Sunday, January 26, 2014

လေးပွင့်ဆိုင်တွေ့ဆုံရေး ထပ်မံတောင်းဆိုရန် စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: လေးပွင့်ဆိုင်တွေ့ဆုံရေး ထပ်မံတောင်းဆိုရန် စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Sunday, January 26, 2014

သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံပွဲ အတွက် ထပ်မံ တောင်းဆိုရန် စဉ်းစားနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

““ဒါ စဉ်းစား နေပါတယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကတော့ လုပ်ရမှာပေါ့””ဟု လေးပွင့် ဆိုင် တွေ့ဆုံမှု အတွက် ထပ်မံ တောင်းဆိုရန် ရှိ၊မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

““ဘယ်ကိစ္စမဆို တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုနဲ့ အဖြေရှာပြီး ဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေး မှုများကို ကြိုဆိုတယ်။ လက်ခံတယ်။ တကယ်လို့ ထပ်ပြီး ကြိုးစားတောင်းခံ လာမယ်ဆိုရင် မိမိဘက်ကတော့ လက်ခံမှာဖြစ်ပါတယ်”” ဟု ဇန်န၀ါရီ ၂၃ ရက် က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် သမ္မတအပါအ၀င် လွှတ်တော်၊ တပ်မတော်ခေါင်းဆောင်များနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု ကမ်းလှမ်းချက်ကို အစိုးရအဖွဲ့က ယနေ့အထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။ သို့သော် သမ္မတ၏ ဇန်န၀ါရီ ၂ ရက်က ပြောကြားခဲ့သော ရေဒီိယိုမိန့်ခွန်းတွင်မူ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်သော တောင်းဆိုချက်များအတွက် အဖွဲ့အစည်းပေါင်းစုံကို အစဉ် တံခါးဖွင့်တွေ့ဆုံခဲ့ပြီး တစ်ခါတစ်ရံတွင် နိုင်ငံရေးအင်အားစုများ၏ အားမလိုအားမရဖြစ်မှုကို သဘာဝကျသည်ဟု လက်ခံထားကြောင်း ထည့်သွင်းပြောကြားသွားသည်။

““ဒီလိုအခြေအနေတွေအားလုံးကို နိုင်ငံရေးအရှိတရားအနေဖြင့် ခံယူပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှုစွမ်းရည် မြှင့်တင်ကြဖို့လည်း တိုက်တွန်းပါတယ်””ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီလည်း ရှိသည့်အတွက် ကော်မတီ၏ အစီရင်ခံစာထွက်လာပြီးမှသာ အဆိုပါကိစ္စကို စဉ်းစားသင့်ပြီး နိုင်ငံရေးပါတီများစွာရှိနေသည့်အတွက် ပါတီတစ်ခုတည်းနှင့် တွေ့ ဆုံခြင်းက သင့်တော်၊ မတော်ကိုလည်း စဉ်းစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် စတင်ကမ်းလှမ်းချိန်တွင် ပြန်လည်ဖြေကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုကို သူရဦးရွှေမန်းကသာ ပါဝင်ကူညီမည်ဆိုပါက ကောင်းသည်ဟု ပြောခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲရန် ကြိုးစားရမည်ဟုလည်း ပြောကြားခဲ့သည်။

Author: အိဖြူလွင် ၊ ဥက္ကာကိုကို

7day Daily

ချင်းပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) / 7day Daily
ချင်းပြည်နယ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် 
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
သမ္မတ၊ လွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ လေးပွင့် ဆိုင် တွေ့ဆုံပွဲ အတွက် ထပ်မံ တောင်းဆိုရန် စဉ်းစားနေသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်သည်။

အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်လျှင် စားသုံးသူအား အကြိတ် ကင်ဆာ ဖြစ်ပွားနိုင်

Photo: အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်လျှင် စားသုံးသူအား အကြိတ် ကင်ဆာ ဖြစ်ပွားနိုင်
Sunday, January 26, 2014

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။

အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။

ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။

Today Myanmar
သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။

ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး

Photo: ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး 
Sunday, January 26, 2014

တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။

တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။

ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင် ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ် နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့် ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင် စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို ဂရုပြုမိဖို့ လိုပါတယ်။

၂။ သံဓာတ် လိုအပ်ပါတယ် အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ် ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မ၀ခြင်း၊ လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက် အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။ ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။

၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ် ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက် မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန် ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့ ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ် ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန် လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး အိပ်ရေး ၀အောင် အိပ်ပါ။ အိပ်ရေးဝ မှ အားအင် ပြည့်မှာပါ။

၎။ ကာလရှည် မောပန်းပါက သတိထားပါ တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည် မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။

၅။ Coenzyme Q10 လိုပါတယ် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ် ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့ အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။

၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ၀စေနိုင် ပါတယ်။

၇။ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ် ရုံးမှာ ကျတော့ မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက် ကြောင့်ပါ။ သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီဝ နာရီဟာ နေ့လယ် နှစ်နာရီ ၀န်းကျင်လောက်မှာ ခန္ဓာကိုယ်ကို အားလျော့ စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။

၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ သိုင်းရွိုက် ဂလင်းတွေဟာ ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့ သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း ကိုလည်း ဖြစ်တတ် ပါတယ်။

၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ် ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက် များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊ ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

၁၀။ သဘာဝ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့ ရွှေရောင် အမြစ်လို့ ခေါ်တဲ့ Rhodiola သဘာဝ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည် သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။

၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ် အိပ်စက်ခြင်း ပြဿနာ တစ်ခု ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ် ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့် အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။

၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း လေ့ကျင့်ခန်း လုပ်ပေးပါ။

၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ် ကာဗိုဟိုက်ဒရိတ်က အားများ စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ အားပြည့်စေ ပါတယ်။

၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့ နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့ မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။ အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။ အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။

၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့ * လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။ * ရေသောက် လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
* ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း တက်ကြွ လာပါ လိမ့်မယ်။
* သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
* ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း နွမ်းလျခြင်းကို လည်း ပျောက်စေ ပါတယ်။

Ref:Myanmar Network
တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။
တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်

 Photo: ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်
Sunday, January 26, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။

တရုပ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြားမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ်အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ဖက်ကပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း၊ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ တရားဝင်ဖိတ်ကြားဖို့လိုကြောင်း RFA ကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ထုတ်တဲ့ တရုပ်သတင်းစာမှာတော့ အစိုးရတစ်ပိုင်းအဖွဲ့တွေ အရင်က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သံအမတ်ကြီး ယနဟိုးလန်က သူတို့အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာပြည်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်မှာဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း ရေးသားထားပါတယ်။

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင် အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြား တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။

မလေးရှားနိုင်ငံ တရားမဝင်မြန်မာလုပ်သား ပြန်လာချင်လျှင် မြန်မာသံရုံးကိုဆက်သွယ်နိုင်

မလေးရှားနိုင်င်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမား များ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဆက်သွယ်ကာ ပြန် လာနိုင် သည် ဟု အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူးလုံးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုး ချူပ် ဦးမျိုးအောင်က မဇ္ဈိမ ကိုပြော သည်။

နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ

Photo: နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
Sunday, January 26, 2014

နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။

Ref: medic-fact, wiki
International news for myanmar
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေး နည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်

Photo: အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်
Sunday, January 26, 2014

ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည် ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းလေးကျောင်းမှ ကျောင်းသား ကျောင်းသူ တစ်သောင်းတစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက်က The Voice သို့ ပြောကြားသည်။

“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်းနီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။

ထို့ပြင် လက်ရှိ ကျောင်းသားများနှင့် တိုက်ရိုက် ပတ်သက်နေသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဆွေးနွေးရာတွင် တာဝန်ရှိလူကြီးများ အနေနှင့် လူကြီးလူကောင်း ဆန်ဆန် ပွင့်လင်းမြင်သာမှု ရှိစွာ၊ တာဝန်ယူမှု ရှိစွာဖြင့် ကျောင်းသားများကို အရေးတယူ အသိပေး ဆောင်ရွက်ပေးရန် နည်းပညာ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ထားသည်။

“အဆင့်မြင့် ပညာကဏ္ဍမှာ နည်းပညာ ကျောင်းသားနဲ့ ကွန်ပျူတာ ကျောင်းသားများ၊ ဆရာဆရာမများမှ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော အဆင့်မြင့်ပညာ ကဏ္ဍဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး မည်သည့် အကြံပြုချက်ကိုမဆို ပညာရေး မြှင့်တင်မှု ကော်မတီရှိ လုပ်ငန်းအဖွဲ့ (Working Group) က လက်ခံသွားမည် ဖြစ်ကာ မည်သူမဆို ဝင်ရောက် အကြံပြုနိုင်ကြောင်း ဝန်ကြီးဌာနများက ဖိတ်ခေါ်ထားသည်။

