံ့ဆော်မှု မပြုလုပ်ကြရန် ဘင်္ဂါလီ ရပ်မိရပ်ဘများကို ခေါ်ယူဆွေးနွေး ပြောဆိုထားကြောင်း ဦးဝင်းမြိုင် က ရှင်းပြသည်။

ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း နှင့် စစ်ဆေးခြင်း တို့ ဖြစ်သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျောက်ဖြူဒေသမှ ထွက်ပြေးသွားသူများသည် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ရှိနေကြောင်း၊ ၎င်းတို့ကိုလည်း မိုးရာသီ မရောက်မီ ကျောက်ဖြူဒေသသို့ ပြန်လည်ပို့ဆောင်၍ နေရာချထားပေးရန် စီစဉ်နေကြောင်း ပြည်နယ် အစိုးရထံမှ သိရသည်။

ကျောက်ဖြူဒေသခံများကမူ ၎င်းတို့ဒေသ၌ နေရာ ချထားပေးမည့် ကိစ္စကို ကန့်ကွက်ထားကြောင်း၊ ရခိုင်ပြည်နယ် အစိုးရက စီစဉ် နေသည့် နေရာများသည် ကျေးလက် တောရွာများဖြစ်၍ ဘင်္ဂါလီများကို နေရာချထားပေးပါက ဒေသခံများ၏ ရေ လုပ်ငန်းနှင့် လယ်ယာ လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ကြတော့မည် မဟုတ်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကျောက်ဖြူ ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့က ချောင်းတွေ၊ ပင်လယ်တွေထွက် ငါးဖမ်းကြတယ်၊ လယ်ကွင်းတွေမှာ သွားပြီး လယ်လုပ်ရတယ်၊ ဒီလူတွေ ရောက် လာရင် ကျနော်တို့ တဦး တယောက်တည်းသွားဖို့ ခက်ခဲမယ်၊ ဒေသခံတွေရဲ့လုံခြုံရေး စိုးရိမ်ရတယ်၊ ကျနော်တို့ နောက်ထပ်ပြဿနာတွေ မဖြစ်ချင်တော့ဘူး၊ အေးအေးဆေးဆေးပဲ လုပ်ကိုင်စားသောက်ချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံတဦး က ပြောသည်။

ကျောက်ဖြူဒေသ၌ မွတ်စလင်များ ပြန်လည်နေရာချရေးအတွက် ဗဟိုအစိုးရနှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးများ သည် မကြာခဏ လာရောက်၍ နေရာရှာဖွေနေကြကြောင်း၊ လက်ရှိတွင် ဂုံးချွိုင်ရွာ၊ လှေပြိုင်ကွင်း၊ ကုလားမ ကျွန်း စသည့် နေရာ ၄ ခုကို ရွေးချယ်ထားကြောင်း၊ ထိုနေရာများကို အားလုံးက ကန့်ကွက်ထားကြောင်း၊ ဘင်္ဂါလီများအား လူသားချင်း စာနာထောက်ထားသည့် တိုင် တတိယ အကြိမ် ပဋိပက္ခဖြစ်ပွားလာမည်ကို ရခိုင်ပြည်သူများက စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

“ဒီလူတွေကို မိုးရာသီ မရောက်ခင် အမိုးအကာအောက် ရောက်ဖို့လုပ်ပေးမယ့် ကိစ္စကို ကျနော်တို့က မကန့်ကွက်ပါဘူး၊ သူတို့လည်း လူတွေပဲ၊ ဒါပေမယ့် ဒေသခံတွေနဲ့ ပြဿနာတွေ မဖြစ်နိုင်တဲ့ နေရာတွေမှာပဲ ဒုက္ခသည် စခန်းနဲ့ လုံခြုံရေးတွေနဲ့ ထားပေးစေချင်တယ်”ဟု လှေပြိုင်ကွင်း ဒေသခံက ပြောသည်။

