Saturday, September 28, 2013

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ပြောင်း


ကုလသမဂ္ဂနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံ ရဲ့စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲ

ထမံသီ စီမံကိန်း ဖျက်သိမ်းပြီ

ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေ နေအိမ် ရွှေ့ပြောင်းခံခဲ့ကြရ
ချင်းတွင်းမြစ်ပေါ်မှာ ရှိတဲ့ ထမံသီ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုစလုံး ကို ဖျက်သိမ်းလိုက်ပြီလို့ လျှပ်စစ်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ

Photo: နိုင်ငံတွင်း ပဋိပက္ခများ တည်ငြိမ်အောင် လုပ်ဆောင်ရေးအပါအ၀င် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက် ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိ 
Saturday,September 28, 2013

နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ERIA (Economic Research Institute for ASEAN and East Asia) က ဦးဆောင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မြန် မာနိုင်ငံ မှ ဂျာနယ်လစ်များအတွက် သီးခြားရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်၌ သိထားသင့်သော အချက်များ၊ ပုဂ္ဂလိကပိုင်း ပူးပေါင်းဆောင် ရွက်ရေးနှင့် အာဆီယံဒေသတွင်း ချိတ်ဆက်မှု၊ မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာရေး မျော်မှန်းချက်နှင့် အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေးကျယ်ပြန့်စွာ ဖြစ်ပေါ်စေရေး စီမံကိန်းအစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

''မြန်မာနိုင်ငံဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသားအရေး အပါအ၀င် ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရ နောက်ဆုံးမှာ ရှိခဲ့တဲ့ နိုင်ငံတစ်ခု အနေနဲ့ လက်ရှိအချိန်မှာ လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ အာဆီယံကို ဦးဆောင်နိုင်တဲ့ နေရာတစ်ခုကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ ပြည်တွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းထားသင့်ပါတယ်''ဟု ERIA Academic Advisory Council (AAC) ၏ ဥက္ကဋ္ဌ Dr. Hank Lim က ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာ ဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်၌ ကိုင်တွယ်ဆောင်ရွက်ရမည့် အခြားသော ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်း ချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASE AN Political-Security Community) ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင် အထည်ဖော်ရေး၊ ASCC (ASEAN  Sociocultural Community) သုံးသပ်ချက်များ ကို ဆွေးနွေးခြင်း ၊  ပုဂ္ဂ လိ က ပိုင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံနိုင်ငံ များအကြား ချိတ် ဆက်စေမှုကို မည်သို့ အကူအညီပေးနိုင် မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံ များအကြား နိုးကြားမှုရှိစေရန် ဆက်သွယ်မှု အစီအစဉ် များဆောင်ရွက်ရေး၊  အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများ အကြား မျှခြေကို ထိန်းညှိ ဆောင် ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ် ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ် ဖြစ်သော ရခိုင်အရေးကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းစီက အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် မှတ်တိုင်စိုက်ထူနိုင်သော ဦးဆောင်မှုများ ကို ပြုလုပ်ခဲ့ကြသည့်အတွက် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက မှတ်တိုင်ထူနိုင်မည့် ဆောင်ရွက်မှုမှာ AICHR(ASEAN Intergovernmental Commission on Human Rights) အား သုံးသပ်ခြင်းဖြစ်လာနိုင်ကြောင်း ERIA  ၏ အကြံပေး အဖွဲ့ဝင်နှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဂျာနယ်လစ် Mr. Kavi Chongkittavorn က ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို  အောက် တိုဘာလတွင် ဘရူးနိုင်ငံ၌ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် လက်ခံရယူမည်ဖြစ်သည်။

