Wednesday, July 17, 2013

ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ စတင်ခွဲစိတ်

4legsbaby-july17
ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေး ဆေးရုံကြီးတွင် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေး

Tuesday, July 16, 2013

ဒေးဗစ်ဗီလာနှင့် အက်သလက်တီကို ပရိသတ်များ


Photo
အက်သလက်တီကို မက်ဒရစ် အသင်းက ၎င်းတို့၏ ကစားသမားသစ် ဒေးဗစ်ဗီလာကို တနင်္ဂနွေနေ့တွင် ပရိသတ်များနှင့် မိတ်ဆက်ခဲ့ရာ ပျော်ရွှင်နေသော ပရိသတ်များကွင်းထဲ ပြေးဝင်လာသဖြင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရကြောင်း သိရသည်။

မီးကြွင်း မီးကျန်မှ စ၍ မီးလောင်မှုဖြစ်

Photo: မီးကြွင်းမီးကျန်မှ စ၍မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၆

၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊
(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းသွယ်ရှိ ဒေါ်လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအားကာရံထားသောထရံမှတဆင့် နေအိမ်ခေါင်မိုးအား ကူးစက်လောင်ကျွမ်းခဲ့ရာ အနီးပတ်ဝန်းကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်
ခဲ့၍ ၁၄၁၀ အချိန်မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၀၀၀)ခန့်
ဆုံးရှုံးခဲ့သဖြင့် မီးပေါဆစွာသုံးစွဲသူ ဒေါ်လှရွှေအပေါ်
ရွှေပြည်သာမြို့မရဲစခန်း(ပ) ၅၁၄/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
၁၅.၇.၂၀၁၃ ရက်နေ့ ၁၄၀၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်းသွယ် ရှိ ဒေါ် လှရွှေ (၅၅)နှစ်၊ (ဘ)ဦးကျင်စိန်၏ ကျူးကျော်တဲနေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးဖိုအား ကာရံ

မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

Photo: မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

ဇူလိုင်လ ၁၆ ရက် ၂၀၁၃

မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူမှာ KIA အဖွဲ့ ရင်း(၁၉)မှ တပ်သားအဆင့်ရှိသူဖြစ်ပြီး မိုးညှင်းမြို့နယ် ကာဒူ ကျေးရွာ၌ မိဘများနှင့်အတူနေထိုင်သော အသက်(၂၀)နှစ်အရွယ် ဗမာလူမျိုးဖြစ်ကြောင်း ၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ၀ိုင်းမော်မြို့နယ် သံဝိုင်ရွှေမှော်သို့ သွားရောက်၍ ရွှေကျင် ကျင်းသားအဖြစ် အလုပ်လုပ်ကိုင်နေစဉ် KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၎င်းအပါအ၀င် ကျင်းသား(၅၀)ဦးခန့်အား လက်ပြန် ကြိုးတုတ်ပြီး မျက်နှာတွင် အ၀တ်များစီး၍ တပ်ရင်း(၃၀)သို့ ပို့ဆောင်ခဲ့ရာ လမ်း၌ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း၊ တပ်ရင်း(၃၀)တွင် သင်တန်းသားအင်အား(၁၀၀)ဦးဖြင့် ၂ လကြာအောင် သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်းပြီးသောအခါ တပ်ရင်း(၁၉)သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ရင်းတွင်(၁၀)ရက်ခန့်နေထိုင်ခဲ့ပြီး KIA မုန်ဆန်ယန်သင်တန်းကျောင်းတွင် ဆေးသင်တန်း ၆ လ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ သင်တန်း တက်နေစဉ် ၅ လခန့် အကြာ ဇွန် ၂၇ ရက်တွင် ၎င်းနှင့်အတူ သင်တန်းသား(၄)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးစီ လမ်းကွဲသွားခဲ့ကြောင်း၊ ၎င်းနှင့်ရ၀မ်လူမျိုးလူငယ်တို့သည် မြစ်ကြီးနား-ဗန်မော် ကားလမ်းအားဖြတ်၍ တာလော ကြီးကျေးရွာအနီး ၀ိုင်းမော်မြို့မှတစ်ဆင့် ကာဒူကျေးရွာရှိ၎င်း၏ မိဘများနေအိမ်သို့ ရောက်ရှိခဲ့ပြီး ရ၀မ်လူငယ် ကတော့ မြစ်ကြီးနားမြို့တွင် ကျန်ခဲ့ပြီး ပူတာအိုမြို့ဇာတိဖြစ်ကြောင်း၊ မိဘများနေအိမ်မှတစ်ဆင့် မိုးညှင်းမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်ကို ဌာနဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်မှုကြောင့် တပ်ဖွဲ့ဝင်ဖြစ်နေကြသော ဒေသခံတိုင်းရင်းသားများသည် အစိုးရဌာနဆိုင်ရာရုံးများသို့ အလင်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ် ပေါ်လျက် ရှိရာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလင်းဝင် KIA တပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်း(၆)ဦးရှိပြီဖြစ်ကြောင်း ၎င်း ဌာနရုံးအသီးသီးမှ သိရှိရပါသည်။

