Tuesday, June 4, 2013

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ

Photo: ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် နေအပူချိန်(၃၃ ဒီဂရီ)ရှိသည့်ကြားထဲမှ
နေအပူကို အံတုပြီး ဆန္ဒဖော်ထုတ်ကြသူများ
Tuesday, June 4, 2013

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့်ပါတ်သက်ပြီး ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့်ဝင်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ရခိုင်လူမှုကွန်ယက်အသင်းမှ တာဝန်ရှိသူ တစ်ဦးက==ဒီဆန္ဒဖော်ထုတ်ပွဲမှာ ကျွန်တော်တို့က ကုလသမဂ္ဂ အသင်းအတွက် ရေးထားတဲ့ စာတမ်း၊ဒေါ်စုအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာတမ်း၊ပြည်နယ်အစိုးရအတွက် ရေးထားတဲ့ စာတမ်းတွေကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။နောက်ပြီး ဆန္ဒဖော်ထုတ်ပွဲကို ဒေသခံပြည်သူတွေသိစေဖို့ လက်ကမ်းစာစောင်တွေ လည်း မနေ့က လူတိုင်းကိုဝေငှာပေးထားခဲ့ပါတယ်။ဒေသခံပြည်သူများ ကလည်း လိုလိုလားလား လိုက်ပါအားပေးခဲ့ကြတဲ့ အတွက်လည်း
ဒေသခံပြည်သူများကို ကျေးဇူးတင်ပါတယ်++ဟုပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲကို ရဟန်းပျိုများ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ပြီး ပါတီပေါင်းစုံ၊ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ယက် အသင်းများစုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်တွေမြို့တွင် နေပူချိန်မှာ (၃၃ဒီဂရီ)ရှိပြီး နေအလွန် ပူပြင်းနေသည့်ကြားထဲမှ ဆန္ဒထုတ်ဖော်သူများသည် နွေအပူချိန်ကို အံတုကာ ရခိုင်ပြည်နယ်တ၀ှမ်းလုံးရှိ ဘင်္ဂါလီကုလားများအား ဘူးသီးတောင် ၊မောင်တော ကဲ့သို့ ဒေသန္တရအမိန့်ထုတ်ပြန်ပေးပါ။ပြည်နယ်အစိုးရအဖွဲ့အား ဆွဲတင်စစ် လုပ်ငန်းစီမံချက်အား အမြန်ဆုံးအကောင် အထည်ဖော်ပေးရန် တောင်းဆိုပါသည်။ကုလသမဂ္ဂသည်
လူယုတ်မာတို့၏ အသုံးချခံမဖြစ်သင့်၊လူ့အခွင့်အရေးဆိုသူများ ရခိုင်သားကိုအားနာပါ။ကျွန်တော်တို့၏ နယ်မြေကို ကာကွယ်ရန်
မွေးရာပါအခွင့်အရေးရှိသည် စသော ဗီနိုင်းများကိုင်ဆောင်ပြီး
ြွေကးကြော်သံများဟစ်ြွေကးကာ စနစ်တကျစည်းကမ်းရှိစွာ စီတန်းလှည့်လည်ခဲ့ကြသည်။ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့နယ်ဒေသခံပြည်သူများကလည်း နေပူကြီးထဲတွင် အပူဒဏ်ကိုမမှုဘဲ လက်ခုပ်တီးအားပေးခြင်းများ၊ စားစရာများ ဝေငှာခြင်းများ၊သောက်ရေသန့်များ လှုဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူလူငယ်လေးကျော်ဇံမောင်က တစ်ဦးက==ရခိုင်တိုင်းရင်းသား တစ်စုလုံးရဲ့ ဆန္ဒကို မြန်မာနိုင်ငံသာမက ကမ္ဘာ့ကသိအောင် ဖော်ထုတ်ကြတဲ့နေရာမှ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကလည်း တစ်တပ်တစ်အား ပါဝင်လိုတဲ့ စိတ်နဲ့ လိုက်လာခဲ့တာပါ။ အခုလို ဒေသန္တရအမိန့်ကိုသာ ဘင်္ဂါလီတွေ ရှိတဲ့ နေရာတိုင်းမှာသာ ထုတ်ပြန်ပေးမယ်ဆိုရင်တော့ လူဦးရေတိုးပွားမှုနှုန်းကိုလည်း ထိန်းချုပ် ရာရောက်ပါတယ်။ကောင်းပါတယ်။ကျွန်တော်ကတော့ ထောက်ခံပါတယ်++ဟုပြောကြားခဲ့သည်။

နုမရခိုင်
New Watch 
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဇွန်လ(၄)ရက်နေ့၊နေ့လည်(၁)နာရီအချိန်က ဘင်္ဂါလီများနှင့် ပါတ်သက်ပြီး ဒေ သန္တရအမိန့်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့သည်။ဆန္ဒဖော်ထုတ်သူများသည် စစ်တွေမြို့၊ ၀င်္ကာဘာကွင်းတွင် စုဝေးကာ ဗောဓီလမ်းမှတဆင့် လမ်းမကြီး၊ထိုမှတဆင့် ဦးဥတ္တမလမ်းမှတဆင့် ၀င်္ကာဘာကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ ကြကြောင်း သိရသည်။

တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော

Photo: တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော
Tuesday, June 04, 2013

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိ အစိုးရ ဒီမိုကရေစီ လမ်းကြောင်း ဆက် လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာ မဟုတ် ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောကြား လိုက်ပါတယ်။ဇွန် ၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချက်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
 ပြောလိုက်တာလို့ သမ္မတရဲ့ပြောရေးဆို ခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။ အခု တွေ့ဆုံမှုဟာ နှစ်နိုင်ငံ တပ်မတော်ချင်း စစ်ရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ချင်းဆက်ဆံရေးသာ
 ဖြစ်ပါတယ်လို့ သမ္မတပြော ရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ဗြိတိသျှကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက်ဟာ ခရီးစဉ်အတွင်း မှာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ီDVB
တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိအစိုးရဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။

စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်

Photo: စစ်တွေဒုက္ခသည်စခန်းများမှ ဒုက္ခသည်အချို့ နေရာပြောင်းရန် ငြင်းဆန်
Tuesday, June 4, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များ နေရာပြောင်းရန် ငြင်းဆန် မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

စစ်တွေမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေ သည့် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့မှ ဒုက္ခသည်များ သည် နေရာပြောင်းရန် ငြင်းဆိုနေကြပြီး ယင်းဒုက္ခသည်များ အတွက် ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်တို့တွင် ဆောက်လုပ်ထားသည့် နေအိမ်များကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးမကျမီ ဒုက္ခသည်များ အမိုးအကာအောက် ရောက်ရေး အတွက် ပြည်ထောင်စုအစိုးရ အစီအစဉ်ဖြင့် ဆောက်လုပ်နေ သည့် နေအိမ်များမှာ ဇွန်လလယ်တွင် ပြီးစီးမည်ဖြစ်ပြီး ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဆောက်လုပ်နေသည့် နေအိမ်များမှာ ဇွန်လ အကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ဒုက္ခသည်များကို ဇွန်လကုန်တွင် အမိုးအကာအောက် ရောက်အောင် ပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးလှဟန်က ပြောကြားသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသည့် နေအိမ်များသည် စစ်တွေမြို့နှင့်အလှမ်းဝေးသဖြင့် ဒုက္ခသည်အများစု နေရာ မပြောင်းရွှေ့လို ကြကြောင်း သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“လုံးဝ နေစရာမရှိတဲ့သူတွေလောက်ပဲ နေရာ ပြောင်းတာရှိတယ်။အများစုက မပြောင်းလိုကြဘူး” ဟု ၎င်းက ထပ်မံ ပြောဆိုသည်။

ဒုက္ခသည်များ ပြောင်းရွှေ့မည့် နေရာတွင် ယာယီဈေးများပါ ပါရှိမည် ဖြစ်ပြီး လူစည်ကားလာမည့် နေရာ ဖြစ်၍ ဒုက္ခသည်များအတွက် အဆင်ပြေနိုင်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးလှဟန်က ပြောကြား သည်။

အလျား ၄၅ပေ၊ အနံ ၃၀ပေ၊ အမြင့် ၉ပေရှိကာ မိသားစု ရှစ်စု နေထိုင်နိုင် သည့် အိမ်ရှည် (Long House) များကို စစ်တွေမြို့တွင် ဘင်္ဂါလီ ဒုက္ခသည် များအတွက် ၁၃၀၀ လုံးကျော် ဆောက်လုပ်နေပြီး ရခိုင် ဒုက္ခသည်များ အတွက် ၆၆၉ လုံးကို ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့ တွင် ၅၆၀လုံးနှင့် အခြားမြို့နယ် ခြောက်ခုတွင် ၃၆၂ လုံးကို ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ွှThe Voice Weekly
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများရှိ အခြားမြို့နယ် များမှ ပြောင်းရွှေ့ခိုလှုံနေသည့် ဒုက္ခသည်များနေရာပြောင်းရန် ငြင်းဆန်မှုများရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ

Photo: ခွင့်ပြုချက်မရဘဲ ပြုလုပ်သည့် ဆွေးနွေးပွဲကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားစွဲ
Tuesday, June 04, 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

