Saturday, March 1, 2014

တရားဝင်လိုင်စင်မရှိသောယာဉ်နောက်လိုက်များအား အရေးယူရန်ခက်ခဲဟု မထသ ဝန်ခံ

Photo: တရားဝင်လိုင်စင်မရှိသောယာဉ်နောက်လိုက်များအား အရေးယူရန်ခက်ခဲဟု မထသ ဝန်ခံ
Saturday, March 1, 2014

တရားဝင်လိုင်စင်မရှိဘဲ လုပ် ကိုင်နေသည့် ယာဉ်နောက်လိုက်များ ၏ အပြုအမူများအပေါ် တိုင်ကြားမှု များရှိနေသော်လည်း အရေးယူရန် အခက်အခဲများရှိနေကြောင်း ရန် ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီး ကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောကြားလိုက်သည်။

¤င်းက ''ဗဟိုကို တိုင်တဲ့အမှုအ များစုက ကားစပယ်ယာရဲ့ ရိုင်းစိုင်း တာ၊ ယာဉ်စီးခပိုတောင်းတာနဲ့ လမ်း ကြောင်းပြောင်းဆွဲတာတွေ များတယ်။ တချို့တိုင်ကြားမှုတွေက လုပ်ကိုင်ခွင့် မရှိဘဲလုပ်တဲ့ လိုင်စင်မဲ့စပယ်ယာတွေ ရဲ့အပြုအမူတွေများတော့ ဗဟိုအနေ နဲ့ ထိထိရောက်ရောက်အရေးယူ အ ပြစ်ပေးနိုင်ဖို့ ခက်ခဲတာတွေရှိတယ်'' ဟုဆိုသည်။

တရားဝင် ယာဉ်နောက်လိုက် လိုင်စင်လျှောက်ထားမှုအတွက် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပေးသည့်(စ)လိုင်စင်ရှိ ရန် လိုအပ်ပြီး လူတွေ့စစ်ဆေးခြင်း၊ စိတ်ပညာစစ်ဆေးမှုများဖြင့် လမ်းစည်း ကမ်းလိုက်နာရမည့် ကျင့်ဝတ်များကို သင်တန်းများပို့ချကာ တရားဝင်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးနေ သော်လည်း ယာဉ်ပိုင်ရှင်များ၏ ခွင့်ပြု ပေးမှုကြောင့် လိုင်စင်မရှိသည့် ယာဉ် နောက်လိုက်များ ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟု ဦးလှအောင်ကပြောသည်။

¤င်းက ''အဓိကကတော့ ယာဉ် ပိုင်ရှင်တွေက ခွင့်ပြုထားလို့၊ တချို့ လိုင်းတွေဆို သုံးဦးတင်တာတွေတောင် တွေ့ရတယ်။ ဒါတွေအတွက် မထသ ဗဟိုစစ်ဆေးရေးအဖွဲ့က ထုတ်ပြန် ထားတဲ့ ပြစ်မှု၊ ပြစ်ဒဏ်သတ်မှတ်ချက် ၁၃၈ ချက်နဲ့အညီ ကားမှာပါတဲ့ တ ရားဝင်လိုင်စင်ရှိတဲ့သူကို အရေးယူ တာတွေရှိတယ်''ဟုပြောသည်။

မင်္ဂလာဒုံမြို့နယ်မှ ယာဉ်စီးခရီး သည် မသိန်းအေးက ''ညပိုင်းတွေမှာ စစ်ဆေးအရေးယူနိုင်ရင် ကောင်းမယ်။ အပြုအမူကအစ ရိုင်းတာတွေရှိတယ်။ တိုင်ချင်ရာတိုင် ပြန်ပြောတာ ကြုံဖူး တယ်။ ဘော်ဒါလိုက်တာဆိုတော့ တ ကယ့်စပယ်ယာတွေလဲ ဝါးလုံးရှည်နဲ့ သိမ်းအပြောခံရနိုင်တယ်'' ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေး ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် လက်ရှိအချိန်အထိ ယာဉ်လုပ်သား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်း (၂၆)ကြိမ်ပို့ချပေးနိုင်ခဲ့ပြီး တရားဝင် ယာဉ်နောက်လိုက် ၆၃ဝဝ ကျော်ကို တရားဝင်လိုင်စင်များ ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။

ရဲလင်းထက်
ရန်ကုန်တိုင်းမ် ဂျာနယ်
တရားဝင်လိုင်စင်မရှိဘဲ လုပ် ကိုင်နေသည့် ယာဉ်နောက်လိုက်များ ၏ အပြုအမူများအပေါ် တိုင်ကြားမှု များရှိနေသော်လည်း အရေးယူရန် အခက်အခဲများရှိနေကြောင်း ရန် ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီး ကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှ အောင်က ပြောကြားလိုက်သည်။

ယူကရိန်းလေဆိပ်ကို သိမ်းထားသည့် တပ်ဖွဲ့ ရုရှားတပ်မဟုတ်ဟုဆို

ပြောင်းရွှေ့ပေးမယ့်နေရာ သမီးကလေးရွာသားတွေ လက်မခံ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးကလေးကျေးရွာကနေ ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅၇ စုကို နေရာပြန်လည်ချထားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေ ၉ ဧကကျော် ၀ယ်ယူပြီး စီစဉ်ပေးခဲ့ပေမဲ့ သမီးကလေး ကျေးရွာသားတွေက မပြောင်းရွှေ့လိုကြဘူးလို့ ပြောပါတယ်။

အစိုးရရဲ့ ပိတ်ပင်မှုကို MSF ထိတ်လန့် အံ့သြ

Photo: အစိုးရရဲ့ ပိတ်ပင်မှုကို MSF ထိတ်လန့် အံ့သြ
Saturday, March 1, 2014

နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာပြည်ထဲက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့် ရပ်နားထားဖို့ အစိုးရက ညွှန်ကြား ခဲ့တာနဲ့ ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ် မိတယ်လို့ ပြောလိုက် ပါတယ်။

သူတို့ လုပ်ငန်းတွေ ရပ်လိုက်ဖို့ ရခိုင်ပြည်နယ်အစိုးရက ဗုဒ္ဓဟူးနေ့က အကြောင်းကြားခဲ့ပါတယ်။

MSF ရဲ့ ရခိုင်ပြည်နယ်ထဲမှာ ပေးနေတဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတယ်၊ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွတ်က ဘီဘီစီကို ပြောပါတယ်။

မကြာခင်သေးခင် လပိုင်းတွေကစလို့ စစ်တွေနဲ့ တချို့မြို့တွေမှာ ဒေသခံတွေက MSF နဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေ ရခိုင်ပြည်နယ်ထဲက ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်လာခဲ့ပါတယ်။

MSF ကတော့ သူတို့ ပေးနေတဲ့ အကူအညီ တွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်တွေ အတိုင်းပဲ လူမျိုး၊ ဘာသာ၊ ကျားမ ခွဲခြားမှု မရှိပဲ ပေးနေတာ ဖြစ်ပြီး ရခိုင်ပြည်နယ် ထဲမှာ ဆိုရင် ဌက်ဖျားရောဂါ ခံစား နေရသူပေါင်း တစ်သန်းကျော်ကို ဆေးဝါး ကုသပေးခဲ့ပြီးပြီ လို့ဆိုပါတယ်။

အစိုးရရဲ့ အမိန့်ကြောင့် သူတို့ လုပ်ငန်းတွေ ရပ်ထား လိုက်ရတဲ့ အတွက် MSF ဆေးခန်းတွေက ဆေးဝါးရယူနေသူတွေ၊ ဆေးကုသမှု ခံယူနေသူတွေ သောင်းချီပြီး ကျန်းမာရေး စောင့်ရှောက်မှု မရတော့မှာ ကိုလည်း စိုးရိမ် ပါတယ်လို့ MSF ရဲ့ ထုတ်ပြန် ကြေငြာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အခုလောလောဆယ်တော့ သူတို့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုဖို့ MSF က အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

အခုလို နိုင်ငံတကာ အဲန်ဂျီအို တခုကို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဖိအားပေးချင်တဲ့ လုပ်ရပ် အဖြစ် ဝေဖန်ခံရနိုင်ကြောင်း ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ သုတေသီ ဦးအောင်သူငြိမ်းက ပြောပါတယ်။ တဖက်မှာလည်း အဲန်ဂျီအိုတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ တာဝန်ခံမှုနဲ့ အလုပ်လုပ်ကိုင် သင့်ပါတယ်လို့ သူက ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ပြည်နယ်ထဲက MSF ဆေးခန်းတခု (ဓာတ်ပုံ MSF Myanmar)
ရခိုင်ပြည်နယ်ထဲက MSF ဆေးခန်းတခု (ဓာတ်ပုံ MSF Myanmar)

နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာပြည်ထဲက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့် ရပ်နားထားဖို့ အစိုးရက ညွှန်ကြား ခဲ့တာနဲ့ ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ် မိတယ်လို့ ပြောလိုက် ပါတယ်။