The Voice Weekly
ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်း သားကျောင်း သူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည်ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေးနည်းပညာတက္က သိုလ် ကျော င်းေ လးကျောင်း မှ ကျောင်းသား ကျောင်းသူ တစ်သောင်း တစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက် က The Voice သို့ ပြောကြားသည်။

KIA မှ စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသားများအရေး ဆွေးနွေးရန် MPC သို့ ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်မှုမရှိသဖြင့် KIA အလုပ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ထားဟု ရှမ်းရေးရာအဖွဲ့ပြောကြား

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့၏ စုဆောင်းခံရသည့် ရှမ်း တိုင်းရင်း သားများအရေး ဆွေးနွေးရန် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဗဟိုဌာန(MPC)သို့ ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ KIA အလုပ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ထားဟု ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သိရသည်။

ခြင်ဆေး တစ်ခွေ သည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ နေ့စဉ် ရှူရှိုက်ရ ပါက ဆေးလိပ်သောက် သူ များထက် အသက် အန္တရာယ် ပိုဖြစ်နိုင်

Photo: ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ နေ့စဉ်ရှူရှိုက်ရပါက ဆေးလိပ်သောက်သူများထက် အသက်အန္တရာယ် ပိုဖြစ်နိုင်
Sunday, January 26, 2014

ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများအနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ဓာတုကုန်ထုတ်လုပ်သူများ အသင်းမှ အလုပ်အမှုဆောင် ဒေါ်စန္ဒီ အောင်က ““ဆေးလိပ်သောက် တဲ့သူတောင် ကျန်းမာရေးကို ထိခိုက်နိုင်တာ။ ခြင်ဆေးခွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးပမာဏ က ဆေးလိပ်ပေါင်း မြောက်မြား စွာနဲ့ညီမျှတယ်လို့ သုတေသန ပြုလုပ်ချက်အရသိရတယ်။ သု တေသနပြုတဲ့ ခြင်ဆေးခွေမှာ ပါတဲ့ ပိုးသတ်ဆေးပမာဏအ ပေါ်မူတည်ပြီး ဘယ်နှလိပ်နဲ့ညီ မျှတယ်လို့သာ ကွာသွားတာ။ ဒါကြောင့် ခြင်ဆေးငွေ့ကိုရှူ ရှိုက်တဲ့သူ တွေက ဆေးလိပ် သောက်သူတွေထက် အသက် အန္တရာယ်ပိုဖြစ်နိုင်တဲ့အတွက် ခြင်ဆေးခွေအစား ရိုးရာနနွင်း တက်ကိုပဲ သုံးသင့်တယ်””ဟု ထုတ်ဖော်ပြောသည်။

““ခြင်ဆေးခွေတစ်ခွေထွန်း ထားတယ်ဆိုရင် ခြင်ကိုထိခိုက် စေတာက နည်းနည်းပါ။ အမှန် တကယ်က အဲဒီခြင်ဆေးခွေ အနီးမှာရှိနေတဲ့ လူကြီးတွေ၊ ကလေးတွေက ပိုပြီးရှူမိတဲ့ ပမာဏပိုများပါတယ်။ ကလေး တွေမှာ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာရောဂါဖြစ်ရတာက ခြင် ဆေးခွေထွန်းတာ အဓိကအ ကြောင်းအရင်းဖြစ်ပါတယ်။ တစ် ရက်တည်းနဲ့ ခြင်ဆေးငွေ့တွေ ကို အကြာကြီးရှူမိရင်လဲ အ သက် အန္တရာယ်ဖြစ်နိုင်သလို နေ့စဉ်ရှူရင်လဲ ရေရှည် အဆိပ် သင့်ပြီး အသက် အန္တရာယ်ဖြစ် နိုင်ပါတယ်။ ကျန်းမာရေးဌာန အနေနဲ့ ခြင်ဆေးခွေထွန်းတာ ကိုလုံးဝအားမပေးပါဘူး။ ကန့် ကွက်ပါတယ်””ဟု ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ သာထွန်းကျော်က ထုတ် ဖော် ပြော ကြားလိုက်သည်။