Eleven Media Group
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Challenges Ahead: Myanmar's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ တည်ငြိမ်အောင် ထိန်းသိမ်းရေး အပါအ၀င် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ မြန်မာနိုင်ငံက ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စ ကိုးခုထက်မနည်းရှိကြောင်း  စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော Challenges Ahead: Myanmar 's ASEAN Chair 2014 and Beyond အလုပ်ရုံဆွေးနွေး ပွဲတွင် နိုင်ငံတကာအာဆီယံရေးရာ ကျွမ်းကျင်သူများက ပြောကြားသည်။

ငါးလအတွင်း ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေယာဉ်အစီး ၁၃၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

Photo: ငါးလအတွင်း ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေယာဉ်အစီး ၁၃၀ အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း
Saturday,September 28, 2013

အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက်အရ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား စတင်ဖမ်းဆီးသည့် ငါးလအတွင်း ယာဉ်အစီးရေ ၁၃၀ အား နိုင်ငံပိုင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် အဆိုပါ စီမံချက်အရ ပြည်ပမှ ယာဉ်များတင်သွင်းရာတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်အထိ စီမံချက် မော်တော်ယာဉ်ပေါင်း ၁၂၆၇၇၃ စီးအား ပြည်ပမှ တင်သွင်းခဲ့ပြီး အဆိုပါယာဉ်များတွင် ထိခိုက်တိုက်ကြေ ပျက်စီးကားများ တင်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရသော်လည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက် နောက်ပိုင်းတွင် ထိခိုက်တိုက်ကြေ ပျက်စီးကားများ တင်သွင်းလာမှု များပြားလာကြောင်း သိရသည်။

ထိခိုက်တိုက်ကြေ ပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်နေသည့်အတွက် အကောက်ခွန် ဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော တိုက်ကြေ ပျက်စီးကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်း၊ ကုန်သွယ်ရေး မူဝါဒများနှင့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် အသိပေး ကြေညာမှုများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား အများပြည်သူ သုံးစွဲရန်မသင့်သည့် ထိခိုက်တိုက်ကြေ မော်တော်ယာဉ်များ ပါရှိလာသည့်အတွက် အကောက်ခွန်ဦးစီးဌာနမှ စိစစ်ရေးအဖွဲ့ဖြင့် မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း၊ စာရွက်စာတမ်းများ စစ်ဆေးခြင်းပြုလုပ်၍ ထိခိုက်တိုက်ကြေကား ဟုတ်၊ မဟုတ် စိစစ် ဆုံးဖြတ်မှု့များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေ ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရာတွင် ၂၀၁၃ ခုနှစ် မေ ၁၄ ရက်တွင် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး၊ တတိယအကြိမ်အဖြစ် (၂၈-၆-၂၀၁၃) ရက်တွင် မော်တော်ယာဉ် ၃၃ စီးအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး စတုတ္တအကြိမ်မြောက်အဖြစ် တိုက်ကြေ မော်တော်ယာဉ် ၂၈ စီးအား ယခုစက်တင်ဘာ ၂၄ ရက်တွင် သိမ်းဆည်းမိန့် ထုတ်ပြန်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group
အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး စီမံချက်အရ ပြည်ပမှ တင်သွင်း လာသည့် မော်တော်ယာဉ်များအား စတင်ဖမ်းဆီးသည့် ငါးလအတွင်း ယာဉ်အစီးရေ ၁၃၀ အား နိုင်ငံ ပိုင် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

Friday, September 27, 2013

စီးပွားရေး လုပ်ငန်း တွေ စာရင်း ကောက်မည်

Photo: စီးပွားရေး လုပ်ငန်း တွေ စာရင်း ကောက်မည်
Friday, September 27, 2013

ရန်ကုန်မြို့ မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်း စာရင်း အမှန် ကို ရဖို့ ယခု ဘဏ္ဍာနှစ် ကုန်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အင်အား သုံးပြီး သန်းခေါင် စာရင်း ကောက်ယူ တဲ့ ပုံစံ အတိုင်း စာရင်း ကောက်ယူ မယ် လို့ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က သိရပါတယ်။ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင် က “ရန်ကုန် က အခန်း တော်တော် များများ က ငှားစား ထားတယ်။ ဝင်ငွေ ရှိတယ်။ ဝင်ငွေ ခွန် မဆောင် ကြဘူး။ ဒါကို ဘယ် အခန်း ကတော့ ငှားစား ထားတယ်။ တစ်လ မှာ ဝင်ငွေ ဘယ်လောက် ရှိတယ်၊ ဒါတွေ ကို တစ်အိမ်ဝင် တစ်အိမ် ထွက် စာရင်း ကောက် သွားမယ်” လို့ ပြော ပါတယ်။

အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့မှာ ရန်ကုန်မြို့ ရဲ့ လုပ်ငန်းရှင် စာရင်း ရှိ ပေမယ့် နောက်တိုး လုပ်ငန်း တွေ နဲ့ အိမ်တွင်း လုပ်ကိုင် နေတဲ့ လုပ်ငန်း တွေ စာရင်း ကို ကောက်ခံ မှာ ဖြစ်တယ် လို့ သိရပါတယ်။ ရရှိ လာတဲ့ လုပ်ငန်း အချက် အလက် တွေ ကို အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး အဖွဲ့ က စာရင်း သွင်းပြီး အခွန် စည်းကြပ် မယ် လို့ သိရပါတယ်။

အခွန် ကောက်ခံ မှု စိစစ် ကြပ်မတ်ရေး ဘုတ် အဖွဲ့က လုပ်ငန်း စာရင်းတွေ ကို ကောက်ယူတဲ့ အချိန်မှာ ကျောင်း ပိတ်ရက် ကြုံတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေ ကို ခေါ်ယူ နိုင်ဖို့ သက်ဆိုင်ရာ ကျောင်း ပါမောက္ခ ချုပ် တွေနဲ့ ညှိနှိုင်း နေတယ် လို့ သိရ ပါတယ်။ စီးပွားရေး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား တွေ ကို အဓိက ခေါ်ယူ မယ် လို့ သိရပါတယ်။ မြို့နယ် တစ်ခု နဲ့ တစ်ခု ကို အကျယ်အဝန်း အနည်း အများ ပေါ် မူတည်ပြီး ကျောင်းသား ကျောင်းသူ အင်အား သုံးစွဲ မှာ ဖြစ်တယ်။ အခွန် ပိုမို စည်းကြပ် နိုင်ဖို့ အာရှ ဖွံ့ဖြိုးရေး ဘဏ် ( ADB Bank ) က အခွန် ကောက်ခံမှု စိစစ်ရေး ဘုတ် အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့ သိရှိရ ပါတယ်။

မော်ဒန် ဂျာနယ်
ရန်ကုန်မြို့ မှာရှိတဲ့ စီးပွားရေးလုပ်ငန်း စာရင်းအမှန်ကိုရဖို့ ယခုဘဏ္ဍာနှစ်ကုန်မှာ တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူအင်အားသုံးပြီး သန်းခေါင်စာရင်း ကောက်ယူတဲ့ပုံစံအတိုင်း စာရင်း ကောက်ယူမယ်လို့

ကောက်ရသော ပိုက်ဆံအိတ်မှ ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ်

Photo: ကောက်ရသော ပိုက်ဆံအိတ်မှ ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ်
Friday, September 27, 2013

စပိန် နိုင်ငံ မက်ဒရစ် မြို့မှ ရဲဌာနသို့ လာရောက်အပ်နှံခဲ့သော ပိုက်ဆံအိတ်တွင် ဒေါ်လာ ၂ သန်းတန်ချက်လက်မှတ် ကိုတွေ့ရှိ ခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ ပိုက်ဆံအိတ်ကို မြေအောက်ရထား များပြုပြင်ထိန်းသိမ်း မူများကိုလုပ်ဆောင် နေသော ၀န်ထမ်းမှ အမှတ်မ ထင် ကောက်ရ ခဲ့ခြင်းဖြစ်သည်။