မွတ်စလင် ဒုက္ခသည်များကမူ ၎င်းတို့နေထိုင်ခဲ့သည့် မြို့ပေါ်ရှိ ရပ်ကွက် သို့မဟုတ် ကျောက်ဖြူမြို့အနီးရှိ ပြင်ဖြူမော် ကျေးရွာတွင် နေထိုင်လိုကြသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ရခိုင် ဒုက္ခသည်စခန်းတခုနှင့် မွတ်စလင် စခန်း တခုရှိပြီး မွတ်စလင် ဒုက္ခသည် ၁၆၀၀ ၀န်းကျင်ရှိကြောင်း၊ စစ်တွေဒေသ၌ ကျောက်ဖြူမှ ဒုက္ခသည် ၆၀၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

မွတ်စလင်များ နေရာပြန်ချထားရေး အတွက် အာဏာပိုင်များနှင့်ဆွေးနွေးခဲ့သူ ဂုံးချွိုင်ကျောင်း ဆရာတော် ဦးအိန္တောဘာသက “ရွာတွေမှာ ဘင်္ဂါလီတွေကို နေရာချပေးရင် နေ့တိုင်းလို ပြဿနာဖြစ်လာနိုင်တယ်၊ လုပ်ကိုင် စားသောက်လို့ ရတော့မှာ မဟုတ်တော့ ဘူး ဆိုပြီး ကန့်ကွက်ကြတယ်၊ အာဏာပိုင်တွေကတော့ ဒေသခံတွေ သဘောမတူရင် မလုပ်ဘူးလို့ ဘုန်းကြီးကို ပြောသွားတယ်”ဟု မိန့်သည်။

ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် နှစ်ဘက်စလုံး၌ အပြန်အလှန် ယုံကြည်မှုနည်းပါးနေ၍ ဒုက္ခသည်များ နေရာပြန်လည် ချထား ပေးရေး ကိစ္စသည် လတ်တလောတွင် အခက်အခဲရှိနိုင်ကြောင်း၊ ထို့ကြောင့် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စသည်လည်း အရေးကြီးကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင် က ဧရာဝတီကို ပြောသည်။

“စစ်တွေက စခန်း ၇ ခုလောက်မှာ မွတ်စလင် လူဦးရေ တသိန်းခွဲ ၀န်းကျင်ရှိတယ်၊ သူတို့တွေ စားဝတ်နေရေး အခက်အခဲ ရှိတယ် လို့ ကျနော်တို့ ဆီကို မကြာခဏ အကြောင်းကြား အကူအညီတောင်းနေ ပါတယ်”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ

ကျောက်ဖြူမှ စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ထွက်ပြေးလာကြသော မွတ်စလင် ဒုက္ခသည်များ၏ တံငါလှေများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကျောက်ဖြူမှ စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ထွက်ပြေးလာကြသော မွတ်စလင် ဒုက္ခသည်များ၏ တံငါလှေများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ ဒုက္ခသည်စခန်းများတွင်(ဆွဲ၊ တင်၊ စစ်) လူဦးရေ စာရင်း ကောက် ခံမှုကို မကြာမီ ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

ရွန်နီကို ရောင်းမည် မဟုတ်ဟု မန်ယူကြေညာ

Photo: ရွန်နီကို ရောင်းမည် မဟုတ်ဟု မန်ယူကြေညာ
Thursday,May09,2013

မန်ချက်စတာ ယူနိုက်တက် အသင်းက မိမိတို့ အနေဖြင့် ဝိန်းရွန်နီကို ရောင်းထုတ်ရန် လုံးဝ စိတ်ကူး မရှိကြောင်း ပြောကြားလိုက်သည်။

အသင်းမှ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနားယူမည်ဟု အတည်ပြု ကြေညာခဲ့သည့်နောက် ရွန်နီသည်လည်း မန်ယူမှ ထွက်ခွာလိုကြောင်း ဖာဂူဆန်ထံ တောင်းဆိုခဲ့ပြီး ၎င်းကို ချယ်လ်ဆီးက ပေါင်စတာလင် (၂၅)သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mailက ဖော်ပြလာခဲ့သည်။ အသက်(၂၇)နှစ်ရှိ တိုက်စစ်မှူး အနေဖြင့် ယခုရာသီ တစ်လျှောက်လုံးတွင် အသင်းမှ ထွက်ခွာရနိုင်ကြောင်း ခန့်မှန်းချက်များနှင့် လုံးထွေးနေခဲ့ရသူ ဖြစ်သည်။ လတ်တလောတွင် မန်ယူအသင်းသည် ကစားသမားများကို ဖာဂူဆန် အနားယူမှုနှင့် ပတ်သက်ပြီး Twitterတွင် တစ်စုံတစ်ရာ မှတ်ချက် မပေးရန် တားမြစ်ထားသည်။