ခြင်ဆေးခွေတွင် များသော အားဖြင့် ခြင်များပြေးစေရန် နှင့် ခြင်များသေစေရန် Pyrethroid အုပ်စုမှ Permethrin ပိုးသတ်ဆေးများကို အများဆုံး အသုံးပြုရပြီး တချို့သောခြင် ဆေးခွေများမှာ  Deltamethrin  ပိုးသတ်ဆေးကို အသုံးပြု ကြ ကြောင်း၊ ဖြစ်နိုင်ပါက ခြင်ဆေး ခွေကိုလုံးဝမထွန်းဘဲ အန္တရာယ် မရှိသော ခြင်ပြေးစေသည့်မီး သီး၊ မီးချောင်း၊ ခြင်ပြေးစက်၊ ခြင်လုံဆန်ခါ စသည့်တခြား သော နည်းလမ်းများကိုသာအ သုံးပြုသင့်ကြောင်း၊ ခြင်မကိုက် ရန်အတွက် လိမ်း သော လိမ်းဆေးများကို ပိုးသတ်ဆေးများ ပါဝင်ပါက အရေပြားမှတစ်ဆင့် စိမ့်ဝင်နိုင်သဖြင့် ရေရှည်အသုံး မပြုသင့်ကြောင်း သိရသည်။

နွေဦးလင်း
Yangon Media Group
ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများ အနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။

Saturday, January 25, 2014

ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေးအတက်အကျခန့်မှန်း နည်းစနစ်သင်တန်းပြီးပါက အရောင်းအဝယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်မည် ဟုဆို

Photo: ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေးအတက်အကျခန့်မှန်း နည်းစနစ်သင်တန်းပြီးပါက အရောင်းအဝယ်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်မည် ဟုဆို
Saturday, January 25, 2014

ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေး အတက်အကျခန့်မှန်းနည်းစနစ် သင်တန်းတက်ပါက အရောင်း အဝယ်နှင့်ပတ်သက်သော ဆုံးဖြတ် ချက် မှန်မှန်ကန်ကန်ချနိုင်မည်ဖြစ် ကြောင်း လန်ဒန်မှငွေကြေးဈေးကွက် ခန့်မှန်းပညာရှင်ဦးအောင်သိန်းထွန်း ကပြောသည်။ 

ထိုသင်တန်းတွင် ဒီဇိုင်းဆွဲထား ပေးသည်မှာ အပြည်ပြည်ဆိုင်ရာ Financial မားကက်တွင် ဈေးကွက် များဘယ်ကိုသွားမည်ဆိုသည်ကို ခန့်မှန်းပြီးသုံးလို့ရကြောင်း၊ သင် ကြားမည့်စနစ်များမှာ စနစ်တကျ လေ့လာထားသော ဘာသာရပ်များ ဖြစ်ပြီး ထိုစနစ်များကို ပြည်ပက သာကျင့်သုံးကြောင်း၊ ပြည်ပတွင် ရှိသောရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ပတ်သက်သော အဖွဲ့အစည်းများက လည်း ၄င်းစနစ်ကိုသုံးပြီး ယင်းနည်း စနစ်များကို ပြည်တွင်းတွင်သုံးခြင်း အားဖြင့် ဘက်မှန်သည့်နေရာတွင် နေနိုင်ပြီး အခြားသူများ၏ မှန်းဆ ချက်များကို အားကိုးစရာမလိုဘဲ ကိုယ်တိုင် ဝင်ရောက်ခန့်မှန်းကြည့် ၍ရကြောင်း ၄င်းကပြောသည်။