ဒုချီးရားတန်း စုံစမ်းရေး အစီရင်ခံစာ သမ္မတကိုပို့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာမှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက် သောကြာနေ့က သမ္မတထံ တင်သွင်းလိုက် ပါတယ်။

ယူကရိန်းအတွက် တိုက်ပွဲ ဆက်ဝင်သွားမည်ဟု သမ္မတဟောင်းပြော

Photo: ယူကရိန်းအတွက် တိုက်ပွဲ ဆက်ဝင်သွားမည်ဟု သမ္မတဟောင်းပြော
Saturday, March 1, 2014

ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ယူကရိန်း သမ္မတ Viktor Yanukovych က သူ့ဟာ နိုင်ငံထဲက ထွက်ခွာအောင် တွန်းအားပေး ခံခဲ့ရတယ်လို့ ဆိုပြီး ယူကရိန်းနိုင်ငံ အနာဂတ်အတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့က ရုရှားနိုင်ငံ Rosto-on-Don မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Yanukovych က အတိုက်အခံတွေဟာ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရား ကြီးစိုးအောင်လုပ်ပြီး ယူကရိန်းနိုင်ငံကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကီးယပ်ဖ်မြို့မှာရှိနေတဲ့ ကြားဖြတ်အစိုးရ ဟာ တရားဝင်မှုမရှိဘူးလို့လည်း သူက ပြောလိုက်ပါတယ်။ အာဏာကို သူ့အဆို လူနည်းစုဖြစ်တဲ့ ဖက်ဆစ်ဝါဒီ လူငယ်တွေက သိမ်းယူခဲ့ကြ တာလို့ ဆိုပါတယ်။ လက်ရှိ အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းဟာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲတွေ အစောတလျင် ကျင်းပနိုင်ဖို့ အတွက် သူနဲ့ အတိုက်အခံတွေကြား အစောပိုင်းကရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ မစ္စတာ Yanukovych က ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ အဓိကရုန်းတွေအတွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရလိမ့်မယ် လို့လည်း သူ ပြောသွားပါတယ်။ ကီးယပ်ဖ်မြို့ လမ်းမတွေနဲ့ ရင်ပြင်တွေမှာရှိတဲ့ အဟန့်အတားတွေကို ချက်ချင်း ဖယ်ရှားပေးပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ မြို့တော်ကနေ ထွက်ခွာပေးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် သူ စိတ်မကောင်း ဖြစ်ရကြောင်း ယူကရိန်းပြည်သူတွေကို ပြောခဲ့ပြီးတော့၊ တရားမဲ့လုပ်ရပ်တွေကို ဟန့်တားပြီး တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထားနိုင်တဲ့ စွမ်းအား သူ့မှာ မရှိခဲ့ဘူးလို့ မစ္စတာ Yanukovych က ပြောပါတယ်။ မစ္စတာ Yanukovych ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကီးယပ်ဖ်မြို့တော်ကနေ ထွက်ခွာသွားခဲ့ပြီး သူ ဘယ်ရောက်နေတယ်ဆိုတာကို ဘယ်သူမှ သေချာမသိခဲ့ရပါဘူး။

ကြားဖြတ်အစိုးရကတော့ သူနဲ့ တခြားအရာရှိတွေကို ဆန္ဒပြသူတွေ အများအပြားကို သတ်ဖြတ်မှုနဲ့ စွပ်စွဲထားပြီး ပြီးခဲ့တဲ့သီတင်းပတ်က သူ့အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ယူကရိန်းသမ္မတဟောင်း Viktor Yanukovych သတင်းစာရှင်းလင်းပွဲ။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၁၄)
ယူကရိန်းသမ္မတဟောင်း Viktor Yanukovych သတင်းစာရှင်းလင်းပွဲ

ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ယူကရိန်း သမ္မတ Viktor Yanukovych က သူ့ဟာ နိုင်ငံထဲက ထွက်ခွာအောင် တွန်းအားပေး ခံခဲ့ရတယ်လို့ ဆိုပြီး ယူကရိန်းနိုင်ငံ အနာဂတ်အတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေ တယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့က ရုရှားနိုင်ငံ Rosto-on-Don မြို့မှာကျင်းပတဲ့ သတင်းစာရှင်း လင်း ပွဲမှာ မစ္စတာ Yanukovych က အတိုက်အခံတွေဟာ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရား ကြီးစိုးအောင်လုပ်ပြီး ယူကရိန်းနိုင်ငံကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်

MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေအားလုံးကို မြန်မာအစိုးရက တဖက်သတ်ဆုံးဖြတ်ချက်နဲ့ ရုတ်တရက် ရပ်ဆိုင်းလိုက်ဖို့ အကြောင်းကြားတဲ့အပေါ်မှာ အရမ်းအံ့အားသင့် မိကြောင်းနဲ့ အခုလို သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့အတွက် လက်ရှိ ကြည့်ရှု စောင့်ရှောက်နေတဲ့ ထောင်နဲ့ချီတဲ့ လူနာတွေရဲ့ ကံကြမ္မာကို စိုးရိမ်မိကြောင်း MSF – Hollands က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

CNG ဂက်(စ်)အိုး လျှောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာသော်လည်း တိကျစွာ အကြောင်းမပြန်ခြင်းကြောင့် လျှောက်ထားသူများမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

CNG ဂက်(စ်)အိုး လျှောက်ထားမှုကို စွမ်းအင်ဝန်ကြီးဌာနမှ ကာလကြာသော်လည်း တိကျစွာအကြောင်း မပြန်ခြင်းကြောင့် ဟုဆိုကာ လျှောက်ထားသူများ ယာဉ်ပိုင်ရှင်များမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် မြန်မာဂျာနယ်လစ် ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ပြည်ပနိုင်ငံများ၌ မြန်မာနိုင်ငံသားအချို့ ပညာအရည်အချင်း အထောက်အ ထား လိမ်လည်အသုံးပြုခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် အလုပ်အပါအ၀င် ကျောင်းလျှောက်ထားမှုများအပေါ် ယခင်ကထက် ပိုမိုစိစစ်လာနိုင်ဖွယ်ရှိ

ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် ပညာအရည်အချင်း အထောက်အထား လိမ်လည်အသုံးပြုခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်အပါအဝင် ကျောင်းလျှောက်ထားမှုများအပေါ် ယခင်ကထက် ပိုမိုစိစစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာပညာရေး အသိုင်းအဝိုင်းက လေ့လာသုံးသပ်သူများက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့

Photo: ၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့
Saturday, March 1, 2014

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

အစိုးရဝန်ထမ်းများအား ၂ဝ၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့် ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ်တွင်လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှုရှိနေပြီး လက်ရှိတွင် ဆန်၊ ဆီ၊ အသားငါး ဈေးနှုန်းများမှာ ယခင်ကထက် ကုန်စည်အမျိုးအစားအလိုက် ကျပ် ၂ဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းတက်လေ့ ရှိသော်လည်း ယခင်နှစ်ကထက် များစွာမြင့်တက်မှုရှိနေပြီး ဆန်ချောဈေးမှာ ယခင်ကထက် တစ်အိတ်လျှင် ကျပ်  ၂ဝဝဝ မှ ၅ဝဝဝ ကျပ်အထိ မြင့်တက်မှုရှိကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ မြင့်တက်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးနှုန်းမှာ အဓိကအားဖြင့် ပြည်ပမှ တင်သွင်းရောင်းချ ရသည့်အတွက် ငွေလဲဈေးမြင့်တက်ခြင်းကြောင့် ယခင်က ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မြင့်တက်မှုရှိကာ နှမ်းဆီဈေးမှာလည်း နယ်ဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိမြင့်တက်နေပြီး ပဲဆီဈေးနှုန်းမှာမူ အတက်အကျမရှိကြောင်း သိရသည်။

အလားတူ အသားငါးဈေးနှုန်းများမှာ ယခင်ကထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပုစွန်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်မှုရှိခဲ့ပြီး ကြက်သွန်ဖြူ၊ နီ၊ အာလူး ဈေးနှုန်းများမှာ ယခင်နှစ် ဈေးထက်ကျပ် ၃ဝဝ မှ ကျပ် ၇ဝဝ အထိ မြင့်တက်မှုရှိခဲ့ပြီး လက်ရှိ၌မူ နယ်စုံမှဝင်ရောက်မှုနှင့် တရုတ်ဘက်မှ ဝယ်လိုအားနည်း နေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ကုန်စိမ်းများမှာမူ ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအဝင်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအဝင်နည်းပါက ဈေးနှုန်းတက်လေ့ရှိကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက“အိမ်ရှင်မတွေအတွက် ကုန်ဈေးနှုန်းတက်လာရင် အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဈေးထဲရောက်ရင် လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ဈေးဝယ်နေရတယ်။ ကုန်ဈေးနှုန်းကလည်း လစာတိုး သတင်းကြားတာနဲ့ လိုက်တိုးချင်နေတာ။ အခုက တိုးပေးတဲ့လစာနဲ့ တက်သွားတဲ့ ကုန်ဈေးနှုန်းက အတူတူပဲဖြစ်နေတယ်။ အခုဆိုရင် လစာတိုးပြီး ကုန်ဈေးနှုန်းက အနည်းဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်အထိ တက်သွားတော့ နှစ်သောင်းတိုးပေးလိုက်လို့ ပိုသုံးရတဲ့ ပိုက်ဆံက ငါးထောင်ပဲရှိတယ်။ ဒါက မီးဖိုချောင် အသုံးစရိတ်ပဲ ရှိသေးတာ။ အခုလဲ လစာနှစ်သောင်းထပ်တိုး ပေးမယ်လို့ကြားတယ်။ ဘာတွေထပ်တက်ဦးမလဲမသိဘူး”ဟု ပြောပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး“အရင်နှစ်က ဝန်ထမ်းလစာ နှစ်သောင်းတိုးတယ်။ ဒါပေမဲ့ ဈေးဝယ်တဲ့အခါသုံးရတာ အရင်ကထက်တောင် ချွေတာနေရသေးတယ်။ အရင်ကဆိုရင် ဆန်ကို အိတ်လိုက်ဝယ်ထားနိုင်ပေမယ့် အခုဆိုရင် လိုသလောက် တစ်ပြည်ချင်းစီပဲဝယ်တယ်။ ဆီဆိုရင်လည်း ဒီလိုပဲ လစာတိုးလို့ အသုံးစရိတ် ပိုလျှံလာတာမျိုး မရှိပါဘူး”ဟု ပြောပြသည်။