အမှတ် (၅) လိုင်း မြေအောက်ရထားမှ တံခါးပေါက်များကောင်း စွာအလုပ်မလုပ်သောကြောင့် သွားရောက် ပြင်ဆင်ရန် အသွား လယ်သာပိုက်ဆံအိတ်ကို တွေ့ရှိခဲ့ သော်လည်းရိုးသား စွာ ရဲဌာနသို့ သွားရောက် အပ်နှံခဲ့ခြင်းလည်း ဖြစ်သည်။

ပိုက်ဆံအိတ်အတွင်း ကယ်လီဖိုးနီးယား ပြည်နယ် ယာဉ်မောင်းလိုင်စင် တခု၊ အကြွေး ၀ယ်ကဒ် နှင့် အမေရိကန်ဒေါ်လာ (၂) သန်း ချက်လက် မှတ်တို့ပါဝင်ကြောင်း ရဲဌာနမှ ထုတ်ပြန် သော သတင်းအရသိရသည်။

ref: UPIကချင်း
MM Social Sky
စပိန်နိုင်ငံ မက်ဒရစ်မြို့မှ ရဲဌာနသို့ လာရောက်အပ်နှံခဲ့သော ပိုက်ဆံအိတ်တွင် ဒေါ်လာ ၂ သန်းတန် ချက် လက်မှတ် ကိုတွေ့ရှိ ခဲ့ကြကြောင်း သိရပါတယ်။

စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ

Photo: စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ
Friday, September 27, 2013

၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။

၂။ မျက်နှာတွင် ဝက်ခြံ၊ တင်းတိမ့် ကဲ့သို့ အရေအပြား ပြဿနာ များ ဖြစ်ပေါ်စေခြင်း။

၃။ အိပ်ရေးပျက်၊ စားအသောက်ပျက်စေခြင်း။

၎။ အရိုးအဆစ်၊ ကြွက်သားများ ကိုက်ခဲ၊ နာကျင်ခြင်း။

၅။ နှလုံးတွင် သွေးဖိအားမြင့်တက်ခြင်း၊ ကိုလက်စထရောတက်ခြင်း ( နှလုံးနှင့် ဆက်စပ်ရောဂါများ အဖြစ်လွယ်စေခြင်း)။

၆။ ဆီးချိုရောဂါဖြစ်ရန် အလားအလာများခြင်း။

၇။ အစာချေဖျက်သည့် လုပ်ငန်းစဉ် ပုံမှန်အလုပ်လုပ်ခြင်း မရှိသဖြင့် ဝမ်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်း။

၈။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အမျိုးသားတို့ ဟိုမုန်းဓာတ် လျော့ကျခြင်း ။

၉။ ကိုယ်ခံအား ကျဆင်းသဖြင့် အဖျားရောဂါငယ်များက အဖျား၊ရောဂါဝေဒနာကြီးများသို့ ခံစားရစေခြင်း။
--

Via: Medicfacts
The Webshop
၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။

သိမ်းထားသည့်မြေယာများ အစိုးရသက်တမ်းအတွင်း ပြန်ပေးမည်

မြန်မာနိုင်ငံတ၀န်း ဒေသခံတောင်သူလယ်သမားတွေဆီကနေ  စစ်တပ်၊ အစိုးရဌာန ဆိုင်ရာတွေနဲ့ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ကျန်ရှိနေတဲ့ ဦးသိန်စိန်အစိုးရ သက်တမ်း ၂ နှစ်ကျော်အတွင်း ပြန်ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးတွေက နေပြည်တော် ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်

Photo: ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်
Friday, September 27, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။

ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအေ...ာင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ “အကြမ်းဖက် မှု မှာ သူတို့ ပါဝင် ပါတယ်လို့ လေးယောက်စလုံးက ဝန်ခံထားတယ်လို့ ကြားတယ်၊ အတင်းအကျပ် စစ်ဆေးတာမျိုးလည်း မရှိဘူးလို့လည်း သိရတယ်” ဟု ကန့်ဘလူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါက်တာလှိုင်မြင့်ဟန်က ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၁ ဦးကို အဆိုပါ ညတွင်ပင် ဖမ်းဆီးခဲ့ပြီး၊ တစ်ဦးမှာ ဖမ်းဆီး ထားစဉ် သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးခဲ့ကြောင်း၊ ကျန် ၁၀ ဦး အနက်ခြောက်ဦးမှာ အကြမ်းဖက်မှုများတွင် မပါဝင်သဖြင့် စက်တင်ဘာလ ၆ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဒေသခံ များက ပြောဆို သည်။ “အခုချလိုက်တဲ့ အမိန့်အပေါ်မှာ ဘာမှမပြော လို ပါဘူး၊ ကျွန်တော် တို့ သိရသလောက်တော့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေက ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ဖြစ်တယ်။ အခုဖမ်းမိတဲ့ သူတွေက လူစုကွဲသွားချိန် မနက် ၃ နာရီလောက်မှာ အဖမ်းခံရတာလို့ သိရတယ်” ဟု ဒေါက်တာမြင့်နိုင် က ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသမီး တစ်ဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကြက်ခြံ နှစ် ခြံ၊ နွားသတ်ရုံတစ်ရုံ၊ ဈေးဆိုင်ခန်း ၁၃ ခန်း အပါအဝင် နေအိမ် ၅၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ ၃၂၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း၊ အဓမ္မပြုကျင့်ရန် ကြံစည် သည့် အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

(အောင်မျိုးထက်)
The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။

Ooredoo က အလုပ်သမ ၃သောင်းခန့်မည်

Photo: Ooredoo က အလုပ်သမ ၃သောင်းခန့်မည်
Friday, September 27, 2013

အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်း လုပ်ကိုင်တဲ့အခါ အလုပ်သမ ၃ သောင်းအထိ အလုပ်ခန့်အပ် သွားမယ်လို့ ကာတာအခြေစိုက် အော်ရီဒူး (Ooredoo) ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မိုဘိုင်းဖုန်းနည်းပညာ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ အမျိုးသမီးတွေ အခွင့်အရေး ရသင့်တယ်။ သူတို့နဲ့ သူတို့ကို မှီခိုနေရတဲ့ ဘ၀တွေအတွက်လည်း အခွင့်အရေး ရသင့်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ အမျိုးသမီးအလုပ်သမားတွေကို အော်ရီဒူးက မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းမြှင့်တင်ရေးကဏ္ဍတွေမှာ အလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဟာ မိုဘိုင်းဖုန်းဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၄ ခု လုပ်ခွင့်ပြုထားပြီး အဲဒီထဲမှာ ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီလဲ ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ၅ သန်း ခွဲကျော် တပ်ဆင်ထားပြီး မိုဘိုင်းဖုန်း ပျံ့နှံ့မှုဟာ လူဦးရေရဲ့ ၁၀ ရာခိုင် နှုန်းအောက် ပဲ ရှိတဲ့အတွက် အနာဂတ်မိုဘိုင်းဖုန်း ဈေးကွက် အလွန်ကြီး မားမယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

by ဒီဗွီဘီ
အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်တဲ့အခါ အလုပ် သမ ၃ သောင်းအထိ အလုပ်ခန့်အပ် သွားမယ်လို့ ကာတာအခြေစိုက် အော်ရီဒူး(Ooredoo)ကုမ္ပဏီက စက်တင်ဘာ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လယ်ယာမြေ အငြင်းပွားမှု ဖြစ်စဉ်တွင် တောင်သူများကို ဆဲဆိုကြိမ်းမောင်း ၍ ဓားဖြင့် လိုက်သည့်ဖြစ်စဉ် နေပြည်တော်တွင်ဖြစ်ပေါ်