''ကျွန်တော်တို့လုပ်နေတာက ကမ္ဘာ့ Financial မားကက်တစ်ခု ထဲမှာတင်မဟုတ်ပါဘူး။ ကျွန်တော် တို့သုံးထားတဲ့ နည်းစနစ်တွေက မြန်မာ့ရွှေ၊ ငွေကြေးပေါ့။ ကမ္ဘာ့ ဈေးကွက်စနစ်တကျ ပက်ပလိတ် လုပ်ထားတဲ့ဈေးကွက်တွေ အကုန် လုံးကို ကျွန်တော်တို့ကခန့်မှန်းနိုင် ပါတယ်။ နောက် စတော့မားကက် ကြီးပေါ်လာရင် စတော့ဈေးကွက် တွေ၊စတော့ရှယ်ယာတွေ တစ်ရက် ရက်မှာ အတက်အကျတွေအများ ကြီးဖြစ်နေတော့မယ်။ ဖြစ်ရင်ဘယ် ရှယ်ယာတွေက ဝယ်သင့်လဲ၊ ဘယ် ရှယ်ယာတွေက ရောင်းသင့်လဲဆို တာကိုဘယ်သူ့ဆီမှ အားကိုးစရာ မလိုဘဲနဲ့ ကိုယ့်ဘာသာဆုံးဖြတ် ချက်ချနိုင်တဲ့အဆင့်၊ အဲဒါမျိုးကို ကျွန်တော်တို့ ဆွဲတင်ချင်ပါတယ်''ဟု ¤င်းကပြောသည်။ သင်တန်း သင်ကြားရသော အဓိကရည်ရွယ် ချက်မှာ ရွှေ၊ ငွေ ဆိုသောနေရာတွင် မြန်မာနိုင်ငံရွှေဈေးကွက်မဟုတ် သော အပြည်ပြည်ဆိုင်ရာတွင်ထုတ် သောနည်းစနစ်များကို ပြည်တွင်းရှိ ပြည်သူများကိုချပြပြီး နောင်တစ် ချိန်တွင် Financial မားကက်ကျယ် ကျယ်ပြန့်ပြန့်ဖြစ်လာသော အချိန် တွင် အများစုမှာအရောင်းအဝယ် နှင့် ပတ်သက်သော ဆုံးဖြတ်ချက် များ မှန်မှန်ကန်ကန်ချနိုင်ရန် ရည် ရွယ်ကြောင်း၊ ၄င်းဘာသာရပ်သည် မြန်မာပြည်တွင်မရှိသေးသောဘာ သာရပ်ဖြစ်သည့်အတွက် ပြည်သူ များ စနစ်မှန်မှန်ရစေချင်ကြောင်း ၄င်းကပြောသည်။

The Union Daily 
ကမ္ဘာ့ရွှေနှင့် ငွေကြေးဈေး အတက်အကျခန့်မှန်းနည်းစနစ် သင်တန်းတက်ပါက အရောင်းအဝယ်နှင့် ပတ် သက်သော ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချနိုင်မည်ဖြစ်ကြောင်း လန်ဒန် မှငွေကြေးဈေးကွက် ခန့်မှန်း ပညာရှင် ဦးအောင်သိန်းထွန်း ကပြောသည်။ 

ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံးရေတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မားနေခြင်း လွှတ်တော် ကွင်းဆင်းစစ်ဆေးမည်

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ သောက်သုံး ရေတွင်းနှင့် ရေကန်များတွင် အာဆင်းနစ်ဓာတ် ပါဝင်နှုန်း မြင့်မားနေသောကြောင့် ကျန်းမာရေး ထိခိုက်မှု ရှိလာနိုင်သဖြင့် ယင်းမြို့နယ်ကို အထူးဇုန် သတ် မှတ်ကာ လွှတ်တော်က ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။

စမ်းချောင်းမြို့နယ်သမဝါယမအသင်းကိုဆန္ဒပြမည်ဟုဆို

စမ်းချောင်းမြို့နယ် သမဝါယမအသင်းသည် မတရားမှုများရှိ သည်ဟုဆိုကာ အသင်း ဝင်ဟောင်း များက ယခုလ ၂၈ရက်တွင် ယင်းအသင်း၏ရုံးခန်းရှေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ ဦးကျင်ထက်ကိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများ ကို မြန်မာအစိုးရမှ တရားဝင်အသိမှတ်ပြုနိုင်ရန် ဇန်န၀ါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ် သွား မည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစော အဲ့နာ က ပြောဆိုလိုက်သည်။

တရုတ်သီးနှံများ ဈေးတက်သော်လည်း အရောင်းလိုက်ဆဲ

တရုတ်ပြည်ဖက်မှ သီးနှံများ ယခုရက်ပိုင်းများအတွင်း ဈေးနှုန်းများ ရုတ်တရက် မြင့်တက် လာခဲ့ကြော င်း မြစ်ကြီး နား သစ်သီးပွဲရုံများက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ယူထားသောကြောင့် ကြည်း၊ ရေ၊ လေ ရဲအရာရှိများ မလိုအပ်ဟုဆို

နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း တာဝန်များကို တပ်မတော်က တာဝန်ယူ ဆောင် ရွက်နေသောကြောင့် အခြားနိုင်ငံများကဲ့သို့ ကြည်း၊ ရေ၊ လေ ရဲအရာရှိများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန် မလို အပ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

ချင်းအမျိုးသားနေ့တွင် ချင်းတိုင်းရင်းသူကြီးများ သိန်း ၄၀ တန် ရိုးရာလည်ဆွဲ ဝတ်ဆင်၍ ပွဲတက်မည်