ခွန်နော်

Kachin Daily News
မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင် တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရ သည်။

Harley Davidson က ထုတ်မယ့် Dual Sport ဆိုင်ကယ်

Photo: Harley Davidson ကထုတ်မယ့် Dual Sport ဆိုင်ကယ်

==============================

တည်ထောင်သူ William S. Harley နှင့်Arthur Davidson တို့ကိုအစွဲပြုပြီး
ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီဟာဆိုရင် လွန်ခဲ့တဲ့
နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။

စတင်ထုတ်လုပ်တဲ့ နှစ်ကစလို့ယခုချိန်ထိ မော်လ်ဒယ်မြင့် မကွဲပြားတဲ့ဒီဇိုင်း
နဲ့ ယနေ့အချိန်ထိထုတ်လုပ်လာခဲ့တာ ၁၉၀၃ ခုနှစ်ကတည်းကပါပဲ။
မြန်မာအခေါ် လမ်းသရဲ ဆိုင်ကယ်ဒီဇိုင်းသာမြင်တွေ့ခဲ့ရပေမယ့် ယခုမှာတော့
ပြိုင်ပွဲဝင် ဆိုင်ကယ်ဒီဇိုင်း Harley-Davidson SC3 Adventure Dual Sport 
လို့ခေါ်တဲ့ ဆိုင်ကယ်ကို မကြာခင်ထုတ်လုပ်တော့မှာပါ။

ဒီဇိုင်းပညာရှင် Jim Carducci ရဲ့ မတူကွဲပြားတဲ့ဒီဇိုင်းနဲ့ မကြာခင်မြင်တွေ့ဖို့
ရှိတဲ့ Harley-Davidson SC3 Adventure Dual Sport ကိုယခုလိုပဲသားနား
စွာမြင်တွေ့ရမှာပါ။

Ref:techblog
Khun Nay(August Myanmar Media Group)
By: Guide Magazine
တည်ထောင်သူ William S. Harley နှင့်Arthur Davidson တို့ကိုအစွဲပြုပြီး ပေါ်ပေါက်လာတဲ့ အဆိုပါ မော်တော်ဆိုင်ကယ် ကုမ္ပဏီ ဟာ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ ကတည်းကတည်ရှိနေတာပါ။

အိမ်ထောင်သက် ကိုးလပြည့် မှာ ဆိုတေး ဇနီး ဝင့်ကုဋေသူ ၏ ကြေကွဲ ဖွယ် ဈာပန

Photo: အိမ်ထောင်သက်ကိုးလပြည့်မှာ ဆိုတေး ဇနီးဝင့်ကုဋေသူ၏ ကြေကွဲဖွယ် ဈာပန
Tuesday, July 16, 2013

မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြ သလို၊ ကိုယ်တိုင်သွားရောက်သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။

ဒီလိုကိုယ်တိုင်သွားရောက်သတင်းမေးမြန်းသူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး... “ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။ သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။ အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။ သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက် အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။ မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇ ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။

ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ကြောင်း သိရပါတယ်။

ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။

ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊ ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့ တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ခိုင်ဝေလွင် 

Popular Journal
မန္တလေးပြည်သူ့ဆေးရုံ ကြီးမှာဆေးကုသမှုခံယူနေတဲ့ ဆိုတေးကိုခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေက ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းစကားများ ဆိုကြသလို၊ ကိုယ်တိုင်သွားရောက် သတင်းမေးမြန်းကြသူတွေလဲရှိကြပါတယ်။

ဆေးရွက်ကြီးစိုက် တောင်သူများ ခေါက်ချိုးမြတ်

Photo: ဆေးရွက်ကြီးစိုက် တောင်သူများ ခေါက်ချိုးမြတ်
Tuesday, July 16, 2013

ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ဆေးရွက်ကြီး စိုက်ပျိုးသူ ဒေသခံ တောင်သူ များသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။

“ဆေးရွက်ကြီးက စိုက်ပျိုးစရိတ်ထက်ကို ထက်ဝက် မြတ်တယ်” ဟု ယင်းဒေသ ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးဖြစ်သူ ဦးသိန်းထွန်းနိုင်က ဆိုသည်။

အဆိုပါဒေသထွက် ဆေးရွက်ကြီးများကို မန္တလေးနှင့် မြင်းခြံရှိ ဆေးလိပ်ခုံ များသို့ တိုက်ရိုက် တင်ပို့သည့် ဈေးကွက် အနည်းငယ်ခန့်သာ ရှိကြောင်း၊ ယင်းဆေးရွက်ကြီး ဝယ်ရောင်း လုပ်ကိုင်သူများမှ တစ်ဆင့် ရောင်းချမှု များကြောင်း ငါန်းဇွန်မြို့နယ် ငါးမြာကြီး ကျေးရွာမှ ဆေးရွက်ကြီး စိုက် တောင်သူ ဦးမျိုးထက်က ပြောကြားသည်။

“မနှစ်က ဒီလိုအချိန်မှာ အချိန် ၁၀၀ ပိဿာကို ၁၁၀,၀၀၀ ကျပ် ပေါက်ဈေး ရှိတယ်။ ဒီနှစ်တော့ ၁၀၀,၀၀၀ ဝန်းကျင်ပဲ ပေါက်တယ်” ဟု မြင်းခြံမြို့နယ် ညောင်ပင်သာကျေးရွာ ဒေသခံ ဦးသိန်းထွန်းနိုင်က ဆိုသည်။

မြင်းခြံနှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ကျေးလက် ဒေသများတွင် ဆေးရွက်ကြီး စိုက်ပျိုးမှု များပြားပြီး နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင် စိုက်ပျိုးကြောင်း၊ အပင်ပေါက်မှာ ခြောက်လခန့် အကြာတွင် ရောင်းချသည့် အဆင့်သို့ ရောက်ရှိပြီး တစ်ဧကလျှင် အပင် ၆၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်ဧက ထွက်နှုန်းမှာ ပိဿာချိန် ၅၀၀ ခန့် ရှိကြောင်း ဆေးရွက်ကြီးစိုက် တောင်သူများထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ဆေးရွက်ကြီး ဈေးကွက် ပေါက်ဈေး မြင့်တက်နေသဖြင့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့နယ်မှ ဆေး ရွက်ကြီး စိုက်ပျိုးသူ ဒေသခံတောင်သူများသည် စိုက်စရိတ်၏ ထက်ဝက်ခန့် အကျိုးအမြတ် ရရှိကြောင်း ယင်းဒေသခံ ဆေးရွက်ကြီး စိုက်ပျိုးသူများ က ပြောကြားသည်။

Game ဒီဇိုင်းနှင့် Animation ဖန် တီး ပုံများ ရှင်း လင်းပြောကြား မည်

ပြည်တွင်းပြည်ပရှိ Gamr နှင့် Animation စီးပွားရေးလုပ်ငန်းများ၊ Game Design နှင့် Animation ဖန်တီး ပြုလုပ်ပုံများ အကြောင်းကို စင်ကာပူနိုင်ငံ၌ Game နှင့် Animation ဘာသာရပ်များကို ပို့ချပေးနေသည့် MAGES Institute of Excellent ကျောင်းမှ တာဝန်ရှိ တစ်ဦး က ဇူလိုင်လ ၂၀ ရက် စနေနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ CROWN Education Learning Center ၌ ရှင်း လင်းပြော ကြားသွားမည် ဖြစ်သည်။