သို့သော်လည်း ယခုအခါ မန်ယူအသင်းက ယင်းသတင်းများကို ငြင်းဆိုခဲ့သည်။ "ရွန်နီကို ရောင်းမှာမဟုတ်ပါဘူး"ဟု အသင်းမှ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ရွန်နီအား အိုးလ်ထရက်ဖို့ဒ်တွင် ဆက်လက် ထိန်းသိမ်းရေးသည် ဖာဂူဆန်၏ နေရာကို ဆက်ခံဖွယ်ရှိကြောင်း သတင်းပြေးနေသည့် အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်အတွက် ပထမဆုံး စိန်ခေါ်မှုလည်း ဖြစ်လာဖွယ် ရှိနေသည်။ အခြားသော သတင်းများအရ မန်ယူသည် ရီးယဲလ်မက်ဒရစ်သို့ ရောင်းချခဲ့သည့် ၎င်းတို့၏ တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ပြန်လည် ချိတ်ဆက်နေကြောင်း သိရှိရသည်။

soccermyanmar

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ

မန်ချက်စတာ ယူနိုက်တက်အသင်းက မိမိတို့အနေဖြင့် ဝိန်းရွန်နီကို ရောင်းထုတ်ရန် လုံးဝစိတ်ကူး မရှိကြောင်း ပြောကြားလိုက်သည်။

ရန်ကုန်မြို့ စက်မှုဇုန်များအား ၂၄ နာရီ မီးဖြတ်တောက်လိုက်ခြင်းမှာ လူနေရပ်ကွက်များကို ပုံမှန်မီးပေးနိုင်ရန်ဖြစ်ပြီး အလှည့်ကျ မီးပေးစနစ် စတင်မည်ဆိုပါက ကြိုတင်အသိပေးမည်

Photo: ရန်ကုန်မြို့ စက်မှုဇုန်များအား ၂၄ နာရီ မီးဖြတ်တောက်လိုက်ခြင်းမှာ လူနေရပ်ကွက်များကို ပုံမှန်မီးပေးနိုင်ရန်ဖြစ်ပြီး အလှည့်ကျ မီးပေးစနစ် စတင်မည်ဆိုပါက ကြိုတင်အသိပေးမည်
Thursday,May09,2013

ရန်ကုန်မြို့ စက်မှုဇုန်များအား မေ ၅ ရက်အထိ တစ်နေ့ငါးနာရီ မီးပေးနေရာမှ မေ ၆ ရက်မှစ၍ ၂၄ နာရီ မီးလုံးဝ ဖြတ်တောက်ထားခြင်းမှာ လူနေရပ်ကွက်များအား ပုံမှန်မီးပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အလှည့်ကျ မီးပေးစနစ်ကိုမူ လက်ရှိပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်ပါက ကြိုတင် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေအားလျှပ်စစ် ရရှိမှုအပေါ် အဓိက အားကိုးနေရခြင်းဖြစ်ရာ ယခုကဲ့သို့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျှော့နည်းလာခြင်းကြောင့် လူနေရပ်ကွက်များတွင် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများ လက်ရှိတွင် ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လျက် ရှိသည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့နည်းချိန်၌ အခြားနည်းလမ်းဖြင့် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဓာတ်ငွေ့သုံးစက်များ ပြည်ပမှ ရောက်ရှိပြီး ဖြစ်သော်လည်း ချက်ချင်းလည်ပတ်၍ မရနိုင်ကြောင်း သိရသည်။