ချင်းတိုင်းရင်းသားတို့၏ ၂၀၁၄ ခုနှစ် ချင်းအမျိုးသားနေ့ကို ချင်းပြည် နယ်တောင်ပိုင်း မင်းတပ် မြို့တွင် ထူးခြားစွာ ကျင်းပမည်ဖြစ်ရာ မင်းတပ်ဒေသရှိ ဂုဏ်သရေရှိ အမျိုးသမီးကြီးများက သိန်း ၄၀ တန် ရှေးရိုးရာ လည်ဆွဲရတနာ ကိုဝတ်ဆင်ကာ ပွဲတက်မည်ဖြစ် ကြောင်း မင်းတပ်မြို့ တွင်နေ ထိုင်သည့် ဦးဝမ္မသူးမျိုးနွယ်စု မှ အမျိုးသမီးကြီး မောင်စိုးလာ (ခေါ်)ခေါလမ်းက ပြောသည်။

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

Photo: အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ
Saturday, January 25, 2014

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ
Source:MDI
Health Updates Journal
သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများ သည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှု တွင် ဖော်ပြ ထားသည်။

ဒုချီးရားတန်း ကိစ္စ နိုင်ငံတကာမှာ ဂယက် ရိုက်ဆဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသေဆုံး ခဲ့တယ် ဆိုတာတွေအပေါ် အထူးပဲ စိတ်မချမ်းမြေ့ဖြစ်ရတယ်လို့ အမေရိ ကန်ပြည်ထောင်စု က ပြောလိုက် ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အလေးပေး စောင့်ကြည့်နေ ပြီး ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာ အစိုးရ ကို တောင်းဆိုနေတယ်လို့ ဥရောပသမဂ္ဂ EU ကလည်း ပြောပါ တယ်။ ဒါ့အပြင် ကုလသမဂ္ဂကလည်း အန္တရာယ် ကျရောက်နေတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ မြန်မာ တာဝန်ရှိသူတွေ ကို ထပ်ပြီး တိုက် တွန်း ခဲ့ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း

Photo: မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း
Saturday, January 25, 2014

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာတိုင်းရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ်နင်းနေပြီ ဖြစ်ပါတယ်။

မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အခုလိုနှိမ်နင်းနေတာဖြစ်ပြီး၊ အလေးချိန် ၁၀ တန် ကျော်၊ မြန်မာကျပ်ငွေ သိန်း ၆ ထောင်ကျော်တန်ဖိုးရှိတဲ့ တိုင်းရင်းဆေးတွေ သိမ်းဆည်းရမိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ကွာလာလာမ်ပူမြို့ပေါ်က ဆိုင် ၅ဆိုင်မှာ မနေ့ကစလို့ မြန်မာတိုင်းရင်းဆေးတွေကို ရုတ်တရက်စီးနင်း ၀င်ရောက်သိမ်းဆည်းနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ မလေးရှားမှာ မြန်မာ့အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သာရေးနာရေးအဖွဲ့က ကိုစမ်းဝင်းက အခုလို ပြောပါတယ်။

"မြန်မာပြည်ကနေပြီးတော့ မြန်မာတိုင်းရင်းဆေးတွေနဲ့ အခြားကိုယ်ပူပျောက်ဆေးတွေကို တင်ပို့တယ်။ တင်ပို့တဲ့အခါမှာ အဲဒီဆေးတွေဟာ တရားဝင်မှတ်ပုံတင်ထားတာ မရှိဘူး။ ဒီဆေးတွေကိုတင်ပို့နေတဲ့ Myanmar syndicate အဖွဲ့ကနေပြီးတော့ မလေးရှားနိုင်ငံဘာဆာမြို့မှာ ဆိုင်တစ်ဆိုင်ရှိတယ်။ ပါဆီယူနီယံ ပူထရီဆိုတဲ့ဆိုင်မှာ စတိုးဆိုင် ငါးခုရှိတယ်။ အဲဒီစတိုးဆိုင်တွေကို မလေးရှားဖမ်းဆီးရေးအဖွဲ့တွေက မနေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးတယ်။ အလေးချိန် ၁၀တန်ခန့် ဖမ်းဆီးရမိခဲ့တယ်။ မြန်မာဆေးနဲ့ အခြားဟိုမုန်းဆေးများ၊ ကေသီပန်လိုဆေးမျိုးတွေကို ဖမ်းဆီးခဲ့တယ်။ မလေးရှားရင်းဂစ် နှစ်ဒဿမတစ်သန်း တန်ဖိုးရှိတယ်ပေါ့။"