“မြို့နယ်ကဆွဲခိုင်းလို့ ဆွဲတာ။ ကျွန်တော်က ဘယ်ဆွဲချင်ပါ့မလဲ။ ကျွန်တော်တို့ကတော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးဥပဒေမှာပါတဲ့အတိုင်း တာဝန်အရ ဆောင်ရွက်ရတာပါ”ဟု ဦးဇော်ထွန်းမောင်က ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေအပိုဒ်(၂၁)အရ အခမ်းအနား၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများအား သက်ဆိုင်ရာ တာဝန် ရှိသူများထံ ခွင့်ပြုချက်တောင်းခံ၍ စည်းမျည်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အစစအရာရာ ရွာမိရွာဖတွေနဲ့ တိုင်ပင်ပြီး လုပ်တယ်။ ဧည့်စာရင်းလည်း တိုင်ထားတယ်။ မေလ၂၀ရက်နေ့ အစည်းအဝေးလုပ်နေတုန်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အဖွဲ့က ၀င်ဖမ်းတယ်။ ကြက်ဝိုင်း၊ ဖဲဝိုင်း ဖမ်းသလို အရပ်ဝတ်တွေနဲ့ ၀င်လာတယ်။ အဲနေ့တုန်းကတော့ ဖမ်းမသွားဘဲ ဒီနေ့မှ တရားထဆွဲတာပါ။”ဟု တရားဆွဲဆိုခံရသူ ဦးဘိုလေးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင်သဲကုန်းမြို့နယ်ရှိ ကျေးရွာလေးခုမှ ခလရ(၈၀)နှင့် လယ်ယာလက်ကား သမ၀ါယမအသင်း အမှတ်(၃)လီမိတက်တို့မှ သိမ်းဆည်း လယ်ယာမြေ တစ်ထောင်ကျော်ပြန်လည်ရရှိရေးအတွက် ရန်ကုန်မှ လယ်သမားအရေး ဆောင်ရွက်သူ ဒေါ်နော်အုန်းလှအဖွဲ့နှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သင်တောကျေးရွာနေသူ ဦးဘိုလေးအား နေအိမ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးပွဲပြုလုပ်သဖြင့် ရပ်ကွက်(သို့) ကျေးရွာဥပဒေပုဒ်မ (၂၆)အရ အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း မောင်မှ ယမန်နေ့က တရားဆွဲဆို လိုက်ကြောင်း သိရသည်။

KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်း ၀င်ရောက်

Photo: KIA အဖွဲ့မှ ရှမ်းလူမျိုး တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်
Tuesday, June 4, 2013

KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

အလင်းဝင်ရောက် ခဲ့သော KIA တပ်ဖွဲ့ဝင်(၂)ဦးမှာ တာလောကြီးရွာမှ ရှမ်းလူမျိုးများဖြစ်ကြပြီး အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွား နေစဉ် ၂၀၁၂ခုနှစ် နှစ်ဦးတွင် KIA တပ်ဖွဲ့၏ လူသစ်စုဆောင်းမှုကိုခံခဲ့ရပြီး မိုင်ဂျာယန်တွင် တပ်သားသင်တန်း တက်ရောက်ပြီး KIA တပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ KIA တပ်ဖွဲ့အတွင်းတွင် တာဝန်ထမ်းဆောင်
နေစဉ်အတွင်း လမ်းများတွင်မိုင်းခွဲ၊ မိုင်းထောင်ခြင်း၊ လူသစ်စုခြင်း၊ အခွန်ကောက်ခြင်းများကို လုပ် ဆောင်ခဲ့ကြောင်းသိရှိရပါသည်။

KIA တပ်ဖွဲ့ဝင်အတွင်း၌ ကချင်လူမျိုးတပ်ဖွဲ့များမှ အခွင့်အရေးအမျိုးမျိုးကို ရရှိ နေသော်လည်း ရှမ်းလူမျိုးအပါအ၀င်အခြား လူမျိုးများမှာ မည်သည့် အခွင့်အရေးများရရှိခြင်းမရှိသည့် အပြင် အသက်နှင့်ရင်းပြီး လုပ်ဆောင် ရသော လုပ်ငန်းများကို ရှေ့ဆုံးမှလုပ်ခိုင်းပြီး ခွဲခြားဆက်ဆံခံရကြောင်း သိရှိရ ပါသည်။

“ ကျွန်တော်တို့လဲ KIA အဖွဲ့ကပါဘဲ၊ ကချင်ပြည်နယ်မှာ မွေးကတည်းက
နေတာပါ၊ သူတို့လူစုလို့ တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရတာ၊ တပ်ဖွဲ့ဝင်ဖြစ်ပေမယ့်၊ ကချင်တွေကျတွေ ထောက်ပံ့မှုတွေရရင်လည်း အဦးဆုံး အကောင်းဆုံး
ရတာ၊ ငါတို့က ဘာမှမရဘူး၊ သေမယ့်လမ်းကျတော့ ငါတို့ကိုသွားခိုင်းတယ်၊ ခိုင်းတဲ့ အလုပ်တွေ ကလည်းကွာ လူသတ်၊ မိုင်းထောင်၊ ငွေကောက်တာတွေ ကိုလုပ်ခိုင်းတယ်၊ ငါတို့ ရှမ်းလူမျိုးတွေက ဖိနှိပ်တဲ့အပြင် အပြစ်ဖြစ်ရင် တစ်ခါတည်းသေဒဏ်ပေးတယ်၊

ကချင်ပြည်နယ်ကို ကချင်ကဘဲအုပ်ချုပ်မယ်လို့ ပြောတယ် ကချင်မှာ ကချင်တွေကြီးဘဲနေတာမဟုတ်ဘူး ငါတို့ရှမ်းတွေကလည်း အများကြီးဘဲ ရှမ်းရွာတွေလုပ် ရှိတယ်၊ သူတို့လုပ်ခိုင်တဲ့လုပ်ရပ်တွေမကြိုက်လို့ ငါတို့ အလင်းဝင်းခဲ့တာ” ဟု တာလာကြီးရွာရှိ အစိုးရတပ်သို့ အလင်းဝင်ရောက်
ခဲ့သော ကိုမြထွေးက ပြောပြခဲ့သည်။

မေလ ၂၈ရက်နေ့မှစပြီး(၃)ရက်တာ အစိုးရနှင့် KIA တို့ငြိမ်းချမ်းရေး
ဆွေးနွေးမှုပြုလုပ်ခဲ့ကြပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်ခင်ရက် ပိုင်းတွင် ကချင်ပြည်နယ်အတွင်းတွင် နေထိုင်သော ရှမ်းလူမျိုးစု
ခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းထံသို့ အကြံပြုတောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

တောင်းဆိုစာ တွင် ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ဒေသခံများ
အနေဖြင့် ကောင်းကျိုးများမရှိခဲ့ကြကြောင်း၊ ဒေသခံများ၏ အကျိုးကို အလေးထားစေပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးလိုကြောင်း၊ ကချင် ပြည်နယ်
အတွင်းရှိ ကချင်လူမျိုး အတွက် မဟုတ်ဘဲ ကချင်ပြည်နယ်တွင်နေထိုင်
သော ဒေသခံအားလုံး၏အကျိုးကို ဆောင်ရွက်စေလိုကြောင်း၊တပ်သားသစ်
စုဆောင်းခံရသော ဒေသခံ တိုင်းရင်းသားအား၏ဆန္ဒအတိုင်း လုပ်ဆောင်
စေလိုကြောင်း၊ တို့ပါဝင် ကြောင်းသိရှိရပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်းနေထိုင်သော ဒေသခံ
တို့အတွက် ဆွေးနွေးမှုမရှိသလောက်ဖြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲအပြီး အပြန်တွင် ဗိုလ်ချုပ်ဂွမ်မော် တို့အဖွဲ့အား ၀ိုင်းမော် မြို့တွင် ရှမ်းလူမျိုးများက ဆန္ဒပြခဲ့ကြကြောင်း အခြားမြို့ရွာများတွင် ဆန္ဒပြမှု များပြုလုပ်သော်လည်း KIA အဖွဲ့များ အတင်းအကြပ်တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

KIA တပ်ဖွဲ့ အတွင်းတွင် လူမျိုး ခွဲခြား ဆက်ဆံမှုကြောင့် ကချင်လူမျိုးမဟုတ် သည့် အခြားတိုင်ရင်းသား ဒေသခံလူမျိုးတပ်ဖွဲ့ဝင် များမှ မကြာခဏ ထွက်ပြေးမှု အလင်းဝင်မှုများစွာရှိနေကြောင်း သိရှိရပါသည်။

Kachin Daily News
KIA အဖွဲ့ အော်ဒါဘွမ်စခန်းတွင် ရှိသော ရှမ်းလူမျိုးတပ်ဖွဲ့ဝင်(၂)ဦးမှ တာလောကြီးရွာအနီးရှိ အစိုးရ တပ်သို့ ယမန်နေ့ နေ့လည် ၂နာရီခန့်က အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

Photo: ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင် ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်
Tuesday, June 4, 2013

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားခြင်း မရှိခြင်းကြောင်းလည်း ပြောကြားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ကျောက်ဖြူမြို့နယ်) အနေဖြင့်လည်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်၍ ရမ်းဗြဲကျွန်းနေ (သို့မဟုတ်) စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတို့၏ သဘောထားထုတ်ပြန် ကြေညာချက်နှင့် မဒေးကျွန်းနေလူထု၏ တက်ကြွ၊ လှုပ်ရှား၊ ညှိနှိုင်း တောင်းဆိုမှုများအပေါ် အလေးအနက် ထောက်ခံကြောင်း၊ ကျောက်ဖြူ မြို့နယ် အတွင်းရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည်တို့အား မြို့နယ်ပြည်သူများ၊ အင်န်ဂျီအိုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပူးတွဲ လက်တွဲလုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ကျောက်ဖြူဒေသနှင့် ပတ်သက်သော စီမံကိန်း လုပ်ငန်းများကို ဆုံးဖြတ်ရာတွင် ဒေသခံတို့၏ သဘောထားကို ကြိုတင်ရယူပြီးမှ ဆုံးဖြတ်စေလိုကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

''ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို လက်ရှိအခြေအနေမှာ ကျောက်ဖြူရမ်းဗြဲ ဒေသခံတွေအနေနဲ့ ခံနိုင်စွမ်းရည် မရှိသေးပါ။ စီမံကိန်းကြီးကို လုံးဝလက်မခံတာ မဟုတ်ဘဲ ဒေသလိုအပ်ချက်တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် အခြေခံ လုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ အဲသလို သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်။ စီမံကိန်းဖြစ်လာရင် ဒေသခံတွေအတွက် ကောင်းကျိုးတွေ ဖြစ်လာနိုင်စရာ ရှိပေမယ့် ဆိုးကျိုးတွေကိုလည်း ကြုံလာရပါမယ်။ နောက် စီမံကိန်းကြီးက ၂၀၁၆ မှာ စမယ်လို့ ကြားသိရတယ်။ EI, SIA လို ဟာမျိုးတွေ လုပ်တာတို့၊ ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂဃနဏ လာရှင်းပြတာမျိုး မရှိသေးဘူး'' ဟု ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ဇင်ချောင်း) အတွင်းရေးမှူး ဦးသိန်းဇော်က ဇွန် ၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ကျောက်ဖြူ-ရွှေလီ ကားလမ်းမကြီးအားလည်း မြန်မာ-တရုတ် စင်္ကြံလမ်းမကြီးအဖြစ် ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းများ ရှာဖွေထားပြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လမ်းပိုင်းများအတွက် တရုတ် အစိုးရမှ ငွေကြေးကူညီပေးသွားရန် ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်ကာ ၁၂၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိသော ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

ELEVEN
အထူးစီးပွားရေးဇုန် တည်ဆောက်မည်ဟု သတင်းထွက်နေသည့် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ် ကျောက်နဂါးကျေးရွာအုပ်စု အနီးဝန်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့ သည် ဟု သတင်းရရှိသည်။

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

Photo: ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်
Tuesday, June 4, 2013

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့ ကြိုတင်အကြောင်းကြားထားခြင်း မရှိဘဲ ယာဉ်ဖြတ်သန်းစဉ် ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းသာဖြစ်ပြီး ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသဖြင့် လမ်းပိတ်ဆို့ခြင်းအား သက်ဆိုင်ရာမှ ပြန်လည်စဉ်းစား ပေးစေလိုကြောင်း၊ ထိုသို့ အဝေးပြေး လမ်းမကြီးအား နှစ်စဉ်ယာဉ်ဖြတ်သန်းခွင့် ပိတ်ဆို့ခြင်းများကြောင့် ကုန်စည်ပို့ဆောင်မှုအပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများ၏ စားဝတ်နေရေးနှင့် ပညာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အိမ်မဲမြို့နယ်တွင်လည်း ဇွန် ၁ ရက်မှ စတင်ပြီး အိမ်မဲ-ကျောင်းကုန်း၊ အိမ်မဲ-ပန်းတနော် ကားလမ်းကို ခြောက်တန်အထက် ယာဉ်များ ဖြတ်သန်းခွင့် မပြုကြောင်း ကျောင်းကုန်းမြို့နယ် ဆောက်လုပ်ရေးမှ အကြောင်းကြားခဲ့သောကြောင့် အိမ်မဲမြို့မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်များ ခက်ခဲမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းမှာက ရန်ကုန်ကားဆိုရင် ကားကြီပဲရှိတာ။ အခု ၆ တန်အထက် မဖြတ်နဲ့ဆိုတော့ ကားမထွက်ရတော့ဘူးပေါ့၊ အရင်ကဆို ဒါးကလမ်းက သွားလို့ရတယ်။ အခုဒါးကလမ်းကလဲ ပိတ်ထားတော့ ကားမထွက်ရဘူးပေါ့၊ ကျောင်းကုန်းလမ်းက နှစ်တိုင်းမိုးတွင်းဆို ပိတ်တယ်။ လမ်းကျတော့ တစ်ခါမှမပြင်ဘူး။ ခရီးသည်တင်ယာဉ်တော့ ဖြတ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင်အိမ်မဲကနေ ဘယ်မှသွားလို့ ရမှာမဟုတ်ဘူး'' ရွှေပြည်သာ ခရီးသည်ပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးအောင်နိုင်သိန်းက ပြောကြားသည်။

''ဇွန်၁ရက်နေ့မှာ ကျောင်းကုန်း AE က အိမ်မဲ ကျောင်းကုန်းလမ်းကို ခြောက်တန်အထက် မသွားရဘူး ပြောပါတယ်။ ကျွန်တော်တို့က ငါးရက်ခန့် ဆိုင်းပေးပါ ပြောတာမရဘူး။ အိမ်မဲမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံအကူအညီတောင်းလို့ မနက်ဖြန် ကားတွေ ပြန်ထွက်နိုင်အောင် လုပ်နေပါတယ်။ ဒီနေ့ရောက်လာတဲ့ တောရွာက ခရီးသည်တွေကိုတော့ ကားလေးနှစ်စီးငှားပြီး ပို့ဆောင်ပေးခဲ့ပါတယ်'' ဟု အိမ်မဲမြို့နယ် မထသဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

ဟင်္သာတမြို့နယ် နင်းကြမ်းယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ သွားလာခွင့်မရဘဲ ပိတ်မိနေသည်ကို ဇွန် ၃ ရက်နံနက်က တွေ့ရစဉ်

ELEVEN
ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်

Photo: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက်ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်
Tuesday, 4 June 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ် လာ ၅၀၊ ပြည်ဝင် ဗီဇာ (အစည်းအဝေး/ အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု) ဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၄၀၊ ဖြတ်သန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကြောင်း၊ ခွင့်ပြုကာလမှာ လုပ်ငန်းဗီဇာဖြင့် ၇၀ ရက်၊ ပြည်ဝင်ဗီဇာဖြင့် ၂၈ ရက်၊ ဖြတ်သန်းဗီဇာဖြင့် ၂၄ နာရီ ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိ...

''သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် ထုတ်ပေးပါတယ်။ စည်းကမ်းတွေအရ မိဘရဲ့ နိုင်ငံကူးလက်မှတ်မှာ ပူးတွဲပါရှိတဲ့ အသက်ခုနစ်နှစ်အောက် ကလေးတွေကို အခမဲ့ ပြည်ဝင်ခွင့်ပြုပါတယ်။ သတ်မှတ်ချက် မပြည့်စုံလို့ ဆိုက်ရောက် ဗီဇာထုတ်မပေးလို့ ပြန်သွားရတာ တစ်ဦးရှိခဲ့တယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။

နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွား ၁၆၀၇၉၅ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ လေးလပတ်အတွင်း ၇၈၀၀၀ ကျော် ၀င်ရောက်ခဲ့သည်။
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်

ELEVEN
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည်ပြုမည်

တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဇွန်လစတုတ္ထပတ်တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်

Photo: ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်
Tuesday, June 4, 2013

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင် တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့် လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍ ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။

''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။ သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ELEven
ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Monday, June 3, 2013

ဆက်သွယ်ရေးတင်ဒါရမယ်လို့ အပြည့်အဝယုံကြည်ဟု KDDI ပြော၊ ဒုဝန်ကြီးနဲ့ နီးစပ်တာကြောင့်မဟုတ်ဟုဆို

မြန်မာပြည်မှာ လုပ်ကိုင်ခွင့်ရမယ့် ဆက်သွယ်ရေးလိုင်စင်အတွက် အပြီးသတ် တင်ဒါလျှောက်ထားတာ အနိုင်ရမယ်လို့ အပြည့်အဝယုံကြည်သလို သေသေချာချာလည်း ပြင်ဆင်ထားတယ်လို့ ဂျပန်ကုမ္ပဏီ KDDI က ဇွန်လ ၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Kamayut Media
 

မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

Photo: မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့် 
Monday, 3 June 2013

ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
မြန်မာနိုင်ငံက အဆက်မပြတ် လုပ်ဆောင်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို အသိအမှတ်ပြုသည့် အနေဖြင့် လက်နက် ရောင်းချခြင်းမှ လွဲပြီး အခြားသော ပိတ်ဆို့မှုများကို အီးယူက ဖယ်ရှားခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ကျင်းပသည့် အီးယူ ၂၇ နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ <

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်သော အီးယူ ကိုယ်စားလှယ်ရုံးသည် နိုင်ငံတကာ ၀န်ထမ်းများ အများအပြား တာဝန်ယူ ထမ်းဆောင်နေပြီးသြစတြေးလျ သံတမန် တစ်ဦးဖြစ်သည့် အင်ဒရေလစ်က အဆိုပါ ရုံးတွင် ဦးဆောင်ခဲ့ပြီး သံအမတ် အဆင့်အနေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လင်ပန်က ပူးတွဲတာဝန်ယူ ထမ်းဆောင်ခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ အီးယူ အမတ်ကြီး ဖြစ်လာမည့် ကိုဘီယာသည်ရှေ့နေတစ်ယောက်အဖြစ် ပညာသင်ကြားခဲ့ပြီး အီးယူအရာရှိ တစ်ဦးအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်သည်။ အဇာဘိုင်ဂျန် မသွားရောက်ခင် အီးယူ စွမ်းအင်ဝန်ကြီးရုံး၊ ကွန်ဂိုနိုင်ငံ အီးယူကိုယ်စားလှယ်ရုံးတွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့အပြင် အီးယူပြည်တွင်း ဈေးကွက်ဌာန တွင်လည်း တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု သိရသည်။ 

7Day News
ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Monday, 3 June 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn တက်ရောက်သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော် များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

http://www.president-office.gov.mm/zg/briefing-room/news/2013/06/03/id-3591
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဝန်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် ငွေကျပ် (၁၁၉) သိန်းလှူ ဒါန်းခဲ့