"ပြည်သူတွေက Complain တက်ကြတယ်။ ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေပေမယ့် ဘာလို့ မီးတွေပျက်နေသလဲပေါ့။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ပြည်ပကနေ ဂက်စ်တာဘိုင်တွေ ရောက်နေတယ် ဆိုပေမယ့် အိမ်သုံးမီးစက်တွေလို ချက်ချင်း ဓာတ်ဆီထည့်ပြီး မောင်းလို့ရတာ မဟုတ်ဘူး။ ဒီစက်တွေ လည်ပတ်ဖို့အတွက် တပ်ဆင်ရတဲ့ အစိတ်အပိုင်းတွေ၊ တည်ဆောက်ရတဲ့ အပိုင်းတွေ ရှိသေးတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေခြင်းကြောင့် ပြည်သူများမှ အလှည့်ကျ မီးပေးစနစ် စတင်နေပြီဟု ပြောနေကြရာ လက်ရှိတွင် အလှည့်ကျ မီးပေးစနစ် ပြုလုပ်ဦးမည် မဟုတ်ဘဲ ထိုသို့ပြုလုပ်မည် ဆိုပါကလည်း ပြည်သူသို့ ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုမေလအတွင်း ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေမှာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုအပေါ် မူတည်နေပြီး လာမည့်လတွင်လည်း လျှပ်စစ်ဓာတ်အား ပုံမှန်ရနိုင်မှု၊ မရရှိနိုင်မှုမှာလည်း အတိအကျပြော၍ မရနိုင်သေးကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရသည်။ စက်မှုဇုန်များတွင် ၂၄ နာရီပတ်လုံး မီးမဖြတ်တောက်မီက တစ်နေ့ငါးနာရီ မီးရရှိသော်လည်း ငါးနာရီ ကာလအပိုင်းအခြား၌ပင် မကြာခဏ မီးပြတ်နေကြောင်း၊ လက်ရှိတွင် မီးလုံးဝ ဖြတ်တောက်ထားခြင်းကြောင့် ကုန်ထုတ်လုပ်မှု အပိုင်း၌ အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ

(ဓာတ်ပုံ - ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအနီး တစ်ဝိုက်အား မေလဆန်းပိုင်းက တွေ့ရစဉ်)
(ဓာတ်ပုံ - ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအနီး တစ်ဝိုက်အား မေလဆန်းပိုင်းက တွေ့ရစဉ်)
ရန်ကုန်မြို့ စက်မှုဇုန်များအား မေ ၅ ရက်အထိ တစ်နေ့ငါးနာရီ မီးပေးနေရာမှ မေ ၆ ရက်မှစ၍ ၂၄ နာရီ မီးလုံးဝ ဖြတ်တောက်ထားခြင်းမှာ လူနေရပ်ကွက်များအား ပုံမှန်မီးပေးနိုင်ရန် ဖြစ်ကြောင်းနှင့် အလှည့်ကျ မီးပေးစနစ်ကိုမူ လက်ရှိပြုလုပ်မည် မဟုတ်ဘဲ ပြုလုပ်ပါက ကြိုတင် အသိပေး ကြေညာသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာသံရုံးဗုံးခွဲဖို့ကြံသူ အဖွဲ့ဝင်တချို့ အင်ဒိုရဲကအသေဖမ်းမိ

Photo: မြန်မာသံရုံးဗုံးခွဲဖို့ကြံသူ အဖွဲ့ဝင်တချို့ အင်ဒိုရဲကအသေဖမ်းမိ
Thursday,May09,2013

အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်မှုမှာ ပါဝင်ပက်သတ်တယ်လို့ ယူဆရတဲ့သူ ၃ ဦးကို အင်ဒိုနီးရှားရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့တယ်လို့ သိရပါတယ်။

