Friday, March 21, 2014

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို

Photo: ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဆာရင်းနိုက်ကို တရားဝင် သုံးစွဲခွင့်ပြုသင့်ဟုဆို
Friday, March 21, 2014

ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှအငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

လက်ရှိရွှေတူးဖော်ရေးလုပ်ငန်း များတွင် ပြဒါးမှာ အလွယ်တကူ အသုံးပြုနိုင်ပြီး ဆာရင်းနိုက်မှာ အစိုးရရွှေတူးဖော်ရေးလုပ်ငန်းများ တွင်သာ သုံးစွဲခွင့်ရကြောင်း ပြဒါး မှာအဆိပ်အန္တရာယ်ဖြစ်ပေါ်စေပြီး ချေဖျက်ရန် ခက်ခဲသည့်အတွက် ချေဖျက်ရန်လွယ်ကူသောဆာရင်းနိုက် သာ သုံးစွဲခွင့်ပြုသင့်ကြောင်း ၄င်း ကပြောသည်။ 

ပြဒါးကို ချေဖျက်ရန် ဆောင် ရွက်နိုင်မှုမရှိသည့်အတွက် ပြဒါး အရည်၊အငွေ့၊ အစိုင်အခဲများနှင့် ထိတွေ့မိသူများမှာရောဂါလက္ခဏာ မျိုးစုံဖြစ်ပွားနိုင်ပြီး ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)မှ ပြဒါးကင်းစင် သောနိုင်ငံများပေါ်ပေါက်ရန်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 
''နိုင်ငံတော်ရဲ့ သယံဇာတ တွေမပြုန်းတီးချင်ဘူး။ အခွန်အခ တွေရချင်တယ်ဆိုရင် ဆာရင်းနိုက် ကိုတရားဝင်သုံးခွင့်ပြုဖို့သင့်တယ်။ သုံးရင်လဲ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျသုံးသင့်တယ်။ မြန်မာ နိုင်ငံမှာအဆိပ်နဲ့ပတ်သက်တဲ့ဥပဒေ၊ ဓာတုဗေဒပစ္စည်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားပြီးရှိတဲ့ ဥပဒေတွေကို စနစ်တကျ လိုက်နာ ကျင့်သုံးမယ်ဆိုရင်ရွှေထုတ်လုပ်မှု ကဒီထက်တိုးတက်လာမယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူး(ငြိမ်း) ဦးစိန်မြင့်က ပြောသည်။

လက်ရှိတွင်ဆာရင်းနိုက်ကို အစိုးရက တရားဝင်သုံးစွဲခွင့်မပြု သော်လည်းတရားမဝင်သုံးစွဲမှုများ ရှိနေကြောင်း၊ တရားဝင်သုံးစွဲပါက ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ကို စနစ်တကျတားဆီးနိုင်သော် လည်း တရားမဝင်သုံးစွဲမှုများမှာ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ကို တားဆီးရန်ခက်ခဲသောကြောင့် တရားဝင်စနစ်တကျ သုံးစွဲခွင့်ပြု သင့်ကြောင်း ၄င်းကပြောသည်။ ဆာရင်နိုက်မှာ ပြဒါးကဲ့သို့ အချိန်ကြာမြင့်မှု မရှိဘဲ စားသုံးမိပါ က အသက်အန္တရာယ်ဖြစ်ပေါ်စေ နိုင်သော်လည်း စနစ်တကျသုံးစွဲ ပါက ရွှေအထွက်တိုးနိုင်ပြီး ရောဂါ များဖြစ်ပေါ်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်သည်။

ပြဒါးမှာ ပြုပြင်ပြောင်းလဲ၍ မရဘဲ လူ့ခန္ဓာကိုယ်၏ အရေပြား အတွင်းသို့ရောက်ရှိပါက အရေပြား ရောဂါများဖြစ်ပေါ်နိုင်ခြင်း၊အဆုတ် အတွင်းသို့ရောက်ရှိပါက အသက် ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများဖြစ်ပွားခြင်း၊ အကြော ဆိုင်းခြင်း၊လေဖြတ်၊လေဖြန်းခြင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိပါကသားပျက် လျှောခြင်း၊ ကိုယ်အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်းစသည့် ရောဂါမျိုးစုံ ဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ သိရသည်။

The Union Daily
ရွှေတူးဖော်ရေးလုပ်ငန်းများ တွင် လက်ရှိအသုံးပြုနေသော ပြဒါးမှာ အန္တရာယ်များစွာရရှိနိုင် သောကြောင့် ဆာရင်းနိုက်အား တရားဝင်သုံးစွဲခွင့်ပြုသင့်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အငြိမ်းစား ပညာရှင်တစ်ဦးကပြောသည်။ 

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများအတွက် အိုင်တီ အခြေခံသင်တန်းသစ် ဖွင့်မည်

Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ အိုင်တီ အခြေခံသင်တန်း ဖြစ်သည့်ွှု IT Essentials သင်တန်းကို အခြေခံပညာ အထက်တန်း စာမေးပွဲ ဖြေဆိုပြီးသူများ အတွက် ဧပြီလ အတွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းထံမှ သိရသည်။

ကော့မှူးမြို့နယ် လယ်ယာမြေ ပြန်လည်ရရှိရေး တောင်သူလယ်သမား သမဂ္ဂ ဦးဆောင် ဆန္ဒထုတ်ဖော်မည်

ကော့မှူးမြို့နယ် အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများ ဖြေ ရှင်းပေးရန် ဌာနဆိုင်ရာ များကို အကြောင်းကြားသော်လည်း ၂ နှစ်နီးပါး ကြာမြင့်သည်အထိ ဖြေရှင်းပေးခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂက ဦးဆောင်ကာ ဆန္ဒထုတ်ဖော် မည် ဖြစ်ကြောင်း အဆိုပါသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေး က ပြောကြား သည်။

ရန်ကုန်မြို့က ဘုရားဖူးခရီးသည် ပြီးခဲ့တဲ့နှစ် ပမာဏထက်လျှော့ကျမှု မရှိ

ရွှေစက်တော်၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးခရီးစဉ်ကို သွားတဲ့ ခရီးသည်အရေအတွက်က လက်ရှိမှာ ဆိုရင် တစ်ပတ်ကို လူဦးရေ ၄ ထောင်ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် ခရီးသွားဦးရေနဲ့ယှဉ်ရင် လျှော့ကျမှု မရှိတဲ့အကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာရှိတဲ့ မြန်မာပြည်အနှံ့ဘုရားဖူး ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။