Photo: ၀န်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေးဒုက္ခသည်များအတွက် ငွေကျပ်(၁၁၉) သိန်းလှူဒါန်းခဲ့
Monday, June 03, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်းတို့အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် ကချင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း (၂၅)ခုရှိပြီး အဆိုပါ စခန်းများမှ အိမ်ထောင်စုတစ်ခုလျင် ငွေကျပ် (၆၀၀၀)နှုန်းဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအနေဖြင့် အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်စဉ် မတရားအသင်းအက် ဥပဒေပုဒ်မ၁၇(၁)ဖြင့် ထိန်းသိမ်းခြင်းခံရသူများမှ တစ်ဦးဖြစ်သည့် ဦးလထော်ဘရန်ရှောင်ကို တစ်ပတ်အတွင်း ပြန်လည်လွတ်မြောက်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ မိသားစုဝင်အား ပြောကြားခဲ့သည်။

“အခု တရားရုံးချိန်းကို နောက်ဆုံး ဖြစ်စေရမယ်။သူကို့တစ်ပတ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမှာပါ ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် မေလ(၃၁)ရက်နေ့၌ ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဇွန်(၁)ရက်နေ့တွင် မြစ်ကြီးနား မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

“ကျွန်တော်တို့ ရဲ့  KIO ခေါင်းဆောင်တွေ ကို လေးစားတဲ့ အတွက် လိုက်ပို့ တာပါ။ နောက်တစ်ခါ မြစ်ကြီးနားမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လုပ်ရင် ဒီထက်ပိုများတဲ့ လူအင်အားနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကို ကြိုဆိုပြီး အခုလိုပဲ သူတို့ ကို ပြန်လိုက်ပို့ မှာပါ” ဟု ကချင်လူငယ်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းရှိ မဂျွယ်ခန်းမ တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီးဦးအောင်မင်းတို့နှင့်KIOကိုယ်စားလှယ်တို့(၃)ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲ၌ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် (၇)ချက် ကို ပြည်သူအများကလည်း ကျေနပ်အားရမှုရှိကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့မှလည်း အဆိုပါ သဘောတူ ညီချက်(၇)ချက်ကို ထောက်ခံကြောင်း နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဒုက္ခသည်စခန်းများသို့ လာရောက်ထောက်ပံ့ပေးခြင်းကိုလည်း တားမြစ်ခြင်းမပြုလုပ်ရန် တိုက်တွန်းလိုကြောင်း မေလ(၃၁)နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမွန်း (မြစ်မခ) /မြန်မာခရိုနီကယ်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်း တို့အဖွဲ့ သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ပဋိပ က္ခများ ကြိုတင်ကာ ကွယ်နိုင်ရေး ဒေသအ သီးသီး တွင် ပြင်ဆင်

Photo: ပဋိပက္ခများ ကြိုတင်ကာကွယ်နိုင်ရေး ဒေသအသီးသီးတွင် ပြင်ဆင်
Monday, June 03, 2013

လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
 ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။

ပဋိပက္ခဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်များတွင် ကြိုတင်ကာကွယ်ရေးကော်မတီများ ဖွဲစည်းထားကြကြောင်း သတင်း ရရှိသည်။

“အားလုံးက သတိရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ရင်ကောင်းတယ်။ အဖွဲ့မဖွဲ့နိုင်ရင်တောင် အရပ်ထဲကလူတွေနဲ့ သတိရှိပြီး တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူထားသင့်တယ်”ဟု ပဋိပက္ခကြိုတင်ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ထွဋ်ဦးက ကြိုတင်ပြင်ဆင်မှုများ
 ပြုလုပ်ရန်တိုက်တွန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခမှစတင်ခဲ့သော ပဋိပက္ခများသည် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှတစ်ဆင့် မြောက်ပိုင်းတိုင်းရင်းသား အများစုနေထိုင်ရာ ရှမ်းပြည်နယ်အထိပါ ကူးစက်သွားသောကြောင့် မြို့အသီးသီးတွင် နေထိုင်ကြသူများက မိမိတို့မြို့များသို့ပါ ကူးစက်လာမည် ကို ပူပန်လာကြသည်။

ပဋိပက္ခများဖြစ်ပွားခဲ့ရာ လားရှိုးမြို့နှင့် ခရီးလမ်းတစ်ကြောတွင်ရှိပြီး ကားဖြင့် ၆နာရီကျော်သွားရသည့် ပြင်ဦးလွင်မြို့တွင်လည်း လူမျိုးရေး ပဋိပက္ခများ ကူးစက်လာမည်စိုး၍ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့ခံဘာသာရေး အခြေခံအဖွဲ့အစည်းအချင်းချင်း ကြိုတင်ညှိနှိုင်းထား ကြောင်း
 ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက ဆိုသည်။

“ဗုဒ္ဓဘာသာဘက်ကစဖြစ်တယ်ဆိုရင် ဗုဒ္ဓဘာသာဘက်က ချက်ချင်းလာပြီး ပြဿနာကို ဖြေရှင်းဖို့ အစ္စလာမ်ဘာသာဘက်ကစဖြစ် တယ်ဆိုရင်လည်း ချက်ချင်းလာပြီး ပြဿနာဖြေရှင်းဖို့ အချင်းချင်းလည်း မျက်နှာတွေရင်းနှီးနေအောင် ဖုန်းနံပါတ်တွေကအစအချင်းချင်း လဲထားကြတယ်။ တစ်ခုခုဖြစ်ခဲ့လို့ အချိန်မီများမရောက်နိုင်ရင်
 ပြဿနာကကြီးသွားမှားစိုးတော့ အားလုံးဝိုင်းဆွေးနွေးပြီးတော့
 ဖြေရှင်းနိုင် အောင်လုပ်ထားကြပါတယ်”ဟု ဦးကျော်သီဟက ပြောသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလို့စိုင်းကလည်း “ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်။ ပြဿနာကို မဖြစ်လာအောင် မကြီး ထွားအောင် အောက်မှာပဲ အဖွဲ့အစည်းအချင်းချင်းပြေ လည်အောင် ဖြေရှင်းနိုင်ဖို့ အစိုးရကလည်းညွန်ကြားထားတာမျိုးသိရတယ်။ အခုလည်း အစိုးရအဖွဲ့က ညှိနှိုင်းနေကြတယ်လို့ သိရတယ်”ဟု ရှမ်းပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးလူမှုရေးအဖွဲ့အ စည်းများကြားဆောင်ရွက်နေမှုများကို ပြောကြားသည်။

အချို့ဒေသများတွင် နိုင်ငံရေးပါတီများ မပါသော်လည်း အစိုးရအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း များကိုလည်း ပဋိပက္ခများစတင်ဖြစ်ပွားချိန် လွန်ခဲ့သည့်လများကပင် ပြုလုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထိုသို့ညှိနှိုင်းထားပြီး ပြဿနာမဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်လာပါက တရားဥပဒေဘောင်အတွင်းမှသာ
 ဖြေရှင်းရန် ပြောကြားထားပြီးဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

“ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာလည်း လားရှိုးမြို့မှာ ပြဿနာဖြစ်ပြီး ဆိုတော့ အားလုံးက စိတ်မကောင်းကြဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဘာသာပေါင်းစုံက အကြီးအကဲတွေတွေ့ပြီး ကြိုတင်ညှိနှိုင်းတာတွေ လုပ်ကြတယ်။ စိုးရိမ်ကြတာပေါ့”ဟုကျောက်မဲဒေသခံကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဦးစိုင်းနော်ခမ်းဦးကဆိုသည်။

ယင်းသို့ပဋိပက္ခများကို ကြိုတင်ကာကွယ်မှုများပြင်ဆင်နေသကဲ့သို့ပင် ပဋိပက္ခကြီးထွားလာစေရန်အားယူသည့်ပြဿနာများစတင်ပေါ်ပေါက်လာ ချိန်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် အချိန်မီဒေသ တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နိုင်သည့် စွမ်းအားလိုအပ်နေကြောင်း
 နိုင်ငံရေး ပါတီခေါင်းဆောင်များကသုံးသပ်သည်။

“မဖြစ်အောင်ထိန်းရမယ်။ နောက်တစ်ခုဖြစ်ရင် သက်ဆိုင်ရာက ပိုင်ပိုင်နိုင်နိုင်အရေးယူရမယ်။ အဲလိုမဟုတ်ဘဲ ခပ်ပျော့ပျော့ကိုင်ရင်တော့ မဖြစ်ဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြဿနာကူးစက်လာနိုင်သည့် ဒေသအများအပြားတွင် အစိုးရအဖွဲ့များနှင့် ဘာသာရေးအဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း ယခု ထက်ပို၍ အောက်ခြေထိ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်မှသာ ကြိုတင်ကာကွယ်မှုသည် ထိရောက်နိုင်မည်ဟုလည်း နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုပြောကြားထားသည်။

7Days News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ် ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
ပြုလု ပ်ေ နကြကြောင်းသတင်းရရှိသည်။

မြန်မာ့ဆက် သွယ်ရေးဝန်ေ ဆာင်မှု တင်ဒါအနို င်ရရှိရန် Digicel အလားအလာေ ကာင်းနေ

Photo: မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှု တင်ဒါအနိုင်ရရှိရန် Digicel အလားအလာကောင်းနေ
Monday, June 03, 2013

Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။

ကရစ်ဘီယန် အခြေစိုက် Digicelကို အိုင်းရစ်ရှ် ဘီလျံနာဒင်းနစ် အိုဘရိုင်ယန်က ပိုင်ဆိုင်ပြီး မြန်မာ့ဆက်သွယ်ရေးမှ ရွေးချယ်သော ဆန်ကာတင် ကုမ္ပဏီ ၁၂ခုတွင်ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူငယ် လူရွယ်များပြီး ၊ စီးပွားရေးအခွင့်အလမ်းကောင်း များလည်း ရှိနေခြင်းကြောင့် ဤဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်သည် အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်သည်။

Digicel သည် မြန်မာနိုင်ငံဈေးကွက်ကိုဝင်ရောက်ရန် ကာလကြာမြင့်စွာ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအသင်းအတွက်စပွန်ဆာပေးခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။