မနေ့မနက်ပိုင်းက ဂျာဗားကျွန်းအနောက်ပိုင်း Bandung မြို့ ဆင်ခြေဖုံး
ရပ်ကွက်တစ်ခုမှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်သားတွေနဲ့ ဗုံးခွဲဖို့ကြံစည်မှုမှာ ပတ်သက်တယ်လို့ သံသယ အဖြစ်ခံရသူတွေအကြား တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သံသယအဖြစ်ခံသူ အမျိုးသား ၄ ဦးထဲက တစ်ဦးကို အရှင်ဖမ်းဆီးထားနိုင်
ခဲ့ပြီး ကျန် ၃ ဦးကိုတော့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှား
ရဲမှုးချုပ် Timur Pradopo က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အထူးရဲတပ်ဖွဲ့က သံသယ အဖြစ်ခံရသူတွေရဲ့ အိမ်ကို ဝိုင်းထားခဲ့ချိန်မှာ အဆိုပါလူတွေက အသာတကြည် အဖမ်းမခံပဲ နာရီပေါင်းအတော်
ကြာအောင် ရဲတွေကို သေနတ်နဲ့ပြန်ပြီးပစ်ခတ်ခဲ့သလို လက်ပစ်ဗုံးတွေ
နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါလူ ၄ ဦးထဲက အသက်ရှင်ကျန်တဲ့ အသက် ၂၅ အရွယ် အမျိုးသား
ဟာ အိမ်ကိုရဲတွေစပြီးတိုက်ခိုက်ခဲ့စဉ် မျက်ရည်ယိုဗုံးတွေသုံးခဲ့ကတည်းက အိမ်ထဲကနေ အပြင်ကိုထွက်ပြေးလာခဲ့တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့
တာဖြစ်တယ်လို့လည်း ရဲမှုးချုပ်က ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာတော့ အိမ်ထဲက သေနတ် ၃ လက်နဲ့ ကျဉ်ဆံ
အတောင့် ၂၈၀ သိမ်းဆည်းမိခဲ့တယ်လို့သိရပြီး တိုက်ခိုက်ခဲ့သူတွေဟာ အင်ဒိုနီးရှားနိုင်ငံတဝှမ်းပျံ့နှံ့နေတဲ့ အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်တွေဖြစ်
မယ်လို့ ရဲတွေက ယူဆနေကြပါတယ်။

ရာနဲ့ချီတဲ့ ဒေသခံရဲတပ်သားတွေက အခင်းဖြစ်ပွားခဲ့တဲ့ လယ်ကွင်းတွေ
အလည်ကအိမ်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး အခင်းဖြစ်ပွားတာကို လာကြည့်တဲ့လူအုပ်ကြီးကို တားထားရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်တိုက်ခိုက်တာတွေကို မကျေနပ်တဲ့အတွက် ဂျာကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ ယူဆရတဲ့ လူ ၂ ဦးကို အင်ဒိုနီးရှားရဲတွေက ပြီးခဲ့တဲ့
တစ်ပတ် ကြာသပတေးနေ့က ဖမ်းဆီးခဲ့အပြီးမှာ အဲဒီသူတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ယူဆရတဲ့အတွက် Bandung မြို့
ဆင်ခြေဖုံးအိမ်က သူတွေကို ရဲကဖမ်းဆီးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အနှိမ်ခံ၊ အတိုက်ခိုက်ခံနေရပြီး ရိုဟင်ဂျာတွေ
အပေါ်မှာလည်း ဖိနှိပ်ရက်စက်နေတယ်လို့ သဘောထားရှိတဲ့ မွတ်စလင်
ဘာသာဝင် အင်ဒိုနီးရှားလူမျိုးတချို့က မြန်မာနိုင်ငံအပေါ်မှာ ဂျီဟတ်လို
့ခေါ်တဲ့ ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ အလိုရှိကြောင်း ထုတ်ဖေါ်ထားကြ
တယ်လို့ သိရပါတယ်။

ABC Radio Australia
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင်  Myanmar Online News ကို like လုပ်ထားပါ
အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်မှုမှာ ပါဝင်ပက်သတ်တယ်လို့ ယူဆရတဲ့သူ ၃ ဦးကို အင်ဒိုနီးရှားရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့တယ်လို့ သိရပါတယ်။

ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားနေသော ဘာသာရေးတရားများ အကြောင်းတစ်စေ့တစ်စောင်း