ဂျပန်က လှူဒါန်းသည့် သင်္ဘောသုံးစင်း ယခုနှစ်ကုန်ပိုင်းတွင် ပြေးဆွဲမည်

ဂျပန်နိုင်ငံက လှူဒါန်းသော ပန်းဆိုးတန်း-ဒလတွင် ပြေးဆွဲမည့် သင်္ဘောသုံးစင်းကို ယခုနှစ်ပိုင်း တွင် ပြေးဆွဲမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက မတ်လ ပထမပတ်တွင် တရားဝင် ထုတ်ပြန်ထားသည်။

ဒီအပတ်ကစားမယ့် ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရဲ့ El Clasico ပွဲစဉ်အကြို El Clasico အကြောင်း တစေ့တစောင်း

Photo
အခုလာမယ့် တနလာင်္နေ့ မနက် မြန်မာစံတော်ချိန် မနက် ၂:၃၀ မှာ ဘောလုံးလောကမှာ အကောင်းဆုံး အကြိတ်အနယ်အရှိဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့ စပိန်ဘီလူးနှစ် သင်းဖြစ် တဲ့ ရီးယဲလ်မက်ဒရစ် နဲ့  ဘာစီလိုနာ အသင်းတို့ တွေ့ ဆုံကြမှာပါ။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

Photo: ဘွမ်ဆစ်ပါ စစ်ရှောင်စခန်း မီးလောင်မှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး

မြစ်ကြီးနား၊ မတ် ၂၀

ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာ လူမှုဖွံ့ဖြိုးရေး (ဗန်းမော်) ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်း စစ်ရှောင်စခန်းတွင် မတ်လ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က လေပြင်း ကျရောက်စဉ် စစ်ရှောင်စခန်း အတွင်းရှိ ယာယီရွက်ဖျင်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ရာ တဲအတွင်း အိပ်ပျော်လျက် ရှိသည့် စစ်ရှောင်မိသားစုသုံးဦးအနက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် မီးလောင် သေဆုံးခဲ့ကာ မိဘနှစ်ဦးမှာ မီးလောင်ဒဏ်ရာ များကြောင့် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရှိ မိုင်ဂျာယန် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူနေရသည်ဟု ၎င်းကဆိုသည်။

“ဘာကြောင့် မီးလောင်မှု ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲပါ။ ဒုက္ခသည်တွေ နေထိုင်နေတဲ့တဲက မီးလောင်လွယ်လို့ မီးသတိထားဖို့အတွက် သတိပေးထားတယ်။ ရှိနေတဲ့တွေက မီးဘေး အန္တရာယ်အတွက် လုံးဝစိတ်မချရဘူး။ အခြား လုံခြုံစိတ်ချရတဲ့ နေအိမ်တွေနဲ့ အစားထိုးပေးဖို့ အရေးပေါ် လိုအပ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

မီးလောင်မှုကြောင့် မိုင်ဂျာယန် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသော စစ်ရှောင် မိသားစု နှစ်ဦးအတွက် ကရုဏာ (ဗန်းမော်) ရုံးက ဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်နှင့် ကေအိုင်အေတပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နမ်လင်းပါ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင် မိသားစုဝင်ဦးရေ ၁၂၀၀ ကျော် နေထိုင်လျက်ရှိသည့် နယ်စပ် စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။
ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ် - မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဘွမ်ဆစ်ပါ စစ်ရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ခဲ့သောကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ကြောင်း ကရုဏာမြန်မာလူမှုဖွံ့ဖြိုးရေး(ဗန်းမော်)ရုံးက ပြောရေးဆိုခွင့်ရှိသူက ပြော ကြားသည်။

ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ်ကြောင့် ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းပါဝင်

Photo: ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ်ကြောင့် ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်းပါဝင်
Friday, March 21, 2014

ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ် မတော်တဆ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်း ပါဝင်ကြောင်း မထသ (ဗဟို) က ထုတ်ပြန်ထားသော တရားဝင် စာရင်းများအရ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခရီးသည်တင်ယာဉ် မတော်တဆမှု ၆၃ မှု၊ သေဆုံးသူ ၂၀ ဦး၊ ဒဏ်ရာရရှိသူ ၂၁၄ ဦးဖြစ်ရာ ဟိုင်းလပ်ကြောင့် ဖြစ်ပွားမှုသည် မတော်တဆမှု ရှစ်မှု၊ သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိသူ ၈၅ ဦး ဖြစ်သောကြောင့် ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက မတော်တဆ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်း၊ သေဆုံးမှု ၂၀ ရာခိုင်နှုန်း၊ ဒဏ်ရာရသူ ၄၀ ရာခိုင်နှုန်းတို့မှာ ဟိုင်းလပ်ယာဉ် များကြောင့် ဖြစ်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။

အဆိုပါ ဟိုင်းလပ် ယာဉ်များတွင် မောင်းနှင်သော ယာဉ်မောင်း အများစုမှာ အသက်ငယ်ရွယ်သည့် လူငယ်များ ဖြစ်ပြီး ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်ကြောင်း၊ ကားအမိုးနှင့် ဘေးအတွယ် စီးနင်းကြသဖြင့် ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ပါက အန္တရာယ် အလွန်များကြောင်း တာမွေမှ သန်လျင်သို့ ပြေးဆွဲနေသည့် ဟိုင်းလပ် ယာဉ်ငယ်များ စီးနင်းလျက်ရှိသည့် ခရီးသည်များက ပြောဆိုသည်။
ကားအမိုး၊ ဘေးတွယ်နှင့် နောက်တွယ် စီးနင်းသည့် ယာဉ်များကို စိစစ်၍ ဖမ်းဆီးလျက်ရှိရာ အစီးရေ တစ်ထောင်ကျော်ခန့် ဖမ်းဆီးရမိကြောင်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ယာဉ်မကြံ့ခိုင်မှုကြောင့် ဖြစ်ပွားသော မတော်တဆမှုများလည်း ပါဝင်ရာ အဆိုပါ ယာဉ်မကြံ့ခိုင်သည့် ယာဉ်များမှာ ဟိုင်းလပ်ယာဉ်များ ဖြစ်ကြောင်း မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် ရန်ကုန်တော်မြို့ အတွင်းတွင် ဟိုင်းလပ်ယာဉ် ၈၅၀ စီး ပြေးဆွဲလျက်ရှိပြီး ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ပြီး ယခုလည်း ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ စည်ပင်သာယာ နယ်နိမိတ်အတွင်း မတ်လကုန်အထိသာ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း မထသ(မြို့တွင်း) ၏ တရားဝင် စာရင်းများအရ သိရသည်။