“လစာတိုးတာတော့ ကောင်းပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်း လိုက်တက်လာတာမျိုး မရှိအောင် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ငွေကြေးဖောင်းပွတယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခွင့်အရေး တစ်ခုလိုမျိုး အသုံးချပြီး ဈေးမကစားသင့်ဘူး။ လစာတိုးတာရော ကုန်ဈေးနှုန်းတက်တာရောက အစိုးရနဲ့ဆိုင်တဲ့အတွက် လစာတိုးတိုင်း ကုန်ဈေးနှုန်း လိုက်မတက်ဖို့အတွက် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်”ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ဆူဇန်နာလှလှစိုးက ဆိုသည်။

“ကုန်ဈေးတက်တာကို ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်။ တက်သွားတဲ့ ကုန်ဈေးနှုန်းအပေါ် နှိုင်းယှဉ်တတ်ဖို့လိုအပ်တယ်။ လစာနဲ့ယှဉ်ရင် အခြေခံကျတဲ့ အသုံးစရိတ် မလောက်တာလား၊ ကျန်းမာရေး အသုံးစရိတ်အတွက် မလောက်တာလား ဆိုတာကို နှိုင်းယှဉ်နိုင်ဖို့ လိုပါတယ်။ ရွှေဈေးတက်တာ ကျတာက အရေးမကြီးဘူး။ ကုန်ဈေးနှုန်းတက်တာကတော့ အခြေခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။ လစာတိုးတာကတော့ အခုထက်ပိုပြီး ခေတ်နဲ့အညီလိုက်ပြီး ထပ်တိုးပေးရဦးမှာပါ။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လည်းလို နေပါတယ်”ဟု စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ ဦးခင်မောင်ဦးက ပြောပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးရန်နှင့် ပင်စင်လစာဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အစိုးရဝန်ထမ်းလစာ ထပ်မံတိုးမြှင့်ပေးမည် ဆိုသောကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့် ဆန်၊ ဆီဈေးနှုန်းမှအပ အခြားကုန်စည်ဈေးနှုန်း များမှာမူ တက်ရိပ်မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်စည်အမျိုးအစား     ရေတွက်ပုံ       ယခင်ဈေးနှုန်း   ယခုဈေးနှုန်း

ရွှေဘိုပေါ်ဆန်း(သစ်)    တစ်အိတ်        ၃၈၀၀၀          ၄၃၀၀၀

ရွှေဘိုပေါ်ဆန်း(ဟောင်း)တစ်အိတ်        ၄၀၀၀၀          ၄၅၀၀၀

ဖျာပုံပေါ်ဆန်း              တစ်အိတ်        ၃၄၀၀၀          ၃၆၀၀၀

မနောသုခ                 တစ်အိတ်        ၁၇၀၀၀          ၁၉၀၀၀

ဧည့်မထ                  တစ်အိတ်        ၁၉၀၀၀          ၂၀၅၀၀

စားအုန်းဆီ                တစ်ပိဿာ      ၁၅၀၀            ၁၇၀၀

နှမ်းဆီ                     တစ်ပိဿာ      ၄၀၀၀            ၆၀၀၀

Bralioတံဆိပ်နေကြာဆီတစ်လီတာ      ၂၈၀၀            ၃၁၀၀ 

ကြက်သား                 တစ်ပိဿာ      ၅၀၀၀-၈၀၀၀    ၆၀၀၀-၁၀၀၀၀

ဝက်သား                   တစ်ပိဿာ      ၅၀၀၀-၇၀၀၀    ၆၀၀၀-၈၀၀၀၀

အမဲသား                   တစ်ပိဿာ      ၄၅၀၀-၈၀၀၀    ၅၀၀၀-၁၀၀၀၀

ဆိတ်သား                 တစ်ပိဿာ      ၁၀၀၀၀-၁၃၀၀၀          ၁၂၀၀၀-၁၅၀၀၀

ငါးကြင်း                   တစ်ပိဿာ      ၃၁၀၀            ၃၈၀၀

ငါးမြစ်ချင်း                 တစ်ပိဿာ      ၂၅၀၀            ၃၆၀၀

ငါးရံ့                       တစ်ပိဿာ      ၄၅၀၀            ၆၅၀၀

ပုစွန်ကျော့                 တစ်ပိဿာ      ၅၀၀၀            ၇၅၀၀

ပုစွန်တုပ်                   တစ်ပိဿာ      ၁၅၀၀၀          ၂၂၀၀၀

ကြက်သွန်နီ                တစ်ပိဿာ      ၃၀၀-၃၇၀       ၆၀၀-၁၀၀၀

ကြက်သွန်ဖြူ              တစ်ပိဿာ      ၁၈၀၀            ၂၅၀၀

အာလူး                   တစ်ပိဿာ      ၆၀၀              ၁၀၀၀

Eleven Media Group

ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလာချိန် တောင်သမန်အင်းမှ ဦးပိန်တံတားပျက်စီးမှု ပိုမိုဆိုးရွားလာ

Photo: နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလာချိန် တောင်သမန်အင်းမှ ဦးပိန်တံတားပျက်စီးမှု ပိုမိုဆိုးရွားလာ
Saturday, March 1, 2014

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိသည့် တောင်သမန်အင်း အတွင်းမှ ဦးပိန်တံတား ပျက်စီးယိုယွင်းမှု ပိုမိုများပြား လာနေသောကြောင့် အမြန်ဆုံးပြုပြင် ထိန်းသိမ်းရန် လိုအပ်လာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားမှာ ပျက်စီးယိုယွင်းမှုများ ပိုမိုများပြားလာခြင်းကြောင့် မူလလက်ရာအတိုင်း အမြန်ဆုံးပြုပြင် ထိန်းသိမ်းပေး ရန် လိုအပ်လာကြောင်း သမိုင်းပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောဆိုမှုများရှိနေကြောင်း သိရသည်။

“ဦးပိန်တံတားဟာ သမိုင်းတန်ဖိုး အလွန်ကြီးမားပါတယ်။ တံတားကိုဆောက်လုပ်ထားတဲ့ ကျွန်းတိုင်တွေကလည်း သာမန်ကျွန်းတိုင်တွေ မဟုတ်ဘဲ အင်းဝနန်းတော်ဟောင်းက ကျွန်းတိုင်တွေနဲ့ ဆောက်လုပ်ထားတာပါ။ လက်ရှိအချိန်မှာတော့ ပြုပြင်ထိန်းသိမ်းမှုတွေ အမြန်ဆုံးပြုလုပ် သင့်နေပါပြီ။ အရင်က တံတားနေရာအချို့ကို အုတ်ကွန်ကရစ်တွေနဲ့ အစားထိုးပြုပြင်ခဲ့တယ်။ အဲဒါတွေဟာ အတော်ကို အရုပ်ဆိုးစေပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ကျွန်းသစ်ပေါများတဲ့ နိုင်ငံပါ။ မလိုအပ်ဘဲ တစ်ဖက်နိုင်ငံတွေကို ထွက်နေတာတွေက ဒီဦးပိန်တံတားထက် အဆပေါင်းများစွာ ရှိပါတယ်။ ဒီတံတားကြီးကို မူလအတိုင်း ကျွန်းသစ်တွေနဲ့ အစားထိုးနိုင်ဖို့အတွက် သစ်တောဌာနနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ မူလအတိုင်းပြုပြင် ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် ဦးပိန်တံတားဟာ ဂုဏ်သိက္ခာမြင့်တက် လာမယ်လို့ ထင်မိပါတယ်”ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။