နေပြည်တော် ကော်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု ၊ မကျည်း

တရုတ် ပြည် မှာ ပတူ ကိုက်လို့  လူ ၃၀ ကျော် သေဆုံး ၊ မုတ်သုံရာသီ ဥတု ဒေသ များ တွင် ပတူ အန္တရာယ် သတိရှိရန် ကမ္ဘာ့  ကျန်းမာရေး အဖွဲ့  က နှိုးဆော်

တရုတ် ပြည် မှာ ပတူ ကိုက်လို့  လူ ၃၀ ကျော် သေဆုံး ၊ မုတ်သုံရာသီ ဥတု ဒေသ များ တွင် ပတူ အန္တရာယ် သတိရှိရန် ကမ္ဘာ့  ကျန်းမာရေး အဖွဲ့  က နှိုးဆော် 

၂၇.၉.၂၀၁၃၊ သောကြာနေ့

တရုတ် ပြည် တောင်ပိုင်း ရှန်စီ ပြည်နယ် မှာ ပတူ ကောင် ကိုက် လို့  လူ ၆၀၀ ကျော် ဒဏ် ရာရရှိ ပြီး ၃၀ ကျော် သေဆုံး သွားခဲ့ ပြီ ဖြစ် ပါတယ်။ ဇူလိုင် လဆန်း ထဲ က ကြီးထွား ပေါက် ဖွား နှုန်း မြန်လာ တဲ့ ပတူ ကောင် တွေ ဟာ အဲဒီ ဒေသ က လယ်သမား တွေ ၊ ကျောင်း နေ ကလေး တွေ နဲ့  ဒေသခံ တွေ ကို တိုက်ခိုက် ခဲ့ တာ ဖြစ်ပါတယ်။ 

ပတူတိုက်ခိုက်မှု ကြောင့် ကျောက်ကပ် ပျက်စီး ပြီး ဆေးရုံ တက်နေရသူ တစ်ဦး က သူတို့  က ပို ပြေး လေ ပိုလိုက် လေ ပဲ လို့  ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။

အာရှတိုက် ပတူ ကောက် တွေ ဟာ နှစ်လ မ ကျော် အရွယ် ထိ ကြီး ထွား နိုင်ကာ ပို ပြီး တော့ အဆိပ် ပြင်း ပြီး လူရဲ့  အသား ကို ခဏ အတွင်း မှာ ပျက် စီး စေ နိုင် တဲ့ အား အပြင်း ဆုံး အဆိပ် ကို ထုတ် နိုင်တယ် လို့  အင်းဆက် လေ့လာ တဲ့ သိပ္ပံ ပညာ ရှင် တွေ က ပြော ပါတယ်။

Vespa mandarinia ဆို တဲ့ ပတူကောင် ကောက်မျိုးဟာ အာရှ တိုက်မှာ ပေါက် ဖွား တဲ့ အဆိပ် အပြင်း ဆုံး အင်းဆက် မျိုး ဖြစ်ကာ တရုတ် နဲ့  အရှေ့ တောင် အာရှ နိုင်ငံ တွေ မှာ ကျက်စားတတ်ပါတယ်။

FNG

တရုတ် ပြည် တောင်ပိုင်း ရှန်စီ ပြည်နယ် မှာ ပတူ ကောင် ကိုက် လို့  လူ ၆၀၀ ကျော် ဒဏ် ရာရရှိ ပြီး ၃၀ ကျော် သေဆုံး သွားခဲ့ ပြီ ဖြစ် ပါတယ်။ ဇူလိုင် လဆန်း ထဲ က ကြီးထွား ပေါက် ဖွား နှုန်း မြန်လာ တဲ့ ပတူ ကောင် တွေ ဟာ အဲဒီ ဒေသ က လယ်သမား တွေ ၊ ကျောင်း နေ ကလေး တွေ နဲ့  ဒေသခံ တွေ ကို တိုက်ခိုက် ခဲ့ တာ ဖြစ်ပါတယ်။