The Voice Weekly
ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ် မတော်တဆ ဖြစ်ပွားမှု ၁၃ ရာ ခိုင်နှုန်းပါဝင်ကြောင်း မထသ(ဗဟို)က ထုတ်ပြန်ထားသော တရားဝင် စာရင်းများအရ သိရ သည်။

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန်ဝင်ခွင့်လျှောက်လွှာခေါ်

ရှမ်းပြည်နယ်တွင် ဒေသတွင်း ဧည့်လမ်းညွှန် အခြေခံသင်တန်းဝင်ခွင့်အတွက် လျှောက်လွာများ စတင်ခေါ် ယူလျက်ရှိသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်သူက မတ်၂၀ ရက်တွင် မဇ်္ဈိမကို ပြောသည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်

Photo: မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု ပြီးစီးပါက ကုန်တင် လေယာဉ်ကြီးများ ဆင်းသက်မည်
Friday, March 21, 2014

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် အဆိုပါ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်အပြင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုပါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Service ကုမ္ပဏီ ကို ရွေးချယ်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့် လေဆိပ် တည်ဆောက်ရေး အတွက် သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန် ညှိ့နှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံ၏ လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး လေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် အမှတ်ပေး တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံက Mitsubishi-Jalux Accociation With SPA (Japan)ကုမ္ပဏီမှ တည်ဆောက်ခွင့် ရရှိခဲ့သည်။

လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ရန် ညှိ့နှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဆင့် မြှင့်တင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ နှစ်ခုနှင့် မြန်မာနိုင်ငံ အကြား သဘောတု စာချုပ် ချုပ်ဆိုရန် စာချုပ်မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။

ယင်း သဘောတူညီမှု စာချုပ် ချုပ်ဆိုပြီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အရ လက်ရှိခရီးသည် ၂ ဒဿမ ၇ သန်း လက်ခံနိုင်စွမ်း ရှိသည်ထက် ခရီးသွား ၆ သန်းအထိ တိုး၍ လက်ခံနိုင်စွမ်း ရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။အလားတူ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာမှ ကုန်တင်လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သော လေဆိပ် အဖြစ် အဆင့်မြှင့်တင် ပြီးပါက ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းအတွက် အဓိက အချက်အခြာ ကျသော မြို့ကြီး ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

မြ၀တီ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင်တင်ခြင်းများ လုပ်ဆောင်မှု ပြီးစီးပါက နိုင်ငံ တကာမှ ကုန်တင်လေယာဉ်ကြီးများကို ဦးစားပေး ဆင်းသက်စေမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ဓားဖြင့် ရက်စက်စွာ ခုတ်ပိုင်းသတ်ဖြတ်ခံခဲ့ရသည့် ရန်ကင်းလူသတ်မှု တစ်ဘက်သတ် ခံရခြင်းဖြစ်ဟုသိရ

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် မတ်လ ၁၅ ရက်နေ့ညကဓားဖြင့် ရက်စက်စွာမသေမချင်းခုတ်သတ်ခံခဲ့ရသည့် ကိုမင်းမင်းဦးမှာ ပြစ်မှုကျုးလွန်ခဲ့သူတရားခံ နှင့်ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိဘဲ မတရား ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရှိရသည်။

ပြင်သစ် Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ် ပူးပေါင်းမည်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Pierre et Marie Curie တက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ်တို့ အကြား ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်တွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

"နားလည် မှုတွေနဲ့ အိမ်ထောင်သည် ဘဝကို တည်ဆောက် သွားကြ မယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ"

Photo: "နားလည်မှုတွေနဲ့ အိမ်ထောင်သည် ဘဝကို တည်ဆောက် သွားကြ မယ့် ဖြိုးငွေစိုး နဲ့ ဇင်ဇင် တို့ရဲ့ ကြည်နူး ရင်ခုန် စကားသံများ"
Friday, March 21, 2014 

ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော် ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့ မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

ဖြိုးငွေစိုး
ချစ်သူသက်တမ်း ၆နှစ်ကြာ
ကျွန်တော် သူနဲ့ စတွေ့တာက တော့ ပွဲတွေ ဘာတွေ သွားရင်းလာ ရင်းနဲ့စ ပြီးတွေ့ဖြစ်ကြတယ်။ သူနဲ့ ကျွန်တော် နဲ့က သူငယ် ချင်းတွေလိုပဲ စနောက်နေတာက များ တယ်။ ချစ် သူတွေ အဖြစ် ခြောက်နှစ် သက်တမ်း မှာလည်းနေ့တိုင်း ရန်ဖြစ် တယ်။ နေ့တိုင်း ပြန်တည့်တယ်။ နေ့တိုင်း စိတ်ကောက်၊ နေ့တိုင်း စကားများတယ်။ နေ့တိုင်း လည်း ပြန်ပြီး အဆင်ပြေ တယ်။ နောက် တစ်ခုက ချစ်သူ သက်တမ်း ကလည်း ခြောက်နှစ် ကြာပြီဆိုတော့ ဒီထက်လည်း ပိုပြီးကြာလို့ မဖြစ် တော့ ဘူး။ နှစ်ယောက်စလုံး အကျင့် တူတာက စိတ်ကူးပေါက်ရင် ထပြီး လုပ်ဖြစ်တယ်။ အခုလည်း ဒီလိုပဲ ထပြီးတော့ ယူဖို့ကို ပြောပြီးတော့ ချက်ချင်း စီစဉ်ဖြစ်သွားတယ်။ စိတ် ချမ်းသာရတယ်။