“ဦးပိန်တံတားကို မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် သေသေချာချာ ပုံစံရေးဆွဲပြီး စနစ်တကျပြုပြင် ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့လိုပါမယ်။ ကိုယ်ပြင်ချင်သလို ပြင်လို့မရပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်သလို တောင်သမန် အင်းရေပြင်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းနေတာတွေကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု သမိုင်းပညာရှင် တစ်ဦးဖြစ်သည့် Mickey Heartu ပြောကြားခဲ့သည်။

မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း၌တည်ရှိပြီး နှစ်သက်တမ်းအားဖြင့် ၁၆ဝ ကျော်ကြာ မြင့်လာနေပြီဖြစ်သည့် ဦးပိန်တံတားမှာ သဘာဝဘေးဒဏ်နှင့် တံတားအသုံးပြုသူအချို့မှ တံတားပေါ်တွင် ဆိုင်ကယ်များ၊ စက်ဘီးများ စီးနင်းခြင်းတို့ကြောင့်လည်း တံတား၏ ရေရှည်တည်တံ့နိုင်မှုကို ထိခိုက်မှုများပါ ဖြစ်ပေါ်နေရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးပိန်တံတားမှာ ခိုင်ခံ့မှုအားနည်း လာသည့်အပြင် တောင်သမန်အင်းရေပြင်နှင့် ပတ်ဝန်းကျင်မှာလည်း ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွား သင့်ကြောင်းကို ထောက်ပြပြောဆိုနေမှုများလည်း ရှိနေသည်။

Eleven Media Group

အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားသို့ နိုင်ငံခြားခရီးသွားများ လာရောက်လေ့လာကြသည်ကို တွေ့ရစဉ်
အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတားသို့ နိုင်ငံခြားခရီးသွားများ လာရောက်လေ့လာကြသည်ကို တွေ့ရစဉ်

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိသည့် တောင်သမန်အင်း အတွင်းမှ ဦးပိန် တံတား ပျက်စီးယိုယွင်းမှု ပိုမိုများပြား လာနေသောကြောင့် အမြန်ဆုံးပြုပြင် ထိန်းသိမ်းရန် လိုအပ် လာကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို သုံးနှစ်အတွင်း စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ကူညီမည်

Photo: ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို သုံးနှစ်အတွင်း စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ကူညီမည်
Saturday, March 1, 2014

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအ ဖွဲ့YESB ကို သုံးနှစ်အတွင်း သီးခြားစီးပွားရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)က ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး မြို့ဖြစ်သည့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများကို  အဆင့်မြှင့်တင် အကူအညီပေးရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်IFCတို့ ဖေဖော်ဝါ ရီ ၂၆ ရက်က သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

အဆိုပါစာချုပ်အရIFC သည် နည်းပညာ အကူအညီ အပါအဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ကို စွမ်းရည်ပြည့်ဝစွာ စီမံဆောင်ရွက်နိုင်သည့် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် IFC၏ အကူအညီဖြင့် လက်ရှိရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESB ကို ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အစိုးရလက်အောက်တွင် မဟုတ်ဘဲ လွတ်လပ်စွာ စီမံခန့်ခွဲသည့် သီးခြားကော်ပိုရေးရှင်း တစ်ခုအဖြစ် သုံးနှစ်အတွင်း ပြောင်းလဲနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်သွားမည်ဟု ဆိုသည်။

“IFCက ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ဘဏ္ဍာရေးပိုင်း အဆင်ပြေချောမွေ့စေဖို့ ကော်ပိုရေးရှင်းအဖြစ် အပြည့်အဝမပြောင်းလဲမီ ကာလအတွင်း လိုအပ်တဲ့ငွေကြေးပံ့ပိုးမှု လုပ်သွားဖို့ရှိပါတယ်။ အဲဒီငွေကြေးပံ့ပိုးမှုကတော့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှာ အစုရှယ်ယာအဖြစ် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်”ဟု IFC၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ် မစ္စတာဗစ်ခ်ရမ်ကူးမားကDaily Eleven သို့ ပြောကြားသည်။

ထိုသို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြင့် လျှပ်စစ်မီးမရသော နေရာများသို့ ပုံမှန်လျှပ်စစ်မီးကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားနိုင်ပြီး လျှပ်စစ်လေလွင့် ဆုံးရှုံးမှုများကိုလည်း လျော့နည်းသွားစေမည်ဟု သိရသည်။  

Eleven Media Group

မြို့နယ်တစ်ခု၏ လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုကို တွေ့ရစဉ်
မြို့နယ်တစ်ခု၏ လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုကို တွေ့ရစဉ်
ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအ ဖွဲ့YESB ကို သုံးနှစ်အတွင်း သီးခြားစီးပွားရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)က ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Democracy Today သတင်းစာမိတ်ဆက်ပွဲသို့ NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြား

ရန်ကုန်တိုင်းမ် သတင်းစာကို ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ပြီးနောက် ကုမ္ပဏီပြောင်း၊ အမည်ပြောင်းဖြင့် ထုတ်ဝေ မည့် Democracy Today သတင်းစာ မိတ်ဆက်ပွဲသို့ NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရ သည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ခေါ်ဆောင်သွားသော ကလေး ခုနစ်ဦးအား မြန်မာနိုင်ငံသို့  ပြန်လည်အပ်နှံ

Photo: ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ခေါ်ဆောင်သွားသော ကလေး ခုနစ်ဦးအား မြန်မာနိုင်ငံသို့  ပြန်လည်အပ်နှံ
Saturday, March 1, 2014

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသော မိဘများထံသို့ တရားမဝင် နည်းလမ်းဖြင့် ပို့ဆောင်သည့် အထောက်အထားမဲ့  မြန်မာနိုင်ငံသား ကလေးခုနစ်ဦးအား ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာဝန်ရှိသူမျာ က ဖမ်းဆီးရမိကာ  ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်က မြဝတီမြို့ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးသို့ လာရောက်အပ်နှံခဲ့ကြောင်း သိ ရသည်။

တာ့ခ်ခရိုင် လဝက ရဲနှင့် လူမှုဖူလုံရေး အဖွဲ့တို့မှ လာရောက်အပ်နှံသည့် အသက်ခြောက်နှစ် ကလေးငယ်အပါအဝင် ခုနစ်ဦးတို့အား မြဝတီမှခရိုင်၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့တို့က လက်ခံခဲ့ပြီး မိဘဆွေမျိုး အုပ်ထိန်းသူရှိရာသို့ အရောက်ပို့ပေး သွားမည်ဟု ဆိုသည်။

“ဒီကလေးတွေကို တရားမဝင်နည်းလမ်း နဲ့ ခေါ်သွားလို့ မရပါဘူး။ မြန်မာနိုင်ငံဘက် မှာရှိတဲ့ အုပ်ထိန်းသူလက်ထဲကို လူမှုဝန်ထမ်း ဌာနမှတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ  ပြန်လည်အပ်နှံသွားမှာ ဖြစ်ပါတယ်”ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ယင်းကဲ့သို့ တာ့ခ်ခရိုင် လဝကမှ လာရောက်အပ်နှံသည့် ကလေးငယ်များတွင်က ရင်ပြည်နယ် ရန်ကုတ်ကျေးရွာမှ မောင်စည် သူ (၆) နှစ်၊ ကော့ကရိတ်မြို့နယ်မှ မောင်မုရ၊ ဇာသပြင်မှ မောင်ဝင်းလွင်ဦး(၁၇)နှစ်၊ မောင်တင့်လွင်ဦး(၁၃)နှစ်၊ မွန်ပြည်နယ် မုပ်ပလင်မှ မောင်ဝေယံကျော်(၁၆)နှစ်၊ သထုံမြို့နယ် ဒုံရင်းကျေးရွာမှ မောင်စည်သူအောင် (၁၃)နှစ်၊ ပေါင်မြို့နယ် မိုးနိုင်းရွာမှ မောင်စိုးမိုးဦး(၁၄) နှစ်တို့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ထိုင်းနိုင်ငံသို့ တရားမ၀င် ခေါ်ဆောင်သွားသော ကလေးငယ်များအား တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံစဉ်
ထိုင်းနိုင်ငံသို့ တရားမ၀င် ခေါ်ဆောင်သွားသော ကလေးငယ်များအား တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံစဉ်

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသော မိဘများထံသို့ တရားမဝင် နည်းလမ်းဖြင့် ပို့ဆောင်သည့် အထောက်အထားမဲ့  မြန်မာနိုင်ငံသား ကလေးခုနစ်ဦးအား ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာဝန်ရှိသူမျာ က ဖမ်းဆီးရမိကာ  ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်က မြဝတီမြို့ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးသို့ လာရောက်အပ်နှံခဲ့ကြောင်း သိ ရသည်။

အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့သော ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ပြန်လည်ရှင်းလင်း

လှိုင်မြို့နယ်တွင် အငှားယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး အပါအဝင် ယာဉ်ပါဖျက်ဆီးခဲ့သည့် ပြိုင်ကားငါးစီးမှ လူငယ်များ၏ မိဘများက ကားကျော်တက်သည့်ကိစ္စဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီက အင်းစိန်လမ်းမကြီးပေါ်ရှိ Fuji စားသောက်ဆိုင်တွင် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