“ ဘယ် ကုမ္ပဏီကပဲဝင်လာဝင်လာ၊ ပြည်သူတွေအတွက် ဈေးသက်သက် သာသာ လွယ်လွယ်ကူကူ ရရင် ကောင်းတာပေါ့။ 

ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ “ ဟုDigicel၏ တင်ဒါယှဉ်ပြိုင်မှု ဦးဆောင်နေခြင်းကို လူငယ်တစ်ဦးမှ သုံးသပ်ခဲ့သည်။

Vodafoneနှင့်China Mobileသည်မြန်မာနိုင်ငံဆက်သွယ်ရေးတင်ဒါ ယှဉ်ပြိုင်သူအဖြစ်မှ မေလ ၃၁ရက်နေ့တွင် နှုတ်ထွက်ခဲ့သည်။

ကိုဒေ (မြစ်မခ)/မြန်မာခရိုနီကယ်
Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုတွင် ဓာတုဗေဒ ပစ္စည်းများ သုံးထားကြောင်း အင်ဒိုနီးရှာရဲ ပြော

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်ရာတွင် အကြမ်းဖက်အဖွဲ့သည် ဗုံးတွင် ဓာတုေ ဗဒ ပေါက်ကွဲပစ္စည်းများ သုံးထားကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က ပြောဆိုသည်။ အစ္စလမ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းကို အင်ဒိုနီးရှားရဲက ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ရာတွင် သိမ်းဆည်း ရမိသည့် ဗုံး၌ ပေါက်ကွဲမှု ပြင်းထန်စေသည့် ဓာတုဗေဒ ပစ္စည်းများ သုံးစွဲထားကြောင်း တွေ့ရပြီး အင်ဒိုနီး ရှား တွင် ပထမဆုံး ယင်းသို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ဂျကာတာ ဂလုပ်ဘ် သတင်းစာ တွင် ရေးသား ထားသည်။

အလဲဗင်း မီဒီယာ CEO သတင်းလွတ်လပ်ခွင့် ဆုရ

Photo: အလဲဗင်း မီဒီယာ CEO သတင်းလွတ်လပ်ခွင့် ဆုရ
Monday, June 03, 2013

အလဲဗင်း မီဒီယာ ဂရု (ပ်) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဒေါက်တာ သန်းထွဋ်အောင်သည် World Association of Newspapers နှင့် News Publishers WAN-IFRA တို့က ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် Golden Pen of Freedom ဆုကို ရရှိကြောင်း သိရသည်။ Golden Pen of Freedom ဆုကို ၁၉၆၃ ခုနှစ်တွင် ဂါးဒီးယန်း ဦးစိန်ဝင်း၊ ၂၀၁၁ တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် သာယာဝတီ စမ်းစမ်းနွဲ့ တို့လည်း ရရှိခဲ့ဖူးသည်။ ၂၀၁၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲကို ဘန်ကောက်တွင် ဇွန်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပနေသည့် ၆၅ ကြိမ်မြောက် ကမ္ဘာ့ သတင်းစာ ကွန်ဂရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Irrawaddy
အလဲဗင်း မီဒီယာ ဂရု (ပ်) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဒေါက်တာ သန်းထွဋ်အောင်သည် World Association of Newspapers နှင့် News Publishers WAN-IFRA တို့က ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် Golden Pen of Freedom ဆုကို ရရှိကြောင်း သိရသည်။

မြန်မာ -စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Photo: မြန်မာ -စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

ဇွန်လ ၃ ရက် ၂၀၁၃ 

မြန်မာ - စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

စင်ကာပူလက်ရွေးစင်အသင်း နည်းပြ Mr. Bernd Stange က ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်းထက် သာလွန်စေရန်ယခုပွဲကို အနိုင်ကစားသွားမည်ဟု ကြုံးဝါးပြောဆိုခဲ့ပြီး မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာကလည်း " ဆီးဂိမ်းပြိုင်ပွဲအတွက် ယခုလိုမျိုးခြေစမ်းပွဲများက အခွင့်ကောင်းဖြစ်ပြီး အနိုင်ကစားသွားမည်" ဟုပြောဆိုခဲ့သည်။

Popular Journal
မြန်မာ - စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရငြိမ်း ချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အကြား ယူဆချက် ကွဲလွဲမှုများ ရှိနေ

Photo: အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ကေအိုင်အိုအကြား ယူဆချက်ကွဲလွဲမှုများရှိနေ

ဇွန်လ ၃ ရက် ၂၀၁၃ 

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူဆချက် ကွဲလွဲမှုများရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင်တစ်ချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

“အမှန်ကတော့ ဒီလိုမျိုး တောက်လျှောက်ဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်ဂွမ်မော်တို့ဘက်က နိုင်ငံရေးဆွေးနွေးမှုကို အရင်ဆွေးနွေးမယ်။ အပစ်အခတ်ရပ်စဲရေးက နောက်မှဆွေးနွေးမယ်ပေါ့။ ဒါပေမယ့် အစိုးရက အပစ်အခတ်ရပ်စဲရေးကို အရင်ဆွေးနွေးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုပြီး ဖြစ်နေတာပါ”ဟု PCG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလမိုင်ခွန်ဂျာက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုကာလအတွင်း အပစ်အခတ် ရပ်စဲမည်မဟုတ်ဟူသည့် ကိစ္စအား ကချင်လူထုအနေဖြင့် သဘောတူညီမှုများ ရရှိထားကြောင်း အပစ်အခတ်ရပ်စဲရေးသည် အချိန်မရွေးရပ်စဲနိုင်ကြောင်း နှင့် နိုင်ငံရေး ဆွေးနွေးမှုကိုသာ အရင်ဆွေးနွေးသင့်ကြောင်း ကေအိုင်အို ဒုစစ်ဦးချုပ် ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်၏ ပြောကြားချက်များအရ သိရသည်။

“ဆိုလိုချင်တာကတော့ အပစ်အခတ်ရပ်စဲရေးကို အရင်လက်မှတ်ရေးထိုးလည်း နောက်ပိုင်းအပစ်အခတ်တွေ ထပ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲဆိုတာမျိုးကို ဗိုလ်ချုပ်ဂွမ်မော်က ပြောတယ်ပေါ့။ အဲဒါကြောင့် နိုင်ငံရေးကိုဆွေးနွေးမယ် ပြီးမှ အပစ်အခတ်ရပ်ရေး ဆွေးနွေးမယ်ပေါ့။ အဲဒီ လိုမျိုး အပစ်အခတ်ရပ်စဲရေးမှာလည်း နှစ်ဖက်ကယုံကြည်ရတဲ့ လူတွေရွေးချယ်ပြီး နှစ်ဖက်တပ်တွေမှာ တပ်တွင်းစောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ ထားရှိတဲ့အခါ အပစ်အခတ်ကိစ္စက ပြီးသွားမှာပါ”ဟု PCG အဖွဲ့မှ ဦးဆမ်အောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လကုန် သို့မဟုတ် ဇူလိုင်လတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်သည့် တိုင်းရင်းသားညီလာခံ တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားမှုများရှိ ခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပမာဏအဆင့်သာ ရှိ နေသေးကြောင်း ကေအိုင်အိုနှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသို့ တက်ရောက်လာသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့၏ သုံးသပ်ပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူဆချက် ကွဲလွဲမှုများရှိေ နကြောင်း ကချင်ငြိမ်းချမ်းေ ရး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင်တစ်ချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

ရေအား လျှပ်စစ် စီမံကိန်းတည်ေ ဆာက်ရန် အတွက် လိုအပ်သည့် အဆင့်များ။

Photo: ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန်အတွက် လိုအပ်သည့်အဆင့်များ။

ဇွန်လ ၃ ရက် ၂၀၁၃ 

ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန်အတွက် လိုအပ်သည့်အဆင့်များ သည် အကြိုလုပ်ငန်းစီမံခန့်ခွဲခြင်း၊

စီမံကိန်းစိစစ်ခြင်း၊ 
စီမံကိန်းဖော်ဆောင်ခြင်းနှင့် ရေအားလျှပ်စစ်ထုတ်လုပ်လည်ပတ်ခြင်းများပါဝင်ပါသည်။