နှစ်ဦးကြားနားလည်မှုရှိပြီးသား
ကျွန်တော်တို့ နှစ်ယောက် နားလည်မှု သိပ်ပြီး မယူရဘူး။ တစ် ခုကောင်းတာက ပါးစပ်က ပြောစ ရာမလိုဘူး။ သူ့ဘာသာသူ အလိုလို သိတယ်။ သဘောပေါက်တယ်။ ကျွန် တော် လုပ်ချင်တာရှိလို့ တစ်ခုလုပ် ပြီ ဆိုရင်လည်း သူမတားဘူး။ ကြည့် နေတယ်။ ဒါပေမဲ့ ဘေး ကနေပြီး ထိန်းပေးတယ်။ ဟိုမသွားနဲ့ ဒီမသွား နဲ့ဆိုပြီးလည်း သူပြောလို့ မရဘူး။ သူမပြောဘူး။ ဒါပေမဲ့ ဘယ်အချိန် ပြန်ရောက်အောင် ပြန်လို့တော့ မှာ တယ်။ ကျွန်တော် လုပ်မယ့် အလုပ် တွေကိုလည်း သူနားလည် တယ်။ ဘေး ကနေ သူဘာလုပ်ပေး ရမလဲဆို တာ သူသိ တယ်။

တာဝန်ယူနိုင်မှုနှင့် အိမ်ထောင်ပြု
ကျွန်တော်တို့ ယူဖို့ စဉ်စား ထားတာတော့ ကြာပါပြီ။ ကျွန်တော် အရင်တုန်း ကလည်း ပြောဖူးပါ တယ်။ ကျွန်တော် တာဝန်ယူနိုင်ပြီလို့ ထင်တဲ့ အချိန်မှာပဲ ဒီဝန်ကို ထမ်း ချင် တယ်။ အဲဒါကြောင့် အခုလည်း ဒီ ဝန်ကို ထမ်းနိုင်ပြီ ထင်လို့ ယူဖို့ ဆုံး ဖြတ်လိုက်တာပါ။ ကျွန်တော် အိမ် ထောင်သည်ဘဝ ရောက်သွားပြီ ဆို ရင်လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အရင် ထက်တော့ ပိုပြီး သပ်သပ်ရပ် ရပ်လေးနေမယ်။ အရင် လိုတော့ မဟုတ်တော့ဘူး။

သင်္ကြန်တွင်းရက်များ ဟန်းနီးမွန်းခရီး စီစဉ်ထား
ကျွန်တော်တို့ ပထမ ကတော့ ဟန်းနီးမွန်း ကို အင်္ဂလန်သွားဖို့ စီစဉ် ထားတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အင်္ဂလန် မသွားဖြစ်တော့ဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ အချိန်က တစ် လခွဲတောင် ဆိုတော့ ဒီမင်္ဂလာဆောင် မတိုင်ခင် တချို့ အလုပ်လေးတွေ ရပ် လိုက်ရတာလည်း ရှိတယ်။ အဲဒါ တွေ ပြန်လုပ်ရ မှာရော တချို့ဟာလေး တွေလည်း ကျွန်တော် လက်မလွတ်ချင် တဲ့ ဇာတ်ကားလေးတွေ လည်း ရှိ တယ်။ အဲဒါကြောင့် အင်္ဂလန်က နောက်မှ သွားလည်းရတယ်။ ဒီတော့ သင်္ကြန်နီး မှပဲ တစ်နေရာရာ သွား မယ်။ နီးနီးနားနား သွားမယ်။ သူက တော့ ဘာလီကျွန်း ကိုသွားချင်တယ်။ ကျွန်တော်တို့ နှစ်ယောက် အဆင်ပြေ မယ့်နေရာ တစ်နေရာရာတော့ သွား ဖြစ်မှာပါ။ သင်္ကြန် တွင်းသွားမှာပါ။

အနုပညာအလုပ်ပဲ ရှေ့ဆက်လုပ်မှာ
အနုပညာ အလုပ်တွေကိုလည်း ကျွန်တော် ရှေ့ဆက်ပြီး လုပ်ဆောင် သွားမယ်။ ကျွန်တော့် အသိတွေ ပြောတာကတော့ အိမ်ထောင်သည် ဖြစ်ပြီးရင် အလုပ်လုပ် ရတာ ပိုပြီး သပ်ရပ် သွားတယ်လို့ ပြော ကြတယ်။ ပိုပြီးတော့ လည်း ငြိမ်တယ်။ အရင် က လိုတော့ နေလို့မရဘူး။ ကိုယ်တိုင် လည်း စဉ်းစားမိတယ်။ ပရိသတ်က လည်း ယူဖို့ ကျွန်တော့် ကို မြှောက်ပေး တယ်။ ယူမယ် ဆိုတော့လည်း သူတို့ ပျော်ကြတယ်။ အဲဒီတော့ ပရိသတ် ကို ပြောချင်တာက သူတို့မြှောက်ပေး တဲ့ဇာတ် ဆိုတော့ ကျွန်တော် လည်း ဆက်ပြီးသာ အားပေးကြ ပါလို့ ပြော ချင်ပါတယ်။

ဇင်ဇင်
နားလည်မှုတွေနဲ့တည်ဆောက်ခဲ့တဲ့ ချစ်သူဘဝ
သူနဲ့ စတွေ့တာ ကတော့ သူ ငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ ငါးနှစ် ကျော်၊ ခြောက်နှစ်လောက် ကစပြီး တွေ့ဖြစ်တယ်။ အဓိက ကတော့ ချစ် သူသက်တမ်း ၆ နှစ် အတွင်းမှာ နား လည် မှုတွေ နဲ့ နေဖြစ်တယ်။ ကိုယ် ကလည်း သူ့ အပေါ်မှာ ခွင့်လွှတ်ပေး နိုင်တဲ့ အရာမျိုးတွေ၊ သူကလည်း ကြီးကြီးမားမား ပြဿနာတွေ မလုပ် တတ်ဘူး။ တစ်ယောက် နဲ့တစ် ယောက် ညှိနှိုင်းပြီးတော့ နေဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းတူကြတယ်
အလုပ်နဲ့ ပတ်သက်ပြီးတော့ အစ်မကတော့ သူ့ကို အကြံပေးဖြစ် တယ်။ နှစ်ယောက် စလုံးက အကျင့် စရိုက် တူတယ်။ နှစ်ယောက် စလုံးက စိတ်မြန်တယ်။ သူက အမြဲ တမ်း စိတ်တို လွယ်တယ်။ ဒေါသထွက်လွယ် တယ်။ စိတ်တော့ တအားတို တတ် တယ်။ ပြီးတော့လည်း ပြီးသွားတာပဲ။ ဘာမှ မဟုတ်ဘူး။ သူ့ရဲ့အားသာ ချက် ကတော်တော်ကို သဘော ကောင်း တယ်။ အပေါင်း အသင်းပေါ် မှာ ရော၊ တခြားအရာတွေ မှာပါ တအား ကူညီချင်တဲ့စိတ်ရှိတယ်။