Photo: အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်
Saturday, March 1, 2014

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်မှလည်း ပြင်ဆင်ချက်များဖြင့် အတည်ပြုကာ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဒေါ်ခင်ဝိုင်းကြည်နှင့် ညှိနှိုင်းမှုများပြုလုပ်၍ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ မူလပြင်ဆင်ချက်များအတိုင်း အချက် ၁၃ ချက်အား ထားရန်နှင့် ကျန်အချက်များအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း ထားရှိရန် ဥပဒေကြမ်းကော်မတီမှ ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ အစီရင်ခံ စာဖတ်ကြား တင်သွင်းခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။

လွှတ်တော်နှစ်ရပ်အကြား အဓိက သဘောကွဲလွဲချက်မှာ ဥပဒေကြမ်းပါ အရေးအသားများဖြစ်ပြီး အခြားကွဲလွဲချက်မှာ မူလစတင်ရေးဆွဲစဉ်က ပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်း ပုဒ်မ ၄ (ဆ) တွင် ပြဋ္ဌာန်းချက်ဖြစ်သော“မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦး”စကားရပ်အား ပြည်သူ့လွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလတိုင်းထားရှိ၍ အတည်ပြုခဲ့သည်။

ထို့အပြင် မူလဥပဒေကြမ်းပါ ပုဒ်မ ၂ (ဂ) ပါ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင်တစ်ဦးဦးကို ဆိုသည်”စကားရပ်အစား ပြည်သူ့လွှတ်တော်မှ“ကော်မရှင်အဖွဲ့ဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ကိုဆိုသည်”ဟု ပြင်ဆင်အတည်ပြုချက်အား အမျိုးသားလွှတ်တော်က လက်မခံဘဲ မူလအတိုင်း အတည်ပြုခဲ့သဖြင့် ယင်းအချက်၌လည်း သဘောကွဲလွဲခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ်က ပြင်ဆင်အတည်ပြု အပြီးတွင် အခန်း ၉ ခန်း၊ ပုဒ်မ ၆၁ ခုနှင့် ပုဒ်မခွဲ၊ ပုဒ်မခွဲငယ် များပါဝင်ပြီး ကော်မရှင်ဖွဲ့စည်းခြင်း၊ ကော်မရှင်၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်နေရာအား ခန့်ထားခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်း၊ ငွေကြေးစီမံခန့်ခွဲရေး စသည့်အချက်များလည်း ပါဝင်ကြောင်း သိရသည်။  

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
Eleven Media Group
ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့် သုံးစွဲရန် လျာထား

Photo: ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ပထမ အဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့် သုံးစွဲရန် လျာထား
Saturday, March 1, 2014

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမည့် ပထမအဆင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အသုံးပြုရန် လျာထားကြောင်း ယင်းစီမံကိန်း အထွေထွေ မန်နေဂျာ ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

“နိုင်ငံတကာ စံနှုန်းနဲ့တွက်ရင် ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်တဲ့အခါမှာ တစ်မဂ္ဂါဝပ်ကို ဒေါ်လာ ၁ ဒသမ ၆ သန်း လောက်ရှိတယ်။ အဲဒါကြောင့်မို့ ပထမအဆင့် မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမယ့် စီမံကိန်းမှာ ဒေါ်လာသန်း ၄၈ဝ လောက် ကုန်ကျနိုင်တယ်။ ပထမစီမံကိန်းပြီးတော့မှ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို အခြေအနေ ကြည့်ပြီးတော့ တည်ဆောက်သွားမယ်”ဟု ဦးမြင့်ဦးက ပြောကြားသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိသော ဓာတ်အားများအား ရန်ကုန်တိုင်း ဒေသကြီးသို့ အဓိကပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ “လျှပ်စစ်ရဲ့ သဘောတရားအရတော့ မဟာဓာတ်အားလိုင်းထဲ ထည့်ပေးရတာပေါ့။ ဖြန့်ဖြူးတာကတော့ နိုင်ငံတော်က ညွှန်ကြားချက်အတိုင်း လုပ်ရမှာ၊ အဓိကကတော့ ရန်ကုန်တိုင်း ဒေသကြီးကို ပေးသွားမှာ ဖြစ်တယ်”ဟု ဦးမြင့်ဦးက ဆက်လက်ပြောသည်။ ကျောက်မီးသွေး ကုန်ကြမ်းများအား အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသွားမည်ဖြစ်ပြီး စီမံကိန်း ဆောက်လုပ်ဖြစ်ပါက ပြိုင်ဆိုင်မှုပုံစံမျိုးများနှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အစိုးရမှ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားခနှုန်းနှင့် ဆိုပါက အရင်းကျေရန် နှစ်သုံးဆယ်ခန့် ကြာမြင့်မည်ဖြစ်ပြီး တစ်ယူနစ်ကို ၁၅ဝ ခန့် ကောက်ခံမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင်သဖြင့် စီးပွားရေးတွက်ခြေကိုက်မှု ရှိမရှိအား သေချာစွာ လေ့လာရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်ပြောကြားသည်။

“တကယ်လို့ အဲဒီငွေပမာဏ အတိုင်းဆိုရင် နိုင်ငံခြားကနေ ငွေချေးမယ့် အနေအထားမှာရှိတယ်။ အစိုးရက လျှပ်စစ်ဓာတ်အားခကို ၇၅ ကျပ်ထက် ပိုမရောင်းဖို့ သတ်မှတ်ထားတယ်။ ၇၅ ကျပ်နဲ့ အရင်းကျေဖို့ဆိုရင် နှစ်သုံးဆယ်လောက် စောင့်ရမယ်။ များသောအားဖြင့် ရင်းနှီးထားတာကို ပြန်ရဖို့က ခုနစ်နှစ်၊ ၁ဝ နှစ်၊ ၁၂ နှစ် ကတော့ အကောင်းဆုံးပေါ့။ သန့်စင်နည်းပညာကို သုံးမယ်ဆိုရင်တော့ ၁၅ နှစ်လောက်နဲ့ အရင်းကျေရင်တော့ ကောင်းတာပေါ့။လျှပ်စစ်ဓာတ်အားကို ၁၅ဝ နဲ့ ရောင်းမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင်မှာဖြစ်တယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ 

ကျောက်မီးသွေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထွက်ရှိလာပါက ဒေသခံများအား လျှပ်စစ်မီး အလကားပေးသွားမည်ဟု ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွေ့ဆုံပွဲများတွင် လျှပ်စစ်ဓာတ်အား နိုင်ငံတော်မှချပေးမှသာ လျှပ်စစ်ရရှိရန် ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း သောင်ခုံကျေးရွာမှ ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

“ပထမအစည်းအဝေးတုန်းက စက်ရုံတည်ဆောက်ပြီးရင် လျှပ်စစ်အလကား ရမယ်လို့ပြောတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က လုပ်သွားတဲ့ တွေ့ဆုံပွဲမှာတော့ အဲဒီလိုမပြောတော့ဘဲ လျှပ်စစ်ရရင် အစိုးရကိုပေးရမယ်။ အစိုးရကတစ်ဆင့်ြ ပန်ချပေးမှ လျှပ်စစ်ကို လျှောက်ထားပြီးတော့ ဝယ်သုံးရမယ်လို့ ပြောတယ်”ဟု ဒေါ်နွယ်နွယ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးလောင်စာမှ လျှပ်စစ်စွမ်းအင်ထုတ်ယူမှုမှာ သုံးရာခိုင်နှုန်းရှိပြီဖြစ်ကာ ကျောက်မီးသွေး အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှ ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့သည် သဘာဝဓာတ်ငွေ့ကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့၏ နှစ်ဆရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေးအား လောင်စာအဖြစ် တန်ချိန်သန်းပေါင်းများစွာ အသုံးပြုနေသဖြင့် အက်စစ်မိုးကိုဖြစ်စေသော ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အိုဇုန်းလွှာအား ပျက်စီးပြီး ကမ္ဘာကြီးအား ပူနွေးလာစေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ ပြဒါး၊ ခဲ၊ သွပ်၊ ကတ်မီယံ၊ အာဆင်းနစ်၊ ပြာနှင့် အမှုန်အမွှားများ ထွက်ပေါ်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လျာထားမြေနေရာ များကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လျာထားမြေနေရာ များကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမည့် ပထမအဆင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အသုံးပြုရန် လျာထားကြောင်း ယင်းစီမံကိန်း အထွေထွေ မန်နေဂျာ ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

Friday, February 28, 2014

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ

Photo: အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံ ရောက်ရှိ
Friday, February 28, 2014