အကြိုလုပ်ငန်းစီမံခန့်ခွဲခြင်း။

စီမံကိန်းတည်ရှိသည့်နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လျှပ်စစ်ဓာတ်အား စသည့်အခြေအနေများ လေ့လာရပါသည်။ စီမံကိန်းတည်ဆောက်သည့်လိုအပ်ချက်ကိုလည်း ခွဲစိတ်ပိုင်းခြားပြီး နိုင်ငံမူဝါဒနှင့်နိုင်ငံရေး၊ နည်းပညာ၊ စီးပွားရေး၊ လူမှုရေး၊ပတ်ဝန်းကျင်၊ ဘဏ္ဍရေး စသည့်ကဏ္ဍတွင် ရှိနိုင်မည့်စွန့်စားမှုကို လေ့လာရပါသည်။
စီမံကိန်းစိစစ်သည့်ကာလ။
တည်ဆောက်မည့်လုပ်ငန်းအတွက် သေချာစွာလေ့လာ၍ စီမံကိန်း၏ဇလဗေဒဆိုင်ရာအကြောင်းအရာများ၊ ဘူမိအခြေအနေ၊စီမံကိန်းတည်ဆောက်ရေးပမာဏ၊ ဆောက်လုပ်သည့်စီမံချက်၊ ငလျင်ခုခံကာကွယ်မှု၊ လုံခြုံရေး၊ နေရာပြန်လည်ချထားရေး၊ ရပ်ကွက်နှင့်သက်ဆိုင် ရာဌာနများအကြားဆက်ဆံရေးများ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ ငွေကြေးစုဆောင်းမှု၊ အကျိုးအမြတ်စသည့်အချက် အလက်များကို သုတေသနပြုရပါသည်။ အထွေထွေလေ့လာပြီးလျှင် အသင့်တော်ထူးချွန်သောဒီဇိုင်းပုံစံကို ရွေးချယ်ပါသည်။
ကျွမ်းကျင်သူများ စိစစ်ပြီးသည့်နောက်နိုင်ငံတော်သို့တင်ပြခွင့်ပြုရန် တောင်းဆိုရပါသည်။ စီမံကိန်းတည်ဆောက်ခွင့်နှင့်ခွင့်ပြုချက်တရားဝင်စာရွက်စာတမ်းများရယူ သည်
စီမံကိန်းတည်ဆောက်ခြင်း။
ဒီဇိုင်းအတိုင်းဆောက်လုပ်ရပါသည်။ တည်ဆောက်ရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ကိုဖွဲ့စည်းပြီး လုပ်ဆောင်သည့်ကန်တရိုက်တာနှင့်စက်ပစ္စည်းသင်ပို့သူများကို ရွေးချယ်ပါသည်။ စီမံကိန်းတည်ဆောက်ရေး၊ စက်ပစ္စည်းတပ်ဆင်ခြင်း၊ ပြောင်းရွေ့သည့်ပြည်သူများ နေရာပြန်လည်ချထားရေး၊ ပတ်ဝန်းကျင်ကာကွယ်မှု စသည့်အလုပ်များကို အစီအစဉ်အရ ဆောင်ရွက်ပါသည်။ လုပ်ငန်းလုံခြုံရေး၊ အရည်အသွေး၊အစီအစဉ်နှင့် ကုန်ကျစရိတ်ထိန်းချုပ်ခြင်းကို အာမခံရှိစွာဆောင်ရွက်၍ ဆက်ဆံရေး၊ ညှိနှိုင်းရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပြည်သူများ၏ကျန်းမာရေး စသည့်အထွေထွေအလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်ရပါသည်။
ရေအားလျှပ်စစ်ထုတ်လုပ်လည်ပတ်သည့်ကာလ။
စီမံကိန်းကို စစ်ဆေးပြီးစီး၍ သတ်မှတ်ချက်အရလည်ပတ်ပြီး ၀ယ်ယူဘက်ဓာတ်အားသုံးစွဲရန်အတွက် ဓာတ်အားလိုင်းသို့ပို့လွှတ်ပါသည်။ နေ့စဉ်ထိန်းသိမ်းပြုပြင်အလုပ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရပါသည်။ စီမံကိန်းကောင်းမွန်စွာလည်ပတ်ရန်အတွက်ကြုံတွေ့သည့် ပျက်ယွင်းမှုကို လျင်မြန်စွာပြုပြင်ပါသည်။

Scientist Myanmar
ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန်အတွက် လိုအပ်သည့်အဆင့်များ သည် အကြိုလုပ်ငန်းစီမံ ခန့်ခွဲခြင်း၊ စီမံကိန်းစိစစ်ခြင်း၊ စီမံကိန်းဖော်ဆောင်ခြင်းနှ င့် ရေအား လျှပ်စစ်ထုတ် လုပ်လည်ပတ်ခြင်း များပါဝင်ပါသည်။အကြိုလုပ်ငန်းစီမံခန့်ခွဲခြင်း။

အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

Photo: အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

ဇွန်လ ၃ ရက် ၂၀၁၃ 

အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။

အဆိုပါ အာမခံကတ်ပြားများ၏ အချက်အလက်များကို ယခုနောက်ပိုင်းတွင် ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်း တင်သွားနိုင်ရန်အတွက်လည်း ဆောင်ရွက်ထားပြီး၊ ဝန်ထမ်းများကိုလည်း သင်တန်းများ ပေးနေပြီဖြစ်သည်။

လူမှုဖူလုံရေး စီမံကိန်းသစ် အကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် လူမှုဖူလုံရေး အာမခံကတ်ပြားများ ထုတ်လုပ်နိင်ရေးအတွက် အာမခံအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကို အလုပ်ရှင်များမှတစ်ဆင့် စုစည်းကောက်ခံသွားမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တိုင်း တွင်ရှိနေသည့် လူမှုဖူလုံရေးအဖွဲ့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်များရှိ လုပ်ငန်းခွင်များ အရောက် စစ်ဆေးသွားမည်ဟုလည်း ဦးယုလွင်အောင်က ပြောသည်။

''အာမခံကတ် ထားပေးရမယ်ပုံစံမျိုးနဲ့ ဖိအားပေးတဲ့ပုံစံမျိုး ဝင်စစ်လို့တော့ မရသေးဘူး၊ အလုပ်ရှင်တွေကို လူမှုဖူလုံရေး အာမခံစနစ်အကြောင်းကို ပညာပေးတဲ့ပုံစံနဲ့ ဖောင်တွေပေးသွားမှာပါ၊ ရန်ကုန်မှာ အလုပ်သမား အနည်းဆုံးရှိတဲ့ မြို့ နယ် တွေကိုအရင်စစ်ဆေးသွားမှာပါ'' ဟု ၎င်းက ပြောသည်။

အလုပ်ရှင်များဘက်မှ အလုပ်သမားဦးရေကို ထိမ်ချန်ထားခြင်း၊ အလုပ်သမား လစာအချက်အလက်များ မမှန်ကန်ခြင်းများကြောင့် ကာယကံရှင်အလုပ်သမား၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာအလုပ်ရှင်ကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု လည်း ဦးယုလွင်အောင်က ပြောသည်။

Mizzima
အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ် စားပြုမဲစနစ် ရခိုင်ပါတီများ ကန့်ကွက်

Photo: ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုမဲစနစ် ရခိုင်ပါတီများ ကန့်ကွက်

ဇွန်လ ၃ ရက် ၂၀၁၃ 

ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့က
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ၂ဝ၁၅ ရွေးကောက်ပွဲတွင် သုံးမည့်အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

ALD ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ရှေး ရှုကာ အချိုးကျ ကိုယ်စားပြုစနစ်ကို လက်မခံနိုင်ဟု ဇွန်လ ၁ ရက်နေ့ တောင်ကုတ်မြို့၊ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောဆိုသည်။

''PR စနစ်ကို အတည်ပြုဖို့ လွှတ်တော်ကို တင်ပြခဲ့တယ်။ စာမိတ္တူကို နိုင်ငံရေးပါတီတွေကို ပေးခဲ့တယ်။ တချို့ ပါတီတွေက ဒီစနစ်ကို လက်ခံချင်ကြတယ်။ သို့ သော် လက်ရှိ ရခိုင်ဒေသအခြေအနေအရ ALD အနေနဲ့ PR ကို လုံးဝ လက်ခံလို့မဖြစ်ဘူး။'' ဟု ပြောသည်။

RNDP ၏ေ မလ၂၇နေ့မှ၂ ၉ရက်နေ့ထိ အမ်းမြို့၌ ကျင်းပသော ဗဟိုကော်မတီနှစ်ပတ်လည် အစည်းအဝေး တွင် (PR) စနစ်ကျင့်သုံးမည့်အစီအစဉ်အား ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ကန့်ကွက်ရခြင်းနှင့်စပ်လျဉ်း၍ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ''ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပါတီတွင်း အချင်းချင်းပြဿနာဖြစ်လာနိုင်သလို နိုင်ငံရေးပါတီတွေအချင်းချင်းလည်း ပဋိပက္ခဖြစ်လာနိုင်တယ်။ ဒီမိုကရေစီစနစ်နဲ့ အသားကျပြီး ရင့်ကျက်တည်ငြိမ်တဲ့ နိုင်ငံရေးအနေအထားကို မရောက်မချင်း ပြည်သူ အားလုံး မဲပေးရွေးချယ်ခွင့်ရှိတဲ့ ရွေးကောက်ပွဲစနစ်နဲ့ပဲသွားသင့်တယ်'' ဟု ပြောသည်။

အချိုးကျကိုယ်စားပြုစနစ် PR မှာ ရွေးကောက်ပွဲ၌ မဲအများဆုံးရပါတီက အပြတ်အသတ်အနိုင်ရခြင်းမျိုး မဟုတ်ဘဲ၊ ပါတီတစ်ခုချင်းစီ၏မဲရရှိမှု အရေအတွက်ကိုလိုက်၍ အချိုးကျ ကိုယ်စားလှယ်လောင်းရရှိသည့် စနစ်ဖြစ်သည်။ 

Mizzima
ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့က
ပြည်ထောင် စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ ၂ဝ၁၅ ရွေးကောက်ပွဲတွင် သုံးမည့်အချိုးကျ ကိုယ် စားပြု စနစ်ကို ကန့်ကွက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။

တရုတ် ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ ဒါဇင် ခိုးယူခဲ့

Photo: တရုတ် ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ ဒါဇင် ခိုးယူခဲ့

ဇွန်လ ၃ ရက် ၂၀၁၃ 
 
တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်း အတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက် နက်နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရပါတယ်။
ယင်းလုပ်ရပ် အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆို တာတော့ မသိရသေးပါ ဘူး။ အမေရိကန်က ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့် အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှု မှတ်းတမ်းနဲ့ နည်းပညာတွေလည်း ပါသွားပါတယ်။

အမေရိကန် စစ်တပ်တောင် ကောင်းကောင်း အသုံးမပြုရသေးတဲ့ ဦးဦးဖျားဖျား နည်းပညာ တွေပါ ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။ ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်က ဒေါကန်နေ ပါတယ်။ တရုတ်ဘက်က Cyber Attack အမြဲ ရှိနေ ပေမယ့် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။  ကြိုတင်လည်း ပြင်ဆင် မထားခဲ့ပါဘူး။ ဒါကြောင့် တရုတ် ဟက်ကာများရဲ့  ဖောက်ထွင်းမှုကို ခံလိုက်ရတာပါ။