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ
အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင်ခံရသော ဖုတ်ကောင်စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ အလောင်းများတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။

၁၀ တန်းကျောင်းသူ အား လူကုန်ကူးရန် ကြိုးပမ်းသူ ဘော်ဒါဆောင်မှ ဆရာ /ဆရာမ အား ဖမ်းဆီးမိ

ရွှေကူမြို့၊ အမှတ်(၄) ရေပြန်ကြီး ရပ်ကွက်တွင် ဖွင့်လှစ် ထားရှိသည့် ပန်းပျိုးလက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင် ပိုင်ရှင် ဦးအောင်ဇော်မိုး နှင့် နည်းပြ ဦးအောင်ဇော်ထက်တို့သည် ၄င်းတို့ ဘော်ဒါ ဆောင်တွင် ညအိပ် စာသင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေနဒီဖြိုး (အဖ ဦးကျော်ဝင်း)

ဆိုတေး နှစ်ရက်အတွင်း သတိပြန်မရပါက ဘန်ကောက်တွင် ကုသမည်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ဆိုတေးအားနှစ်ရက်အတွင်း သတိပြန် လည်လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေကြကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြားလိုက် သည်။

ဦးလေးဖြစ်သူကို ဓားဖြင့်ခုတ်၍ ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး

ရှမ်းပြည်နယ်( အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့နယ်နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် မုန်းဖုန်း (ခ) အုပ်စု၊ ပါကောင်ရွာတွင် ဇူလိုင်လ ၁၂ ရက်နေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က အသက် ၄၄ နှစ် အရွယ် တူဖြစ်သူ ဦးအိုက်ကွမ်းရှဲန်က ဦးလေးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးလုံးဆိုင်ကို ဓားဖြင့် ခုတ်ကာ သူ၏လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်း အဆိုပါကျေးရွာ နေထိုင် သူများ က ပြောကြားသည်။

မီးရှို့မူဖြင့် စွပ်စွဲ ဖမ်းဆီးထားရသူ သံတွဲမှ ရခိုင်အမျိုးသား ၅ ဦးကို ရုံးတင် တရားစွဲမည်

Photo: မီးရှို့မူဖြင့် စွပ်စွဲ ဖမ်းဆီးထားရသူ သံတွဲမှ ရခိုင်အမျိုးသား ၅ ဦးကို ရုံးတင် တရားစွဲမည်
Tuesday, July 16, 2013

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော မီးရှို့ တိုက်ခိုက်မူတွင် ပါဝင်သူများဟု သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံရထားရသူ ရခိုင်အမျိုးသား ၅ ဦးကို မနက်ဖြန်တွင် ရုံးတင် တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မီးရှို့မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ (၅) ဦးမှာ သံတွဲမြို့ ဒွါရာဝတီ မြို့သစ်ရပ်ကွက်မှ ၁။ ကိုသန်းဌေး (ဘ) ဦးစိန်မောင် ၂။ ကိုဖေပု (ဘ) ဦးခင်မြ ၃။ ကိုကြီး (ဘ) ဦးထွန်းလှမောင် ၄။ ကိုဝင်းနိုင်(ဘ) ဦးစိုးအောင် နှင့် ၅။ ကိုမောင်မောင်နိုင် (ဘ) ဦးမောင်သာလှတို့ ဖြစ်ကြသည်။

“ သူတို့ ၅ ဦးကို မနက်ဖြန်နဲ့ သန်ဘက်ခါ နှစ်သုတ်ခွဲပြီး ရုံးတင် တရားစွဲမှာ ဖြစ်ပါတယ်။ ၅ ဦးစလုံးကို တရားစွဲဆိုမှာ ဖြစ်ပါတယ်” ဟု သံတွဲ ဒေသခံ တစ်ဦးက ဆိုသည်။