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

မစ္စတာ Rajiv Shah သည် ၎င်း၏ ခရီးစဉ်အတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်သို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ့ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့စေရန် အတွက် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီက ပေးအပ်သည့် အထောက်အပံ့များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရနှင့် အခြား လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မစ္စတာ Rajiv Shah သည် ရန်ကုန် ခရီးစဉ်အတွင်း “ကျန်းမာသော မြန်မာနိုင်ငံ ဖြစ်လာရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု” အစီအစဉ်ဖြင့် မြန်မာနိုင်ငံအနှံ့ မသန့်ရှင်းသော သောက်သုံးရေကြောင့် ဖြစ်ပွားနေသည့် ဝမ်းပျက် ဝမ်းလျှောနှင့် သေဆုံးမှုများကို ကာကွယ်ရန် အမေရိကန် ပြည်ထောင်စု အခြေစိုက် Procter & Gamble ကုမ္ပဏီက သောက်သုံးရေ လီတာ သန်း ၁၀၀ ကျော်ကို လှူဒါန်းမည့် အခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေး၊ ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အစားအစာ လုံခြုံရေးဆိုင်ရာ တို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မစ္စတာ Rajiv Shah က မိန့်ခွန်းတစ်ရပ် ပြောကြားသွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ Rajiv Shah သည် အမေရိကန် ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ အဖြစ် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ အတွင်းက ပထမဦးဆုံး အကြိမ် ရောက်ရှိ လာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့သည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ပြုနိုင်ရန် အမေရိကန် ဒေါ်လာ သန်း ၁၇၀ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီမှ တစ်ဆင့် ထောက်ပံ့ ပေးခဲ့သည်။

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသည် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့ပြီး ယင်းအဖွဲ့အစည်းမှ တစ်ဆင့် နည်းပညာ ဝန်ဆောင်မှု၊ စိုက်ပျိုးရေးကဏ္ဍသုံး ပစ္စည်းများနှင့် အခြားသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။

သို့သော် တပ်မတော်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာ သွားခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီးမှ ကျန်းမာရေးဆိုင်ရာ အစီအစဉ် အချို့ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့သော ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီကို မြန်မာနိုင်ငံတွင် တရားဝင် ပြန်လည် ဖွင့်လှစ်၍ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Rajiv Shah မှာ ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ စတင် ရောက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်သည်။

မြေမဲ့ ယာမဲ့ အိမ်ရာမဲ့ စာရင်းကောက်ရန် ညွှန်ကြားထားပြီး မြေနေရာရှာခိုင်းထား

မြို့နယ်အလိုက် အမှန်တကယ် မြေမဲ့ယာမဲ့များစာရင်းကို တိတိကျကျကောက်ပြီး မြေနေရာများရှာထား ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရက ညွှန်ကြားထားသည်ဟု ခရိုင်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မဇ္ဈိမကို ပြောသည်။

ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ပြောင်းရွှေ့


ပြည်တွင်းခရီးစဉ်များ သွားလာမည့် လေယာဉ်စီး ခရီးသည်များ အတွက် ပြည်တွင်း ထွက်ခွာဆောင်ကို ဂုဏ်ပြုဆောင်သို့ ဖေဖော်ဝါရီလ၂၇ ရက်နေ့က ပြောင်းရွှေခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည်

Photo: သီရိလင်္ကာ သမ္မတ မြန်မာနိုင်ငံ လာမည် 
Friday, February 28, 2014

သီရိလင်္ကာ နိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၁ နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ဆိုင်ရာ ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် အတွက် သီရိလင်္ကာ သမ္မတက လာရောက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

သီရိလင်္ကာ သမ္မတသည် ၎င်း၏ ခရီးစဉ်တွင်း မြန်မာအစိုးရ အရာရှိများ၊ အစိုးရ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သီရိလင်္ကာ သမ္မတရုံးက ထုတ်ပြန်ထားသည်။ 

ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း နိုင်ငံများ ဖြစ်သည့် နီပေါ၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့အစည်းကြီး၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးကြီးကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပမည် ဖြစ်ပြီး၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝန်ကြီးချုပ်များ တက်ရောက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းကြီးက ထုတ်ပြန်ထားသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း နိုင်ငံ ခုနစ်နိုင်ငံ အကြား ၂၀၁၇ ခုနှစ်အတွင်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ဒေသ ဖော်ဆောင်နိုင်ရေး အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သီရိလင်္ကာ သမ္မတက ပြောကြားသည်ဟု သီရိလင်္ကာ သတင်းမီဒီယာ အချို့က ဆိုသည်။

The Voice Weekly
သီရိလင်္ကာ နိုင်ငံ၏ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ဖူးသည့် ခြောက်ဆက်မြောက် သမ္မတ မဟင်ဒရာ ရာဂျာပက်စကာသည် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရီလင်္ကနိုင်ငံ အခြေစိုက် သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်

Photo: တာတို ဒုံးကျည် ၄ ခု မြောက်ကိုရီးယား ပစ်လွှတ်
Friday, February 28, 2014

မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကိုရီးယား ကျွမ်းဆွယ်ကို တောင်မြောက် ပိုင်းခြားထားတဲ့ စစ်ရေးမျဉ်းလိုင်းရဲ့ မြောက်ဘက် သိပ်မဝေးတဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ ဒီဒုံးကျည်တွေ ပစ်လွှတ်တာလို့ ထုတ်ပြန်တဲ့အထဲမှာ ဆိုထားပါတယ်။

နိုင်ငံတကာက တာဝေးပစ် ထိပ်ဖူးတပ် ဒုံးတွေ ပစ်လွှတ်ဖို့ တားမြစ်ထားပေမယ့် ဒီတာတိုပစ် ဒုံးတွေအပေါ်မှာတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။

ဒီလို ပစ်လွှတ်မှုဟာ ပုံမှန် ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု ဖြစ်ပေမယ့် ဒီသီတင်းပတ်ထဲမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ရေးပြင်ဆင်မှု အနေနဲ့ မြောက်ကိုရီးယားက ရှုတ်ချထားခဲ့ပြီး နျူကလီယား စစ်ပွဲတွေ အဖြစ်ထိ ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေ ကနေ ပင်လယ်ပြင် ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့ တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံ ကုန်း၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံစီမံကိန်းသည် အစိုးရ၏ ခွင့်ပြုချက်မရပါက တည်ဆောက်မည် မဟုတ် ဟု ဆို

ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်း လျာထားမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက် မရပါက တည်ဆောက်မည် မဟုတ်ကြောင်း စီမံကိန်းအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဖေဖော်ဝါရီ ၂၇ ရက်  ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ပြုလုပ်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် Eleven Media Group သို့ပြောကြားသည်။

မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ

အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ် သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ  ဖေဖော် ၀ါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

ထိုင်းဝန်ကြီးချုပ် ကြားနာမှု ရှေ့နေတွေ စေလွှတ်

ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်

ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban 

ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ

Photo: YES အထည်ချုပ်လုပ်သားတွေ ၃ရက်မြောက် ဆက်လက်ဆန္ဒပြ
Friday, February 28, 2014

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေ တောင်းဆိုနေတဲ့ နေ့စဉ်ကြေး ကျပ် ၅၀၀ တိုးပေးဖို့အချက်ကို အလုပ်ရှင်ဘက်က တစ်ရက် ကျပ် ၉၀ တိုးပေးနိုင်မယ်လို့ မနေ့က အကြောင်းပြန်လာတာကြောင့် ဒီနေ့ ဆက်လက်ဆန္ဒပြ တောင်းဆိုနေတာလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်သူ မခင်နီလာစိုးက ပြောပါတယ်။

"သူများစက်ရုံတွေဆိုရင် အခုတလော ဆန္ဒပြတဲ့ စက်ရုံတွေရော၊ ဆန္ဒမပြတဲ့ စက်ရုံတွေရော တချို့ကျတော့ ၁၃ဝဝဝ တိုးတယ်၊ တချို့ကျတော့ ၁၅ဝဝဝ တိုးတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်နေ့ကို နေ့ကြေး ၅ဝဝ တိုးတောင်းထားတာပေါ့နော်၊ အဲဒါကို မနေ့က သူဌေးက ညှိပေးတယ်၊ နေ့ကြေး ၅ဝဝ တောင်းတာ ၉၀ တိုးပေးတယ်၊ ဘယ်လိုမှ သဘောမတူဘူး၊ ဒီနေ့ဆက်ညှိဖို့စောင့်နေတာ၊ ညနေ ၄ နာရီသာထိုးတာ တစ်ချက်မှလာမညှိဘူး"

လုပ်သက်အပေါ်မူတည်ပြီး အလုပ်သမားတွေရရှိတဲ့ နေ့စားခက ကျပ် ၃၀၀ ကနေ လုပ်သက် ၇ နှစ်ရှိသူတွေက တစ်နေ့ကို ကျပ် ၁၂၀၀ အထိ ရရှိကြပါတယ်။

တစ်ချိန်ထဲမှာလည်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေးတိုးပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့ အလုပ်သမား ၄၀၀ နီးပါးလောက်ဟာ ဒီနေ့ အလုပ်ရှင်နဲ့ ပြေလည်မှု ရရှိခဲ့ပါတယ်။