အဲဒီဆေးတွေထဲမှာ အဖျားပျောက်ဆေး၊ ပဋိသန္ဓေတားဆေး၊ ကေသီပန်သွေးပုပ်ချဆေး၊ ဦးချန်တီလို အစာကျေဆေးတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ ဆေးအများစုဟာ မြန်မာနဲ့အိန္ဒိယနိုင်ငံလုပ် ဆေးတွေဖြစ်တယ်လို့ မလေးရှားကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Syed Fadzli က ပြောပါတယ်။

ဒီဆေးအားလုံးကို ကုန်းလမ်း၊ ရေလမ်းတွေကနေ မှောင်ခိုသွင်းယူခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

RFA Burmese
မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာ တိုင်း ရင်းဆေးတွေကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ် နင်းနေပြီ ဖြစ်ပါတယ်။

Friday, January 24, 2014

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်း ချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြော ကြား လိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်း အတည်ပြုလိုက်ပြီ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြု လိုက်ပြီဖြစ်သည်။

မလေးရှားမှာ မြန်မာတိုင်းရင်းဆေးတွေ စတင်ဖြိုခွင်း

မလေးရှားနိင်ငံမှာ တရားဝင်မှတ်ပုံမတင်ဘဲ ရောင်းချနေတဲ့ ကာမအားတိုးဆေးတွေ အပါအ၀င် မြန်မာတိုင်း ရင်းဆေးတွေ ကို မလေးရှားအာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် ရှောင်တခင် စတင်သိမ်းဆည်းနှိမ် နင်းနေ ပြီ ဖြစ်ပါတယ်။

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

Photo: နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်
Friday, January 24, 2014

ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး
Myanmartandawsint Newspaper
ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့်ရရှိရန် အစုငွေထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော် အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈) သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

Photo: မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ
Friday, January 24, 2014

မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။

“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။

(လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်))
မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့် မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာ မြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိ ခဲ့ကြောင်း မြန် မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများဖမ်းမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းလားမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင် လာသည့် ခြောက်ဘီး ကုန်တင် ယာဉ်တစ်စီးပေါ်တွင် ပေတစ်ထောင်အကွာမှ အသုံးပြုနိုင်သော စနိုက်ပါမှန်ပြောင်း ၂၅၀ နှင့် စစ်သုံးပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်ဝင်းက ပြောကြားသည်။

ဖမ်းမိသည့် ကာမစိတ်ကြွဆေးဝါးကို ဆိုင်ပိုင်ရှင်များက ရောင်းခိုင်းခြင်းမဟုတ်ဟု ပြည်ထဲရေး ဒု-၀န်ကြီးဆို

ရန်ကုန်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာများဖြစ်သည့် စိန်ဂေဟာနှင့် တော်ဝင်စင်တာတို့တွင် ဖမ်းဆီး ရမိ သော ကာမစိတ်ကြွဆေးများကို ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာများက ရောင်းချ ခိုင်းခြင်း မဟုတ်ဟု ပြည် ထဲ ရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်န၀ါရီလ ၂၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောဆိုလိုက်သည်။

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

Photo: ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ
Friday, January 24, 2014

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်းအဓမ္မကောက်ခံလျှက်ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။  

ပွင့်လင်းရာသီရောက်လာလို့ ဟိုပင် ဆယ်ဇင်း ကားလမ်းပွင့်ပြီး ကျနော်တို့ရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။ ခုတော့ KIA ကလမ်းကကားတွေကို လမ်းပြင်စားရိတ်ဆိုပြီး ၁၂ဘီးကားကို တစ်စီး ၁၅သိန်း၊ ခရီးသည်တင်ကားကို တစ်စီး ၅သိန်း ဆပ်ကြေးကောက်ခံနေပါတယ်။ ဦးဆောင်သူကတော့ KIA ဆယ်ဇင်းရွာတာဝန်ခံ ဦးဌေး နှင့် နဂါးလေးတို့ဖြစ်ပါတယ်။ ဆပ်ကြေးမပေးရင်လဲ KIA ကကားတွေကိုမီးရှို့မယ်လို့ နဂါးလေးကိုယ်တိုင်ရွာထဲမှာ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကသေးပဲ KIA ရိက္ခာအတွက်ဆိုပီး ၁၂ဘီးကို ၁၂သိန်း ခရီးသည်တင်ကားကို ၇သိန်းမပေးမနေရ ထပ်ကောက်နေပြန်ပါတယ်။ ဆပ်ကြေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်ခံနေတာကြောင့် ကားပိုင်တွေ ဒုက္ခရောက်ရသလို ကျေးရွာနေ ပြည်သူတွေကလဲ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဆပ်ကြေးပေးရခြင်းဖြင့် အတော့်ကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျာ။ DVB ကperson of the year ပေးထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် သက်ဆိုင်သူများ ဒီကိစ္စတွေကို သိသလားတော့ မသိဘူး။ သက်ဆိုင်သူတွေအနေနဲ့  အမြန်လာရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်။ 