သူတို့အား ဖမ်းဆီးထားသည်မှာ နှစ်ပတ်ကျော်ရှိနေပြီး  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၄ (မီးရှို့မှု) ဖြင့် တရာစွဲဆိုထားသည်ဟု သူက ဆိုသည်။

သံတွဲမြို့တွင် ဇွန်လ ၂၉ ရက်နေ့က တောင်ကုတ်မှ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးကို မူဆလင် နှစ်ဦးက မုဒိမ်းကျင့်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဇွန်လ ၃၀ ရက်နေ့တွင် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များ အကြား အကြမ်းဖက် မီးရှို့ တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မူ အတွင်း လူနေအိမ် ၉ လုံး မီးရှို့ခံခဲ့ရပြီး၊ အိမ် ၁၁လုံး ဖျက်ဆီး ခံခဲ့ရသည်။ ချက်ချင်း အာဏာပိုင်များက သံတွဲမြို့ တွင် ပုဒ်မ၁၄၄ကို ထုတ်ပြန်ခဲ့သည်။

 မောင်နီမိုး
narinjara
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော မီးရှို့ တိုက်ခိုက်မူတွင် ပါဝင်သူများဟု သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံရထားရသူ ရခိုင်အမျိုးသား ၅ ဦးကို မနက်ဖြန်တွင် ရုံးတင် တရားစွဲ ဆိုမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

တေးသံရှင် ဆိုတေး အခြေအနေ ပြန်လည် ကောင်းမွန်

တေးသံရှင် ဆိုတေး အခြေအနေ ပြန်လည် ကောင်းမွန်

မန္တလေး၊ ဇူလိုင် ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသည့် တေးသံရှင် ဆိုတေး၏ ယမန်နေ့ညက အရေးပေါ် ကုသမှု ခံယူပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုတေး၏ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေးမှာ ဦးခေါင်းပိုင်းတွင် အပြင်းအထန် ဒဏ်ရာ ရရှိထားသောကြောင့် သတိမရသေးဘဲ ဦးခေါင်းတွင် ထိခိုက် ထားသောကြောင့် ဆေးရုံမှ ဆရာဝန်ကြီးများက အထူး စောင့်ကြည့်လျက် ရှိကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

“အခြေအနေကတော့ ကောင်းလာပါပြီ။ သတိတော့ ဝင်နေပါတယ်။ ဆရာဝန်ရဲ့ မှတ်ချက်အရကတော့ မနက်ဖြန်၊ သန်ဘက်ခါဆိုရင် သတိရ မယ်၊ အခြေအနေကတော့ တော်တော်လေး ကောင်းလာပါပြီ” ဟု ဦးရဲမြင့်အောင်က ထပ်မံ ပြောကြားသည်။

အဆိုပါ ယာဉ် တိမ်းမှောက်ရာတွင် ဆိုတေးနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် အမျိုးသမီး နှစ်ဦး စီးနင်း လိုက်ပါလာပြီး ၎င်းတို့ထဲမှ မချောချော ကို မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သေဆုံးသွား ခဲ့ပြီး မစံပယ်မွန် အသက်(၁၈) နှစ်သည် မန္တလေးဆေးရုံကြီး အရိုး ကုသဆောင်မှ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက ဆင်းသွားခဲ့ကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဆိုသည်။

ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်း ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး လမ်းမကြီး တစ်ဖက်လျှင် အကျယ်၂၅ ပေ ရှိသည့် ယာဉ်သွားလမ်း နှစ်လမ်း ပါရှိကြောင်း၊ အဆိုပါ လမ်းမကြီးသည် တစ်နိုင်ငံလုံးတွင်ရှိသည့် လမ်းအရှည်ပေါင်း ၁၅၀,၂၂၁ ကီလိုမီတာ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း အရှည်ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွန်ကြားရေးမှူးရုံးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့က တာဝန်ယူ ဖောက်လုပ် ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၉ ခုနှစ် မေလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ အဆိုပါ အမြန်လမ်းပေါ်တွင် ယာဉ် မတော်တဆမှု ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၁၆ ဦး၊ ဒဏ်ရာရသူ ၆၇၈ ဦးခန့်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
The Voice Weekly
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေး ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသည့် တေးသံရှင် ဆိုတေး၏ ယမန်နေ့ညက အရေးပေါ် ကုသမှု ခံယူပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာပြီဟု ဆိုတေး၏ ဦးလေး တော်စပ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

