မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စံချိန်တင် များပြား လာမှုနှင့်အတူ ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများကို ပြန်လည်ပြုပြင် ဖွင့်လှစ်ထားသော ဟိုတယ်အသေးစား (Boutique Hotel) များ များစွာပေါ်ထွက်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်လျက်ရှိသည်။
Wednesday, January 8, 2014
ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်နှင့် ဆိုင်ခန်းများကို ဟိုတယ်အဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်ထားသော ဟိုတယ်အသေးစားများစွာ ပေါ်ပေါက်လာနိုင်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စံချိန်တင် များပြား လာမှုနှင့်အတူ ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများကို ပြန်လည်ပြုပြင် ဖွင့်လှစ်ထားသော ဟိုတယ်အသေးစား (Boutique Hotel) များ များစွာပေါ်ထွက်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်လျက်ရှိသည်။
ဝန်ထမ်းလစာ "နှစ်သောင်း" တိုးမယ်
အစိုးရဝန်ထမ်းတွေကို လစာ နှစ်သောင်း တိုးပေးတော့မယ်လို့ ဒီမနက် ပြုလုပ်တဲ့
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိန်က
ပြောလိုက်ပါတယ်။
"ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း
နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့်
ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း
လျာထား ပါကြောင်း ပြောကြားလိုပါတယ်"
သူ့ရဲ့ နိဂုံးချုပ်မိန့်ခွန်းမှာ အဲဒီလို ပြောလိုက်တာပါ။
နိဂုံးချုပ်မိန့်ခွန်းအပြည့်အစုံကို သမ္မတရုံးအင်တာနက်စာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
ဝန်ထမ်းများ လစာတိုးမည်၊ ကုန်ဈေးနှုန်းမြင့်မည်မဟုတ်
၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဝန်ထမ်းများအားလုံးအား
သတ်မှတ်လစာထက် ကျပ်နှစ်သောင်းကို ထပ်မံတိုးမြှင့်နိုင်ရေးအတွက်
သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအတွင်း၌ ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာ(၇)ရက်နေ့
ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှ သိရှိရသည်။
နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ပေးရန်အတွက် သမ္မတမှ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြသွား မည်ဖြစ်ကြောင်း ၊ ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးချက် များပြီးမှသာ တိုးမြှင့်နိုင်ရေး မှာ သေချာ မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြု ပြောကြားသည်။

မြန်မာအမျိုးသမီးများအား တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ယခုလွှတ်တော် ကာလအတွင်း ဦးသိန်းညွန့်တင်သွင်းမည်
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်မှု ပေးနိုင်ရန်နှင့်
လူဦးရေမြင့်မားသည့် အိမ်နီးချင်း တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏
အန္တရာယ်မှ ပိုမိုကာကွယ်ပေးနိုင်ရန် ၁၉၅၄ ခုနှစ် ဗုဒ္ဓ ဘာသာ
မြန်မာအမျိုးသမီးများ အထူးထိမ်းမြားသည့်
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ရှိ လွှတ်တော် ကာလအတွင်း တင်ပြသွားမည်ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven ကို
ပြောကြားသည်။
မြန်မာနိုင်ငံမှ မြန်မာအမျိုးသမီးများ အနေဖြင့် နိုင်ငံခြားသားများနှင့် လက်ထပ်သည့်အခါတွင် အခွင့် အရေးများ၊ ရပိုင်ခွင့်များ မဆုံးရှုံးစေရန်နှင့် ယခုခေတ်ကာလနှင့် မကိုက်ညီတော့သည့် အချက် များကို ပြင် ဆင်ချက် တင်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ ပထမအကြိမ် လွှတ်တော် ကာလ အတွင်းဖြစ်သည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် တင်သွင်းသွားမည်ဟု ၎င်းကပြောကြားသည်။

စစ်တွေမြို့၌ လူနာစောင့်မပါ၍ ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင် တစ်ညနှင့်တစ်ရက် နေပြီးမှ ဆေးရုံတက်ကုသစဉ် သေဆုံး
လူနာစောင့်မပါသဖြင့် ဆေးရုံတက်ခွင့် မရသူတစ်ဦး လမ်းဘေးတွင်
တစ်ညနှင့်တစ်ရက်နေပြီးမှ လူမှုရေး အဖွဲ့အစည်းများ တာဝန်ယူကာ ဆေးရုံသို့
တက်ရောက်ကုသခွင့်ရရန် ကူညီခဲ့ သဖြင့် ဆေးရုံ တက်ရောက်နိုင်ခဲ့သော်လည်း
ကုသနေစဉ် သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု ဇန်န၀ါရီ ၄ ရက်က စစ်တွေဆေးရုံတွင်
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက ဆေးရုံတက်ခွင့် မရတဲ့အတွက် ဆေးရုံဝင်ပေါက် ဘေးနားကမြောင်းမှာ တစ်ညနဲ့တစ်ရက်တောင် ကြာသွားတယ်။ ညနေပိုင်းမှ လူမှုအဖွဲ့အစည်းတွေက လူနာစောင့်အဖြစ် စောင့်ပေး မယ်ပြောပြီး ဆေးရုံ တင်တယ်။ ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ အစောကတည်းက ဆေးရုံတင်ခဲ့မယ်ဆိုရင် မသေနိုင်ဘူး” ဟု စစ်တွေမြို့မှ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုသန်းအေးက ပြောကြားသည်။

Subscribe to:
Posts (Atom)