မြန်မာနိုင်ငံတွင်
တရားမျှတမှုမရှိသော ဥပဒေအချို့ကြောင့် မလိုလားအပ်ပဲ တရားခံများ များပြားနေ ရခြင်းဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၂၆ ရက်က စစ်ကိုင်း တိုင်းဒေသကြီး
ရွှေဘိုခရီးစဉ်တွင် ပြောကြားသည်။
“တချို့ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး။ လက်တွေ့မလိုက်နာနိုင်ဘူးဆိုရင် ဥပဒေပြဌာန်းလိုက်ကတည်း ကိုက ဒီဥပဒေကို ချိုးဖောက်ပြီးသားလူတွေ ရှိနေတယ်။ ချိုးဖောက်တာကို လက်ပိုက်ကြည့်နေကြတဲ့ တာဝန်ရှိသူများကလည်း ဥပဒေကို ထပ်ဆင့်ချိုးဖောက်လိုက်တာဖြစ်တယ်။ အဲဒီတော့ မလိုအပ်ပဲနဲ့ တရားခံတွေ မြန်မာနိုင်ငံမှာ အများကြီး ဖြစ်လာတယ်” ဟု ဦးရွှေမန်းက ပြောကြားသည်။