Grate Well ဖိနပ်စက်ရုံမှာ နေ့စဉ်ကြေး တစ်နာရီငွေကျပ် ၁၅၀ ရရှိနေတာကနေ တစ်နာရီ ငွေကျပ် ၁၇၀ အထိ တိုးပေးဖို့၊ တစ်လကို ရှားပါးစရိတ် တစ်သောင်းငါးထောင်ပေးဖို့ တောင်းဆိုရာမှာ ဒီနေ့ အလုပ်ရှင်က နေ့စဉ်ကြေးကို တစ်နာရီ ၁၆၀ ကျပ် တိုးပေးပြီး ရှားပါးစရိတ်ကို ၈၇၀၀ ကျပ် တိုးပေးလိုက်တဲ့အတွက် ပြေလည်မှုရရှိခဲ့တာပါ။

ဒါပေမဲ့ အလုပ်သမားတွေဘက်က ဆန္ဒပြခဲ့တဲ့ နှစ်ရက်စာကို မဖြတ်တောက်ဖို့အတွက် ဆက်လက်တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

RFA Burmese
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ က YES အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ နေ့စဉ်ကြေးတိုးပေးဖို့ စက်ရုံအတွင်းမှာ ၃ ရက်မြောက်နေ့အဖြစ် တောင်းဆို ဆန္ဒပြနေကြပါတယ်။

နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ

Photo: နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပဒေသာကပွဲ အင်းစိန်ထောင်တွင် ကျင်းပ၊ အင်ပါယာ တေးဂီတအဖွဲ့ ဖျော်ဖြေ
Friday, February 28, 2014

နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကပွဲကို အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်းသားများနှင့် အကျဉ်းထောင် ဝန်ထမ်းများက ပါဝင် ကပြခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ဖျော်ဖြေခွင့် ရသည်မှာ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကျရောက်သည့် အကျဉ်းဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပသည့် အဆိုပါ ကပွဲသို့ အင်ပါယာ တေးဂီတ အဖွဲ့နှင့်အတူ နာမည်ကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် အပါအဝင် အဖွဲ့၏ ပင်တိုင် အဖွဲ့သားများ စုံညီစွာ ပါဝင်ခဲ့ပြီး တေးသီချင်း ၁၀ ပုဒ်ခန့် သီဆို ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။

ပဒေသာ ကပွဲတွင် တေးသီချင်းများ သီဆိုခြင်း၊ ကပြခြင်းများ အပြင် အကျဉ်းထောင်တွင်း တွေ့ကြုံ ရတတ်သည့် ဖြစ်ရပ်များကို ဖော်ကျူးသည့် ဟာသ ပြဇာတ် တစ်ခုကိုလည်း ထည့်သွင်း ကပြခဲ့ကြောင်း၊ အင်းစိန် အကျဉ်းထောင်ရှိ အကျဉ်းသား ၂၈၀ နှင့် အကျဉ်းသူ ၁၀၀ ခန့် တက်ရောက် ကြည့်ရှုခွင့် ရခဲ့ကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“ခန်းမ အခြေအနေအရ အဲဒီလောက်ပဲ ကြည့်လို့ ရတာပါ၊ ကျန်တဲ့ သူတွေကိုတော့ ကိုယ့်အိပ်ဆောင်မှာ ရှိတဲ့ တီဗီကနေ တိုက်ရိုက် ပြပေးတာ” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အကျဉ်းထောင်တွင်း သီဆို ဖျော်ဖြေပွဲများ ကျင်းပခြင်းကို တရားဝင် ပိတ်ပင်ထားခြင်း မရှိခဲ့ကြောင်း၊ သတင်းစာဆရာ လူထုဦးလှ၊ ဆရာ ရန်ကုန်ဘဆွေတို့ အကျဉ်းကျခဲ့စဉ် ၁၉၆၂ ခုနှစ် မတိုင်မီက ယင်းကဲ့သို့ ထောင်တွင်း ဖျော်ဖြေပွဲများကို ကျင်းပ ပြုလုပ်ခဲ့ဖူးပြီး တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်မှ စတင်ကာ အကျဉ်းထောင် ဥပဒေ၊ စည်းကမ်းများ ပိုမို တင်းကျပ်လာခြင်း၊ ထောင်အာဏာပိုင်များမှ တာဝန်ခံနိုင်ခြင်းများ မရှိတော့သဖြင့် နောက်ပိုင်းတွင် ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးဖြစ်သူ စာရေးဆရာ ဇေယျာမင်းသျှင်က ပြောကြားသည်။

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းသား လေးထောင်ကျော်နှင့် အချုပ်သား နှစ်ထောင်ကျော်၊ စုစုပေါင်း ခြောက်ထောင်ကျော် ရှိနေကြောင်း၊ ယခင်နှစ်က ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲတွင် အကျဉ်းထောင် ဝန်ထမ်း မိသားစုဝင်များသာ ပါဝင်ခဲ့ပြီး အကျဉ်းထောင် ပြင်ပတွင်သာ ကပြ ဖျော်ဖြေခဲ့ကြောင်း အကျဉ်းထောင် မှတ်တမ်းများ အရ သိရသည်။

The Voice Weekly
နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပဒေသာ ကပွဲ တစ်ခုကို အင်းစိန် အကျဉ်းထောင် အတွင်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ နာမည်ကျော် အင်ပါယာ တေးဂီတ အဖွဲ့က လာရောက် ဖျော်ဖြေခဲ့ကြောင်း အငြိမ်းစား ထောင်မှူးကြီး တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်း များကို နိုင် ငံ တ ကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် MAERSK LINE သင်္ဘော ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

Photo: မြန်မာနိုင်ငံ ထွက်ကုန် ပစ္စည်း များကို နိုင် ငံ တ ကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် MAERSK LINE သင်္ဘော ကုမ္ပဏီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ပင်လယ်ကူး သင်္ဘောလိုင်း ကြီးများအနက် တစ်ခု အပါအဝင်ဖြစ်သော MAERSK LINE သင်္ဘောလိုင်း သည် မြန်မာနိုင်ငံ တွင်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်နှင့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အမြဲတမ်း လုပ်ကိုင်ခွင့်ကို ရရှိသွားပြီဖြစ်ရာ မေလမှ စတင်၍ ရန်ကုန်မြို့၌ ၎င်း၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

MAERSK LINE သင်္ဘောလိုင်းသည် ပင်လယ်ကူး သင်္ဘောကြီးများကို အသုံးပြုကာ ကမ္ဘာ အနှံ့အပြားရှိ နိုင်ငံများသို့ ကွန်တိန်နာများ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း တိုးချဲ့လုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း၊ လက်ရှိတွင်လည်း MAERSK LINE အနေဖြင့် မြန်မာနိုင်ငံအတွက် ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ပေးခြင်းကို လုပ်ကိုင်ဆောင်ရွက် ပေးနေသော်လည်း အမြဲတမ်း တရားဝင် ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ကာ လုပ်ကိုင်ဆောင်ရွက် ခွင့်ကို ယခုကျမှသာ ရရှိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံထွက် ကုန်ပစ္စည်း များကို နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတင်ပို့ လာနိုင်စေရန် ကူညီ ဆောင်ရွက်ခြင်း များ ပြုလုပ်သွား မည် ဖြစ်ကြောင်း အဆိုပါ သင်္ဘောကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပင်လယ်ကူး သင်္ဘောများဖြင့် ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်းပမာဏသည် လွန်ခဲ့သော ငါးနှစ်အတွင်း၌ နှစ်စဉ် ၁၅ ရာခိုင်နှုန်း ကျော် တိုးမြင့်လာခဲ့ပြီး လာမည့်နှစ်များ တွင်လည်း ပိုမိုတိုးတက် လာမည်ဖြစ်ကာ၂ဝ၂ဝ ပြည့်နှစ်တွင်မူ ကွန်တိန်နာ သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းပမာဏသည် ယခုထက် လေးဆကျော် ပိုမိုတိုးတက်လာနိုင် ဖွယ်ရှိကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြားသော ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး ပင်လယ်ကူး သင်္ဘောလိုင်း ကြီးများအနက် တစ်ခု အပါအဝင်ဖြစ်သော MAERSK LINE သင်္ဘောလိုင်း သည် မြန်မာနိုင်ငံ တွင်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်နှင့် ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အမြဲတမ်း လုပ်ကိုင်ခွင့်ကို ရရှိသွားပြီဖြစ်ရာ မေလမှ စတင်၍ ရန်ကုန်မြို့၌ ၎င်း၏ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ

Photo: သမ္မတ ပေးပို့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေလေးခု ပြဋ္ဌာန်းပေးရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အစိုးရသို့ ပြန်လွှဲ
Friday, February 28, 2014