အိမ်ထောင်သည်ဘဝကိုလည်း နားလည်မှု နဲ့တည်ဆောက်မယ်

အဓိကကတော့ အိမ်ထောင် သည်ဘဝရောက် သွားရင် လည်း တစ် ယောက်ကိုတစ် ယောက် ပိုပြီးတော့ နား လည်ရမယ်။ တစ်ယောက် စိတ်ကို တစ်ယောက် သိနေ ကြတာ ဆိုတော့ နားလည်မှု တအားကြီးတော့ ယူစရာ မလိုပါဘူး။ တိုင်တိုင် ပင်ပင်လေးနဲ့ နေသွားမယ်။ သူ့အလုပ် ကိစ္စတွေကို လည်း တတ်နိုင်တဲ့ ဘက်ကနေပြီး အကြံပေးမယ်။ ကူညီပံ့ပိုးပေးသွား မှာပါ။ လက်တွဲဖော် အနေနဲ့ အစစ အရာရာ ဒီထက်မက ကူညီပံ့ပိုးပေး သွားမယ်။ အစ်မတို့က စိတ်ဆိုး ရန်ဖြစ်လည်း ခဏပဲ။ ကြီးကြီး မား မား ပြဿနာမျိုး မရှိဘူး။ အမှတ် တရနေ့တွေ မှာလည်း အမှတ်တရ ပစ္စည်းတွေ ကတော့ အများကြီးပဲ။ တန်ဖိုး ရှိတာတွေရော၊ မရှိတာတွေ ရော အများကြီး ပါပဲ။ နောက်ပိုင်းမှာ လည်း ကိုဖြိုးကို အားပေးကြပါလို့။ တစ်ယောက် နဲ့ တစ်ယောက်က လည်း နားလည်မှုတွေ နဲ့နေသွားမယ်။ သူ့ကို ကူညီ ပံ့ပိုးပေး သွားမယ်။ အတတ်နိုင် ဆုံးတော့ ကူညီပေး သွားမှာပါ။

Popular Journal
ပရိသတ် အားပေးမှု အတော် အသင့် ကိုယ်စီရရှိထား သူတွေဖြစ် ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ အနုပညာရှင် နှစ်ဦးဟာ နှစ်ယောက် တစ်ဘဝ ပေါင်းစပ်လို့ မိသားစု ကမ္ဘာ လေးတည်ဆောက် ပုံဖော် ကြတော့ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ချစ်သူ နှစ်ဦးဖြစ်ကြတဲ့ ဖြိုးငွေစိုး နဲ့ ဇင်ဇင်တို့ရဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည် ဘဝ မည်သို့ မည်ပုံ တည်ဆောက်ခဲ့ ပုံနဲ့ ဟန်းနီးမွန်း ခရီးစဉ်တွေအပြင် တစ် ဦးအပေါ် တစ်ဦး နားလည်မှုတွေ ထားပြီး ချစ်မေတ္တာပုံ အပ်ထားပုံ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

ရန်ကုန်၊ မတ် ၂၀

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်နေကြသည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်လူမျိုး တိုင်းရင်းသားများ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ M3 စားသောက်ဆိုင်တွင် လက်မှတ်ရေးထိုး၍ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေပုဒ်မ ၁၉ ကို ဆန့်ကျင် ချိုးဖောက်ရာ ရောက်နေကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ရန်ကုန်) မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။

ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် ဥပဒေ၏ ပြတ်သားမှု မရှိသောကြောင့် ဖြစ်ကြောင်း ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခြင်းကို ကန့်ကွက်ကြောင်း လက်မှတ် ရေးထိုးသည့် ကမန်အမျိုးသား သာရေး၊ နာရေးအဖွဲ့ (ရန်ကုန်) က ဦးတင်ငွေက ဆိုသည်။

“အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့အတွက် သန်းခေါင်စာရင်း ဥပဒေက ရှေ့နောက် မညီညွတ်ဘူး။ မညီညွတ်မှု အပေါ်မှာ ဖြစ်လာတဲ့ အကျိုးဆက်” ဟု ၎င်းက သုံးသပ်သည်။

ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ကျော်တွင် မတ်လ ၁၆ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ကို ရုပ်သိမ်းကြောင်းကို မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ကြေညာထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်း ရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘော ထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

Photo: ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ရခိုင်နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှုအဖွဲ့အစည်း စသည့် ရခိုင်တစ်မျိုးသားလုံး ပါဝင်မည့် ရခိုင်အမျိုးသား ညီလာခံကို ကျောက်ဖြူ မြို့နယ်တွင် ဧပြီလ ၂၇ ရက်နေ့မှ စတင်ကာ ငါးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။

ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နာမည်ပျက်စာရင်း အသွင်းခံထားရသူများပါ တက်ရောက်ခွင့် ရရှိရန် အစိုးရနှင့် ညှိနှိုင်းထားကြောင်း ဦးဇော်အေးမောင်က ဆိုသည်။