Photo: ယနေ့ ကမ္ဘာပေါ်တွင် ထင်ရှားနေသော ဘာသာရေးတရားများ အကြောင်းတစ်စေ့တစ်စောင်း

၁။ “ဟိန္ဒူ ဘာသာ ”
===========
တည်ထောင်သူ == ? ။
စတင်ပေါ်ပေါက်ချိန် == ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည် ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ ။
ပဓာန ကျမ်းဂန် == ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊
ဘဂ၀ဒ်ဂီတ ။
-------------------------------------------------------------------------------------------------
၂။ “ ဇိုရိုအက်စတား ဘာသာ ”
=================
တည်ထောင်သူ == ပါရှင်းလူမျိုး၊ ဇိုရိုအက်စတား( ဇရတုတ္တရ) ။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၆၁၈ ခုနှစ် (ဘီစီ ၆၁၈) ။
တည်ထောင်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၈၈ ခုနှစ် (ဘီစီ ၅၈၈) ။
ကွယ်လွန်သည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၁ ခုနှစ် (ဘီစီ ၅၄၁) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါရှားနိုင်ငံ (အီရန်နိုင်ငံ) ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အဟုရ မဇဒါဘုရား။
ပဓာန ကျမ်းဂန် == အဗက်စတာကျမ်း (အဝေတ္ထကျမ်း)။
---------------------------------------------------------------------------------------------------
၃။ “ ဂျူး ဘာသာ ”
============
တည်ထောင်သူ == ဂျူးလူမျိုး၊ မိုးဇက်(မောရှေ)။
စတင်ပေါ်ပေါက်ချိန် == ခရစ်တော်မပေါ်မီ ၁၂၃၀ (ဘီစီ ၁၂၃၀)။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်း (အစ္စရေး) ပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဂျေဟိုဗ ဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ (ဓမ္မဟောင်းကျမ်း)။
---------------------------------------------------------------------------------------------
၎။ “ဗုဒ္ဓ ဘာသာ ”
============
တည်ထောင်သူ == ဗုဒ္ဓမြတ်စွာဘုရား(သိဒ္ဓတ္ထ မင်းသား)။
ဖွားတော်မူသောနှစ် == ခရစ်တော်မပေါ်မီ ၆၂၄ (ဘီစီ ၅၆၃ တစ်ဝါဒ)။
တည်ထောင်သောနှစ် == ခရစ်တော်မပေါ်မီ ၅၈၉ (ဘီစီ ၅၂၈ တစ်ဝါဒ) ။
ပရိနိဗ္ဗာန်စံသည့်နှစ် == ခရစ်တော်မပေါ်မီ ၅၄၄ (ဘီစီ ၄၈၃ တစ်ဝါဒ)။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗုဒ္ဓမြတ်စွာဘုရား(ဂေါတမမြတ်စွာဘုရား)။
ပဓာန ကျမ်းဂန် == နိကာယ်ငါးရပ်၊ ပိဋကသုံးပုံ။
-----------------------------------------------------------------------------------------------
၅။ “ခရစ်ယာန် ဘာသာ ”
===============
တည်ထောင်သူ == ဂျူးလူမျိုး၊ ယေရှုခရစ်တော်။
မွေးဖွားသည့်နှစ် == ဘီစီ ၄ ခန့်။
တည်ထောင်သောနှစ် == သက်တော် ၃၀ (အေဒီ ၂၇ ခန့်) ။
ကွယ်လွန် သည့်နှစ် == သက်တော် ၃၃ (အေဒီ ၃၀ ခန့်) ။
စတင်ပေါ်ပေါက်ရာ ဌာန == ပါလက်စတိုင်းပြည်။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ထာဝရဘုရားသခင်။
ပဓာန ကျမ်းဂန် == သမ္မာကျမ်းစာ(ဓမ္မဟောင်းနှင့် ဓမ္မသစ်)။
------------------------------------------------------------------------------------------
၆။ “ အစ္စလာမ် ဘာသာ ”
===============
တည်ထောင်သူ == အာရပ်လူမျိုး၊ မိုဟာမက်။
မွေးဖွားသည့်နှစ် == ခရစ်နှစ် ၅၇၀ (အေဒီ ၅၇၀) ။
တည်ထောင်သောနှစ် == ခရစ်နှစ် ၆၁၀ (အေဒီ ၆၁၀) ။
မဒီနာသို့ ထွက်ခွာသည့်နှစ် == ခရစ်နှစ် ၆၂၂ (အေဒီ ၆၂၂) ။
ကွယ်လွန် သည့်နှစ် == ခရစ်နှစ် ၆၃၂ (အေဒီ ၆၃၂) ။
စတင်ပေါ်ပေါက်ရာ ဌာန == အာရေဗျနိုင်ငံ၊ မက္ကာမြို့။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == အလ္လာဟ်ဘုရားသခင်။
ပဓာန ကျမ်းဂန် == ကိုရန်ကျမ်းမြတ်။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ အခြေပျိုး ဗုဒ္ဓဘာသာမှ ကူးယူဖေါ်ပြပါသည်။}