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မကျင်းပမီ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ထိုကဲ့သို့ သဝဏ်လွှာပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မ၏ သဝဏ်လွှာပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေသည် သာသနာရေးဝန်ကြီးဌာနနှင့် လည်းကောင်း၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်လည်းကောင်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေအား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်လည်းကောင်း ဆက်စပ်သက်ဆိုင်နေသည်ဟု စိစစ်တွေ့ရှိရသဖြင့် ထိုသို့ဥပဒေမူကြမ်းရေးဆွဲရန် ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းဥပဒေများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဖွဲ့စည်းထားရှိသော လူ့အခွင့်အရေးကော်မရှင်တို့နှင့်လည်း ဆက်နွှယ်သက်ဆိုင်နိုင်သည်ဟု ယူဆကြောင်းလည်း နိုင်ငံတော်သမ္မတထံ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ သမ္မတ၏ သဝဏ်လွှာသည် နိုင်ငံတော်၊ တိုင်းရင်းသားများနှင့် နိုင်ငံသားများအတွက် အထူးအလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်အပ်သော ကိစ္စတစ်ခုဖြစ်သည်ကို နားလည်ကြောင်း၊ ထို့အတူ ဥပဒေပြဌာန်းပေးရေးသည် များစွာသိမ်မွေ့သည့် ဘာသာ သာသနာနှင့် လူမှုရေး၊ လူသားအရေးများ ပါဝင်နေသည်ကို သတိပြုမိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထားစဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြကာ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များအပါအဝင် နိုင်ငံသား ၁၃၃၅၆ဝဝ တို့က လက်မှတ်ရေးထိုးကာ အမျိုးဘာသာ သာသနာကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အဆိုပါဥပဒေလေးခုအား ပြဌာန်းပေးရန် အမျိုးဘာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ဒါဟာ နိုင်ငံရေးနဲ့ နည်းနည်းဆိုင်မယ်ထင်တယ်။ အမျိုးဘာသာရေးထက် နိုင်ငံရေးလို့ ပြောမလိုဖြစ်တယ်ပေါ့နော်။ ကျွန်တော်ကတော့ ဒီလိုပဲထင်တယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ကတော့ ဒါကြီးဟာ ခင်ဗျားတို့ စုဖုရားလတ်ခေတ်ကို ပြန်ရောက်သွားမယ်။ တစ်လင်တစ်မယားတွေ ပါလာတယ်။ အခုက ဘော်လီဘောတွေ ပုတ်နေတာ။ အခုကို ဘုန်းကြီးက ပြောတယ်ဗျာ။ သမ္မတက လွှတ်တော်ကို ခင်ဗျားတို့ လုပ်လိုက်။ လွှတ်တော်က မဟုတ်ဘူး။ မင်းတို့ဆီက လုပ်ရမှာ။ ဘော်လီဘောတွေပုတ်ပြီးတော့ ရှောင်နေတာလို့ ကျွန်တော် ဒီလိုမြင်တယ်။ ဒါကြီးက မကောင်းပါဘူးလို့ ပြောရင် ဘုန်းကြီးတွေနဲ့ ပြဿနာဖြစ်သွားမယ်။ ဘုန်းကြီးတွေကလည်း ကိုယ့်ဘုန်းကြီးတွေ ဖြစ်နေတာကိုး။ ဒါနည်းနည်းခက်တယ်ဗျ။ နည်းနည်းလေး အန္တရာယ်ကြီးတယ်။ ဒါ ပြဿနာရှိတယ်။ သေချာလုပ်ရမှာ။ လွှတ်တော်ထဲရောက်ရင်လည်း နည်းနည်းပွဲဆူမယ့် သဘောရှိတယ်။ ဘုန်းကြီးတွေ လက်မှတ်ထိုးပြီးတင်တယ်ဆိုပေမယ့် ခုနကပြောသလို ကျွန်တော့်အမြင်ကတော့ ငြိမ်နေတဲ့ ကန်ရေပြင်လေးကို ခဲနဲ့ပစ်လိုက်သလိုဖြစ်မလားလို့”ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ဒီဥပဒေတွေက တအားကို သိမ်မွေ့ နူးညံ့ပါတယ်။ ပြီးတော့ ဒါတွေက လွှတ်တော်ကချည်းပဲ ဥပဒေပြုလို့ မရပါဘူး။ ဝန်ကြီးဌာနတွေနဲ့လည်း သက်ဆိုင်နေတယ်။ အခြားဘာသာဝင်တွေမှာ အခုလို လက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းထားတာရှိတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက် တိကျတဲ့ ဥပဒေထုတ်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက တစ်လင်တစ်မယားစနစ်တို့၊ လူဦးရေတိုးပွားနှုန်း ထိန်းချုပ်တဲ့ ဥပဒေတို့ မရှိသေးဘူး။ ကျွန်မတို့ ရခိုင်ပြည်မှာဆိုရင် ဘင်္ဂါလီတွေက မိန်းမတွေအများကြီးယူတယ်။ ကလေးတွေ အများကြီးမွေးတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေထက် ဘင်္ဂါလီတွေ ပိုများလာတယ်။ ပြီးတော့ မိန်းမတွေ အများကြီးယူပြီး အနှိမ်ခံဖြစ်နေရတယ်။ ကလေးတွေကိုလည်း ကောင်းကောင်းမပြုစုဘူး။ ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတာပဲ မဟုတ်လား။ ဒီဥပဒေပြုလို့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကတော့ ဟိုဘက်အခွင့်အရေး၊ ဒီဘက်အခွင့်အရေး ဆုံးရှုံးတာကိုတော့ မျှပြီးကြည့်ရမယ်။ ဒါကြောင့် ခုဥပဒေတွေက နိုင်ငံအတွက် အရေးကြီးတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမဲ့ အစွန်းမရောက်ဘဲနဲ့ တကယ့်ကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ဆိုသည်။

ဘားအံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေဟွာကလည်း “ဒီဥပဒေကြမ်း ထုတ်နိုင်ဖို့က ဝန်ကြီးဌာနလေးခုကို တာဝန်ပေးထားတာပေါ့နော်။ ဒါ အင်မတန်ကောင်းပါတယ်။ တကယ်တော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ဆိုရင် ပိုပြီးတော့ လိုအပ်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီ တစ်လင်တစ်မယားစနစ်တို့ လက်ထပ်ထိမ်းမြားခြင်းတို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် တအားကို လိုအပ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေထွက်လာမယ်ဆိုရင် ကြိုဆိုပါတယ်။ ဒီ ဥပဒေက တခြားဘာသာတွေအတွက် မလိုအပ်ဘူးလို့ ထင်တယ်။ ဗုဒ္ဓဘာသာအတွက်ကို ဆွဲတဲ့ဥပဒေလို့ ကျွန်မယူဆတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာအတွက် အမျိုးသမီးတွေအတွက် အဓိက ဒါလေးတွေက ပိုပြီးတော့ အကျိုးဖြစ်စေမယ်ဆိုတော့လေ။ တခြားဘာသာတွေအနေနဲ့လည်း သူတို့ဘာသာအနေနဲ့ ရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျွန်မထင်တယ် ကန့်ကွက်မယ်မထင်ဘူး။ ဘာသာရေးခွဲခြားမှုလည်း မဖြစ်နိုင်ပါဘူး။ ဒါ ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ကို ရေးထားတဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာ အမျိုးသမီးတွေအတွက်ပဲ အသက်ဝင်မှာပါ။ ကျွန်မတို့နိုင်ငံမှာ နဂိုကတည်းက ဘာသာတွေက လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိတယ်လေ။ ကိုးကွယ်ခွင့်ရှိတယ်ဟာပေါ့နော်။ ကျွန်မစိတ်ထဲမှာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးထင်တာပဲ။ ကျွန်မတို့နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေးနဲ့ ဘာသာရေးက နည်းနည်းလေး လွဲနေတာပေါ့နော်။ အဲဒီတော့ ကျွန်မတို့က ဘာသာရေးကို သွားတယ်ဆိုတော့ ဘာသာရေးကို စဉ်းစားရမှာပေါ့နော်။ ကျွန်မတို့ ဥပဒေတွေဆိုတာက ဒီလွှတ်တော်မှာပဲ ပြဌာန်းသင့်တယ် ဆိုတော့လေ။ အရင်က ကျွန်မတို့ဆီမှာရှိထားတဲ့ ဗုဒ္ဓဘာသာအမျိုးသမီးတွေ လက်ထပ်ထိမ်းမြားခြင်းဥပဒေကို ပြန်ကြည့်မယ်ဆိုရင် ခေတ်စနစ်နဲ့ မလျော်ညီတော့ဘူးပေါ့နော်။
အဲဒီတော့ ပြုပြင်ပြောင်းလဲသင့်တာဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာ ပြုပြင်တာ အကောင်းဆုံးပါပဲလို့ ကျွန်မမြင်တယ်” ဟု ပြောကြားသည်။

ထိုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်) က “ကျွန်မကတော့ နာယကကြီး ရဲ့ သဝဏ်လွှာကို သဘောတူတယ်။ ဒါက ဥပဒေနဲ့လည်း ညီတယ်။ နိုင်ငံရဲ့လိုအပ်ချက်နဲ့လည်း ကိုက်ညီတယ်။ လွှတ်တော်အနေနဲ့ ကတော့ အစိုးရဘက်က ပြန်လာတဲ့စာပေါ်မှာ မူတည်ပြီး ပြန်သုံးသပ်ရမှာပါ။ ဒီဥပဒေတွေက အရေးတကြီးပြဌာန်းဖို့ လို မလိုဆိုတာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဆုံးဖြတ်ပြီး ပြန်ပြီးတော့ အကြံပြုရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)
ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ-စိုးမင်းထိုက်)

နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ နှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။