အဆိုပါ ညီလာခံကို ရခိုင်အမျိုးသား ညီညွတ်ရေး၊ ရခိုင်ပြည်နယ်အတွင်း တန်းတူရေးနှင့် တရားမျှတရေး၊ လုံခြုံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ရခိုင် လူ့ဘောင်သစ်တစ်ရပ် ပေါ်ပေါက်ရေး တို့ကို ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသား ညီလာခံ ကျင်းပရန်အတွက် စာတမ်းပြုစုရေးနှင့် စိစစ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ဧည့်ခံဆက်ဆံရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေး၊ မှတ်တမ်းပြုစုရေး ကော်မတီတို့ကို ဖွဲ့စည်းထားကြောင်း ညီလာခံ ကျင်းပရေးရုံး (ရန်ကုန်) ထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အိမ်အကူကို မီးပူနှင့်ထိုး ရေနွေးပူဖြင့် လောင်းကာ သော့ခတ် ပိတ်လှောင် ထားသည့် အိမ်ရှင်ကို အမှုဖွင့်

ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ(၂)ရှိ လေးလွှာတိုက်ခန်းတွင် အသက် ၂၅ နှစ်အရွယ် အိမ် အကူအမျိုးသမီးကို မီးပူဖြင့်ထိုး၊ ရေနွေးပူဖြင့် လောင်းပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ တစ် ပတ်ကြာ နေအိမ်အတွင်း သော့ခတ် ပိတ်လှောင်ထားသည် ဆိုသည့် အိမ်ရှင် အမျိုးသမီးကို ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရ သည်။ 

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခများ ဧပြီလ ၁ ရက် ပြန်လည် ကောက်ခံမည်

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ် နေရာများတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို တစ်နှစ် ရပ်နားထားရာမှ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီး တန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံထုတ် အသားဖြူ ခရင်မ်ကိုးမျိုး မသုံးစွဲသင့်ကြောင်း FDA သတိပေး

ပြည်တွင်းအလှကုန် ဈေးကွက်အတွင်းရှိ တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေသော ထိုင်းနိုင်ငံ ထုတ် အသားဖြူခရင်မ် တံဆိပ် ကိုးမျိုးကို သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဒေသအချို့တွင် ရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မတ်လ ၂၀ ရက်နေ့မှစ၍ နောက်ငါးရက်အတွင်း အချိန် အခါမဟုတ် မိုးများ ရွာသွန်းမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ပြည်သူ့လွှတ်တော် မြေယာကော်မရှင်မှ ပေးပို့သည့် တောင်ကြီးမြို့နယ်မြေယာမှုများ စတင်ဖြေရှင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း မြေယာနှင့် နစ်နာမှုလျှောက်ထား သည့် အမှုတွဲပေါင်း ၆၀ ကျော် ကို စတင်ဖြေရှင်းနေသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦး ဇော်မြင့်သိန်းက မတ်၂၀ ရက်တွင် မဇ်္ဈိမကိုပြောသည်။

ပါးစပ်ကပြောနေရုံနဲ့ ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ပါ

ဒီကနေ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းလာ နေပါပြီ။ ဒီကနေ့ပြည်သူတွေလိုလားနေတာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် တွေရှိနေတဲ့ဒေသမှာ နေထိုင်ကြတဲ့လူတွေရဲ့ အဓိကမျှော်လင့်ချက်ဟာ တိုက် ပွဲတွေမဖြစ်ဖို့ပါပဲ။ တိုက်ပွဲတွေ ဖြစ်ပြီးပြေးကြလွှားကြနဲ့ နေရတဲ့ဘ၀ဟာ လူဖြစ်ရှုံးတဲ့ဘ၀ပါပဲ။ ကိုယ့်တိုင်းရင်းသားအချင်းချင်း စစ်တိုက်နေရ တဲ့ ကိစ္စမျိုးကို တပ်မတော်သားတွေကလည်း မလိုလားပါဘူး။

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး နည်းဗျူဟာ စနစ်တကျ ပံ့ပိုးရန်လိုဟု ဆို

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများအား ငွေကြေးထောက်ပံ့မှု၊ နည်း ပညာထောက်ပံ့မှုနှင့် စနစ်ကျနမှုရှိစေရန် အစိုးရမှ နည်းဗျူဟာ စနစ်တကျဖြင့် ဆောင်ရွက်ပေး သင့်ကြောင်း ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်အသင်း (REAM) က အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာ များနှင့် အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

ကိုယ်ကျိုးရှာနေမှုများကို တိုင်ကြားခဲ့သော လျှပ်စစ်အင်ဂျင်နီယာရုံး ၀န်ထမ်းများအား အရေးယူ

Photo: ကိုယ်ကျိုးရှာနေမှုများကို တိုင်ကြားခဲ့သော လျှပ်စစ်အင်ဂျင်နီယာရုံး ၀န်ထမ်းများအား အရေးယူ
Friday, March 21, 2014 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် အများပြည်သူများ အန္တရာယ် ကင်းရှင်းရေး၊ ၀န်ထမ်းများ လုပ်အားခရရှိရေးနှင့် အထက်အရာရှိက ဌာနအပေါ်တွင် ကိုယ်ကျိုး စီးပွားရှာနေခြင်း တို့အား သက်ဆိုင်ရာဌာနများသို့ တင်ပြမိ သည့်အတွက် တင်ပြသော ၀န်ထမ်းများအား တရားမ၀င်ဓာတ် အား သုံးစွဲမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမ၀င် ဘီလ်မထွက် သော မီတာများ ဖြစ်ပေါ်ခဲ့ခြင်း၊ တရားမ၀င်ငွေကြေး တောင်းခံမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ ဌာနမှ သတ် မှတ်ထားသော စံချိန်စံညွှန်းနှင့် မညီဆိုသည့်စွဲချက်များဖြင့် အပြစ် ပေး အရေးယူခြင်းခံခဲ့ရကြောင်း သိရသည်။