From : .... www.MyanmarExpress.net
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။ 

စာချုပ်ဖျက်သိမ်းခံရသည့် ဧရာဝတီ ကစားသမားများ လျော်ကြေးမရဟုဆို

၂၀၁၃ မြန်မာနေရှင်နယ်လိဂ်တွင် ဧရာဝတီယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ ရာသီမစတင် မီတွင် စာချုပ်ဖျက်သိမ်းခံခဲ့ရသည့် ဧရာဝတီယူနိုက်တက်ကစားသမားများကို အသင်းမှသုံးလစာ လျော်ေ ကြးေ ငွပေး မည် ဟု ဆိုခဲ့သော်လည်း ယခုအချိန်ထိ ရရှိခြင်း မရှိသေးကြောင်း စာချုပ်ဖျက်သိမ်းခံ ရသည့် ကစားသမားလေးဦးတွင် တစ်ဦးအပါအ၀င် ဖြစ်သည့် တောင်ပံကစားသမား ညီညီမင်းက ပြော သည်။

ဘောလုံးကန်စဉ် စကားများရာမှ လူသတ်မှုဖြစ်

မှော်ဘီမြို့နယ်တွင် ဘောလုံးကစားစဉ် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးမှာ ချွန်ထက်သောအရာဖြင့် ခုနစ်ချက်ခန့်ထိ ထိုးသွင်း သတ်ဖြတ် ခံလိုက်ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဇန်န၀ါရီ ၂၃ တွင် သတင်းထုတ်ပြန်သည်။

လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့

Photo: လွှတ်တော် လာရောက်လေ့လာသည့် NLD ပါတီဝင်တစ်ဦးရုတ်တရက် သတိလစ်သွားသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲမှ ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ် ကုသပေးခဲ့
Wednesday, January 23, 2014

နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက်ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ်တရက် သတိလစ် တက်သွားခဲ့ရာ လွတ်တော်အတွင်းရှိ တပ်မတော်သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲတွင် ပါဝင်သည့် ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။

ဖြစ်ပွားချိန်မှာ နေ့လည် ၁၂ နာရီခန့်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမြင့်အေးသည် နေပြည်တော် နေ့လည် အပူရှိန်တို့ကြောင့် ယခင်အခံရှိသော ၀က်ရူးပြန်ရောဂါ ရုတ်တရက်ထ၍ သတိလစ်သွား ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ပါရဂူဆရာဝန်ကြီးများ၏ ပြုစုကုသမှုကြောင့် သတိပြန်လည် ရရှိလာခဲ့ပြီး ၄င်းအား နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦးရှိပြီး ၄င်းတို့အနက် ၅ ဦးမှာ ပါရဂူ ဆရာဝန်ကြီးများဖြစ်ကြောင်း သိရှိရသည်။

ရေးသားသူ - မောင်မြင့်နောင်
ဓာတ်ပုံ - ဥက္ကာကိုကို
နေပြည်တော် ပြည်သူ့လွှတ်တော်တွင် ကျင်းပလျက်ရှိသော ၂၃-၁-၂၀၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လာရောက်လေ့လာလျက် ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကျောက်ပတောင်း မြို့နယ်ပါတီဝင် ဦးမြင့်အေး၊ အသက် ၄၀ နှစ် ရှိသူသည် ၀က်ရူးပြန်ရောဂါကြောင့် ရုတ်တရက် သတိလစ် တက်သွားခဲ့ရာ လွတ်တော်အတွင်းရှိ တပ်မတော် သား ပြည်သူ့လွတ်တော်ကိုယ်စားလှယ် များထဲတွင် ပါဝင်သည့် ပါရဂူ ဆရာဝန်ကြီးများမှ အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ အစည်းအဝေးအား ခေတ္တရပ်နားပေးခဲ့သည်။