မလေးရှားအကျဉ်းထောင် အတွင်းရှိ မြန်မာနိုင်ငံသားအားလုံး လွတ်မြောက်ရန် ကြိုးပမ်းဟုဆို

တရားမဝင် နေထိုင်မှုများကြောင့် မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျ ခံနေရသော မြန်မာနိုင်ငံသားများအားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက The Voice သို့ မိန့်ကြားသည်။

နှလုံးနှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်များ

နှလုံးနှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်များ

(၁) တည်နေရာ
နိုင်ငံတော်သီချင်းဆိုတဲ့အခါ လက်ယာလက်ကို ဘယ်လက်ရင်အုံ နှင့်ကပ်ပြီး အရိုအသေပြုကြပါတယ်။ ပန်းချီပုံတွေမှာ နှလုံးကို ဘယ်ဘက် ရင်အုံမှာ ထည့်ဆွဲတတ်ကြပါတယ်။ တကယ်တော့ နှလုံးဟာ ရင်ခေါင်းရဲ့ ဘယ်ဘက်အစွန်မှာရှိ တာမဟုတ်ဘဲ အလယ်တည့်တည့်ရင်ညွန့်ရိုးရဲ့ ဘယ် ဘက်မှာမဆိုစလောက် ကလေးသာ ရှိ ပါတယ်။
(၂) နှလုံးခုန်ခြင်း
နှလုံးခုန်တာဟာ ဦးနှောက်ရဲ့ ခိုင်းစေခြင်းကြောင့် မဟုတ်ပါဘူး။ နှလုံးရဲ့ SA node လို့ခေါ်တဲ့အစိတ် အပိုင်းဟာ ပြင်ပစေခိုင်းမှုမပါဘဲ အလုပ်လုပ်ခြင်းဖြစ်ပြီး နှလုံးတစ်ချက် ခုန်ခြင်းဟာ SA node က အစပြု ပါတယ်။ ဦးနှောက်ဟာ နှလုံးခုန် မြန်ခြင်း၊ နှေးခြင်းဖြစ်အောင်သာ လုပ်ဆောင်နိုင်ပါတယ်။
(၃) နှလုံးအစားထိုးခြင်း
နှလုံးအစားထိုးလဲလှယ်တာဟာ ဆရာဝန်ကော၊ လူနာအဖို့ပါ သက် သာလှတဲ့လုပ်ငန်းတစ်ခုတော့ မဟုတ် ပါဘူး။ နှလုံးအလှူရှင်ရှားပါးမှု၊ ခွဲစိတ် ပညာခက်ခဲမှု၊ ခွဲစိတ်ချိန်ကြာ မြင့်မှု တို့ကြောင့် ဆရာဝန်နှင့်လူနာများအဖို့ ကြီးကျယ်တဲ့ခွဲစိတ်မှုဖြစ်ပါတယ်။ သို့သော် နှလုံးအစားထိုးခွဲစိတ်မှုဟာ အောင်မြင်မှုအလွန်ရရှိတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ လူငါးယောက် နှလုံးအစားထိုးလျှင် လေးယောက် အသက်ရှည်ပါတယ်။
(၄) နှလုံးဖြစ်ပေါ်ခြင်း
ကလေးရဲ့နှလုံးဟာ မီးဖွားပြီး အပြင်ရောက်မှခုန်တယ်လို့ထင် တတ် ကြပါတယ်။ တကယ်တော့ သန္ဓေ တည်ပြီး (၂၂) ရက်မြောက်နေ့ က တည်းကနှလုံးစခုန်ပါတယ်။ သွေး လည်ပတ်မှု စတင်လုပ်ဆောင်ပါတယ်။