ဖျာပုံမြို့နယ် လျှပ်စစ်အင်ဂျင် နီယာက အများသုံးထရမ်စဖော်မာ များ လောင်ကျွမ်းသောအခါ ပြည် သူထံမှ ငွေကြေးကောက်ခံပြီး မြို့နယ်ရုံး၌ပင် ထရန်စဖော်မာများ ပြန်ပတ်ခြင်း၊ …ဓာတ်အားပေးထား သည့် လိုင်းကြိုးများ သစ်ပင် သစ် ကိုင်းကြားတွင် ငြိနေသည့်တိုင် လုပ်ဆောင်ခြင်းမရှိခြင်း၊ လက်ရှိ သုံးစွဲနေသော ထရန်စဖော် မာများ၏ ခြံစည်းရိုးများ ပျက်စီးယိုယွင်း နေခြင်းအား လုပ်ဆောင်ပေးခြင်း မရှိ မသိကျိုးကျွန်ပြုလုပ်နေခြင်း၊ တချို့မှာ စာသင်ကျောင်းနှင့် အလွန်နီးကပ်နေပြီး ကျောင်းသား၊ ကျောင်းသူများ အချိန်မရွေး အသက် အန္တရာယ် ကျရောက်နိုင် ခြင်းဆိုသော အများပြည်သူနှင့် ၀န်ထမ်းများ ကျရောက်နိုင်သော အန္တရာယ်များအား ပြုပြင်လုပ် ဆောင်ခြင်းမရှိ၊ နိုင်ငံတော်မှ ချမှတ်ပေးသော တာဝန်နှင့် လုပ် ပိုင်ခွင့်ကို အရယူစီးပွားရှာ စားနေ သူအား အရေးယူဆောင်ရွက်ပေး ရန် လျှပ်စစ်ကျွမ်းကျင် ၂ ဦးဖိုးထူး အပါအ၀င် ၀န်ထမ်းများက တာဝန် ရှိသူများအား တင်ပြခဲ့ရာ ၂၀၁၄ ခုနှစ် ၁ လပိုင်းတွင် စစ်ဆေးရေး အဖွဲ့များက လာရောက်စစ်ဆေးခဲ့ သည်။ သို့ရာတွင် တကယ်တမ်း ၃ လပိုင်းတွင် စာထွက်လာသော အခါ အမှန်တရားကို တင်ပြမိသူ များအား စစ်ဆေး ရေးအဖွဲ့ လာရောက်စစ်ဆေးစဉ်က မေးမြန်းခြင်း မခံရသော စွဲချက်များဖြင့် အပြစ် ပေးခြင်းခံခဲ့ရကြောင်း သိရ သည်။

ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး အရေးယူခြင်းခံခဲ့ရ သော လျှပ်စစ်ကျွမ်းကျင် ၂ ဦးဖိုး ထူးနှင့် လျှပ်စစ် ကျွမ်းကျင် ၄ ဦး ခင်မောင်လွင်တို့က““ဦးဆောင်ညွှန် ကြားရေးမှူးနဲ့ မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ ဦးအောင်ခိုင် စိုးက ဆရာ တပည့်လို့ ပြောကြတယ်။ သူ့ ဆရာနဲ့သူ တိုင်ပင်ပြီး ကျွန်တော် တို့ကို စစ်ဆေးရေးအဖွဲ့ကလည်း မစစ်၊ တိုင်တဲ့အချက်ထဲမှာလည်း မပါတဲ့အကြောင်းရှာပြီး အပြစ်ပေး တာပဲ၊ ဒီကိစ်္စနဲ့ ပတ်သက်ပြီး ပြန် လာစစ်ရင်လည်း အစစ်ဆေးခံနိုင် ပါတယ်””ဟု ပြောခဲ့သည်။

တရားမ၀င်ထရမ်စဖော်မာ ပတ်ခြင်းသည် အပြစ်ရှိသည်ဟု စစ်ဆေးရေးအဖွဲ့မှ ပြောခဲ့သော် လည်း စစ်ဆေးပြီး လောင်ကျွမ်း သော ထရမ်စဖော်မာကိုလည်း ယခုလက်ရှိ ထပ်မံပတ်နေကြောင်း တွေ့ရှိရသည်ကိုလည်း ၎င်း တို့ကပင် ပြောကြားခဲ့သည်။

ယခုအခါ အမှန်တရားကို တင်ပြမိသူ ၀န်ထမ်းများမှာ မတရားစွဲချက်များနှင့်အတူ လက်ရှိ ရာထူးလစာ အဆင့်ဖြင့် နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်းကာ အခြားမြို့နယ်များသို့ သွားရောက်တာဝန် ထမ်းဆောင်ရန် အပြစ်ပေး ခြင်းခံခဲ့ရသည်။

ATK
Myanmartandawsint Newspaper
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတွင် အများပြည်သူများ အန္တရာယ် ကင်းရှင်းရေး၊ ၀န်ထမ်းများ လုပ်အားခရရှိရေးနှင့် အထက်အရာရှိက ဌာနအပေါ်တွင် ကိုယ်ကျိုး စီးပွားရှာနေခြင်း တို့အား သက်ဆိုင်ရာဌာနများသို့ တင်ပြမိ သည့်အတွက် တင်ပြသော ၀န်ထမ်းများအား တရားမ၀င်ဓာတ် အား သုံးစွဲမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမ၀င် ဘီလ်မထွက် သော မီတာများ ဖြစ်ပေါ်ခဲ့ခြင်း၊ တရားမ၀င်ငွေကြေး တောင်းခံမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ ဌာနမှ သတ် မှတ်ထားသော စံချိန်စံညွှန်းနှင့် မညီဆိုသည့်စွဲချက်များဖြင့် အပြစ် ပေး အရေးယူခြင်းခံခဲ့ရကြောင်း သိရသည်။

ဂြိုဟ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး

Photo: ဂြိုဟ်တုဓာတ်ပုံရဲ့ အပိုင်းအစတွေ အတည်မပြုနိုင်သေး
Friday, March 21, 2014

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘ࿿ောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား ဘက်ကတော့ ဒီလို တွေ့ရတယ် ဆိုတဲ့ ပုံရိပ်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဂြိုဟ်တု ဓာတ်ပုံအရ ၂၄ မီတာရှည်တဲ့ အပိုင်းအစ တစ်ခု
ဂြိုဟ်တု ဓာတ်ပုံအရ ၂၄ မီတာရှည်တဲ့ အပိုင်းအစ တစ်ခု
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က အပိုင်း အစလို့ ယူဆရတဲ့ ပုံရိပ်တွေကို အိန္ဒိယ သမုဒ္ဒရာ တောင်းပိုင်းမှာ ဂြိုဟ်တု ဓာတ်ပုံတွေ အရ တွေ့ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားပြီးနောက် သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်တို့ရဲ့ လေယာဉ်တွေ၊ သင်္ဘ࿿ောတွေဟာ အဲဒီ နေရာကို သွားရောက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံတွေအရ အပိုင်းအစ တစ်ခုဟာ ဆိုရင် ၂၄ မီတာ ရှည်တယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့ ကတော့ အခု ဂြိုဟ်တု ဓာတ်ပုံတွေဟာ အသစ်တွေ့ရှိရတဲ့ ယုံကြည်ရတဲ့ သတင်း အချက်အလက် ဖြစ်တယ်လို့ သြစတြေးလျ ပါလီမန်မှာ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် မလေးရှား ဘက်ကတော့ ဒီလို တွေ့ရတယ် ဆိုတဲ့ ပုံရိပ်ဟာ ပျောက်ဆုံးနေတဲ့ သူတို့ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဖြစ်ချင်မှလည်း ဖြစ်မယ်လို့ ပြောပါတယ်။