တရုတ်ပြည်မှာ ဆိုင်ဘာ စစ်သား (ဟက်ကာ) များရဲ့  စစ်ဆင်ရေး ဟာ ၂၀၀၅ နောက်ပိုင်း ကတည်းက သိသိသာသာ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမေရိကန်မှ တရားဝင် တားမြစ်မှုတွေ ရှိခဲ့ပါသေးတယ်။ သို့ပေမယ့် နည်းပညာ အားနည်းချက်အပေါ် ဖောက်ထွင်း သွားမှု အတွက် အမေရိကန်လည်း ဘာမှမတတ်နိုင်ပါဘူး။ ယခုတော့ အချက်အလက်တွေကို ပိုမို လုံခြုံအောင် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။ အမေရိကန် ပင်တဂွန်မှ ဟက်ကာ စစ်သားများလည်း တရုတ် နိုင်ငံရဲ့  စစ်ဌာနချုပ်ကို ပြန်လည် တိုက်ခိုက်ဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။

Ref: ushack

Aung Kham (TSJ team)
တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်း အတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက် နက်နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရပါတယ်။

ဂျပန်အကူ အညီဖြင့်ပေါ် ဆန်းမွှေးကို DNA စစ်ဆေးမည်

Photo: ဂျပန်အကူအညီဖြင့်ပေါ်ဆန်းမွှေးကို DNA စစ်ဆေးမည်

ဇွန်လ ၃ ရက် ၂၀၁၃ 

ကမ္ဘာ အကောင်းဆုံးဆန်ဆုရ မြန်မာ့ဒေသ မျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးကို ဂျပန်ကုမ္ပဏီ Mitsui နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ မျိုးဗီဇ DNA စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ဂျပန်နိင်ငံနှင့် DNA ပူးပေါင်း စစ်ဆေးပြီးလျှင် ပေါ်ဆန်းစပါးမျိုး ကို ရာသီမရွေး၊ ဒေသမရွေး၊ စိုက်ပျိုး နိုင်ရုံသာမက အထွက်နှုန်းတိုးရန်နှင့် ကောက်ကြီးမျိုးဖြစ်သည့် ပေါ်ဆန်းမွှေး၏ အပင်အမြင့်ကိုလည်း လျှော့ချနိင်မည် ဖြစ်ကြောင်း၊ လက်ရှိပေါ်ဆန်း တစ်ဧကထွက်နှုန်းမှာ အများဆုံး တင်း ၆၀ ခန့်သာထွက်ရှိ၍ ထွက်နှုန်း တင်း ၉၀ အထိ ရောက်အောင် ၂ နှစ် အတွင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

ပေါ်ဆန်းမွှေးသည် ရေချို ရေငန်စပ်ဒေသများတွင်ဖြစ်ထွန်း သည့် ရာသီစပါးမျိုး ဖြစ်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် စိုက်ပျိုး ရှင်သန်သည့် ယင်း စပါးမျိုးကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် စိုက်ပျိုးဖြစ်ထွန်းကာ ဈေးကွက်ဝေစု ရရှိလာကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သည် မွန်ပြည်နယ် မုဒုံမြို့တွင် ပေါ်ဆန်းစပါး ဧက ၂၀၀ စမ်းသပ် စိုက်ပျိုးရာ အောင်မြင် သဖြင့် ယခုနှစ်တွင် ဧက ၂၀၀၀ အထိ တိုးချဲ့ စိုက်ပျိုး ရန် ပြင်ဆင်ထားကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

လက်ရှိတွင် ပုသိမ်၊ ဖျာပုံ၊ မြောင်းမြမြို့တို့မှ ထွက်ရှိသည့် ပေါ်ဆန်းမွှေးမှာ ထမင်း နူးညံ့၍ နာမည်ကျော်ကာ ရွှေဘို ပေါ်ဆန်းသည် ရုပ်လှပြီး ဆန်သား ကောင်းမွန်၍ နာမည်ကျော်ကြောင်း၊ ရာသီဥတုအပေါ် စိုက်ပျိုးသည့်စပါး ဖြစ်၍ ဓာတုဗေဒ မြေသြဇာများ မကြိုက်ဘဲ သဘာဝမြေသြဇာကို နှစ်သက်ကြောင်း၊ ဓာတ်မြေသြဇာကျွေး စိုက်သည့် ပေါ်ဆန်းသည် ထမင်းကြာလျှင် အရည်များ ထွက်လာကြောင်း မြောင်းမြမှ ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘို ပေါ်ဆန်းသည် ရွှေဘိုသူနှင့် အိမ်ထောင်ကျသည့် ဖျာပုံသားတစ်ဦး မျိုးယူ စိုက်ပျိုးရာ ဖြစ်ထွန်းလာသည့်မျိုး ဖြစ်ပြီးတစ်ဧက ၉၀ ခန့်အထိ ထွက်ရှိသော်လည်း ရွာတိုင်း စိုက်ပျိုး၍ မရကြောင်း ရွှေဘိုမြို့မှ ဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်း ဆန်ဈေးကွက်သည် ဆန်းချောရှယ် ဈေးကွက်ဖြစ်ပြီး အသင့် ထမင်းပေါင်းအိုးထဲ ခပ်ချက်သည့် ဆန်ကောမလို စပါးလုံး ကောက်စရာ မလိုသည့် ဈေးကွက် ဖြစ်နေကြောင်း၊ ရန်ကုန် အိမ်ရှင်မများသည် ဆန်ပုခေါ် ဆန်ချောစားသုံးမှု များပြီး ပေါ်ဆန်းမွေး၏ ထူးခြားချက် တစ်ရပ်မှာ အနံ့မွေးရုံ သာမက ထမင်းချက်လိုက်လျှင် သုံးဆခန့် ဆန့်ထွက်လာခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် (၇) ရက်ကွက်မှ လက်ရှိ ရောင်းချသူတစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ် ကမ္ဘာ့ ဆန်စပါး ညီလာခံတွင် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးသည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို ကျော်လွန်ကာ ကမ္ဘာ့ အကောင်းဆုံး ဆန်ဆုကို ရရှိခဲ့သည်။

The Voice Weekly
ဇွန်လ ၃ ရက် ၂၀၁၃
ကမ္ဘာ အကောင်းဆုံးဆန်ဆုရ မြန်မာ့ဒေသ မျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးကို ဂျပန်ကုမ္ပဏီ Mitsui နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ မျိုးဗီဇ DNA စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံ လာမည်

Photo: ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်
Monday, June 03, 2013

နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင် မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခုရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည်နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။
အရပ်သား အစိုးရ စတင်တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် တစ်လ အကြာ ဥရောပသမဂ္ဂ ၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှု အချို့ကို တစ်နှစ်ကြာဆိုင်းငံ့ ပေးခဲ့သည်။

The Voice
နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တာလောကြီးေ ကျးရွာမှ ဒေသခံရှမ်း တိုင်းရင်းသား (၂) ဦး KIA တပ်စခန်းမှ ပြန်လည် ထွက်ပြေး လွတ်မြာက်လာ


 Photo: တာလောကြီးကျေးရွာမှ ဒေသခံရှမ်းတိုင်းရင်းသား (၂) ဦး KIA တပ်စခန်းမှ ပြန်လည် ထွက်ပြေး လွတ်မြာက်လာ

ဇွန်လ ၃ ရက် ၂၀၁၃ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ - -

၁။ မောင်မြထွေး (ခ) အထွေး- အသက် (၂၈)၊ ၁/မကန(နိုင်) ၁၉၈၈၆၀
အဖ- ဦးကျော်အေး ရှမ်း၊ ဗုဒ္ဓ ၊ (၅’၅”) တာလောရပ်ကွက် (၄) နှင့်

၂။ မောင်အောင်ဝင်း အသက် (၂၁) ၁/မကန(နိုင်) ၁၉၂၈၆၀
အဖ- ဦးကြာစိန် ရှမ်း၊ ဗုဒ္ဓ (၅’ ၆”) တာချယ်ကျေးရွာ - မှ

ဒေသခံရှမ်းတိုင်းရင်းသားနှစ်ဦးတို့သည် (၁.၆.၂၀၁၃)ရက်နေ့တွင် ကန်ပိုက်တည်လမ်းမှ တဆင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေးလွတ်မြောက် လာခဲ့ပါတယ်။ မောင်မြထွေးနှင့် မောင်အောင်ဝင်းတို့သည် ရှေးတန်းတပ် လက်နက်ကြီးအဖွဲ့သို့ ပို့ရန်စီစဉ်နေချိန် အော်ရာဘွန်(KIA) တပ်စခန်းမှာ တွေ့ဆုံခဲ့ကြပြီး ဖုန်နွန်ယန်၊ ဂျာထူးခေါင်၊ လိုင်ဇာ၊ တရုတ်ကမ်း၊ တဟုတ်ဂျမ်း၊ တရုတ်ပြည်လမ်း-ကန်ပိုက်တည်လမ်းများအတိုင်း (၇)ရက်တိုင်တိုင် လမ်းတွင်တွေ့သော တရုတ်ငှက်ပျောသီးများကိုသာ စားသောက်ပြီး၊ပင်ပန်း ခက်ခဲစွာဖြင့် ပုန်းအောင်း တိမ်းရှောင် ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့လည်း ပြောပြပါသည်။ ထိုနှစ်ဦးအနက်-

