Wednesday, January 29, 2014

မဆုံးနိုင်သော မူးယစ်ဆေးဝါးသံသရာ



ဒီမိုကရေစီအစိုးရ တက်လာပြီးနောက် ထောင်သွင်းအကျဉ်းချခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးနေရာမှာ အမှန် တကယ်ပြစ်ဒဏ်လျော့ပေါ့သင့်သူတွေရှိသလို အပြစ်ဒဏ်က တကယ်မလွတ်သင့်တဲ့သူ တွေလည်းရှိခဲ့ပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပြစ်ဒဏ်ခံနေသူတွေကို အပြစ်ကနေ လွတ်ငြိမ်းခွင့်မပေးသင့်ပါဘူး။ လူသတ်သမား ဟာ ထောင်အပြင်လောကရောက်တာနဲ့ လူသတ်ဖို့ပဲ သူ့မှာ ရည်ရွယ်ချက်ရှိသလို မူးယစ်ဆေးဝါးသမားကလည်း မူးယစ်ဆေးဝါးပဲပြန်လုပ်မှာပါ။ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးတယ်ဆိုပေမယ့် UWSA တပ်ဖွဲ့ က မူးယစ်ဆေးဝါးခေါင်းဆောင် တွေကိုတော့ ပြန်လည်လွှတ်မပေးသင့်ပါဘူး။

ကိုယ်စားလှယ် အရွေးမခံရသဖြင့် ပါတီမှနှုတ်ထွက်ပြီး ပြန်တိုက်ခိုက်မည့် သူများ ထွက်သွားလျှင် ကောင်းမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


 
 NLD ပါတီအတွင်း ကိုယ်စားလှယ် ဖြစ်ခွင့်မရသောကြောင့် အဖွဲ့မှ နှုတ်ထွက်ပြီး အဖွဲ့ကို ပြန်ဆော်မည့် သူများ ပါတီမှ အစောဆုံး ထွက်သွားသင့်ကြောင်း နှင့် တိုင်းဒေသကြီး ၊ မြို့နယ်နှင့် ကျေးရွာ ပါတီ ကော်မတီဝင်များ၏ ပြဿနာအချို့တွင် ဗဟို၏ ဆုံးဖြတ်ချက်ကိုသာ ခံယူ ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၃-၁-၂၀၁၄ ရက်တွင် လူငယ်ကော်မတီ အချို့နှင့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံတွင် တွေ့ ဆုံစဉ် ပြောကြားလိုက်ကြောင်း သိရသည်။

မြစ်ဆုံအရေးနှင့်ပတ်သက်၍ ကြီးမားသောဟောပြောပွဲတစ်ခု ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး မြစ်ဆုံအရေးကန့်ကွက်သူ မည်သူမဆို တက်ရောက်နိုင်

ကချင်ပြည်နယ်အတွင်းရှိ မေခနှင့်မလိခမြစ်ဆုံရာ ဧရာဝတီမြစ်ဆုံဒေသ၀န်းကျင်အား ၂၀၁၃ နိုဝင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြစ်ဆုံအရေးနှင့်ပတ်သက်၍ နယ်ပယ်စုံမှ ပညာရှင်များ ဟောပြောဆွေးနွေးမည်ဖြစ်ကာ ယခုနှစ်အတွင်း ကြီးမားသော ဟောပြောပွဲတစ်ခုအဖြစ် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးဆောင်ကာ ရန်ကုန် မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေဟု မြန်မာအစိုးရရှင်းလင်း

 
ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား တွေ့ရစဉ်
သတင်းအမှားများ အသုံးပြုကာ သတင်းဖော်ပြခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။