အဲဒီ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ပြည်ပချေးငွေ ထက်ဝက်နီးပါး တရုတ်ထံမှချေး၊ ကန်ဒေါ်လာ သန်း လေးထောင်ကျော် အထိရှိ

 ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင် နှင့် ဦးကျော်ခိုင်ဝင်း (မယ်စဲ့)
မြန်မာနိုင်ငံက နိုင်ငံတကာထံ ချေးယူငွေများတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးယူထားငွေ မှာ ပြည်ပချေးငွေ စုစုပေါင်း၏ ထက်ဝက်ခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၄၀၂၈ ဒဿမ ၁၉၃ သန်း ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြား သည်။

အခွန်နှုန်းထား အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်နိုင်ဟုဆို


ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနို င်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြား သည်။

ဟားခါးမြို့နယ် အတွင်း လေယာဉ် ပျက်ကျ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး နှင့် ဖလမ်း ခရိုင်နယ်နိမိတ် အနီးတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ကြောင်း မျက်မြင်တွေရှိသူ ဒေသခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဟားခါးဒေသခံများက ပြောကြားသည်။

အိပ်ရေးမဝ ဦးနှောက်ပျက်

Photo: အိပ်ရေးမဝ ဦးနှောက်ပျက်
Friday, March 21, 2014 

အလုပ်လုပ်ရတဲ့ ရက်တွေမှာ အိပ်ရေးပျက်ထားတာတွေ ကာမိစေဖို့ သီတင်းပတ်ကုန် အားလပ်ရက်မှာ ပိုအိပ်ကြတဲ့ သူတွေအနေနဲ့ လက်တွေ့မှာတော့ ဦးနှောက်ထဲက ဆဲလ်တချို့ ထိခိုက်ပျက်စီးမှုနဲ့သာ ကြုံနိုင်တဲ့အကြောင်း လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တာကို ပြန်အစားထိုးဖို့ စိတ်ကူးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်တဲ့အကြောင်းလည်း အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က အာရုံကြောပညာရှင် Sigrid Veasey ကပြောဆိုခဲ့တာပါ။

သူနဲ့သူ့အဖွဲ့က လူတယောက် အလုပ်ချိန်အတိုင်း ကြွက်တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရာမှာ နိုးကြားတဲ့စိတ်၊ စဉ်းစားတွေးတောမှုနဲ့ ဆက်နွယ်တဲ့ ဦးနှောက်ထဲက အာရုံခံဆဲလ် ၂၅% ပျက်စီးတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ စမ်းသပ်မှုအတွင်း အနည်းအကျဉ်း အိပ်ရေးပျက်တဲ့အခါ ကြွက်တွေဟာ အာရုံခံဆဲလ်တွေကို အားဖြည့်ပြီး အကာအကွယ်ပေးနိုင်တဲ့ Sirtuin type - 3 လို့ ခေါ်တဲ့ ပရိုတိန်းဓာတ်တွေ ထုတ်ပြီး တုံ့ပြန်လေ့ရှိတာကို တွေ့ရတဲ့ အကြောင်းလည်း အာရုံကြောသိပ္ပံဂျာနယ်မှာ ပညာရှင် Veasey ကရေးသားခဲ့တာပါ။

ဒါပေမဲ့လည်း အိပ်ရေးပျက်တာ ပုံမှန်လို ဖြစ်လာတဲ့ အခါမျိုးမှာတော့ ပရိုတိန်းဓာတ်တွေ ဆက်မထုတ်တော့ပဲ ဆဲလ်တွေ ပျက်စီးမှုလည်း ပိုများလာတယ်လို့ ပြောပါတယ်။ သူနဲ့သူ့အဖွဲ့ကတော့ လူတွေမှာလည်း အလားတူ ဆုံးရှုံးပျက်စီးမှုတွေ ရှိမရှိ အတိအကျ သိနိုင်အောင် အိပ်ရေးပျက်တတ်တဲ့ အလုပ်ချိန်အတိုင်း အလုပ်လုပ်လေ့ ရှိတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဆန်းသပ်စစ်ဆေးဖို့လည်း စီစဉ်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အလုပ်လုပ်ရတဲ့ ရက်တွေမှာ အိပ်ရေးပျက်ထားတာတွေ ကာမိစေဖို့ သီတင်းပတ်ကုန် အားလပ် ရက်မှာ ပိုအိပ်ကြတဲ့ သူတွေအနေနဲ့ လက်တွေ့မှာတော့ ဦးနှောက်ထဲက ဆဲလ်တချို့ ထိခိုက် ပျက် စီး မှုနဲ့သာ ကြုံနိုင်တဲ့အကြောင်း လေ့လာချက်သစ်တခုက တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက် တာကို ပြန်အစားထိုးဖို့ စိတ်ကူးဟာ တကယ်တမ်းမှာ အလုပ်မဖြစ်တဲ့အကြောင်းလည်း အမေရိကန် ပြည်ထောင်စု ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်က အာရုံကြောပညာရှင် Sigrid Veasey ကပြောဆိုခဲ့တာပါ။

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်

Photo: ၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်
Friday, March 21, 2014 

ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလအတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ကျင်းပမယ့်ရက်ကို ၃လ ကြိုတင်ကြေညာမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတယ်လို့ သိရပါတယ်။

RFA Burmese
ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအား လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။