သီဟ
Source:discovery
Health Updates Journal
Vol.2, No.27

အေးချမ်းမွန် Copy & Credit To > Health Updates Journal < Thank
Re-post By ACM 15-7-2013 
(၁) တည်နေရာ
နိုင်ငံတော်သီချင်းဆိုတဲ့အခါ လက်ယာလက်ကို ဘယ်လက်ရင်အုံ နှင့်ကပ်ပြီး အရိုအသေပြုကြပါတယ်။

ရန်ကုန်မြို့လယ်ရှိ အပေါင်ဆိုင် တစ်ခုတွင် လုယက်မှု ဖြစ်ပွား

ရန်ကုန်မြို့တော်၏ လူအစည်ကားဆုံး နေရာများတွင် ပါဝင်သည့် ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်း လမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ ဝှါရှင် အပေါင်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်း ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ကရင်ပြည်နယ် မိုင်းကင်းရှင်းရေးအတွက် လက်နက်ကိုင်ငါးဖွဲ့ ဇူလိုင်လအတွင်း စတင်မည်

ကရင်ပြည်နယ်တစ်ခုလုံး မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းစေရန် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းငါးဖွဲ့က တာဝန်ယူပြီး ဇူလိုင်လအတွင်း စတင်လုပ်ဆောင်သွားရန် သဘောတူညီ ထားသည် ဟု DKBA ကလိုထူးဘောစစ်ဌာချုပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မဇ္ဈိမသတင်း စာသို့ ပြော သည်။

တောင်ငူ အာဇာနည်နေ့ချီတက်ရန် လျှောက်ထားမှု ပယ်ချခံရ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် အာဇာနည်နေ့ (ဇူလိုင် ၁၉)၌ ပါတီကြီးနှစ်ခု ပူးပေါင်း ကျင်းပမည့် ချီတက်အလေးပြုရန် လျှောက်ထားမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းဆိုပယ်ချ ခဲ့ကြောင်း အာဇာနည်နေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးဝင်းက The Voicce သို့ပြော ကြား သည်။

ရန်ကုန်မြို့တွင် တိုးပွားလာသည့် အိမ်ထောင်စုများမှာ အိမ်ရာဆောက်လုပ် ပေးနိုင်မှု၏ သုံးဆခွဲကျော် ရှိနေသောကြောင့် အိမ်ရာ မလောက်ငမှုများ ကြုံတွေ့နေ

ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး လူဦးရေ သိသိသာသာ တိုးတက်လာခဲ့ရာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကောက်ယူထားသည့် စာရင်းဇယား အချက်အလက်များအရ

ဘင်္ဂလားဒေ့ရှ် အရှေ့ တောင်ပိုင်းတွင် စစ်ဘက် လေယာဉ်တစ်စင်း လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ

ဘင်္ဂလားဒေ့ရှ် အရှေ့ တောင်ပိုင်းတွင် စစ်ဘက် လေယာဉ်တစ်စင်း လေ့ကျင့်မှု ပြုလုပ်စဉ် ပျက်ကျ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ် ပါရှားဒေသ အရှေ့တောင်ပိုင်း တွင် စစ်ဘက် လေယာဉ် တစ်စင်းမှာ လေ့ကျင့်မှုပြုလုပ်စဉ် ဇူလိုင် ၁၄ ရက် ညနေပိုင်း က ပျက်ကျခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လေယာဉ် ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အား ထုတ်ပြန် ပြောကြားခဲ့ခြင်း မရှိသော်လည်း လေယာဉ်မှူးမှာမူ လေယာဉ်အား အောင်မြင်စွာ စွန့်ခွာ နိုင်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ်များ အနေဖြင့် အများစုမှာ ပျက်ကျခဲ့ပြီး ယခုလ အစောပိုင်းကလည်း ဒါကာခရိုင် အတွင်းမှာပင် လေ့ကျင့်ရေး စစ်ဘက် ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့်