၁။ “ဟိန္ဒူ ဘာသာ ”
===========
တည်ထောင်သူ == ? ။
စတင်ပေါ်ပေါက်ချိန် == ခရစ်မပေါ်မီ နှစ် ၁၅၀၀ ခန့် ။
စတင်ပေါ်ပေါက်ရာ ဌာန == အိန္ဒိယပြည် ။
ဘာသာ၏ အထွက်အထိပ် ပုဂ္ဂိုလ် == ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ ။
ပဓာန ကျမ်းဂန် == ဝေဒကျမ်းများ၊ ဥပနိသျှဒ်ကျမ်းများ၊ ရာမာယန၊ မဟာဘာရတ၊
ဘဂ၀ဒ်ဂီတ ။
-------------------------------------------------------------------------------------------------

၁၁၅ မိုင် ယာဉ်ရပ်နားစခန်း၌ အရေးပေါ် ရှေးဦးပြုစုခြင်း စခန်းဖွင့်ထားပြီး ယာဉ်မတော်တဆမှုများအတွက် ၂၄ နာရီ အခမဲ့ ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းတွင် အရေးပေါ်ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်း တည်ဆောက် ထားပြီး ယာဉ်မတော်တဆမှုများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၄ နာရီ အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ က ပြော သည်။

ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး



Photo: ဂျကာတာ သံရုံးဗုံး မသင်္ကာသူများကို အင်ဒိုနီးရှားရဲ ပစ်ခတ်ဖမ်းဆီး
Thuessday,May09,2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာတွင် မြန်မာသံရုံး ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော နေအိမ်တခုကို စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးဒဏ်ရာရသည့် အခြေအနေကို မသိရှိရသေးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဒုတိယရဲဗိုလ်ချုပ်ကြီး Nanan Sukarna ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းဌာနက သတင်းရေးသားဖော်ပြသည်။

အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopo ၏အဆိုအရ  ပစ်ခတ်မှုများဖြစ်ပွားခဲ့ရခြင်းမှာ  စစ်သွေးကြွဟု သံသယရှိခံရသူများက ခိုအောင်းနေသော နေအိမ်အတွင်းမှနေ၍ ပြန်လည်ခုခံတိုက်ခိုက် ပစ်ခတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေအိမ်နှင့် အနီးတ၀ိုက်တွင် နေထိုင်သူများကို နေရာရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရှိရသည်။

“ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ မျှော်လင့်ပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီးTimur Pradopo ကပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသော  အေပီသတင်းဌာနမှ သတင်းထောက်၏ အဆိုအရ ရဲတပ်ဖွဲ့က စစ်သွေးကြွများကို လက်နက်ချပြီး ထွက်လာကြရန် သတိပေးပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က သတိပေးပြောဆိုနေစဉ် နေအိမ်အတွင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မေလ လဆန်ပိုင်းက မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်မည်ဟု သံသယရှိခံရသော အစွန်းရောက်စစ်သွေးကြွ  ၂ ဦးကို လက်လုပ်ဗုံး ၅ လုံးနှင့်အတူ ဂျာကာတာမြို့တွင် ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏နေအိမ်တွင်လည်း ဖေါက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်ဆီးမိသူ ၂ ဦးက  မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များ တိုက်ခိုက်ခံရခြင်းအတွက် ပြန်လည်လက်စားချေလိုခြင်းကြောင့် ဗုံးခွဲရန် ကြံစည်ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အင်ဒိုနီရှားမှ လာသော သတင်းများတွင် ဖော်ပြထားသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှုတရပ် ယနေ့ ဖြစ်ပွားကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်