သရုပ် ဆောင်၊ ဒါရိုက်တာ ဇာဂနာ အဆုတ်ရောင်ရောဂါ ရုတ်တရက် ခံစားရ


သရုပ် ဆောင်၊ ဒါရိုက်တာ ဇာဂနာမှာ အဆုတ်ရောင်ရောဂါ ခံစားနေရ ပြီး အသက်ရှူမဝသည့် အတွက် အောက်ဆီဂျင် အကူအညီယူနေ ရကြောင်း သိရသည်။

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။
အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လျှပ်စစ်မီး ၂၄ နာရီအပြည့်လာသောကြောင့် ၀ါယာရှော့ခ်ဖြစ်ပြီး အိမ်မီးလောင်ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် မီး၂၄နာရီ ရရှိပြီးနောက် ဝါယာရှော့ဖြစ်၍ မီးလောင်မှုတစ်ခု စိမ်း ရတနာမွန်(မြောက်)ရပ်ကွက် အိမ်အမှတ် စမ-၇တွင် ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

" အောင်ရဲလင်းကိုယ်တိုင် လက်မှတ်ထိုးရောင်းချမည့်ပွဲ

သရုပ်ဆောင် အောင်ရဲလင်းကိုယ်တိုင် Acer SmartPhone Liquid Z3 ဝယ်ယူသူတိုင်းကို ဖုန်း၏ Flip Cover တွင် အမှတ်တရလက်မှတ်ထိုး ရောင်းချပေးမည့် အစီအစဉ်ကို Junction Mawtin Promotion Area မှာ နံနက် ၉း၀၀ နာရီမှ ည ၈ နာရီအထိ ပြုလုပ်ကျင်းပမည်ဖြစ်သည်။ နံနက် ၉ နာရီနှင့် မွန်းလွဲ ၁ နာရီ နှစ်ချိန်ခွဲပြီး

မိုက်ကယ်စကိုးဖီး လည်း ယောင်္ကျားအစစ် မဟုတ်

မိုက်ကယ်စကိုးဖီးလို့လူသိများတဲ့ Wentworth Miller လို့အမည်ရတဲ့ မင်းသားကို အတော်များများ သိကြမှာပါ။ Prison Break အမည် ရ ထောင်ဖောက်ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား တစ်ဦး ဖြစ် ပါတယ်။
၂၀၀၇ ခုနှစ်တုန်းက InStyle မဂ္ဂဇင်းမှာ ဂေး ဟုတ်မဟုတ် မေးမြန်းမှု ကို ငြင်းပယ် ခဲ့ပြီး ယခု သြဂုတ်လအတွင်းမှာ တော့ လိင်တူချင်း ချစ်ခင်နှစ်သက်တဲ့ ဂေး တစ်ဦး ဖြစ်ကြောင်း ပွင့်ပွင့် လင်းလင်း ဝန်ခံကြေညာ သွားပါတယ်။

INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ


တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမို အားကောင်း လာပြီး၊ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 20W(TWENTY) အဆင့်သို့ ရောက်ရှိ လာပြီဖြစ် ပါသည်။

ရောင်နီဦး ကုမ္ပဏီမှ မြန်မာနိုင်ငံအတွက် ပထမဆုံး International School Bus တင်သွင်း



ရောင်နီဦး ကုမ္ပဏီမှ ဂျပန်-တရုတ် ဖက်စပ်ကုမ္ပဏီ ဖြစ်သည့် ZNA & DONGFENG နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ပထမဆုံး Internatinal School Bus ကို တင်သွင်းခဲ့ကြောင်း သိရသည်။
DONGFENG School Bus သည် U-Vane အမျိုးအစား ၁၇ ယောက်စီးကား ဖြစ်သည်။ DONGFENG School Bus ကို ရောင်းဈေး ကျပ်သိန်း ၃၅၀ သတ်မှတ်ထားပြီး ကီလိုငါးသောင်း Warranty ၂ နှစ် ပေးမည်ဖြစ်ကြောင်း သိရသည်။