Read More >> http://www.myawady.com.mm/allnews/global/item/19563-2013-07-15-09-54-50
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ပြည်နယ် ပါရှားဒေသ အရှေ့တောင်ပိုင်း တွင် စစ်ဘက် လေယာဉ် တစ်စင်းမှာ လေ့ကျင့်မှုပြုလုပ်စဉ် ဇူလိုင် ၁၄ ရက် ညနေပိုင်း က ပျက်ကျခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်း တင်ပို့သွားရန်မှာ မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေး ပညာရှင်များ သုံးသပ်

7.15.4
ပြည်ပသို့တင်ပို့ရန် ပြည်ဆိပ်ကမ်း၌ ဆန်အိတ်များ စီဘီတွဲပေါ်သို့ တင်ဆောင်နေသည်ကို ဇန်န၀ါရီလ ဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံရှိ လယ်မြေများသည် နွေစပါး စိုက်ပျိုးရာတွင် ဆည်ရေရရှိမှု နည်းပါးခြင်း၊ ဆန်အဓိက ထွက်ရှိ

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံစနစ် ပြောင်းလဲရန် အကြံပြုချက်အား ဆွေးနွေး

7.15.7
၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အေးပပ)
အခြေခံပညာကဏ္ဍ တက္ကသိုလ်ဝင် စာမေးပွဲ၌ စစ်ဆေးသည့် မေးခွန်းပုံစံစနစ်အား ပြုပြင်ပြောင်းလဲရန် အကြံပြုထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး အိုင်အယ်လ်အို ရှင်းလင်းမည်

အိုင်အယ်လ်အို၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်း အမှတ် ၁(က)ရှိ အိုင်အယ်လ်အိုရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း အိုင်အယ်လ်အို ရန်ကုန်ရုံးမှ သတင်းရရှိသည်။

မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀ ကျော် သောင်တင်နေ

မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀ ကျော် သောင် တင်နေကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူး ဦးအောင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိနိုင်ငံ၏ အခြေအနေအရ (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

လက်ရှိနိုင်ငံ၏ အခြေအနေအရ ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားအား လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ရန်နှင့် အဆိုပါ အခမ်းအနား တွင် နိုင်ငံတော် အဆင့် တက်ရောက်သွားမည် ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

လားရှိုးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အသတ်ခံရမှု စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ကျူးလွန်သူကို ဖမ်းဆီး

7.15.6
ကျူးလွန်သူ မစန္ဒာဝင်းနှင့် သေဆုံးသူတို့အား အခင်းဖြစ်သည့်နေ့က မြို့မဈေးအတွင်း အတူတူ သွားလာနေသည်ကို ဈေးရှိလုံခြုံရေး ကင်မရာမှတစ်ဆင့် ရယူထားပုံ
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နန်းဟေ၀န် ပန်းခြံတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး အတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန် ဒေသခံများ မျှော်လင့်

7.15.16
နစက တပ်ဖွဲ့ဝင်များ နယ်စပ်ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်တာဝန် ထမ်းဆောင်စဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူမည့် အဖွဲ့အစည်းသည် လာဘ်ပေး လာဘ်ယူ မှုကင်းရှင်းပြီး နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိရန်နှင့် ယခင် လုံခြုံရေး အဖွဲ့များထက် ပိုမိုကောင်း မွန်သည့် အဖွဲ့အစည်းဖြစ်ရန် လိုအပ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး၌ ဆိုးရွားသည့် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပေါ်နေချိန် နေပြည်တော်ရှိ ကွန်ကရစ်လမ်းများအား နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းနေ

7.15.17
နေပြည်တော်ရှိ ရာဇသင်္ဂဟ လမ်းမကြီးတွင် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာ ခင်းနေသည်ကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ်
ကွန်ကရစ် အမျိုးအစား ရန်ကုန်-မန္တလေး-နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားနေသည့် အချိန်တွင် တစ်မိုင်လျှင် ကျပ်သန်း ၁၄၃၁ ကုန်ကျခံ ဖောက်လုပ်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် လူ့အခွင့်အရေးကို ကာကွယ်ရန် တိုက်တွန်း

7.15.19
သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ဗြိတိန်ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လူ့အခွင့် အရေးကို ကာကွယ်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။