Monday, January 6, 2014

ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်

ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

၂၀၁၃ ခုနှစ်အတွင်း မန္တလေးခရိုင်၌ ယာဉ်တိုက်မှုဖြစ်ပွားနှုန်း ယမန်နှစ်ထက်လျော့ကျ

၆၉ လမ်းနှင့် မန္တလေးတက္ကသိုလ် ပတ်လမ်းတွင် ယာဉ်ကြောရှုပ်ထွေးမှုအား တွေ့ရစဉ်
၂၀၁၃ ခုနှစ် မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် လျော့ကျလာကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး) ၏ စာရင်းဇယားများအရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၅၅၆ မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၉၂ ဦး၊ ဒဏ်ရာရသူ ၆၅၅ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၀၁ မှုရှိခဲ့ရာတွင် သေဆုံးသူ ၁၈၆ ဦးနှင့် ဒဏ်ရာရရှိသူ ၄၉၂ ဦးရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိ

ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် နှစ်စဉ်သေဆုံးသူ လူဦးရေ ၁ ဒသမ ၂ သန်းရှိပြီး ဒဏ်ရာရရှိသူ၊ မသန်စွမ်းဖြစ်သူ သန်း ၅၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ၏ ပြောကြား ချက်အရ သိရသည်။

ဝန်ကြီးချုပ်မှ ဇန်န၀ါရီ ၅ ရက် သူနာပြုတက္ကသိုလ်တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ယာဉ်တိုက် မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။