Photo: ၈၈ အဖွဲ့ကို ဟိုပန်မြို့က ပေးမဝင်
Thursday,May09,2013

ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့ သွားရာ မြို့ခံများက ၀င်ရောက် ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့မှ ပြန်လှည့်ခဲ့ရသည်။

ဧရာဝတီမှ ရရှိသောသတင်းများအရ လားရှိုးမှ ယမန်နေ့ မနက် ခရီးထွက်လာသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချိုတို့ ဦးစီးသည့် အဖွဲ့ကို ဟိုပန်မြို့မှ ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့မှ သီန္နီတွင် လာရောက်ဆီးကြိုပြီး  ဟိုပန်မြို့အ၀င်အခြေအနေသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ကြောင်း၊ မြို့ခံ ဦးခွန်စိန်ဦးစီးသည့်အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇ စီးဖြင့် ခေါ်လာပြီး ဟိုပန်မြို့အ၀င် တံတားတွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင်မည်ဖြစ်ပြီး လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အာမခံ တာဝန်ယူပေးနိုင်ရန်မှာ မလွယ်ကူကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ လားရှိုးသို့ ပြန်လှည့်လာကြောင်း သိရသည်။

“ပြောစရာကလည်း များတယ်။ ပြီးတော့ ပွဲကျင်းပဖို့က အစကတည်းက လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်ပြီးသွားပြီ။ ဒေသခံက အစ သဘောတူတယ်။ ဒါပေမယ့် ပွဲကျင်းပမယ့်နေ့ရောက်မှ ဘာဖြစ်မှန်း မသိဘူး။ သူတို့ဘက်က လုံခြုံရေးမပေးနိုင်ဘူးဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်စိတ်ကြောင့် သီန္နီမြို့ကနေ
လားရှိုးကို ပြန်လှည့်ခဲ့ပါတယ်” ဟု ဦးပြုံးချိုက ဧရာဝတီကို ဖုန်းမှတဆင့် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လားရှိုးမြို့အခြေစိုက် သတင်းထောက် ဦးမောင်မောင်သန်းက “ ဟိုပန်မြို့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ သူတို့ လုပ်ရက်တွေကို သိမှာစိုးလို့ မြို့အ၀င်မခံ ခိုင်းတာလည်း ဖြစ်မှာပါ။ ပြီးတော့  ဟိုပန်က ရှမ်းပြည်နယ် လွှတ်တော် ဟိုပန်ကိုယ်စားလှယ် ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေက တရားဝင်လုပ်ကွက် မဟုတ်တာတွေကို သိသွားမှာ ကြောက်လို့ပေါ့။ အဲ့က အရမ်းပြဿနာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသည် လားရှိုးမြို့၊ ဟိုပန်မြို့၊ သီပေါမြို့၊ ကျောက်မဲမြို့နှင့် နမ့်ဆမ်မြို့တို့တွင် နယ်မြေခံ လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကာ  ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရီးသွားနေကြသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ် ၆ မြို့နယ်ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အဖြစ် သတ်မှတ်ထားသည်။

ဧရာဝတီ
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ရှမ်းပြည် မြောက်ပိုင်းသို့ လတ်တလော ခရီးထွက်နေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့သည် မေလ ၇ ရက်နေ့ လားရှိုးမှ သံလွင်မြစ်အရှေ့ခြမ်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့သို့သွားရာ မြို့ခံများက ၀င်ရောက်ခွင့်မပြုခဲ့၍ လမ်းတဝက် သီန္နီမြို့ မှ ပြန် လှည့် ခဲ့ရသည်။