အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံအပေါ် သစ္စာစောင့်သိမှုကို
အခြေခံသည့် ''နိုင်ငံသား'' အစ္စလာမ်ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးအတွက်
ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင်
ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ဆရာတော်ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ က မတ်
၂၉ရက်တွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသဘော
တူညီချက်ရယူကာ ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။