မောင်မြထွေးသည် ၂၀၁၁-ခုနှစ် စပါးရိတ်သိမ်းချိန် ၄င်းနှင့် အမျိုးသမီး(၆)ဦး ဂလန်ကျရွာမှာ စပါးရိတ်သိမ်းနေစဉ် ဂျမာလွတ် (၁)ရစ်နှင့် မောင်ဇော်မင်း ဆိုသူ (တပ်သား) KIA နှစ်ဦးတို့သည် ကျည် ခဏကူသယ်ပေးရန်- ဟုဆိုပြီး မုန်ဆန်ယန် စစ်သင်တန်းကွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ၄င်းစစ်သင်တန်းကွင်းသို့ (၂၅)ရက် သွားခဲ့ရပြီး စစ်သင်တန်း(၁)လ တက်ခဲ့ရပါတယ်ဆိုပြီး သူ၏ဖြစ်စဉ်ကို ဆက်လက်ပြောပြရာ- စစ်သင်တန်း(၁)လ ပေးပြီး တပ်မဟာ(၅)မှာ သေနတ်ထုတ် လဂျာယန်မှာ (၁)လခန့် အကြာ KIA တပ်ဖွဲ့အတွင်း အနေ အစား ဆင်းရဲပြီး လွတ်လပ်မှုမရှိ အသွားအလာ တင်းကျပ်လွန်းတာကြောင့်ရယ်၊ KIA မလုပ်ချင်တာကြောင့်ရယ်၊ မိမိနေရပ်သို့ ပြန်ချင်တာကြောင့်ရယ်တို့ကြောင့် စိတ်အရမ်းညစ်ပြီး မိမိကိုယ်ကို ဗုံးခွဲ၍ သေကြောင်းကြံခဲ့ပါသည်။ ၄င်းဗုံးဒဏ်ရာကြောင့် ဆေးရုံမှာ (၂)လခန့် နေခဲ့ရပြီး အသက်မသေဘဲ တပ်မဟာ(၅) သို့ ပြန်ပို့ခံခဲ့ရပါတယ်။ တပ်မဟာ 
(၅)မှာ တပတ်ခန့်နေပြီး တပ်ရင်း (၁၉)သို့ ခေါ်သွားရာ ထိုနေရာမှာ (၇)လခန့်ကြာ နေခဲ့ရပါတယ်။ ထိုနောက် အော်ရာဘွန်သို့ ရောက်ပြီး (၃)ပတ်ခန့်အကြာ (၂၄.၅.၂၀၁၃) ရက်နေ့မှာ တနယ်ထဲသား မောင်အောင်ဝင်းနှင့် အတူ ထွက်ပြေးလာခဲ့ပါတယ်။

မောင်အောင်ဝင်းကတော့ ၀ိုင်းမော်အထက် ၀ါးရှောင်လမ်း မေခမြစ်ဘေး ရှငေါ်တိုမှော်မှာ ရွေကျင်လုပ်သားအဖြစ် ရွှေကျင်နေစဉ် (၁၂.၁၀.၂၀၁၃)နေ့မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ။ ဆက်လက်ပြီး - ရွှေကျင်အလုပ်သမား (၂၀၀)လောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတ၀က်အရောက်မှာ (၂၁)နှစ်နှင့် (၂၅)နှစ်ကြား အရွယ် အယောက်(၅၀)လောက် ရွေးထုတ်ဖမ်းဆီးခေါ်ဆောင်သွားရာ မောင်အောင်ဝင်းလည်း ပါဝင်သွားခဲ့ပါတယ်။ ငါးကျန်တပ်ရင်းအထိ (၁၁)ရက်အကြာ လမ်းလျှောက်ခဲ့ရပါတယ်။ ၄င်းငါးကျန်တပ်ရင်းမှာပဲ သေနတ်ထုတ်ပြီး ရင်း(၃၀)ကို ပြန်သွားရပါတယ်။ ရင်း(၃၀)မှာ (၃)လလောက်နေခဲ့ရပြီး အော်ရာဘွန်တပ်စခန်းသို့ ပို့ခဲ့ပါတယ်။ ၄င်းမှာ (၁)လခန့်လောက် နေခဲ့ရပြီး တနယ်ထဲသား မောင်မြထွေးနှင့် တွေ့ကာ အတူ ပြန်လည်ထွက်ပြေးလာခဲ့ပါတယ်လို့ ပြောပြပါသည်။

မောင်မြထွေးနှင့် မောင်အောင်ဝင်းတို့၏ ပြောပြချက်များအရ - - -
ဆင်ဘိုနှင့် မိုးမောက်ကားလမ်းဘေး-ညောင်ပင်သာရွာက ဒေသခံ ရှမ်းတိုင်းရင်းသား လေးငါးဆယ့်ခန့်လောက် တွေ့ခဲ့ရပြီး မုန်တိုင်တပ်စခန်းနှင့် KIA တပ်မဟာ(၅)မှာ မိမိတို့ သွားလာမြင်တွေ့ခွင့် ရခဲ့ရသော နေရာတို့တွင် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးစစ်သား (၁၅၀)ခန့်နှင့် ရင်း(၃၀)မှာတင် ကလေးစစ်သား (၅၀)ကျော် တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး ၀ါးရှောင်ကျေးရွာနှင့် (၃/၄)မိုင်ခန့်လောက်ဝေးသော စိုက်ပျိုးလယ်ယာများတွင် မိုင်းများထောင်ထားကြောင်း သိရှိခဲ့ရတယ်လို့ လည်း ပြောပြပါသည်။
အစိုးရနှင့် KIOတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး (၁.၆.၂၀၁၃)နေ့ လိုင်ဇာအပြန် ၀ိုင်းမော်မြို့တွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ဆန္ဒထုတ်ဖေါ်မှုနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦးအမေးကို ဖြေကြားရာတွင် ဖမ်းဆီးထားသော ဒေသခံရှမ်းတိုင်းရင်းသားတွေနဲ့ပက်သက်ပြီး အစီအစဉ်ရှိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဧရာဝတီမြစ်ဖျားဆီက

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာမှ - - 

ဆီးချိုပျောက်နည်း များ စွာ ထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ

Photo: ဆီးချိုပျောက်နည်းမျာစွာထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ
Monday, June 3, 2013

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို
သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ

ဦးစန်းမောင် (မန်း)
Mg Mandalay
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ ရခြင်း ဖြစ် ပါသည်။

ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ

Photo: ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ
Monday, June 3, 2013

ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာသန်းတထောင်လောက်တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါ တယ်။

ဒီလို ကဒါဖီ မိသားစုပိုင် တယ်ဆိုတဲ့ စိန်တွေ ရွှေတွေနဲ့ ငွေသား စတဲ့ ပစ္စည်းတွေ ပြန်ရအောင် အကူအညီပေးဖို့ တောင်အာဖရိက အစိုးရကို လစ်ဗျား အစိုးရက အကူအညီ တောင်းထားတယ် ဆိုတဲ့ သတင်းကို သတင်းစာ တစောင်က ဖေါ်ပြခဲ့တာပါ။

လစ်ဗျား အစိုးရကို ကိုယ်စားပြုတယ် ဆိုတဲ့ အဖွဲ့တဖွဲ့က တောင်အာဖရိကရောက် ကဒါဖီပိုင် ပစ္စည်းတွေ ပြန်ရအောင် ကူညီပေးဖို့ ဘဏ္ဍာရေး ဌာနကို ဆက်သွယ် လာခဲ့တယ်၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပိုင်ဆိုင်မှု မျိုးတွေ ရှိနေလဲ စစ်ဆေး နေတယ်လို့ တောင်အာဖရိက ဘဏ္ဍာရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး တောင်အာဖရိက ဆန်းဒေးတိုင်း သတင်းစာက ဖေါ်ပြခဲ့တာပါ။

တောင်အာဖရိက မှာရှိတဲ့ ကဒါဖီ ပစ္စည်းတွေ ကို ဖော်ထုတ်ပြီး ပြန်ရအောင် ကြိုးစားမယ့် လစ်ဗျားပြည်သူတွေ ကိုယ်စား အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ တောင်အာဖရိက ဆိုင်ရာ လစ်ဗျားသံရုံးက ပြောပါတယ်။

တောင်အာဖရိကမှာ ဝှက်ထား သိမ်းထားခဲ့တဲ့ ဒီပစ္စည်းတွေဟာ ကဒါဖီ မိသားစု မတရားနည်းနဲ့ ရယူပိုင်ဆိုင် ထားခဲ့တာ ၊ လူယူ ထားခဲ့တာတွေ ဖြစ်တယ်လို့ လစ်ဗျား အစိုးရက တောင်အာဖရိကအစိုးရကို အကူအညီ တောင်းတဲ့ စာထဲမှာ ဖော်ပြ ထားတယ်လို့ သတင်းစာက ရေးထားပါတယ်။

ဒီပစ္စည်းတွေကို တောင်အာဖရိက မှာရှိတဲ့ ဘဏ်နဲ့ အာမခံ ကုမ္ပဏီ ၄ ခုမှာ သိမ်းထားတယ်လို့ လစ်ဗျား စုံစမ်း စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံခြား မှာရှိတဲ့ ကဒါဖီနဲ့ သူ့မိသားစု ပိုင်ဆိုင်မှု အဝဝ ဒေါ်လာ ၈ဝ ဘီလျံ လောက် အထိတောင် ရှိနိုင်တယ်လို့ တချို့က ခန့်မှန်းကြပါတယ်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီဟာ ၂ဝ၁၁ အောက်တိုဘာလ လစ်ဗျား နိုင်ငံရေး အုံကြွမှု အတွင်း ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူနဲ့ သူ့မိသားစုပိုင် ပစ္စည်းတွေဟာ လစ်ဗျားနိုင်ငံ ပစ္စည်းတွေ ဖြစ်တယ်လို့ လစ်ဗျား ပြည်သူ အများက အခိုင်အမာ ယုံကြည် ကြပြီး လစ်ဗျားကို ပြန်ပေးသင့်တယ်လို့ ယူဆကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ က လန်ဒန်မြို့က ကဒါဖီရဲ့ သားတဦး ပိုင်တဲ့ ဒေါ်လာ ၁၆ သန်း တန် အိမ်ကြီးဟာ လစ်ဗျားမှာ ကဒါဖီ အာဏာ ရှိစဉ် ကာလက နိုင်ငံ့ငွေတွေ သုံးပြီး ဝယ်ခဲ့တယ်လို့ တရားရုံးက စီရင်ချက် ချခဲ့တာကြောင့် လစ်ဗျား အစိုးရဆီ လွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။
လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ

BBC Burmese
ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာသန်းတထောင်လောက်တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါ တယ်။